← Chapters

ထိုက်ရွှီဂိုဏ်း ဂိုဏ်းချုပ်ကြီး

Vol. 15 Ch. 215

ထိုက်ရွှီဂိုဏ်း ဂိုဏ်းချုပ်ကြီး

Vol. 15 Ch. 215

~ဖုန်းဝူချန်က တစ်ယောက်တည်းနှင့် လေးယောက်ကို ရင်ဆိုင် နေရသည်။ သို့သော် သူ့အတွက် ခြိမ်းခြောက်မှု မရှိပေ။

၎င်းမှာ ချင်းဖေးနှင့် အခြား သုံးဦးက အလွန် အားနည်း နေ၍ မဟုတ်ပေ။ ဖုန်းဝူချန်က အလွန်အမင်း သန်မာ နေသောကြောင့် ဖြစ်သည်။

ထို့အပြင် သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ ဖုန်းဝူချန်က တစ်လအတွင်း ယွမ်တန်ဘုံ သတ္တမအလွှာမှ ယွမ်တန်ဘုံ နဝမအလွှာသို့ အဆင့် ချိုးဖြတ် နိုင်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ ကြပေ။

သို့မဟုတ်လျှင် သူတို့အား သတ္တိ အဆတစ်ရာ ပေးလျှင်ပင် ဖုန်းဝူချန်ကို ရင်ဆိုင်ဝံ့ကြမည် မဟုတ်ပေ။

ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံမှုဖြင့် ဖုန်းဝူချန်၏ စွမ်းအားသည် သူ၏ သွေးမျိုးဆက် စွမ်းအား သို့မဟုတ် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို ထုတ်မသုံးဘဲ၊ သူ၏ အစစ်အမှန်ယွမ်နှင့် ရုပ်ခန္ဓာ စွမ်းအား အပေါ်တွင်သာ မှီခိုလျက် ယွမ်တန်ဘုံ နဝမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

ဤသို့ လွှမ်းမိုး နိုင်သော စွမ်းအားက သူတို့ လေးဦးလုံးကို အပြည့်အဝ ချေမှုန်း ထားသည်။

ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် လေးဦးလုံး ဖုန်းဝူချန်၏ ရှေ့မှောက်တွင် အစွမ်းအစ မရှိ ဖြစ်နေသည်ကို မြင်တွေ့ ရသောအခါ ချီဟွမ်နှင့် အခြားသူများလည်း မယုံနိုင်လောက်အောင် တုန်လှုပ် သွားကြသည်။ ဖုန်းဝူချန်၏ တိုး၍ ကြောက်မက်ဖွယ် ကောင်းလာသော စွမ်းအားကြောင့် သူတို့ မှင်တက် သွားကြ၏။

အကယ်၍သာ ဖုန်းဝူချန် တစ်ဦးတည်းက ထျန်းဝူအင်ပါယာ၏ နန်းတော် မိသားစုကို ဖိနှိပ် ချုပ်ချယ် ခဲ့ကြောင်း ဟယ်ရှုံးနှင့် အခြားသူများ သိရှိ သွားပါက ကြောက်လန့်လွန်း၍ ဝိညာဉ်များပင် ကိုယ်မှ ထွက်ခွာ သွားကြ လောက်သည်။

“ကျွန်တော် ပြောသားပဲ... ခင်ဗျားတို့ လာဖို့ အချိန်မှား ရွေးလိုက်တယ်လို့... အကယ်၍ လွန်ခဲ့တဲ့ တစ်လလောက်ကသာ ဆိုရင်... ခင်ဗျားတို့ လေးယောက်ပေါင်းပြီး ကျွန်တော့်ကို အမှန်တကယ် ရှင်းနိုင်ခဲ့ လောက်တယ်... ဒါပေမဲ့ ကံဆိုး သွားပြီ...” ဖုန်းဝူချန်က ပြောလိုက်သည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာ ရနေသော ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ် သွားသည်။

“ဖုန်းဝူချန်... မင်းရဲ့ စွမ်းအားက တကယ် သန်မာတာ မှန်တယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးနဲ့ ယှဉ်ရင်တော့ မင်း အများကြီး လိုပါသေးတယ်...” ဟယ်ရှုံးက အံကြိတ်ရင်း ပြောသည်။ ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံး ရမည်ကို သူ အလွန် နာကျည်းနေသည်။

