← Chapters

လေကျန့်ဖုန်း စစ်တပ် စုစည်းခြင်း

Vol. 15 Ch. 218

လေကျန့်ဖုန်း စစ်တပ် စုစည်းခြင်း

Vol. 15 Ch. 218

~ယန်ဟော်အင်ပါယာ၏ နန်းတော်၌၊

ဟွမ်ယန်နှင့် ချောင်းရှန်တို့သည် ဖုန်းဝူချန်က ချင်းဖေးကို သတ်ဖြတ်ခဲ့သည့် အကြောင်း သွမ့်ထျန်းဟွမ်နှင့် အခြားသူများကို အသိပေးပြီး ဖြစ်၏။

ခန်းမဆောင်ကြီး တစ်ခုလုံး လေးလံသော လေထုဖြင့် ပြည့်နှက် နေပြီး သွမ့်ထျန်းဟွမ်နှင့် သူ၏ အပေါင်းအပါများ၏ မျက်နှာများမှာ အလွန်အမင်း လေးနက် တင်းမာ နေကြသည်။

ဤကိစ္စသည် အလွန် ဆိုးရွား ပြင်းထန်ကြောင်း ထင်ရှားလှသည်။

“တရားလွန်လွန်းတယ်... ရိုင်းစိုင်းပြီး ထင်ရာစိုင်းလွန်းတယ်...”

သွမ့်ထျန်းဟွမ်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူ၏ မျက်နှာသွင်ပြင်သည် ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့ သွားသည်။

“အကြံပေးကို လုပ်ကြံရဲတာက...”

“ဧကရာဇ်... ဒီကိစ္စက စစ်သူကြီးချုပ် အပေါ်မှာ အပြစ်တင်လို့ မဖြစ်ပါဘူး... ဒါက ထိုက်ရွှီဂိုဏ်းနဲ့ ရွှေယွဲ့အင်ပါယာတို့ ပူးပေါင်းပြီး စစ်သူကြီးချုပ်ကို ရှင်းလင်းဖို့ ကြံစည်ခဲ့တာပါ... စစ်သူကြီးချုပ်နဲ့ ဘာမှ မပတ်သက် ပါဘူး...”

ချောင်းရှန်က သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ကို အပြစ်ပေးမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ခုခံ ပြောဆို လိုက်သည်။

ဟွမ်ယန်ကလည်း လျင်မြန်စွာ ပြောလိုက်သည်။ “ဧကရာဇ်... မုရုန်ထျန်းလီလည်း ဝင်ပါခဲ့ပါတယ်... အကယ်၍သာ ရှောင်ရှောင် သခင်မလေးရဲ့ အကာအကွယ်က မုရုန်ထျန်းလီကို မတားဆီး ထားနိုင်ခဲ့ရင်... စစ်သူကြီးချုပ် သူ့လက်ထဲမှာ သေဆုံး သွားနိုင်ပါတယ်...”

“ဟမ့်... အဲ့ဒီ အဘိုးကြီး မုရုန်ထျန်းလီ...”

သွမ့်ထျန်းဟွမ်၏ မျက်နှာသည် လုံးဝ မည်းမှောင် သွားသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် အငွေ့အသက်များက ခန်းမဆောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံ သွားရာ အဆင့်မြင့် အရာရှိများ အလွန်အမင်း ကြောက်လန့် သွားကြသည်။

“သူတို့က ငါ့ ယန်ဟော်အင်ပါယာကို ဒီလောက် အနိုင်ကျင့်လို့ လွယ်တယ် ထင်နေတာလား... သူတို့ ငါ့ကို လုံးဝ အလေးမထားဘူးပဲ...”

သွမ့်ထျန်းဟွမ် မတ်တပ် ထရပ် လိုက်သည်။ သူ၏ မျက်လုံးများ ပြင်းထန်သော အငွေ့အသက်များဖြင့် ပြည့်နှက် နေကာ ဟိန်းဟောက် လိုက်၏။

“ရွှေယွဲ့အင်ပါယာကို ချက်ချင်း သံတမန် လွှတ်... ပြီးတော့ ရွှေယွဲ့ ဧကရာဇ်ဆီက ရှင်းလင်းချက် တိတိကျကျ တောင်း... ဘာကြောင့် ဒီဘုရင်ရဲ့ အင်ပါယာက စစ်သူကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားရသလဲ... သူတို့ဆီက ငါ ကျေနပ်လောက်တဲ့ ရှင်းလင်းချက် မရဘူး ဆိုရင်... ငါ စစ်ကြေညာတာကို အပြစ် မတင်နဲ့လို့...”

