← Chapters

ချန်းရွှေမိသားစု

Vol. 22 Ch. 324

ချန်းရွှေမိသားစု

Vol. 22 Ch. 324

တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်မိသားစုဝင်တစ်ပိုင်းဖြစ်သည့် ယန်ချန်က ဤမဟာမိတ်ပြိုင်ပွဲတွင် တိုင်အာနတ်မြို့အတွက် အရေးအပါဆုံးသူ ဖြစ်လေ၏။ ယန်ချန်က အမြဲတမ်းလိုပင် ဝင့်ကြွားတတ်သူဖြစ်သော်လည်း ယွင်လုံနတ်ပြည်ထောင်မှ လူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူ၏ဝင့်ကြွားမှုများကို သိမ်းဆည်းထားပြီး စိတ်ဝိညာဥ်နှင် စိတ်တို့တွင်သာ အာရုံစိုက်ထားလေသည်။

တိုက်ပွဲမစမီတွင် သူသည်လည်း ယွင်လုံနတ်ပြည်ထောင်မှ ပါရမီရှင်များ၏ သတင်းအချက်အလက်များကို စုဆောင်းထားခဲ့သည်။

သို့သော် မဟာမိတ်ပြိုင်ပွဲ ကျင်းပသည်မှာ ရုတ်တရက်ဆန်လွန်းနေခဲ့ပြီး ယွင်လုံစေတီ ၇၂ ခုနှင့် တိုင်အာနတ်မြို့တို့က ဝေးကွာလေသောကြောင့် ယွင်လုံစေတီ ၇၂ ခုနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အသေးစိတ်ကို အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲခဲ့လေ၏။ ယန်ချန်က တော်ဝင်မိသားစု၏အင်အားကို မသုံးနိုင်လေသောကြောင့် သူ ရရှိခဲ့သည်မှာ သာမန်သတင်းအချက်အလက်များသာ ဖြစ်လေ၏။

ယွင်လုံစေတီ ၇၂ မှ ပါရမီရှင်များနှင့် ပတ်သတ်နေသည့် သတင်းအချက်အလက်များကို သူ သိထားသည်မှာ အကန့်အသတ်ရှိသည်။ ထိုပါရမီရှင်များ၏ လက်နက်များနှင့် အသုံးများသည့် သိုင်းကွက်များအကြောင်းကိုသာ ယီယွင် သိလေသည်။ ၎င်းတို့၏ ဝှက်ဖဲများနှင့် အသေသတ်အကွက်များ အကြောင်းကိုမူ ယန်ချန် အသေးစိတ်စီစစ်နိုင်ခြင်း မရှိခဲ့ပေ။

ထိုဖက်တီးက နတ်အရိုင်းမြေထဲရှိ ဆန်းကြယ်မိသားတစ်ခုထံမှ လာခဲ့ကြောင်းကိုသာ ယန်ချန် သိသည်။ နတ်အရိုင်းမြေနှင့် ပတ်သတ်နေကြသည့် မိသားစုမျိုးနွယ်တိုင်းက ရိုးစင်းခြင်းမရှိပေ။ ၎င်းတို့တွင် အမည်မသိ သွေးအမွေနှင့် မျိုးနွယ်၏ ဆန်းကြယ်နည်းစနစ်များ ရှိကြသည်။

ဥပမာဆိုရသော် ရုပ်သေးပညာရှင်ဖြစ်သည့် ခွေ့ယွီကလည်း နတ်အရိုင်းမြေထဲရှိ ဆန်းကြယ်မိသားတစ်ခုမှ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤဖက်တီးက ခွေ့ယွီထက် များစွာပိုကာ အားကောင်းလေ၏။

" တိုက်ပွဲစမယ် "

ဒိုင်က ကြေညာလိုက်လေသည်။ ယန်ချန်တွင် အလင်းများ လည်ပတ်လာကာ ကျောဘက်တွင် ကျားတစ်ကောင်ပုံရိပ် ထွက်ပေါ်လာ၏။ ယင်းက ယန်ချန်၏ ရှုထောင့်ပုံရိပ် ဖြစ်လေသည်။

