← Chapters

လီကျစ်ရွှမ်း အောင်မြင်မှုတစ်ခုရရှိခဲ့ပြီး ကောင်းချီးနှစ်ထပ်ရခဲ့တယ်

Vol. 16 Ch. 231

လီကျစ်ရွှမ်း အောင်မြင်မှုတစ်ခုရရှိခဲ့ပြီး ကောင်းချီးနှစ်ထပ်ရခဲ့တယ်

Vol. 16 Ch. 231

ကျောက်ခန်းအတွင်း၌ ဓားသွားသံက ရှည်လျားစွာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေသည်။

"ဒါကဘာလဲ..."

လီကျစ်ရွှမ်း သူမ၏လက်ချောင်းများကို ဓားပေါ်မှဖြတ်၍ တစ်စုံတစ်ခုကို ခံစားရပုံပေါ်သော်လည်း တစ်ချိန်တည်းမှာပင် သူမ ထိတ်လန့်သွားမိသည်။

"ဘာလို့လဲ"

သူမ အနည်းငယ် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ ထမင်းပန်းကန်လုံးနှင့် ရေအိုးတစ်လုံးသာရှိသော သူမ၏ အခန်းအတွင်းတွင် သူမသည် အပြင်ဘက်မှ အသံများကို သတိမမူမိဘဲ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော် ဤဓားသွားသံ ထုတ်လွှင့်မှုသည် အချိန်နှင့် နေရာ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။ ၎င်းသည် မည်သည့်နေရာမှ လာသည်မသိဘဲ အချို့သော တာအို တေးသီချင်းဖြင့် ကောင်းကင်ဘုံတာအိုကို ဖော်ညွှန်းနေသည်။

၎င်းအတွင်းမှ လေးနက်သော တာအိုသံစဉ်သည် သူမ၏ စိတ်ကူးစိတ်သန်းထက် များစွာကျော်လွန်သွားခဲ့ပါပြီ။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်သူက လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။

"ဆရာ...."

လီကျစ်ရွှမ်း၏ အတွေးများ လွင့်ပါးသွားကာ ဓားတောင်ကြားကို ပြန်သတိရသွားသည်။ တစ်ချိန်က သူတို့ ဓားသူတော်စင် ဆရာတပည့်ကို ရင်ဆိုင်ရသောအခါတွင် သူမဆရာသည် မရေမတွက်နိုင်သော ဓားစွမ်းအင်များကို စုဆောင်းခဲ့ပြီး အောင်မြင်မှုတစ်ခု၊ တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် ဓားစွမ်းအင် ဝိညာဉ်လှိုဏ်ဂူကို ဖန်တီးပစ်ခဲ့သည်။

ယခုမူကား သူ မရှိတော့ပြီ။

စူးရှသောဓား၏ ပဲ့တင်ထပ်သော အသံသည် သူမနားကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တိကျသေချာသော မှတ်ဉာဏ်တစ်ခုကို ပြန်လည် ရရှိလာစေခဲ့သည်။

"..."

လီကျစ်ရွှမ်း၏ မျက်လုံးများမှာ ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လွင်လာကာ တစ်ဖန် သဘာဝ၏ နိယာမများကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ဗုန်း!

သူမ၏ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး အောင်မြင်မှုရရှိရန် ကာလရှည်ကြာ ဆုပ်ကိုင်ထားသည့် မျှော်လင့်ချက်ကို ဖြိုခွဲပစ်လိုက်သည်။ ဓားတစ်ချက်၊ တစ်ချက်ထိုးလိုက်ရင်ပဲ သူမကို တားဆီးနိုင်မယ့်အရာ ဘာတစ်ခုမှ မကျန်တော့သလိုပင်။

အတော်ကြာ စောင့်မျှော်နေခဲ့သော အောင်မြင်မှုများက နောက်ဆုံးတွင် ရောက်ရှိလာပြီး တန်ခိုးကြီးသော ဓားစွမ်းအင်များ ကျောက်နံရံပေါ် မျောပါသွားခဲ့သည်။ သူမ ပိုမိုမြင့်မားသောနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီ။

...