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ မျက်နှာအမူအရာများ အနည်းငယ် တုန်လှုပ် သွား၏။ သူတို့ သွမ့်ထျန်းဟွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

ရွှေယွဲ့အင်ပါယာသည် နိုင်ငံ လေးခုတွင် ထိပ်ဆုံးမှ ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင် ထားသည်။ သွမ့်ထျန်းဟွမ်က စစ်ကြေညာရန် တကယ် ပြောရဲသည်လား။ ဤသည်မှာ ဘယ်လို သတ္တိမျိုးနည်း။

သွမ့်ထျန်းဟွမ်သည် သူ၏ ယုံကြည်မှုကို ဘယ်က ရခဲ့သနည်း။

‘ကောင်းကင်အရိပ် မြင်းသည်တော်တပ်နဲ့ အလံနက် တပ်ဖွဲ့က သူတို့ရဲ့ စွမ်းအား အစစ်အမှန်ကို မပြသ ရသေးဘူး’ ဆိုသော ဖုန်းဝူချန်၏ စကားများကို ကြားခဲ့ ရုံမျှဖြင့် ဖြစ်နိုင်မည်လော။

သွမ့်ထျန်းဟွမ်၏ စကားများကို ကြားသောအခါ ဟွမ်ယန်နှင့် ချောင်းရှန်တို့ အတော်လေး တုန်လှုပ် သွားကြသည်။ ဧကရာဇ်သည် သူ၏ ယုံကြည်မှုကို ဘယ်က ရခဲ့သည်ကို သူတို့လည်း အံ့ဩ နေကြသည်။

သို့သော်လည်း သူတို့ သက်ပြင်း ချလိုက် မိသည်။ သူတို့က သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ကို အပြစ်တင်တော့မည်ဟု ထင်ခဲ့ကြရာ ၎င်းက သူတို့ကို အလွန် စိုးရိမ် ပူပန် စေခဲ့သည်။

နိုင်ငံ နှစ်ခုကြား စစ်ပွဲကို နှိုးဆွခြင်းသည် ကိစ္စငယ် မဟုတ်ပေ။ ဤသို့သော ပဋိပက္ခမျိုးက မရေမတွက် နိုင်သော အသက်များကို အန္တရာယ် တွင်းထဲသို့ တွန်းပို့မည် ဖြစ်ပြီး အင်ပါယာ အတွင်းမှ မရေမတွက် နိုင်သော မိသားစုများကို ပျက်စီး သွားစေမည်။

စစ်ပွဲသည် ရက်စက် ကြမ်းကြုတ်သည်။ မည်သူမျှ သူတို့၏ မိသားစုများ ပြိုကွဲ ပျက်စီးပြီး အသက်များ ဆုံးရှုံးသည်ကို မလိုလား ကြပေ။

“သံတမန်က ရွှေယွဲ့အင်ပါယာကို ချက်ချင်း ထွက်ခွာ ပါ့မယ်...”

သံတမန်က ရိုသေစွာ ကြေညာ လိုက်ပြီး ခန်းမဆောင်ကြီးမှ ချက်ချင်း ထွက်ခွာ သွားသည်။

သွမ့်ထျန်းဟွမ်က ထပ်မံ အမိန့်ပေး လိုက်သည်။ “ဗိုလ်ချုပ်ကြီး... ငါ့ အမိန့်ကို နာခံ...”

“ကျွန်တော်မျိုး ရှိပါတယ်...”

ယဲ့ချန်းချုံးက ရိုသေစွာ ပြန်ဖြေ လိုက်သည်။

“အင်ပါယာရဲ့ စစ်သူကြီး အားလုံးဆီ အမိန့် လွှဲလိုက်... တပ်ဖွဲ့ အသီးသီးက စစ်တပ် အားလုံးကို ချက်ချင်း စုစည်း... အမိန့်ကို အသင့် စောင့်နေ စေ...”

သွမ့်ထျန်းဟွမ်က ခန့်ညားသော အရှိန်အဝါဖြင့် အမိန့်ပေး လိုက်သည်။ ဧကရာဇ် တစ်ပါး၏ တန်ခိုး အာဏာကို အပြည့်အဝ ပြသလိုက်လေသည်။

“အမိန့်တော် အတိုင်းပါ...”

