ထျန်းယွမ်ဘုံသို့ ဝင်ရောက်ခြင်း
Vol. 16 Ch. 237
~ထို စွမ်းအားသည် မြေပြင်နှင့် ကောင်းကင်ကိုပင် တုန်ခါစေ၏။ စွမ်းအင်၏ အရှိန်အဝါမှာ ကြမ်းတမ်းပြီး ဟန့်တားနိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားသည် ပွဲနေရာ တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များမှာ ထိုနေရာသို့ ချက်ချင်းပင် စုပြုံ ကျရောက်လာတော့သည်။
ကောင်းကင်ယံ အမြင့်တွင်၊ အားပြင်းသော အပြာရောင် စွမ်းအင် ထောင်ပေါင်းများစွာတို့သည်၊
ထိုစွမ်းအား၏ ဖိနှိပ်မှုအောက်၌၊ မရေမတွက်နိုင်သော အလင်း အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲသွားကာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေ၏။
စစ်သည်ပေါင်း သောင်းနှင့်ချီ၍ မျှော်လင့်ချက်ကင်းမဲ့စေခဲ့သော ကြောက်မက်ဖွယ် စွမ်းအင်ကြီးသည်၊ ယခုအခါ ဤ ကြောက်မက်ဖွယ် စွမ်းအား၏ ဖိအားပေးမှုအောက်တွင် တဖြည်းဖြည်း ပျယ်လွင့်နေခဲ့ပြီ ဖြစ်သည်။
လူတိုင်း အလွန်အမင်း တုန်လှုပ် မှင်သက်သွားကြ၏။
မုရုန်ထျန်းလီသည် ထိတ်လန့်တကြားဖြင့် ထိုတောက်ပသော သွေးရောင် အလင်းတန်းကို လှမ်းကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် မလုံခြုံမှု အရိပ်အယောင်တစ်ခု စတင် ဖြစ်ပေါ်လာ၏။
"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးလဲ။ ဟိုကောင်လေး... သူ တကယ် မသေသေးဘူးလား"
"ဒါ စစ်သူကြီးချုပ်ရဲ့ အရှိန်အဝါပဲ"
ဟွမ်ယန်နှင့် လွမ်ရှန်းတို့၏ မျက်နှာများတွင် တုန်လှုပ်မှုများ လင်းလက်သွားသည်။
တစ်ချိန်တည်းမှာပင်၊ အတိုင်းမသိသော ပီတိနှင့် ဝမ်းမြောက်မှု လှိုင်းလုံးကြီးတစ်ခု သူတို့၏ နှလုံးသားထဲတွင် တိုးဝှေ့ ထွက်ပေါ်လာတော့၏။
"စစ်သူကြီးချုပ် အသက်ရှင်နေသေးတယ်"
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်သားများသည် ဝူချန်၏ အရှိန်အဝါကို အကျွမ်းတဝင် ရှိဆုံး ဖြစ်သည်။ ဤကြောက်မက်ဖွယ် စွမ်းအား ပေါက်ကွဲထွက်လာသည့် ခဏတွင်၊ သူတို့၏ ချက်ချင်း တွေးမိလိုက်သည့် အတွေးမှာ ဖုန်းဝူချန် အသက်ရှင်နေသေးသည် ဆိုသည့် အချက်ပင်။
"ဒါ ဗိမာန်သခင်ရဲ့ အရှိန်အဝါ အစစ်အမှန်ပဲ"
ချီဟွမ်နှင့် ရွှယ်ဖုန်းတို့အားလုံး မှင်သက်သွားကြပြီး၊ သူတို့၏ နှလုံးသားများမှာ အတိုင်းမသိ ပီတိများဖြင့် ပြည့်နှက်သွားတော့သည်။
"ချန်အာ... ချန်အာ အသက်ရှင်နေသေးတယ်"
ရှောင်ချင်းချင်းသည် ထိုသွေးရောင် အလင်းတန်းကို ကြောင်ငေးကြည့်ရင်း ရေရွတ်လိုက်မိသည်။
"ဒီအရှိန်အဝါက လုံးဝ မှားစရာမရှိဘူး"
သွမ့်ထျန်းဟွမ် အလွန်အမင်း ဝမ်းမြောက်သွားတော့သည်။
"သခင်လေး အသက်ရှင်နေသေးတယ်။ ဒါ တကယ်ကို ကောင်းလွန်းလှတယ်"
ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့မှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ဝဲတက်လာကြသည်။
မူထျန်းယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သူ အသက်ရှင်နေသေးတယ်။ ပြီးတော့ ဒီစွမ်းအားက အရင်ကထက်တောင် ပိုပြီး ကြောက်မက်ဖွယ် ကောင်းနေပါလား"
"စစ်သူကြီးချုပ် အသက်ရှင်နေသေးတယ်။ စစ်သူကြီးချုပ်…အသက်ရှင်နေသေး
