ငါက ဒါကို "စွမ်းရည်တွေ စုဆောင်းတာ" လို့ခေါ်တယ်။
Vol. 16 Ch. 224
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ။
ရုံးခန်း။
"ဘာ? စာကြည့်တိုက်ထဲ သွားချင်တယ်လို့ ပြောတာလား"
လူအိုလီသည် ခရမ်းရောင်ရွှံ့စေးလက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဖုန်းကို သူ့နားရွက်အနားတွင် ကပ်ထားသည်။ လီချင်းဟဲ အသံက တခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။ မက်ဆေ့ချ်က မျှော်လင့်ထားတာထက် ပိုမြန်မြန် ပြန်ရောက်လာလေ၏။
ထိုနေ့နံနက်တွင် လီချင်းဟဲနှင့် ဆွေးနွေးပြီးနောက် ညနေပိုင်းတွင် သတင်း ပြန်ရောက်လာသည်။ ပြီးတော့ အတော်လေး အံ့သြစရာကောင်းတဲ့ တုံ့ပြန်မှုဖြစ်လေသည်။
"ဒါ ချင်းမျိုးရိုး ကောင်လေး ပြောတာလား။
လီအိုသည် သူ၏ မုတ်ဆိတ်ဖြူများကို ကိုင်ကာ သူ့ရုံးခန်းထိုင်ခုံပေါ် ပြန်လှဲလိုက်သည်။ ခဏလောက် ခေတ္တရပ်လိုက်ပြီး “ဒါအပြင် သူ့မှာ တခြားဆန္ဒရှိလား” လို့ ထပ်မေးလိုက်သည်။
"အင်း... အခုတော့ မရှိသေးဘူး"
လိုင်း၏အခြားတစ်ဖက်တွင် လီချင်းဟဲ ညင်သာစွာ ခေါင်းညိတ်ပြပြီး စာကြည့်တိုက်အပြင်ဘက် လမ်းလျှောက်ထွက်ခဲ့သည်။
“အကယ်ဒမီ စာကြည့်တိုက်က အရမ်းနာမည်ကြီးတယ်လို့ ကြားပြီး သူ့အတွက် သင့်တော်တဲ့ နည်းစနစ်ရှိမရှိ သိနိုင်ဖို့ နည်းနည်းလောက် ဝင်ဖတ်ချင်တယ်လို့ ပြောပြပါတယ်... လူအိုလီ သဘောတူနိုင်မယ်လို့ မျှော်လင့်ပါတယ်တဲ့"
လူအိုလီ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ ဒီကိစ္စကို ခဏလောက် စဉ်းစားရမယ်"
ဖုန်းကို ချလိုက်သည်နှင့် တစ်ယောက်တည်း စဉ်းစားနေတော့သည်။
မပေးချင်တာ မဟုတ်။ မွေးရာပါနယ်ပယ် ကျင့်စဥ် နည်းစနစ်များစွာပါရှိသော အကယ်ဒမီ၏ စာကြည့်တိုက်ကို ကိုယ်ခံပညာအကယ်ဒမီ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားသည်။
၎င်းကို အတွင်းပိုင်း အသုံးပြုသူများအတွက်သာ အမြဲဖွင့်ထားသည်။ အရင်တုန်းက ဦးစီးချုပ်တောင် စာအုပ်ငှားချင်ပေမယ့် သူ စပြောပြီးတာနဲ့ ချက်ချင်း ပိတ်ဆို့ခံလိုက်ရကာ ညှိနှိုင်းချိန်ပင် မရလိုက်ချေ။ ယခု ချင်းယန်ရဲ့ အထောက်အထားက ပိုရှုပ်ထွေးလေသည်။
သူသည် ကိုယ်ခံပညာအကယ်ဒမီ၏ အဖွဲ့ဝင်မဟုတ်ပေ။ အကယ်၍ သူက အခြားသူများအတွက် အရူးအမူး စံနမူနာပြမိပါက ၎င်းသည် မကြုံစဖူး အကယ်ဒမီ၏ စည်းမျဥ်းများကို အနည်းငယ် ချိုးဖောက်သွားမိမည် ဖြစ်သည်။
သူ တွေးတောနေစဥ်။
