← Chapters

ဖုန်းဝူချန် သေဆုံးသွားပြီလော

Vol. 16 Ch. 229

ဖုန်းဝူချန် သေဆုံးသွားပြီလော

Vol. 16 Ch. 229

~"အစ်ကိုကြီးဖုန်း"

"စစ်သူကြီးချုပ်"

လင်ရှောင်ရှောင်နှင့် ဟွမ်ယန် အပါအဝင် အခြားသူများမှာ သူတို့၏ အသက်ကို ပဓာနမထားတော့ဘဲ ရှေ့သို့ အပြေးအလွှား တိုးဝင်သွားကြသည်။

ဖုန်းဝူချန်၏ မျက်လုံးများထဲတွင်၊ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်သည် လွင့်စဉ်သွားပြီးနောက် အောက်သို့ တဖြည်းဖြည်း ထိုးကျသွားကာ သတိလစ် မေ့မြောသွားခဲ့လေပြီ။

လင်ရှောင်ရှောင်သည် သူ၏ ဘေးသို့ လျှပ်တပြက် ရောက်ရှိသွားပြီး ဖုန်းဝူချန်၏ အသက်ရှူသံမှာ အလွန်တရာ အားနည်းနေကာ သေခြင်းတရား၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

"အစ်ကိုဖုန်း"

လင်ရှောင်ရှောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ဆေးလုံး တစ်လုံးကို ထုတ်ကာ ဖုန်းဝူချန်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။ သူမ၏ မျက်ဝန်းများမှ မျက်ရည်များမှာ တသွင်သွင် စီးကျနေတော့၏။

"စစ်သူကြီးချုပ်ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်နေပြီ"

ဖုန်းဝူချန် သတိလစ်သွားပြီး သူ၏ အသက်ရှူသံများ တဖြည်းဖြည်း အားနည်းလာသည်ကို မြင်သောအခါ၊ ဟွမ်ယန်သည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"လင်သခင်မလေး၊ စစ်သူကြီးချုပ် ဘယ်လိုနေသေးလဲ"

လွမ်ရှန်းက သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်လျက် မေးလိုက်သည်။

"အစ်ကိုဖုန်းရဲ့ ဒဏ်ရာတွေက ပြန်ကောင်းနိုင်စရာ မရှိတော့ဘူး။ သူ့အသက်ရှူသံက တစ်ခဏချင်း ပိုပိုပြီး တိုးညှင်းလာနေပြီ"

လင်ရှောင်ရှောင်က ထိတ်လန့်တကြား ဆိုလိုက်သည်။ သူမ ဖုန်းဝူချန်အား ဆေးလုံးတစ်လုံး ခွံ့ကျွေးလိုက်သော်လည်း၊ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

"ဘယ်..ဘယ်လို "

လွမ်ရှန်းနှင့် ဟွမ်ယန် အစရှိသည့် စစ်သည်များမှာ လုံးဝ မှင်သက်မိသွားကြ၏။

မုရုန်ထျန်းလီ၏ လက်ဝါးချက်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှ၏။ ဖုန်းဝူချန် အပြင်းအထန် ဒဏ်ရာရသွားရုံသာမက၊ သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့လျှင်ပင်၊ မုရုန်ထျန်းလီ၏ လက်ဝါးချက်ကို ခံရပါက ပြင်းထန်သော ဒဏ်ရာများ ရရှိမည်မှာ သေချာလှသည်။

"မုရုန်ထျန်းလီ။ အရှက်မရှိတဲ့ သောက်အဘိုးကြီး .. လူငယ်တစ်ယောက်ကို ဘာလို့ ချောင်းမြောင်း တိုက်ခိုက်တာလဲ"

သွမ့်ထျန်းဟွမ်က ဒေါသတကြီးဖြင့် မုရုန်ထျန်းလီထံသို့ ဟိန်းဟောက်လိုက်သည်။ သူ၏ အေးစက်သော လူသတ်လိုသည့် အငွေ့အသက်များမှာ အရူးအမူး ပျံ့နှံ့ထွက်ပေါ်လာ၏။

ထိုစဉ်၊ လေကျန့်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ညီတော် မုရုန်။ သွမ့်ထျန်းဟွမ်ကို သတ်ပစ်လိုက်ပါ"

