ကာကွယ်ပေးပါ့မယ်
Vol. 48 Ch. 717
"နောက်မျိုးဆက် ဖန်ဝူယာ ဘိုးဘေးသခင်ကို ဂါရဝပြုပါတယ်"
ဖန်ဝူယာ ပုံစံတကျ လေးလေးစားစားဦးညွှတ်သည်။
"ကျုပ်ကို မြှောက်ပင့်လွန်းသလိုဖြစ်နေပါပြီ"
ရှန်ထန်က လက်ခါပြသည်။ ဖန်ဝူယာ၏ ဂိုဏ်းအတွက်အကျိုးဆောင်မှုများကလည်း သူ့ထက်မလျော့။
"ဘိုးဘေးသခင်က တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထာင်ခဲ့တဲ့လူပါ။ ကျုပ်အရိုအသေပေးထိုက်ပါတယ်"
ဖန်ဝူယာက စိတ်အားထက်သန်စွာ ကြေညာသည်။
"အမယွမ်၊ ဂိုဏ်းထဲမှာ ပင်လယ်တာအိုသခင်အကြောင်း တစ်ခြားဘယ်သူတွေသိသေးလဲ"
လုယန် တီးတိုးမေးသည်။
"သူက ငါတို့ဂိုဏ်းရဲ့ စွမ်းအားအကြီးဆုံးဝှက်ဖဲပဲ။ လွယ်လွယ်နဲ့ လူသိခံလိုဘယ်ဖြစ်မလဲ။ စည်းမျဉ်းအရ ဂိုဏ်းချုပ်တစ်ယောက်ပဲ ဒီအကြောင်းသိခွင့်ရှိတာ။
ဒါပေမယ့် ဘိုးဘေးဆရာ(ထန်ရှန်ယိ)မျိုးဆက်ရောက်တော့ ငါတို့ဆရာကို ပင်လယ်တာအိုသခင်အကြောင်း အသိမပေးဘူး။ ဒီတော့ ဒီအကြောင်းသိတဲ့လူဆိုလို ဘိုးဘေးဆရာတစ်ယောက်ပဲရှိတယ်"
လုယန်တွေးသည်။ ဆရာဝစီပိတ်က ဖန်ဝူယာအကြောင်းသိသွားလျှင် မသေမျိုးတစ်ဝက်ကိုအားကိုး၍ အပြင်လောကတွင် သောင်းကျန်းချင်တိုင်းသောင်းကျန်းမည်စိုး၍ဖြစ်မည်။
ထို့ကြောင့် ထန်ရှန်းယိက ဝစီပိတ်ကို မပြောခဲ့ခြင်းဖြစ်မည်။
အများသိကြသည့် ဝစီပိတ်၏ လှည့်ပတ်လိမ်ညာမှုများကြောင့် ဘိုးဘေးဆရာက အယုံအကြည်မရှိခြင်းဖြစ်မည်။
'..တစ်ဘက်ကတွေးကြည့်ရင် ငါက ရှေးဟောင်းမသေမျိုးကို အသက်သွင်းခဲ့တယ်။ ရှေးဟောင်းခေတ် စုစည်းခြင်းအဆင့်၊ ကူးဖြတ်ခြင်းအဆင့်၊ မသေမျိုးတစ်ဝက်အဆင့်တွေ ထွက်လာအောင်လုပ်ခဲ့တယ်။
ဒါပေမယ့် ဒါတွေအားလုံးက တိုက်ဆိုင်မှုတွေကြောင့်ဖြစ်ခဲ့တာ။ တမင်ရည်ရွယ်ခဲ့တာမဟုတ်ဘူး။
ဒါကြောင့် အမယွမ်ကျိက ငါ့ကို ပြဿနာကောင်လို့မစဉ်းစားပဲ ပင်လယ်တာအိုသခင်အကြောင်းထုတ်ပြောတာဖြစ်မယ်"
နတ်မယ် လုယန်ကိုရိပ်မိသဖြင့် တအံ့တဩကြည့်နေသည်။
..နင်မွှေခဲ့တဲ့ပြဿနာတွေက ပင်လယ်တာအိုသခင်တောင် လိုက်မရှင်းနိုင်တဲ့ကိစ္စတွေမို့ နင်သိသိမသိသိမထူးဘူးလို့သဘောထားပြီး ရှောင်ယွမ်က နင့်ကိုပြောပြတာရော မဖြစ်နိုင်ဘူးလား....
