← Chapters

ဘယ်သူလဲကြည့်ပါဦး အကိုတိုင်

Vol. 48 Ch. 712

ဘယ်သူလဲကြည့်ပါဦး အကိုတိုင်

Vol. 48 Ch. 712

ရထားထဲဝင်နေသည့် လူငယ်ကို လောင်မာက အမြင်တစ်မျိုးဖြင့် ကြည့်နေသည်။ ထိုလူငယ်ဘယ်သူမှန်း သူမသိ။ ဘာကြောင့်လုယန်တို့နှစ်ယောက်က ဂိုဏ်းသို့ခေါ်သွားချင်သည်မသိ။

အခုမှရှာတွေ့သည့် အလားအလာရှိသည့်လူငယ်တစ်ယောက်ဖြစ်မည်။ သို့သော် ဂိုဏ်းမဝင်မီ ဝင်ခွင့်စမ်းသပ်ပွဲကို သူဖြတ်ကျော်ရဦးမည်။

မည်သို့ဆိုစေ ထိုကိစ္စ သူနှင့်မဆိုင်။ သူသည် ရထားဆွဲသူသာဖြစ်သည်။ ဆက်မတွေးတော့။ ရထားဆွဲသည့်အလုပ်ကိုသာ အာရုံစိုက်သည်။

"စိတ်ချပါဘိုးဘေး။ ဘိုးဘေးရဲ့ကျင်းချန်ကို ကျုပ်တို့ပြန်ယူပေးပါ့မယ်။ မဟာရှားရဲ့အရာရှိကျင့်ကြံသူတွေဖြစ်တဲ့ လော်ရွှေတပ်ဖွဲ့က သခင်ကွမ်းချီကို ဖမ်းမိပြီလို့ သတင်းရတယ်"

"အဲလောက်တောင်မြန်တယ်ပေါ့"

ရှန်ထန် အတော်အံ့အားသင့်သွားသည်။ ထိုနှစ်ယောက် ဘယ်လိုသတင်းရသနည်း။

"ဒါပေမယ့် လုယက်ထားတဲ့ပစ္စည်းပြန်ရွေးဖို့ကိစ္စက ဂိုဏ်းအကြီးအကဲတွေကိုလွှဲလိုက်တာ အကောင်းဆုံးပဲ။ ကျုပ်တို့က လူငယ်တွေဆိုတော့ လွှမ်းမိုးနိုင်စွမ်းနည်းတယ်။ ဒီကိစ္စမှာ ရှေ့ထွက်ဖို့ မသင့်တော်ဘူး"

ရှန်ထန် ခေါင်းငြိမ့်သည်။ ထိုစကား ယုတ္တိကျသည်။

"ဘိုးဘေး၊ လက်ရှိဂိုဏ်းပတ်ဝန်းကျင်က ဘိုးဘေးတို့ခေတ်ကနဲ့ မတူတော့ဘူး။. အခုပိုပြီး လွတ်လပ်ပွင့်လင်းနေပြီ။ လက်ရှိမှာ ဂိုဏ်းကိုဦးစီးနေတာ အကြီးအကဲတွေတင်မဟုတ်ဘူး။ ဂိုဏ်းတပည့်တွေလည်းပါတယ်"

.....

သူ့ဘာသာခရီးသွားလျှင်လည်း ထိုအမြန်နှုန်းလောက်သာရှိလိမ့်မည်။

မဟုတ်သေး။ သူသည် အမြဲလမ်းပျောက်တတ်သူဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းကို ဆယ်ရက်အတွင်းရောက်နိုင်မည်မဟုတ်။ ထို့ကြောင့်လည်း အစောပိုင်းက လှေပျံစီးဖို့ ငွေစုရန်စိတ်အားထက်သန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူမစဉ်းစားမိခဲ့သည့်အချက်ရှိသည်။ သူသည် မဟာရှားမှတ်ပုံတင်ရှိသူမဟုတ်သဖြင့် လှေပျံစီးခွင့်မရှိ။

မစ်ရှင်ထွက်သွားသည့် ဂိုဏ်းအကိုအမတစ်ချို့ ပြန်ရောက်နေကြသဖြင့် လုယန်တို့နှစ်ယောက်ထွက်သွားချိန်ကထက် ဂိုဏ်းကပိုအသက်ဝင်နေသည်။ သို့သော် ပုံမှန်အခြေအနေတော့ ပြန်မရောက်သေး။ စောင့်ကြည့်ရေးမစ်ရှင်ထွက်နေသူတစ်ချို့ ပြန်မရောက်ကြသေး။

"အင်း..တာအိုလမ်းစဉ်ဂိုဏ်းက အများကြီးဖွံ့ဖြိုးလာတာပဲ"

