စောင့်ကြည့်နေချိန် အဓိပတိမဟာမိတ်က တစ်စုံတစ်ယောက် ရောက်လာခဲ့
Vol. 16 Ch. 236
"သူတို့က ငါ့ကို စူးစမ်းဖို့ ရှဟဲကို လွှတ်လိုက်တာပေါ့"
ရုံးခန်းထဲမှာတော့ ချင်းယန်သည် သူ့ဖုန်းထဲက မက်ဆေ့ချ်ကို စိုက်ကြည့်ရင်း အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
သူတို့က ငါ့ကို စူးစမ်းဖို့ တစ်ယောက်ယောက်ကို ငှားထားတာလား။
သူ ဘယ်တုန်းက ရဲချုပ်စာရင်းထဲ ပါသွားခဲ့တာလဲ။ ? ?
"စောင့်ကြည့်တာက အဆင်ပြေပါတယ် ဒါပေမယ့် ရှဟဲကို ဘာလို့ ပို့လိုက်တာလဲ"
ချင်းယန် သူ့မေးစေ့ကို ပွတ်သပ်ရင်း ဆက်စပ်မှုကို တွေးတောကြည့်နေသည်။ သူ သဲလွန်စတစ်ခုကို ယောင်ဝါးဝါး ဆုပ်ကိုင်နိုင်တာက ရှဟဲကို စေလွှတ်မယ့် အစီအစဉ်ကို ခံယူလိုက်ရုံသာ ဖြစ်သည်။
ဒါက တိုက်ဆိုင်မှုမဟုတ်တာ သေချာသည်။ ကြယ်သိုင်းရဲစခန်း ဌာနချုပ်အတွင်းမှာဆို 'ရှဟဲကို စေလွှတ်နိုင်တဲ့သူက ဦးစီးချုပ် ဖြစ်မလား' ဟု တွေးမိလေသည်။
ချင်းယနလသည် စာကြည့်တိုက် အပြင်ဘက်က အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ စဉ်းစားနေခဲ့သည်။
ကျန်းဟိုင် စာကြည့်တိုက်ကို ဗဟိုအဖြစ်ထားကာ မီတာရာနှင့်ချီ အကွာအဝေးတွင် ရဲကင်းစောင့်တပ်သားများ၏ အရေအတွက်က တိုးများလာနေသည်။ သူတို့၏ သူလျှိုများသည် နယ်မြေအများစုကို လွှမ်းခြုံထားပြီး ဝိညာဉ်ရေးဆိုင်ရာ စောင့်ကြည့်ရေး ကိရိယာများကိုပါ အပြည့်အစုံ တပ်ဆင်ထားသည်။
မနီးမဝေး ထပ်ခိုးလေးကနေ ရှဟဲရဲ့ရောက်ရှိနေပုံကိုလည်း အာရုံခံမိသည်။ ဒီကောင်လေးက ထောင့်တစ်နေရာမှာ ဆေးလိပ်သောက်ရင်း အချောင်ခိုနေ၏။
စောနေသေးပေမယ့် ၎င်းတို့သည် စတင်လုပ်ဆောင်မည့် ဖြန့်ကျက်ခြင်း အဆင့်တွင်သာ ရှိကြပြီး ၎င်းတို့၏ မစ်ရှင်ကို အမှန်တကယ် မစတင်ခဲ့ကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် ချင်းယန်ကတော့ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်သွားပြီ။
ဒီစောင့်ကြည့်ရေးကွန်ရက်ကို အစီအစဉ်ချပြီးတာနဲ့ သူ့ရဲ့ စကားလုံးနဲ့ လုပ်ဆောင်ချက်တိုင်းဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားမှာပင်။
"အဲဒါ နည်းနည်းတော့ ဒုက္ခများတယ်"
