လေးယောက်နှင့် တစ်ယောက်
Vol. 15 Ch. 214
~ဖုန်းမိသားစု ခြံဝင်း အတွင်း ပေါ်ထွက် လာသော အကြီးအကဲ နှစ်ဦးလုံးသည် ယွမ်တန်ဘုံ နဝမအလွှာတွင် ရှိနေကြသည်။ ဤသို့သော အဆင့်အတန်းရှိ ပညာရှင် လေးဦး၏ စုဖွဲ့မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အင်အားစု တစ်ခု ဖြစ်ပေသည်။
ဖုန်းဝူချန်၏ မျက်လုံးများတွင် တုန်လှုပ်မှုများ အထင်အရှား ပေါ်လာသည်။ သူက ခုလေးတင် ရောက်ရှိ လာသော အကြီးအကဲ နှစ်ဦးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒါ ရွှေယွဲ့အင်ပါယာရဲ့ နန်းတွင်းအကြံပေးတွေ မဟုတ်ဘူးလား... ဒါက ဘာသဘောလဲ... ခင်ဗျားတို့လည်း ဝင်ပါမလို့လား...”
ရောက်ရှိ လာသူမှာ အမှန်တကယ်ပင် ရွှေယွဲ့အင်ပါယာ၏ နန်းတွင်းအကြံပေး ချင်းဖေး ဖြစ်သည်။ အခြား အကြီးအကဲ တစ်ဦးမှာတော့ ဖုန်းဝူချန် မြင်ဖူးခြင်း မရှိသလို သိလည်း မသိပေ။
ချင်းဖေး၏ မျက်နှာသည် ဒေါသတိမ်တိုက်များ ဖုံးလွှမ်း နေသည်။ သူက ပြင်းထန်စွာ ပြန်ပြော လိုက်သည်။ “မင်းကို ငါတို့ အခု မဖယ်ရှား ရင်... မင်းက ထိုက်ရွှီဂိုဏ်းကို ဖျက်ဆီးပြီး ရွှေယွဲ့အင်ပါယာကို ခြိမ်းခြောက် လာမယ့် အချိန်ထိ စောင့်နေ ရမှာလား...”
ဖုန်းဝူချန်က မဲ့ပြုံး ပြုံးလိုက်သည်။ “ခင်ဗျား စဉ်းစားတာတွေ လွန်လွန်း နေပြီ... ခင်ဗျားတို့ ရွှေယွဲ့အင်ပါယာကို ခြိမ်းခြောက်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး... ကျွန်တော်က လက်စားချေချင်ရုံ သက်သက်ပဲ...”
“စကားတွေ တော်တော့... ဖုန်းဝူချန်... ငါ့ရဲ့ ထိုက်ရွှီဂိုဏ်းကို ချေမှုန်းဖို့ စဉ်းစား နေတာ... မင်းမှာ အဲ့ဒီလောက် စွမ်းရည် မရှိသေးဘူး...” ကာကွယ်စောင့်ရှောက်သူ ဟယ်ရှုံးက ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူ၏ ကြီးမားသော စွမ်းအားများက ခန့်ညားသော အရှိန်အဝါဖြင့် လှိုင်းထ ထွက်ပေါ် လာသည်။
ဖုန်းဝူချန်က ချင်းဖေး အပေါ်သို့သာ အေးစက်သော အကြည့်ကို စူးစိုက် ထားရင်း ပြောသည်။ “နန်းတွင်းအကြံပေး... သေချာ စဉ်းစားပါ... ခင်ဗျား ဝင်ပါ လိုက်တာနဲ့... ရွှေယွဲ့အင်ပါယာကို ရန်သူ တစ်ယောက် အဖြစ် ကျွန်တော် သတ်မှတ် လိုက်ပြီနော်...”