တာအိုရှင်ရှန်ထန် အံ့ဩမိသည်။ ဂိုဏ်းအကျယ်အဝန်းကို မပြောသေး။ ဂိတ်တံခါးပင် အရင်ကထက် များစွာခမ်းနားထည်ဝါနေသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ရှန်ထန်ကို မစ်ရှင်ခန်းမတံခါးဆီ ခေါ်သွားသည်။

"ဘိုးဘေးအရှင်၊ ဒီမှာခဏစောင့်ပါဦး။ ဘိုးဘေးရဲ့အဆင့်အတန်းက ထူးခြားတယ်လေ။ အထဲကို ကျုပ်တို့တိုက်ရိုက်ခေါ်သွားရင် ဂိုဏ်းထိပ်သီးတွေက ချက်ချင်းလက်ခံနိုင်ဖို့ခဲယဉ်းတယ်။

ကျုပ်တို့နှစ်ယောက် အရင်ဝင်သွားပြီး အခြေအနေသေချာရှင်းပြလိုက်မယ်။ ပြီးရင် ဘိုးဘေးဝင်လို့ရပါပြီ"

"ဟုတ်ပါပြီ၊ မင်းတို့အစီအစဉ်အတိုင်းလုပ်ပါ့မယ်"

ရှန်ထန် ရယ်မောလိုက်သည်။

မှန်သည်။ ဤကိစ္စတွင် လက်ခံနိုင်ဖို့ အဆင့်တစ်ခုလိုသည်။

တိုင်ပုဖန်ရှေ့တွင် မစ်ရှင်အစီရင်ခံစာများ အပုံလိုက်ရှိသည်။ စောင့်ကြည့်မှတ်တမ်းများဖြစ်သည်။

စာရိတ္တစောင့်ကြည့်ဖို့လိုသည့် သေမျိုးများအားလုံးကို သူစစ်ထုတ်ရွေးချယ်ခဲ့သည်။ ယခု လူကဲခတ်ရာတွင် သူ့မျက်လုံးက အတော်ကောင်းသည်။ ထိုလူအများစုသည် တာအိုလမ်းစဉ်ဂိုဏ်းသတ်မှတ်ချက်နှင့် ကိုက်ညီသည်။

"ထောင်ကိုသွားလည်တယ်ဆိုတဲ့ ဒီကောင်လေးက မဆိုးဘူး။ အတော်သိတတ်လိမ္မာတယ်။ ငါတို့ဂိုဏ်းကို သူလာမလားတော့မသိဘူး"

"ဒီကောင်မလေးလည်းမဆိုးဘူး။ မှော်လက်စွပ်တစ်ခု အမှတ်မထင်တွေ့တယ်။ အဲဒါကို ဉာဏ်ပါပါနဲ့ လယ်စိုက်ဖို့သုံးတယ်တဲ့။ ဒါပေမယ့် သူ့မိသားစုရဲ့စရိုက်က သိပ်မကောင်းဘူး"

"လုယန်နဲ့မုန်ကျင်းကျိုးတို့ဘက်ကအခြေအနေပဲ မသိရသေးတာ"

တိုင်ပုဖန် သူ့ဘာသာရေရွတ်နေသည်။ သူနည်းနည်းစိတ်ပူသည်။ ထိုနှစ်ယောက် ပြဿနာထပ်ရှာမည်စိုးသည်။

"ဘာအမှားအယွင်းမှ မရှိလောက်ပါဘူး။ အခုတလော ကူးဖြတ်ခြင်းအဆင့်တွေ တိုက်ခိုက်ကြတဲ့သတင်းမျိုးလည်း မကြားဘူး"

တိုင်ပုဖန်နှုတ်ခမ်းတွင် အပြုံးရိပ်ပေါ်လာသည်။

အတွေ့အကြုံနည်းနည်းရှိထားသဖြင့် ထိုနှစ်ယောက် ပြဿနာထပ်ရှာပြီး ကူးဖြတ်ခြင်းအဆင့်၊ မသေမျိုးတစ်ဝက်အဆင့်တို့ကြား တိုက်ပွဲဖြစ်၍ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်နှစ်ယောက်ဖမ်းခေါ်လာလျှင်ပင် သူသိပ်မအံ့ဩမိအောင် စိတ်ကိုပြင်ဆင်ထားပြီးဖြစ်သည်။

ထိုသို့တွေးနေစဉ်မှာပင် တံခါးခေါက်သံပေါ်လာသည်။

"အကိုတိုင်၊ ကျုပ်တို့နှစ်ယောက် ပြန်လာပြီ"

"ဝင်ခဲ့ပါ"

