← Chapters

ခြင်ဆီ သန့်စင်ဆေးကို သန့်စင်ခြင်း

Vol. 16 Ch. 233

ခြင်ဆီ သန့်စင်ဆေးကို သန့်စင်ခြင်း

Vol. 16 Ch. 233

ခြံဝင်းထဲမှာ၊ အနက်ရောင်အိုးထဲတွင် ဆူပွက်နေသော မီးနိယာမစွမ်းအင်သည် မီးဖိုတစ်ဝိုက်တွင် ရစ်ပတ်နေရင်း သားရဲမီးကို အထောက်အပံ့ ပေးနေသည်။ မြေပြင်ပေါ်ရှိ သဘာဝရတနာများကို သပ်ရပ်စွာ အတန်းနှစ်တန်းဖြင့် စီစဥ်ထားသည်။

"မီးတောက်ကြာပန်း၊ ကောင်းကင်ခြင်ဆီမြက်၊ မြေဝံပုလွေအရိုး... ဒါတွေနဲ့ဆို လုံလောက်သင့်တယ်"

ချင်းယန် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ပစ္စည်းများကို တွက်ချက်နေသည်။ လီချင်းဟဲ ပေးပို့ခဲ့သော ပစ္စည်းအများအပြားသည် အဖိုးမဖြတ်နိုင်သည့်အပြင် ယခင် ဓားသူတော်စင်ဆီက ဆေးဖက်ဝင်အကြွင်းအကျန်များလည်း ရှိသေးရာ ဤဆေးလုံးကို သန့်စင်ရန်အတွက် လုံလောက်သည်ထက် ပိုပါသည်။

နောက်တစ်ခု စဉ်းစားရမှာက ဘယ်လို ဆေးအမျိုးအစားကို သန့်စင်သင့်သလဲ။ ဏ

ရှဟဲရဲ့ ခွန်အားက နောက်ဖွားနယ်ပယ်တွင်သာ ရှိသည်။ အကောင်းဆုံး ဆေးတွေတောင် အဆိပ်အန္တရာယ်ကို ထည့်စဉ်းစားရမည်။ ထို့ကြောင့် ချင်းယန်လည်း ခဏလောက် စဉ်းစားနေရ၏။ သူသည် ဆေးလုံးကို ပိုမိုကောင်းမွန်သော ဗားရှင်းဖြင် သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။

အသက်ရှည်ခြင်းက ရှဟဲ၏ ကျင့်ကြံမှု ကိုယ်လုံးကိုယ်ပေါက်ကို တိုက်ရိုက်ပြောင်းလဲစေကာ သူ၏ မွေးရာပါချို့ယွင်းချက်များကို ဤနည်းလမ်းဖြင့် အတင်းအကျပ် ကျော်လွှားသွားစေမည် ဖြစ်သည်။

ပိုအရေးကြီးတာက ရှဟဲ၏ သားစဉ်မြေးဆက်များသည် ဤကောင်းချီးမင်္ဂလာများကို ခံစားနိုင်စေမည့် ဤကိုယ်လုံးကိုယ်ထည်ကို အမွေဆက်ခံနိုင်ရမည်။

"မဆိုးပါဘူး..."

သေချာစဉ်းစားပြီးနောက် ချင်းယန် တုံ့ဆိုင်းမနေတော့ဘဲ သူ့အင်္ကျီကို လှန်လိုက်ကာ ချက်ချင်း အလုပ်စလုပ်တော့သည်။

နောက်အခိုက်အတန့်တွင် မီးနဂါးတစ်ကောင် ခြံဝင်းထဲမှာ ပြေးလွှားကာ အဂ္ဂိရတ်ဆေးအိုးကို လျင်မြန်စွာ လှည့်ပတ်နေလေ၏။ ချင်းယန် ပါဝင်ပစ္စည်းများကို အိုးထဲသို့ ကျွမ်းကျင်စွာ တစ်ကြိမ် ပစ်ထည့်လိုက်သည်။ အံ့ဖွယ်ကောင်းကင်ဆေးကျမ်း၏ အပိုဆုကြေးများနှင့် သူ၏ယခင်က အဂ္ဂိရတ်သန့်စင်ခြင်း အတွေ့အကြုံကြောင့် ယခုအခါ သူ့အတွက် ကိတ်မုန့်တစ်ခု ဖဲ့စားရသလို ဘာအခက်အခဲမှမရှိပေ။

ဗုန်း!