“ဟမ့်... ဒါက ဧကရာဇ်ရဲ့ အလိုတော်ပဲ...” ချင်းဖေးက အေးစက်စွာ အော်လိုက်သည်။
“ဒီလိုကိုး...” ဖုန်းဝူချန်က အေးစက်စွာ ရယ်မော လိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ကို သတ်ချင်တယ် ဆိုရင်... ကျွန်တော့် နောက် လိုက်ခဲ့ကြ...” ဖုန်းဝူချန်က အေးစက်စွာ ရယ်မော လိုက်သည်။ သူသည် ချီလင် ချပ်ဝတ်ဝတ်စုံကို ဆင့်ခေါ် လိုက်ပြီး လျင်မြန်စွာ ပျံသန်း ထွက်ပြေး သွားသည်။
ဟယ်ရှုံးနှင့် အခြား သုံးဦးတို့လည်း လျင်မြန်စွာ လိုက်ပါ သွားကြသည်။
လင်ရှောင်ရှောင်သည် သူမ၏ အတောင်ပံများကို ဆင့်ခေါ် လိုက်သည်။ သူမ၏ အစစ်အမှန်ယွမ် စွမ်းအင်ဖြင့် တွန်းကန် လိုက်ပြီး သူတို့ နောက်သို့ လိုက်ပါ ပျံသန်း သွားသည်။
“စစ်သူကြီးချုပ်နောက် လိုက်ကြမယ်...” ချီဟွမ်က ကျယ်လောင်စွာ အမိန့်ပေး လိုက်သည်။ လူတိုင်း အလျင်အမြန် လိုက်ပါ သွားကြသည်။
ဖုန်းဝူချန်၏ အမြန်နှုန်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် သူသည် မြို့ပြင်သို့ ပျံသန်း ထွက်သွား ခဲ့ပြီး ဖုန်းကျိန့်ရှုံး အဖမ်းခံ ခဲ့ရသော တောအုပ်ဆီသို့ ရောက်ရှိ သွားသည်။ ထို တောအုပ်သည် ကြာမြင့်စွာ ကတည်းက ပျက်စီး သွားခဲ့ပြီး လွင်တီးပြင် တစ်ခုသာ ကျန်ရစ် နေတော့သည်။
အကြီးအကဲ လေးဦး၏ အမြန်နှုန်းမှာလည်း မြန်ဆန် လှသည်။ ဖုန်းဝူချန် မြေပေါ်သို့ ဆင်းသက် လိုက်သည်နှင့် သူတို့သည် အနီးအနားသို့ ရောက်ရှိ လာခဲ့ကြပြီ ဖြစ်သည်။ သူ့ထံသို့ ပထမဆုံး ပြေးဝင် လာသည်က ကျိုးရှန်းပင်။
ဟယ်ရှုံးနှင့် အခြား နှစ်ဦးက ဖုန်းဝူချန်ကို ဘေးမှ ညှပ်ထား လိုက်ပြီး ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုများ တရစပ် ထုတ်ဖော် လိုက်ကြသည်။
ဖုန်းဝူချန်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လင်းလက် သွားသည်။ သူ မဲ့ပြုံး ပြုံးလိုက်သည်။ “ခင်ဗျားတို့ လာဖို့ အချိန်မှား ရွေးလိုက်တာပဲ...”
“ဝှီး... ဝှီး...”
စကားသံ ဆုံးသည်နှင့် ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ် စွမ်းအင်ကို အသက်သွင်း လိုက်သည်။ လွှမ်းမိုး နိုင်သော စွမ်းအားတစ်ခု ပေါက်ကွဲ ထွက်လာ၏။ ရွှေရောင် အလင်းတန်းများ ယှက်ဖြာသွားသည်။ မြေပြင်သည် တုန်ခါလျက် အက်ကွဲသွားသည်။ တခဏချင်းမှာပင် သူတို့၏ ခြေအောက်တွင် မြေပြင်က ပြိုကျ သွားတော့သည်။
“ယွမ်တန်ဘုံ နဝမအလွှာ...”
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစား မိသောအခါ ဟယ်ရှုံးနှင့် အခြားသူများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲ သွားသည်။ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု အမူအရာများ ထင်ဟပ် လာသည်။
မြင့်မားလှသည့် စွမ်းအားကြောင့် လူလေးဦးလုံး ကြောက်လန့်တကြား ခြေလှမ်းများ ရပ်တန့် သွားကြသည်။
“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... သူက ယွမ်တန်ဘုံ နဝမအလွှာကို တကယ် အဆင့် ချိုးဖြတ် နိုင်ခဲ့တယ်...” ချင်းဖေးက တုန်လှုပ်စွာ အော်ဟစ် လိုက်ကာ သူ၏ မျက်လုံးများပင် ပြူးကျယ် ထွက်လာသည်။
ဟယ်ရှုံးကလည်း မယုံနိုင် ဖြစ်နေလေသည်။ “တစ်လတည်းနဲ့ အလွှာ နှစ်ခု အဆင့် ချိုးဖြတ်တာက...”