ချင်းယန် သူ့ရုံးခန်းထိုင်ခုံတွင် ပြန်ထိုင်ချလိုက်သည်။ ဒီလူတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က အခု သူ့ကို တကယ်စိုးရိမ်နေတာလား။
လျိုဝူရွှမ်း သူ့အား ပေးထားသည့် တိုကင်နံပါတ်အရဆို အဓိပတိမဟာမိတ်က ကြယ်သိုင်းရဲစခန်း ရဲဌာနတစ်ခုလုံးကို တိုက်ရိုက်ထိန်းချုပ်ရန် လုံလောက်သော စွမ်းအားရှိသည်။
သူ့နောက်ကွယ်က "သခင်" ကို သတိထားနေတာလား။
ချင်းယန် အတွေးနဲ့ ထင်ကြေးပေးမိသည်။ အဓိပတိမဟာမိတ်ရဲ့ ပါဝင်ပတ်သက်မှုသည် ဓားနတ်ဘုရား၊ မြှားနတ်ဘုရားလို ဂိုဏ်း၏ အခြားအဖွဲ့ဝင်များကို ခွဲခြားသတ်မှတ်ရန် သူ့ကို အသုံးချဖို့ ရည်ရွယ်ထားခြင်း ဖြစ်နိုင်ပေသည်။
"မြှားနတ်ဘုရား" က ဓားနတ်ဘုရားရဲ့ ဆရာတူညီလေးလို့ သူ ပြောခဲ့ဖူးသည်။ အလွန်အစွမ်းထက်သော သတ္တဝါနှစ်ကောင်ကို ပြုစုပျိုးထောင်ပေးနိုင်သော သခင်ဂိုဏ်းတစ်ခုနဲ့ လေးနက်သော နောက်ခံရှိသည်။ စူးစမ်းချင်စိတ်တွေ မထွက်လာမှ ထူးဆန်းပေလိမ့်မည်။
"ဒီစောင့်ကြည့်မှုကို အဓိပတိမဟာမိတ်က ကြိုးကိုင်ထားပုံရတယ်"
ဒီအထိ တွေးကြည့်ပြီးနောက် ချင်းယန် သူ့မျက်ခုံးကို ပွတ်လိုက်ပြီး သူ့အတွေးတွေကလည်း တော်တော်ရှင်းသွားသည်။ ယခုတော့ စောင့်ကြည့်ရေး မစ်ရှင်မစခင်မှာ အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး အချက်အလက်တွေကို တတ်နိုင်သမျှ စုဆောင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ရှဟဲထံ မက်ဆေ့ပြန်ပို့လိုက်သည်။
[ဘာတွေဖြစ်နေတာလဲ?]
မက်ဆေ့ချ်ပြီးတာနဲ့ ဒီတစ်ခါတော့ ရှဟဲက ဖုန်းပြန်ဆက်လာ၏။ နောက်ခံတွင် လေပြင်းတိုက်နေသဖြင့် သူ အိမ်ခေါင်မိုးပေါ်တွင် ရှိနေပုံရသည်။
"ဟယ်လို... မက်ဆေ့ချ်တွေ့လား"
လိုင်း၏ အခြားတစ်ဖက်တွင် ရှဟဲသည် ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ဝမ်းနည်းစွာ ကြည့်နေလေသည်။
"ငါလည်း မသိဘူး ဘာပဲဖြစ်ဖြစ် သတိထားဦး အပြင်မှာ အားလုံးက ငါတို့ပဲ... မနေ့ညက ဦးစီးချုပ် အမိန့်ပေးလိုက်တာ... ဒီစောင့်ကြည့်ရေးအဖွဲ့တွေ... မင်းအပြင် တခြားအဖွဲ့တွေ ရှိသေးလား"
"သူတို့ ဘယ်လောက်ကြာကြာ နေမှာလဲ"
သူ တိုးတိုးလေး ထပ်ပြောလိုက်သည်။
"လောလောဆယ်တော့ မသိသေးဘူး"
ရှဟဲ အသံကို လျှော့လိုက်သည်။
