← Chapters

သခင်ကွမ်းချီကို ဘယ်သူသတ်သလဲ

Vol. 48 Ch. 709

သခင်ကွမ်းချီကို ဘယ်သူသတ်သလဲ

Vol. 48 Ch. 709

ထောင်တိန်ဖုန်း အသားကင်စားရန်ပြင်နေချိန်တွင် သူနှင့်သက်တူရွယ်တူ လူငယ်တစ်ယောက် ဆိုင်ထဲဝင်လာသည်ကိုမြင်ရသည်။

ထိုလူငယ်က ညစ်ပတ်ပေရေနေပြီး အဝတ်အစားများစုတ်ပြတ်နေသည်။ လမ်းပေါ်မှသူတောင်းစားတစ်ယောက်နှင့်တူသည်။

"ဒီမှာ အလုပ်သမားငှားလားဗျ"

လူငယ်ကမေးသည်။

"ကျုပ်အများကြီးမတောင်းဆိုပါဘူး။ အနိမ့်ဆုံးလစာဆိုရင် အဆင်ပြေပါတယ်"

လူစည်ကားနေသည့်အသားကင်ဆိုင်ကို သူမြင်သည်။ လုပ်အားများများလိုမည်ဟု သူခန့်မှန်းမိသည်။ ထိုအချက်သည် သူ့အခွင့်အရေးဖြစ်သည်။

"ထွက်သွားစမ်း သူတောင်းစားလေး။ ငါတို့လူမငှားဘူးကွ"

ဆိုင်ရှင်က လူငယ်ကိုမောင်းထုတ်သည်။ မည်သို့ဆိုစေ သူတို့ဆိုင်သည် အပြင်ပန်းတွင် အသားကင်ဆိုင်ဖြစ်သော်လည်း နောက်ကွယ်တွင် ကိုးငရဲဂိုဏ်းစခန်းဖြစ်သည်။ ထို့ကြောင့် အပြင်လူကိုလုံးဝမငှားနိုင်။

"ကျုပ်သူတောင်းစားမဟုတ်ဘူး"

လူငယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူဘယ်လိုလူလဲ။

ကံဆိုးပြီး လူမိုက်များလုယက်ခံရသည်။ ထို့ကြောင့် ယခုလိုစုတ်ပြတ်ပေကျံပြီး သူတောင်းစားနှင့် အထင်မှားခံရခြင်းဖြစ်သည်။

ထိုစကားသည် သူ့ကိုအကြီးအကျယ် အရှက်ခွဲခြင်းဖြစ်သည်။

ဆိုင်ရှင်က သူ့စကားကို ဆက်နားမထောင်တော့။ အင်္ကျီကော်လာမှဆွဲခေါ်၍ အပြင်သို့လွှင့်ပစ်သည်။

"သွားစမ်းကွာ"

သူသက်ပြင်းချသည်။ ရုတ်တရက်အလုပ်ရှာရသည်မှာ ခက်ခဲမှန်းသိသည်။

တောင်တိန်ဖုန်းက လူငယ်၏အဖြစ်ကို သိပ်အရေးမစိုက်ဘဲ အသားကင်ကိုသာအာရုံစိုက်၍ ဆက်စားသည်။

အချိန်များ ဖြတ်ကျော်ပြီး လဝက်ကျော်ကြာသွားသည်။

မိသားစုကျောင်းတွင် ထောင်တိန်ဖုန်း၏စွမ်းဆောင်ရည်က တဖြေးဖြေးထူးခြားလာသည်။

သင်ကြားပို့ချနေစဉ်အတွင်း သူ့ဦးလေးမေးသမျှ မေးခွန်းအားလုံးကို ဖြေနိုင်သည်။ နှစ်ဝက်စာမေးပွဲတွင် အမှတ်ပြည့်ရသည်။ အားလုံးက လေးစားသည့်အကြည့်ဖြင့် ကြည့်ကြသည်။