နောက်တစ်နေ့ နံနက်စောစော။

ဆောင်းဦးမိုးသည် လမ်းမများပေါ်တွင် ရွာချထားသဖြင့် ရေဗွက်အိုင်များသည် လူသွားလမ်းကို အနှောက်အယှက် ပေးနေ၏။ အိုင်တွေက ကြည်လင်သော ကောင်းကင်ပြာကို ရောင်ပြန်ဟပ်ကာ မြို့ကြီးသည်လည်း တဖြည်းဖြည်း ပြန်လည်ရှင်သန်လာခဲ့သည်။

ကျန်းဟိုင် စာကြည့်တိုက်။

"ပီး!"

"ချင်းယန် အလုပ်ချိန် 07:37"

အချိန်မှတ်စက်ဆီမှ စနစ်သံ ထွက်ပေါ်လာသည်။ ချင်းယန် သူ့ဝန်ထမ်းကတ်ကို လှန်လိုက်ပြီး ရုံးကို အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင်လည်း ဝန်ထမ်းများက နှုတ်ဆက်လာကြ၏။

"မင်္ဂလာပါ တာဝန်ခံ!"

"အင်း"

ချင်းယန် အနည်းငယ် တုန့်ပြန်လိုက်သည်။ အထဲမှာတော့ ရှုပ်ပွနေသော ဆွေးနွေးသံကို သူကြားနေရသည်။ ကျန်းဟိုင်တွင် မနေ့ညက ထူးဆန်းစွာ ဖြစ်ပေါ်လာသည့် ဓားမြည်သံ ဖြစ်စဉ်သည် တစ်မြို့လုံး သိရုံသာမက နိုင်ငံကိုလည်း တုန်လှုပ်စေခဲ့သည်။

စာကြည့်တိုက်ထဲက လူတိုင်းသည် မနေ့ညက အဖြစ်အပျက်များကို ဆွေးနွေးနေကြသည်။ ကြယ်သိုင်းရဲစခန်းက ကြယ်ပွင့်ရဲဌာနကလည်း အချိန်ပိုအလုပ်ဆင်းနေပြီး ဥသြသံများ ဆူညံနေသည်။

ချင်းယန် သူ့ရုံးခန်းထဲက ကုလားထိုင်တွင် ထိုင်ကာ လေအေးပေးစက်ကို လက်တစ်ဖက်ဖြင့် ဖွင့်၍ သက်တောင့်သက်သာရှိသော အပူချိန်သို့ ချိန်ညှိလိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်လိုက်သည်။ လက်ရှိ ခေတ်စားနေသော ရှာဖွေမှု စကားလုံးများသည် မနေ့ညက ကျန်းဟိုင်တွင် ပုံမှန်မဟုတ်သော မြင်ကွင်းများနှင့် ဆက်စပ်နေပါသည်။

[ကျန်းဟိုင် ဓားမြည်သံ]

ဤအသုံးအနှုန်းသည် ခေတ်စားနေသော ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး တရားဝင်မီဒီယာများက ၎င်းကို အစီရင်ခံရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြသည်။ သတင်းအောက်တွင် ဖော်ပြထားသော မှတ်ချက်များသည် အဖြစ်အပျက်နှင့် ပတ်သက်ပြီး အပြင်းအထန် ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေ၏။ ဟာသများ သို့မဟုတ် လေးနက်သော ထင်ကြေးများ ပေးဆောင်နေကြသည်။

[ကူညီကြပါဦး! ငါ့ဓားက ဝိညာဉ်ရှိသွားပြီ!!]