တယ်"
ယန်ဟော်အင်ပါယာမှ စစ်သည်များ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ မျှော်လင့်ချက်ကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရပြီး၊ ၎င်းသည် အလွန်အမင်း ပြင်းထန်သော မျှော်လင့်ချက်တစ်ခု ဖြစ်နေ၏။
ဤ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေတွင်၊ ဤအရှိန်အဝါကို ခံစားရခြင်း၊ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရခြင်းသည် အရူးအမူး ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပြီး၊ စစ်သည်များမှာ ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် စီးကျလာကြသည်။
ဤအခိုက်အတန့်တွင် စစ်သည်များ၏ စိတ်ခံစားချက်များကို ဖော်ပြရန် စကားလုံးများပင် ရှာမတွေ့နိုင်တော့ပေ။
ဖုန်းဝူချန် သေရာမှ ရှင်ပြန်ထမြောက်လာခဲ့လေပြီ။
"အစ်ကိုကြီးဖုန်း..."
သတိလစ် မေ့မြောနေခဲ့သော လင်ရှောင်ရှောင်သည် သူမ၏ ဒဏ်ရာများမှ ပြန်လည် နာလန်ထူလာပြီး သတိပြန်လည်လာခဲ့သည်။
နိုးထလာသော လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ၊ အတိုင်းမသိ ဝမ်းမြောက်သွား၏။ အနည်းဆုံးတော့ အစ်ကိုကြီးဖုန်း အသက်ရှင်နေသေးသည် မဟုတ်ပါလား။
"ဘုန်း"
သွေးရောင် အလင်းတန်း ပေါက်ကွဲထွက်လာသည့် နေရာတွင်၊ ပြင်းထန်သော ပေါက်ကွဲမှုကြီး တစ်ခုနှင့်အတူ၊ မြို့တံခါး၏ အပျက်အစီးများ ချက်ချင်းပင် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အပျက်အစီးများ၏ အောက်မှ၊ တိုးမြင့်လာသော သွေးရောင် ချီစွမ်းအင်များဖြင့် လွှမ်းခြုံထားသော ဖုန်းဝူချန်သည် လူတိုင်း၏ မျက်လုံးများ ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။
တိုးမြင့်လာသော သွေးရောင် ချီစွမ်းအင်များသည် သွေးရောင် မြွေများအဖြစ် စုစည်းသွားပြီး ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ၊ သူ့အား ပင့်မြှောက်လျက် ကောင်းကင်သို့ ဖြည်းညှင်းစွာ တက်သွားစေသည်။ ထိုသွေးရောင် ချီစွမ်းအင်မှာ အလွန်အမင်း ထူးဆန်းလှပြီး၊ လူများကို ကြောက်ရွံ့ ထိတ်လန့်စေသော ခံစားချက်ကို ပေးနေသည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်တစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ် အတွင်းမှ ထုတ်လွှတ်နေပြီး၊ သူ၏ ဒဏ်ရာများကို ကုသပေးနေဟန် ရသည်။
သူ၏ ဒဏ်ရာများမှာ လျင်မြန်သော နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာပြီး၊ သူ၏ အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် တိုးမြင့်လာကာ၊ ပို၍ ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိလာတော့သည်။
‘အစ်ကိုကြီးဖုန်းရဲ့ သွေးမျိုးဆက် စွမ်းအား နိုးထလာပြီ။ ဒါ တကယ် ကောင်းတာပဲ’
လင်ရှောင်ရှောင်သည် စိတ်ထဲမှ အရူးအမူး ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး၊ သူမ၏ ချောမော လှပသော မျက်နှာလေးပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။
လူတိုင်း၏ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများသည် ကောင်းကင်သို့ တက်သွားသော ဖုန်းဝူချန်၏ နောက်သို့ လိုက်ပါသွားကြ၏။
