← Chapters

ကြီးသူကိုရိုသေ

Vol. 48 Ch. 710

ကြီးသူကိုရိုသေ

Vol. 48 Ch. 710

"လော်ရွှေတပ်..."

ထောင်တိန်ဖုန်း မျက်လုံးပြူးသွားသည်။ ထိုအဖွဲ့အစည်းအကြောင်း သူ့ဦးလေးပြောဖူးသည်။ အဆင့်မြင့်ကျင့်ကြံသူများကို ရင်ဆိုင်ဖြေရှင်းရန် အထူးတာဝန်ယူထားသည့် ရှားနိုင်ငံတပ်ဖွဲ့ဖြစ်သည်။

သူက ပွဲကြည့်ပရိတ်သတ်သာဖြစ်သည်။ သူ့ဆီအမှုလာပတ်မည်ဟု ထင်မထား။

ယွီချန်တို့သုံးယောက်က 'လော်ရွှေ'ဟုရေးထွင်းထားသည့် တံဆိပ်များကို တစ်ပြိုင်တည်းထုတ်လိုက်သည်။

"ကျုပ်ကို အမှုထိန်ချန်မှု ရာဇဝတ်သားကာကွယ်မှုနဲ့ စွဲချက်တင်မယ်ပေါ့"

ထောင်တိန်ဖုန်း ရာဇဝတ်ဥပဒေကို တစ်ခါမှ အရေးမစိုက်ခဲ့။ ကြားပြီးသည်နှင့် မေ့သွားသည်။ ယခု သူဥပဒေဖောက်ဖျက်မီနေသည်။

ယီချန်က မျက်လုံးနည်းနည်းမှေးစင်း၍ သူ့ကိုစိုက်ကြည့်သည်။

"ပြောပါဦး၊ သခင်စစ်ကွမ်းချီနဲ့ မင်းဘယ်လိုစတွေ့တာလဲ။ ကျင်းချန်ကို သခင်သစ်အဖြစ်အသိအမှတ်ပြုအောင် မင်းဘယ်လိုလုပ်ခဲ့တာလဲ"

ထိုအချက်သည် လောရွှေတပ်များအသုံးပြုသည့် လျှို့ဝှက်နည်းလမ်းများထဲမှာ တစ်ခုဖြစ်သည်။ အဆင့်ချင်းများစွာကွာခြားလျှင် တစ်ဘက်လူက လိမ်နေခြင်းဟုတ်မဟုတ်သိနိုင်သည်။

ကျောက်ရိုးလည်း အလားတူလျှို့ဝှက်နည်းလမ်းမျိုး တတ်ကျွမ်းသည်။ လုယန်ကိုစမ်းသပ်ဖို့သုံးခဲ့ဖူးသည်။ သို့သော် ကျောက်ရုံး၏လှို့ဝှက်နည်းလမ်းက လော်ရွှေတပ်နည်းလမ်းလောက် သိပ်မကောင်း။

ထောင်တိန်ဖုန်းက သတ္တိမွေး၍ ထိုစဉ်ကအဖြစ်အပျက်ကို အပြည့်အဝပြန်ပြောသည်။

"အဲဒီတုန်းက ဒီပစ္စည်းကို သခင်စစ်က "ဒါ ကျင်းချန်လို့ခေါ်တယ်။ အင်အားကြီးပြိုင်ဘက်ဆီက ယူလာတာ။ လုံခြုံအောင်သိမ်းထားပါ'"လို့ပြောတယ်။

သခင်စစ်သေသွားပြီလို့ထင်ပြီး ကျင်းချန်ကို သခင်စစ်အဖြစ်အသိအမှတ်ပြေုအောင် သွေးကတိနည်းနဲ့ ကျုပ်စမ်းကြည့်တယ်...။

နောက်တော့မှ သခင်စစ်က မသေသေးမှန်းသိတာပါ"

"မင်းလုပ်ရပ်ဘယ်လောက်အန္တရာယ်များလဲဆိုတာ နားလည်ရဲ့လား။ ကျင်းချန်ဆိုတာကို ဘာထင်နေတာလဲ။ ကူးဖြတ်ခြင်းအဆင့်တွေတောင် မက်မောကြတယ်။