မုရုန်ထျန်းလီ ဝင်ရောက်လာသည်နှင့်၊ လေကျန့်ဖုန်းသည် နောက်ဆုံးတွင် ဟင်းခနဲ သက်ပြင်း ချနိုင်သွားတော့သည်။ သို့မဟုတ်ပါက၊ သူသည် ဖုန်းဝူချန်၏ လက်ထဲတွင် သေဆုံးရန် ကံကြမ္မာ ပါလာခဲ့ပြီး ဖြစ်သည်။

မုရုန်ထျန်းလီ၏ ပေါ်ထွက်လာမှုသည် ရွှေယွဲ့အင်ပါယာ တပ်မတော်အား မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေးခဲ့ပြီး၊ ထျန်းဝူအင်ပါယာကိုမူ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်

ကင်းမဲ့မှုတို့၏ တွင်းနက်ထဲသို့ ဆွဲချလိုက်လေသည်။

သွမ့်ထျန်းဟွမ် အပြင်းအထန် ဒဏ်ရာရနေသည်။ မူထျန်းယွင် ဆိုးဆိုးရွားရွား ထိခိုက်နေ၏။ ဖုန်းဝူချန်၏ အသက်မှာလည်း မီးခိုးပြတ်လုလု ဖြစ်နေ၏။

လင်ရှောင်ရှောင် တစ်ယောက် သူမ၏ ဒဏ်ရာများမှ ပြန်လည် နာလန်ထူလာခဲ့လျှင်ပင်၊ သူမသည် မုရုန်ထျန်းလီ၏ ပြိုင်ဘက် မဟုတ်ပေ။

မုရုန်ထျန်းလီက သူ၏ လက်ကို ဆန့်တန်း၍ အဝေးမှ ဆုပ်ကိုင်လိုက်ရာ၊ ဖုန်းဝူချန်၏ စွမ်းအား ထောက်ပံ့မှု မရှိတော့သော ကိုးထပ် ချန်ခွန်း မျှော်စင်ကြီးသည် ချက်ချင်းပင် သိမ်မွေ့သော ရွှေရောင် မျှော်စင်ငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မုရုန်ထျန်းလီထံသို့ ပျံသန်းသွားတော့သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်"

မုရုန်ထျန်းလီ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံး တစ်ချက် ပေါ်လာသည်။ အခက်အခဲ အတားအဆီးများစွာ ဖြတ်ကျော်ပြီးနောက်၊ ကိုးထပ် ချန်ခွန်း မျှော်စင်သည် နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီတည်း။

သွမ့်ထျန်းဟွမ် ဒေါသထွက်နေသည်ကို မြင်သောအခါ၊ မုရုန်ထျန်းလီက မထီမဲ့မြင် ပြုံးလိုက်သည်။

"ကြီးကျယ်တဲ့ အရာတွေကို အောင်မြင်ဖို့အတွက်၊ ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ။ တောနက်ဥပဒေ၊ အင်အားကြီးသူသာ ရှင်သန်ခွင့်ရှိတယ် ဆိုတာကို နားမလည်ဘူးလား"

မုရုန်ထျန်းလီ၏ ချောင်းမြောင်း တိုက်ခိုက်မှုသည် အရှက်ရဖွယ် ကောင်းပြီး ထျန်းဝူအင်ပါယာ၏ ပြည်သူများကို ဒေါသထွက်စေသော်လည်း၊ မုရုန်ထျန်းလီ၏ အငြင်းပွားဖွယ်မရှိသော အစွမ်းအစကြောင့်၊ မည်သူက သူ့အား ကျိန်ဆဲရဲမည်နည်း။

"အဲ့ဒီသရဲအိုကြီး နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ"

မူထျန်းယွင်က မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်၏။

မုရုန်ထျန်းလီ၏ ပေါ်ထွက်လာမှုသည် အကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အခက်ခဲဆုံး အခြေအနေ ဖြစ်သည်ကို သူ သိနေ၏။

"သွမ့်ထျန်းဟွမ်။ ငါ့ဒဏ်ရာတွေ နည်းနည်း သက်သာလာတဲ့အထိပဲ စောင့်နေစမ်း၊ အဲဒီအခါကျရင် မင်းရဲ့ ကောင်းကင်အရိပ် မီးလျှံ မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကို အမြစ်ပြတ် ရှင်းပစ်မယ်"