ယွမ်ကျိဆက်ပြောသည်။
"နောက်ပိုင်း ငါကျင့်စဉ်ပါရမီထူးခြားတာကို ဘိုဘေးဆရာကရိပ်မိလို့ ငါ့ကျင့်စဉ်အခက်အခဲတွေအပေါ် ပင်လယ်တာအိုသခင်ကို အလင်းပြစေချင်တယ်။
ရိုးရာစည်းမျဉ်းကို ဘေးဖယ်ပြီး တာအိုသခင်နဲ့ တွေ့ခွင့်ပေးခဲ့တယ်"
"နောက်တော့ရော"
"နောက်တော့ ပင်လယ်တာအိုသခင်ရဲ့ ကျင့်ကြံမှုအရှုပ်အထွေးတွေကို ငါကူညီပေးခဲ့တယ်။ အဲဒီကတည်းက သူဉာဏ်အလင်းရပြီး တံခါးပိတ်ကျင့်နေတာ"
လုယန် "..."
မုန်ကျင်းကျိုး "...
ပင်လယ်တာအိုသခင် တံခါးပိတ်ကျင့်တာက ဉာဏ်အလင်းရလို့ဆိုတာ တကယ်သေချာရဲ့လား...
"ဒါနဲ့အမယွမ်၊ ကောင်းကင်သခင်ကွေ့ယန်က အသက်ရှင်လျက်ရှိသေးလား"
ယွမ်ကျိ ခေါင်းခါသည်။
"သခင်ကွေ့ယန်က ဟိုးအရင်ကတည်းက ပျောက်သွားတာ။ သခင်ကွေ့ယန်သာရှိနေသေးရင် ဂိုဏ်းဆုတ်ယုတ်ကျဆင်းခဲ့တာတွေ ပြန်အားဖြည့်ရှင်သန်ခဲ့ရတဲ့ကာလတွေ ရှိခဲ့မှာမဟုတ်ဘူး"
ကောင်းကင်သခင်ကွေ့ယန်သည် ရှားမိသားစု မုန်မိသားစုဘိုးဘေးများနှင့် တစ်ခေတ်တည်းဖြစ်သည်။ မသေမျိုးငါးဂိုဏ်းဟူသည့်အယူအဆကို ဖန်တီးခဲ့သူဖြစ်သည်။
သူ့စွမ်းအားက မေးခွန်းထုတ်စရာမရှိ။
ထိုလူမျိုး တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် ရှိနေလျှင် ဂိုဏ်းဆုတ်ယုတ်သည့်အချိန် ရှိခဲ့မည်မဟုတ်။ ပြန်လည်အားဖြည့်ရှင်သန်ရသည့်ကာလဟု ရှိခဲ့မည်မဟုတ်။
ထိုစကား ယုတ္တိကျသည်ဟု လုယန်တွေးမိသည်။
(**တာအိုရှင်ရှန်ထန်၊ ကောင်းကင်သခင်ကွေ့ယန်၊ ပင်လယ်တာအိုသခင်ဟု အစဉ်လိုက်ဖြစ်ပါသည်။ ယခု ကြားလူပျောက်နေခြင်းဖြစ်သည်)
"ကောင်းကင်သခင်ကွေ့ယန်က ဘာဖြစ်သွားတာလဲ"
"ဂိုဏ်းရဲ့နေ့စဉ်မှတ်တမ်းအရ လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းက ကောင်းကင်သခင်ကွေ့ယန်ဟာ လောကထဲ ခရီးထွက်ပြီးစူးစမ်းချင်စိတ်ပေါ်ခဲ့တယ်တဲ့။
အဲဒီနောက်ပိုင်း သူဘယ်ရောက်သွားလဲ မသိကြတော့ဘူး။ အမှာစကားလည်း မချန်ခဲ့ဘူး။ ငါ့အထင်တော့ သူတစ်နေရာရာမှာ ထောင်ချောက်မိပြီး ပြန်မထွက်နိုင်တာဖြစ်မယ်လို့ ယူဆတယ်"