"ဖုန်းဝူချန်ရဲ့ အရှိန်အဝါက ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားခဲ့တာပဲ၊ အသက်ရှင်သန်မှု လက္ခဏာ တစ်စုံတစ်ရာတောင် မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာလို့ သူ အသက်ရှင်နေသေးရတာလဲ။ ပြီးတော့ ဒီ ကြောက်စရာကောင်းတဲ့ စွမ်းအားကရော ဘာလဲ"
မုရုန်ထျန်းလီသည် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ရင်း တွေးတောလိုက်သည်။
သူ နားမလည်နိုင်လေလေ၊ မုရုန်ထျန်းလီ၏ စိတ်ထဲမှ မလုံခြုံမှုများ ပိုမို အားကောင်းလာလေလေ ဖြစ်သည်။
သူ၏ မျက်လုံးများ ပြင်းထန်စွာ လင်းလက်သွားပြီး၊ မုရုန်ထျန်းလီက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပို၍ ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်း စွမ်းအင်တစ်ခု ပစ်ထွက်သွားသည်။
“အုန်း”
မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး ချက်ချင်းပင် ရောက်ရှိသွားသည်။
"ဘုန်း"
မည်သူတစ်ဦးတစ်ယောက်မျှ တုံ့ပြန်နိုင်ချိန် မရလိုက်မီ၊ ကြောက်မက်ဖွယ် စွမ်းအားသည် ဖုန်းဝူချန်ကို ဝင်ဆောင့်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ဖုန်းဝူချန်၏ ခန္ဓာကိုယ် အရေပြားသည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားကာ၊ ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်းပင် စုပ်ယူလိုက်သည်။ စွမ်းအင် တုန်ခါမှု အနည်းငယ်မျှပင် အပြင်သို့ ပျံ့နှံ့ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ဤမြင်ကွင်းကို မြင်သောအခါ၊ မုရုန်ထျန်းလီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ သွမ့်ထျန်းဟွမ်နှင့် အခြား အင်အားကြီး ပုဂ္ဂိုလ်များစွာတို့လည်း မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြ၏။
ဤအရာက ဝူချန်၏ စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
အခင်းအကျင်း၏ စွမ်းအားမှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိပြီး၊ လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း၊ ၎င်းက ဝူချန်ကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပေ။
"အခင်းအကျင်းရဲ့ စွမ်းအားက စစ်သူကြီးချုပ်ကို လုံးဝ မထိခိုက်စေနိုင်တော့ဘူး"
ယဲ့ချန်းချုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဝူချန်ရဲ့ အရှိန်အဝါက လျင်မြန်စွာ တိုးတက်လာနေတယ်"
သွမ့်ထျန်းဟွမ်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
"စစ်သူကြီးချုပ်။ စစ်သူကြီးချုပ်"
စစ်သည်များ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ယခင်က မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ကြောက်ရွံ့မှုများမှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံ အထက်တွင်၊ ဝူချန်၏ ဒဏ်ရာများမှာ အပြည့်အဝ ပျောက်ကင်းသွားခဲ့ပြီး၊ သူ ထုတ်လွှတ်လိုက်သော စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"အား"
"ဝူး..."