လေကျန့်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကို အသက်ရှင်ခွင့် ထား၍ မဖြစ်ပေ။

သွမ့်ထျန်းဟွမ်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင်ပင် တင်းမာ ရှုံ့မဲ့သွားသည်။ သူက အံကြိတ်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

"တကယ့်ကို အရှက်မရှိတဲ့ လူ၊ထိုက်ရွှီဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့၊ ဧကရာဇ်နိုင်ငံကြီး လေးခုရဲ့ လှောင်ပြောင်ကဲ့ရဲ့တာကို မကြောက်ဘူးလား"

သူ၏ ပြင်းထန်သော အကြည့်က လေကျန့်ဖုန်းထံသို့ ဝေ့ခနဲ ရောက်သွားသည်။ သွမ့်ထျန်းဟွမ်က ဒေါသတကြီး ပြောလိုက်၏။

"လေကျန့်ဖုန်း။ ဒီ အရှက်မရှိတဲ့ သကောင့်သားက မင်းကို ကူညီလိမ့်မယ်လို့ တကယ် ထင်နေတာလား။ ဒီ အရှက်မရှိတဲ့ လူက ရည်မှန်းချက်ကြီးပြီး သစ္စာဖောက်တ်တာပဲ၊ သူက ဒီအခွင့်အရေးကို လက်လွတ်ခံမယ် ထင်နေလား။ တုံးလိုက်တာ"

လေကျန့်ဖုန်း၏ မျက်ခုံးများ ကြုတ်မိသွားသော်လည်း၊ သူ၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။ သူ မုရုန်ထျန်းလီထံသို့ အလိုလို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

သွမ့်ထျန်းဟွမ် ပြောစကားမှာ အကြောင်းပြချက် မရှိဘဲ မဟုတ်ပေ။

ရွှေယွဲ့ ဧကရာဇ် တစ်ပါး ဖြစ်သည့် လေကျန့်ဖုန်းသည်လည်း သွမ့်ထျန်းဟွမ်၏ ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်ပါသည်။ သို့သော် လက်ရှိ အခြေအနေအရ၊ လေကျန့်ဖုန်းထံတွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

မုရုန်ထျန်းလီ၏ ကြောက်မက်ဖွယ် အစွမ်းအစဖြင့်၊ အကယ်၍ သူသာ အင်ပါယာ နှစ်ခုလုံးကို ချေမှုန်းလိုပါက၊ ယခုသည် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

"အိုး။ ဘာကြောင့် အဲဒီလို ပြောရသလဲ"

မုရုန်ထျန်းလီက အံ့ဩဟန်ဖြင့် သွမ့်ထျန်းဟွမ်အား မထီမဲ့မြင် ပြုံးရင်း မေးလိုက်သည်။

သွမ့်ထျန်းဟွမ်က ရက်စက်သော ဒေါသဖြင့် ထောက်ပြလိုက်သည်။

"ဟမ့်။ မင်းကသာ လေကျန့်ဖုန်းကို တကယ် ကူညီချင်ခဲ့တာဆိုရင်၊ ခုထိ စောင့်နေဦးမှာလား။ ငါတို့နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရတဲ့အထိ စောင့်ပြီးမှ ပေါ်လာခဲ့တာ မဟုတ်လား"

ထိုစဉ်၊ ဟွမ်ယန်က သတိလစ်နေသော ဖုန်းဝူချန်ကို ပွေ့ချီလာရင်း၊ ထိတ်လန့်တကြား သတင်းပို့လိုက်သည်။

"အရှင်မင်းကြီး။ စစ်သူကြီးချုပ်ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းနေပါတယ်။ သူ့အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာပြီ။ ကျွန်တော်တို့ စစ်သူကြီးချုပ်ကို ကယ်ဖို့ နည်းလမ်း မြန်မြန် ရှာမှ ဖြစ်ပါတော့မယ်"

ဟွမ်ယန်၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာ၏။

"နန်းတွင်းအကြံပေး။ ဖုန်းဝူချန်ကို မြန်မြန် ကယ်ပါဦး"