သစ်သားတံခါးပွင့်သွားသည်။ တက်ကြွလန့်းဆန်းနေသည့် လုယန်နှင့် မုန်ကျင်းကျိုးတို့ပေါ်လာသည်။

"စောင့်ကြည့်တာပြီးခဲ့ပြီလား"

"ပြီးပါပြီ"

"ပြောပါဦး။ ငါစောင့်ကြည့်ခိုင်းတဲ့သုံးယောက်က ဘယ်လိုလဲ။ သူတို့အကျင့်စာရိတ္တပိုင်း အရည်အသွေးမီရဲ့လား"

နှစ်ယောက်လုံးက စိတ်မကောင်းဟန်ဖြင့် ခေါင်းငြိမ့်သည်။

"သုံးယောက်မှာ တစ်ယောက်ပဲ အဆင့်မီပါတယ်"

"တစ်ယောက်ပဲပေါ့"

တိုင်ပုဖန် မျက်မှောင်နည်းနည်းကျုံ့သွားသည်။ သူ့အကဲဖြတ်စွမ်းရည် ထိုမျှအားနည်းသလော...

"ဥပမာ ဟိုရှဲ့အန်းဆိုတဲ့သေမျိုးက အမှန်တော့ ထိပ်တန်းဂိုဏ်းက ကူးဖြတ်ခြင်းအဆင့်မဟာဘိုးဘေးတစ်ယောက် ရုပ်ဖျက်ထားတာပါ။

သေမျိုးအယောင်ဆောင်ထားတဲ့ ကျင့်ကြံသူပါ။ အရှက်မရှိဒီလိုလုပ်ရဲတာတော့ တကယ်လက်ဖျားခါတယ်"

"ဪ..အဲလိုလား"

ထိုနှစ်ယောက် ထိုမျှကံဆိုးမည်ဟု မထင်ခဲ့။

"ထောင်တိန်ဖုန်းကရောဘယ်လိုလဲ"

မုန်ကျင်းကျိုးက ခေါင်းခါ၍ပြောသည်။

"ထောင်တိန်ဖုန်းလည်းမကောင်းဘူး။ ဒီကောင်လေးက ဥပဒေကို မလေးစားဘူး။ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်တယ်။ ဓားပြတွေကို ကာကွယ်ပေးတယ်။ သူတို့ပစ္စည်းကိုတောင် ကူသိမ်းထားပေးတယ်။

ကျုပ်တို့ထွက်လာတဲ့အချိန်မှာ သူ့ကို လော်ရွှေတပ်ဖွဲ့က ခေါ်သွားတယ်"

"ဒါဆို စာရိတ္တကောင်းတဲ့လူက ကုကျန်ယဲ့တစ်ယောက်ပဲရှိတာပေါ့"

"ဟုတ်ပါတယ်၊ ကုကျန်ယဲ့က တကယ်ရှားပါးတဲ့ မျိုးစေ့ကောင်းလေးပါ။ ဥပ‌ဒေကိုလည်း တိတိကျကျလိုက်နာတယ်။ ဥပဒေကို လက်နက်လိုအသုံးချပြီး သူ့ကိုယ်သူလည်း ကာကွယ်တတ်တယ်။ အတန်းထဲမျာ စာကြိုးစားတယ်။ အတန်းပြင်ပမှာ ရသမျှအချိန်တိုင်း သူ့ခန္ဓာကိုယ်သန်မာအောင် လေ့ကျင့်တယ်။

ပြီးတော့ အတော်သိတတ်လိမ္မာတယ်။ သူ့အမေစကားကိူ နားထောင်တယ်"

(**စာညံ့တဲ့လူတွေနဲ့ သိပ်အရောမဝင်နဲ့ဆိုသည့်စကား)

"အကိုတိုင်ပြောတဲ့ သတ်မှတ်ချက်တွေနဲ့ သူကိုက်ညီပါတယ်။ ရိုးသားတယ်၊ စည်းကမ်းရှိတယ်၊ အာရုံစိုက်ပြီးလေ့ကျင့်တယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ကုကျန်ယဲ့ကို ချီးကျူးကြသည်။

"သူ့စိတ်ဓာတ်ကလည်း ကောင်းတယ်။ အမှုကိစ္စတွေရင်ဆိုင်တဲ့အခါ တည်ငြိမ်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဝင်ခွင့်စမ်းသပ်ပွဲမှာ သူဝင်ဖြေလို့ရတယ်လို့ ကျုပ်တို့အသိပေးတဲ့အချိန်မှာတောင် အလွန်အကျွံစိတ်လှုပ်ရှားတာမျိုးမရှိဘူး။