မည်သို့ပင် ဖြစ်စေ ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။ “ထိုက်ရွှီဂိုဏ်းချုပ်ကြီးရဲ့ စွမ်းအားက တကယ်ပဲ အစွမ်းထက်ပါတယ်... ထျန်းယွမ်ဘုံ ဒုတိယအလွှာရဲ့ ကျင့်ကြံမှုက ပထမအလွှာထက် အဆပေါင်း များစွာ သန်မာတယ်... လုံးဝ ကွဲပြား ခြားနားတဲ့ အဆင့် တစ်ခုပဲ...”

ဟယ်ရှုံးနှင့် ကျိုးရှန်းတို့၏ အရှေ့ (၁၀) မီတာ အကွာတွင် ရပ်တန့် လိုက်ပြီး ဖုန်းဝူချန်က ဆက်ပြောသည်။ “ဒါပေမဲ့ ထိုက်ရွှီဂိုဏ်းချုပ်ကြီးက ကျုပ်ကို သတ်နိုင် မသတ်နိုင် ဆိုတာလည်း မသေချာ ပါဘူး... စကားတွေ အများကြီး ပြေ‌ာတေလည်း အပိုပဲ... ဂိုဏ်းချုပ်ကြီးက ခင်ဗျားတို့ကို သေဖို့ လွှတ်လိုက်မှတော့... ကျုပ် ခင်ဗျားတို့ ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့... ခင်ဗျားတို့လို လက်ရွေးစင် နှစ်ယောက် မရှိတော့ရင် ထိုက်ရွှီဂိုဏ်းလည်း အားနည်း သွားမှာ မလား...”

ရွှေယွဲ့အင်ပါယာ၏ နန်းတွင်းအကြံပေးကို မျက်တောင် တစ်ခတ်မခတ်ဘဲ သတ်ရဲသော ဖုန်းဝူချန်သည် သူတို့ နှစ်ဦးလုံးကို သတ်ရန် သတ္တိ ရှိနေသည်မှာ ယုံမှားဖွယ် မရှိချေ။

ဖုန်းဝူချန်၏ စကား ဆုံးသည်နှင့် ဩဇာတိက္ကမ ပြည့်စုံသော သြရှသည့် အသံတစ်ခု ထွက်ပေါ် လာသည်။

“ငါ့ ထိုက်ရွှီဂိုဏ်းက အကြီးအကဲ နှစ်ယောက်ကို သတ်ဖို့ ဆိုရင်... အဲ့ဒါက ငါ့ဂိုဏ်းရဲ့ ခွင့်ပြုချက်နဲ့မှ ဖြစ်ရမယ်...”

“ဂိုဏ်းချုပ်ကြီး...”

ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ အလွန် တုန်လှုပ် သွားကြသည်။ ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ရောက်လာ လိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ကြပေ။

အကြီးအကဲ နှစ်ဦး တုန်လှုပ် သွားသကဲ့သို့ သူတို့ မျှော်လင့်ချက်ကိုလည်း မြင်တွေ့ လိုက်ရသည်။ အနည်းဆုံးတော့ သူတို့ အသက်ရှင် လွတ်မြောက် နိုင်တော့မည်။

အလွန် စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခု ကောင်းကင်မှ ကျဆင်း လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများ စီးဆင်းလာ၏။ ထို ဖိနှိပ်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး လူတိုင်းအား အသက်ရှူရ မွန်းကြပ်စေသည်။ မျက်နှာများ ဖြူဖျော့ သွားပြီး မြင်သာသော နာကျင်မှုများ ခံစား နေရလေသည်။

“ထျန်းယွမ်ဘုံ ဒုတိယအလွှာ...”

“ထိုက်ရွှီဂိုဏ်း ဂိုဏ်းချုပ်ကြီး...”