မီးဖိုအောက်မှာ သားရဲမီးတွေ ပေါက်ကွဲသွားသည်။ စွမ်းအင်မြင့်မားသော အပူကို ထုတ်လွှတ်ပြီး လေကိုပါ အဆက်မပြတ် တောက်လောင်လာစေသည်။ ဒါပေမယ့် ယိုစိမ့်တဲ့ အရိပ်အယောင် မတွေ့ရဘဲ ခြံဝင်းက အနည်းငယ်အေးနေပြီး အိုးအောက်ခြေရှိ အသီးအရွက်များကိုပင် ထိခိုက်မှုမရှိစေချေ။

ချင်းယန် အပူချိန်ကို မှန်မှန်ပိတ်ပြီး အပူကို ထိန်းချုပ်ကာ အိုးအတွင်းမှ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေသည်။

"ငါ့လက်တွေက နည်းနည်း စိမ်းနေသေးတယ် ဒါပေမယ့် အဆင်ပြေပါတယ်"

အဂ္ဂိရတ်ဆေး ရနံ့ကို ရှူရှိုက်လိုက်သည်။ သူ ဆေးလုံး မသန့်စင်ဖြစ်တာ တော်တော်ကြာပြီ လက်က နည်းနည်း သံချေးတက်နေပေမယ့် မီးနိယာမ၏ အကူအညီကြောင့် ၎င်းကို ဖြည့်ဆည်းပေးနိုင်သေးသည်။

မိနစ်အနည်းငယ် ကြာသောအခါ ကြွယ်ဝသော အဂ္ဂိရတ်ဆေးရနံ့က လေထဲ ပြည့်သွား၏။

…

….

"ငါ့ရဲ့အရင် အကောင့်အားလုံးကို မသုံးတော့ဘူး"

အခန်းတွင်းရှိ ရှောင်ပိုင်သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေရင်း သူမ ဖွင့်ပြထားသော အကောင့်များကို ရေတွက်နေသည်။

"အသစ်တစ်ကောင် ဖန်တီးလိုက်မယ်လေ..."

အဂ္ဂိရတ်ဆေး၏ရနံ့သည် သူမနှာခေါင်းထဲ တိုးဝင်လာပြီး သူမ၏နှာခေါင်းပေါက်ထဲ လွှမ်းခြုံသွားသည်။

"ဟမ် ဒါက ဘာလဲ။!"

ရှောင်ပိုင် သူ့ဖုန်းကိုချလိုက်ပြီး သူ့ရဲ့ မြေခွေးနားရွက်များ ထောင်သွားသည်။ ရနံ့ကို ရှူရှိုက်ရင်း လသာဆောင်သို့ လျင်မြန်စွာ လျှောက်သွားကာ ခြံဝင်းကို အပေါ်စီးမှ လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ ခြံဝင်းထဲမှ ချင်းယန်ကို တွေ့လိုက်သည်။

သားရဲမီးက မီးတောက်နေသော နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရှောင်ပိုင် လက်ရန်းပေါ်တွင် ဝပ်နေကာ အောက်ဖက်က မြင်ကွင်းကို ဖမ်းယူနေ၏။

"ဟမ့် သခင်စုတ်... ဒီနတ်သမီးမသိအောင် ဆေးတွေကို တိတ်တိတ်လေး သန့်စင်နေပြန်ပြီ!"