"အကြီးအကဲလီ ချင်းမျိုး... အဟမ်း ချင်းယန်ကလည်း အဆင်မပြေရင် အတင်းလုပ်မှာ မဟုတ်ပါဘူးတဲ့"
လိုင်းတစ်ဖက်မှ လီချင်းဟဲက ဆက်ပြောလာသည်။
“သူက လေးပစ်နည်းစနစ်တချို့ကို ပြန်သုံးသပ်ချင်လို့ စာကြည့်တိုက်ထဲ ဝင်ချင်နေတာပါ...အခု သူ့ဦးလေးတွေနဲ့ သူ့အဖော်တွေ မရှိတော့ဘဲ သူ့အသိဥာဏ်ကိုပဲ အားကိုးလို့ရတာဆိုတော့.…”
သူမ စကားတွေ ရပ်လိုက်သည်။ ဒါကိုကြားတော့ လူအိုလီလည်း လေးလေးနက်နက် သက်ပြင်းချပြီး ငြိမ်သွားခဲ့သည်။
ချင်းယန်ရဲ့ လက်ရှိအခြေအနေက ထူးခြားပါသည်။ ကျန်းဟိုင်ဓားနတ်ဘုရားနှင့် မြှားနတ်ဘုရားတို့က သူ့ဆရာ၊ ဆရာဦးလေး၊ ရင်းနှီးသော ဆွေမျိုးများဖြစ်သည်။ ဒါပေမယ့် ပြဿနာက အဲဒီနှစ်ယောက်လုံးက သေသွားပြီ။
ကျန်းဟိုင်မြို့အတွက် သူတို့ကိုယ်သူတို့ စတေးခဲ့ကြသည်။ ထိုကဲ့သို့ ကျေးဇူးတရားက စာကြည့်တိုက်ထဲသို့ ဝင်ချင်ခြင်းအတွက် သူဘယ်လိုလုပ် ငြင်းနိုင်လိမ့်မလဲ။
ခဏကြာတော့ ချင်းယန် ဖုန်းကို ကောက်ကိုင်လိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ မနက်ဖြန်နေ့လည်မှာ သူ့ကို ထန်ဖေး အဆောက်အဦး အဝင်ပေါက်ကို လာခိုင်းလိုက်... ငါကိုယ်တိုင် လိုက်ပို့ပေးလိုက်မယ်"
"ကောင်းပြီ စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ် လောင်လီ.. ကျွန်မ ချင်းယန်ကို ပြန်ပြောလိုက်ပါမယ်"
အလုပ်ရှုပ်တဲ့ လေသံက ဖုန်းထဲကနေ ထွက်ပေါ်လာ၏။ လူအိုလီလည်း သူ့ဖုန်းကိုချပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်တွေက မြှားနတ်ဘုရားရဲ့ အနစ်နာခံမှု မြင်ကွင်းဆီ ပြန်ရောက်သွားပြန်သည်။
"ချင်းယန် အသက်ကြီးသူနှစ်ယောက်ကို ဆက်တိုက် ဆုံးရှုံးလိုက်ရလို့ အခုအရမ်း ဝမ်းနည်းနေမှာပဲ"
….
"ဟားဟား ရသွားပြီ ဆရာ!"
လီချင်းဟဲ ဖုန်းကို လှုပ်ပြလိုက်သည်။ ချင်းယန်ကတော့ သူ့ဘေးနားရှိ သကြားလုံးကြော်ကို ဝါးရင်း စိတ်လှုပ်ရှားစွာ ကနေတာကို ကြည့်နေသည်။
"လူအိုလီက သဘောတူလိုက်ပြီ... ဆရာ သွားကြည့်ချင်သလောက် သွားကြည့်လို့ရပြီ ကျေနပ်ပြီလား"
"မဆိုးပါဘူး မင်းက အယုံကြည်ရဆုံးပဲ"
တခါတရံ လီချင်းဟဲသည် ထူးဆန်းပြီး သူနဲ့ ခပ်ဆင်ဆင် တူနေသည်။ လီချင်းဟဲက နှာခေါင်းရှုံ့ကာ။
"ဟမ့် လောင်လီအသံကို ကြားရသလောက်တော့ ကျွန်တော် နည်းနည်း ချီတုံချတုံ ဖြစ်နေတုန်းပဲ... သူက ဒီလို ရှေးရိုးဆန်တဲ့ လူတစ်ယောက်လေ... ကျွန်မရဲ့ လျင်မြန်တဲ့ တွေးခေါ်မှုနဲ့ အရိပ်အမြွက်ပေးမိလို့ ကျေးဇူးတင်ရမယ်... ကျစ်ရွှမ်းဆိုရင် သူ့ကို လှည့်စားနိုင်မှာ မဟုတ်ဘူး!"