ချီဟွမ်နှင့် အခြားသူများ၏ မျက်နှာများ သိသိသာသာ ပျက်ယွင်း သွားသည်။ ထို ကြောက်မက်ဖွယ် အရှိန်အဝါနှင့် စွမ်းအားသည် ထျန်းယွမ်ဘုံ ပထမအလွှာနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

“ဟမ့်... အဲ့ဒီ အဘိုးကြီး တကယ် ရောက်လာတာပဲ...” ဖုန်းဝူချန် မျက်မှောင်ကြုတ် လိုက်ပြီး တီးတိုး ရေရွတ် လိုက်သည်။

ထိုက်ရွှီဂိုဏ်း ဂိုဏ်းချုပ်က အမှောင်ထဲတွင် ပုန်းအောင်း နေလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်း ထားပြီး ဖြစ်ဟန် တူသည်။

ဟုတ်ပါသည်။

စကားပြော လိုက်သူမှာ အခြားသူ မဟုတ်။ ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး မုရုန်ထျန်းလီပင် ဖြစ်သည်။

“ဝှစ်...”

သက်တံကဲ့သို့ အရှိန်အဝါ ရှိသော ပုံရိပ် တစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သူတို့ထံ ပစ်ထွက် လာသည်။ မျက်တောင် တစ်ခတ် အတွင်း ရောက်ရှိ လာ၏။

ကြောက်မက်ဖွယ် အမြန်နှုန်း...။ ဖုန်းဝူချန်ကိုပင် ကျော်လွန် နေသည်။

လွှမ်းမိုး နိုင်သော ကြီးမားသည့် အရှိန်အဝါ...။

ဖုန်းဝူချန်ပင်လျှင် ပြင်းထန်သော ဖိအားကို ခံစား လိုက်ရသည်။

ထျန်းယွမ်ဘုံ ဒုတိယအလွှာသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး...”

ဖုန်းဝူချန်က အေးစက်စွာ အော်ဟစ် လိုက်သည်။ သူ၏ သွေးမျိုးဆက် စွမ်းအားနှင့် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော် လိုက်ရာ ထူးဆန်းသော သွေးရောင် ချီစွမ်းအင်များ ထိုးထွက် လာသည်။ ဖုန်းဝူချန်၏ စွမ်းအားသည် အရူးအမူး မြင့်တက် လာပြီး ယွမ်တန်ဘုံ နဝမအလွှာကို ချက်ချင်း ကျော်လွန်ကာ ထျန်းယွမ်ဘုံ ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားသို့ ရောက်ရှိ သွားသည်။

“ဝှီး... ဝှီး…”

ကြောက်မက်ဖွယ် အနက်ရောင် အရိပ် တစ်ခု ချက်ချင်း ရောက်ရှိ လာသည်။ လက်ဝါး တစ်ချက်ဖြင့် ရင်ဆိုင် လိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ် လာ၏။

“ဘုန်း…”

မီတာ ဆယ်ဂဏန်း အတွင်းမှ မြေပြင်သည် ပြင်းထန်စွာ တုန်ခါလျက် ပြိုကျ သွားသည်။

ထို ထိတွေ့မှု တစ်စက္ကန့်မျှ ကြာမြင့် ပြီးနောက် ဖုန်းဝူချန် ရုတ်တရက် လွင့်စင် ထွက်သွားသည်။

မုရုန်ထျန်းလီမှာမူ ခြေတစ်လှမ်း၏ တစ်ဝက်ပင် နောက်သို့ ဆုတ်ခွာ သွားခြင်း မရှိခဲ့ပေ။

‘ဒီအဘိုးကြီးရဲ့ စွမ်းအားက တကယ် သန်မာတာပဲ... ထျန်းယွမ်ဘုံ ဒုတိယအလွှာမှာ သူက အထွတ်အထိပ်နား နီးနေပြီ... သူ့စွမ်းအားက လေကျန့်ဖုန်းထက်တောင် နည်းနည်း ပိုသန်မာတယ်...’ ဖုန်းဝူချန်က စိတ်ထဲတွင် တွေးလိုက်သည်။ ‘ချီလင် ချပ်ဝတ်ဝတ်စုံက စွမ်းအား အများကြီးကို စုပ်ယူ မပေးခဲ့ရင် ငါ ဒဏ်ရာ ရသွား လောက်ပြီ...’