တစ်ချိန်က သူ့ပညာရေးစွမ်းဆောင်ရည်သည် သာမန်သာဖြစ်သည်။ ဘယ်တုန်းကမှမထူးခြားခဲ့။ သို့သော် ကွမ်းချီ၏အကူအညီဖြင့် သူ့အသိအမြင်ဗဟုသုတ များစွာတိုးတက်ခဲ့သည်။

သူ့ဦးလေး အတန်းထဲတွင်ဆွေးနွေးသည့် အကြောင်းအရာများသည် သူ့အတွက် အခြေခံဗဟုသုတအဆင့်လောက်ထက် မပိုတော့။

"အကိုက အရမ်းတော်တာပဲ"

အတန်းဆင်းချိန်တွင် မိသားစုဝင်အတန်းဖော်များက သူ့အနားစုဝေး၍ လေးစားသည့်အကြည့်ဖြင့် ကြည့်ကြသည်။

သူကနှိမ့်ချသည့်အပြုံးဖြင့် ကံကောင်း၍ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထိုမျှရလာဒ်မကောင်းနိုင်ကြောင်း ပြန်ပြောသည်။

အရင်က သူ့ထက်စွမ်းဆောင်ရည်ကောင်းခဲ့သူများက သူ့ကိုနည်းနည်းမနာလိုတိုရှည်ဖြစ်ကြသည်။

အမှတ်ကောင်းတော့ ဘာအရေးလဲ...

ကျင့်စဉ်လမ်းမှာ အရေးအကြီးဆုံးက အသိပညာမဟုတ်ဘူး။ ဝိညာဉ်မြစ်ပဲ...

ထိုအချိန်အတွင်း ကွမ်းချီလည်း ဝိညာဉ်ဒဏ်ရာ တဖြေးဖြေးပြန်ကောင်းလာသည်။

အစက သူသိပ်စကားမပြောနိုင်ခဲ့။ ယခု တစ်လကျော်သာရှိသေးသော်လည်း သက်တောင့်သက်သာ စကားပြောနိုင်လာသည်။

အမှန်တော့ ထိုနှုန်းထားသည့် ကျင့်ကြံသူတို့၏ ပုံမှန်ပျောက်ကင်းနှုန်းပင်ဖြစ်သည်။

ကျင့်ကြံမှုလောကတစ်ခုလုံးတွင် နတ်မယ်လိုလူမျိုးက တစ်ယောက်သာရှိသည်။

ရှေးဟောင်းခေတ်မသေမျိုးလေးယောက်ပင် နတ်မယ်လောက် အသက်ဓာတ်အားမကောင်းကြ။

"သခင်စစ်၊ ကျုပ်ရဲ့ဝိညာဉ်မြစ်ကို ကျင်းချန်အခွံနဲ့ တကယ်ပြောင်းလဲနိုင်လား"

လောလောဆယ် ထိုကိစ္စကိုသာ သူအစိုးရိမ်ဆုံးဖြစ်သည်။

မိသားစု၏ ဝိညာဉ်မြစ်စမ်းသပ်မည့်နေ့က နီးလာသည်။ သူ့ကိုယ်ပိုင်ဝိညာဉ်မြစ်အကြောင်းလည်း ကွမ်းချီထံမှ ကြိုသိထားပြီးဖြစ်သည်။

သစ်သား၊ မီး၊ မြေဓာတ် သုံးမျိုးပေါင်းထားသည့် တြိဝိညာဉ်မြစ်။

အရင်တစ်ချိန်ကဆိုလျှင်တော့ သူပျော်နေလိမ့်မည်။ တြိဝိညာဉ်မြစ်သည် သူတို့မျိုးနွယ်ထဲတွင် အကောင်းဆုံးဖြစ်သည်။

သို့သော်ယခု မတူတော့။

ကွမ်းချီကြောင့် သူ့အတွေးအမြင်ကျယ်လာသည်။ သူ့ကိုယ်သူ သေးငယ်သည့်ထောင်မိသားစုထဲတွင် ပိတ်မိမနေချင်တော့။

တြိဝိညာဉ်မြစ်ဖြင့် မလုံလောက်။

"ပြောင်းလဲနိုင်တာပေါ့"