သခင်စစ်ကွမ်းချီက ဒါကိုရဖို့ အသက်နဲ့ရင်းပြီးစွန့်စားခဲ့တာ။ ကျင်းချန်က မင်းကိုသခင်အဖြစ်အသိအမှတ်ပြုပြီးတာတောင် မင်းသူ့ကို ကာကွယ်ပေးရဲတယ်ပေါ့။

သူ့ရုပ်ခန္ဓာပြန်ရလာရင် ပထမဆုံး မင်းကိုအရင်ပူးကပ်ဖို့ကြိုးစားမှာကွ။ မင်းကိုကျင့်စဉ်ပညာသင်ပြပေးလို့ သူအရမ်းစေတနာကောင်းတယ်ထင်နေလား"

ယွီချန် စာအုပ်တစ်အုပ်ထုတ်သည်။ မဟာချန်စုစည်းခြင်းကျင့်ကြံသူများ၏ လုပ်ရပ်မျိုးစုံကို မှတ်တမ်းတင်ထားသည့်စာအုပ်ဖြစ်သည်။ သူဖတ်ပြသည်။

"သခင်စစ်ကွမ်းချီ၊ နာမည်ရင်း တုကွမ်း၊ မဟာချန်ခေတ် ၈၂၂၈၁ နှစ်မှာမွေးတယ်။ နတ်ဝိညာဉ်အဆင့်တက်ဖို့ သူ့ရွာကို စတေးခဲ့တယ်။

ဝိညာဉ်ပြောင်းအဆင့်မှာ အဆင့်တူကျင့်ကြံသူတစ်ယောက်နဲ့ ပေါင်းမိတယ်။ နောက်ပိုင်းမှာ သူ့ 'နှလုံးမဲ့'စွမ်းရည်ကိုပြဖို့ သူ့အဖော်ကို သတ်ခဲ့တယ်။

စုစည်းခြင်းအခြေခံအဆင့်မှာ လုယက်သတ်ဖြတ်မှုသုံးကြိမ် ကျူးလွန်ခဲ့တယ်လို့ မှတ်တမ်းရှိတယ်။ စုစည်းခြင်းအလတ်တန်းဆင့်....။

နောက်ပိုင်းမှာ ကူးဖြတ်ခြင်းအဆင့်ကိုတက်နိုင်မယ့်မျှော်လင့်ချက် မရှိတော့လို့ ကျင့်ကြံမှုတစ်ရာပညာကို စိတ်နှစ်လေ့လာခဲ့တယ်"

ယွီချန် စာအုပ်ကိုပြန်ပိတ်ပြီးနောက် အလေးအနက်ပြောသည်။

"မင်းက ဒီလိုလူမျိုးကို ကူညီနေတာလား။ သူ့လမ်းညွှန်မှုအောက်မှာ လေ့ကျင့်နေတာလား"

"သူ...သူက ပြောဆိုဆက်ဆံရတာတော့ လူကောင်းလို့ထင်-"

"မင်းပြောနေတဲ့လူကောင်းက ကျင်းချန်ကို လုယူခဲ့တဲ့လူမဟုတ်ဘူးလား"

"ဟားဟား၊ မဟာရှားကျင့်ကြံသူတွေ ငါ့အကြောင်း ဒီလောက်သေချာလေ့လာထားမှန်း မသိခဲ့ဘူး"

ကွမ်ချီက အေးစက်စက်ရယ်သည်။

"တုကွမ်း၊ မဟာချန်မှာ မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ သမိုင်းခေတ်ကကိစ္စတွေပါ။ မဟာရှားနဲ့ မဆိုင်ဘူး။

ဒါပေမယ့် မဟာရှားနိုင်ငံထဲမှာ မဟာယုကျင့်ကြံသူဆီက လုယက်ခဲ့တာကတော့ လုယက်မှုနဲ့အကျုံးဝင်တယ်"