[မနေ့ညက ကျန်းဟိုင်မြို့မှာ ဓားသံတွေနဲ့ ပြည့်နေတာ]

[ကျန်းဟိုင်မှာ မွေးရာပါနယ်ပယ် တစ်ယောက် တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကောလဟာလတွေ ရှိနေတယ်... အဲဒီသခင်က ဒီထူးခြားတဲ့မြင်ကွင်းကို ဖြစ်စေနိုင်တာများလား]

[ကြယ်သိုင်းရဲစခန်းက တစ်ညလုံး စေ့စေ့စပ်စပ် စုံစမ်းခဲ့သော်လည်း ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူးတဲ့]

အင်တာနက်ပေါ်တွင်တော့ ကောလာဟလများက တောမီးကဲ့သို့ ပျံ့နှံ့နေပြီး ဖြစ်ရပ်မှန်နှင့် အမှားအယွင်းများပါ ပျံ့နှံ့နေကာ လူအများကလည်း ဆွေးနွေးမှုကို နှစ်သက်နေကြသည်။

ထိုအထဲ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့တဲ့ အချက်တစ်ခုလည်း ရှိခဲ့သည်။ ကျန်းဟိုင်မြို့က ဓားသမားများသည် မနေ့ညက ဤထူးထူးခြားခြား အဖြစ်ဆီမှ အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။

သူတို့၏ ကျင့်ကြံမှု အဆင့်များ ခုန်တက်သွားပြီး နယ်ပယ်များ တိုးလာသည်။ သူတို့အတွက် ဓားသံက ကောင်းကင်က တကယ့်ကောင်းချီးတစ်ခုလို ဖြစ်သွားကာ ဖော်မပြနိုင်လောက်အောင် အံ့ဩစရာ ကောင်းနေ၏။

သားရဲဒီရေပြီးနောက် ကျန်းဟိုင် ဓားနတ်ဘုရားသည် သူ၏အမှန်တရားကို သက်သေပြရန် သူအသက်ကို စတေးပြီး နတ်ဘုရားအဖြစ်သို့ တိုက်ရိုက် တက်သွားသည်ဟု အချို့က သတ္တိရှိရှိ မှန်းဆနေကြသည်။

ယင်းက မြို့တစ်ခွင်ရှိ ဓားသမားများကို အကျိုးပြုသည့် ဓားသံကို ဖြစ်ပေါ်စေခဲ့သည်ဟု။

"စိတ်ဝင်စားစရာပဲ!"

ချင်းယန် အင်တာနက် အသုံးပြုသူများထံမှ ရယ်စရာကောင်းသော မှတ်ချက်များကို ဖတ်ရင်း ရင်တထိတ်ထိတ်ဖြင့် သူ့ဖုန်းစခရင်ကို စိုက်ကြည့်နေသည်။ သူ ဝမ်းသာသွားသည်။ သူဘာမှပြောစရာတောင် မလိုဘဲ အင်တာနက်သုံးစွဲသူတွေဟာ သူတို့ရဲ့ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ပုံဖော်ပြီးသွားပြီ။

မသိစိတ်က ရှောင်ပိုင်ကို လှမ်းရိုက်လိုက်ပေမယ့် သူမကို ဘယ်မှာမှ မတွေ့ရချေ။ ရှောင်ပိုင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ရွေ့လျားရန် အလွန်ပျင်းရိခဲ့ပြီး ပြီးပြည့်စုံသော အိမ်သူဖြစ်လာခဲ့သည်။

အိမ်ထဲက မထွက်ချင်ဘဲ ဂိမ်းကစားရင်း သူ့အိမ်မှာပဲ နေခဲ့သည်။ သူမဟာ အင်တာနက်ကို စွဲလန်းနေရုံသာမက အွန်လိုင်းမှ မီးချောင်းများ နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ ကိရိယာများစွာကိုလည်း ဝယ်ယူခဲ့သည်။

ကြီးကြီးမားမား ဖြစ်ပျက်နေသည့် လက္ခဏာမျာပင်။

"ဒီမိုက်မဲတဲ့ မြေခွေး... သူက တိုက်ရိုက်ထုတ်လွှင့်သူဖြစ်ဖို့ တကယ်ပဲ စီစဉ်နေတာလား"