သွမ့်ထျန်းဟွမ်က စိုးရိမ်တကြီး တိုက်တွန်းလိုက်သည်။

ထိုအခါ၊ ယန်ထျန်းရှန်သည် နေရာမှ လျှပ်တပြက် ပျောက်ကွယ်သွားပြီး၊ သူ၏ ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

ပထမဦးစားပေးမှာ ဖုန်းဝူချန်၏ ဝိညာဉ်ခန္ဓာကို ကာကွယ်ရန် ဖြစ်၏။

ထို့နောက်တွင်၊ သူသည် အစစ်အမှန်ယွမ် စွမ်းအင်များကို ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ သူ၏ ဒဏ်ရာများကို ကုသရန် ကူညီပေးလိုက်သည်။

"မသေသေးဘူးလား။ အသက်ရှူသံ ခပ်ပျော့ပျော့တော့ ကျန်သေးတာကိုး"

မုရုန်ထျန်းလီက မထီမဲ့မြင် ကဲ့ရဲ့လိုက်၏။ အပြင်းအထန် ဒဏ်ရာရနေပြီဖြစ်သော ဖုန်းဝူချန်သည် မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ပေ။

ဖုန်းဝူချန် အသက်ရှင်နေဦးတောင်မှ၊ မုရုန်ထျန်းလီ၌ စိုးရိမ်စရာ အကြောင်းမရှိပေ။

ဖုန်းဝူချန်တစ်ယောက် ချက်ချင်းကြီး အပြည့်အဝ ပြန်ကောင်းမလာနိုင်သမျှ ကာလပတ်လုံးပေါ့။

သို့သော် ထိုအရာမှာ မဖြစ်နိုင်ပေ။

“နန်းတွင်းအကြံပေး။ အသုံးမဝင်တော့ပါဘူး။ ကျွန်မ ကြိုးစားကြည့်ပြီးပါပြီ။ ဘာဖြစ်နေမှန်း မသိဘူး။ အစ်ကိုကြီးဖုန်းရဲ့ ဒဏ်ရာတွေက လုံးဝ ပြန်မကောင်းလာတော့ဘူး..အဟင့်၊ အဟင့်”

လင်ရှောင်ရှောင်က နှလုံးကြေကွဲစွာ ရှိုက်ငိုရင်း ဆိုလိုက်သည်။ သူမ၏ ဝမ်းနည်းပူဆွေးမှုများမှာ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဘာဖြစ်လို့ ဆေးလုံးက ဒဏ်ရာတွေကို မကုသနိုင်ရတာလဲ"

ယန်ထျန်းရှန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ယင်လာပြီး ညည်းတွားလိုက်လေသည်။

"အစစ်အမှန်ယွမ် စွမ်းအင်ကလည်း သခင်လေးရဲ့ ဒဏ်ရာတွေကို မကုသနိုင်ဘူး"

"ဘာဖြစ်တယ်"

သွမ့်ထျန်းဟွမ်၏ မျက်နှာ ပျက်သွားလေသည်။ သူ ဖုန်းဝူချန်ထံသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

သွမ့်ထျန်းဟွမ်သည်လည်း အစစ်အမှန်ယွမ်ကို ထည့်သွင်းရန် ကြိုးစားကြည့်သော်လည်း၊ ဖုန်းဝူချန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိဘဲ၊ သူ၏ ဒဏ်ရာများမှာလည်း ပြန်လည် ကောင်းမွန်လာမည့် လက္ခဏာ တစ်စုံတစ်ရာ မပြပေ။

"မျှော်လင့်ချက် မရှိတော့ဘူးလား။ မဖြစ်နိုင်တာ"

သွမ့်ထျန်းဟွမ်က ငိုင်တွေစွာဖြင့် ခေါင်းခါယမ်းလိုက်၏။ ဤကဲ့သို့သော ရလဒ်ကို သူ လက်မခံနိုင်ခဲ့ပေ။

ဤမျှ မြင့်မားသော ပါရမီရှင်တစ်ယောက် ဒီလို သေဆုံးသွားရမည်ကို သွမ့်ထျန်းဟွမ် မည်သို့ လက်ခံနိုင်မည်နည်း။

ဖုန်းဝူချန်သည် ဆေးလုံး မျိုချခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ရှာ။

