← Chapters

သတ္တုဥပဒေသ

Vol. 22 Ch. 317

သတ္တုဥပဒေသ

Vol. 22 Ch. 317

သတ္တုမြားခေါင်းများ ပျံသန်းလာချိန်တွင် လီဟုန်က နှစ်ခါမစဥ်းစားဘဲ ချက်ချင်းဆုတ်ခွာသွားကာ တုတ်နှင့် ရိုက်ချလိုက်သည်။

ထန်း...ထန်း...ထန်း...။

သတ္တုချင်း ထိခတ်မိသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လီဟုန်က သတ္တုမြားခေါင်းများကို ရိုက်ချနေရင်းဖြင့် လက်မောင်းတစ်ခုလုံး ထုံကျဥ်လာရသည်။ သန်မာသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည်မှာ သူ့အတွက် ခက်ခဲလေသည်။

ဖြစ်နေလောက်မလား...။

လီဟုန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။ သို့သော် ထိုအခိုက်တွင် လီဟုန် ရိုက်ချခဲ့သော သတ္တုမြားခေါင်းများက ပြန်လှည့်လာကာ တိုက်ခိုက်ကြပြန်သည်။

သတ္တုမြားခေါင်းများက အသက်ဝင်နေသည့်ပမာ ဖြစ်နေလေပြီး လေထုကို အဆီးအတားမရှိ ထိုးဖောက်နေသည်။ ၎င်းတို့က လီဟုန်၏တုတ်ကိုပင် ရှောင်တိမ်းနေကြလေ၏။ တိုက်ခိုက်မှုများ၏ အရေအတွက်နှင့် ပြင်းအားတို့ တိုးပွားလာလေသည်။ လီဟုန်၏ နဖူးတွင် ချွေးများသီးနေ၏။

" သတ္တုဥပဒေသ "

မည်ကဲ့သို့ တိုက်ခိုက်မှုမျိုးဖြစ်သည်ကို နောက်ဆုံးတွင် လီဟုန် သိသွားခဲ့လေ၏။

သတ္တု ၊ သစ်သား ၊ ရေ ၊ မီး ၊ မြေ ဓာတ်ငါးပါးထဲတွင် သတ္တုဥပဒေသက အကောင်းဆုံးဖြစ်လေ၏။ သတ္တုဥပဒေသကို ကျွမ်းကျင်သူက နည်းပါးလေသည်။

ဓာတ်ငါးပါးကို ကျင့်ကြံကြသည့် သာမန်လူများက ဥပဒေသတစ်ခုခုကို ပေါက်မြောက်သွားလျှင် သူတို့၏ တိုက်ခိုက်မှုများထဲ၌ ဓာတ်ငါးပါးစွမ်းအားများကို ထည့်သွင်းနိုင်ကြသည်။ ကျွင်းယွဲ့ကဲ့သို့ အလွန်နည်းပါးသော လူများကသာ ဓာတ်စွမ်းအင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပမာ အလွယ်တကူ ထိန်းချုပ်နိုင်ကြသည်။

ကျွင်းယွဲ့က ကြမ်းပြင်မှ သတ္တုအခင်းပြားများကိုပင် အလွယ်တကူ ထိန်းချုပ်နိုင်နေလေ၏။ ထိုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။

ထန်း...ထန်း...ထန်း...။

သတ္တုမြားခေါင်းများက လေထဲတွင် ပျံသန်းနေလျက်ရှိပြီး လီဟုန်က ရှုထောင့်ပုံရိပ်ကို ထုတ်ဖော်ထားသည်။ သို့သော် သတ္တုမြားခေါင်းများက ရှုထောင့်ပုံရိပ်ကို ထိုးဖောက်သွားလေ၏။

လီဟုန်မှာ ဝိညာဥ်စုတ်ပြဲသွားသည်ဟု ခံစားလိုက်ရပြီး မျက်နှာ ဖြူလျော်သွားလေသည်။ ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် သူ၏ခြေလက်များ ထုံထိုင်းနေလေ၏။ သူ တောင့်မခံနိုင်တော့ပေ။

ဟူး...။

နောက်ဆုံးတွင် သတ္တုမြားခေါင်းတစ်ခုက လီဟုန်၏ အကာအကွယ်ကို ထိုးဖောက်သွားကာ ပခုံးကို ဖောက်ဝင်သွားလေ၏။ သတ္တုမြားခေါင်းက ပခုံးမှတစ်ဆင့် ကျောပြင်အထိ ဖောက်ထွက်သွားကာ သွေးများ ဖြာဆင်းသွားလေသည်။