ယဲ့ချန်းချုံးက ရိုသေစွာ တုံ့ပြန် လိုက်သည်။

“ဟွမ်ယန်... ချောင်းရှန်...”

သွမ့်ထျန်းဟွမ်က သူတို့ နှစ်ဦးထံသို့ ကြည့်လိုက်သည်။

“ကျွန်တော်မျိုးတို့ ရှိပါတယ်...”

နှစ်ဦးသား ရိုသေစွာ ပြန်ဖြေ လိုက်သည်။ သူတို့၏ နှလုံးသားများ အတွင်း၌ တက်ကြွမှုများ ဆူပွက် နေခဲ့ပြီ ဖြစ်သည်။

သွမ့်ထျန်းဟွမ်က သူ၏ အမိန့်များကို ဆက်လက် ပေးလိုက်သည်။ “ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက် တပ်ဖွဲ့က အင်ပါယာရဲ့ အတော်ဆုံး အထက်တန်းလွှာ စစ်သည်တွေ... အင်ပါယာရဲ့ အစောင့်အရှောက် နတ်ဘုရားတွေပဲ... နိုင်ငံ နှစ်ခုကြား စစ်ပွဲ ဖြစ်လာခဲ့ရင်... မင်းတို့က အဆုံးအဖြတ်ပေးမယ့် အခန်းကဏ္ဍကနေ ပါဝင် ရလိမ့်မယ်... မင်းတို့ရဲ့စွမ်းအား အစစ်အမှန်ကို ပြသ လိုက်ကြ... ရွှေယွဲ့အင်ပါယာကို သေချာ မြင်တွေ့ စေလိုက်...”

“အမိန့်တော် အတိုင်းပါ.. ဧကရာဇ်...”

သူတို့ ရိုသေစွာ ပြောလိုက် ကြသည်။ နှစ်ဦးလုံး စိတ်လှုပ်ရှားပြီး သွေးများ ဆူပွက် နေကြသည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့သည် ဖုန်းဝူချန်၏ လက်အောက်တွင် အချိန် အတော်ကြာ လေ့ကျင့် နေခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ စွမ်းအား အစစ်အမှန်ကို ပြသရန် အချိန် ကျရောက် လာခဲ့ပြီ။

“စစ်သူကြီးချုပ်ဆီ ချက်ချင်း ပြန်ကြ... အချိန်မရွေး သူနဲ့အတူ တိုက်ပွဲ ဝင်ဖို့ ပြင်ဆင် ထားကြ...”

သွမ့်ထျန်းဟွမ်က အမိန့်ပေး လိုက်သည်။

“အမိန့်တော် အတိုင်းပါ...”

ဟွမ်ယန်နှင့် ချောင်းရှန်တို့ ပြိုင်ဘက်ကင်းမြို့သို့ ချက်ချင်း ထွက်ခွာ သွားကြသည်။

“လေကျန့်ဖုန်း... ယန်ဟော် အင်ပါယာကို လျှော့မတွက်တာ ပိုကောင်းမယ်... ဒီနေ့ရဲ့ ယန်ဟော် အင်ပါယာက အရင်ကနဲ့ မတူတော့ဘူး...”

သွမ့်ထျန်းဟွမ်က မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး နက်ရှိုင်းသော ဒေါသ လေသံဖြင့် ပြောလိုက်သည်။

... ... ...

ရွှေယွဲ့အင်ပါယာ၏ နန်းတော်၊ အင်ပါယာ၏ အဆင့်မြင့် ပုဂ္ဂိုလ်များသည် နန်းတွင်းအကြံပေး ချင်းဖေး၏ ဖုန်းဝူချန် လက်ချက်ဖြင့် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရခြင်းကို သိရှိပြီး ဖြစ်ရာ အင်ပါယာ တစ်ခုလုံး ဒေါသများဖြင့် ပြည့်နှက် နေသည်။

အင်ပါယာ၏ စစ်သည်တော်များနှင့် အဆင့်မြင့် အရာရှိများသည် လက်စားချေရန် အတွက် ယန်ဟော်အင်ပါယာကို ချေမှုန်းရန် စစ်တပ်များ စုစည်းဖို့ ဟစ်ကြွေး နေကြသည်။

“တရားလွန်လွန်းတယ်... လုံးဝ တရားလွန်လွန်းတယ်... ငါတို့ရဲ့ နန်းတွင်းအကြံပေးကို သတ်ရဲတဲ့... ကောင်းတယ်... ဖုန်းဝူချန်... မင်း တကယ်ပဲ ငါ့ ရွှေယွဲ့အင်ပါယာကို အလေးမထားဘူးပဲ...”