ယန်ထျန်းရှန်က အစစ်အမှန်ယွမ် ထည့်သွင်း ကုသပေးခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့။

ထိုအစား၊ ဖုန်းဝူချန်၏ အသက်ရှူသံမှာ တဖြည်းဖြည်း အားနည်းလာပြီး ကယ်တင်နိုင်စွမ်း မရှိတော့သည့်အလား ဖြစ်နေသည်။

ဖုန်းဝူချန်၏ အသက်ရှူသံသည် ပို၍ ပို၍ အားနည်းလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဖုန်းဝူချန်၏ အသက်ရှူသံ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ၎င်းက ဖုန်းဝူချန် သေဆုံးသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထျန်းဝူအင်ပါယာ၏ စစ်သူကြီးချုပ် သေဆုံးသွားခဲ့လေပြီ။

"အစ်ကိုကြီးဖုန်း။ အစ်ကိုကြီးဖုန်း"

လင်ရှောင်ရှောင်သည် မျက်ရည်များ ပေါက်ကွဲ စီးကျလာပြီး၊ ဖုန်းဝူချန်၏ လက်မောင်းကို အဆက်မပြတ် လှုပ်ယမ်းနေသည်။ အသက်မဲ့နေသော ဖုန်းဝူချန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ပေ။

"စစ်.. စစ်သူကြီးချုပ် သေဆုံးသွားပြီတဲ့လား"

ယန်ဟော်အင်ပါယာ၏ စစ်သည်များအားလုံး ဤအမှန်တရားကို လက်မခံနိုင်ခဲ့ကြပေ။

ဖုန်းဝူချန် သေဆုံးသွားသည်နှင့်အမျှ၊ စစ်သည်များအားလုံး သူတို့ ရင်တွင်း..တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။

"စစ်သူကြီးချုပ်"

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်မှ စစ်သည်များ အပြင်းထန်ဆုံးသော ဝမ်းနည်းပူဆွေးမှုဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံများမှာ ကျယ်လောင်ပြီး ဝမ်းနည်းဖွယ် ကောင်းလှ၏။

ရန်သူ၊ ရွှေယွဲ့အင်ပါယာမှ စစ်သည်များမှာမူ ကျယ်လောင်စွာ အောင်ပွဲခံလိုက်ကြသည်။

မုရုန်ထျန်းလီက အနည်းငယ် မဲ့ပြုံးလိုက်၏။

"တကယ် နှမြောစရာပဲ"

ဖုန်းဝူချန် သွားပြီဆိုသည်နှင့်၊ မုရုန်ထျန်းလီ လုံးဝ စိတ်အေးသွားတော့သည်။

ဖုန်းဝူချန်၏ ခြိမ်းခြောက်မှု မရှိတော့ဘဲ၊ သူ့အား အခြား မည်သူက အခက်အခဲ ပေးနိုင်ဦးမည်နည်း။

"ကဲ၊ သွမ့်ထျန်းဟွမ်။ ဖုန်းဝူချန် သေပြီဆိုမှတော့၊ မင်းရဲ့ ယန်ဟော်အင်ပါယာလည်း ကယ်တင်လို့ ရတော့မှာ မဟုတ်ဘူး။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော် ဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်းတို့အားလုံး သေရပြီ"

လေကျန့်ဖုန်းက အောင်ပွဲခံသော လေသံဖြင့် မထီမဲ့မြင် ဆိုလိုက်သည်။

ရွှေယွဲ့အင်ပါယာ အတွက် ခြိမ်းခြောက်မှု ကင်းစင်သွားပြီဟု သူ တွက်ဆလိုက်၏။

ဖုန်းဝူချန်၏ ခြိမ်းခြောက်မှု မရှိလျှင်၊ လေကျန့်ဖုန်းသည် ယန်ဟော်အင်ပါယာကို လုံးဝ အဖက်မလုပ်ပါပေ။

"ငါတို့ စစ်သူကြီးချုပ်အတွက် လက်စားပြန်ချေရမယ်။ ငါတို့ လက်စားချေရမယ်"

ဟွမ်ယန်က အလွန်အမင်း ဝမ်းနည်းပူဆွေးစွာဖြင့် ဟိန်းဟောက်လိုက်သည်။

"စစ်သူကြီးချုပ်အတွက် လက်စားချေမယ်။ စစ်သူကြီးချုပ်အတွက် လက်စားချေမယ်"