ကျိုးရှန်းသည် ထိတ်လန့် တုန်လှုပ် သွားပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင် နေလေပြီ။
ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ် အဆင့်တွင် ရှိစဉ်ကပင် ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ ပညာရှင်များကို သတ်ဖြတ် နိုင်ခဲ့သည်။ ယခု ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာသို့ အဆင့် ချိုးဖြတ် ဝင်ရောက် သွားခဲ့ပြီ ဖြစ်ရာ သူသည် ထျန်းယွမ်ဘုံ ပညာရှင်များကို စက္ကန့်ပိုင်း အတွင်း သတ်ဖြတ် နိုင်လိမ့်မည် မဟုတ်လော။
ကျိုးရှန်းက ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။ “ဒီကနေ ထွက်ပြေး ကြစို့...”
အကြီးအကဲ လေးဦးလုံး ပြတ်သားစွာ နောက်ဆုတ် သွားကြသည်။ အကယ်၍ ဖုန်းဝူချန်သာ အဆင့် မတက်လာ ခဲ့ပါက သူတို့ လေးဦး ပေါင်းလိုက်လျှင် အနည်းငယ် ယုံကြည်မှု ရှိနေနိုင် သေးသည်။
သို့သော် ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာသို့ အဆင့် ချိုးဖြတ် သွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ကြပေ။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင် ထားသဖြင့် သူတို့ လုံးဝ ယှဉ်ပြိုင် နိုင်စွမ်း မရှိတော့။
“ခင်ဗျားတို့ ဒီလောက်ထိ လာပြီးမှ... အခု ပြန်ချင်တယ် ဟုတ်လား...”
ဖုန်းဝူချန်က ကြောက်မက်ဖွယ် ကောင်းအောင် မဲ့ပြုံး ပြုံးလိုက်သည်။ သူ၏ အတောင်ပံများ တုန်ခါ သွားသည်။ “ဝုန်း...” ခနဲ အသံကြီး ထွက်ပေါ် လာသည်။ သူသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကျိုးရှန်းထံသို့ တိုးဝင် သွားသည်။
တစ်စုံတစ်ခုကို အာရုံခံ မိလိုက်သည်နှင့် ကျိုးရှန်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့ သွားသည်။ ပြင်းထန်သော အန္တရာယ်က သူ့ကို မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် လွှမ်းခြုံ သွားစေသည်။
“အကြီးအကဲ... သတိထား...” ဟယ်ရှုံးက ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။
ဖုန်းဝူချန်သည် တစ္ဆေ တစ်ကောင် အလား မျက်တောင် တစ်ခတ် အတွင်း ပျောက်ကွယ် သွားပြီးနောက် ကျိုးရှန်း၏ ရှေ့မှောက်တွင် ရုတ်ချည်းပင် ပြန်လည် ပေါ်ထွက် လာသည်။
ဖုန်းဝူချန် ရုတ်တရက်ကြီး သူ၏ ရှေ့မှောက်တွင် ပေါ်လာသည်ကို မြင်သောအခါ အကြီးအကဲ ကျိုးရှန်း၏ တစ်ကိုယ်လုံး တစ္ဆေ တစ်ကောင်ကို မြင်လိုက် ရသကဲ့သို့ပင် တုန်ရီသွားသည်။ ဖုန်းဝူချန်သည် မယုံနိုင်လောက်အောင် လျင်မြန်ကာ အသံ၏ အမြန်နှုန်းကိုပင် ကျော်လွန် သွားဟန် တူသည်။
“ဟမ်း..အဘိုးကြီး... ခင်ဗျား ဘယ် ပြေးမယ် စိတ်ကူး နေတာလဲ...”
ဖုန်းဝူချန်က ရက်စက်စွာ မေးလိုက်သည်။ တပြိုင်နက် ခြိမ်းခြောက်မှု အပြည့်ပါသော အရှိန်အဟုန်ဖြင့် ကျိုးရှန်းထံသို့ လက်သီးတစ်လုံး ပစ်ထုတ်လိုက်သည်။
“အစစ်အမှန်ယွမ်နဲ့ ကာကွယ်... ရွှမ်းမြေပြင် စကြဝဠာ...”