"လူသတ်မှုမဟုတ်ဘူးလား"

မဟာရှားလက်ထဲကျလျှင် သေမည်မှန်း သူသိသည်။ သူကျူးလွန်ခဲ့သည့်ပြစ်မှုများက လုယက်မှုအဆင့်ထက်မက။

"လူသတ်မှုတဲ့လား။ မဟာယုကျင့်ကြံသူကိုသတ်တာကို ပြောနေတာလား။ ကံဆိုးချင်တော့ သူမသေဘူးကွ။ သူဘယ်ရောက်နေလဲဆိုတာပဲ ငါတို့မသိသေးတာ။

မင်းအဖော်နှစ်ယောက်ကို သတ်ခဲ့တာကတော့ မင်းကိုယ်မင်း ခုခံကာကွယ်ခဲ့တာပဲ။ ပြစ်မှုမမြောက်ဘူး"

ကွမ်ချီနှင့်သူ့အဖော်နှစ်ယောက်တိုက်ပွဲက ပြင်းထန်သဖြင့် ရုံးတော်က သတိပြုမိခဲ့သည်။

အရာရှိများ ရောက်ချိန်၌ ကွမ်ချီက ထွက်ပြေးသွားပြီးဖြစ်သည်။ သူ့အဖော်များတွ တစ်ယောက်ဒဏ်ရာအပြင်းအထန်ရပြီး တစ်ယောက်သေကျန်ခဲ့သည်။

ဒဏ်ရာရသူကလည်း ကယ်၍မရနိင်တော့။ ထို့ကြောင့် အရေးပေါ်မှတ်ဉာဏ်ရှာဖွေမှုလုပ်သည်။ အဖြစ်အပျက်အသေးစိတ်ကို သိရသည်။

လုယက်ခံရသည့် မဟာယုကျင့်ကြံသူ၏သရုပ်မှန်ကို သေချာမသိရသေး။ နိုးထခါစလူဖြစ်ပြီး အားဖြည့်နေဆဲဖြစ်ကြောင်းသာ သိရသည်။

ကွမ်ချီက ထိုအကြောင်းကို တစ်နည်းနည်းနှင့်ကြားခဲ့လိမ့်မည်။ သူ့အဖော်နှစ်ယောက်နှင့်ပေါင်းပြီး မဟာယုကျင့်ကြံသူထံ လုယက်ခဲ့ကြခြင်းဖြစ်သည်။

ကွမ်ချီထွက်ပြေးပြီးနောက်တွင် ဒဏ်ရာအပြင်းအထန်ရထားသည့် သူ့အဖော်က မဟာယုကျင့်ကြံသူသည် ဒဏ်ရာပြင်းထန်သော်လည်း အင်အားတစ်ချို့ကျန်သေးကြောင်း၊ ထို့ကြောင့် ကျင့်စဉ်စွမ်းအားဖျက်ဆီးပြီး အသစ်ပြန်စဖို့ရွေးချယ်၍ ထွက်ပြေးသွားသည်ဟုဆိုသည်။

ထို့မှတစ်ဆင့် သူတို့ယခုလို နောက်မှလိုက်လာခြင်းဖြစ်သည်။

ထိုမဟာယုကျင့်ကြံသူကိုလည်း လော်ရွှေတပ်ဖွဲ့က ရှာဖွေနေသည်။ အမှုတွင် နစ်နာသူကို ရှာတွေ့ဖို့လိုသည်။

မဟာယုကျင့်ကြံသူက မြောက်ဘက်သို့ ထွက်ပြေးသွားသည်။ ကွမ်ချီက တောင်ဘက်သို့ထွက်ပြေးသည်။ လော်ရွှေတပ်က နှစ်ဖွဲ့ခွဲ၍လိုက်သည်။

နစ်နာသူဖြစ်သည့် ကျင်းချန်ပိုင်ရှင်ကိုမတွေ့မီ ကွမ်ချီကိုအရင်တွေ့ရမည်ဟု ယွီချန်ထင်မထားခဲ့။