ထျန်းယွမ်ဘုံ ဒုတိယအလွှာရှိ မုရုန်ထျန်းလီသည် ကြောက်မက်ဖွယ် ကောင်းအောင် သန်မာလှသည်။ ဖုန်းဝူချန် အနေဖြင့် သူ့ကို ယှဉ်ပြိုင် နိုင်စွမ်း မရှိပေ။

ထိတွေ့မှု၏ ရလဒ်က မည်သူက ပိုသန်မာပြီး မည်သူက ပိုအားနည်းသည်ကို အလွန် ရှင်းလင်းစွာ ပြသ သွားခဲ့သည်။

“စစ်သူကြီးချုပ်...”

“ဗိမာန်သခင်...”

ချီဟွမ်နှင့် ဟွမ်ယန်တို့၏ မျက်နှာများပေါ်တွင် စိုးရိမ်မှုများ ပေါ်လာသည်။ မုရုန်ထျန်းလီ၏ ပေါ်ထွက် လာမှုက သူတို့ကိုလည်း အငိုက်မိ သွားစေသည်။

သူ၏ အနက်ရောင် အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်ရင်း ဖုန်းဝူချန်သည် သူ၏ ခန္ဓာကိုယ်ကို အားစိုက် ထိန်းလိုက်သည်။ သူ၏ မျက်နှာမှာ လေးနက် သွားပြီး မုရုန်ထျန်းလီကို အကဲခတ် လိုက်သည်။

မုရုန်ထျန်းလီသည် အနက်ရောင် ပိုးထည် ဝတ်ရုံကို ဝတ်ဆင် ထားသည်။ ဆံပင် အနက်ရောင်နှင့် အဖြူရောင် ရောယှက် နေသော အဘိုးအို တစ်ဦး ဖြစ်ပြီး သူ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက် နေသည်။ ပိန်လှီသော ခန္ဓာကိုယ် ရှိသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ် နေသည်။

မုရုန်ထျန်းလီသည်လည်း ဖုန်းဝူချန်ကို စိုက်ကြည့် နေသည်။ သူ၏ လက်ဝါးချက်က ဖုန်းဝူချန်ကို ဒဏ်ရာ မရရှိ စေခဲ့သည့် အတွက် နှလုံးသားထဲတွင် ကြိတ်၍ တုန်လှုပ် နေမိသည်။

‘ဖုန်းဝူချန်ရဲ့ ရုပ်ခန္ဓာ စွမ်းအားက ငါ့ မျှော်လင့်ချက်ထက် ကျော်လွန် နေတယ်... ပြီးတော့ ခဏလေး ပေါက်ကွဲ ထွက်လာတဲ့ အဲ့ဒီ စွမ်းအားကလည်း သာမန် မဟုတ်ဘူး... ဒီကောင်လေးက တကယ့်ကို ကြောက်စရာပဲ...’ မုရုန်ထျန်းလီက ရင်တွင်း သုံးသပ်လိုက်သည်။ သူ၏ အိုမင်းသော မျက်နှာမှာ တည်ငြိမ် နေဟန် ရှိသော်လည်း အတွင်းစိတ်ထဲတွင် လုံးဝ တုန်လှုပ် နေခဲ့ပါသည်။

ဖုန်းဝူချန်က မည်သည့် စွမ်းအားကို ထုတ်သုံး လိုက်သည် ဖြစ်စေ၊ သို့မဟုတ် သူ၏ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်သော စွမ်းအား တစ်ခုခု ရှိနေသည် ဖြစ်စေ မုရုန်ထျန်းလီ မသိခဲ့ပေ။ သို့သော် ပြင်းထန်သော တိုက်ခိုက်မှု တစ်ချက် ပြီးသည့်တိုင် ဖုန်းဝူချန် ဒဏ်ရာ တစ်စုံတစ်ရာ မရရှိ ခဲ့ပေ။

“အစ်ကိုကြီးဖုန်း... အဆင်ပြေရဲ့လား... သူ့ကို ကျွန်မတို့ ဝိုင်းတိုက် ကြမလားဟင်...” လင်ရှောင်ရှောင်က သူ၏ ဘေးတွင် ဖျတ်ခနဲ ပေါ်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“မလိုဘူး... မင်းအစ်ကိုကြီး အဆင်ပြေပါတယ်...” ဖုန်းဝူချန်က ခေါင်းခါ လိုက်ပြီး ပြောသည်။ “ဒီအဘိုးကြီးရဲ့ စွမ်းအားက အလွန် ကြောက်စရာ ကောင်းတယ်... ရှောင်ရှောင်... မင်း သူတို့ကို အရင် ဦးဆောင်ပြီး ပြန်သွား... ပြီးတော့ ငါ့မေမေနဲ့ တခြားသူတွေကို သေချာ ကာကွယ် ပေးထားပါ...”