သိစိတ်နယ်မြေမှ ကွမ်းချီဘေးတွင် ကျင်းချန်အခွံရှိနေသည်။ ကွမ်းချီက ဝင့်ကြွားသည့်လေသံဖြင့်

"ဒီကျင်းချန်ဟာ ကူးဖြတ်ခြင်းအဆင့်ရောက်ခဲ့တဲ့ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့ အမွေအနှစ်ပဲ။

သူသာ အမှားအယွင်းတစ်ခုနဲ့ မကြုံခဲ့ရင် နောက်တစ်ဆင့်ဖြစ်တဲ ဒဏ္ဍာရီမသေမျိုးအဆင့်ကိုတောင် တက်နိုင်ခဲ့လောက်တယ်။

ဒီကျင်းချန်က မင်းရဲ့တြိဝိညာဉ်မြစ်ကို ဧကဝိညာဉ်မြစ်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ မသေမျိုးခန္ဓာတစ်ခုတောင် မင်းရနိုင်တယ်"

ထောင်တိန်ဖုန်းမျက်လုံးများ အရောင်လက်လာသည်။ ဧကဝိညာဉ်မြစ်ပိုင်ရှင်အဖြစ် မသေမျိုးငါးဂိုဏ်းသို့ဝင်နိုင်လျှင် သူ့အနာဂတ်အဆုံးစမဲ့တောက်ပလာမည့်အဖြစ်ကို စိတ်ကူးယဉ်ကြည့်သည်။

"ဒါပေမယ့် မသေမျိုးဂိုဏ်းတစ်ဂိုဏ်းကိုဝင်ရင် မင်းရဲ့ဝိညာဉ်မြစ်အကြောင်း ကောင်းကောင်းဖုံးကွယ်ထားဖို့မမေ့နဲ့"

ကွမ်းချီက ညွှန်ကြားသည်။

"ဘာလို့လဲ"

ထောင်တိန်ဖုန်း နားမလည်။

ကွမ်းချီက စိတ်ပျက်လက်ပျက်လေသံဖြင့်

"အဲဒါ ကိုယ့်အစွမ်းအစကိုယ် ဖုံးကွယ်တယ်လို့ခေါ်တယ်။ အပင်မြင့်ရင် လေဒဏ်ကြောင့် ပျက်စီးတတ်တယ်လို့ လူတွေပြောကြတယ်။

တစ်ကိုယ်တော်ဝိညာဉ်မြစ်ဖြစ်တဲ့မင်းက ဂိုဏ်းတစ်ဂိုဏ်းကို ဝင်မယ်ဆိုရင် မင်းနဲ့သက်တူရွယ်တူတွေက မနာလိုဖြစ်ကြမယ်လေ။

ဂိုဏ်းကအဆင့်မြင့်လေ မနာလိုဝန်တိုမှုတွေများလေပဲဆိုတာ မင်းသိသင့်တယ်။

ဥပမာ တာအိုလမ်းစဉ်ဂိုဏ်းပဲဆိုပါစို့။ မင်းမှာ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိမှန်းသိရင် ဂိုဏ်းတူအကိုတွေတင်မကဘူး။ အကြီးအကဲတွေကပါ မင်းကိုဖိနှိပ်ကြမှာ"

"ကျုပ် ကျုပ်ဘာလုပ်သင့်လဲ"

ကွမ်းချီက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

"လွယ်ပါတယ်။ မင်းရဲ့ဝိညာဉ်မြစ်ကို ဖုံးကွယ်ပေးဖို့ ငါကူညီနိုင်ပါတယ်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကိုယ်တိုင် မစစ်ဆေးဘူးဆိုရင် မင်းရဲ့ဝိညာဉ်မြစ်အစစ်ကို ဘယ်သူမှမမြင်နိုင်ဘူး"

ထောင်တိန်ဖုန်း သက်ပြင်းတစ်ချက်ချသည်။ သို့သော် နောက်ထပ်ပြဿနာတစ်ခု စဉ်းစားမိပြန်သည်။

