← Chapters

ကြယ်သိုင်းရဲစခန်းမှ စောင့်ကြည့်ခြင်း၊ အရပ်ရပ်မှ ကင်းတပ်

Vol. 16 Ch. 235

ကြယ်သိုင်းရဲစခန်းမှ စောင့်ကြည့်ခြင်း၊ အရပ်ရပ်မှ ကင်းတပ်

Vol. 16 Ch. 235

ချင်းယန်သည် ဉာဏ်အလင်းနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုနှင့် ကြိုတင်ကာကွယ်မှုအချို့ကို အတိုချုံးရှင်းပြခဲ့သည်။ ထိုအခါမှ လီကျစ်ရွှမ်းလည်း ကျေနပ်စွာ ရုံးခန်းမှ ထွက်သွားလေသည်။

အပြင်မှာ ရှဟဲသည် လီကျစ်ရွှမ်း ထွက်သွားကာ စင်္ကြံထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာ ပေါ်လာသည်။ တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်ထားသော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။

အဆုံးတွင် သူ ချင်းယန်ကိုသာ ကြည့်နိုင်ခဲ့သည်။

"လောင်ချင်း အရမ်းတော်တယ်.. မင်း အရမ်းတော်တာပဲ မနေ့က ကောင်မလေးကို တွေ့ဖို့ မင်းကို ငါပြောတော့ နှင်ထုတ်တယ်... ဒီနေ့ကျ မင်းက လှုပ်ရှားနေပြီ... မင်း တကယ်ကို အရည်အချင်းရှိတာပဲ!"

"..."

ချင်းယန် ခပ်တိုးတိုးရယ်သည်။

"ငါဘယ်လိုလုပ် လုပ်နိုင်မှာလဲ ဒါက မင်းထင်သလိုမဟုတ်ဘူး"

"ဘာဖြစ်တာလဲ ငါ့ကို ငြင်းဖို့ မကြိုးစားနဲ့တော့!"

ရှဟဲ မျက်စိမှိတ်ပြပြီး :"မနေ့က လက်တွဲဖော်ရှာတဲ့အကြောင်း မင်းကို ငါပြောခဲ့ပြီးမှ မင်း လှုပ်ရှားတာလေ... ဘာပြောစရာရှိသေးလဲ လီမျိုးရိုး ကောင်မလေးက မဆိုးဘူးလို့ပဲ ပြောလိုက်တာကို မင်း ဒီလောက် နားထောင်လိမ့်မယ်လို့တောင် မမျှော်လင့်ထားဘူး လောင်ချင်း!"

ချင်းယန်ရဲ့ ပုခုံးကိုလည်း ပွတ်သပ်ကာ။

"ဒါပြီးရင် မင်းမင်္ဂလာပွဲတက်ဖို့ ငါ့အလှည့်ပဲ"

"သွားစမ်းပါ.. မင်းငါ့ကို မိုက်မဲတဲ့ စကားတွေ ဆက်ပြောနေမယ် ဆိုရင် မင်းရဲ့မင်္ဂလာပွဲကို ငါ မတက်ဘူး အဲဒါကြောင့် မင်းကို ဒီကိုလာခိုင်းတာ မဟုတ်ဘူး"

"ဟင်? အဲ့ဒါကြောင့် မဟုတ်ဘူးလား"

ရှဟဲ အံ့ဩသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။

"မင်းရဲ့အောင်မြင်မှုတွေကို ပြချင်နေတယ်လို့ ထင်နေတာလေ.."

"ဒါက တိုက်ဆိုင်မှုတစ်ခုပဲကွ ငါ့ကို အထင်မလွဲပါနဲ့... ငါဒါကို မင်းအတွက် ပြင်ဆင်ထားတာလေ-"

ချင်းယန် ခြင်ဆီသန့်စင်ဆေးကို ထုတ်ပြီး ရှဟဲဆီသို့ လွှင့်ပစ်သလို ပစ်ပေးလိုက်သည်။

"အရင်က လုပ်ထားတာ ပြန်သွားရင် စုပ်ယူဖို့ နေရာရှာ၊ မင်းရဲ့ အရည်အချင်းနဲ့ လိုက်ဖက်တယ်...မင်းအနာဂတ်မှာ မွေးရာပါနယ်ပယ် ဖြတ်ကျော်ဖို့ ဘာပြဿနာမှ မရှိတော့ဘူး.. ငါ့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ သတ်မှတ်ပေးပေါ့"

"သေရော!"