လီဟုန် နောက်သို့လဲကျသွားလေ၏။

ထိုစဥ်တွင် သတ္တုမြားခေါင်းတစ်ခုက လီဟုန်၏ ဝမ်းဗိုက်အား ထိုးဖောက်သွားပြန်၏။ သတ္တုမြားခေါင်းများ၏ ရှေ့မှောက်တွင် လီဟုန်၏ ယွမ်ချီအကာအကွယ်မှာ စက္ကူတစ်ရွက်ပမာ ဖြစ်နေရလေ၏။

လီဟုန်၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ မကျမီတွင် ထပ်မံလွင့်စဥ်သွားရပြန်ပြီး တုန်ခါနေသည်။

ကျွင်းယွဲ့၏ သတ္တုမြားခေါင်းများက လီဟုန်၏ခန္ဓာကိုယ်အား လက်မအရွယ် အပေါက်မှ ထပ်တလဲလဲ ထိုးဖောက်နေကြပြီး နောက်ဆုံးတွင် ဒဏ်ရာက သေရည်ခွက်အရွယ်အထိ ကြီးလာလေသည်။ လီဟုန်၏ လက်မောင်းမှာ အကြောဆွဲနေရလေ၏။

" ငါ...အရှုံးပေးတယ် "

လီဟုန် ထိုစကားလုံးများကို ခက်ခဲစွာ ပြောလိုက်ရသည်။ လီဟုန်၏မျက်နှာ ဖြူလျော်နေကာ ချွေးများသီးနေ၏။ ဒဏ်ရာနှစ်ခုကြောင့် သူ သွေးများစွာ ဆုံးရှုံးသွားရသည်။

တိုင်အာနတ်မြို့၏ သမားတော်များက လီဟုန်ကို ကယ်တင်ရန် အပြေးရောက်လာကြ၏။

ကျွင်းယွဲ့၏ အမူအရာက တည်ငြိမ်နေဆဲပင်။ တိုက်ပွဲအစမှ အဆုံးအထိ ကျွင်းယွဲ့က ခေါင်းကိုသာ ညိတ်ခဲ့လေပြီး ခြေတစ်လှမ်းပင် မလှမ်းခဲ့ပေ။ သူက သတ္တုမြားခေါင်းများကို ထိန်းချုပ်ရန်အတွက် သတ္တုဥပဒေသကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် အနိုင်ရခဲ့သည်။

ကွာဟချက်က ကြီးမားလွန်းလှသည်။

လီဟုန် အလွန်ပင် စိတ်ဓာတ်ကျနေ၏။ မဟာမိတ်ပြိုင်ပွဲက သူ့အတွက် မေ့မရနိုင်သော အတွေ့အကြုံတစ်ခု ဖြစ်သွားချေပြီ။

ကျွင်းယွဲ့က အနိုင်ရပြီးနောက်တွင် သမထထိုင်နေသည့် ယီယွင်အား စူးစိုက်ကြည့်လိုက်သည်။

ယီယွင် ရင်ထိတ်သွားသည်။ သူ မျက်လုံးမဖွင့်ဘဲ စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်လေရာ ထိုသူ၏တည်ရှိမှုကို သိလိုက်ရသည်။ အကြောင်းကမူ ထိုသူက သိသာလွန်းနေခြင်းကြောင့်ပင်။

စွမ်းအင်မြင်ကွင်းထဲတွင် ခန်းယန်နှင့် ကျန်းကဲ့တို့ကဲ့သို့ ပညာရှိများက စွမ်းအင်များကို သိမ်းထားကြလေသောကြောင့် မှိန်ဖျော့သောအလင်းသာ ထွက်သည်။ တိုင်အာနတ်မြို့၏ မြို့သခင်ကဲ့သို့ ပုဂ္ဂိုလ်များကမူ သာမန်လူနှင့်မခြားပေ။

ဝမ်ယွီတို့ကမူ အားနည်းလွန်းသောကြောင့် သူတို့၏ တည်ရှိမှုက သေးငယ်လွန်းလှသည်။

သူက ကျွင်းယွဲ့ကို ရှင်းလင်းစွာပင် မြင်နေရသည်။ ထိုကောင်က သန်မာသည်သာမက စွမ်းအင်များလည်း ကြွယ်ဝသည်။ သူ၏တည်ရှိမှုက ညအချိန်မှ မီးရောင်ပမာပင် ထင်ရှားလွန်းနေလေ၏။