ဝူချန်သည် ရုတ်တရက် ကောင်းကင်သို့ မော့၍ ရှည်လျားစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများ အရူးအမူး တိုးမြင့်လာ၏။
၎င်းသည် မြေပြင်နှင့် တောင်တန်းများကို တုန်ခါသွားစေပြီး၊ အရှိန်အဝါမှာ ကြောက်ခမန်းလိလိ ကောင်းလှသည်။
ဝူချန်၏ အရှိန်အဝါသည် ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်နှင့်၊ ၎င်း၏ တိုးမြင့်လာသော အရှိန်နှုန်းမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။ တောက်ပသော သွေးရောင် အလင်းတန်းများက ဟင်းလင်းပြင်ကို လွှမ်းခြုံသွား၏။ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သွေးပင်လယ်ကြီး တစ်ခုအလားပင်။
ကြောက်မက်ဖွယ် သွေးရောင် အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက်သွားပြီး၊ တိမ်တိုက်များကို ထိုးဖောက်ကာ၊ တိမ်ပင်လယ်ကို ဖြိုခွင်းလိုက်ပြီး၊ ဧရာမ ဝဲဂယက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
လွှမ်းမိုးနိုင်သော အရှိန်အဝါက လူများ၏ နှလုံးသားကို တုန်ယင်သွားစေ၏။
ထိုအရှိန်အဝါသည် လျင်မြန်စွာ တိုးမြင့်လာပြီး၊ မျက်တောင်တစ်ခတ်အတွင်း၊ ၎င်းသည် အဟန့်အတား တစ်ခုကို အဆင့် ချိုးဖြတ်သွားသကဲ့သို့ပင်။
အလွန်တရာ အားပြင်းသော အရှိန်အဝါတစ်ခုက ဖျက်ဆီးခြင်း မုန်တိုင်းကြီးတစ်ခုအလား ပျံ့နှံ့ ရိုက်ခတ်လာသည်။
"ဝူး..."
ဟင်းလင်းပြင်နှင့် မြေပြင်တို့ တုန်ခါသွားသည်။ ဤကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုတည်းဖြင့်ပင်၊ ကောင်းကင် နတ်ဆိုး နှိမ်နင်းခြင်း အခင်းအကျင်းကြီးကို တုန်ခါသွားစေရန် လုံလောက်နေသည်။
"ထျန်းယွမ်ဘုံ ပထမအလွှာ"
"စစ်သူကြီးချုပ် အဆင့်ချိုးဖြတ်သွားပြီ"
"စစ်သူကြီးချုပ် အဆင့်ချိုးဖြတ်သွားပြီဟေး…။"
ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး၊ သွမ့်ထျန်းဟွမ်၏ လူများမှာ ပို၍ပင် ပျော်ရွှင်လာကြသည်။ သူတို့၏ မျက်နှာများမှာ အပြုံးများဖြင့် ဝင်းပနေသည်။
"ထျန်းယွမ်ဘုံ၊ ပထမအလွှာ"
မုရုန်ထျန်းလီ မျက်မှောင် အကြီးအကျယ် ကြုတ်လိုက်မိပြီး၊ သူ၏ မလုံခြုံမှုမှာ အလွန်အမင်း ပြင်းထန်လာသည်။
အခင်းအကျင်း အတွင်းတွင်၊ ဟယ်ရှုံးနှင့် အခြားသူများမှာ ကြောက်လန့်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ၊ ဖုန်းဝူချန်ကို ဘီလူး တစ်ကောင်၊ နတ်ဆိုး တစ်ကောင်သဖွယ် ကြည့်နေကြ၏။