သူ့ကိုယ်သူ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်လိုစိတ်မျိုး ခံယူထားတာလည်းတွေ့ရတယ်။ သူ့နှလုံးသားထဲမှာ လောကကို သယ်ဆောင်ထားတယ်။ လောကကြီးကိုကယ်တင်ချင်တဲ့ သူ့ဆန္ဒကို ကျုပ်တို့ရှေ့မှာ အကြိမ်ကြိမ်ထုတ်ပြတယ်။

ပြီးတော့ ဒါကိုလည်း သူလျှို့ဝှက်မထားဘူး။ သူ့အတန်းဖော်တွေ ဆရာတွေရှေ့မှာ သူ့ခံယူချက်အကြောင်း ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်းပြောတယ်"

တိုင်ပုဖန်ခေါင်းငြိမ့်သည်။

"ဒီလိုစိတ်ထားမျိုးရှိတဲ့လူက ရှာတွေ့ဖို့မလွယ်ဘူး"

"ဒါနဲ့အကိုတိုင်၊ စာရင်းထဲမှာမပါပေမယ့် သတ်မှတ်ချက်ကိုက်ညီတဲ့လူတွေ့ရင် အကို့ကို အသိပေးဖို့ပြောထားတယ်နော်"

"ပြောတယ်လေ။ အဲလိုလူတွေ့လို့လား"

"ကျုပ်တို့ခရီးစဉ်ရဲ့ ထင်မှတ်မထားတဲ့ အကျိုးအမြတ်ပဲဆိုပါတော့။ ဒါပေမယ့် ဒီလူရဲ့နောက်ခံက နည်းနည်းရှုပ်ထွေးတယ်။ သူက မဟာယုကျင့်ကြံသူပါ။ အကြောင်းတစ်ခုကြောင့် ကျင့်စဉ်ဖျက်ပြီးအသစ်ပြန်စခဲ့ရတယ်။

ဒါပေမယ့်စိတ်ချပါ အကိုတိုင်။ သူ့စာရိတ္တက ကျုပ်တို့ဂိုဏ်းရဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်ဆိုတာ အာမခံပါတယ်။ ပြီးတော့ သူကအတော်နာမည်ကြီးပါတယ်။ အကိုတိုင် သူ့ကိုသေချာပေါက်သိမှာပါ"

"ကျင့်စဉ်ပြန်စတဲ့ မဟာယုကျင့်ကြံသူလား"

တိုင်ပုဖန် နည်းနည်းတုံ့ဆိုင်းသွားသည်။ ဆုံးဖြတ်ရခက်နေသည်။

ထိုလူငယ်နှစ်ယောက် ကြံကြံဖန်ဖန်ရှာလည်းရှာတတ်သည်။ သတိမထားလျှင် သစ္စာဖောက်တစ်ယောက်ဖြစ်နေနိုင်သည်။

"အကိုတိုင် စိတ်မချဖြစ်မှာစိုးလို့ ကျုပ်တို့သူ့ကို ဒီအထိခေါ်လာပါတယ်"

"ဒါဆို ခေါ်လိုက်လေ၊ ငါကြည့်မယ်"

"ဟုတ်ကဲ့"

မကြာမီ လုယန်နှင့်မုန်ကျင်းကျိုးတို့ ရုပ်သွင်ခံ့ညားသည့်လူငယ်တစ်ယောက်ကို တိုင်ပုဖန်ရှေ့သို့ ခေါ်လာသည်။ လူငယ်က နည်းနည်းရှက်ရွံ့ဟန်ဖြင့် ပြုံးနေသည်။

"အကိုတိုင်၊ သူဘယ်သူလဲ ခန့်မှန်းနိုင်လား"

"ဘယ်သူလဲ"

လုယန်က စိတ်အားတက်ကြွမှုအပြည့်ဖြင့် မိတ်ဆက်ပေးသည်။

"ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းတည်ဘိုးဘေး တာအိုရှင်ရှန်ထန် ချီတုန်းထန်ပါ"

တိုင်ပုဖန် မျက်ဖြူလန်သွားသည်။ ကြမ်းပြင်ပေါ် ဘုတ်ခနဲလဲကျ၍ သတိလစ်သွားသည်။

"ဘာ...ဘာဖြစ်သွားတာလဲ"

တာအိုရှင်ရှန်ထန် နည်းနည်းလန့်လာသည်။

မုန်ကျင်းကျိုးက တွေးတွေးဆဆလေသံဖြင့်

"စိတ်ဓာတ်ပိုင်းဆိုင်ရာ သိပ်အားမကောင်းလို့ဖြစ်မယ်ထင်တယ်။ ဘိုးဘေးကို တစ်ခါမမြင်ဖူးတော့ စိတ်လှုပ်ရှားမှုအရမ်းလွန်ကဲသွားတာဖြစ်မယ်"

*************************************

All Chapters