ဒီနတ်သမီးက လူသားမဟုတ်ပေမယ့် နင်က တကယ့်ခွေးပဲ
Vol. 16 Ch. 228
နောက်သုံးရက်အကြာ။
နေဝင်ချိန်။
ဖုဟိုင်ဗီလာ။
အလင်းတန်းများသည် ခမ်းနားလှသော အိမ်ကြီးတလျှောက်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည်။ လမ်းမတွေပေါ်မှာ လူတွေ၊ ခွေးတွေကလည်း အသီးသီး လမ်းလျှောက်နေကြ၏။
အပြင်ဘက်မှာ လမ်းတွေကတော့ အေးချမ်းလှသည်။ အတိတ်၏ အရိပ်များ မှိန်ဖျော့သွားသကဲ့သို့ ညနေခင်းပိုင်းက တိတ်တိတ်ဆိတ်ဆိတ်ပင်။ သားရဲဒီရေ၏ နောက်ဆက်တွဲကာလက လွန်သွားလေပြီမို့ ကျန်းဟိုင်မြို့သည် ယခုအခါ ငြိမ်းချမ်းမှု ပြန်လည်ရရှိနေပြီ ဖြစ်သည်။
ချင်းယန်နှင့် ရှောင်ပိုင်တို့သည် ဟင်းသီးဟင်းရွက် အိတ်များသယ်ကာ လူနှင့်မြေခွေးတို့ လူစည်ကားသော မြို့လမ်းကိုဖြတ်၍ အိမ်သို့ အေးအေးဆေးဆေး ပြန်လာနေ၏။
"ဒီနေ့ သခင့်ကို ပူတင်း ချက်ပေးမယ်လေ... ဘယ်လိုလဲ"
ချင်းယန်ကို အနီးကပ်လိုက်ရင်း ခြေလှမ်းသေးသေးလေးနဲ့ လှမ်းလိုက်သည်။
"ကျွန်မ အခုတလော appတချို့ထဲက ဟင်းပွဲအသစ်တချို့ကို ကြည့်နေတာ... အိမ်ပြန်ရောက်ရင် စမ်းကြည့်ရမယ်...."
"အိုး? မင်း ဟင်းပွဲအသစ် လေ့လာနေတာလား ငါက မင်းအွန်လိုင်းမှာ စကားတွေချည်း ပြောနေတာလို့ ထင်နေတာ"
"ဟမ့် ဘယ်သူပြောတာလဲ!"
ရှောင်ပိုင် ဟစ်အော်လိုက်သည်။
'ဒီနတ်သမီး မြေခွေးက အရမ်းမိုက်တဲ့ မြေခွေးနော်... ငါ နေ့တိုင်း အွန်လိုင်းမှာနေတယ် ငါ့သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ စကားပြောရုံတင် မဟုတ်ဘဲ နင့်အကြောင်းပါ အတင်းတုတ်သေးတယ် သိရဲ့လား'
"ခဏနေ သိလာမှာပါ!"
ရှောင်ပိုင်က သူမရဲ့ တင်ပါးပေါ် လက်တင်ပြီး ဂုဏ်ယူစွာနဲ့ :"ငယ်ငယ်တုန်းက မြေခွေးအဖွားက 'မင်းယောက်ျားကို ဖမ်းစားချင်ရင် သူ့ဗိုက်ကို အရင်ဖမ်းရမယ်' လို့ပြောဖူးတယ်"
သူမက ချင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်မှုကို စောင့်ကြည့်နေပေမယ့် တစ်ဖက်က မတုန်လှုပ်ပေ။
လူနှင့်မြေခွေးသည် ဝင်းတံခါးအနီးသို့ ချဉ်းကပ်လာခဲ့သည်။ ချင်းယန် သူ့သော့ကိုထုတ်ပြီး တံခါးကိုဖွင့်နေစဥ် အတွေးပျက်သွားပုံရသည်။
ဒီနေ့ လီချင်းဟဲ အလည်လာမယ့်နေ့ပဲ။
ဆရာနဲ့တွေ့ပေးဖို့ သဘောတူပြီးကတည်းက သူ့တာဝန်ကို မကျေပွန်ရသေးချေ။ သို့သော် ဤကလေးမလေးထံမှ လုံးဝ ဖုံးကွယ်ထားရန်မှာ အလွန်ကြိုးစားအားထုတ်မှု လိုအပ်ပေလိမ့်မည်။ အကြောင်းမှာ သူမက နည်းနည်းတော့ ပါးနပ်သည်။
လောလောဆယ်တွင် သူမသည် 'မြှားနတ်ဘုရား' နှင့် 'ဓားနတ်ဘုရား' တို့ အသက်ရှင်နေသေးကြောင်းကို သိသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ဒါကိုစဉ်းစားရင်း ချင်းယန် သူ့ဘေးနားက ရှောင်ပိုင်ကို လှမ်းကြည့်လိုက်သည်။ လျိုဝူရွှမ်းနဲ့ ရှောင်ပိုင် တွေ့ပြီးကတည်းက သူ ဖုံးကွယ်ဖို့ အစီအစဉ် မရှိတော့ပါ။ သူသိလိုသမျှကို သိနိုင့သည်။ ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိတော့ချေ။
"ငါ့တပည့် မကြာခင် ဒီကိုလာလိမ့်မယ် မင်းကိုယ်မင်း ထုတ်ဖော်မပြောမိစေနဲ့... ကောင်းကောင်းလုပ်ပါ ဟုတ်ပြီလား?"