"မင်းရဲ့ ဆရာအဒေါ်က တံခါးပိတ်ကျင့်ကြံနေတယ်.. ကပျက်ကချော် မလုပ်နဲ့!"
ချင်းယန် သမ်းဝေပြီး သူ့ရဲ့ နောက်ဆုံးရ နွားနို့ကို ရှောင်ပိုင်ဆီ ပစ်ပေးလိုက်သည်။
နောက်ဆုံးတော့ သူ အရင်က ကိုယ်ခံပညာအကယ်ဒမီက စာကြည့်တိုက်ထဲကို တစ်ခါမှ မရောက်ဖူးသဖြင့် အဲဒီမှာ ဘယ်လောက်ကြာကြာ နေရမယ်ဆိုတာ မသေချာချေ။ ထို့နောက် ချင်းယန်သည် လီချင်းဟဲ နှင့် အစီအရင်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးနေခဲ့သည်။
ရှောင်ပိုင် နံဘေးကနေ ထိုင်ကြည့်နေပြီးနောက် ပါးစပ်ထဲရှိ သကြားလုံးကြိုးကို ကိုင်ကာ အမြီးတွန့်လျက် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်
ဒီနတ်သမီးက ရိုးသားတဲ့ မြေခွေးတစ်ကောင်ပါ၊ ငါ မင်းတို့နဲ့ ရန်ပြိုင်ဖြစ်နေမှာ မဟုတ်ဘူး။
...
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချင်းယန် ပေါ့ပေါ့ပါးပါး အ၀တ်အစားများကို ၀တ်ဆင်ကာ သတ်မှတ်ထားသည့်အတိုင်း ထန်ဖေး အဆောက်အဦး အဝင်ပေါက်သို့ ရောက်ရှိလာသည်။ လူအိုကြီးက စောင့်နှင့်နေပြီ။
သူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူသည်။ ချင်းယန်၏ အထူးအဆင့်အတန်းကို ဖုံးကွယ်ပေးထားနိုင်ဖို့ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားများအား ရှောင်ရှားနိုင်မည့် နေရာကို ရွေးချယ်ထားခဲ့သည်။
လမ်းမှာ လူသွားလူလာနည်းသဖြင့် လူသူကင်းမဲ့ခဲ့သည်။
"မိတ်ဆွေလေးချင်းယန်...ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပါ "
လူအိုလီက ညင်သာစွာ ပြုံးလိုက်သည်။ ချင်းယန်ရဲ့ နောက်ခံ အထောက်အထားကို ယခင်က လေ့လာဖူးသည်။ သူသည် စာကြည့်တိုက်တွင်သာ နေထိုင်ခဲ့ပြီး အလွန်ပြောင်မြောက်သော လူမဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် မည်သူမှ မရောက်ဖူးသော် ဤလမ်းကို အတိအကျ ရွေးချယ်ထားခဲ့သည်။
မဟုတ်ရင် ချင်းယန်နဲ့သူ လမ်းလျှောက်နေတာကို တစ်ယောက်ယောက်က မြင်ခဲ့ရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်လိမ့်မည်။
"ခင်ဗျားရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် လောင်လီ ကျွန်တော် စာအုပ်နည်းနည်း ဖတ်ပြီး စိတ်ရှုပ်စရာတွေကို ရှင်းပစ်ချင်တာပါ... ပြီးရင် ကျွန်တော်ထွက်သွားပါ့မယ် ခင်ဗျားကို သိပ်ဒုက္ခမပေးပါဘူး"
"ကောင်းပါပြီ မိတ်ဆွေလေူ.. မင်း ကြိုက်တဲ့ စာအုပ်တွေ တွေ့ရင် ငှားပြီး အိမ်ပြန်ယူသွားလို့ ရပါတယ်"
လူအိုကြီးသည် လက်နှစ်ဖက်နောက်ပစ်ရင်း ရှေ့သို့ ဆက်လျှောက်သွားသည်။
"စာကြည့်တိုက်မှာ စာအုပ်တွေ အများကြီးရှိတယ် အဲဒါတွေက မင်းအတွက် အသုံးတည့်လို့ ဝမ်းသာပါတယ် ငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး"
နွေရာသီလေထုက ပူပြင်းလာပြီး နေရောင်က သစ်ပင်တွေပေါ်မှ ဖြတ်၍ အရိပ်အယောင်တွေအသွင် ဖြာကျနေသည်။
"ဒီရက်တွေထဲ မင်းအတွက် ခက်ခဲမှာပဲ..."