ဝေါင်း...။

ကျားက ဟိန်းဟောက်လိုက်ချိန်တွင် ယန်ချီ ရှေ့သို့တက်သွားလေ၏။ လှုပ်ရှားနေချိန်တွင် သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာသည်။ ယင်းက သန့်စင်ယန်မီးတောက် ဖြစ်လေ၏။

တိုင်အာနတ်မြို့၏ လက်ရွေးစင်များထဲမှ တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုဝင်လည်းဖြစ်သည့် ယန်ချန်၏ ပင်မကျင့်စဥ်နည်းစနစ်က တိုင်အာနတ်ကျင့်စဥ် ဖြစ်လေသည်။

ယီယွင်နှင့်ယှဥ်လျှင် ယန်ချန်၏ တိုင်အာနတ်ကျင့်စဥ်က ထန်တောင်ကြားပုံရိပ်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။ သို့သော် ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့် ကျင့်ကြံမှုကြောင့် သူ၏ခန္ဓာကိုယ်မှ သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းနေသည်မှာ ပိုကျယ်သောနေရာများအထိ လွှမ်းခြုံထားလေသည်။

ရွှတ်...။

သူ ဓားနှင့်ခုတ်လိုက်ရာ သန့်စင်ယန်မီးတောက်များ ပြန့်ကျဲသွားလေ၏။ တစ်ချိန်တည်းမှာပင် ကျောဘက်မှ ကျားက ဖက်တီးဆီသို့ ပြေးဝင်သွားလေ၏။

ကျားက ဟိန်းဟောက်ကာ လက်သည်းများနှင့် ကုတ်ချသည်။ ဖက်တီးက ပြုံးကာ ကျားလက်သည်းများကို လက်ဗလာနှင့် ခုခံလိုက်သည်။

ဖောင်း... ။

ပြင်းထန်သော ဆုံတွေ့မှုကြောင့် ဖက်တီး ခြေးလှမ်းဝက်ခန့် ဆုတ်လိုက်ရသည်။ သူ ခြေထောက်အား ဖိလိုက်ရာ ခရမ်းရောင်အဖြိုက်နက် အခင်းပြားပေါ်တွင် နက်ရှိုင်းသော ခြေရာတစ်ခု ကျန်ခဲ့လေသည်။ သူ၏လက်မှ အဝတ်များ စုတ်ပြဲသွားသော်လည်း လက်ကမူ အဆင်ပြေနေဆဲပင်။

" ဘယ်လို "

ယန်ချီ ကြီးစွာထိတ်လန့်သွား၏။ သူ၏ရှုထောင့်ပုံရိပ်က သန္ဓေပြောင်း ရွှေမျက်လုံးကျား ဖြစ်သည်။ ထိုကဲ့သို့ ပျက်စီးခြင်းသားရဲ၏ ခွန်အားက ကြီးမားလှပြီး လက်သည်းတစ်ချက်နှင့်ပင် တောင်တစ်လုံးကို ဖျက်ဆီးပစ်နိုင်သည်။

ရှုထောင့်ပုံရိပ်က ရွှေမျက်လုံးကျားအစစ်ထက် အားနည်းသော်လည်း ၎င်း၏တိုက်ခိုက်မှုကို ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များ ခန္ဓာကိုယ်ဖြင့် ခုခံနိုင်ခြင်းမရှိပေ။

ယန်ချန် အံ့အားသင့်နေသော်လည်း သူ၏တိုက်ခိုက်မှုကမူ အလေးအနက်ရှိသည်။ ဖက်တီးအား သူ၏ သန့်စင်ယန်မီးတောက်များ တောက်လောင်နေသည့် ဓားနှင့် ခုတ်လိုက်သည်။

ဟူး...။

ယန်ချန်က တိုင်အာနတ်ကျင့်စဥ်ကို အဆုံးစွန်အထိ မြင့်တင်ထားသည်။ ဖက်တီးက ဓားကို တားဆီးနိုင်လျှင်ပင် သန့်စင်ယန်မီးတောက်များ လောင်ကျွမ်းသည်ကို တားနိုင်မည်မဟုတ်ပေ။