“အစ်ကိုကြီးဖုန်း... ဂရုစိုက်ပါ...” လင်ရှောင်ရှောင်က တိုက်တွန်း လိုက်ပြီးနောက် နေရာ ရှင်းပေးရန် နောက်သို့ လျှပ်တပြက် ဆုတ်ခွာ သွားသည်။

အခြား တစ်ဖက်တွင်လည်း မုရုန်ထျန်းလီက ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ကို အဝေး တစ်နေရာသို့ ဆုတ်ခွာကာ ဒဏ်ရာ ကုသစေလိုက်သည်။

သူတို့၏ တိုက်ပွဲမှ ထွက်ပေါ် လာမည့် စွမ်းအားသည် လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။

“ထျန်းယွမ်ဘုံ ဒုတိယအလွှာရဲ့ စွမ်းအားက တကယ်ကို အစွမ်းထက်တာပဲ...” ဖုန်းဝူချန်က မုရုန်ထျန်းလီ၏ ရှေ့မှောက်တွင် ကြောက်ရွံ့ခြင်းမရှိဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံ အမြင့်သို့ ဖြည်းညင်းစွာ မျောလွင့်သွားသည်။ မုရုန်ထျန်းလီနှင့် သူ၏ မလွဲမသွေ တိုက်ပွဲသည် ရှောင်လွှဲ မရနိုင်တော့ပေ။ အကယ်၍ ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းကို ချေမှုန်း လိုပါက သူ မုရုန်ထျန်းလီကို တိုက်ခိုက် ရမည်သာ။

“ဖုန်းဝူချန်... မင်းရဲ့ ကိုးထပ် ချန်ခွင်း မျှော်စင်ကို ဆင့်ခေါ် လိုက်... ဒီဂိုဏ်းချုပ်ကြီးက သူ့ရဲ့ စွမ်းအားကို ကိုယ်တိုင် မျက်မြင် တွေ့ခွင့် ပေး...” မုရုန်ထျန်းလီက ဖြည်းညင်းစွာ ပြောသည်။ သူ၏ အိုမင်းသော မျက်လုံးများက ဖုန်းဝူချန် အပေါ် စူးစိုက် နေပြီး ကြောက်ရွံ့မှု အရိပ်အယောင် မပြပေ။

“ခင်ဗျား ကိုယ်တိုင် ပေါ်လာမှတော့... ဒီနေ့ ခင်ဗျားကို သတ်ဖို့ ကျုပ် အသေခံ တိုက်ခိုက် သွားမယ်...” ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် သူ၏ ညာလက်ထဲတွင် ပေါ်ထွက် နေခဲ့ပြီ ဖြစ်သည်။

ဖုန်းဝူချန်သည် အချိန်မရွေး တိုက်ခိုက်ရန် အသင့် ဖြစ်နေသည်။

“ကိုးထပ် ချန်ခွင်း မျှော်စင်...”

ဖုန်းဝူချက ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ လက်ကို ဝှေ့ယမ်း လိုက်သည်။ ရွှေရောင် အလင်းတန်း တစ်ခု သူ့ကိုယ်အတွင်းမှ ပေါက်ကွဲ ထွက်လာ၏။ ၎င်းမှာ ကိုးထပ် ချန်ခွင်း မျှော်စင် ဖြစ်သည်။ မျက်စိ ကျိန်းလောက်သော ရွှေရောင် အလင်းသည် အရပ်မျက်နှာ အားလုံးကို လွှမ်းခြုံ သွားသည်။