"စောင့်ကြည့်မှုကြာချိန်က မသေချာဘူး မနေ့ညက ဦးစီးချုပ် ဖုန်းဆက်ပြီး ပြောလာတာ.... ဟုတ်တယ် စိတ်မဆိုးပါနဲ့ကွာ... ဘာပဲဖြစ်ဖြစ် ဒါ ထူးဆန်းတဲ့ အခြေအနေပဲ သတိလည်းထား... ငါက တရားမျှတပြီး သမာသမတ်ကျတဲ့ ညီအစ်ကိုပါ တတ်နိုင်ရင် ကူညီပါ့မယ်"
"ဒါပေမယ့် စိတ်မပူပါနဲ့ ဘာပဲဖြစ်ဖြစ် လောင်ချင်း မင်းကို ငါအမြဲအားပေးနေမှာနော်.. ဒီမှာ နားလည်မှုလွဲတာတွေ ရှိရမယ် မင်းက ရက်စက်တဲ့လူတော့ မဟုတ်ပါဘူး ငါသိတယ်"
ချင်းယန် တစ်ခုခုကို တွေးနေသလိုမျိုး မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းလည်း ပိုသတိထားရမယ် ငါ ဂရုစိုက်ပါ့မယ်"
…
မနီးမဝေး ခေါင်မိုးပေါ်မှာတော့ အဖြူရောင်မီးခိုးတွေ ဝေ့ဝဲနေသည်။ ဝေးကွာသော မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ဦးသည် တဖြည်းဖြည်း မြင့်တက်လာပြီး ယခုအခါ နေမင်းကြီးကလည်း ကောင်းကင်ယံ၌ မြင့်မားလာ၏။
ရှဟဲ ထောင့်တစ်နေရာတွင် ဝပ်တွားနေပြီး လွမ်းဆွေးသော အကြည့်ဖြင့် စီးကရက်ကို ဖြတ်လိုက်သည်။ ထို့နောက် ဖုန်းသိမ်းကာ အနီးနားရှိ ထပ်ခိုးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
ထပ်ခိုးကို ရဲတပ်ဖွဲ့အတွက် အထူးစောင့်ကြည့်နေရာအဖြစ် ယာယီပြောင်းလဲထားပြီ။ အထူးသဖြင့် ချင်းယန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် ဖြစ်သည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် ထပ်ခိုးတွင် နံနက်ခင်းအလင်းရောင်က ဖုန်မှုန့်များကြားမှ လွင့်ပျံလာသည်။
နေရာတိုင်းတွင် ရဲအရာရှိများ အလုပ်များနေပြီး ထောက်လှမ်းရေး ကြယ်ပွင့် ပါဝါတူရိယာ အမျိုးမျိုး တုန်ခါနေကာ တဖြည်းဖြည်းနှင့် လမ်းကြောင်းပေါ် ပြန်တက်လာသည်။
ထိုစဥ် ယူနီဖောင်းဝတ် အရာရှိတစ်ဦး ချဉ်းကပ်လာသည်။
"ခေါင်းဆောင်ရှ! အဖွဲ့၀င်အားလုံး တပ်ဖြန့်ထားပါတယ်... နှစ်ယောက်က အန္တရာယ်များတဲ့ ပစ်မှတ်ကို ထိတွေ့ဖို့ ပြင်ဆင်နေရင်း စာကြည့်တိုက်ထဲကို ဝင်ပြီးပါပြီ ဘယ်တော့ လှုပ်ရှားရမှာလဲ”
"အလျင်စလိုမလုပ်နဲ့... ခဏစောင့်ပြီး သူ့ကို ဆက်စောင့်ကြည့်"
ရှဟဲ သူ့လက်သီးတွေကို ဆုပ်ထားပြီး နှစ်ကြိမ်ချောင်းဆိုးပြလိုက်သည်။
"အထူးအခြေအနေမျိုးမှာ ငါ့ဆီအရင် သတင်းပို့.. ပြီးရင် တခြားသူတွေကို သတင်းပေးလိုက်...အခု အမိန့်က သူနဲ့ သူ့ဝန်ထမ်းတွေကို နောက်ရက်အနည်းငယ်ကြာအောင် စောင့်ထိန်းထားဖို့...ခွင့်ပြုချက်မရှိဘဲ အဖွဲ့သားတွေ လျှောက်လုပ်ခွင့်မရှိဘူး... နားလည်လား"