ခန်းမဆောင်ကြီး အတွင်း၌ လေကျန့်ဖုန်း လုံးဝ ဒေါသ ထွက်နေသည်။ သူ၏ သတ်ဖြတ်လိုစိတ်များ ထိုးတက် နေသည်။

“ဧကရာဇ်... စစ်တပ်တွေကို စုစည်းပါ...”

စစ်သူကြီးချုပ်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ် နေသည်။

“စစ်တပ်တွေကို စုစည်းပါ... နန်းတွင်းအကြံပေး အတွက် လက်စားချေဖို့ ယန်ဟော်အင်ပါယာကို ဖျက်ဆီးပါ...”

အဆင့်မြင့် အရာရှိ အားလုံး ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

“ယန်ဟော်အင်ပါယာကို ဖျက်ဆီး... ယန်ဟော်အင်ပါယာကို ဖျက်ဆီး...”

နန်းတော် အပြင်ဘက်တွင် အင်ပါယာ၏ စစ်သည်တော်များ ဟိန်းဟောက် နေကြသည်။ သူတို့၏ အသံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါ သွားစေသည်။ ကြောက်မက်ဖွယ် သံမဏိသွေးသား သတ်ဖြတ်လိုစိတ်များက အင်ပါယာ၏ ကောင်းကင်ယံတွင် ပြည့်နှက် နေသည်။

ခန်းမဆောင်ကြီး အတွင်း၌ လေကျန့်ဖုန်း၏ မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့ နေသည်။ သူ၏ သွေးကြောများ ထောင်တက် နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

လေကျွယ်၏ မျက်နှာအမူအရာမှာ အလွန် လေးနက် နေသည်။

‘တကယ်ပဲ ဒီအခြေအနေထိ ရောက်သွား ရမှာလား... ဖုန်းဝူချန်က အစွမ်းထက်

ပေမယ့်... သူ အင်ပါယာကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးလေ... ခမည်းတော်က ဘာလို့ သူ့ကို လုပ်ကြံဖို့ အမိန့်ပေး ခဲ့ရတာလဲ... ကိုးထပ် ချန်ခွင်း မျှော်စင်ကြောင့်ပဲလား...’

လေကျွယ် သဘောမတူခဲ့လျှင်ပင် သူသည် စကားပြောခွင့် မရှိသော မင်းသား တစ်ပါးမျှသာ ဖြစ်ပြီး ဝင်ရောက် စွက်ဖက်ရန် အရည်အချင်း လုံးဝ မရှိပေ။

“စစ်တပ် ချီတက်ဖို့ အမိန့် ထုတ်ပြန်တော်မူပါ ဧကရာဇ်...”

အဆင့်မြင့် အရာရှိများ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက် လိုက်ကြသည်။

“သတင်းပို့ပါတယ်...”

စစ်သည် တစ်ဦး ခန်းမဆောင်ကြီး အတွင်းသို့ ပြေးဝင် လာပြီး ရိုသေစွာ ဆိုသည်။ “အရှင်မင်းကြီး... ယန်ဟော်အင်ပါယာက သံတမန် တစ်ဦး တွေ့ခွင့် တောင်းနေပါတယ်...”

“ယန်ဟော်အင်ပါယာက သံတမန်...”

လေကျန့်ဖုန်း၏ မျက်နှာ မည်းမှောင် သွားသည်။ သူ ဒေါသတကြီး ဆိုလိုက်သည်။ “သူ့ကို ဝင်လာခိုင်း...”

“ဒီကို လာပြီး တောင်းပန်လို့ ရမယ် နေတာလား..ဒီလူ သေချင် နေတာပဲ…”

ဟု စစ်သူကြီးချုပ်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။

ယန်ဟော်အင်ပါယာ၏ သံတမန် ကျောက်ယန်ဖုန်းသည် ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက် လာသည်။ အင်ပါယာ၏ ဒေါသထွက် နေသော မှူးမတ် များစွာနှင့် ရင်ဆိုင် ရသည့်တိုင် သူက ကြောက်ရွံ့မှု မပြခဲ့ပေ။

သံတမန်ကို မသတ်ရ ဆိုသော စည်းမျဉ်း ရှိသည် မဟုတ်လား။

“ဧကရာဇ်နဲ့ တွေ့ဆုံခွင့် ရတာ ဂုဏ်ယူပါတယ်...”