လူအိုလီသည် မြှားနတ်ဘုရား သေဆုံးသွားခြင်း အဖြစ်ကို တွေးပြီး သက်ပြင်းကို တိုးတိုးလေးချလိုက်သည်။
"မင်းရဲ့ လူကြီးတွေက သစ္စာရှိပြီး ရဲရင့်တယ်... သူတို့က ကျန်းဟိုင်အတွက် အများကြီး စတေးပြီးပြီ ငါ့မှာ သူတို့ကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူး... ဒါပေမယ့် မင်းတစ်ခုခု လိုအပ်ရင် ငါ့ဆီလာခဲ့ပါ... အသက်ကြီးပေမယ့် ပြောစရာတွေတော့ ရှိပါသေးတယ် “
"ကောင်းပြီ လောင်လီ... ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ချင်းယန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ကိစ္စပြီးသွားရင်တော့ လွှတ်ထားလိုက်တော့မယ်!
လူအိုကြီးက ရိုးသားလွန်းသဖြင့် သူ မလှည့်စားချင်တော့ပေ။
ခဏအကြာ။
ထင်းရှူးတောအုပ်ဖြင့် အရိပ်ရနေသော တောင်တန်းများ အနောက်ဘက်တွင် ကြီးမားသော အဆောက်အအုံကြီးတစ်ခုကို ဝှက်ထားလေသည်။ အဘိုးအိုတစ်ယောက်က ကြွေကျနေသော သစ်ရွက်များကို ဖြည်းညှင်းစွာ လှည်းကျင်းနေလိုက်သည်။
"မိတ်ဆွေလေးချင်းယန်.... ဒါက ငါတို့ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီရဲ့ စာကြည့်တိုက်ပါ"
စာကြည့်တိုက်ကို မိတ်ဆက်ကာ တံမြတ်စည်းလှည်းနေသည့် အဘိုးအိုအား နှုတ်ဆက်သည့် အမူအရာဖြင့် အနည်းငယ် ခေါင်းညိတ်ပြကာ ချင်းယန်ကို စာကြည့်တိုက်ထဲသို့ ခေါ်သွားခဲ့သည်။
အဘိုးအိုအနားက ဖြတ်သွားသည်နှင့် ချင်းယန် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်ပြီး စုစည်းထားကာ သူ့အတွင်းမှ အငွေ့အသက်များက လုံးဝ မပေါက်ကြားလာပေ။ ကြည့်ရတာ သာမန်လူတစ်ယောက်လိုပါပဲ။
ဒါပေမယ့် သူ ပိုသာမာန်ဆန်လေ၊ ပိုကြောက်စရာကောင်းတဲ့ပုံ ပေါက်လေပင်။
“သေချာပေါက် ကျင့်ကြံသူပဲ”
ချင်းယန် အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ထူးဆန်းသော စာနာမှုကို ခံစားလိုက်ရကာ စာကြည့်တိုက်အတွင်းရှိ စာအုပ်များကို ဖတ်ဖို့ ပို၍ပင် စိတ်အားထက်သန်စွာ စောင့်မျှော်နေလေသည်။
အများသူငှာအတွက် ဖွင့်လှစ်ထားသည့် ကျန်းဟိုင် စာကြည့်တိုက်နှင့် နှိုင်းယှဉ်ပါက ကိုယ်ခံပညာ အကယ်ဒမီအတွင်းရှိ စာအုပ်များ၏ အရည်အသွေးမှာ သံသယဖြစ်ဖွယ်ရာ သာလွန်ကောင်းမွန်ပေသည်။
သူ့အတွင်းထဲက ဉာဏ်အလင်းဖြင့် ၎င်းတို့ကို ခွဲထုတ်ပြီး ပြန်ပေါင်းစပ်လိုက်လျှင် ပိုမိုပြီးပြည့်စုံသော ကိုယ်ခံပညာကို ဖန်တီးနိုင်လိမ့်မည်။
လူအိုလီသည် တံခါးဝတွင် ခေတ္တရပ်ကာ သူ့နောက်တွင် အသွင်အပြင်ကို ပြလိုက်သည်။
"မိတ်ဆွေလေးချင်း.... ဒီမှာ လွတ်လွတ်လပ်လပ် ဖတ်ပြီး ကြိုက်သလောက် အချိန်ယူပါ"
ထိုစကားကို ကြားပြီးနောက် ချင်းယန် တံခါးပေါက်ကို ဖြတ်လျှောက်သွားရာ စာကြည့်တိုက် အတွင်းပိုင်းကို မြင်ကွင်းတစ်ခုမြင်လာရသည်။
နံ့သာဖြူစားပွဲသည် ရွှန်းလဲ့တောက်ပြောင်သော မီးတောက်များဖြင့် ပြည့်နှက်နေပြီး အများစုမှာ မွေးရာပါနယ်ပယ် အဆင့်က လက်ဖဝါးသိုင်းများ၊ လက်သီးထိုးနည်းများ၊ ဓားနည်းပညာများ စသဖြင့် အမျိုးအစား စုံလင်လှသည်။
"မဆိုးပါဘူး!"