ဒီနတ်သမီး အခုကစပြီး မြေခွေးအနမ်း စွမ်းရည်ကို ဖွင့်လိုက်ပါပြီ။ ခဏကြာတော့ ရှောင်ပိုင် လသာဆောင်မှ အမြန်ထွက်ပြီး ချင်းယန်ဆီသို့ ပြေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်းယန် ခြင်ဆီ သန့်စင်ဆေးကို ရသွားပြီ။ သူ ရှောင်ပိုင် ပြေးလာတာကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူမဟာ သူ့အိမ်မွေးတိရိစ္ဆာန် ဖြစ်တာကြောင့် တစ်လုံးကို သူမရဲ့ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်၏။

ရှောင်ပိုင် သူမပါးစပ်ထဲက ခြင်ဆီ သန့်စင်ဆေးကို မျိုချလိုက်ပြီး ချက်ချင်းပင် ကျေနပ်သွားသည်။

"သခင် သက်တော်ရာကျော်ရှည်ပါစေ!"

………

နောက်တစ်နေ့ နေ့လည်။

ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီ အနီး။

နေ့လည်စာစားချိန်ဖြစ်သဖြင့် ကျောင်းသားများ ပြေးထွက်လာကြပြီး အစားအသောက်များ မှာယူကြသည်။ လူစုလူဝေး များပြားလာပြီး ကျောင်းတံခါးဝတွင် လူများ သိသိသာသာ တိုးများလာရာ ဒီအချိန်မှာ စားသောက်ဆိုင်ကလည်း လုံးလုံးပြည့်နေပြီ။ ထိုင်ခုံတိုင်း ပြည့်နေပြီး လေထုကလည်း လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။

"သခင်မလေး မင်းတစ်ယောက်တည်းလား"

စားပွဲထိုးက လီကျစ်ရွှမ်း ချဉ်းကပ်လာတာကို တွေ့တော့ အမြန်မေးလိုက်သည်။

“ဒီနေ့က နေရာပြည့်နေလို့ပါ…”

"ကျွန်မ ကြိုတင်နေရာယူထားပါတယ်"

လီကျစ်ရွှမ်း ညင်ညင်သာသာ နှောင့်ယှက်လိုက်ပြီး ဖုန်းကို ဆွဲထုတ်ကာ စားပွဲထိုးကို စစ်ဆေးနိုင်ဖို့ ကြိုတင်မှာယူထားသည့် နံပါတ်ကို ပြသလိုက်သည်။

"ခဏစောင့်ပါဦး"

စားပွဲထိုးက စစ်ဆေးပြီး အတည်ပြုလိုက်တော့ သူ့အမူအရာက ပိုလို့တောင် လေးစားသွားသည်။

"ကောင်းပါပြီ ဧည့်သည်က အပေါ်ထပ်မှာ စောင့်နေပါတယ်... ကျေးဇူးပြုပြီး ကျနော့်နောက်ကို လိုက်ခဲ့ပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

လီကျစ်ရွှမ်း ညင်သာစွာ ခေါင်းညိတ်ပြပြီး စားပွဲထိုးကို လူအုပ်ကြားမှ လိုက်ကာ သီးသန့်အခန်းဆီသို့ လှေကားထစ်ကို တက်လိုက်သည်။

"အထဲမှာ စောင့်နေပါတယ်"

ခမ်းနားထည်ဝါသော သီးသန့်ခန်း ဖြစ်လေသည်။ အတွင်းခန်း၌ မန်ချူဟန်ဟင်းပွဲအပြည့် စားပွဲပေါ်တွင် တင်ထားသည်။ လီချင်းဟဲ ရှန်ပိန်တစ်ခွက်ကို ကိုင်ကာ တစ်ယောက်တည်း ပွဲကို စိုက်ကြည့်နေသည်။ သူမ အတွေးထဲ နစ်မျောနေသဖြင့် လီကျစ်ရွှမ်း ဝင်လာတာကို သူမတွေ့လိုက်ရမှ သတိပြန်ဝင်လာသည်။