သူ၏ ထိတ်လန့်မှု ကြားမှပင် ကျိုးရှန်းက ဟိန်းဟောက် လိုက်သည်။ သူက အပြာရောင် ချီစွမ်းအင် ဒိုင်း တစ်ခုနှင့် ကြီးမားသော နံရံကြီး တစ်ခုကို ဖွဲ့တည် လိုက်၏။
“ဘုန်း...”
ဖုန်းဝူချန်၏ လက်သီးက ဆိုက်ရောက် သွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ် လာသည်။
ကျိုးရှန်း၏ ခုခံမှုများ ချက်ချင်း ကျိုးကြေ ပျက်စီး သွားသည်။
ထိုစွမ်းအားကြောင့် ကျိုးရှန်း သွေးများ အန်ထုတ် လိုက်ရပြီး နောက်သို့ လွင့်စင် ထွက်သွား၏။
‘ဒါ... ဒါ ဘယ်လို စွမ်းအားကြီးလဲ…’ ကျိုးရှန်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ တိုးပွား လာသည်။ ယွမ်တန်ဘုံ နဝမအလွှာတွင် ရှိနေသော သူသည် ဖုန်းဝူချန်၏ လက်သီး တစ်ချက်ကိုပင် မခံနိုင် ခဲ့ပေ။ လက်သီး တစ်ချက်တည်းဖြင့် မရှုမလှ ဒဏ်ရာ ရရှိ သွားသည်။
ဖုန်းဝူချန်၏ စွမ်းအားနှင့် ရင်ဆိုင် ရသောအခါ ကျိုးရှန်းတွင် ခုခံရန် စွမ်းအား တစ်စုံတစ်ရာ မရှိတော့ပေ။
ဖုန်းဝူချန်၏ ဤ လက်သီး တစ်ချက်သည် တောင်ထိပ်ငယ် တစ်ခုကိုပင် ဖျက်ဆီး နိုင်သော စွမ်းအား ရှိသည်။
“အိုး... ခင်ဗျား မသေ သေးဘူးလား...” ဖုန်းဝူချန်က အံ့ဩစွာ ပြောလိုက်သည်။ သူက ဤ လက်သီး တစ်ချက်သည် ကျိုးရှန်းကို သတ်ရန် လုံလောက် လိမ့်မည်ဟု ထင်ခဲ့သော်လည်း ကျိုးရှန်းက ခံနိုင်ရည် ရှိနေသည်ကို တွေ့လိုက်ရသည်လေ။
“အကြီးအကဲ...” ဟယ်ရှုံးသည် မျက်တောင် တစ်ခတ် အတွင်း ရောက်ရှိ လာသည်။ သူ၏ မျက်နှာသည် အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက် နေသည်။
“ဟမ့်...”
ဖုန်းဝူချန်က ဟယ်ရှုံးကို အေးစက်စွာ နှာမှုတ် လိုက်သည်။ သူ၏ လွှမ်းမိုး နိုင်သော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲ စေလိုက်သည်။
“မကောင်းတော့ဘူး...” ဟယ်ရှုံး၏ မျက်နှာ ဖြူဖျော့ သွားသည်။
“ဝေါ့...”