ရှဟဲ၏ သူငယ်အိမ်မှာ ထိုစကားကြောင့် တုန်လှုပ်သွားပြီး ဆေးလုံးကို အရူးအမူး ရှူရှိုက်လိုက်ရာ သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှား တုန်လှုပ်သွားတော့သည်။

"တကယ်ကြီးလား"

မွေးရာပါ နယ်ပယ်ကို ဖြတ်ကျော်ဖို့ လုံလောက်တဲ့ အစွမ်းထက်တဲ့ ဆေးတစ်မျိုးသည်။ သိရမည်မှာ ယခုခေတ် ကျန်းဟိုင်တွင် မွေးရာပါနယ်ပယ် ကျင့်ကြံသူတွေက လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။ သူသာ တကယ်ဖြစ်လာရင် သူ့အနာဂတ်ဟာ အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်။

"လောင်ချင်း ဒီလက်ဆောင်က သိပ်စျေးကြီးလွန်းတယ်... ဈေးပြောကွာ...."

ရှဟဲ မဆိုင်းမတွပင် လက်ထဲတွင် ခြင်ဆီ သန့်စင်ဆေးကို ကိုင်ထားလျက် ပြောလိုက်သည်။

"မဟုတ်ရင် ကိုင်ရတာ အဆင်မပြေဘူး အလကား ယူရင်လည်း စိတ်မကောင်းဘူး..."

"မလိုပါဘူး..." ချင်းယန် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

"မင်းငါ့ကို မင်း မင်္ဂလာဆောင်အတွက် ဖိတ်တာနဲ့တင် လုံလောက်သွားပြီ"

ရှဟဲသည် သူ၏ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည်။ သူ လက်ထပ်ပြီဆိုတော့ သူ့အတွက် စိတ်ပူပေးရတာ သဘာဝပဲလေ။

"လောင်ချင်း ငါ..."

ချင်းယန်ရဲ့ ထိုစကားတွေကြားမှ ဆေးလုံးကို ကိုင်ထားရင်း စိတ်သက်သာရာရသွားသည်။ လီကျစ်ရွှမ်း ချင်းယန်အပေါ် အဘယ်ကြောင့် ကျဆုံးခဲ့ရသည်ကို သူ ရုတ်တရက် နားလည်လာခဲ့သည်။

သူ့ရဲ့ စရိုက်လက္ခဏာ၊ ထူးကဲတဲ့အသွင်အပြင်နဲ့ သူ့ရဲ့ မရေမတွက်နိုင်တဲ့ မှော်အစွမ်းတွေကို ဖော်ပြလိုက်ရင် သူမတင်မက တခြားသူတွေလည်း သဘောကျလောက်စရာပင်။

ဒီကောင်က တော်တော်ချစ်စရာကောင်းတယ်!!

"တကယ်တော့ လောင်ချင်း ငါတို့က ကျားမရေးရာမှာ တွယ်တာနေလို့မရဘူး"

ရှဟဲ ခြင်ဆီ သန့်စင်ဆေးကို ဖယ်လိုက်ပြီး :"ငါ့ကို ဘယ်လိုထင်လဲ ငါတို့ အတူတူနေတာကြာပြီ၊ မင်းမှာ ** မရှိဘူးလား..."

"..."

ချင်းယန်မျက်နှာ မည်းမှောင်သွားသည်။ ချက်ချင်း ရှဟဲကို ရုံးခန်းထဲက ထုတ်ပစ်လိုက်တော့၏။

"ထွက်သွား!!"

…

ညနေပိုင်းအချိန်။

ရဲတပ်ဖွဲ့များသည် အနီးနားရှိ လမ်းများတွင် ကင်းလှည့်ကြပြီး အဆောက်အဦရှေ့တွင် သံချပ်ကာယာဉ်များ တန်းစီကာ အထက်ထပ်ရှိ ရုံးခန်းများတွင် မီးများ တောက်လောင်ခဲ့သည်။

"ချင်းယန်ကို စောင့်ကြည့်ရမှာလား"

ဦးစီးချုပ်သည် လက်ထဲတွင် စာရွက်တိုလေးတစ်ရွက်ကို ကိုင်ကာ သူ့စားပွဲမှာ ရပ်နေ၏။ လက်ထဲက စာကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မျက်ခုံးတို့တွန့်သွားသည်။

လွန်ခဲ့တဲ့ နာရီဝက်လောက်က အင်ပါယာမြို့တော်မှ အရေးပေါ် သတင်းစကားတစ်ခု ရုတ်တရက် ရောက်လာသည်။ ချင်းယန်သည် 24 နာရီ စောင့်ကြည့်မှုအောက်တွင် အဆင့်တစ် ဖြစ်နိုင်ခြေမြင့်မားသော ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏ ဆက်ဆံရေးကွန်ရက်ကို အနီးကပ် စောင့်ကြည့်ခဲ့သည်။

"ဒါ... ဘာဖြစ်လို့လဲ...?"