ချင်းယန် ရှောင်ပိုင်ရဲ့ ဂိမ်းစွမ်းရည်ကို ပြန်တွေးရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထိုအချိန်မှာပဲ ရုံးခန်းတံခါး ပွင့်လာသည်။

"ဆရာ...မင်္ဂလာနံနက်ခင်းပါ"

လီချင်းဟဲ တံခါးကို တွန်းဖွင့်လိုက်သည်။ လက်ဆောင်အိတ်ကို လက်ထဲမှာ ကိုင်ထားပြီး ခေါင်းတစ်ခြမ်းကိုပဲ အခန်းထဲ ထည့်ထားလေ၏။

"အခုနက အရမ်းမြန်မြန် သွားနေတာ ကျွန်မခေါ်တာတောင် မကြာဘူး "

"ကျစ်! မင်း ဒီမှာ ဘာလုပ်နေတာလဲ"

ချင်းယန် သူမကို မော့ကြည့်လိုက်ပြီး ညာဘက်လက်ထဲက လက်ဆောင်အိတ်ကို တစ်ဖန် စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ဆရာကို ပြန်တွေ့ဖို့ ငါ့ကို လာနှောင့်ယှက်နေတာလား"

"ဆရာ စိတ်မဆိုးပါနဲ့ တစ်ခုလောက်မေးချင်လို့ပါ"

သူမ ချင်းယန်ရဲ့အမူအရာတွေကို လေ့လာပြီး :"မနေ့ညက ဓားဝီစီသံက ဆရာဘိုးဘိုးကြောင့်မလား?"

သူမက ဖြည့်စွက်စာတစ်ဗူးကို ဝင်ပေးရင်း။

"ဆရာနဲ့ ဆရာဘိုးဘိုးက ဒီရက်ပိုင်းတွေထဲ အရမ်းကြိုးစားခဲ့တာလေ... ကျေးဇူးပြုပြီး ကျွန်မဆီက ဒီလက်ဆောင်လေးကို လက်ခံလိုက်ပါ..."

"?"

ဒါကိုကြားတော့ ချင်းယန်ရဲ့နဖူးက မေးခွန်းအမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ လှမ်းယူဖို့ သူလက်မဆန့်ဘဲ အလွန်သတိရှိနေခဲ့သည်။

ဒီမိုက်မဲတဲ့ ကောင်မလေးက ဘာလုပ်ချင်နေတာလဲ?

"ဘာလို့ ဒီကို ရုတ်တရက် လာပို့နေတာလဲ အပြင်မှာ ပြဿနာတက်နေတာလား"

ချင်းယန် ဗျူဟာကျကျ နောက်ပြန်ဆုတ်ကာ သတိပေးသည်။

"ငါမင်းကိုကြိုပြီး သတိပေးထားမယ်... တစ်ခုခုမှားနေရင် ငါ့နာမည်ကို လုံးဝမပြောရဘူး မင်းသစ္စာဖောက်တပည့်"

"အာ မဟုတ်ပါဘူး"

လီချင်းဟဲ မျက်ရည်တွေ စီးကျလာပြီး ထိတ်လန့်တကြား ငြင်းလိုက်သည်။

မနေ့ညက ဖုဟိုင်ဗီလာ အသိုက်အဝန်းက ထွက်သွားပြီး လမ်းမှာ ဆရာဘိုးဘိုးကို စိတ်ထဲက ကျိန်ဆဲရသ နှုတ်ဆိတ်နေခဲ့သည်။ သို့သော် သူထွက်သွားသည်နှင့် တစ်မြို့လုံး ဓားသွားသံများ ထွက်ပေါ်လာသည်။ အရင်က သူမ ပြောဖူးတဲ့ စကားဆိုးတွေကို ပြန်တွေးပြီး ဆရာဘိုးဘိုးရဲ့ ကြီးမားလှတဲ့ စွမ်းအားတွေကို ပြန်တွေးမိ၏။

"ဆရာဘိုးဘိုး စိတ်ဆိုးသွားတာလား"

လီချင်းဟဲ လဲကျသွားသည်။

'ဆရာဘိုးဘိုးရဲ့ ခံယူချက်က ပြင်းထန်လွန်းတယ်... အဲဒီတုန်းက ငါ နတ်ဆိုးစွဲနေလို့ လမ်းမှာ သူ့အကြောင်း မကောင်းတာတွေ နည်းနည်းလေးပဲ ပြောနေခဲ့တာ...'