"ရောက်ပြီလား"

"အစ်မချင်းဟဲ ငါ့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ"

လီကျစ်ရွှမ်း ပွဲပတ်ပတ်လည်ကို ငုံ့ကြည့်ကာ ချီတုံချတုံဖြစ်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။

"စားစရာ မလိုပါဘူး... ခဏနေ ပြန်သွားပြီး ကျင့်ကြံဦးမှာ... ဒီမှာ ဆက်နေလို့ မရတော့ဘူး..."

"ဟေ့ မြန်မြန်ထွက်မသွားနဲ့လေ! နောက်ဆုံးတော့ ငါတို့ ညီအစ်မတွေ မဆုံတာကြာပြီ...."

လီချင်းဟဲက မတ်တပ်ရပ်ပြီး သူမကို စားပွဲပေါ်ဆွဲတင်ကာ ထိုင်ခုံပေါ် နေရာချပေးရင်း ပြုံးပြလိုက်သည်။

"လာပါ ချစ်လေး ရွှမ်းရွှမ်းရယ်... နင် ကိုယ်အလေးချိန် ပြန်ကျသွားတယ်မလား"

"ငါ..."

လီကျစ်ရွှမ်း တစ်ခုခုပြောချင်ခဲ့သည်။ ဒါပေမယ့် သူ့ဝမ်းကွဲရဲ့ သိမ်မွေ့တဲ့ မေးမြန်းမှုတွေကို ကြားတော့ မျက်လုံးတွေက ပျော့ပြောင်းသွား၏။ သူများနဲ့ ယှဉ်ရင် လီချင်းဟဲကသာ သူမ၏ အရင်းနှီးဆုံးလူဖြစ်ပြီး တစ်ဂိုဏ်းထဲက တပည့်ရင်းများ ဖြစ်သည်။

"ရွှမ်းရွှမ်း ဒီနေ့ တခြားအကြောင်းတွေ မပြောပါရစေနဲ့... ငါနင့်ကို အရင် ဂုဏ်ပြုဦးမယ်"

လီချင်းဟဲ အရူးလေးတစ်ယောက်လို လက်ဗလာဖြင့် ရှန်ပိန်ပုလင်းကို ဖွင့်လိုက်ပြီး မီးရှူးမီးပန်းများ ပေါက်ထွက်သည့် အဖြူရောင်အမြှုပ်များ

"ဂုဏ်ယူပါတယ် ဆရာဒေါ်လေး... တံခါးပိတ်ကျင့်ကြံရာကနေ အောင်မြင်စွာ ထွက်လာခဲ့ပြီ.. နင့်ရဲ့ ခွန်အားက အဆင့်သစ်ကို ရောက်သွားပြီမလား!"

"..."

လီကျစ်ရွှမ်း၏ နားရွက်များ နီမြန်းလာပြီး လီချင်းဟဲပါးစပ်ကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။

"အစ်မချင်းဟဲ! အပြင်မှာ လူတွေအများကြီးရှိတယ်၊ တစ်ယောက်ယောက် ကြားသွားရင်..."

"ဟေး စိတ်မပူပါနဲ့ ငါ အသံလုံအောင် အစီအရင် ချထားတယ်... လုံးဝ ဘေးကင်းတယ် ဒီနေ့ ငါနင်နဲ့ ထမင်းစားဖို့ ဖိတ်ထားပြီးပြီပဲဟာ"

"ကောင်းပြီ ဒီတစ်ခါပဲ"

လီကျစ်ရွှမ်း လုံးဝကို ထိန်းချုပ်ထားပြီး ထမင်းစားရန်သာ ဆက်ထိုင်နိုင်ခဲ့သည်။ စားပွဲပေါ်မှာ ဟင်းလျာများက ပေါများလှကာ သူမ စကားတစ်ခွန်းမှ မပြောဘဲ အစားသာ စားနေသည်။