"ဟုတ်ကဲ့! စိတ်မပူပါနဲ့ ခေါင်းဆောင်... ကျနော်တို့ မစ်ရှင်ပြီးအောင် လုပ်မှာပါ"
"ကောင်းပြီ သွားတော့"
ရှဟဲ သက်ပြင်းချလိုက်ပြီး အဖွဲ့သားတွေကို ဖယ်ထုတ်လိုက်ကာ အားလျော့ဖို့ နေရာရှာလိုက်သည်။ ရိုးရိုးသားသား ပြောရရင် ဒီကိစ္စကို သူလည်း လုံး၀ မသေချာခဲ့ပါ။ သူ့ကို ကျောထောက် နောက်ခံပေးမယ့် ဦးစီးချုပ်တစ်ယောက်ရှိပေမယ့် ဒါက ကြီးကြီးမားမားတော့ မဟုတ်သေး။
မုန်တိုင်း တိုက်ခတ်မှုဖြစ်ဖို့ ရည်မှန်းထားသလို၊ ပိုကြီးမားသော အကျပ်အတည်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားသလိုပင်။ ချင်းယန် ဒါကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ပါ့မလား မသိ။
"ဒီအချိန်တွေကတော့ တကယ့် တုန်လှုပ်စရာကောင်းတဲ့ အချိန်တွေပဲ"
………..
ထိုအချိန်တွင် ကျန်းဟိုင် စာကြည့်တိုက်မှ ချင်းယန်လည်း သူ့ဖုန်းကိုချလိုက်ပြီး ရုံးထိုင်ခုံပေါ် ပြန်မှီကာ အဆက်အသွယ်များကို ရှင်းထုတ်ရန် ကြိုးစားရင်း သူ့လက်များကို စည်းချက်ညီစွာ ပုတ်လိုက်သည်။
"ဘယ်လိုလဲ သခင် ကူညီစေချင်လား"
ရှောင်ပိုင် စားပွဲခုံပေါ်သို့ ခုန်တက်ကာ ချင်းယန်လက်ကို ချစ်ခင်စွာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဒီနတ်သမီး လှုပ်ရှားနေသမျှ သေချာပေါက် စောင့်ရှောက်ပေးနိုင်မှာပါ"
သူမသည် သူတို့စကားတွေကို ရှင်းရှင်းလင်းလင်း ကြားပြီး ထုတ်ဖော်ပြသချင်နေခဲ့သည်။
"အလျင်စလိုမလုပ်နဲ့ သူတို့နဲ့ အရင်ကစားရအောင်"
ချင်းယန် ခေါင်းခါယမ်းပြီး သူရရှိထားသည့် အချက်အလက်ကို ဆက်လက် စဉ်းစားနေလေသည်။ ရှဟဲတောင်မှ သိပ်မသိသဖြင့် ဒီနောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှာ သေချာ၏။
ဘာပဲဖြစ်ဖြစ် တစ်ခုတော့ သေချာပါသည်။ အဓိပတိမဟာမိတ် ပါဝင်နိုင်ဖွယ်ရှိပြီး ၎င်းတို့သည် ဖော်ရွေခြင်း မရှိပေ။ သူတို့ကအခု ကျန်းဟိုင်မြို့ထဲမှာတောင် ဖြစ်နိုင်သည်။
"လေ့လာကြည့်ရအောင်..."
ဒါကို စဉ်းစားရင်း ချင်းယန် ပြင်ပကမ္ဘာရဲ့ လှုပ်ရှားမှုတွေကို စုပ်ယူဖို့ သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်လေသည်။
ဗုန်း!