ဦးစီးချုပ် တစ်ချက်တွေးတောကာ စိတ်ရှုပ်သွားသည်။ သိရမည်မှာ ပြင်ပလောကအတွက် ချင်းယန်က သာမန်တာဝန်ခံ တစ်ဦးမျှသာ ဖြစ်သည်။ နိုင်ငံသားတစ်ဦးတည်းကို စောင့်ကြည့်ရန် ဤကြိုးပမ်းအားထုတ်မှု အားလုံးကို လုပ်ဆောင်သွားရမည်လား။

"အရင်တစ်ခေါက်က ကိစ္စကြောင့်လား"

သူသည် ရေးထားသော စာကို အလွတ်ကျက်ပြီး စကားလုံးတစ်လုံးမှ ပလွတ်မခံဘဲ မှတ်ထားလိုက်သည်။ ထို့နောက် ၎င်းကို မီးရှို့ပြီး ရုံးထိုင်ခုံတွင် ပြန်ထိုင်သည်။

သူ တုံ့ဆိုင်းသွားသည်။

ယခင်က အမိန့်ကို လိုက်နာခဲ့သော်ငြား လျိုဝူရွှမ်း၏ စိန်ခေါ်မှုအပြီးတွင် မဟာမိတ်အဖွဲ့အပေါ် သူ့ယုံကြည်မှုက ယိမ်းယိုင်သွားကာ သူ့တွင် ယခင်ရှိခဲ့သော မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး မရှိတော့ပေ။

အချက်အလက်တွေသာ ပြန်မပေါက်ကြားခဲ့ရင် ချင်းယန်ရဲ့ သတင်းက ဘယ်လိုလုပ် ပေါက်ကြားသွားမှာလဲ။ မြှားနတ်ဘုရား ဘယ်လိုလုပ် လူယုတ်မာတွေရဲ့ ထောင်ချောက်ထဲ ကျရောက်ပြီး ပျက်စီးဆုံးရှုံးရမှာလဲ

"ချင်းယန်က မြှားနတ်ဘုရားရဲ့တူ"

သူသည် စီးကရက်ကို မီးညှိပြီး ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အဝေးက ညမြင်ကွင်းကို ငေးကြည့်နေမိသည်။ သူ့အရင်အမှားကနေ နာကျင်စရာကောင်းတဲ့ သင်ခန်းစာကို သင်ယူခဲ့ပြီးသား။ အကယ်၍ သူ့ကို ထပ်မံရွေးချယ်ခွင့် ပေးခဲ့ပါက ထပ်မံ၍ မရွေးချယ်တော့ပါ။

ဒါပေမယ့် ပြဿနာက အင်ပါယာမြို့တော်၏ အမိန့်ကို ပယ်ချဖို့က ခက်ခဲလှသည်။ စောင့်ကြည့်ရေး မစ်ရှင်တွင် ပါဝင်ရန် သင့်လျော်သော ကိုယ်စားလှယ်လောင်းကို ရှာဖွေရမည်။

"ငါတို့ အလျှော့အတင်း လုပ်လို့ရတယ်"

အမိန့်ကို ပြန်သတိရပြီး ခဏလောက် စဉ်းစားရမည်။ သူ မငြင်းနိုင်ရင် ရှဟဲကို လုပ်ခိုင်းရလိမ့်မည်။ ထို့နောက် သူ့ဖုန်းလိပ်စာစာအုပ်ကို ဖွင့်လိုက်သည်။

...

...