ကျောက်ယန်ဖုန်းက အလေးပြု နှုတ်ဆက် လိုက်သည်။ သူက အတော်လေး ယဉ်ကျေး လှသည်။

“ဟမ့်... မင်း လာတာ အချိန်ကိုက်ပဲ... ငါ မင်းကို မေးချင်နေတာ... ဖုန်းဝူချန်က ငါတို့ နန်းတွင်းအကြံပေးကို သတ်သွားပြီးမှတော့... သွမ့်ထျန်းဟွမ် ငါ့ကို ဘယ်လို ရှင်းပြဖို့ စီစဉ် ထားသလဲ...”

လေကျန့်ဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ လုံးဝ ဒေါသ ထွက်နေပေသည်။

ဤစကားကို ကြားသောအခါ ကျောက်ယန်ဖုန်းသည် ကြောက်ရွံ့ခြင်း မရှိဘဲ ပူလည်း မပူ အေးလည်း မအေးသော လေသံဖြင့် ပြောလိုက်သည်။ “ရွှေယွဲ့အင်ပါယာက သူတို့ရဲ့ နန်းတွင်းအကြံပေးကို ထိုက်ရွှီဂိုဏ်း ကာကွယ်စောင့်ရှောက်သူနဲ့ အကြီးအကဲချုပ်တို့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ စစ်သူကြီးချုပ်ကို လုပ်ကြံဖို့ စေလွှတ် ခဲ့ပါတယ်... ကျွန်တော်တို့ ဧကရာဇ်က အလွန် ဒေါသ ထွက်နေပါတယ်... သံတမန် ဖြစ်တဲ့ ကျွန်တော်မျိုးကို ဒီကို လာဖို့ အမိန့်ပေး ခဲ့ပြီး... အခု ကျွန်တော်မျိုး မေးဖို့ လိုအပ်တာက... ဧကရာဇ်လေက ဘယ်လို ရည်ရွယ် ပါသလဲ... ဧကရာဇ်လေဆီက ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် တစ်ခုကို မျှော်လင့်ပါတယ်...”

“အဓိပ္ပာယ် မရှိတာ... ငါက ဘယ်တုန်းက နန်းတွင်းအကြံပေးကို ဖုန်းဝူချန်ကို လုပ်ကြံဖို့ လွှတ်ခဲ့လို့လဲ... ပြီးတော့ ငါတို့က ဘယ်အချိန်မှာ ထိုက်ရွှီဂိုဏ်းနဲ့ ပူးပေါင်း ခဲ့လို့လဲ...”

လေကျန့်ဖုန်းက ပို၍ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်။ သူ၏ မျက်နှာမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

ကျောက်ယန်ဖုန်းက ခေါင်းညိတ် လိုက်ပြီး ပြုံးလျက် ဆိုသည်။ “ဒါပေါ့... ရွှေယွဲ့အင်ပါယာရဲ့ ဧကရာဇ် တစ်ပါး အနေနဲ့... နန်းတွင်းအကြံပေးကို ယန်ဟော်အင်ပါယာ... ပြိုင်ဘက်ကင်းမြို့ဆီ... စစ်သူကြီးချုပ်ကို လုပ်ကြံဖို့ ဘယ်လိုလုပ် စေလွှတ် နိုင်မှာလဲ... ဧကရာဇ် အမိန့် မပေးခဲ့မှတော့... ဒါက ချင်းဖေးက အရည်အချင်း မရှိဘဲ... ထိုက်ရွှီဂိုဏ်းနဲ့ တိတ်တဆိတ် ပူးပေါင်းပြီး... ယန်ဟော်အင်ပါယာ... ပြိုင်ဘက်ကင်းမြို့ကို စစ်သူကြီးချုပ်ကို လုပ်ကြံဖို့ သွားခဲ့တာ ဖြစ်ရမယ်... အဲ့ဒါကြောင့်ပဲ စစ်သူကြီးချုပ်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာပေါ့...”

“မင်း...”

လေကျန့်ဖုန်း ဒေါသ ထွက်သွား သော်လည်း ပြန်ချေပစရာ စကား မရှိ ဖြစ်သွားသည်။

ကျောက်ယန်ဖုန်းက ဆက်ပြောသည်။ “ဧကရာဇ်လေ... အကယ်၍ ကျွန်တော်မျိုးတို့ စစ်သူကြီးချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စကို ဆက်လုပ်ချင် သေးတယ် ဆိုရင်... ကျွန်တော်မျိုးတို့ ဧကရာဇ်ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် တစ်ခု ပေးပါ...”