"ဘာမှမဖြစ်ပါဘူး..."

ဒါကိုကြားတော့ ချင်းယန် ရယ်ပေမယ့် အလေးအနက် မထားတော့ပါ။ နောက်ဆုံးတော့ သူနားလည်သွားပြီ။ မနေ့ညက ဆူပူသံက ကျယ်လောင်လွန်း၏။ ယင်းအစား လျှို့ဝှက်အစီအစဉ်များဖြင့် လူအချို့ကိုပါ ကြောက်လန့်သွားစေသည်။

"တကယ် အဆင်ပြေရဲ့လား? တပည့်ကို မခြောက်ပါနဲ့!"

"ကောင်းပြီ သွားတော့ မင်းဆရာဘိုးဘိုးက အဲ့လောက် သဘောထားမသေးဘူး.. မြန်မြန်ထွက်သွား ငါ့ရဲ့တရားထိုင်နေတာကို မနှောင့်ယှက်နဲ့!"

"အိုး... ဒါဆို ပစ္စည်းတွေ ဒီမှာပဲ ထားခဲ့လိုက်မယ်"

လီချင်းဟဲ လက်ဆောင်အိတ်ကို မဝံ့မရဲချလိုက်ပြီး တံခါးနောက်သို့ ဆုတ်သွားခဲ့သည်။

"တပည့် အခုထွက်သွားတော့မယ်... ဆရာ ကျေးဇူးပြုပြီး ဆရာဘိုးဘိုးဆီ ပို့ပေးပါဦး"

ပြီးတာနဲ့ ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

"..."

ချင်းယန် လက်ဆောင်သေတ္တာထဲက အရာတွေကို သေသေချာချာ စစ်ဆေးကြည့်ရင်း သူ့ရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်လိုက်သည်။ ကျားကြာပွတ်၊ အစွမ်းထက်မှို၊ နှင်းကြာပန်းနှင့် အားလုံးက အလွန်အာဟာရပြည့်ဝသည့် ပစ္စည်းတွေ ဖြစ်လေ၏။

ဒီကောင်မလေးက တကယ်ကို ရှက်နေတာ ထင်ရှားသည်။ သူမ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ တစ်မြို့လုံး ဓားသွားအော်သံကို နားထောင်ရင်း တစ်ညလုံး ထိတ်လန့်နေပေလိမ့်မည်။

သို့သော် မိနစ်အနည်းငယ်အကြာတွင် ရုံးခန်းတံခါး ပွင့်လာပြန်သည်။

"မင်းကို ထွက်သွားဖို့ မပြောထားဘူးလား..."

ချင်းယန် မျက်မှောင်ကြုတ်ကာ တံခါးကို မျှော်ကြည့်လိုက်တော့ ဒီအချိန်မှာ ရောက်လာတဲ့လူက လီချင်းဟဲ မဟုတ်ဘဲ ရှဟဲ ဖြစ်နေသည်။

"လောင်ချင်း မင်းဘာတွေပြောနေတာလဲ"

ရှဟဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သူသည် ယူနီဖောင်းနှင့် လည်စည်းကို ၀တ်ဆင်ထားပြီး ဝမ်းဗိုက် အနည်းငယ် ပြူးနေသည့် အဖြူရောင် အနားကွပ်ကို တွေ့ရသည်။ ရွှေရောင်မျက်မှန်တပ်ထားသည်။ သူက တံခါးကို ပြန်ကြည့်ကာ အံ့အားသင့်စွာ ပြောလာ၏။

"အခုလေးတင် လီချင်း ပြေးလာတာ တွေ့လိုက်တယ် သူ ငိုနေသလိုပဲ... သူ့ကို ရိုက်လိုက်ရတာလား မင်းရဲ့လူတွေကို ရက်စက်လိုက်တာ..."