ကိုးထပ် ချန်ခွင်း မျှော်စင်သည် ကောင်းကင်ယံသို့ တရကြမ်း ဝဲတက်သွားသည်။ ချက်ချင်းပင် ကျန်း (၂၀) ကျော် ဧရာမ အရွယ်အစား အထိ ကြီးမား လာသည်။ ကြီးမားသော ရွှေရောင် အခင်းအကျင်း တစ်ခု ကျဆင်း လာပြီး လှိုင်းထန် လွှမ်းမိုးသော ဖိနှိပ်မှု စွမ်းအားများ သွန်ချ လာသည်။ ၎င်းက မုရုန်ထျန်းလီ၏ အစစ်အမှန်ယွမ် စွမ်းအင်ကို သိသိသာသာ ဖိနှိပ် လိုက်သကဲ့သို့ ခံစား လိုက်ရစေသည်။

ကိုယ်တိုင် ကြုံတွေ့ ခံစား ကြည့်မှသာလျှင် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ကြောက်မက်ဖွယ် ကောင်းပုံကို နားလည် နိုင်မည် ဖြစ်သည်။

“တစ်ပိုင်း အဆင့် အင်မော်တယ် လက်နက်ဆိုတဲ့အတိုင်း တကယ် ထိုက်တန် ပါပေတယ်... ဒီ ဖိနှိပ်မှု စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ...” မုရုန်ထျန်းလီက အနည်းငယ် မျက်မှောင်ကြုတ်ရင်း မှတ်ချက်ချလိုက်သည်။ သူ၏ ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံမှုသည် ထျန်းယွမ်ဘုံ ပထမအလွှာသို့ အတင်းအကျပ် ဖိနှိပ် ခံလိုက်ရသည်ပင်။

ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု စွမ်းအား ရှိနေသည်နှင့် ဖုန်းဝူချန်နှင့် မုရုန်ထျန်းလီ ကြားမှ တိုက်ပွဲ၏ ရလဒ်သည် မသေချာ မရေရာ ဖြစ်နေဆဲပင်။

ပြင်းထန်စွာ ဒဏ်ရာ ရနေသော ဟယ်ရှုံးနှင့် ကျိုးရှန်းတို့သည် လက်ရှိတွင် တောင်ထိပ် တစ်ခုပေါ်၌ ဒဏ်ရာ ကုသရင်း ကောင်းကင်ယံကို စိုးရိမ်တကြီး ကြည့်ရှု နေကြသည်။

“ဝှစ်...”

အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ကိုင်စွဲလျက် ဖုန်းဝူချန်သည် ဓားချက် တစ်ချက် ပစ်လွှတ်လိုက်ပြီး ပြင်းထန်သော ထိုးစစ် ဖော်ဆောင် လိုက်သည်။ မျက်စိ ကျိန်းလောက်သော နီရဲသည့် ဓားချီသည် ၎င်း ဖြတ်သန်း သွားရာ လေဟာနယ်ကို တွန့်လိမ်သွားစေသည်။

လွှမ်းမိုး နိုင်သော နီရဲသည့် ဓားချီ ပေါက်ကွဲ ထွက်လာသည်။ သို့သော် မုရုန်ထျန်းလီသည် ကြောက်ရွံ့မှု မပြပေ။ ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှုကို ခံနေရ သော်လည်း သူက တည်ငြိမ် နေဆဲ ဖြစ်သည်။ သူ၏ ညာလက်ကို ဖြည်းညင်းစွာ မြှောက် လိုက်သည်။ လက်ဖဝါးကို အပြင်သို့ မျက်နှာမူ ထားပြီး ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာသည်။

မုရုန်ထျန်းလီထံသို့ ပေါက်ကွဲ ထွက်လာသော ကြောက်မက်ဖွယ် ဓားချီသည် ရှေ့သို့ ဆက်လက် မတိုး နိုင်တော့ပေ။ မုရုန်ထျန်းလီထံမှ ထွက်ပေါ် လာသော ကြောက်မက်ဖွယ် စွမ်းအားက ၎င်းကို လုံးဝ ရပ်တန့် သွားစေသည်။