ရုတ်တရက် တိုက်ခိုက် လာသော ဝိညာဉ်စွမ်းအားကြောင့် ဟယ်ရှုံး အငိုက် မိသွားသည်။ သူ ချက်ချင်းပင် တုန်ခါ သွားပြီး သွေးများ ပန်းထုတ် လိုက်ရသည်။
“စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်က ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအား ရှိနေတာလား...” ဟယ်ရှုံးသည် တိုင်းတာ မရနိုင်အောင် အံ့ဩ ထိတ်လန့် သွားသည်။
သူကိုယ်တိုင် ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်လျက်ပင် ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို မခံနိုင် ခဲ့ပေ။
ဟယ်ရှုံးသည် ဖုန်းဝူချန်ကို အလွန်အမင်း ထိတ်လန့်တကြား ကြည့်နေမိ၏။ ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သော သူ၏ ဝိညာဉ်စွမ်းအားက ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုကို မခံနိုင် ခဲ့သည်ကို သူ မယုံကြည် နိုင်အောင် ဖြစ်နေသည်။
သူ၏ ဝိညာဉ်ခန္ဓာ ဒဏ်ရာ ရရှိ သွားသဖြင့် ဟယ်ရှုံး၏ မျက်နှာသည် ဖြူဖျော့ သွားပြီး သူ၏ ဒဏ်ရာများမှာ ပြင်းထန် လှသည်။
ထိတွေ့မှု တစ်ကြိမ်တည်းဖြင့် ဖုန်းဝူချန်သည် ယွမ်တန်ဘုံ နဝမအလွှာ စစ်သည်တော် နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေခဲ့သည်။
“ခင်ဗျားတို့ထဲက တစ်ယောက်မှ မလွတ် စေရဘူး...” ဟု ဖုန်းဝူချန်က ပြင်းထန်စွာ ကြေညာ လိုက်သည်။ မလှမ်းမကမ်းမှ အကြီးအကဲ ချင်းဖေးတို့ နှစ်ဦးကို လှမ်းကြည့် လိုက်ပြီးနောက် သူက ထူးဆန်း လျင်မြန်သော လှုပ်ရှားမှုဖြင့် သူတို့ထံသို့ ပြေးဝင်သွားလေသည်။
ပြင်းထန်သော ဒဏ်ရာများ ခံစား နေရသည့် ဟယ်ရှုံးနှင့် ကျိုးရှန်းတို့မှာ ဖုန်းဝူချန် အတွက် စိုးရိမ်စရာ မဟုတ်တော့ပေ။ သူတို့ ထွက်ပြေး လွတ်မြောက် သွားမည်ကို သူ စိုးရိမ်ခြင်း မရှိပါ။
ဖုန်းဝူချန် ရုတ်တရက် သူ့ထံသို့ ပေါက်ကွဲ ထွက်လာသည်ကို သတိပြု မိလိုက်သည်နှင့် ချင်းဖေး၏ မျက်နှာသည် သေမတတ် ဖြူဖျော့ သွားသည်။ ထိတ်လန့်တကြားဖြင့် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခုကို အလျင်အမြန် ဆင့်ခေါ် လိုက်သည့်အခါ သူ၏ အရှိန်အဝါ ချက်ချင်း မြင့်တက် လာသည်။
“နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ... ဝမ်ဝိညာဉ် ဓားသွား...”
ချင်းဖေး ပြင်းထန်စွာ ဟိန်းဟောက် လိုက်ကာ လက်များတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်း လိုက်ပြီး ဖုန်းဝူချန်ထံသို့ အကြိမ်ကြိမ် ဓားချက်များ လွှတ်ထုတ် လိုက်သည်။
"ဝီ..ဝီ..ဝီ"
ကြောက်မက်ဖွယ် အစိမ်းရောင် ချီစွမ်းအင် ဓားသွား ဒါဇင်ပေါင်း များစွာ ပေါက်ကွဲ ထွက်လာသည်။ ပြင်းထန်သော အသံလှိုင်း ပေါက်ကွဲမှုများ ထွက်ပေါ် လာ၏။ ၎င်းတို့ ဖြတ်သန်း သွားရာ နေရာတိုင်းတွင် ပေပေါင်း ဒါဇင်များစွာ အတွင်းမှ မြေပြင်သည် ပြင်းထန်စွာ တုန်ခါ သွားသည်။ စွမ်းအား အလွန် ကြီးမားလှ၏။
“ဆရာလီ... ခင်ဗျားရဲ့ စွမ်းအားကို ကျွန်တော့်ကို ပေး...” ချင်းဖေးက အော်ဟစ် လိုက်သည်။ သူ၏ ကိုယ်ပိုင် စွမ်းအား တစ်ခုတည်းဖြင့် ဖုန်းဝူချန်ကို မကျော်လွှား နိုင်မှန်း သူ သိသောကြောင့် ဖြစ်သည်။