ဖုန်းဝူချန်သည် ယွမ်တန်ဘုံ နဝမအလွှာတွင် ရှိနေစဉ်ကတည်းက၊ မရှုံးနိမ့်နိုင်သော တည်ရှိမှု တစ်ခုကို ပေးစွမ်းနိုင်ခဲ့ပြီး၊ ယခု သူ ထျန်းယွမ်ဘုံ ပထမအလွှာသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ၊ သူ၏ စွမ်းအားမှာ လုံးဝ ပို၍ ကြောက်မက်ဖွယ် ကောင်းလာမည်မှာ သေချာလှသည်။
ဖုန်းဝူချန် ထျန်းယွမ်ဘုံ ပထမအလွှာသို့ တက်လှမ်းသွားသည်နှင့်၊ အင်ပါယာမှ လူတိုင်း သူ့အပေါ်တွင် ယုံကြည်မှု အပြည့် ရှိသွားကြသည်။
အင်ပါယာ၏ မျှော်လင့်ချက်များအားလုံး ဖုန်းဝူချန်အပေါ်တွင် ပုံအပ်ထားကြသည်။ အကြောင်းမှာ သူသည် အင်ပါယာ၏ အစွမ်းထက်ဆုံးသော တည်ရှိမှု ဖြစ်သောကြောင့်ပင်။
မုရုန်ထျန်းလီ သန်မာသော်လည်း၊ ထျန်းယွမ်ဘုံ ပထမအလွှာသို့ အဆင့် ချိုးဖြတ်သွားခဲ့သော ဖုန်းဝူချန်သည် ကြိမ်းသေ ပို၍ သန်မာပေလိမ့်မည်။
ကောင်းကင်ယံ အထက်တွင်၊ ဖုန်းဝူချန် ထျန်းယွမ်ဘုံ ပထမအလွှာသို့ အဆင့် ချိုးဖြတ်သွားသည်နှင့်၊ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် စွမ်းအားတို့ စတင်၍ ဖြည်းညှင်းစွာ ပြန်လည် ကျဆင်းသွားပြီး၊ တောက်ပနေသော သွေးရောင် အလင်းတန်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ တည်ငြိမ်လာပြီး၊ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များအားလုံး ဖုန်းဝူချန်အပေါ်သို့ ကျရောက်နေကြသည်။
ဖုန်းဝူချန်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ၊ ခြိမ်းခြောက်နိုင်သော အလင်းတန်း နှစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။
"အစ်ကိုကြီးဖုန်းရဲ့ သွေးမျိုးဆက် လုံးဝ နိုးထလာပြီ"
လင်ရှောင်ရှောင်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားသည်။ သူမသည် ဖုန်းဝူချန်၏ အတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက် စွမ်းအားကို ခံစားမိနေသည်။
ဟုတ်ပေသည်။ ဖုန်းဝူချန်၏ အတွင်းမှ နဂါးမျိုးနွယ် သွေးမျိုးဆက်သည် လုံးဝ နိုးထလာခဲ့ပြီ။
သွေးမျိုးဆက် နိုးထလာသည်နှင့်၊ အစွမ်းထက်သော စွမ်းအားက ဖုန်းဝူချန်အား ထျန်းယွမ်ဘုံ ပထမအလွှာ အဆင့်သို့ ချောမွေ့စွာ ဖောက်ထွက်နိုင်ရန် ကူညီပေးခဲ့သည်။ ၎င်းက ဖုန်းဝူချန်၏ သွေးမျိုးဆက် စွမ်းအားမှာ ပို၍ပင် အစွမ်းထက်လာမည် ဖြစ်ကြောင်းကိုလည်း ဆိုလိုနေသည်။
သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်၍ လက်သီး ဆုပ်လိုက်ရင်း၊ ဖုန်းဝူချန်က ရေရွတ်လိုက်သည်။
"ဒါက သွေးမျိုးဆက်ရဲ့ စစ်မှန်တဲ့ စွမ်းအားလား။ ဒါက ငါ့ကို ထျန်းယွမ်ဘုံ ပထမအလွှာကို ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့တာပဲ၊ တကယ်ပဲ ကြောက်စရာ ကောင်းလိုက်တာ"