ယွီချန်က ထောင်တိန်ဖုန်းကို မျက်နှာတင်းတင်းဖြင့်ပြောသည်။

"ရာဇဝတ်သားကာကွယ်မှု ကျူးလွန်ခဲ့သလားဆိုတာ နောက်ထပ်စုံစမ်းစစ်ဆေးဖို့လိုသေးမယ်။ ဒါပေမယ့် အမှုထိန်ချန်မှုနဲ့ မင်းကိုငါတို့သံသယရှိတယ်။ မင်းငါတို့နဲ့လိုက်ခဲ့ဖို့လိုမယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ကျိတ်၍ သက်ပြင်းချသည်။ ကျင်ချန်းကို သွေးကတိချည်နှောင်ကတည်းက ထိုကောင်လေးဒုက္ခရောက်တော့မည်မှန်း သူတို့သိသည်။

ထိုကောင်လေး ပြဿနာကို နားလည်လာမလားဟု သူတို့စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

ယခု ဆက်စောင့်ကြည့်ဖို့မလိုတော့။

"သွားစို့၊ ဒီကိစ္စက မပြီးပြတ်သေးဘူး"

.....

အသက်ကိုမောပန်းစွာရှူရှိုက်နေသည်။

အသားကင်ဆိုင်တွင် အလုပ်ရှာခဲ့သည့် ကောင်လေးဖြစ်သည်။ ယခု မြို့စွန်ဆီသို့ ကြောက်လန့်တကားပြေးလွှားနေသည်။

ပြီးခဲ့သည့် ဆယ့်ငါးရက်လုံး ငွေစုနိုင်ဖို့ မြို့တော်ထဲတွင် သူအလုပ်လုပ်ခဲ့သည်။

သူဝတ်ဖို့ သန့်ရှင်းသည့် အဝတ်တစ်စုံစာရခဲ့သည်။ နောက်ထပ်လဝက် အလုပ်ဆက်လုပ်လျှင် သူသွားချင်သည့်နေရာသို့ရောက်ဖို့ လှေပျံလက်မှတ်ဖိုး ရမည်။

"ဒီမဟာရှားကျင့်ကြံသူသုံးယောက်က ငါ့ကိုဖမ်းဖို့လာတာဟုတ်မဟုတ်တော့မသိဘူး။ ဒါပေမယ့် စိတ်ချရအောင် ငါထွက်ပြေးမှဖြစ်မယ်"

သူ့ကိုယ်သူ အတော်ကံဆိုးသည်ဟု ခံစားရသည်။ ဘယ်သူ့ကိုမှ သူဒုက္ခမပေးခဲ့။ မဟာယုခေတ်တွင် အိပ်စက်ခဲ့ပြီး ယခုခေတ်တွင် နိုးလာသည်။ နိုးထလာပြီးမကြာမီ မဟာချန်ကျင့်ကြံသူသုံးယောက်က ကျင်းချန်ကိုလုဖို့ သူ့ဆီရောက်လာသည်။

ထိုပစ္စည်းသည် မဟာကပ်အပြိုင်အဆိုင်ကာလတွင် သူ့အားထားရာဖြစ်သည်။ တစ်ခြားလူလက်သို့ လွယ်လွယ်အပါမခံနိုင်။

တိုက်ခိုက်ပြီးနောက် ကျင်းချန်ကို ဆုံးရှုံးသွားရုံသာမက သူ့အသက်ကိုကယ်တင်ဖို့ ကျင့်စဉ်ဖျက်ဆီးပြီး အသစ်ပြန်စခဲ့ရသည်။

"သောက်ရေးမပါတဲ့ ငါ့ကံကွာ"

ရုတ်တရက် သူ့ခြေလှမ်းများ ရပ််တန့်သွားသည်။

"ကောင်လေး၊ မင်းအတော်အပြေးမြန်တာပဲ"