"ဟမ်... သခင့်ရဲ့ အမိုက်စား တပည့် လီချင်းဟဲ?"
ဒါကိုကြားတော့ ရှောင်ပိုင် သူ့ရဲ့ မြေခွေးမျက်လုံးတွေကို ကျဉ်းမြောင်းပြီး ဆံပင်ဖြူဖြူလေးနဲ့ ကောင်မလေးအဖြစ် ပြန်ပြောင်းလဲလိုက်သည်။
"စိတ်မပူပါနဲ့ ... သခင်အတွက် သေချာလုပ်ပေးပါ့မယ်! ပြီးခဲ့တဲ့ အကြိမ်ကို မမေ့နဲ့နော်.. ကျွန်မ လျိုဝူရွှမ်းကို လှည့်စားနိုင်ခဲ့တယ်!"
"..."
ချင်းယန် ခပ်တိုးတိုးရယ်ပြီး ခေါင်းကို အနည်းငယ် ခါလိုက်သည်။ ရှောင်ပိုင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က "သရုပ်ဆောင်စွမ်းရည်" ကိုဖတ်ပြီး မှတ်စုများစွာကိုပင် ချရေးထားခဲ့သည်။ သူမရဲ့ ကျင့်ကြံမှုဟာ မတိုးတက်ခဲ့ပေမယ့် သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကတော့ တိုးတက်မှု ရှိခဲ့ပါ၏။
မြေခွေးတစ်ကောင်၏ ဘဝသည် သရုပ်ဆောင်မှုပေါ်တွင် လုံးဝ မူတည်နေသည့်အလား။ ဒါကြောင့် သူမရဲ့ စွမ်းဆောင်မှုကို စိတ်ချထားနိုင်ပါသည်။
အိမ်ပြန်ရောက်ပြီးနောက် ချင်းယန်သည် ဟင်းချက်ဖို့ ရှောင်ပိုင်လက်ထဲ အပ်ထားခဲ့လိုက်သည်။ ထို့နောက် နိယာမ စွမ်းအင်များကို ဆက်လက်နားလည် သဘောပေါက်ရန် လေ့ကျင့်နေခဲ့သည်။
မကြာမီ မီးဖိုချောင်မှ အိုးခွက်ပန်းကန်များ ပွက်ပွက်ဆူညံသံ အသံကြားလာရကာ ရှောင်ပိုင် အေပရွန်ဖြင့် ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
ခဏကြာတော့ နေက မိုးကုပ်စက်ဝိုင်းအောက်ကို လျှောဆင်းသွားပြီး ကောင်းကင်က လုံးဝကို မှောင်မိုက်သွား၏။
…
မိုးခြိမ်းသံများသည် တိမ်ညိုများ နှင့် သဲသဲမဲမဲ မိုးရွာချတော့မည့် တိမ်တိုက်များကြားတွင် တဟုန်းဟုန်းဖြင့် ပဲ့တင်ထပ်လျက် ရှိသည်။ ခြံဝင်းအတွင်းရှိ နေရာသည် မှန်တစ်ချပ်လို ကွဲအက်ကာ မီးတောက်များ ဖြာထွက်သွားသည်။
နိယာမနှလုံး အသက်ဝင်လာသည်။ ၎င်းက ချင်းယန်၏ နှလုံးသားထဲတွင် ဆုံစည်းခဲ့ပြီး နိယာမလေးပါး၏ စွမ်းအားကို အဆက်မပြတ် ပေါင်းစပ်ကာ ၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို နက်ရှိုင်းစေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နိယာမနှလုံးနှင့် ချင်းယန်၏ပေါင်းစပ်မှုသည် ပို၍ပို၍ ပြီးပြည့်စုံလာကာ ကန့်သတ်ချက်နားအထိပင် ရောက်ရှိသွားခဲ့သည်။
သူ့ကိုယ်အတွင်း၌ စွမ်းအားကြီးသော နိယာမစွမ်းအင် လေးပါး၏ အစွမ်း-- မိုးကြိုး၊ သစ်သား၊ လေ၊ မီး တို့ကို ပေါင်းစပ်ထားသောကြောင့် ပို၍ အစွမ်းထက်လာပြီဟု ဆိုနိုင်သည်။