ချင်းယန် အခန်းကျယ်ကြီးထဲရှိ စာအုပ်များကို စူးစိုက်ကြည့်ကာ သူ့နှလုံးသားက မျှော်မှန်းချက်ဖြင့် တုန်လှုပ်နေပြီဖြစ်သည်။
လောလောဆယ်တွင်၊ ကောင်းကင်တံခါးဖွင့်နှင့် ကောင်းကင်ဖြတ်ဓားကို လုံးဝ ပေါင်းစည်းနိုင်မယ့် ကာလကို နီးကပ်နေပြီဖြစ်သည်။ မြားပစ်စွမ်းရည်ကတော့ နေပစ်မြှားကျင့်စဥ် ပါရှိနေပြီ။ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းပညာမှာ လောကအကွာအဝေး ဖြစ်သည်။
၎င်းတို့ကို ဤစာကြည့်တိုက်ထဲရှိ စာအုပ်များထဲသို့ ပေါင်းထည့်ကာ ကိုယ်ခံပညာအသစ်ကို အတုလုပ်ရမည်။ ချင်းယန် အတွေးတစ်ခုနဲ့ စာကြည့်တိုက်ထဲသို့ တည့်တည့်လျှောက်သွားကာ စင်တွေပေါ် စတင်ရှာဖွေတော့သည်။
ထိုအချိန်အတောအတွင်း လူအိုလီသည် သူ့အား အရသာရှိရာ စားစရာ အမြောက်အမြား ယူဆောင်လာခဲ့သည်။ ချင်းယန် အလုပ်ရှုပ်နေတာကို မြင်တော့ သူက မနှောင့်ယှက်ချင်သဖြင့် ပြန်ထွက်လာ၏။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ကျယ်ပြောလှသော စာကြည့်တိုက်ထဲက ချင်းယန်သည် စာအုပ်ပင်လယ်ကြားတွင် တစ်ယောက်တည်း ထိုင်ကာ စာဖတ်နေစဉ် သူ့ပတ်ဝန်းကျင်ကို စကင်န်ဖတ်ကာ နေ့စဉ် အရသာရှိသော ဟင်းပွဲများကိုလည်း စားသောက်နေရာ အလွန်အမင်း သက်သောင့်သက်သာဖြင့် နေထိုင်နေခဲ့သည်။
ချင်းယန် ဤစာကြည့်တိုက်တွင် သုံးရက်သုံးညနေခဲ့ပြီး သူ့ကိုယ်သူ အတော်လေး ကြည်နူးနေခဲ့သည်။ သူဆုပ်ကိုင်ထားသော အရာမှာ လျှို့ဝှက်လက်စွဲ အမျိုးအစားများ ဖြစ်ကာ သုံးရက်မြောက်နေ့ မွန်းတည့်ချိန်အထိ ဖတ်နေခဲ့၏။
ထိုစဥ် တည်ရှိမှုတစ်ခုသည် သူ၏အာရုံခံ အကွာအဝေးထဲ ဝင်ရောက်လာခဲ့သည်။
"ဒီလူက ဒီမှာ ဘာလုပ်နေတာလဲ"
ချင်းယန် လက်ထဲက စာအုပ်ကို ချလိုက်သည်။ ရောက်လာသူ လင်မော့ဖုန်းက သူ့ဆီ ဦးတည်လာနေတာ ထင်ရှားပါ၏။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်တွေကို မသိသဖြင့် ဆက်ဖတ်ဖို့ အလျင်စလို မလုပ်ခဲ့ပါ။ စာအုပ်ကို ဘေးဖယ်ထားကာ တစ်ဖက်ကမ်းရှိ စာကြည့်တိုက်ဆီသို့ ဦးတည်သွားခဲ့သည်။
လင်မော့ဖုန်း အနောက်ကနေ လှမ်းအော်လိုက်ချိန်မှာ သူက ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့၏။
"ညီလေးချင်း... ခဏစောင့်ပါဦး!"