ထိုအခါ အဆင့်မြင့် အရာရှိ တစ်ဦးက အေးစက်စွာ ဖြတ်ပြော လိုက်သည်။

“မင်းက နန်းတွင်းအကြံပေးက ထိုက်ရွှီဂိုဏ်း ကာကွယ်စောင့်ရှောက်သူနဲ့ အကြီးအကဲချုပ်တို့နဲ့ ပူးပေါင်းပြီး ဖုန်းဝူချန်ကို လုပ်ကြံတယ်လို့ အဆက်မပြတ် ပြောနေတာ... မင်းမှာ သက်သေ ရှိလို့လား၊ ငါ ထင်တာကတော့ နန်းတွင်းအကြံပေးက ပြိုင်ဘက်ကင်းမြို့ထဲကို သူ့ဘာသာ ဝင်သွားပြီး ဖုန်းဝူချန်က တွေ့သွားလို့ သူ့ကို သတ်လိုက်တာ ဖြစ်မယ်...”

ကျောက်ယန်ဖုန်းက ထို အဆင့်မြင့် အရာရှိကို လှမ်းကြည့် လိုက်ပြီး မဲ့ပြုံးဖြင့် ပြန်ဖြေ လိုက်သည်။

“ဒါဆို ချင်းဖေးက စစ်သူကြီးချုပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ် ဆိုတာကိုရော ခင်ဗျားမှာ ဘာ သက်သေ ရှိလို့လဲ... ချင်းဖေး ပြိုင်ဘက်ကင်းမြို့ကို သွားတယ်လို့ ပြောတာက လုံးဝ မိုက်မဲရာ ကျတယ်... ခင်ဗျား ဘယ်လိုလုပ်ပြီး အဆင့်မြင့် အရာရှိ ရာထူး ရခဲ့တာလဲ... ပြီးတော့... ချင်းဖေးက ပြိုင်ဘက်ကင်းမြို့မှာ ဘာ သွားလုပ် နေတာလဲ... သူ့နဲ့အတူ ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် တစ်ယောက်လည်း ရှိနေခဲ့တယ်... သူ့အထောက်အထားတော့ မသိရသေးဘူး...”

အရာရှိ၏ မျက်နှာ အရှက်တရားကြောင့် နီရဲ သွားသည်။ သူ ဆွံ့အ သွားပြီး ပြန်မဖြေ နိုင်တော့ပေ။

ကျောက်ယန်ဖုန်းက လေကျန့်ဖုန်းထံသို့ ကြည့်လိုက်ရင်း ဆက်ပြောသည်။

“ဧကရာဇ်လေ... ကျွန်တော်မျိတို့ ဧကရာဇ်က ပြောလိုက်ပါသေးတယ်... အကယ်၍ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် တစ်ခု မပေးဘူး ဆိုရင်... သူ ရွှေယွဲ့အင်ပါယာကို ကျူးကျော်ဖို့ စစ်တပ်တွေကို ဦးဆောင် လာပါလိမ့်မယ်... စစ်သူကြီးချုပ်ရဲ့ အဆင့်အတန်းက ကျွန်တော်မျိုးတို့ အင်ပါယာမှာ မင်းသား ဒါမှမဟုတ် နန်းတွင်းအကြံပေး တစ်ယောက်ထက် အများကြီး ပိုမြင့်ပါတယ်... ဧကရာဇ်က ဒီကိစ္စကို ဒီအတိုင်း ပြီးသွားခွင့် ပေးမှာ မဟုတ်ပါဘူး...”

“ငါတို့ အင်ပါယာကို ကျူးကျော်ဖို့ စစ်တပ် ဦးဆောင် လာမယ်...”

ရွှေယွဲ့ စစ်သူကြီးချုပ်က လှောင်ရယ် လိုက်သည်။ “မင်းတို့ ကြိုးစား ကြည့်ကြပေါ့... ယန်ဟော်အင်ပါယာက ဘာမို့လို့လဲ... မင်းတို့က ယဲ့ချန်းချုံးကို အားကိုးလို့ ရမယ် ထင်နေတာလား...”