ညပိုင်း။

ဖုဟိုင်ဗီလာ အသိုင်းအဝိုင်း။

ချင်းယန်သည် လသာဆောင်တွင် တင်ပျဉ်ခွေထိုင်ကာ နိယာမစွမ်းအင်တွေအကြောင်း အသေအချာ နားလည်နေခဲ့သည်။ အသက်ရှူလိုက်တိုင်း တာအိုစွမ်းအင်များ စီးဆင်းသွား၏။ ခဏအကြာ၌ တစ်ခုခုကို ခံစားမိသွားပုံဖြင့် ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။

ညကောင်းကင်ယံသည် ကြယ်များ တောက်ပနေဆဲ။ တွင်းကိုးပေါက်သည် နားမလည်နိုင်သော တွင်းနက်များကဲ့သို့ ထင်ရပြီး ကြယ်အလင်းအားလုံးကို မျိုချလိုက်ကာ အနားစွန်းများ ပြိုကျကာ ပိတ်သွားခဲ့သည်။

"ဘာလို့ ထပ်ပြီး သေးသွားတာလဲ"

ချင်းယန် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဤစကြာဝဠာကြီးသည် အကန့်အသတ်မရှိပုံရပြီး အမှောင်တွင်းကို သူတစ်ယောက်တည်း စိုက်ကြည့်နေမိသည်။    ထိုတွင်းများမှ ကြယ်များ၏ စွမ်းအားများ ပေါက်ထွက်လာသည်။

၎င်းသည် အရာခပ်သိမ်းကို အာဟာရကျွေးမွေးကာ နိယာမအားလုံး၏ စီးဆင်းမှုကို ထိန်းချုပ်၍ ကြယ်စစ်သည်တိုင်း၏ ရှင်သန်မှု အခြေခံအုတ်မြစ်ဖြစ်သည်။ ဒါပေမဲ့ ဒီအပေါက်တွေ သေးသွားရင်တော့ ကမ္ဘာကြီးဟာ ကြယ်တွေရဲ့ စွမ်းအားအရင်းအမြစ် ကင်းမဲ့နေမှာ မဟုတ်ဘူးလား။

ပြီးတော့ ကြယ်စစ်သည်တွေ ဆက်ရှိနေနိုင်ဦးမလား။

  ….

တစ်ဖက်တွင်မူ လမ်းမမှာပေါ် လူတွေနဲ့ စည်ကားနေဆဲ။ ရှဟဲ လမ်းဘေးမှာ လျှောက်သွားရင်း သူ့လက်ထဲက ခြင်ဆီ သန့်စင်ဆေးကို ဘယ်မှာ စုပ်ယူရမလဲဆိုတာ သိချင်နေ၏။ သို့သော် သူ ရွှင်လန်းနေချိန်မှာပဲ မက်ဆေ့တစ်ခုဝင်လာသည်။

"ကျစ်! အလုပ်က ဆင်းပြီးတောင် အနားယူလို့မရဘူး"

ရှဟဲ သူ့ဖုန်းကို ထုတ်လိုက်တဲ့အခါ ဦးစီးချုပ်ဆီက ဖြစ်တာကြောင့် ခပ်မြန်မြန်လေး ပြောလိုက်သည်။

"ဟယ်လို ဦးစီးချုပ်... အဟမ်း ဘာဖြစ်လို့လဲ"

"အခုဘယ်မှာလဲ?"

"ကျနော်ဘယ်မှာလဲ... "

ရှဟဲ လှည့်ကြည့်လိုက်ပြီး သူ့နှလုံးရုတ်တရက် နစ်မြုပ်သွားတော့မှ ပြန်ဖြေတော့မည်။

ငါ့ယောက္ခထီးက တစ်ယောက်ယောက်ကို စစ်ဆေးနေတာလား။

လက်မထပ်ခင် စစ်ဆေးနေတာလား?

ဒါပေမယ့် မဟုတ်ဘူး! သူ ပိုင်ကျင်းဟန့်ကို သွားနေတာ မဟုတ်ဘူးလေ... ဘာလို့ ထိတ်လန့်နေတာလဲ။

"စိတ်မပူပါနဲ့ ကျနော်အခု လုံကျင်ခရိုင်မှာ ရှိနေတာ... ယောင်ယောင်အတွက် လက်ဆောင်တွေ ဝယ်ဖို့ စီစဉ်နေတာ ရောက်ခါနီးနေပြီ..."

ရှဟဲ စကားစမြည်ပြောသော်လည်း မပြီးဆုံးမီတွင် ဦးစီးချုပ်က သူ့ကို ဝင်နှောင့်ယှက်လိုက်သည်။

"လုံလောက်ပြီ မင်းနဲ့ ဆွေးနွေးဖို့ အချိန်မရှိဘူး.. ငါ မင်းကို မစ်ရှင်တစ်ခု ပေးမယ် ငါ မင်းကို ကြိုပြောထားလို့ မင်းအဆင်သင့် ပြင်ထားရမယ် အဲဒီလူက အန္တရာယ်များတဲ့ ပစ်မှတ်ပဲ”

"အန္တရာယ်များတဲ့ပစ်မှတ်?"