ဒါပေမယ့် သူ့ဘေးမှာရှိနေတဲ့ လီချင်းဟဲကတော့ ဂရုမစိုက်ပါ။ သူမသည် ရှန်ပိန်ကို ရိုးရိုးရှင်းရှင်း သောက်ပြီး သူ့ဝမ်းကွဲညီမ၏ ပန်းကန်ထဲသို့ အစားအစာများကို အဆက်မပြတ် ထည့်ပေးနေသည်။

"စကားမစပ် ကျစ်ရွှမ်း နင် အခု ဘယ်နယ်ပယ်မှာလဲ"

"ဟမ်..."

လီကျစ်ရွှမ်း အသံကို လျှော့လိုက်ပြီး :"ငါ ဂိုဏ်းဆရာအဆင့် ရောက်ခါနီးနေပြီ"

ဝိုင်စားပွဲကို ထောက်နေသည့် လီချင်းဟဲလက် ချော်ထွက်သွားပြီး လီကျစ်ရွှမ်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ အရက်မူးနေတာ နည်းနည်း ငြိမ်သွားပြီး သူ့စိတ်တွေ ကြည်လင်လာသည်။

ဂိုဏ်းဆရာနယ်ပယ် ရောက်တော့မှာလား။ ကျစ်ရွှမ်းက မွေးရာပါနယ်ပယ် နှောင်းပိုင်းကာလကို ရောက်နေပြီလား။

"ဒေါသထွက်ချင်စရာကြီး!"

လီချင်းဟဲ ဘေးကို တစ်ချက်ကြည့်လိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ တစ်ခုခု အနည်းငယ် ပျောက်ဆုံးသွားသလို ခံစားရသည်။ အစက သူမနှင့်ဝေးသော အစောပိုင်းကာလတွင်သာ ရှိခဲ့သည်။

ကျစ်ရွှမ်းက သူမထက် နှစ်အနည်းငယ်ငယ်သည်။ ဒီလို အသက်အရွယ်မှာတောင် ဂိုဏ်းဆရာနယ်ပယ် ရောက်ခါနီးနေပြီ။ ဒါက အင်ပါယာမြို့ ကိုယ်ခံပညာအကယ်ဒမီမှ ကြီးကျယ်ခမ်းနားသော ပါရမီရှင်များပင် ထိုသို့အောင်မြင်နိုင်မည်မဟုတ်ပေ။

"အင်း...တကယ်တော့ ငါ့ရဲ့အရည်အချင်းက ကျစ်ရွှမ်းလောက် မကောင်းနေဘူး"

ဒီလိုတွေးရင်း လီချင်းဟဲ နှုတ်ခမ်းဆူလိုက်သည်။ မနှစ်မြို့စရာလို့ ခံစားရတော့ သူ့ကိုယ်သူအတွက် နောက်ထပ် ဝိုင်တစ်ခွက် ထပ်လောင်းလိုက်သည်။ ဝိုင်သောက်လိုက်တဲ့အခါ သူ့လည်ချောင်းတွေ ဖောင်းလာပြီး ပိုလို့တောင် တင်းကြပ်လာသလို ခံစားရလေ၏။

လီချင်းဟဲ၏ အမြင်အာရုံသည် အရက်၏ လွှမ်းမိုးမှုအောက်တွင် မှုန်ဝါးလာသည်။

"အစ်မချင်းဟဲ ... နင် လျှော့သောက်..."