စူးစူးရှရှ အာရုံခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို နားလည်သဘောပေါက်သည့် လက္ခဏာများ ပြသနေတာပင်။
"ဒါက အခုလောလောဆယ် ငါနားလည်နိုင်တာပဲ... ရလဒ်ကို ကြည့်ရအောင်"
ချင်းယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ကြယ်လက်စွပ်မှ သစ်ပင်မျိုးစေ့ကို ဆွဲထုတ်ကာ ခြံဝင်းဆီသို့ လွှင့်ပစ်ကာ မြေကြီးထဲတွင် မြှုပ်ထားလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်ကာ သစ်သားနိယာမ စွမ်းအင်စီးကြောင်း အနည်းငယ်ကို ဖြန်းလိုက်သည်။
စိမ်းပြာရောင် အလင်းတန်းများ ဆင်းသက်လာသည်နှင့် အနက်ရောင် သံသစ်ပင်တစ်ပင် မြေပြင်မှ ရုတ်တရက် ထလာသည်။ ၎င်း၏ကိုယ်ထည်သည် အနက်ရောင် ဖြစ်ပြီး သတ္တုရောင်များဖြင့် တောက်ပနေသည်။ အသက်ရှူချိန် အနည်းငယ် ကြာသော် မီတာပေါင်းများစွာ အမြင့်သို့ ရောက်သွား၏။
“သစ်သားက သံလို ခိုင်ခံ့ပြီး မပျက်စီးနိုင်တော့ဘူး!"
ချင်းယန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ သစ်ပင်၏ မာကျောမှု၊ ခိုင်ခံ့မှုလှိုင်းလုံးများကို ခံစားကြည့်လိုက်သည်။ ဤအနက်ရောင်သံပင်ဟာ အလွန်အဖိုးတန်ပြီး အချို့သော လျှို့ဝှက်ဆန်းကြယ် လက်နက်များအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုကာ မြက်ခင်းပြင်၏ လူမနေသော နေရာများတွင်သာ တွေ့ရှိနိုင်သည်။
အဖိုးမဖြတ်နိုင်သည့် ကုန်ကြမ်းလည်း ဖြစ်ပေ၏။ ဓားသူတော်စင်ကို သတ်ပြီးနောက် ၎င်း၏ကြယ်လက်စွပ်ထဲမှ ရှာတွေ့ထားသော ဆုလာဘ်ဖြစ်သည်။ သို့သော် သင့်လျော်သော ရိတ်သိမ်းသည့် နည်းလမ်းများ မရှိခြင်းကြောင့် အောက်ခြေတွင် သိမ်းဆည်းထားရခြင်း ဖြစ်သည်။
ယခု ဤနားလည်မှုနဲ့အတူ ချင်းယန် ၎င်းကို အသုံးချနိုင်သွားပါပြီ။
"သန့်စင်တဲ့ ပစ္စည်းတစ်ခုအနေနဲ့လည်း ကောင်းတာပဲ"
ချင်းယန် သူ့လက်ချောင်းတွေကို ဖိထားလိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းက သူ့လက်ချောင်းထိပ်တွေမှာ တွယ်ကပ်နေ၏။ အနက်ရောင်သံပင်ကို ညွှန်ပြလိုက်တဲ့ နောက်အခိုက်အတန့်မှာတော့ ဝုန်းကနဲ အသံနှင့်အတူ
လျှပ်စီးကြောင်းနှင့် မီးသည် တောက်လောင်သော စွမ်းအင်များဖြင့် ပေါက်ကွဲသွားကာ ဦးတည်ရာအနှံ့ ရွေ့လျားသွားသည်။