မီးတောက်များက ဖက်တီး၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေပြီး ဆံပင်များပင် လောင်ကျွမ်းသွားရသည်။

သို့သော် မီးတောက်ထဲမှ ဖက်တီးက ရယ်မောနေလေသည်။

" ဒါက မင်းရဲ့စွမ်းအားပေါ့။ ဆောင်ရာသီထဲက မီးဖိုတစ်ခုလိုပဲ အတော်ကို နွေးတယ်။ ဟားဟားဟား " ဖက်တီး အော်ဟစ်ရယ်မောလိုက်သည်။

" ဘယ်လိုဖြစ်တာလဲ။ ယန့်စင်ယန်မီးတောက်တွေ တစ်ကိုယ်လုံး လွှမ်းသွားတာတောင် ဒီကောင်က ဘာမှမခံစားရဘူးလား "

မည်ကဲ့သို့ ဆန်းကြယ်နည်းစနစ်မျိုးပေနည်း။ သူက သန္ဓေပြောင်း ရွှေမျက်လုံးကျား၏ လက်သည်းကုတ်ချက်ကို လက်ဗလာနှင့် တားဆီးပြီးနောက် ရယ်နေခဲ့သည်တဲ့လား။

ယန်ချန် ကြောက်စိတ်အစစ်ကို ခံစားလာရသည်။ ပြိုင်ဘက်၏စွမ်းအားက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်ဟု ခံစားရသည်။

ပြိုင်ဘက်ဖြစ်သူက မည်သည့်အရာအား မှီခိုနေကြောင်းကိုပင် သူ မသိချေ။ ထိုကဲ့သို့ အားကောင်းသော ခန္ဓာကိုယ်တစ်ခု ရှိလာရန်မှာ မဖြစ်နိုင်ဟု ယုတ္တိသဘောတရားများက ပြောနေသော်လည်း ထိုကိစ္စက သူ၏ မျက်စိရှေ့မှောက်တွင်ပင် ဖြစ်ပျက်သွားခဲ့လေသည်။

ထိုဖက်တီး၏ ဆန်းကြယ်နည်းစနစ်ကို နားမလည်ပါက ရှုံးရလိမ့်မည်ကို ယန်ချန် သိသည်။ သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုက ဖက်တီးအား ထိခိုက်စေခဲ့ခြင်းမရှိသလို ဖက်တီးက လက်နက်ပင် သုံးမထားချေ။

ယန်ချန် ထိတ်လန့်နေသည်။ သူ ဖက်တီး၏လက်ထဲမှ ဓားကို အားကုန်သုံးကာ လက်နှစ်ဖက်နှင့် ဆွဲယူလိုက်သည်။

သို့သော် ဖက်တီး၏လက်ဝါးတွင် သွေးတစ်စက်ပင် ရှိမနေခဲ့ချေ။

" တိုင်အာနတ်ကျင့်စဥ် ၊ နေအလင်းဓား "

ယန်ချန်၏ဓားတွင် မီးတောက်များ ဖြာတက်လာပြီး ရွှေရောင်နေမင်းတစ်စင်း ဖြစ်ပေါ်လာ၏။ သူ ဖက်တီး၏ နှလုံးတည့်တည့်အား ထိုးလိုက်လေသည်။

သို့သော် ဖက်တီးက ရယ်၍သာနေလေ၏။ သူက ရှောင်တိမ်းခြင်းမပြုဘဲ ယန်ချန်ဆီသို့ လက်ဝါးဆန့်ထုတ်လိုက်သည်။

ရွှတ်...။

ဓားသည် ဖက်တီး၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့လေပြီး တစ်ချိန်တည်းမှာပင် ဖက်တီး၏လက်ဝါးကလည်း ယန်ချန်အား ရိုက်မိသည်။

ဖောင်း...။

ယန်ချန် ရင်ဘက်တွင် ပြင်းဘက်ထန်လှသော တုန်ခါမှုကို ခံစားလိုက်ရပြီး နောက်သို့လွင့်သွားလေသည်။ လေထဲတွင် သူ သွေးတစ်လုတ် အန်လိုက်ရလေ၏။