သူမ လီချင်းဟဲလက်ထဲက ဖန်ခွက်ကို ညင်သာစွာ နှိမ့်လိုက်ပြီး။

"အရက်ကောင်းကောင်း မသောက်နိုင်ဘဲနဲ့... နင် အရက်မူးရင် မိုက်ရိုင်းတယ်"

"ငါ အဆင်ပြေတယ်"

လီချင်းဟဲ၏ ပါးပြင်များသည် အနည်းငယ် နီမြန်းလာပြီး စိတ်သဘောထားက အနည်းငယ် တင်းလာသည်။

"ဒီအဆင့်ကို ရောက်ထားမှတော့ နင့်ရဲ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး..."

"စိတ်မပူပါနဲ့.."

လီချင်းဟဲ သူ့ဖန်ခွက်ကို ရှင်းထုတ်သည်။ ပြီးတာနဲ့ ကုလားထိုင်ပေါ် ပြန်လှဲကာ မျက်နှာကျက်ကို စိုက်ကြည့်ရင်း။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ယောင်ယောင် ငါ့ကိုလာတွေ့တယ်"

"ယောင်ယောင်? သူမ ဘာလို့ လာတွေ့တာလဲ"

လီကျစ်ရွှမ်း မျက်လုံးကို အနည်းငယ် မော့ကြည့်ကာ သူမ၏ တူချောင်းများကို ချလိုက်ပြီး အံ့သြစွာ မေးလိုက်သည်။

"သူမ အခု ကြီးကြပ်ရေးမှူး လုပ်နေတာမလား? ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာတောင် ကြာပြီ...."

"အင်း..နောက်လမှာ လက်ထပ်တော့မှာတဲ့.. သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တဲ့ ရဲဌာနက တစ်ယောက်ယောက်ကို သူ့အဖေ ဘယ်လိုမြင်လဲ မသိဘူး"

သူမ သက်ပြင်းချရင်း :"ငါတို့ အချစ်ဆုံးသူငယ်ချင်း သုံးယောက်ထံမှာ သူက ပထမဆုံးလက်ထပ်သွားမယ်လို့ မမျှော်လင့်ထားပါဘူး... သူက ငါတို့ကို သတို့သမီးအရံအဖြစ်တောင် အကြံပေးခဲ့တယ်"

"သူမ ပျော်ရွှင်ပါစေ"

လီကျစ်ရွှမ်း သူမ၏ ဖန်ခွက်ကို မြှောက်လိုက်ပြီး ရေကိုပဲ ငုံ့ကာ :"ဒါပေမယ့် ငါက သတို့သမီး အရံ မလုပ်ဘူး ရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံဦးမယ်..."

လီချင်းဟဲလည်း ရယ်ရမလား ငိုရမလား မသိတော့ဘဲ နဖူးကို ကိုင်လိုက်သည်။

"ငါ ပြောဦးမယ်.....နင် မွေးရာပါနယ်ပယ် နှောင်းပိုင်းကာလ ရောက်နေပြီ ဒါတောင် မကျေနပ်သေးဘူးလား... ဂိုဏ်းဆရာနယ်ပယ် ရောက်ဖို့ ခြေတစ်လှမ်းပဲ ကျန်တော့တာလေ..."

"မဟုတ်ဘူး ဒါ မလုံလောက်သေးဘူး! သားရဲနတ်အရှင် ဂိုဏ်းက အစွမ်းထက်တယ်။ ငါ ပြင်းပြင်းထန်ထန် မလေ့ကျင့်ရင် ငါ့ဆရာအတွက် အမြန်ဆုံး လက်စားချေနိုင်မှာ မဟုတ်ဘူး!"

"ဘယ်လိုလက်စားချေမှာလဲ နင့်ရဲ့ ဆရာဦးလေးငယ် မြှားနတ်ဘုရားတောင် ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီးသွားပြီ... အဲဒီခါးသီးတဲ့ ဒဏ်ခတ်မှုတွေကို ရပ်လိုက်စမ်းပါ"

"မြှားနတ်ဘုရား?"