ရှဟဲ၏ အမူအရာမှာ လေးနက်တည်ကြည်လာပြီး ချက်ချင်းပင် လေသံကို တည့်တည့်မတ်မတ်ပြောကာ :"လက်ခံပါပြီ ကျနော့်ကို ပြောပါ မစ်ရှင်ကို ပြီးအောင်လုပ်မယ်လို့ ကတိပေးပါတယ်"

သူပြောပြီးသည်နှင့် မျဉ်းတစ်ဖက်မှ ကူကယ်ရာမဲ့ သက်ပြင်းတစ်ချက် ပဲ့တင်ထပ်သွားသည်။

"အထက်က အမိန့်တွေရထားတယ်... ချင်းယန်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ မင်းတာဝန်ယူဖို့ ငါဆုံးဖြတ်ထားပြီးပြီ... သူက အန္တရာယ်များတဲ့ စာရင်းထဲ ရောက်နေပြီ မင်းတို့ စိတ်ကြိုက် စီမံပါ”

ရှဟဲရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ အမိန့်ပေးပြီးနောက် ဖုန်းချသွားတော့သည်။

"???"

ရှဟဲ မှိန်းခနဲ မတ်တပ်ရပ်လိုက်ပြီး ဖုန်းကို ဆုပ်ကိုင်ရင်း သူ့လက်က တုန်ရီနေသည်။ သူ အလုပ်ရှုပ်နေသော လေသံကို နားထောင်ပြီး အခြားလက်ရှိ ခြင်ဆီ သန့်စင်ဆေးကို ငုံ့ကြည့်လိုက်သည်။

သူ့ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။

ကားအသွားအလာ အော်ဟစ်သံများက သူ့ပတ်ဝန်းကျင်တွင် ရောထွေးနေ၏။

သူ လုံးဝ အံသြသွားသည်...

"ချင်းယန်ကို စောင့်ကြည့်ရမယ်"

ဘာလဲကွာ?

ရဲတွေအကုန်လုံး ပေါင်းလိုက်ရင်တောင် သူ့ကို ထိန်းနိုင်လောက်မှာ မဟုတ်ဘူး!!

...

နောက်တစ်နေ့ နံနက်စောစော။

ကျန်းဟိုင် စာကြည့်တိုက်။

ချင်းယန်သည် သူ၏ဘယ်လက်တွင် မုန့်စိမ်းကြော်ချောင်းနှင့် ညာဘက်တွင် ပဲနို့ကိုကိုင်ကာ စာကြည့်တိုက်၏ပင်မဝင်ပေါက်ကို ဖြတ်လျှောက်သွားသည်။ ရှောင်ပိုင်ကလည်း သူ့နောက်မှ လိုက်သွားကာ ခြေလှမ်းသေးသေးလေးဖြင့် ပတ်ပတ်လည်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။

"မင်္ဂလာပါ တာဝန်ခံ"

"အွန်း!"

လမ်းတစ်လျှောက်တွင် ဝန်ထမ်းများက သူတို့ကို နှုတ်ဆက်ကြသည်။ ချင်းယန် သူ့ပါးစပ်ထဲ မုန့်စိမ်းကြော်တစ်ချောင်းကို ကိုင်ထားပြီး လူတိုင်းကို ရွှင်လန်းစွာ နှုတ်ဆက်နေစဥ် ရှောင်ပိုင်က ရုတ်တရက် သူ့ခြေထောက်ကို တွန်းလိုက်သည်။

"သခင် ခံစားရလား ဒီနေ့ ဒီနားမှာ တစ်ခုခုဖြစ်နေပြီ ထင်တယ်..."

သူစကားပြောနေစဉ်တွင် သူမ မျက်လုံးကို အနည်းငယ်မှိတ်ကာ လှည့်ကြည့်ကာ အေးစက်သောလေသံဖြင့် ပြောသည် ။

"ဒီနေ့ ကျွန်မတို့ပတ်ဝန်းကျင်မှာ အင်းဆက်တွေ အများကြီး ပျံနေပုံပဲ..."