အခြားတစ်ဖက်တွင်မူ ဓားထိုးခံရသည့် ဖက်တီးက မည်သို့မျှ မဖြစ်ခဲ့ပုံပင်။ ဖက်တီးက ခန္ဓာကိုယ်အား ဓားထိုးခံရသည့်တိုင်အောင် ပြုံးနေဆဲပင်။ မြင်ကွင်းက အလွန်ထူးဆန်းလှသည်။သူက ပူပြင်းလောင်ကျွမ်းနေသည့် ဓားကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေ၏။

" ကောင်းလိုက်တဲ့ တိုက်ခိုက်မှု။ ဆိုးတာက ငါနဲ့ရင်ဆိုင်ရင် အသုံးမဝင်ဘူး "

ဖက်တီးက နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်သည်။ ဓားထိုးခံရခြင်းက မဖြစ်ဖူးသည့်အလားပင်။

မြင်ကွင်းကြောင့် အမြဲတမ်းလိုပင် ဝင့်ကြွားတတ်သော ယန်ချန်မှာ လဲကျလုနီးပါး ဖြစ်သွားရသည်။ အဘယ်သို့ဖြစ်၍ ထိုကဲ့သို့ပြိုင်ဘက်တစ်ဦး ရှိနေရလေသနည်။ ထိုကောင့်တွင် မသေနိုင်သည့်ခန္ဓာကိုယ် ရှိနေလေသလော။

ဆန်းကြယ်နည်းစနစ်က မသေမျိုးခန္ဓာကိုယ် ဖြစ်နေလေသလော။ မသေမျိုးခန္ဓာကိုယ်နှင့် ပြိုင်ဘက်တစ်ဦးကို မည်သို့ ရင်ဆိုင်ရမည်နည်း။

ယန်ချန်မှာ ယခုကဲ့သို့ စွမ်းအားမဲ့ရခြင်းမျိုးကို မခံစားဖူးပေ။

.......................

" ဘာတွေဖြစ်နေတာလဲ။ တိုက်ပွဲ စပြီးတာ ကြာနေပြီ။ သူတို့ ဘာလုပ်နေကြတာလဲ "

ပရိတ်သတ်များသည် စင်မြင့်ပေါ်မှ တိုက်ပွဲအခြေအနေကိုကြည့်ကာ စိတ်ရှုပ်ထွေးနေကြလေ၏။ ဒိုင်က တိုက်ပွဲစတင်ကြောင်း ကြေညာပြီးနောက်တွင် ယန်ချန်နှင့် ဖက်တီးတို့က ပေးသုံးဆယ်ခန့်အကွာတွင် မလှုပ်မယှက် ရပ်နေကြလေ၏။

တစ်ခုတည်းသော ကွဲပြားချက်မှာ ဖက်တီး၏ နဖူးအလယ်တွင် ဆန်းကြယ်အမှတ်အသားတစ်ခု ပေါ်ထွက်နေခြင်းပင်။ ဆန်းကြယ်အမှတ်အသားက တောက်ပနေကာ ရှေးဆန်သော ဆန်းကြယ်မှုအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

" သူတို့က ရပ်ပြီး ဘာလုပ်နေကြတာလဲ။ ဘာကြောင့် မတိုက်ခိုက်ကြတာလဲ "

တိုင်အာနတ်မြို့မှ စစ်သည်အချို့က မေးလိုက်ကြသည်။

" တိုက်ပွဲက စနေတာကြာပြီ " တိုင်အာနတ်မြို့မှ နည်းပြတစ်ဦးက ဆိုသည်။ သူက စိုးရိမ်နေသော လေသံဖြင့်..." ဖက်တီးက ပုံရိပ်ယောင်နည်းစနစ် အသုံးပြုနေတာ။ အခြေအနေက မကောင်းဘူး။ ယန်ချန်က ပုံရိပ်ယောင်နည်းစနစ်ထဲမှာ ပိတ်မိနေပြီ "

တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ ပုံရိပ်ယောင်နည်းစနစ် တိုက်ခိုက်မှုလား။

ဒီလိုတိုက်ကွက်မျိုး ရှိသေးတာလား။

လူအချို့က ဖက်တီး၏နဖူးမှ အမှတ်အသားကို ရုတ်တရက် ပြန်တွေးမိသွားလေ၏။ တောက်ပနေသည့် ရှေးဟောင်းဆန်းကြယ်အမှတ်အသားက ပုံရိပ်ယောင်နည်းစနစ်၏ အရင်းအမြစ်ပေလော။

ယန်ချန်၏ မျက်နှာတွင် ချွေးများသီးနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူ၏လက်ထဲတွင် ကိုင်ထားသည့် ဓားက အနည်းငယ်တုန်ယင်နေ၏။ သူ၏စိတ်အခြေအနေက မတည်ငြိမ်ပုံပင်။

" ဒါက ဆိုးတာပဲ "

သူတို့က ထိုနှစ်ဦး၏ ပုံရိပ်ယောင်နည်းစနစ်တိုက်ပွဲ အခြေအနေကို မသိသော်ငြားလည်း ယန်ချန်၏ အခြေအနေက ကြာကြာတောင့်မခံနိုင်တော့ကြောင်းကို သူတို့ သိကြသည်။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် ဖက်တီးက အကြွင်းမဲ့သခင် ဖြစ်လေ၏။ ပြိုင်ဘက်က ပုံရိပ်ယောင်ထဲသို့ ရောက်သွားသည်နှင့် သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားချေပြီ။ ဖက်တီး၏စိတ်ထဲတွင် တွေးသမျှအရာတိုင်း ပုံရိပ်ယောင်ကမ္ဘာထဲတွင် ဖြစ်လာပေလိမ့်မည်။

" ချန်းရွှေမိသားစုက ပုံရိပ်ယောင်နည်းစနစ်မှာ တကယ်ကို ပြိုင်ဘက်ကင်းတယ် " အကြီးအကဲစင်မြင့်ထက်မှ အဖြူဝတ်အကြီးအကဲက မုတ်ဆိတ်သပ်ရင်း ပျော်ရွှင်စွာ ရယ်လိုက်လေသည်။

" ဒါပေါ့... ချန်းရွှေမိသားစုမှ လူအရေအတွက် အကန့်အသတ်ရှိနေတာက နှမြောစရာပဲ။ ဒီမျိုးဆက်မှာ သူတို့တွေက လူအများအကြီး မကျန်တော့ဘူး။ နတ်အရိုင်းမြေ ဆန်းကြယ်မိသားစုမျိုးနွယ်အချို့လည်း သူတို့ရဲ့ သွေးမျိုးဆက်ကို မျိုးပွားဖို့အတွက် အခက်ကြုံနေကြရတယ် " အခြားအကြီးအကဲတစ်ဦးက ဆိုလိုက်သည်။ ထိုအကြီးအကဲနှစ်ဦးက ယီယွင်ကြောင့် အရှက်ကွဲခဲ့ရသူများဖြစ်ပြီး ခန်းယန်နှင့်လည်း အငြင်းအခုံဖြစ်ခဲ့လေသည်။

သူတို့က ခန်းယန်ကိုကြည့်ကာ ပြုံးလိုက်လေ၏။ ခန်းယန်က ယီယွင်ကို ဓားသင်္ချိုင်းထဲသို့ ဝင်နိုင်သည့် တံဆိပ်ပြားတစ်ခု ပေးခဲ့လေသည်။ သူ ပြန်ရောက်လာခါစတွင် အကြီးအကဲနှစ်ဦးက ပစ်မှတ်ထားသည်ကို ခံခဲ့ရလေ၏။