" ဒီလူက သာမန်ဟုတ်ပုံမရဘူး "

ယီယွင်က ထိုသူကို မှတ်သားထားလိုက်၏။ လက်ရှိတွင် သူက ဓားအမှန်တရားကို လေ့လာသုံးသပ်နေသည်ဖြစ်၍ တစ်ဖက်လူကို စစ်ဆေးကြည့်ရန် အချိန်မရပေ။

သို့သော် ဝမ်ယွီနှင့် အခြားသူများကမူ ကျွင်းယွဲ့၏ သတင်းအချက်အလက်များကို ရှာဖွေနေကြချေပြီ။

" စီနီယာယီတော့ ဘက်တူတဲ့သူနဲ့ တွေ့နေပြီ "

" ကျွင်းယွဲ့က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ " ဂျူနီယာများမှာ ယုံကြည်ချက် လျော့နည်းနေကြ၏။ ယီယွင်သာ ကျွင်းယွဲ့နှင့် ရင်ဆိုင်ရပါက မည်သူအနိုင်ရမည်ကို ပြောရခက်လေသည်။

ကျွင်းယွဲ့က လီဟုန်ကို အနိုင်ယူပြီးနောက်တွင် ချူရှောင်းရန်နှင့် ချိုးနျိုတို့၏ ရလဒ်များလည်း ထွက်လာလေ၏။ ချူရှောင်းရန် အနိုင်ရခဲ့ကာ ချိုးနျိုက ရှုံးသွားခဲ့သည်။

တိုင်အာနတ်မြို့နှင့် ယွင်လုံစေတီ ၇၂ ခုတို့၏ ဆယ့်ငါးနှစ်အောက် ပြိုင်ပွဲများတွင် နှစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့် သရေဖြစ်နေသည်။

ခန်းယန်က ထိုရလဒ်ကို အလွန်ကျေနပ်နေ၏။

တိုင်အာနတ်မြို့တွင် ယီယွင် ၊ ချူရှောင်းရန် ၊ ချိုးနျိုဟူသည့် စွမ်းအားကြီးသူသုံးဦးသာ ရှိလေသည်။ သူတို့က ၁၅ နှစ်ပင် မပြည့်သေးလေသောကြောင့် အသက်အရွယ်အရ အားနည်းချက်ရှိသည်။ သို့တိုင်အောင်ပင် သူတို့က ပြိုင်ဘက်များနှင့် သူတင်ကိုယ်တင် ယှဥ်နိုင်ခဲ့လေ၏။ အနည်းဆုံးအနေဖြင့် သူတို့က ထိုင်ခုံနေရာလေးခု ရယူနိုင်ခဲ့သည်။

ဆယ်ငါးနှစ်အောက် ပြိုင်ပွဲများပြီးလျှင် ဆယ်ကျော်သက်များ၏ ပြိုင်ပွဲ ရှိလေ၏။ အုပ်စုချန်ပီယံဖြစ်ရန်မှာ အရေးအကြီးဆုံး ဖြစ်လေ၏။ ချန်ပီယံဖြစ်လာလျှင် အနည်းဆုံး ထိုင်ခုံနေရာရှစ်ခု ရနိုင်ပေလိမ့်မည်။

တိုင်အာနတ်မြို့တွင် ချန်ပီယံဖြစ်နိုင်သူမှာ ယီယွင်အပြင် အခြားမရှိသော်လည်း ယီယွင်က ကျွင်းယွဲ့နှင့် ရင်ဆိုင်ရချေမည်။

ခန်းယန် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ကျွင်းယွဲ့နှင့် လီဟုန်တို့၏ တိုက်ပွဲတွင် ကျွင်းယွဲ့က စွမ်းအားအကုန် သုံးမသွားကြောင်း သိသာလေသည်။ ယီယွင်က ကျွင်းယွဲ့အား မည်သို့ယှဥ်မည်ကိုမူ ခန်းယန် ဝေခွဲရခက်နေ၏။ ယင်းက လေးနက်သော စိန်ခေါ်မှုတစ်ခုပင်။

များမကြာမီတွင် ဆယ့်ငါးနှစ်အထက် ပြိုင်ပွဲများ၏ ရလဒ်များ ထွက်လာသည်။ ယောင်တောက်၏အဖွဲ့က အနိုင်ပွဲ ရယူနိုင်ခဲ့သော်လည်း အခြားသုံးဖွဲ့မှာ ထုတ်ပယ်ခံခဲ့ရသည်။