"အဆင်ပြေပါတယ် ငါက အဲဒီကောင်ကို ရိုက်ရမှာလား"

ရှဟဲ၏ ၀တ်စားဆင်ယင်မှုကို ငုံ့ကြည့်ရင်း ချင်ယန်၏ မျက်ခုံးများ ပြေလျော့သွားသည်။

"ဘာလို့ဒီလောက်ဝတ်ထားတာလဲ...အာ့..ဒီနေ့တရားဝင်ရောက်နေတာလား"

"ဟေး ဘယ်လိုလဲ ချောတယ်မလား"

သူ့ဆံပင်က လူကြီးတစ်ယောက်လို စတိုင်ပြောင်းထားသည်။ ရှဟဲ သူ့ပုခုံးတွေပေါ် လက်တွေနဲ့ ပွတ်သပ်လာပြီး စားပွဲပေါ် လှဲချလိုက်တယ်။ ကြယ်လက်စွပ်ထဲက တစ်ခုခုကို ထုတ်ယူပြလေ၏။

ချင်းယန် အနီးကပ် ကြည့်လိုက်သော် ကြီးမားသော "囍" ဟူသော စာလုံးအား ရွှေဖြင့် ချယ်လှယ်ထားသော ဖိတ်စာ၊ ပွဲလမ်းသဘင် အနီကတ်တစ်ခု ဖြစ်နေသည်။

"?"

ဒါကိုမြင်တော့ ချင်းယန် မင်္ဂလာဆောင်ဖိတ်စာကို စားပွဲပေါ်ကနေ ကောက်ယူပြီး တအံ့တသြ စစ်ဆေးကြည့်မိ၏။

"မင်းရဲ့?"

"ဟုတ်တယ် မင်းသူငယ်ချင်း ငါလက်ထပ်တော့မှာ"

ရှဟဲ ခေါင်းကုတ်ပြီး ပြုံးပြလိုက်သည်။

"နောက်လပဲ... မင်းအချိန်ရှာရင် ကျေးဇူးပြုပြီး လာပေးနိုင်မလား တာဝန်ခံချင်း"

"…."

ချင်းယန် ရှဟဲကိုကြည့်ရင်း တိတ်ဆိတ်နေ၏။

သူ့လက်ထဲက အနက်ရောင်နဲ့ ရွှေချယ်လှယ်ထားတဲ့ ဖိတ်စာလေးကို ကြည့်ပြီး မယုံနိုင်လောက်အောင် အကြိမ်ကြိမ် လှန်ကြည့်နေမိသည်။ ရှဟဲလို ပလေးဘွိုင်တစ်ယောက် သူ့အချစ်စစ်ကို တကယ်ရှာတွေ့နိုင်ပါ့မလား။

"ဘယ်လိုလုပ်လိုက်တာလဲ?"

ချင်းယန်သည် ရှဟဲကို စိုက်ကြည့်ရင်း ရုတ်တရက် မရင်းနှီးသလို ခံစားလိုက်ရသည်။

"မဟုတ်ဘူးလေ သူငယ်ချင်း..."

ရှဟဲရဲ့ ဦးရေပြားက တုန်ရီလာတော့သည်။

"မင်းမျက်လုံးက ဘာပုံကြီးလဲ... ငါ စစ်မြေပြင်မှာနေတာကြာပြီ သိမ်မွေ့တဲ့ ကြည်နူးမှုကို ငါ မခံစားလို့ မရဘူးလား"

"ငါ......"