သေခြင်းနှင့် ရှင်ခြင်း တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက်၊ သူ့ကိုယ်မှ သွေးမျိုးဆက်ကို အပြည့်အဝ လှုံ့ဆော်နိုင်ခဲ့ပြီး၊ ထို့ကြောင့် ဖုန်းဝူချန်၏ နဂါးမျိုးနွယ် သွေးမျိုးဆက်ကို လုံးဝ နိုးထလာစေခဲ့သည်။
အဆုံးတွင်တော့၊ ဖုန်းဝူချန်သည် မုရုန်ထျန်းလီကို ကျေးဇူးတင်ရပေမည်။
သူ၏ အကြည့်က ပထမဦးစွာ အောက်ဘက် မြေပြင်သို့ ဝေ့ခနဲ ရောက်သွားသည်။ စစ်သည် အများအပြား သေဆုံးနေသည်ကို မြင်သောအခါ၊ ဖုန်းဝူချန်၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း၊ သူ့ကိုယ်ထဲတွင် ဒေါသမီးတစ်ခု စတင် တောက်လောင်နေခဲ့ပြီ ဖြစ်လေသည်။
ဖုန်းဝူချန်သည် မုရုန်ထျန်းလီကို လုံးဝ လျစ်လျူရှုထား၏။
သူသည် ဟင်းလင်းပြင် အထက်တွင်၊ ခြေတစ်လှမ်းတည်း လှမ်းလိုက်ရုံမျှဖြင့်၊ ဖုန်းဝူချန်သည် ကြီးမားသော အခင်းအကျင်းကြီး၏ အစွန်းတွင် တိတ်ဆိတ်စွာနှင့် မည်သူမျှ သတိမပြုမိလိုက်ဘဲ ပေါ်ထွက်လာသည်။
ထို ကြောက်မက်ဖွယ် အမြန်နှုန်းက လူတိုင်းကို တုံ့ပြန်နိုင်စွမ်း မရှိအောင် ဖြစ်သွားစေသည်။ ဖုန်းဝူချန် ပျောက်ကွယ်သွားပြီးနောက်၊ လူတိုင်း၏ အကြည့်များမှာ ကောင်းကင်ယံတွင် ကျန်ရှိနေဆဲ ဖြစ်၏။
လူအုပ်ကြီးသည် မျက်တောင်တစ်ခတ် ခတ်လိုက်မှသာ၊ သူတို့အနေနှင့် ဖုန်းဝူချန် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
"ဖုန်းဝူချန်"
အခင်းအကျင်း အတွင်းတွင်၊ ဟယ်ရှုံးနှင့် အခြားသူများ ခြေမကိုင်မိ၊ လက်မကိိုင်မိ ဖြစ်သွားပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေကြသည်။
ထိုအသံကို ကြားသောအခါ၊ လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး၊ အားလုံး အခင်းအကျင်းဘက်သို့ မယုံကြည်နိုင်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
"အရမ်း မြန်လွန်းတယ်။ လုံးဝ သတိမပြုမိလိုက်ဘူး"
သွမ့်ထျန်းဟွမ်က အလွန်အမင်း ထိတ်လန့်တကြား ဆိုလိုက်သည်။ သူ၏ မျက်လုံးများ ပြူးထွက်တော့မတတ်ပင်။
မူထျန်းယွင်နှင့် အခြား အင်အားကြီး ပုဂ္ဂိုလ်များစွာ၊ ဟွမ်ယန်နှင့် ထိပ်တန်း စစ်သည်တော်များအားလုံး တုန်လှုပ်ပြီး စကားမပြောနိုင်အောင် ဖြစ်သွားကြ၏။
အခင်းအကျင်း၏ ထိပ်တွင်၊ မုရုန်ထျန်းလီသည်လည်း အလားတူ မှင်သက်နေမိသည်။ ဖုန်းဝူချန် အခင်းအကျင်း၏ အစွန်းတွင် မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သည်ကို ပထမဦးဆုံး နေရာတွင် သူပင်လျှင် မထောက်လှမ်းနိုင်ခဲ့ပေ။