"ဒါနဲ့ သခင်စစ်၊ ခင်ဗျား ဒီလိုအခြေအနေရောက်တာ လိုက်ပြီးဒုက္ခပေးနေတဲ့ရန်သူတွေကြောင့်လို့ ခင်ဗျားပြောတယ်နော်။ သူတို့က ဘယ်သူတွေလဲ"

"မင်းကအခု ဘာကျင့်စဉ်အဆင့်မှမရှိသေးဘူး။ အဲဒီ့ကိစ္စတွေ စိတ်မပူနဲ့။ မင်းလက်လှမ်းမီဖို့ အဝေးကြီးလိုသေးတယ်။ မင်းသိထားရမှာက ငါရှိနေတာကို တစ်ခြားဘယ်သူမှမသိအောင် လျှို့ဝှက်ထားဖို့ပဲ"

"ဟုတ်ကဲ့ပါ"

ကွမ်းချီ နောက်ထပ်သတိမပေးလည်း ထောင်တိန်ဖုန်း ထိုသို့သာလုပ်မည်ဖြစ်သည်။

လျှို့ဝှက်စောင့်ကြည့်နေသည့်လုယန်ကို နတ်မယ်က သတိပေးသည်။

"စုစည်းခြင်းအဆင့်သုံးယောက် ဒီကို အမြန်နှုန်းမြှင့်ပြီးလာနေတယ်။ သူတို့က အခြေခံခိုင်တယ်"

"ဘယ်လို"

လုယန်လန့်သွားသည်။ ကွမ်းချီ၏ရန်သူများ နောက်ကလိုက်လာခြင်းများလား။

ကွမ်းချီသည် မဟာယုကျင့်ကြံသူတစ်ယောက်ထံမှ ကျင်းချန်ကို ခိုးခဲ့သည်။ လောဘတက်ကြသည့် သူ့အဖော်နှစ်ယောက်ကို သတ်ခဲ့သည်။

ရတနာအတွက်ဖြစ်စေ လက်စားချေဖို့ဖြစ်စေ ကွမ်းချီကို သူတို့ရှာကြလိမ့်မည်။

"အမယွမ်ကို ခေါ်သင့်လား"

နတ်မယ်က လက်ခါပြသည်။

"ဘာမှမဖြစ်ပါဘူး၊ ကြည့်ရုံပဲကြည့်နေပါ"

စုစည်းခြင်းအဆင့်သုံးယောက်၏ ပျံသန်းသည့်အရှိန်က ကြီးမားလွန်းသည်။ ယန်ရှန်းမြို့ခံအားလုံး သူတို့ကိုမြင်ကြသည်။

ကွမ်းချီကျခဲ့သည့် ယန်တောင်တန်းပေါ်မှနေရာသို့ သူတို့ဆင်းသည်။ ခေါင်းဆောင်က အနုစိတ်ဖန်တီးထားသည့် သစ်သားသေတ္တာကို မြေပြင်မှကောက်ယူသည်။ ကျင်းချန်ထည့်ခဲ့သည့် သေတ္တာဖြစ်သည်။

လက်ချောင်းများချိုး၍ တွက်ချက်သည်။ ထို့နောက် ဖျတ်ခနဲခေါင်းလှည့်၍ ယန်ရှန်းမြို့တော်ကို ငုံ့ကြည့်သည်။

"မင်းကိုတွေ့ပြီ"

စုစည်းခြင်းသုံးယောက် ပျံသန်းလာသည်ကိုမြင်သဖြင့် ကွမ်းချီ ထိတ်လန့်သွားသည်။

"ကောင်လေး၊ ပြေးတော့။ ငါ့ရန်သူတွေ ဒီကိုရောက်နေပြီ"

"ဘယ်ကိုပြေးရမှာလဲ"

"ဘယ်နေရာပြေးပြေးကွာ။ အရင်ပြေးပြီး နောက်မှစဉ်းစား"