ဆရာလီက ချင်းဖေး၏ ကျောပြင်ကို လက်ဝါး တစ်ချက်ဖြင့် ရိုက်နှက် လိုက်ပြီး သူ၏ စွမ်းအား အားလုံးကို ချင်းဖေးထံသို့ လွှဲပြောင်း ပေးလိုက်သည်။ ချင်းဖေးက ၎င်းကို လျင်မြန်စွာ စုစည်း လိုက်ရာ သူ၏ စွမ်းအားသည် အဆပေါင်း များစွာ တိုးမြင့် သွားသည်။ သူ ထုတ်လွှတ် လိုက်သော ချီစွမ်းအင် ဓားသွားများမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။
ချီစွမ်းအင် ဓားသွား တစ်ခုတည်းကပင် ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံသူ တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေရန် လုံလောက်သည်။ မည်သို့ပင် ဆိုစေ ၎င်းသည် လူနှစ်ဦး ပေါင်းစပ် ထားသော စွမ်းအား ဖြစ်သည် မဟုတ်လား။
"ဝီ..ဝီ..ဝီ"
ဖုန်းဝူချန်သည် မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ရှောင်တိမ်း လိုက်သည်။ သူ၏ အရိပ်ယောင်များသာ ကျန်ရစ် ခဲ့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
သူ သွားရာ နေရာတိုင်းတွင် ပေါက်ကွဲမှုများ၊ လွင့်တက် လာသော ဖုန်မှုန့် တိမ်တိုက်များ ဖြစ်ပေါ် နေသည်။ မြေပြင်သည်လည်း ဆက်လက် တုန်ခါ နေဆဲ ဖြစ်သည်။
ဖုန်းဝူချန်သည် အလွန် လျင်မြန်စွာ ရွေ့လျား နေသဖြင့် ချင်းဖေး၏ ချီစွမ်းအင် ဓားသွားများမှာ အသုံးမဝင် ဖြစ်နေသည်။
‘ဒီကောင်လေးရဲ့ လှုပ်ရှားမှု သိုင်းက အရမ်း ထူးဆန်းတယ်... တိမ်တိုက်တွေ စီးဆင်းပြီး ရေတွေ စီးဆင်း နေသလိုပဲ…’
ဆရာလီ မျက်မှောင်ကြုတ် လိုက်သည်။
သူ၏ အတွင်းစိတ်ထဲထိ တုန်လှုပ် သွား၏။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ပညာရပ်ကို သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
“ဟယ်ရှုံး... ကျိုးရှန်း... ခင်ဗျားတို့ ဘာလို့ မကူညီ ကြတာလဲ...”
ချင်းဖေးက ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ ဖုန်းဝူချန်က လျင်မြန်စွာ ချဉ်းကပ်လာသည်နှင့် သူ့ကို ရူးသွပ် သွားစေသည်။
ဟယ်ရှုံးနှင့် ကျိုးရှန်းတို့သည် အလွန် ပြင်းထန်စွာ ဒဏ်ရာ ရရှိနေသဖြင့် မည်သူ့ကိုမျှ ကူညီနိုင်စွမ်း မရှိ။ သူတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ရန်ပင် ရုန်းကန်နေရသည်။
“ဝှစ်...”
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပေါ်ထွက် လာသည်။
“တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး...”
ဖုန်းဝူချန်က အေးစက်စွာ အော်ဟစ် လိုက်သည်။ သူ၏ လက်ဝါးတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်း လိုက်ပြီး ချင်းဖေးထံသို့ ပြင်းထန်စွာ ရိုက်ချ လိုက်၏။ ထပ်ဆင့် လက်ဝါး သုံးခု၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
“နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ... အရိုးကြေ စိန်လက်ဝါး...”
ဆရာလီ၏ စွမ်းအား အကူအညီဖြင့် ချင်းဖေးသည် ကြီးမားသော ဟိန်းဟောက်သံကြီး ပြုလိုက်ပြီး သူ၏ ကိုယ်ပိုင် လက်ဝါးဖြင့် တိုက်ခိုက်မှုကို တုံ့ပြန် လိုက်သည်။
“ဘုန်း...”
လက်ဝါး နှစ်ခု မိုးကြိုးပစ်သံသဖွယ် ပေါက်ကွဲကာ ထိခတ် သွားသည်။
“ဖျစ်... ဖျစ်...”