“မင်း ပြန်သွားပြီး သွမ့်ထျန်းဟွမ်ကို ပြောလိုက်... ငါတို့ ရွှေယွဲ့အင်ပါယာက သူ့ကို အချိန်မရွေး ကြိုဆိုဖို့ အသင့်ပဲလို့...”ဟု အခြား စစ်သူကြီး တစ်ဦးက ဒေါသတကြီး အော်လိုက်သည်။

“ဒီလို ဆိုမှတော့... ခင်ဗျားတို့ရဲ့ စကားတွေကို ခင်ဗျားတို့ ဆန္ဒရှိတဲ့ အတိုင်း ကျွန်တော်တို့ ဧကရာဇ်ဆီ ပြန်သယ်သွား ပေးပါ့မယ်... သွားခွင့် ပြုပါဦး...”

ကျောက်ယန်ဖုန်းက မဲ့ပြုံးဖြင့် ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

လေကျန့်ဖုန်းသည် ကျောက်ယန်ဖုန်း ထွက်ခွာသွားသည်ကို ပုပ်သိုးသော အမူအရာဖြင့် ကြည့်နေလိုက်၏။

သွမ့်ထျန်းဟွမ်က ထျန်းဝူအင်ပါယာ၏ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ကြောင့် စစ်ကြေညာ ရဲသည်ကို သူ သိသည်။

လေကျန့်ဖုန်းသည် ယန်ဟော်အင်ပါယာ၏ အထက်တန်းလွှာ တပ်ဖွဲ့ နှစ်ခု၏ အစွမ်းထက်သော စွမ်းအားကို မျက်မြင် တွေ့ခဲ့ရပြီး ဖြစ်သည်။

“မင်းကြီး... သွမ့်ထျန်းဟွမ်က မောက်မာ လွန်းပါတယ်... အမိန့်ကို အမြန်ဆုံး ပေးပါ...”

စစ်သူကြီးချုပ်က အံကြိတ်ရင်း ပြောသည်။ သူက စစ်ပွဲ ဆင်နွှဲပြီး ယန်ဟော်အင်ပါယာကို ချေမှုန်းရန် စိတ်အား ထက်သန်နေလေသည်။

ကျောက်ယန်ဖုန်း ထွက်သွားသည်နှင့် မကြာမီပင် ရွှေယွဲ့အင်ပါယာသည် နောက်ထပ် ထူးခြားသော ဧည့်သည် တစ်ဦးကို လက်ခံ ရရှိ လိုက်သည်။ ထိုက်ရွှီဂိုဏ်း၏ တတိယ အကြီးအကဲ လန်လီ ဖြစ်သည်။

“တတိယ အကြီးအကဲ... ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာပါလဲ...”

လေကျန့်ဖုန်းက မေးမြန်း လိုက်သည်။

လန်လီက ရိုသေစွာ ပြန်ဖြေသည်။ “အရှင်မင်းကြီး... ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာကို ရောက်ရှိ သွားပါပြီ... ပြီးတော့ တခြား ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် လေးယောက်နဲ့ တိုက်ခိုက်ရာမှာ... နှစ်ယောက် သေပြီး နှစ်ယောက် ဒဏ်ရာ ပြင်းထန်စွာ ရသွား ပါတယ်... ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးတောင် သူနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာ မရအောင် မနည်း ရှောင်လိုက် ရပါတယ်...”

“ဘာ... ယွမ်တန်ဘုံ နဝမအလွှာ...”

ဤစကားကို ကြားလိုက်သည်နှင့် လေကျန့်ဖုန်းနှင့် အခြား အဆင့်မြင့် အရာရှိများ မှင်တက် သွားကြပြီး တုန်လှုပ်စွာ အော်ဟစ် လိုက်ကြသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ် သွား၏။

“ဒါ... ဒါ မဖြစ်နိုင်ဘူး...”

လေကျွယ် တစ်ကိုယ်လုံး တုန်ယင် သွားသည်။ သူ လုံးဝ မယုံကြည် နိုင်အောင် ဖြစ်နေသည်။

“သူက ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်ကနေ ယွမ်တန်ဘုံ နဝမအလွှာကို တစ်လအတွင်း ရောက်သွားတယ်...”