ထက်မြက်သော တိုက်ခိုက်ရေးမျဉ်းသည် ချင်းယန်၏ လက်ချောင်းထိပ်များမှ ပွင့်လန်းလာပြီး အနက်ရောင်သံပင်၏ အလယ်ဗဟိုကို တိုက်ရိုက်ထိသွားသည်။ ပြင်းထန်သော ကြယ်စွမ်းအားများ မြင့်တက်လာတာကြောင့် အပူချိန်သည် တောက်လောင်နေသည့်နေကဲ့သို့ပင် မထင်မှတ်နိုင်သော အဆင့်အထိ ချက်ချင်း မြင့်တက်လာသည်။
ထို့နောက် လေထုကြီး ကွဲအက်သွားသည်။
မိုးခြိမ်းသံနှင့် မီးသည် ထောင့်မျိုးစုံမှ ထွက်ပေါ်လာကာ အနက်ရောင် သံပင်ကြီးအား ဘက်ပေါင်းစုံမှ ရိုက်ခတ်သွားသည်။ ၎င်း၏ မပျက်စီးနိုင်သော ပင်စည်သည် ပြင်းထန်သော မိုးခြိမ်းသံနှင့် မီးတိုက်ခိုက်မှုအောက်တွင် အရည်ပျော်သွားကာ အနက်ရောင်သံပင်ကြီးတစ်ခုလုံး သတ္တုရည်အိုင်ထဲသို့ အရည်ပျော်သွားသည်အထိပင်။
မကြာပါ၊ ကုန်ကြမ်းတွေ သူ့လက်ထဲ ရောက်လာသည်။
"တော်တော် လိမ္မာပါးနပ်တဲ့ လုပ်ရပ်ပဲ"
ချင်းယန် အတွင်းစိတ်မှ သက်ပြင်းချကာ ကြယ်လက်စွပ်အတွင်းမှ ပစ္စည်းများကို ဖြည်းညှင်းစွာ သိမ်းဆည်းကာ သူ၏ ယခင်လှုပ်ရှားမှုကို ပြန်စဥ်းစားနေလိုက်သည်။ အာကာသနိယာမ စွမ်းအင်များက အလွန်နက်နဲလှသည်။
ယခုအခါ နိယာမစွမ်းအင်၏ ကောင်းချီးများဖြင့် သူ့တိုက်ခိုက်ရေး စွမ်းအားသည် အဆများစွာ တိုးလာခဲ့သည်။ ယခု သူ့စွမ်းအားနယ်မြေ အတွင်းမှာ ဖြစ်ပါက မည်သည့်တိုက်ခိုက်မှုမဆို အနေအထားအရ ပြောင်းပြန်လှန်နိုင်သည့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်နိုင်ပြီး ၎င်း၏ဆန္ဒနှင့်အညီ ပြောင်းလဲနိုင်သည်။
ထိုအခိုက်အတန့်တွင် ရန်သူ၏ တိုက်ခိုက်မှုသည် ရန်သူရှေ့တွင် ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ မြွေတစ်ကောင်ကဲ့သို့ ကူးခတ်နေနိုင်သည်။ အလွန်လိမ္မာပါးနပ်သဖြင့် ရန်သူ့ဘက်က ခန့်မှန်းလို့ မရပေ။
"မဆိုးပါဘူး... ခိုးတိုက်ဖို့ နောက်ထပ်လှည့်ကွက် ရပြီ"
ချင်းယန် အလွန်ကျေနပ်နေ၏။
ရုတ်တရက်ပင် အခန်းတွင်းမှ အံ့အားသင့်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ဟေ့! နောက်တစ်ချီတော့ အနိုင်ရသွားပြီ! သတ် သတ် သတ် ဒီနတ်သမီးက မင်းကို လူသားတွေကို သတ်ချင်နေတာ!"
"…."
"ဟင်?"
ချင်းယန် အံ့ဩသွားသည်။
ရှောင်ပိုင်... ဂိမ်းပြန်ကစားနေတာလား။
ယခုရက်ပိုင်းအတွင်း ရှောင်ပိုင်တစ်ယောက် ဂိမ်းများကို စွဲလမ်းနေခဲ့သည်။ သူမသည် ချုပ်တည်းမှုမရှိဘဲ နေ့ရောညပါ ကစားနေရာ ဒါက ကျိုးကြောင်းဆီလျော်ရဲ့လား စဥ်းစားစရာပင်။
"သူမရဲ့အင်တာနက် စွဲလမ်းမှုကို ကုစားဖို့လိုတယ်!"