ကြောက်မက်ဖွယ် စွမ်းအားများ တုန်ခါ သွား၏။ အကူအညီ ရထား သော်လည်း လီနှင့် ချင်းဖေး နှစ်ဦးလုံး သွေးများ အန်ထုတ်ရင်း လွင့်စင် ထွက်သွား ကြသည်။
နှစ်ယောက် ပေါင်းလျက်ပင် သူတို့သည် ဖုန်းဝူချန်၏ လက်ဝါး တစ်ချက်တည်းကို မခံနိုင် ခဲ့ကြ။
လက်ဝါး တစ်ချက် ကျဆင်း သွားသည်။ ယွမ်တန်ဘုံ နဝမအလွှာမှ အကြီးအကဲ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားကြသည်။
တိုက်ပွဲက စတင်ခါစပင် ရှိသေးသည်။ ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် လေးဦးလုံး ပြင်းထန်သော ဒဏ်ရာများ ရရှိ သွားကြပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားမှာ နှိုင်းယှဉ် မရနိုင်အောင် နိမ့်ကျ နေသည်။
ဖုန်းဝူချန်၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖုန်းဝူချန်သည် ရုတ်ချည်း ပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ် လာသောအခါ ဆရာလီ၏ နောက်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ဆရာလီသည် ဖုန်းဝူချန် ထိုနေရာတွင် ရှိနေသည်ကို သတိပင် မထားမိ လိုက်ပေ။
“ဆရာလီ... ခင်ဗျား နောက်မှာ...” ချင်းဖေးက ထိတ်လန့်တကြား ဟိန်းဟောက် လိုက်သည်။
“ဘုန်း...”
ဆရာလီ တုံ့ပြန်ချိန် မရလိုက်။ ဖုန်းဝူချန်၏ လက်ဝါးက ရိုက်ချ လာသည်။ သူ၏ ဦးခေါင်း ထိပ်တည့်တည့်ကို ပေါက်ကွဲသံနှင့် အတူ ထိမှန် သွား၏။
“ဖျစ်...”
ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဆရာလီ သွေးများ အန်ထုတ် လိုက်ရသည်။ သူ ဒူးထောက် ကျသွား၏။ သူ၏ မျက်နှာပေါက် (၇) ပေါက်မှ သွေးများ ယိုစီး ထွက်လာပြီး သေဆုံး သွားသည်။
“ဟာ….ဆရာလီ...” ချင်းဖေးက မချိတင်ကဲ အော်ဟစ်လိုက်လေသည်။ သူ၏ ထိတ်လန့်မှုမှာ အဆမတန် တိုးပွား လာသည်။
“စိတ်မပူပါနဲ့... ခင်ဗျားကို သူနဲ့ တွေ့ဖို့ လွှတ်ပေး တော့မှာပါ...” ဖုန်းဝူချန်က အေးစက်စွာ ပြောရင်း သူ၏ အေးစက်သော အကြည့်များက ချင်းဖေး အပေါ်သို့ တစ်ချက် ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။
ချင်းဖေးသည် ဖုန်းဝူချန်ကို သွေးရောင် လွှမ်းသော မျက်လုံးများဖြင့် စိုက်ကြည့် လိုက်သည်။ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် သွေးကြောများ ထောင်တက် လာသည်။ သူက ကောင်းကင်ထိ ထိလောက်အောင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဖုန်းဝူချန်... ငါ မင်းကို ဒီတစ်သက် မကျေဘူး...”
“ဟမ့်..ခင်ဗျားတို့ ကိုယ်တိုင် သေလမ်းကို လာရှာ ကြတာ... ကျွန်တော်က ခင်ဗျားတို့ကို ဘယ်လိုလုပ် စိတ်ပျက် စေနိုင်မှာလဲ...”
ဖုန်းဝူချန်က ကဲ့ရဲ့လိုက်သည်။ သူ၏ လှုပ်ရှားမှုများ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ပြန်လည် စတင် လိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းရုံဖြင့် သူသည် ချင်းဖေး၏ ရှေ့တည့်တည့်သို့ ရောက်ရှိ သွားသည်။
“နန်းတွင်းအကြံပေး... ခင်ဗျား လေကျန့်ဖုန်းကို မှာကြားခဲ့ချင်တဲ့ နောက်ဆုံး စကားများ ရှိသေးလား...” ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ အရိုးခိုက်အောင် အေးစက်သော သတ်ဖြတ်လိုစိတ် အငွေ့အသက်က နှလုံးသားများကို တုန်လှုပ် သွားစေသည်။
“ငါ မင်းကို လုံးဝ မကြေဘူး...” ချင်းဖေးက အံကြိတ်ရင်း ဟိန်းဟောက် လိုက်သည်။
“ဘုန်း...”