စစ်သူကြီးချုပ် မှင်တက် သွားသည်။

လေကျန့်ဖုန်း၏ မျက်နှာတွင်လည်း အံ့အားသင့်သော အမူအရာများ ပြည့်နှက် နေသည်။ ဤသို့ ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းမှာ မည်သူမျှ စိတ်ကူးနိုင်သည်ထက် ကျော်လွန် နေသည်။

“ဒီလူရဲ့ ကျင့်ကြံနှုန်းက အလွန် ကြောက်စရာ ကောင်းပါတယ်... သူသာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် နိုင်ခဲ့ရင်... အင်ပါယာကြီး လေးခုထဲက ဘယ်သူမှ သူ့ကို မထိတွေ့ နိုင်တော့မှာ ကျွန်တော် စိုးရိမ်မိတယ်... ဒါကြောင့်... သူ ထျန်းယွမ်ဘုံကို အဆင့်

မတက်ခင်... ချေမှုန်း ပစ်ရမယ်... ဂိုဏ်းချုပ်ကြီးက မင်းကြီးကို စစ်တပ် စုစည်းဖို့ အဆိုပြု လိုက်ပါတယ်... ထိုက်ရွှီဂိုဏ်းကလည်း အင်ပါယာကို တိတ်တဆိတ် ကူညီ ပါ့မယ်... ယန်ဟော်အင်ပါယာနဲ့ ဖုန်းဝူချန်ကို ချေမှုန်းဖို့ပါ...”

လန်လီက ပြောသည်။

“အရှင်မင်းကြီး... တတိယ အကြီးအကဲ ပြောတာ မှန်ပါတယ်... ကျွန်တော်တို့ ဖုန်းဝူချန်ကို ကျင့်ကြံဖို့ အချိန် ပိုပေးလို့ မဖြစ်တော့ဘူး... ကျွန်တော်တို့ နှောင့်နှေး နေလို့ မဖြစ်တော့ပါဘူး...”

“ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် နိုင်ခဲ့ရင်... အရှင်မင်းကြီးရော ဂိုဏ်းချုပ်ကြီးပါ သူ့ကို မနိုင်မယ့် အရေး ကျွန်တော် စိုးရိမ်မိတယ်... ကိုးထပ် ချန်ခွင်း မျှော်စင်က တစ်ပိုင်း အဆင့် အင်မော်တယ် လက်နက် ဖြစ်တယ်... အဲ့ဒီ အခါကျရင်... ကျွန်တော်တို့ အင်ပါယာက...”

“အရှင်မင်းကြီး... စစ်တပ် ချီတက်ဖို့ ချက်ချင်း အမိန့်ပေးပါ... ထျန်းဝူအင်ပါယာနဲ့ လော့ယွင်အင်ပါယာဆီ သံတမန်တွေ လွှတ်ပါ... ကျွန်တော်တို့ အင်ပါယာ သုံးခု ပူးပေါင်း လိုက်ရင်... ယန်ဟော်အင်ပါယာကို ချေမှုန်းပြီး ဖုန်းဝူချန်ကို သတ်နိုင်မှာ သေချာပါတယ်...”

ခန်းမဆောင်ကြီး အတွင်းမှ မှူးမတ်များ ထိတ်လန့် လာကြသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို တွေးမိတိုင်း ထိတ်လန့် နေကြသည်။

ထိုအခါ လေကျန့်ဖုန်းသည် မည်းမှောင်သော အမူအရာဖြင့် မတ်တပ် ထရပ် လိုက်ပြီး အမိန့်ပေး လိုက်သည်။ “အမိန့်ကို ထုတ်ပြန် လိုက်... ယန်ဟော်အင်ပါယာကို တိုက်ခိုက်ဖို့ စစ်တပ်တွေကို စုစည်းမယ်... နန်းတွင်းအကြံပေး အတွက် လက်စားချေမယ်...”

လေကျန့်ဖုန်းတွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။ ချင်းဖေး၏ သေဆုံးမှုက သူ့ကို ဖုန်းဝူချန်နှင့် ရန်ငြိုး ဖွဲ့စေခဲ့ပြီး ဖြစ်သည်။ ယခု စစ်တပ်များကို စုစည်း ရုံမှ တစ်ပါး အခြား နည်းလမ်း မရှိတော့။

ဤစကားကို ကြားသောအခါ လန်လီ၏ နှုတ်ခမ်းများတွင် လျှို့ဝှက်သော အပြုံးတစ်ခု ကွေးတက် သွားသည်။

လေကျန့်ဖုန်းက ဆက်လက် အမိန့်ပေး လိုက်သည်။

“စစ်သူကြီးချုပ်... လော့ယွင်အင်ပါယာနဲ့ ထျန်းဝူအင်ပါယာဆီ တမန်တွေ လွှတ်... ဒီအရှင်တို့ အင်ပါယာ သုံးခု ပူးပေါင်းပြီး ယန်ဟော်အင်ပါယာကို ချေမှုန်းမယ်... ပြီးတော့ ဖုန်းဝူချန်ကို ဖျက်ဆီးမယ်…”

All Chapters