ယွမ်ကျိ သက်ပြင်းချသည်။
သခင်ကွေ့ယန်သည် မသေမျိုးတစ်ဝက်ဖြစ်သည်။ မသေမျိုးတစ်ဝက်တို့သည် သက်တန်းအကန့်အသတ်ရှိသည်။
နှစ်ရှစ်သောင်းကြာခဲ့ပြီဖြစ်၍ သူထောင်ချောက်မိနေသလား သက်တမ်းကုန်၍သေသွားသလား မသိနိုင်တော့။
ထို့ပြင် ကံဆိုးမိုးမှောင်ကျ၍ မသေမျိုးတစ်ယောက်နှင့် ပက်ပင်းတွေ့ပြီး တစ်ခါတည်းအသတ်ခံလိုက်ရခြင်းလည်းဖြစ်နိုင်သည်။
"ဒါနဲ့ ဘိုးဘေးသခင်က ဘာလို့သေမျိုးဖြစ်သွားတာလဲ။ ကျင့်စဉ်ဖျက်ပြီးပြန်စတာလား"
ဖန်ဝူယာကမေးသည်။
"ဟုတ်တယ်"
"ဒါဆို ကျင့်စဉ်ပြန်စဖို့ အစီအစဉ်ရှိလား။ ကျုပ်သင်ပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"
ဖန်ဝူယာမျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်တစ်ချို့ပေါ်လာသည်။
ရှန်ထဲစိတ်ထဲတွင် ဖန်ဝူယာ၏ကမ်းလှမ်းက နည်းနည်းမူမမှန်ဟု ခံစားရသည်။
အရင်က စုစည်းခြင်းအဆင့်ရောက်ခဲ့ပြီးဖြစ်၍ ထိုအဆင့်သို့ပြန်ရောက်အောင် ကျင့်ကြံဖို့ မခက်လှ။ သို့သော် တစ်ယောက်တည်းကျင့်ကြံခြင်းထက် မသေမျိုးတစ်ယောက်က လမ်းညွှန်ပေးလျှင် ပို၍အကျိုးထူးနိုင်သည်။
"သိပ်ကောင်းတာပေါ့"
ရှန်ထန်လက်ခံလိုက်သဖြင့် ဖန်ဝူယာပို၍ပျော်သွားသည်။
"ဒါဆို ထုံးတမ်းစဉ်လာ-
"အဲ ရပါတယ်။ လောလောဆယ် အလျင်မလိုသေးပါဘူး"
ရှန်ထန် စကားဖြတ်ပြောလိုက်သည်။
"ကျုပ်က နောက်ဆို ဂိုဏ်းထဲမှာ သေချာပေါက်ကျင့်ကြံရတော့မှာ။ ဂိုဏ်းတပည့်တွေနဲ့ မလွှဲမရှောင်သာ ထိတွေ့ရမယ်။
ကျုပ်က ဘိုးဘေးသခင်ပါလို့ သူတို့ကို ပြောလို့မဖြစ်ဘူး။ ပြောလိုက်ရင် သူတို့အတော်လေးအနေကျဉ်းကြပ်သွားမယ်"
ရှန်ထန် ရှက်ပြုံးပြုံးနေသည်။
"ပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်းကိုလည်း ကျုပ်တိုက်ရိုက်ဝင်လို့မဖြစ်ဘူး။ နောက်ခံအဆက်အသွယ်အားကိုသလို ဖြစ်သွားမယ်။ ကျုပ်တို့ဂိုဏ်းမှာ မရိုးမသားလမ်းကြောင်းတွေရှိနေသလို ဖြစ်လာမယ်"
"ဒါဆို ဘိုးဘေး ဘာကိုပြောချင်တာလဲ"