ကြောက်မက်ဖွယ် အမြန်နှုန်းက မုရုန်ထျန်းလီအား မယုံနိုင်လောက်အောင် သတိထားသွားစေ၏။
ဤအခိုက်အတန့်တွင်၊ အကြောက်ရွံ့ဆုံးသော သူများမှာ ကျန်းထျန်းရန်နှင့် သူ၏ အုပ်စု ဖြစ်သည်။
ဖုန်းဝူချန်၏ ရှင်ပြန်ထမြောက်လာမှုက သူတို့ကို ကြောက်လန့်လွန်း၍ သူတို့၏ ဝိညာဉ်များပင် ကြေမွသွားမတတ် ဖြစ်သွားစေသည်။
ဖုန်းဝူချန်သည် သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး၊ အခင်းအကျင်းကြီးပေါ်သို့ ဖိကပ်လိုက်သည်။
အခင်းအကျင်း၏ အစွမ်းထက်လှသော စွမ်းအားများက သူ့ကို လုံးဝ တားဆီးနိုင်စွမ်း မရှိခဲ့ပေ။
"ဘုန်း"
ဖုန်းဝူချန်သည် ရိုးရှင်းစွာပင် သူ၏ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။ "ဘုန်း" ဟူသော အသံကြီးနှင့်အတူ၊ ကြီးမားလှသော အခင်းအကျင်းကြီး ပြင်းထန်စွာ တုန်ခါသွားသည်။
“ဝေါ့ ဝေါ့ ဝေါ့”
မုရုန်ထျန်းလီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၏။ အခင်းအကျင်းကို ထောက်ပံ့ပေးနေသူများအားလုံး သွေးများ အန်ထုတ်လိုက်ကြရပြီး၊ အားနည်းသော တပည့်များမှာမူ ထိုနေရာတွင်ပင် တုန်ခါမှုဒဏ်ကြောင့် သေဆုံးသွားကြတော့သည်။
"ခွမ်း"
နောက်တစ်စက္ကန့်တွင်၊ ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်းကြီးသည် မရေမတွက်နိုင်သော လူများ၏ ကြောက်ရွံ့ထိတ်လန့်ပြီး လုံးဝ တုန်လှုပ်နေသော မျက်လုံးများ အောက်တွင် လုံးလုံးလျားလျား ပြိုကျ ပျက်စီးသွားတော့သည်။
သူတို့ကို မျှော်လင့်ချက်ကင်းမဲ့စေခဲ့ပြီး စစ်သည် အများအပြားကို သတ်ဖြတ်ခဲ့သော ကြောက်မက်ဖွယ် အခင်းအကျင်းကြီးသည်၊ ဖုန်းဝူချန်၏ ရှေ့မှောက်တွင်၊ ဤမျှ အလွယ်တကူ ကြေမွသွားခဲ့သည်တကား။
ဖုန်းဝူချန်၏ သိမ်မွေ့သော လက်ဝါးချက်ထဲတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ တည်ရှိနေသနည်း။
ကောင်းကင် နတ်ဆိုး နှိမ်နင်းခြင်း အခင်းအကျင်း ပျက်စီးသွားသည်နှင့်၊ ဟယ်ရှုံးနှင့် အခြားသူများ အပြင်းအထန် ဒဏ်ရာရသွားကြပြီး၊ သူတို့၏ သေဆုံးမှုမှာ သေချာနေပြီ ဖြစ်သည်။
မုရုန်ထျန်းလီသည် သူတို့ကို ကယ်တင်နိုင်စွမ်း မရှိတော့ပေ။ သူကိုယ်တိုင် ဖုန်းဝူချန်ကို အနိုင်ယူနိုင်မလား ဆိုသည်မှာပင် မသိနိုင်သေးသော အခြေအနေ ဖြစ်သည်။ ဟယ်ရှုံးနှင့် အခြားသူများ၏ အင်အားမျှဖြင့်၊ ဧကရာဇ်နိုင်ငံကြီး နှစ်ခုမှ သောင်းနှင့်ချီသော တပ်ဖွဲ့များကို သူတို့ မည်သို့ ခုခံနိုင်မည်နည်း။
"ဒါက တကယ်ပဲ ထျန်းယွမ်ဘုံ ပထမအလွှာရဲ့ စွမ်းအားလား"