သူ့ပတ်ဝန်းကျင်က လေထုကြီး ရုတ်တရတ် ရပ်သွားသည်။ သူ၏ စိတ်စွမ်းအင်များ အစွမ်းကုန် ပေါင်းစပ်ကာ အသွင်အပြင်တိုင်းကို ဖမ်းစားနိုင်ခဲ့သည်။ သူ့စိတ်ထဲမှာ သတင်းအချက်အလက်တွေ လွှမ်းခြုံလာပြီး မြို့တစ်ခုလုံး လွှမ်းခြုံထားတဲ့ အရိပ်အယောင်တွေ ထွက်လာ၏။ ချင်းယန်ဟာ အထွတ်အထိပ် တစ်ခုခုရဲ့ ရောင်ဝါနောက်ကို လိုက်မှီသွားသည်။
အားကြီးသော ရောင်ဝါနှစ်ခု သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ ၎င်းက အရှေ့တောင်ဘက်မှာပင်။
"ဟင်? ငါသိတဲ့သူတစ်ယောက်လား?"
ချင်းယန် အံ့ဩသွားသည်။ နှစ်ယောက်အနက် တစ်ယောက်က အရမ်းရင်းနှီးသူ ဖြစ်ပြီး သူ့ကို စိန်ခေါ်ခဲ့ဖူးသော လျိုဝူရွှမ်း ဖြစ်လေ၏။
သူ့ပတ်ဝန်းကျင်က အလင်းရောင်ဟာ သူတစ်ခါမှ မမြင်ဖူးတဲ့ ရောင်ဝါတစ်ခုပါပဲ။ သူခံစားနိုင်သမျှမှာ စူးရှထက်မြက်သော ဓားသွားလိုစိတ်၊ ထူးကဲသော စွမ်းအားများနှင့် ငြင်းမရသော ထက်မြက်မှုတို့ဖြင့် ဖုံးလွှမ်းထားသည်။
"ငါ ဒီထက်ပိုပြီး နက်နက်နဲနဲ ရောက်သွားရင်... သူတို့ ငါ့ကို ဖော်ထုတ်မိလိမ့်မယ် အန္တရာယ်ရှိတယ်"
ချင်းယန် သူ့စိတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ အခုလေးတင်ရရှိထားတဲ့ အချက်အလက်တွေကို တွေးတောနေခဲ့သည်။
"ဓားပညာကို အထူးလေ့ကျင့်ထားတဲ့ အဓိပတိမဟာမိတ်က ကျွမ်းကျင်သူဖြစ်ပုံပဲ"
စုံစမ်းချင်ရင်တောင် ဘာပဲဖြစ်ဖြစ် ရက်အနည်းငယ်ပဲ ရှိပါလိမ့်မည်။ သူသည် ရှဟဲသို့ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပြီး ဘာမှ စိတ်မပူရန် ပြောခဲ့သည်။ ရှဟဲကလည်း စာကို ဖတ်ပြီးနောက် ချက်ချင်းပြန်ဖြေသည်။
[ကောင်းပြီ လောင်ချင်း စိတ်မပူပါနဲ့ တစ်ခုခုဖြစ်ရင် မင်းကို ငါပြောမယ် ဒါပေမယ့် မင်းဘယ်သူနဲ့မှ မဆက်ဆံသင့်ဘူး ရက်အနည်းငယ်အတွင်း ပြီးမယ်လို့တော့ ငါ ခန့်မှန်းထားတယ်]
…
…
ဆယ်ကီလိုမီတာအကွာက အထပ်မြင့် အဆောက်အအုံတစ်ခုရဲ့ ထိပ်မှာ။
နေရောင်ခြည်သည် ဖန်ခွက်ကို ထိမှန်ပြီး စူးရှသော အဖြူရောင်အလင်းတန်းကို ပေါ်လွင်စေသည်။ အရိပ်နှစ်ခုသည် ခေါင်မိုးပေါ်၌ ရပ်နေပြီး အောက်ဖက်က မြို့ကို အပေါ်စီးမှ ငုံ့ကြည့်လျက်ရှိ၏။
လူအုပ်ကြီးက လှုပ်လှုပ် ရှားရှားပင်။
"ဝူရွှမ်း... မဟာမိတ်ခေါင်းဆောင်လို့ မှားနေပြီထင်လား"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အိမ်ခေါင်မိုးပေါ်တွင် အဆင်သင့်ရှိနေသော ရှေးဟောင်းဓားရှည်နှင့် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသည်။
"ဒီကမ်းရိုးတန်း မြို့ငယ်လေးမှာ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ... အခုလည်း ငါတစ်ခုမှမခံစားမိဘူး..."