ရက်စက် ကြမ်းကြုတ်ပြီး သနားညှာတာမှု ကင်းမဲ့သော လက်ဝါး တစ်ချက်။
ဖုန်းဝူချန်သည် ၎င်းအား ချင်းဖေး၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်၏။
“ဒုတ်...”
ပေါက်ကွဲသံနှင့် အတူ ချင်းဖေး သွေးများ အန်ထုတ် လိုက်ရသည်။ သူ၏ မျက်နှာပေါက် (၇) ပေါက်မှ သွေးများ စီးကျလျက် သေဆုံး သွားတော့သည်။
ရွှေယွဲ့အင်ပါယာ၏ နန်းတွင်းအကြံပေး... အလွန် မြင့်မားသော အဆင့်အတန်းရှိ လူတစ်ယောက်...။ သို့သော် ဖုန်းဝူချန်သည် သူ့ကို သတ်ဖြတ်ရန် တခဏမျှပင် မတုံ့ဆိုင်းနေ၊မစိုးရိမ်နေ
ခဲ့ပေ။
‘ဒါ တရားလွန်လွန်းတယ်... ဒီကောင်စုတ်လေးက ယွမ်တန်ဘုံ နဝမအလွှာကို အဆင့် ချိုးဖြတ် နိုင်လိမ့်မယ်လို့ ဘယ်သူက တွေးကြည့် နိုင်မှာလဲ…’ဟယ်ရှုံး၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေသည်။ သူ၏ မေးရိုးများ ဒေါသတကြီး တင်းမာနေသည်။
ကျိုးရှန်းသည် လဲကျ သွားသော ချင်းဖေးနှင့် ဆရာလီတို့ကို ထိတ်လန့်တကြား စိုက်ကြည့် နေသည်။ သူ၏ ကြောက်ရွံ့မှုကို ထုတ်ဖော် ပြောလိုက်သည်။
“သူ ၊ သူ့ရဲ့ အစွမ်း အကုန်တောင် မသုံးရ သေးဘူး... ငါတို့ သူ့ကို လုံးဝ မယှဉ်နိုင်ဘူး... ဒီကောင်လေးက မိစ္ဆာ တစ်ကောင်ပဲ... အခုဆိုရင် ဂိုဏ်းချုပ်ကြီး တစ်ယောက်တည်းပဲ သူ့ကို နိုင်တော့မှာ...”
ကျိုးရှန်းသည် ပြောလေလေ ပို၍ ကြောက်လန့် လာလေလေ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ် မရနိုင်အောင် တုန်ယင် နေသည်။
ဖုန်းဝူချန်သည် အမှန်တကယ်ပင် သူ၏ အစွမ်း အကုန် မသုံးခဲ့ပေ။ သို့မဟုတ်လျှင် သူသည် ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံသူ တစ်ဦးကို လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ် နိုင်ကြောင်း ယုံကြည်မှု ရှိလေသည်။
ဖုန်းဝူချန်၏ အကြည့်များက ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ထံသို့ ကူးပြောင်းသွားကာ အေးစက်စွာ ပြောလိုက်သည်။
“အခု ခင်ဗျားတို့ အလှည့်ပဲ...”
ဖုန်းဝူချန်၏ မျက်လုံး အကြည့်ကို ခံစား မိလိုက်သည်နှင့် ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ တုန်လှုပ် သွားကြသည်။ သူတို့၏ ဒဏ်ရာများကြောင့် တုံ့ပြန်ရန် စွမ်းအား မရှိကြတော့ဘဲ သေခြင်းတရားကိုသာ စောင့်ဆိုင်း နိုင်တော့သည်။
“အစ်ကိုဖုန်း... သူတို့ကို သတ်လိုက်ပါ...” လျိုချင်းယန်က ရုတ်တရက် အော်ဟစ် လိုက်၏။ စစ်သည်တော်များလည်း
အော်ဟစ်လာကြသည်။
“ထိုက်ရွှီဂိုဏ်းကို ချေမှုန်းပါ...၊
ထိုက်ရွှီဂိုဏ်းကို ချေမှုန်းပါ...”
စစ်သည်တော်များ ပြိုင်တူ တိုက်ပွဲသံ ပေးလိုက်ကြသည်။ ထိုအသံသည် ကြီးမားသော အင်အားဖြင့် ပဲ့တင် ထပ်သွားတော့၏။