ကွမ်းချီအမိန့်ကိုနာခံလျက် ထောင်တိန်ဖုန်း နောက်ပြန်ပင်လှည့်မကြည့်ဘဲ တံခါးအပြင်ထွက်ပြေးသည်။

ကြောက်စရာစွမ်းအင်ရောင်တစ်ခု သူ့ကိုလွှမ်းခြုံသွားသည်။ အဆုံးစမဲ့အမှောင်ထုထဲကျသွားသလို ခံစားရသည်။

သိစိတ်နယ်မြေမှကွမ်းချီပင် ကြောက်လွန်းသဖြင့် မလှုပ်ရဲတော့။

"ကောင်လေး၊ ငါမေးမယ်။ မင်းကိုယ်ထဲမှာ တစ်ခြားဝိညာဉ်တစ်ခုရှိလား။ ဒါမှမဟုတ် ကျင်းချန်ဲနဲ့တူတာတစ်ခုခု တွေ့မိလား"

"မရှိဘူး။ မတွေ့မိဘူး"

ထောင်တိန်ဖုန်း စိတ်တည်ငြိမ်အောင်ထိန်း၍ အားတင်းပြုံးထားသည်။

ခေါင်းဆောင် မျက်မှောင်ကျုံ့သွားသည်။ ထိုအဖြေကို သူမကျေနပ်။ သို့သော် စွမ်းအင်ရောင်ဖြင့် ဆက်ထိန်းချုပ်မထားတော့။

"မင်းပြောတာ အမှန်ပဲလား ကောင်လေး"

"အမှန်ပါ"

ကြောက်စရာစွမ်းအင်ဖိအား မရှိတော့သဖြင့် ထောင်တိန်ဖုန်း အသက်ရှူခွင့်ရသွားသည်။

ရောက်လာသူများကို သူမြင်ခွင့်ရသည်။ ထိုသုံးယောက်ကို သူမမြင်ဖူး။ စွမ်းအားကြီးသည်ကတော့ သေချာသည်။

ခေါင်းဆောင်က ထောင်တိန်ဖုန်းကိုကြည့်၍ သက်ပြင်းချသည်။ ထို့နောက် အလေးအနက်လေသံဖြင့်

"ငါတို့က လော်ရွှေတပ်ဖွဲ့ပါ။ သခင်စစ်ကွမ်းချီ၊ မဟာယုကျင့်ကြံသူတစ်ယောက်ဆီက ကျင်းချန်ခိုးမှုနဲ့ မင်းကိုဖမ်းလိုက်ပြီဆိုတာ ငါတို့လာပြောတာ"

ထို့နောက် သူ့အာရုံက ထောင်တိန်ဖုန်းဆီ ရောက်လာသည်။

"မင်းကိုလည်း အမှုထိန်ချန်မှု၊ ရာဇဝတ်သားကာကွယ်မှုနဲ့ ဖမ်းလိုက်ပြီ"

လော်ရွှေတပ်ဖွဲ့သည် နတ်ဆိုးဂိုဏ်းမှ ဒုစရိုက်သမားများ၊ စွမ်အားအလွဲသုံးစားလုပ်၍ အနိုင်ကျင့်သည့် ကျင့်ကြံသူများ၊ စည်းမျဉ်းမလိုက်နာသည့် ရှေးဟောင်းကျင့်ကြံသူများကို ဖြေရှင်းဖို့ အဓိကတာဝန်ယူထားသည်။

ယခုတပ်ဖွဲ့ခေါင်းဆောင်ကို လုယန်ရောမုန်ကျင်းကျိုးပါသိသည်။ ပဥ္စမအကြီးအကဲ၏ မိတ်ဆွေတစ်ယောက်ဖြစ်သည်။ လော်ရွှေတပ်၏ ကိုးနန်းတော်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။

ပဥ္စမအကြီးအကဲ သတ်မှတ်နှုန်းထက်ကျော်လွန်ပြီး ယာဉ်ပျံများမောင်းခဲ့စဉ်က ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည်။

သူ့နာမည်က ယွီချန်။

*************************************

All Chapters