“မယုံနိုင်စရာပဲ... သူက စစ်သူကြီးချုပ်ရဲ့ ဓားချီကို လက်ဟန် တစ်ချက်တည်းနဲ့ ပိတ်ဆို့လိုက်တာလား...” ဟွမ်ယန်က တုန်လှုပ်စွာ အော်ဟစ် လိုက်သည်။

သွမ့်ဝူချင်း မျက်မှောင်ကြုတ် လိုက်ပြီး ပြောသည်။ “ဒီလောက် လွှမ်းမိုး နိုင်တဲ့ မြေကမ္ဘာအဆင့် သိုင်းပညာတောင် ထိုက်ရွှီဂိုဏ်းချုပ်ကြီးကို မထိခိုက် နိုင်ဘူး... တကယ့်ကို ကြောက်စရာပါပဲ... စစ်သူကြီးချုပ်ဘက်မှာ လုံးဝ အရေး နိမ့်နေပြီ...”

မုရုန်ထျန်းလီ၏ ပြင်းထန်လှ‌သော ခွန်အားကို မြင်တွေ့ ရသောအခါ ဖုန်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် စစ်သည်တော်များ အားလုံး စိုးရိမ် ပူပန် လာကြသည်။

“ဖုန်းဝူချန်... မင်းရဲ့ ဓားသိုင်းပညာကို သုံးလိုက်ပါ...” မုရုန်ထျန်းလီက တည်ငြိမ်စွာ ပြော၏။ တဆက်တည်း၌ သူက ဖြန့်ထားသော လက်ဖဝါးကို ညင်သာစွာ ဆုပ်လိုက်ရာ ဖုန်းဝူချန်၏ အစွမ်းထက်သော ဓားချီသည် ချက်ချင်းပင် ကြေမွ၊ ပျက်စီးသွား

လေသည်။

မုရုန်ထျန်းလီက ဖုန်းဝူချန်၏ ဓားချီကို လွယ်ကူစွာ ချေမှုန်း လိုက်ပုံကြောင့်

ချီဟွမ်တို့ လူအုပ်စု ထိတ်လန့် သွားကြရသည်။ ထိုသို့ ပြုလုပ်ရန် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား လိုအပ်လိုက်သနည်း။

ထို့အပြင် မုရုန်ထျန်းလီသည် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု စွမ်းအား အောက်တွင် ရှိနေလျက် ဖုန်းဝူချန်၏ ဓားချီကို ချေမှုန်း လိုက်ခြင်း ဖြစ်လေ၏။

ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုး သွားသည်။

‘ဒီအဘိုးကြီးရဲ့ စွမ်းအားကလည်း ကန့်သတ်ချက်ကို ရောက်ခါနီးနေလောက်ပြီ...’

"ဝီ...."

ထိုသို့ အကြံထုတ်ရင်း၊ ဖုန်းဝူချန်က အစစ်အမှန်ယွမ်များ စုစည်းလိုက်ပြီး အထွတ်အထိပ် နဂါးနတ်ဘုရားဓား အတွင်းသို့ ပို့လွှတ်လိုက်၏။

လှိုင်းထန် နေသော ဓားစိတ်ဆန္ဒများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏ ဓား ကခုန်လိုက်သည်နှင့် သွေးရောင် အလင်းတန်းများ တဖျပ်ဖျပ် လင်းလက် သွားသည်။ ဖိနှိပ်သည့် ဓားချီ၏ စွမ်းအား ရိုက်ခတ်လာပြီး လူတစ်ဦးကို အသက်ရှူ မှားစေလောက်သည်။

“ဝင်္ကပါ ဓားသိုင်းကွက်... ကောင်းကင်နှင့် မြေကြီး ဝင်္ကပါ ဖျက်ဆီးခြင်း...”

ဖုန်းဝူချန်က ပြင်းထန်စွာ အော်ဟစ် လိုက်ပြီး မျက်စိ ကျိန်းလောက်အောင် တောက်ပသည့် ဓားရှည်ကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်သည်။

“ဝှစ်…”

"ဝီ...."