အရပ်မြင့်မြင့်လူနှစ်ယောက် သူ့လမ်းကြောင်းကို ပိတ်ထားသည်။

လုယန်နှင့် မုန်ကျင်းကျိုးဖြစ်သည်။

အသားကင်ဆိုင်တွင်တွေ့စဉ်က ထိုလူငယ်တစ်ခုခုထူးခြားနေကြောင်း သတိပြုမိကြသည်။ လမ်းလျှောက်ပုံ အသက်ရှူပုံတို့က သာမန်လူနဲ့မတူ။ ကျင့်စဉ်အခြေခံရှိသည်။

ထိုစဉ်ကတည်းက ကျင့်စဉ်အသစ်ပြန်စသူဖြစ်မည်ဟု သံသယရှိခဲ့သည်။ သို့သော် သက်သေမရှိ။

ယခု လော်ရွှေတပ်များရောက်လာချိန်တွင် ထိုကောင်လေးထွက်ပြေးသည်။ ကျင့်စဉ်ပြန်စသူဖြစ်ကြောင်း သေချာသွားသည်။

အခွင့်အရေးက သူတို့ရှေ့ရောက်လာခြင်းဖြစ်သည်။ ဤတစ်ကြိမ် အကိုတိုင်က သူတို့နှစ်ယောက်ကို အပြင်ထွက်တိုင်း ပြဿနာရှာသူနှစ်ယောက်ဟု ပြောဦးမလား ကြည့်ရဦးမည်။

"ခင်ဗျားတို့ဘာလုပ်တာလဲ"

ထိုနှစ်ယောက် ကျင့်ကြံသူများဖြစ်ကြောင်း သူသိသည်။ သူသည်ယခု သေမျိုးတစ်ယောက်သာဖြစ်သည်။ သူတို့ကို လုံးဝယှဉ်နိုင်မည်မဟုတ်။

"ဘာလုပ်တာလဲတဲ့လား"

မုန်ကျင်းကျိုး လှောင်ပြုံးပြုံး၍ ခြေလက်များကို အကြောအချဉ်တစ်ချက်ဆန့်ပြီး လူငယ်ကို စွန့်ပစ်ထားသည့် အိမ်တစ်လုံးထဲသို့ ဆွဲခေါ်သွားသည်။

"ပြောစမ်း၊ မင်းက ကျင့်စဉ်ပြန်စတဲ့ ရှေးဟောင်းကျင့်ကြံသူမဟုတ်လား"

"မဟုတ်ဘူး၊ မဟုတ်ဘူး"

လူငယ် သတ္တိအပြည့်ဖြင့် ငြင်းသည်။

"ဪ...ဝန်မခံသေးဘူးပေါ့..။ ဟား။ သူ့ကိုကြိုးချည်လိုက်"

လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ ကြာပွတ်တစ်ချောင်းဆွဲထုတ်သည်။ ခိုင်မခိုင်သေချာအောင် နှစ်ချက်ဆောင့်ဆွဲကြည့်သည်။

ယွမ်ကျိထံမှ သူသင်ထားသည့် စစ်ဆေးနည်းဖြစ်သည်။

မုန်ကျင်းကျိုးကလည်း အလိုက်တသိ ကြိုးတစ်ချောင်းရှာပြီး လူငယ်ကိုကြိုးတုပ်၍ သစ်ပင်တစ်ခုတွင် တွဲလောင်းဆွဲထားသည်။

လေကိုရိုက်လိုက်သည့် ကြာပွတ်သံနှင့် ထိုနှစ်ယောက်၏ ကြောက်စရာကောင်းသည့်မျက်နှာကြောင့် လူငယ်ကြက်သီးထသွားသည်။

သူဝန်မခံလျှင် အသက်အန္တရာယ်ရှိနိုင်သည်။

"မရိုက်ပါနဲ့။ ကျုပ်ကိုမရိုက်ပါနဲ့။ ကျုပ်ပြောပါ့မယ်"

"ပြောပါ၊ မင်းဘယ်ခေတ်ကကျင့်ကြံသူလဲ။ နာမည်ဘယ်လိုခေါ်လဲ"

"မဟာယုခေတ်ကပါ။ တာအိုနာမည် ရှန်ထန်ပါ"

**********************************

All Chapters