ဒါကိုကြားတော့ လီကျစ်ရွှမ်း အံ့အားသင့်သွားသည်။

"အကြီးအကဲ မြှားနတ်ဘုရားက ငါ့ရဲ့ ဆရာဦးလေးငယ်လို့ ပြောချင်တာလား"

"..."

ဒါကိုကြားတော့ လီချင်းဟဲ အံ့သြသွားသည်။ ထို့နောက် သူမ စကားမှားသွားမှန်း သိသဖြင့်။

"ခဏနေဦး ကျစ်ရွှမ်း ငါပြောနေတာက..."

"မြှားနတ်ဘုရားက ဆရာ့အတွက် လက်စားချေလိုက်တာ အံ့ဩစရာ မရှိပါဘူး သူက ငါ့ရဲ့ ဆရာဦးလေးကိုး...နေဦး နင် ဘာပြောတာ? ဆရာဦးလေးက ကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်ပြီ ဟုတ်လား"

လီကျစ်ရွှမ်း တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး သူမရဲ့ လေသံက ရုတ်တရက် အေးစက်သွား၏။

"ကျစ်ရွှမ်း ငါ မူးနေလို့ လျှောက်ပြောနေတာ..."

ဒါပေမယ့် သူမစကားမဆုံးသေး လီကျစ်ရွှမ်းက သူ့ဖုန်းကို ဖွင့်ထားပြီးပြီ။ သူမ စတင်ရှာဖွေလိုက်သည်နှင့် ခေတ်စားနေသော ရှာဖွေမှုရလဒ်များကို တွေ့ခဲ့သည်။ ကျန်းဟိုင်မြှားနတ်ဘုရားရဲ့ အသေခံဗုံးခွဲမှု သတင်းကို ရှာဖွေရေးကော်လံတွင် ထင်ရှားစွာပြသနေဆဲ ဖြစ်သည်။

မြှားနတ်ဘုရားက ဆရာဦးလေး ဖြစ်ပြီး သူသည် သားရဲနတ်အရှင်ကြောင့် မိမိကိုယ်ကို ဖျက်ဆီးရန် အတင်းအကြပ် ခိုင်းစေခဲ့ရသည်။ လီကျစ်ရွှမ်း သူ့ဖုန်းကို ကိုင်လိုက်ပြီး လီချင်းဟဲကို စိုက်ကြည့်နေသည်။

"အစ်မချင်းဟဲ နင်ဒါကို ဖုံးကွယ်ထားတယ်ပေါ့"

"ငါ..."

လီချင်းဟဲ လန့်သွားပြီး ချက်ချင်း သတိလစ်သွားသည်။

"မဟုတ်ဘူး နင်ထင်သလိုမဟုတ်ဘူး"

ဒါပေမယ့် သူမ စကားမဆုံးသေး အခန်းအတွင်း၌ လူသတ်ချင်တဲ့ ရည်ရွယ်ချက်က ချက်ချင်းဆိုသလို ပေါက်ကွဲလာသဖြင့် သူမကို အသံတိတ်သွားစေ၏။

"သားရဲနတ်အရှင်! ငါ နင်တို့နဲ့ ဘယ်တော့မှ မပြီးဘူး..."

လီကျစ်ရွှမ်း အံကြိတ်ကာ ရေရွတ်ကာ :"နင်တို့အားလုံးကို သေချာရှင်းပစ်မယ်"

လီချင်းဟဲ သူ့မျက်နှာကို သုတ်လိုက်ပြီး အခုတော့ လုံးဝကို ငြိမ်သွားသည်။ ကိုယ့်ဒူးကိုကြည့်ရန် ခေါင်းငုံ့ချလိုက်ကာ ကျောရိုးမှ ချွေးများ စီးကျလာလေ၏။

"ပြီးပြီ... ပြီးသွားပြီ! ညီမကျစ်ရွှမ်းသာ အမှန်အတိုင်းသိရင် သူငါ့ကို ဘယ်တော့မှ အရေးမလုပ်လောက်တော့ဘူး"

All Chapters