"ဟားဟား.. ချိချင်းရှန်း အဲဒါကို မင်းသဘောမပေါက်နိုင်တာနဲ့ မရှိဘူးလို့ မဆိုလိုဘူးလေ...."
လျိုဝူရွှမ်း သူ့ပုခုံးပေါ်မှ အနက်ရောင်လေးကို လွယ်ထားဆဲ။ သူက လက်နှစ်ဖက်ကို ပိုက်လျက် စကားဆက်ပြောလေ၏။
"မင်းထက် သားတဲ့ကောင်းတဲ့သူ အမြဲရှိတယ်... ကျန်းဟိုင်မြို့မှာ ဝှက်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်နေတာ... မင်းထင်သလောက် မရိုးရှင်းဘူး မင်းထက် ပိုကောင်းတဲ့သူတစ်ယောက် အမြဲရှိနေတယ်!"
ချိချင်းရှန်း တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ့ဓားရဲ့ ထိပ်ကို ပွတ်သပ်ကာ သူ့ဘေးနားရှိ လျိုဝူရွှမ်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်းထက်သာတဲ့ သူတစ်ယောက်အကြောင်းပြောရင် ကျန်းဟိုင် မြှားနတ်ဘုရားကို မင်းရှုံးနိမ့်ခဲ့တာကို ငါသတိရမိတယ်... တော်တော်ကို ဆိုးရွားတဲ့ အရှုံးပဲနော်? လူရှေ့သူရှေ့မှောက်မှာ ရှုံးရတာက တကယ့် ရှက်စရာကောင်းတယ်"
"..."
ထိုစကားကြောင့် လျိုဝူရွှမ်း ပါးစပ်က လှုပ်ယမ်းသွားသည်။ ကျန်းဟိုင်မြှားနတ်ဘုရားကို ရှုံးပြီးကတည်းက သတင်းသည် အဓိပတိမဟာမိတ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မဟာမိတ်တွေက အဲဒီအကြောင်းကို အရွှန်းဖောက်ပြီး မကြာခဏ ကျီစားကြ၏။ ရန်သူ့ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ရတညထက် မြှားကျွမ်းကျင်မှုဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ အနည်းငယ် ရယ်စရာကောင်းပါသည်။
"ဟမ့်" လျိုဝူရွှမ်း မျက်နှာ မည်းမှောင်သွားသည်။
"မြှားနတ်ဘုရား ငါ့ကို အနိုင်ယူနိုင်ခဲ့ရင် မင်းကိုလည်း အနိုင်ယူနိုင်မှာ သေချာတယ်... သူက ငါ့ဘဝမှာ တွေ့ဖူးသမျှ အထူးချွန်ဆုံးလူ... သူ့ရဲ့ မြားပစ်စွမ်းရည်က တုနှိုင်းမရတဲ့သူပဲ..."
"သူ့ရဲ့ အရည်အချင်းက ဘာမလို့လဲ"
ချိချင်းရှန်းက နှောင့်ယှက်ပြီး ခေါင်းယမ်းလိုက်သည်။ အောက်နားက ကျန်းဟိုင် ပြည်သူတွေကို ငုံ့ကြည့်ရင်း သူ့အသံက အေးစက်စက်နဲ့။
“သူတောင် သေနေပြီ... သေသွားတဲ့ ပါရမီရှင်က ငါတို့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ?"