လင်မော့ဖုန်း စာအုပ်စင်များကြားတွင် ရပ်နေပြီး သူ့လက်ကို အနောက်သို့ ပို့ထားမိ၏။ ထိုအခိုက် ချင်းယန် လှည့်ကြည့်လိုက်တော့ တုံ့ဆိုင်းနေသော အရိပ်အမြွက်က သူ့မျက်နှာကို ဖြတ်ပြေးသွားသည်။
"ဂိုဏ်းဆရာလင်? ဒီကိုလာဖို့ အချိန်ဘယ်လိုရှာခဲ့တာလဲ"
"ငါ..."
လင်မော့ဖုန်း အနည်းငယ် ချီတုံချတုံ ခံစားရပြီး ခေါင်းကုတ်လိုက်သည်။ လူအိုလီက ချင်းယန် စာကြည့်တိုက်ထဲတွင် စာဖတ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သူဝင်ကာ လမ်းညွှန်မှုနှင့် အကူအညီအချို့ကို ပေးဆောင်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့သော် သုံးရက်ကြာအောင်အထိ ဖတ်နေသဖြင့် သူ့အား အံ့အားသင့်သွားစေခဲ့သည်။ ယင်းအစား သူသည် ဒုက္ခရောက်နေသူတစ်ဦးနှင့် လုံးဝ မတူဘဲ စိတ်အားထက်သန်မှုနှင့် တက်ကြွနေပုံရသည်။
သူ လုံးဝ စိတ်ပျက်သွားပုံမပေါ်ချေ။
"ဂိုဏ်းဆရာလင်?" လင်မော့ဖုန်း၏ ကြောင်တက်တက် အမူအရာကို မြင်လိုက်ရတော့ ချင်းယန် ခေါ်လိုက်သည်။
"မင်း အဆင်ပြေရင် ငါ နောက်တစ်နေရာကို စာသွားဖတ်တော်မယ်"
"အိုး... ဘာမှမဟုတ်ပါဘူး... ညီလေးချင်း စာကြည့်တိုက်မှာ ရှိနေတယ်လို့ ကြားလို့ မင်းကို တွေ့ဖို့ လာခဲ့တာ"
လင်မော့ဖုန်း သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားနေရ၏။
"မင်း စာကြည့်တိုက်ထဲ ရောက်တာ သုံးရက်လောက်ရှိနေပြီ မထွက်လာသေးဘူးတာ မြင်လို့ နည်းနည်းတော့ စိုးရိမ်မိတာနဲ့.."
သူက စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး : "မင်း နားမလည်တာတစ်ခုခု ရှိလား... ဝါးနိုင်တာထက် ပိုကိုက်စားရင် ပြဿနာရှိနိုင်တယ်"
"ဆရာလင်ပြောတာ အဓိပ္ပာယ်ရှိပါတယ်... ငါက တစ်ချက်လောက် စေ့စေ့ငင ကြည့်ရုံပါပဲ"
ချင်းယန် ခေါင်းညိတ်ကာ အပြင်ပန်းအားဖြင့် သဘောတူသည်။ အတွင်းဘက်တွင်တော့ နှုတ်ခမ်းကို ကော့ထား၏။
လုံးဝ မသဘောကျပါ။
ဝါးနိုင်တာထက် ပိုကိုက်စားတာက ဘာကို ဆိုလိုတာလဲ။
ဉာဏ်အလင်းပေးသည့် နေရာက လက်ထဲတွင် ရှိနေသဖြင့် ဤကိုယ်ခံပညာ သင်တန်းကျောင်း၏ စာကြည့်တိုက်ကို မဆိုထားနှင့် အင်ပါယာမြို့က စာကြည့်တိုက်က စာအုပ်အားလုံးကိုလည်း အလွယ်တကူ စုပ်ယူနိုင်သည်။
စိတ်ကူးသစ်တွေတောင် ရလာဦးမည်။
ငါက ဒါကို 'စွမ်းရည်တွေ စုဆောင်းတာ'လို့ ခေါ်တယ်!