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်မှ စစ်သည်များ ဝမ်းနည်းမှု၊ ဒေါသတို့ဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ သွေးဆာနေသော လူသတ်လိုသည့် အငွေ့အသက်များမှာ အရူးအမူး ပျံ့နှံ့ ထွက်ပေါ်လာ၏။

ဖုန်းဝူချန်၏ သေဆုံးမှုသည် အစွမ်းထက်ဆုံး တပ်ဖွဲ့နှစ်ခု၏ ဒေါသမီးနှင့် လူသတ်လိုစိတ်ကို လုံးဝ မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ သူတို့၏ ကြမ်းကြုတ်မှုနှင့် ရက်စက်မှုတို့ကို ထုတ်ဖော်လိုက်တော့သည်။

ယန်ဟော်အင်ပါယာ၏ စစ်သည်များလည်း ဒေါသထွက်လာကြပြီး၊ တစ်ဦးစီက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြရာ ကြောက်မက်ဖွယ် အရှိန်အဟုန်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"လက်စားချေမယ် ဟုတ်လား။ မင်းတို့လို လူစားတွေနဲ့လေ"

မုရုန်ထျန်းလီက မထီမဲ့မြင် ဟားတိုက်လိုက်သည်။

မုရုန်ထျန်းလီသည် ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိနေပြီး ကြောက်မက်ဖွယ် အစွမ်းအစကို ပိုင်ဆိုင်ထားသည်။

သူ့အတွက်မူ၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့ မည်မျှပင် သန်မာနေပါစေ၊ ပုရွက်ဆိတ်ကလေးများထက် မပိုပေ။

"အရှင်မင်းကြီး။ ယဲ့ချန်းချုံး ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ကျွန်တော်မျိုးတို့ တပ်ဖွဲ့တွေကို အပြတ်အသတ် နှိမ်နင်းလိုက်ပြီး အခု အင်ပါယာရဲ့ တော်ဝင်မိသားစုဆီ ချီတက်နေကြပါပြီ"

ရုတ်တရက် ဗိုလ်ချုပ်တစ်ဦးက ရှေ့သို့ ပြေးထွက်လာပြီး ထိတ်လန့်တကြား သတင်းပို့လိုက်သည်။

ထို့နောက်၊ နောက်ထပ် ဗိုလ်ချုပ်တစ်ဦးက ရှေ့သို့ ပြေးထွက်လာပြီး ထိတ်လန့်တကြား သတင်းပို့ပြန်သည်။

"အရှင်မင်းကြီး။ လင်ကျန့်ထျန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေကလည်း အင်ပါယာရဲ့ တော်ဝင်မိသားစုဆီ ဦးတည်နေကြပါပြီ"

"ညီတော် မုရုန်။ သွမ့်ထျန်းဟွမ်နဲ့ တခြားကောင်တွေကို မြန်မြန် သတ်ပစ်လိုက်ပါ။ သူတို့ကို အခြေအနေ ပြောင်းပြန်လှန်ခွင့် မပေးနဲ့"

လေကျန့်ဖုန်းက သူ၏ အကြည့်ကို မုရုန်ထျန်းလီထံ စူးစိုက်ရင်း တိုက်တွန်းလိုက်သည်။

"ဝှစ်"

ရုတ်တရက်၊ မုရုန်ထျန်းလီသည် ရှေ့သို့ လျှပ်တပြက် တိုးဝင်သွားရာ၊ လေကျန့်ဖုန်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွား၏။

မုရုန်ထျန်းလီ၏ လက်သည်းကုတ်သဖွယ် လက်တစ်ဖက်က လေကျန့်ဖုန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို မြှောက်တင်လိုက်သည်။ အပြင်းအထန် ဒဏ်ရာရနေသော လေကျန့်ဖုန်းထံတွင် ခုခံရန် အင်အား တစ်စုံတစ်ရာ မရှိတော့ပေ။

လေကျန့်ဖုန်း ထိတ်လန့်သွားသည်။ သူ၏ အသံတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

"မုရုန်ထျန်းလီ။ မင်း... မင်း ဘာလုပ်နေတာလဲ"

"အရှင်မင်းကြီး"