ဒါကို စဉ်းစားရင်း ချင်းယန် သူ့ဖုန်းကို တိတ်တိတ်လေး ဆွဲထုတ်လိုက်သည်။ ပြီးနောက် ဂိမ်းကိုဖွင့်ကာ အနီးနားရှိ 'မြေခွေး' ကို ရှာဖွေနေခဲ့သည်။
………
မီးဖိုချောင်ထဲ၌ ဟင်းရည်အိုးရဲ့ ပွက်ပွက်ဆူနေတဲ့ ရေထဲက အငွေ့တွေ ထွက်လာသည်။
"အင်း! အသုံးမကျတဲ့ လူသားတွေ တစ်စု!!"
"မင်းတို့ရဲ့ အရည်အချင်းနဲ့ ဒီနတ်သမီးကို တိုက်ခိုက်ချင်သေးတာလား"
အိမ်အတွင်းမှာ ရှောင်ပိုင်သည် မီးဖိုချောင်ကောင်တာကို မှီလျက် အေးအေးလူလူ မတ်တတ်ရပ်ကာ လက်ထဲတွင် ဖုန်းကိုင်လျက် အမြီးတွန့်နေသည်။
ဘဝမှာ ဒီနတ်သမီးက ရှက်တတ်ပြီး ရိုကျိုးတတ်သူပါ! ဒါပေမဲ့ ဂိမ်းထဲမှာတော့ ငါက ငါ့စွမ်းအားတွေကို စွန့်လွှတ်ပြီး သတ်ပစ်လိုက်မှာ!
ငါ့သခင်ရဲ့ အနံ့အသက်ဆိုးတွေကို ကြည့်ပြီး စိတ်အခြေအနေက ပိုဆိုးလာ၏။
ဒီအခိုက်အတန့်လေး ပြီးဆုံးသွားတော့ အသင်းဖော်တွေဆီက ချီးကျူးသံတွေ ထွက်ပေါ်လာသည်။ အဲဒါတွေကို ကြားလိုက်ရုံနဲ့ မြေခွေးမှာ လန်းဆန်းပြီး အတော်လေး ကျေနပ်သွားသည်။
"အစ်ကိုကြီး မင်းအရမ်းသန်မာတာပဲ ငါ့ကိုကူညီပါ!"
"မင်းက ငယ်ငယ်ကတည်းက ဂိမ်းဆော့တဲ့ သူငယ်ချင်းနဲ့များ ပေါင်းထားတာလား"
"မင်းက အရမ်းကျွမ်းကျင်တာပဲ မယုံနိုင်စရာကြီး... ဒီလိုမျိုး လက်အမြန်နှုန်းနဲ့ဆို မင်း ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာနိုင်တယ်!"
"တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ဖို့ စိတ်ဝင်စားလား"
......
"ဟေ့ ဒီနတ်သမီးက အံ့သြစရာပဲ"
ရှောင်ပိုင် သူမ၏ ဂိမ်းမှတ်တမ်းကို တစ်ချက်ကြည့်လိုက်ပြီး အသင်းဖော်များထံမှ ချီးကျူးစကားများကို သဘောကျစွာ ဖတ်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ယုံကြည်မှုသည်လည်း ထိပ်ဆုံးသို့ တက်လာခဲ့သည်။
ဒါပေမယ့် သူ့ရဲ့ ဂိမ်းစံချိန်ကို တိုင်းတာကြည့်မယ်ဆိုရင် သူမဟာ ဘယ်သူဆီမှာမှ ဒုတိယဖြစ်မှာ မဟုတ်။ ဆာဗာရှိ အခြားမည်သူမျှ ပထမနေရာကို တောင်းဆိုဝံ့မည် မဟုတ်ချေ။ ရှောင်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ရန် အကျဉ်းချုံး စဉ်းစားနေသေးသည်။
ပရော်ဖက်ရှင်နယ် တိုက်ရိုက် ထုတ်လွှင့်သူ တစ်ယောက်ဖြစ်လာရင် ငွေရှာနိုင်တော့မှာ မဟုတ်ဘူးလား။ ဒီရက်တွေ မြှင့်တင်ပြီးရင် သူ့ကိုယ်ပိုင်ငွေတွေ ဖောင်းပွလာပြီ။ သူ့သခင် တိုက်ပွဲဝင်မယ့်အချိန်ကို စောင့်ပြီး ငွေရေးကြေးရေးလည်း လွတ်မှာပဲ။
ဒီနတ်သမီးက လွတ်လပ်တဲ့ ဘဝကို သေချာပေါက် ပြန်ရလိမ့်မယ်!!