အဖျက်အားကြီးသည့် ဧရာမ သွေးရောင် ဓားချီကြီး တစ်ခု လေထုကို ထိုးခွဲသည်။ ၎င်းသည် မျက်စိ ကျိန်းလောက်အောင် တောက်ပနေသော သွေးရောင် လမင်းကြီး တစ်စင်း အလားပင်။

“မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ ဓားသိုင်းကွက်က တကယ်ပဲ ထူးကဲတဲ့ စွမ်းအား ရှိတာပဲ... အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်တဲ့အခါ မြေကမ္ဘာ အဆင့် သိုင်းပညာတွေက အကြွင်းမဲ့ အသာစီး ရစေတယ်...” မုရုန်ထျန်းလီက တည်ငြိမ်စွာ မှတ်ချက် ပေးလိုက်သည်။

မုရုန်ထျန်းလီ၏ အိုမင်းသော မျက်လုံးများက သူ့ထံ တိုးဝင် လာသော ဓားချီအပေါ်တွင် စူးစိုက် ထားရင်း ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန်ယွမ်ကို ဆင့်ခေါ် လိုက်သည်။

“နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ... ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လှန်ခြင်း...”

မုရုန်ထျန်းလီက လေထုတွင်း လက်ဟန်များ ရေးဆွဲလိုက်သည်။ နောက်ဆုံးတွင် သူ၏ လက်ဝါးများကို ပူးကပ်လိုက်ပြီး မာန်သွင်းလိုက်ကာ မျက်စိ ကျိန်းလောက်သော အစိမ်းရောင် အလင်း လွှာကြီးတစ်ခု ပတ်ဝန်းကျင် အရာအားလုံးကို လွှမ်းခြုံသွား

တော့သည်။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ရူးသွပ်စွာ ပျံ့နှံ့ ထွက်လာသည်။

မုရုန်ထျန်းလီထံမှ ဤ စွမ်းအားကို ခံစား မိသောအခါ လူတိုင်း၏ မျက်နှာရောင်များ သိသိသာသာ ပြောင်းလဲ သွားသည်။ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေပြီး ကမ္ဘာကြီး၏ အဆုံးသတ် နီးကပ် လာသကဲ့သို့ ခံစား နေရသည်။ ကြောက်မက်ဖွယ် စွမ်းအားနှင့် လွှမ်းမိုး နိုင်သော အရှိန်အဝါသည် သူတို့ တစ်ခါမျှ မကြုံတွေ့ ခဲ့ဖူးသော အရာ ဖြစ်သည်။

မုရုန်ထျန်းလီ၏ ဟိန်းဟောက်သံ ဆုံးသည်နှင့် ကောင်းကင်ယံ အထက်တွင် အံ့ဩဖွယ် မြင်ကွင်း တစ်ခု ဖြစ်ပေါ် လာသည်။

မုရုန်ထျန်းလီနှင့် မီတာ ဆယ်ဂဏန်းမျှ အကွာတွင် ရှိနေသေးသော ဧရာမ သွေးရောင် ဓားချီကြီးသည် ရုတ်တရက် ရပ်တန့် သွားသည်။ ထို့နောက် အံ့ဩစရာ ကောင်းလောက်အောင်ပင် ၎င်းသည် ဖြည်းညင်းစွာ လားရာ ပြောင်းပြန် လှည့်လာသည်။

“ဝှစ်...”

"ဝီ...."

သွေးရောင် ဓားချီကြီးသည် ဖုန်းဝူချန်ထံသို့ ရုတ်တရက် ပြန်လည် ပစ်ထွက် သွားသည်။ ၎င်း၏ အရှိန်နှင့် စွမ်းအား နှစ်မျိုးလုံးမှာ ပို၍ပင် အစွမ်းထက် လာဟန် ရှိသည်။

မုရုန်ထျန်းလီသည် အမှန်တကယ်ပင် ပြိုင်ဘက်၏ သိုင်းပညာ ချီစွမ်းအင်ကို ထိန်းချုပ် နိုင်ခဲ့သည်။

“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...” လူတိုင်း အလွန်အမင်း တုန်လှုပ် သွားကြသည်။ သူတို့၏ မျက်လုံးများ အဆုံးစွန်ထိ ပြူးကျယ် သွားကြသည်။

ဖုန်းဝူချန် ကိုယ်တိုင်ပင် တစ်ခဏမျှ မှင်တက် ကြောင်ငေးသွားခဲ့ရချေသည်။

All Chapters