ချင်းယန် ခဏမျှ တိတ်ဆိတ်သွားသည်။ ရှဟဲ၏ စိတ်နေစိတ်ထားကို တွေးကာ သူဘယ်လိုစရမှန်း မသိ။ နောက်ဆုံးတွင် သက်ပြင်းသာသာချကာ ကူကယ်ရာမဲ့သလိုဖြင့်။

“မင်း သူများရဲ့ စည်းစိမ်ဥစ္စာကို ယူဖို့ လက်ထပ်တာလို့တော့ ငါ့ကို မပြောနဲ့နော်”

"ဟီးဟီး မဖြစ်နိုင်ပါဘူး"

ရှဟဲ ခေါင်းကုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့မှုအရိပ်အမြွက်မျိုး ပြနေသည်။ သူက ရှက်ရွံ့စွာနဲ့။

"ကောင်မလေးက ရဲစစ်ဆေးရေးမှူးလည်း လုပ်နေတယ်... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ မဆိုးပါဘူး ငါတို့ မဖောက်ပြန်မှာတော့ သေချာတယ်..."

"မင်း သူများခယ်မနဲ့ သွားမရှုပ်ရင် ရပြီ သူမ မင်းနဲ့ အတူနေဖို့ ဆန္ဒရှိတယ်ပေါ့... ပိုင်ကျင်းဟန့်ကို ထပ်ပြီး သွားဖို့ စိတ်ရှိသေးလား"

"ငါ မလုပ်ရဲဘူး သေချာပေါက် ငါမလုပ်ဘူး"

ရှဟဲ သူ့လက်ဖက်ရည်ကို ငုံ့ပြီးနောက် ရုတ်တရက် ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။

"သူ့မိဘတွေနဲ့တွေ့ပြီးမှပဲ ငါသိခဲ့တာ.... လောင်ချင်း သူ့အဖေက ဘယ်သူလဲဆိုတာ မင်းသိလား"

"ဘယ်သူလဲ?"

"ရဲဦးစီးချုပ်ကွ..."

"???"

ချင်းယန်လည်း ခဏတာမျှ အံ့အားသင့်သွားသည်။ သူ့စိတ်တွေ တဆတ်ဆတ် တုန်လာသည်။

ရဲဦးစီးချုပ်!?

ဦးစီးချုပ် သမီးက ရှဟဲအပေါ် ကြွေဆင်းသွားတာလဲ?

"ကဲ မင်းနားလည်ပြီမဟုတ်လား"

ရှဟဲ လက်ဖက်ရည် မော့သောက်လိုက်သည်။

"ငါ့ယောက္ခထီးက ဦးစီးချုပ်..ငါ အခု ပိုင်ကျင်းဟန့်ကို ပြန်သွားရင် သူက လက်နက်ကိုင် အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ပြီး ငါ့ရဲ့ ကိရိယာတွေကို သိမ်းသွားမှာ မဟုတ်ဘူးလား"

"..."

ချင်းယန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ ငါ ခွင့်စာတင်ထားလိုက်မယ် ဒါမှ ပွဲတက်နိုင်မှာ"

"ဟားဟား ကောင်းတယ် ဒါပေမယ့် မင်းအကြောင်း မကောင်းတာ ဘာမှ မပြောထားပါဘူး.... ဘာပဲဖြစ်ဖြစ် လောင်ချင်း မင်းလည်း ကလေးမဟုတ်တော့ဘူး..."

ရှဟဲ ရှက်ရွံ့စွာ ပြုံးပြီး မျက်မှိတ်ပြကာ :"တစ်နေ့ မင်းကို ပြုစုစောင့်ရှောက်ဖို့ မိန်းကလေးကို ရှာပါလား မင်းရဲ့ မင်္ဂလာပွဲကိုလည်း ငါတက်ချင်တယ် လီမျိုးရိုးလည်း မဆိုးဘူး..."

"..."

ချင်းယန်၏ မျက်နှာ မည်းမှောင်သွားသည်။

"ထွက်သွား!"

All Chapters