အင်အားကြီး ပုဂ္ဂိုလ်များအားလုံး အဆုံးမရှိသော ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကြသည်။ သို့သော် မျှော်လင့်ချက်ကင်းမဲ့ခြင်းတော့ မဟုတ်ပေ။
ထျန်းယွမ်ဘုံ ပထမအလွှာသို့ ဖောက်ထွက်ပြီးနောက် ဖုန်းဝူချန်၏ အစွမ်းအစမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းနေသနည်း။ မည်သူမျှ မသိနိုင်ခဲ့ပေ။
ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်းကြီး ပြိုကျသွားသည်နှင့်၊ ကျန်းထျန်းရန်နှင့် ဖုန်းလေဂိုဏ်းမှ အဆင့်မြင့် အဖွဲ့ဝင်များ မျှော်လင့်ချက်ကင်းမဲ့စွာ ဒူးထောက် ကျသွားကြသည်။ သူတို့ ကြောက်ရွံ့ ထိတ်လန့်နေကြပြီး၊ သနားညှာတာမှု တောင်းခံရန်ပင် မဝံ့ရဲကြတော့ပေ။
"ကျန်းထျန်းရန်၊ မင်းကများ ငါ့ကို သစ္စာဖောက်ရဲတယ် ဟုတ်လား"
ဖုန်းဝူချန်က ခြေတစ်လှမ်းချင်း လျှောက်သွားရင်း၊ မျက်နှာတွင် အမူအရာ ကင်းမဲ့စွာ ဆိုလိုက်သည်။
"စစ်သူကြီးချုပ်၊ ကျွန်တော်တို့ အားနည်းပါတယ်၊ ထိုက်ရွှီဂိုဏ်းရဲ့ အင်အားက ကြောက်စရာ ကောင်းလွန်းပါတယ်၊ လက်အောက်မခံဘဲ နေရင်၊ ကျွန်တော်တို့ အသက်တွေ အန္တရာယ် ရှိမှာပါ"
ကျန်းထျန်းရန်က ထိတ်လန့်တကြား ပြောလိုက်သည်။
"စစ်သည်တွေရဲ့ အစွမ်းအစတွေက မင်းတို့ထက် မကြီးကျယ်ဘူးလား။ သူတို့ရော လက်အောက်ခံခဲ့လို့လား"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ ညာဘက်လက်ကို ဆန့်တန်း၍ လေထဲမှ ဆုပ်ကိုင်လိုက်ရာ၊ ကျန်းထျန်းရန်ကို ချက်ချင်းပင် ကောင်းကင်သို့ ဆွဲယူသွားသည်။
"စစ်သူကြီးချုပ်၊ သနားညှာတာတော်မူပါ"
ကျန်းထျန်းရန်က မျှော်လင့်ချက်ကင်းမဲ့စွာ တောင်းပန်လိုက်သည်။ ထို ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် စွမ်းအားကို၊ သူ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"ဘုန်း"
ဖုန်းဝူချန်၏ ဆုပ်ကိုင်ထားသော လက်က ညှစ်လိုက်သည်နှင့်၊ "ဘုန်း" ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်သို့ ဆွဲတင်ခံလိုက်ရသော ကျန်းထျန်းရန်သည်၊ လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများအောက်တွင်၊ သွေးမှုန်များအဖြစ် ပေါက်ကွဲသွားပြီး ပြာမှုန်များအဖြစ်သို့ လျော့ကျသွားတော့သည်။
သူ၏ ရက်စက်သော အကြည့်ကို ထိုက်ရွှီဂိုဏ်းနှင့် ဖုန်းလေဂိုဏ်းမှ လူအားလုံးထံသို့ ဝေ့ခနဲ ကြည့်လိုက်သည်။ ဖုန်းဝူချန်၏ လက်က ဟယ်ရှုံးနှင့် အခြားသူများထံသို့ ရွေ့လျားသွားပြီး၊ သူ၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။
"“မင်းတို့အားလုံးလည်း သေရမယ်”