"တင်း!"
မက်ဆေ့ချ်ဘားတွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[သင်သည် ပြိုင်ပွဲဖိတ်ကြားချက်ကို လက်ခံရရှိပြီးဖြစ်သည်။ လက်ခံမည်/ ငြင်းပယ်မည်?]
ရှောင်ပိုင် တစ်ချီပြီးတစ်ပွဲ အောင်ပွဲခံထားတာကြောင့် ဟစ်အော်ကာ စက္ကန့်ပင် မစဉ်းစားဘဲ အတည်ပြုရန် သူမလက်ကို မြှောက်လိုက်သည်။
[ပွဲကို အောင်မြင်စွာ ချိတ်ဆက်လိုက်ပါပြီ]
[တစ်ဖက်လူ ဂိမ်းထဲ ပါဝင်လာခဲ့ပါပြီ]
ခဏအကြာ၌ ဂိမ်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ဒီနတ်သမီးကို မင်းက ဘယ်လိုသတ္တိနဲ့ စိန်ခေါ်ရဲတာလဲ... မင်းကို မျက်ရည်ကျအောင် ရိုက်ပစ်မယ် ကြည့်ထား!"
…
စခရင်ပေါ်ရှိ ဂိမ်းစတင်ခဲ့သည်။ ရှောင်ပိုင်သည် ဤဂိမ်းထဲတွင် သူမ၏ အရှိန်အဟုန်ကြောင့် အမြဲတမ်း နာမည်ကြီးခဲ့သည်။
ဒါပေမယ့် သူ့ပြိုင်ဘက်ရဲ့ အရှိန်က ပိုမြန်နေ၏။ ချောမွေ့သော ပေါင်းစပ်မှုအစီအရီများဖြင့် သူမသည် ပြိုင်ဘက်ကို လက်တွေ့ကျကျ ချေမှုန်းချင်လည်း ရုတ်တရက် စိတ်ရှုပ်သွားခဲ့သည်။ သူမ လက်ချောင်းများသည် လက်တွေ့တွင် ပုံရိပ်များကိုသာ ချန်ထားခဲ့မိလေသည်။
ဘယ်လောက်ပဲ ကြိုးစားပါစေ သူမ ပြိုင်ဘက်ရဲ့ အရှိန်ကို မလိုက်နိုင်ခဲ့ဘူး!!
ခဏကြာသော် ဖုန်းမျက်နှာပြင် မှိန်သွားသည်။
"ဟင်?"
ရှောင်ပိုင် အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် ဖုန်းစခရင်ကို မှီ၍ ပြောင်းလဲသွားသော ကံကြမ္မာကို မေးခွန်းထုတ်နေမိသည်။
"ငါ သေပြီလား?"
ဒီအတိုင်းသေသွားတာလား?
ဒီနတ်သမီးရဲ့ အရင်သွေးကို ဒီလိုပဲ ယူခဲ့တာလား။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
ရှောင်ပိုင် မယုံနိုင်လောက်အောင် စူးစူးစိုက်စိုက်ကြည့်ကာ သူ့ထံမှ လူသတ်ချင်စိတ်များ ပေါက်လာသည်။ ပြိုင်ဘက်၏ ထိုးနှက်ချက်ကြောင့် ဒေါသထွက်ကာ သူ့လက်အရှိန်ကလည်း တဟုန်ထိုး တိုးလာသည်။
ဒါပေမယ့် အသုံးမဝင်ခဲ့ပါဘူး။
သေမင်း သတင်းစကားများကသာ ဖန်သားပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ပြန့်ကျဲနေသည်။
သူက ပြိုင်ဘက်ရဲ့ အစွန်းကိုတောင် မထိခဲ့ဘူးတဲ့!
"မဖြစ်နိုင်ဘူး..."