ရွှေယွဲ့အင်ပါယာ၏ တပ်မတော်သားများ ထိတ်လန့်တကြား ဖြစ်သွားကြပြီး၊ တုန်လှုပ်မှုကြောင့် လုံးဝ မှင်သက်သွားကြသည်။

"မုရုန်ထျန်းလီ။ မင်း ဘာလုပ်နေတာလဲ။ ဧကရာဇ်ကို ချက်ချင်း လွှတ်လိုက်စမ်း"

စစ်သူကြီးချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဤရုတ်တရက် အပြောင်းအလဲက ရွှေယွဲ့အင်ပါယာ တပ်မတော်အား ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေပြီး၊ ယန်ဟော်အင်ပါယာ တပ်မတော်ကိုလည်း လုံးဝ အငိုက်မိသွားစေသည်။

"ငါ ထင်သားပဲ။ အဲဒီ အဘိုးကြီး မုရုန်ထျန်းလီ သစ္စာဖောက်လိမ့်မယ်လို့"

သွမ့်ထျန်းဟွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ သံသယများ အတည်ဖြစ်သွားခဲ့ပြီ။

တစ်ခဏမျှ လူတိုင်း မှင်သက်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်လျက် မုရုန်ထျန်းလီထံသို့ စိုက်ကြည့်နေကြ၏။

မုရုန်ထျန်းလီ၏ ပြင်းထန်သော အကြည့်က ထိတ်လန့်နေသော လေကျန့်ဖုန်းကို စူးစိုက်ကြည့်နေသည်။ သူ၏ အသံမှာ အေးစက်နေသည်။ "လေကျန့်ဖုန်း။ ထိုက်ရွှီဂိုဏ်းက ရွှေယွဲ့အင်ပါယာထဲမှာ ရှိနေတာမှန်ပေမဲ့၊ မင်းရဲ့ အင်ပါယာ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ ဂိုဏ်းချုပ်ကို အမိန့်ပေးတဲ့ လေသံမျိုးနဲ့ လာမပြောနဲ့"

မုရုန်ထျန်းလီထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်ကို ခံစားမိလိုက်ရသဖြင့် လေကျန့်ဖုန်း၏ မျက်နှာ ပြောင်းလဲသွား၏။

မုရုန်ထျန်းလီ၏ လက်အဆုပ်မှာ ပိုမို တင်းကြပ်လာသည်။ သူ၏ အသံမှာ အေးစက်ပြီး ကြမ်းတမ်းလှသည်။ "မင်း ဧကရာဇ် ဖြစ်နေတာ နှစ်တွေ အကြာကြီး ရှိနေပြီ။ တော်လောက်ပြီ။ တောင်တစ်တောင်မှာ ကျားနှစ်ကောင် ရှိလို့မရဘူး။ ပြီးတော့ မင်းက ထိုက်ရွှီဂိုဏ်းကို ရှင်းပစ်ချင်နေတယ် ဆိုတာကို ငါမသိဘူးလို့ မထင်နဲ့"

"ရပ်... ရပ်လိုက်..."

လေကျန့်ဖုန်းက အသက်ကို မနည်းရှူရင်း ဆိုလိုက်သည်။ သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် လက်မခံနိုင်မှုတို့ ထင်ဟပ်နေ၏။

မုရုန်ထျန်းလီက သူ့ကို တကယ် သတ်လိမ့်မည်ဟု လေကျန့်ဖုန်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဤသို့ ယုတ်မာရိုင်းစိုင်းသော လူတစ်ယောက်၏ လက်ထဲတွင် သေရမည့်အစား၊ ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေတာကမှ ပိုကောင်းဦးမည်။

"အရှင်မင်းကြီး"

စစ်သူကြီးချုပ်နှင့် အခြားသူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသော်လည်း၊ မုရုန်ထျန်းလီကို တားဆီးရန် စွမ်းအား မရှိခဲ့ကြပေ။

လေကျန့်ဖုန်း၏ လည်ပင်းသည် မုရုန်ထျန်းလီ၏ မညှာမတာ ဆုပ်ကိုင်ထားမှုကြောင့် တဖြည်းဖြည်း ကြေမွသွားသည်ကို လူတိုင်း ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြလေသည်။