အဖြူဝတ်အကြီးအကဲက ခန်းယန်ကို တမင်ရည်ရွယ်ကာ သတိပေးလိုက်သည်... " ပုံရိပ်ယောင်နည်းစနစ်ရဲ့ အကြီးမားဆုံး အားသာချက်က ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုနည်းစနစ်တွေ ၊ သိုင်းကွက်တွေ ၊ ကျင့်စဥ်နည်းစနစ်တွေ ၊ ဥပဒေသတွေကို လျစ်လျူရှုထားလို့ရတာပဲ။ ပြိုင်ဘက်ရဲ့ စိတ်စွမ်းအားနဲ့ ယွမ်ချီ အားနည်းနေခဲ့မယ်ဆိုရင် ပုံရိပ်ယောင်ကမ္ဘာထဲကို ရောက်သွားတာနဲ့ ရုန်းကန်မှုတွေက အသုံးမဝင်တော့ဘူး "

ခန်းယန်က ထိုနှစ်ဦး၏ စကားများနောက်ကွယ်မှ အတွေးကို သဘောပေါက်လေသည်။ ယီယွင်၏ကျင့်ကြံမှုက အကန့်သတ်ရှိလေသောကြောင့် ပုံရိပ်ယောင်ထဲတွင် စိတ်ကြည်လင်အောင်ထားနိုင်ရန် ခက်ခဲသည်ဟု သူတို့က အရိပ်အခြည်ပြနေခြင်း ဖြစ်လေသည်။

ခန်းယန်က စကားပြန်လိုခြင်းမရှိပေ။ သူ ကွာစေ့ဝါးနေရင်း စတင်ကာ စိုးရိမ်လာရသည်။ ယောင်တောက်သာ ထိုဖက်တီးကို အနိုင်မယူနိုင်ခဲ့လျှင် နှစ်ရက်အကြာတွင် ယီယွင်နှင့် ဖက်တီးတို့ ဆုံတွေ့ချိန်၌ မည်သို့ဖြစ်လာမည်နည်း။

ခန်းယန် တွေးနေချိန်တွင် နတ်အရိုင်းမြေစင်မြင့်ထက်၌ တစ်စုံတစ်ခု ဖြစ်လာသည်။ ယန်ချန်၏ခန္ဓာကိုယ် တုန်ယင်သွားကာ နှာခေါင်းနှင့်နားရွက်တို့မှ သွေးများကျဆင်းလာ၏။ သူ၏မျက်နှာ ဖြူလျော်နေကာ မျက်ဝန်းများက အသက်မဲ့နေသည်။ ပုံရိပ်ယောင်ထဲတွင် ယန်ချန်၏ တိုက်ခိုက်လိုစိတ်များ ဖျက်ဆီးခံလိုက်ရပုံပင်။

ဖောင်း...။

ပေါက်ကွဲသံနှင့်အတူ ယန်ချန်၏ ရင်ညွန့်ရိုး ကျိုးသွားရလေ၏။ သူ၏ခန္ဓာကိုယ် လွင့်စဥ်သွားပြီး ခရမ်းရောင်အဖြိုက်နက်နံရံနှင့် ဝင်ဆောင့်မိကာ ချက်ချင်း သတိလစ်သွားလေသည်။ ယန်ချန်မှာ ဝိညာဥ်နှင့်ခန္ဓာကိုယ် နှစ်ဆင့်တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပေ။

" ဟားဟားဟား "

ဖက်တီးက ကျယ်လောင်စွာရယ်ကာ..." အတော်လွယ်တာပဲ "

ဖက်တီးက အစမှအဆုံးအထိ ပုံရိပ်ယောင်နည်းစနစ်အပြင် တိုက်ကွက်တစ်ခုသာ သုံးခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် ယွင်လုံနတ်ပြည်ထောင်မှ ပရိတ်သတ်များ၏ အားပေးသံများ ဆူညံသွားလေ၏။

ဖက်တီးက မျက်လုံးမှိတ်ထားပြီး လက်ဆန့်တန်းကာ အောင်ပွဲခံနေသည်။ ဤသည်က သူ၏စင်မြင့် ဖြစ်လေ၏။ ဤသည်က သူ၏ဂုဏ်သရေပင်။

ဖက်တီးသည် ပရိတ်သတ်များ ပေးလာခဲ့သည့် အားပေးသံများကို ယစ်မူးနေခဲ့လေ၏။

All Chapters