ရှောင်ပိုင် ရေရွတ်ရင်း ကြေကွဲသွားသည်။
ဤသည်မှာ လူသားမဟုတ်ပါ။
ပြိုင်ဘက်က အင်ပါယာအဆင့် ကြယ်သားရဲ မဟုတ်ရင် ခွေးဖြစ်နိုင်သည်။
ရှောင်ပိုင် ဧည့်ခန်းဆီသို့ လှမ်းကြည့်လိုက်ရာ ချင်းယန်သည် သူမ သတိမထားမိခင် ဘယ်အချိန်က ဆိုဖာပေါ်သို့ ပြန်ရောက်လာတယ်မသိ ရောက်နေ၏။ သူ့ဖုန်းစခရင်က လင်းနေသည်။
မျှော်လင့်ထားသည့်အတိုင်း သူမ ကစားနေသည့် ဂိမ်းနှင့် အတူတူပင်။
"တုံ့ပြန်နိုင်သွားပြီလား?"
ရှောင်ပိုင် ကြည့်နေတာကိုတွေ့တော့ ချင်းယန် ပြုံးပြုံးလေးနဲ့ :"မင်း ဒီဂိမ်းကို ကောင်းကောင်း မကစားတတ်ဘူးကိုး"
သူပြောပြီးတာနဲ့ ရှောင်ပိုင်ခမျာ မိုးကြိုး ထိမှန်သွားတော့သည်။ မြေခွေးတစ်ကိုယ်လုံး ဇတ်ကနဲ တုန်ကာ အံ့အားသင့်သွားသည်။
"ငါ လက်လျှော့လိုက်ပါပြီ!"
ဖြစ်ပျက်ခဲ့တာတွေကို တွေးနေရင်း ရှောင်ပိုင်ရဲ့ မျက်လုံးတွေ နီရဲလာတော့သည်။ ဒေါသတကြီးနဲ့ မျက်နှာကို ဆိုဖာမှာ မြှုပ်ပြီး မြေကြီးကို အသားကုန် ထုရိုက်လေ၏။ ချက်ချင်းဆိုသလိုပဲ အရာအားလုံး ရှင်းသွားသည်။
ငါက လူသားမဟုတ်ပေမယ့် ချင်းယန်က တကယ့်ခွေးပဲ!
ပြီးတော့ သူ့မှာ လက်တစ်ဖက်ပဲရှိတယ်။
ဆိုးညစ်တဲ့သခင်! နင် ဒီမြေခွေးကို သေတဲ့အထိ ကိုက်ဖို့ ကြိုးစားနေတာလား။
တင်းတောင်!
တံခါးအပြင်ဘက်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
"ဆရာ...ကျွန်မပါ"
ချင်းယန် ရင်ကော့ကာ ဖုန်းကို ဝှေ့ယမ်းလိုက်သည်။
"မင်းရဲ့အင်တာနက် စွဲလမ်းမှု ပြန်ရနိုင်မလား ကြည့်ရအောင်... ဂိမ်းရှုံးတဲ့လူ တံခါးသွားဖွင့်...."
"ဝူးဝူး..."
သူမ မျက်လုံးများ နီရဲလာပြီး နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။ တစ်စုံတစ်ခုကို ပြောချင်သော်လည်း လက်လျှော့ကာ တံခါးဆီသို့သာ တုံ့ဆိုင်းစွာ သွားခဲ့ရသည်။
......
တံခါးအပြင်မှာ။
လီချင်းဟဲ လက်ဆောင်အိတ်ကို ကိုင်ဆောင်ကာ ဂျင်းဘောင်းဘီ ခပ်ပါးပါးလေးဝတ်ကာ ယောက်ျားလေးတစ်ယောက်လို ပုံပန်းသဏ္ဌာန်ဖြင့် မည်သို့စတင်ရမည်ကို စဉ်းစားနေသည်။
ဒီအတွက် ပြင်ဆင်နေတာ ကြာပါပြီ။
သတိလက်လွတ် အဖြစ်မခံနိုင်ပါ။
တံခါးပွင့်လာသည်။
"ဆရာ-?"
လီချင်းဟဲ သူ့ပါးစပ်ကို ဖွင့်လိုက်ပေမယ့် သူ့စကားက စာကြောင်းအလယ်မှာ ရုတ်တရက် ရပ်သွားသည်။ သူ့ရှေ့က ဆံပင်ဖြူဖြူကောင်မလေးကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေမိ၏။ အကြောင်းမှာ ထိုကောင်မလေးမှာ မျက်လုံးတွေ နီရဲနေတဲ့အထိ ငိုနေလို့ပင်။