သူမဆီက ယုတ်မာသော လူသတ်ချင်လာသည့် ရည်ရွယ်ချက်ကြီး လေထဲသို့ စိမ့်ဝင်သွားသည်။

"အင်း.... မလောပါနဲ့ "

ချင်းယန် မုန့်စိမ်းချောင်းကို မြုပ်လိုက်ပြီး အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။ သူဝင်လာကတည်းက သူတို့ရှိနေတာကို သတိထားမိပြီးသား။ သူ့ရဲ့ စိတ်စွမ်းအားတွေ ဖြန့်ကျက်လိုက်တဲ့အခါ အနီးနားတွင် လူအနည်းငယ်သာ ရှိခဲ့သည်။

သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ယောက်ျားမိန်းမများက လျှို့ဝှက်နည်းမျိုးစုံကို အသုံးပြု၍ လူစုလူဝေးတွင် တိတ်တဆိတ် ပုန်းရှောင်နေကြ၏။ ကောင်းစွာ ဖုံးကွယ်ထားပုံရသော်လည်း သူ့အတွက်က အသေးအဖွဲ့လေးသာ။

"အနောက်တောင်ဘက် သုံးခု၊ အရှေ့ဘက်မှာ နှစ်ခု..."

ချင်းယန် လူအရေအတွက်ကို ဉာဏ်ဖြင့် ရေတွက်ပြီး သမ်းလိုက်သည်။ ကြီးမားသော စိတ်စွမ်းအားသည် စာကြည့်တိုက်၏ မိုင်အနည်းငယ်အတွင်းမှ လူတိုင်းအပေါ် လွှမ်းခြုံသွားသည်အထိ ကျယ်ပြန့်လာပြီး ပျံ့နှံ့သွားသည်။

တိတ်တိတ်ဆိတ်ဆိတ် ဆွေးနွေးမှုများနှင့်အတူ ဆူညံသံများ ရောထွေးနေသည်။

"အိုး... ဧည့်သည်အသွင်ဆောင်ထားတဲ့ နောက်ထပ် နှစ်ယောက်ပါ ခိုးဝင်လာပြီလား?"

"သခင်... ကျွန်မကို လှုပ်ရှားခွင့်ပြုမှာလား"

ဒီအခိုက်အတန့်မှာ ရှောင်ပိုင်က သူ့အစွယ်တွေကို ထုတ်လိုက်ပြီး သူ့ရဲ့မြေခွေးအမြီးကို ရွှင်မြူးစွာ လှုပ်ယမ်းလိုက်ပါ၏။

"ငါ့လက်သည်းတွေကို ဖောက်ပြီးတာနဲ့...ဘုရင်အဆင့် ကြယ်သားရဲဆိုတာ ဘာကိုဆိုလိုတာလဲ ပြ! လိုက်! မယ်!"

"အလျင်စလိုမလုပ်ပါနဲ့ သူတို့နဲ့ ခဏလောက်ကစားလိုက်ရအောင်"

ချင်းယန် ရုံးခန်းသို့ အေးအေးဆေးဆေး လျှောက်လာရင်း သူ့အရှိန်ကို ထိန်းကာ အေးချမ်းသော အပြုံးကို ပေးလိုက်သည်။ ဤစောင့်ကြည့်ရေး ပစ်မှတ်များသည် သားရဲနတ်အရှင်ရဲ့ နောက်လိုက်များသာ ဖြစ်ပါက သဲလွန်စမကျန်ဘဲ အလွယ်တကူ သုတ်သင်ပစ်မည်။

ဒါပေမယ့် ပြဿနာက စောင့်ကြည့်သူများထဲတွင် ရင်းနှီးသော မျက်နှာအချို့ကို မှတ်မိနေသေးသည်။ သူတို့ဟာ ရှဟဲနဲ့ အတူရှိခဲ့တဲ့ ရဲအရာရှိတွေပါပဲ။

ကြယ်သိုင်းရဲစခန်းက ဘာကြောင့် သူ့ကို စောင့်ကြည့်နေတာလဲ။

တင်း!

သူ့ဖုန်းမှ မက်ဆေ့ခ်ျတစ်ခု ဝင်လာဖြင့် ချင်းယန် ဆွဲထုတ်ပြီး စစ်ဆေးကြည့်ရာ ရှဟဲဆီမှဖြစ်သည်။

[လောင်ချင်း မင်းဘာလုပ်ထားပြန်ပြီလဲ ငါ မင်းကို စောင့်ကြည့်ဖို့ အမိန့်ရထားတယ်ကွ]

[အခုအချိန်မှာ မင်းပတ်ဝန်းကျင်က လူတွေအားလုံးက ငါတို့ရဲ့ လူတွေချည်းပဲ]

All Chapters