"အင်း"
မြင်ကွင်းကို ပြန်သတိရသောအခါ လျိုဝူရွှမ်း၏ မျက်လုံးများ မှိန်သွားသည်။ ရုတ်တရက် ဝမ်းနည်းမှုတွေ တစ်ခုခုကိုလည်း ခံစားလိုက်ရ၏။
"..."
ချိချင်းရှန်းလည်း လျိုဝူရွှမ်းနှင့် ပတ်သက်၍ ထူးဆန်းသော အရာတစ်ခုကို သတိပြုမိပြီး သူအလွန်အကျွံ ပြောနေမိမှန်း သိသဖြင့် အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။
"ကံမကောင်းစွာပဲ သူ့မှာ ဓားကိုင်ထားတဲ့ အကြီးတန်းအစ်ကိုတစ်ယောက် ရှိတယ်လို့ ကြားလိုက်ရတယ်... သူကလည်း စောစောထွက်သွားတယ် မဟုတ်ရင် ငါ သူနဲ့ တစ်ပွဲလောက် နွှဲမိမှာ"
စကားပြောနေစဉ် သူ့ဓားစောင်းကို ထိလိုက်ပြီး :"ဒီတစ်ခါတော့ သူတို့ရဲ့ ဆရာကို ဖော်ထုတ်နိုင်ပါ့မလား မသိဘူး..."
"ငါပြောမယ်... နည်းနည်းလေး သတိထားစမ်းပါ... သူတို့အဖွဲ့ကို အဝေးကြီး မတွန်းလှန်ပါနဲ့"
လျိုဝူရွှမ်း ချိချင်းရှန်းကို တစ်ချက် ကြည့်လိုက်ရာ ရန်လိုသည့် အမူအရာကို သတိပြုမိတာကြောင့် အေးစက်စွာ ပြောလိုက်သည်။
"မင်းကို သတိမပေးမိလို့ ငါ့ကို အပြစ်မတင်နဲ့... မင်းလုပ်ရင် ထိန်းနိုင်မှာမဟုတ်ဘူး အဲဒီကလေး ချင်းယန်က သူ့ဦးလေးထက် ပြင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်"
"ဟုတ်တယ်... ငါသိတယ် မင်းငါ့ကို သတိပေးစရာမလိုဘူး"
ချိချင်းရှန်းရဲ့ ပါးစပ်ထောင့် လှုပ်ယမ်းသွားသည်။ မဟာမိတ်အဖွဲ့မှ ယခင်ထောက်လှမ်းရေးကို ပြန်ပြောင်းသတိရကာ စာကြည့်တိုက်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်ရင်း မျက်လုံးထဲတွင် ကြောက်လန့်တကြား ဖြစ်နေသည်။
မိမိကိုယ်မိမိ ဖျက်ဆီးခြင်းအား နည်းပရိယာယ်အဖြစ် အားကိုးသော ဂိုဏ်းပင်။ အဲဒါကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ။
ချိချင်းရှန်း: "ဒီဂိုဏ်းမှာ တစ်ခုခုမှားနေတာ သေချာတယ်! ထစ်ကနဲဆို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးဖို့ပဲ တွေးကြတယ်... ခေါင်းကိုက်ချင်စရာကြီး"
"အရူးအမူး မလုပ်နဲ့... ဒါက ခေါင်းဆောင်ရဲ့အမိန့်ဆိုပေမယ့် ရူးရူးမိုက်မိုက် ပြေးမရိုက်တာ အကောင်းဆုံးပဲ!"
လျိုဝူရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ အဝေးက စာကြည့်တိုက်ဆီသို့ လှမ်းကြည့်သည်။ ထို့နောက် သူ့အနားတွင် ကြိုးစားရန် စိတ်အားထက်သန်နေသော ချိချင်းရှန်းကိုကြည့်ရင်း ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"ကောင်လေးချင်း... ဒီတစ်ခါတော့ မင်း ရှင်သန်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."