အမှန်တကယ်တွင် အဖွဲ့သုံးခုက ပြိုင်ဘက်များနှင့် ရင်ဆိုင်ချိန်တွင် ပြိုင်ဘက်များသည် လူတစ်ဦး နှစ်ဦးခန့်သာ စေလွှတ်ခဲ့ပြီး ပွဲသိမ်းသွားခဲ့ရသည်။

" တိုင်အာနတ်မြို့ရဲ့ တိုက်ပွဲဗျူဟာက အတော်ကို အကျိုးသက်ရောက်မှုရှိတာပဲ " ဂုဏ်သရေရှိခုံပေါ်မှ ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ရယ်မောလိုက်လေ၏။ သူက ထေ့ငေါ့ကာဆိုသည်..." သုံးဖွဲ့ကို စွန့်လွှတ်ပြီးတော့ တစ်ဖွဲ့တည်းကိုပဲ အာရုံစိုက်ထားခဲ့ပြီး အဲ့ဒီတစ်ပွဲပဲ အနိုင်ရခဲ့တယ်။ အဲ့ဒီပွဲကလည်း ကျုပ်တို့ ယွင်လုံစေတီ ၇၂ ခုရဲ့ အားအနည်းဆုံးအဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရတာပဲ။ ခင်ဗျားတို့တွေ ကံကို ကျေးဇူးတင်သင့်တယ် "

" ကံကောင်းမှုဆိုတာလည်း စွမ်းအားတစ်မျိုးပဲလေ " မြို့သခင်က ခပ်အေးအေးပင်။ ခုနစ်စင်ကြယ်စေတီပိုင်ရှင်က မည်သို့ပင်ပြောနေပါစေ သူက ပြုံးရုံသာရှိပြီး စိတ်ထဲမထားပေ။

" ကံဆိုးချင်တော့လည်း နောက်ဆုံးပွဲစဥ်မှာ ကံကောင်းမှုဆိုတာက အသုံးမဝင်တော့ဘူး။ ဒီကိစ္စကို ရှောင်လွဲလို့မရဘူး " ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ယုံကြည်ချက်အပြည့် ရှိနေလေ၏။ ပြိုင်ပွဲများ၏ရလဒ်က အရေးမပါပေ။ အရေးအကြီးဆုံး ပွဲစဥ်များက ရှေ့တွင်ရှိနေသည်။

အုပ်စုချန်ပီယံက ထိုင်ခုံနေရာရှစ်ခု သို့မဟုတ် ဆယ်ခု ရရှိပေလိမ့်မည်။

ယွင်လုံနတ်ပြည်ထောင်က ထိုထိုင်ခုံနေရာအားလုံးကို ရယူနိုင်လိမ့်မည်ဟု ခုနစ်စင်ကြယ်စေတီပိုင်ရှင်က ယုံကြည်ချက်ရှိသည်။ သူက ထိုင်ခုံနေရာ ၆၀% ရယူလိုသည်။ ထိုအထဲတွင် တောင်ပိုင်းတိုင်းပြည်ဆယ်ခုနှင့် သီးခြားအဖွဲ့အစည်းများလည်း ပါဝင်လေ၏။

တိုက်ပွဲများ ဆက်လက်ပြုလုပ်နေသည်။

အဖွဲ့ငယ်ပွဲစဥ်များ တစ်နာရီခန့် ကျင်းပပြီးနောက် အုပ်စုဗိုလ်လုပွဲ ရောက်လာခဲ့သည်။ အုပ်စုငယ်ပွဲများတွင် အနိုင်ရခဲ့သူများနှင့် ရှုံးနိမ့်ခြင်းမရှိသေးသည့် ကျင့်ကြံသူများက အုပ်စုဗိုလ်လုပွဲတွင် ပါဝင်ခွင့်ရမည်။

အုပ်စုဗိုလ်လုပွဲ စည်းမျဥ်းများက ရိုးရှင်းလေပြီး မည်သူ့ကိုမဆို စိန်ခေါ်ခွင့်ရှိသည်။

ဆယ့်ငါးနှစ်အောက် အဖွဲ့များအတွက် အုပ်စုချန်ပီယံသည် ထိုင်ခုံနေရာရှစ်ခု အနိုင်ရမည်ဖြစ်၏။

ဆယ့်ငါးနှစ်အထက် အဖွဲ့များအတွက် အုပ်စုချန်ပီယံသည် ထိုင်ခုံနေရာဆယ်ခု အနိုင်ရမည်ဖြစ်၏။