လေကျန့်ဖုန်းထံမှ မည်သည့် အသံမျှ ထွက်မလာနိုင်တော့ဘဲ၊ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ရုန်းကန်နေသည်။

"ဟမ့်"

မုရုန်ထျန်းလီက သနားညှာတာမှု တစ်စက်မျှမရှိဘဲ နှာမှုတ်လိုက်ပြီး၊ သူ၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ လှည့်၍ လေကျန့်ဖုန်း၏ လည်ပင်းကို လိမ်ချိုးလိုက်တော့သည်။

မုရုန်ထျန်းလီသည် လေကျန့်ဖုန်းအား သတ်ရန် တစ်စက်မျှပင် တုံ့ဆိုင်းနေခဲ့ခြင်း မရှိပေ။

မုရုန်ထျန်းလီက သူ၏ လက်ကို လွှတ်လိုက်ရာ၊ လေကျန့်ဖုန်း၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"အရှင်မင်းကြီး"

စစ်သူကြီးချုပ်နှင့် ရွှေယွဲ့အင်ပါယာ တပ်မတော်တစ်ခုလုံး တောင့်တင်းသွားကြသည်။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေ၏။

မုရုန်ထျန်းလီက အေးစက်စွာ ဆိုလိုက်သည်။ "ဧကရာဇ်နိုင်ငံကြီး လေးခုက နတ်ဘုရားတောင်ကြားကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့ပြီးပြီ။ သူတို့ ဖယ်ပေးရမယ့် အချိန် ရောက်ပြီ။ ဒီနေ့ကစပြီး၊ နတ်ဘုရားတောင်ကြားဟာ ထိုက်ရွှီဂိုဏ်းက ပိုင်ဆိုင်တယ်"

မုရုန်ထျန်းလီတွင် အမှန်တကယ်ပင် အဆုံးမရှိသော ရည်မှန်းချက်များ ရှိနေသည်။ ကိုးထပ် ချန်ခွန်း မျှော်စင်အပြင်၊ သူက နတ်ဘုရားတောင်ကြားကိုပါ လိုချင်နေခဲ့လေသည်။

လေကျန့်ဖုန်း သေဆုံးသွားသည်နှင့်၊ ရွှေယွဲ့အင်ပါယာသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည်။

သွမ့်ထျန်းဟွမ် အပြင်းအထန် ဒဏ်ရာရနေချိန်တွင်၊ သူ့ကို သတ်ဖြတ်ခြင်းသည် မုရုန်ထျန်းလီအတွက် လက်ဖဝါးတစ်ချက် မှောက်လိုက်သကဲ့သို့ လွယ်ကူပေလိမ့်မည်။

အကယ်၍

ဒါက သူသာ နတ်ဘုရားတောင်ကြားကို လိုချင်ပါက၊ ထျန်းဝူအင်ပါယာနှင့် လော့ယွင်အင်ပါယာတို့ သူ့ကို မငြင်းဆန်ရဲဟု ဆိုလိုနေသည် မဟုတ်ပါလော။

မုရုန်ထျန်းလီ၏ အေးစက်သော အကြည့်က ကျန်းထျန်းရန်ထံသို့ ဖျတ်ခနဲ ရောက်သွားပြီး၊ သူက အေးစက်စွာ မေးလိုက်သည်။

"ကျန်းထျန်းရန်၊ မင်းရဲ့ ဖုန်းလေဂိုဏ်းက ဖုန်းဝူချန်လက်အောက်ကို ဝင်သွားတယ်လို့ ငါကြားထားတယ်။ အခုရော ဘယ်လိုလဲ။ မင်းရဲ့ ဖုန်းလေဂိုဏ်းက ထိုက်ရွှီဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်နေတာလား"

ဤစကားကို ကြားသောအခါ၊ ကျန်းထျန်းရန်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ် မုရုန်၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ဖုန်းလေဂိုဏ်းက အတင်းအကျပ် ဖိအားပေးခံရလို့သာ လက်အောက်ခံခဲ့ရတာပါ။ ထိုက်ရွှီဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ထိုက်ရွှီဂိုဏ်းရဲ့ လက်အောက်ကို ဆန္ဒအလျောက် ဝင်ရောက်ဖို့ အသင့်ပါပဲ”

All Chapters