တစ်ဖက်တွင် လူဆယ်ယောက်ဖက်ပိုကာ ကျန်နေပါက ထိုင်ခုံနေရာနှစ်ခု အပိုဆောင်းရရှိမည် ဖြစ်လေသည်။ ထိုင်ခုံနေရာ သုံးဆယ်နီးပါး ရှိလေသည်။ အပြန်အလှန်အနေဖြင့် အဖွဲ့ငယ်ပြိုင်ပွဲများတွင် ဆုံးရှုံးခဲ့ရသည့် ထိုင်ခုံနေရာခြောက်ခုက ဘာမျှမဟုတ်ပေ။

" ကောင်စုတ်လေး... အုပ်စုချန်ပီယံပွဲစဥ်တွေ မကြာခင်မှာ စတော့မယ် " သမထထိုင်နေသည့် ယီယွင်၏ နားထဲတွင် ခန်းယန်၏အသံ ထွက်ပေါ်လာသည်။

ယီယွင် မျက်လုံးဖွင့်လိုက်၏။ သန့်စင်ယန်ဓားနန်းတော်၏ ဓားအမှန်တရားက နက်နဲသိမ်မွေ့လွန်းလှ၏။ ယီယွင်မှာ ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့်ပင် ထိုဓားအမှန်တရားကို ကျင့်ကြံရန်အတွက် အခက်ကြုံနေရလေ၏။ လက်ရှိအချိန်အထိ သူ၏ သိုင်းသမားဘဝတွင် ၎င်းက အခက်ခဲဆုံးနှင့် နားလည်ရန်အခက်ဆုံး ကျင့်စဥ်နည်းစနစ်တစ်ခု ဖြစ်လေ၏။

" အုပ်စုဗိုလ်လုပွဲက အဖွဲ့တွေကို ဖယ်ရှားပစ်တဲ့ ပြိုင်ပွဲတစ်ခုပဲ။ အဖွဲ့ထဲမှာ လူတွေ ပိုရှိလေလေ အခွင့်အရေးပိုသာလေလေပဲ။ ငါတို့က အရေအတွက်နဲ့ အသာစီးယူလို့မရဘူး။ မင်းတို့တွေ အကောင်းဆုံးသာ လုပ်ပါ " ခန်းယန်က ယီယွင်နှင့် မဝေးလှသောနေရာမှ မိန်းကလေးတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ သူမက ချူရှောင်းရန် ဖြစ်လေ၏။

" အခု ငါတို့တွေက အဖွဲ့ဝင်တွေ ဖြစ်လာပြီ " ချူရှောင်းရန်က ပြုံးကာဆိုသည်။

ယီယွင် ချူရှောင်းရန်ကို ကြည့်လိုက်ရာ သူမက တစ်ဦးတည်းသာဖြစ်နေသည်ကို သတိပြုမိသွားလေ၏။

ချူရှောင်းရန်က ရှက်ကိုးရှက်ကန် ဆိုလေသည်... " ငါ့ရဲ့အဖွဲ့ဝင်တွေက ရှုံးသွားကြပြီ။ ချိုးနျိုနဲ့ လီဟုန်တို့ရဲ့ အဖွဲ့တွေလည်း ရှုံးသွားကြပြီ။ ဒါကြောင့် ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်။ နင့်ရဲ့အဖွဲ့က လူတွေကိုပါထည့်တွက်ရင် စုစုပေါင်း လူငါးယောက်ကျန်တယ် "

အမ်...။

ယီယွင် မျက်ခုံးများ ပူးကပ်သွား၏။ သူ၏အနီးတွင် ဝမ်ယွီနှင့် အခြားဂျူနီယာနှစ်ဦး ရှိနေသည်။ ထိုသုံးယောက်က အိမ်ဖြည့်မျှသာ ဖြစ်လေ၏။

မည်သို့ပင်ရေတွက်ပါစေ ဤဗိုလ်လုပွဲတွင် အမှန်တကယ် ပါဝင်ယှဥ်ပြိုင်နိုင်သူမှာ ယီယွင်နှင့်ချူရှောင်းရန် နှစ်ဦးတည်းသာ ရှိလေသည်။

သူ၏ပြိုင်ဘက်များ၏ နောက်တွင်မူ အစွမ်းထက်သူများက ဝံပုလွေများနှင့် ကျားများသဖွယ် ရှိနေလေ၏။

ဤအရေအတွက်က သေချာပေါက်ပင် အရေးသာမနေချေ။

All Chapters