"ဝင်ခွင့်စမ်းသပ်ပွဲ စတော့မှာမဟုတ်လား။ သာမန်တပည့်တစ်ယောက်လို စမ်းသပ်ပွဲဖြတ်ကျော်ပြီး ဂိုဏ်းထဲကိုဝင်မလားလို့ စဉ်းစားနေတာ။ အားလုံးကို အသစ်ကနေပြန်စမယ်လေ"
ဖန်ဝူယာ မျက်ခုံးတစ်ချက်လှုပ်သွားသည်။ ဘာပြောရမှန်းမသိတော့။
အတော်ကြာအောင် ငြိမ်နေပြီးနောက် သူလေးလေးစားစားပြောသည်။
"ဘိုးဘေးသခင်ရဲ့အမိန့်အတိုင်း ကျုပ်လိုက်နာပါ့မယ်။..ဒါဆိုအခု ကျုပ်ကျင့်ကြံနေတာလည်း တိုးတက်မှုမရှိသေးဘူးဆိုတော့ ဘိုးဘေးကို လက်ရှိတာအိုလမ်းစဉ်ဂိုဏ်းထဲ လိုက်ပြမယ်လေ"
သူတံခါးပိတ်ကျင့်နေသည်က အတော်ကြာခဲ့ပြီဖြစ်သည်။ သူမျက်လုံးမှိတ်လိုက်တိုင်း သူ့အသက်ကိုခြိမ်းခြောက်နေသည့် ယွမ်ကျိ၏ ထိုးချက်ကန်ချက်များသာ အာရုံထဲပေါ်လာသည်။ ကျင့်စဉ်တိုးတက်မှုဟူ၍ ပြစရာမရှိ
ထို့ပြင် မသေမျိုးတစ်ဝက်အဆင့်မှ မသေမျိုးအစစ်အဖြစ်သို့ ကူးခြင်းသည် တံခါးပိတ်ကျင့်နေရုံဖြင့်လည်းမရ။ သမိုင်းတစ်လျှောက် တံခါးပိတ်ကျင့်ရုံဖြင့် ဘယ်မသေမျိုးမှ အဆင့်တက်နိုင်ခဲ့သည်မဟုတ်။
"အဲဒါ သိပ်မှန်တဲ့အတွေးပေါ့"
အတွေ့အကြုံကြွယ်ဝသည့်နတ်မယ်က ဖန်ဝူယာ၏အတွေးကို ထွင်းဖောက်သိသည်။
လုယန်ကို မသေမျိုးဖြစ်လာခြင်းနှင့်ပတ်သက်သည့် အတွေးအမြင်များ မချွင်းမချန် သူမျှဝေသည်။
"မသေမျိုးတစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်ဖို့ အရေးကြီးဆုံးအချက်က ဉာဏ်အလင်းပွင့်ဖို့နဲ့ မှန်ကန်တဲ့စိတ်ဓာတ်ရှိဖို့ပဲ။ ထာဝရအရိယဖလနဲ့ဆင်တူတဲ့ အရိယဖလတွေ အများကြီးရှိခဲ့တာပဲ။
သက်ရှည်အရိယဖလ၊ မပျက်စီးအရိယဖလဆိုတာမျိုးတွေပေါ့။ ငါအောင်မြင်ပြီး သူတို့က ဘာလို့မအောင်မြင်ခဲ့တာလဲ"
"ခင်ဗျားက သူတို့ထက်ပါရမီထူးလို့လား"
လုယန် ကြားဖြတ်ပြောလိုက်သည်။
နတ်မယ်ပြောရန်ပြင်နေသည်က 'ငါ့မှာ စိတ်ဓာတ်ကောင်းရှိလို့'ဟုဖြစ်သည်။ သို့သော် လုယန်စကားကိုကြားပြီးနောက် ချက်ချင်းပြုံးရွှင်လာပြီး တခစ်ခစ်ရယ်သည်။
"ဟုတ်တယ်၊ ငါက ပါရမီရှင်ဖြစ်နေလို့ပေါ့"
ဖန်ဝူယာဆက်ပြောသည်။
"ကြည့်ရတာ ဘိုးဘေးသခင်ကိုတွေ့ပြီးတာနဲ့ ယွမ်ကျိက ဂိုဏ်းထဲကိုလှည့်ပတ်မပြပဲ ဒီကိုတန်းခေါ်လာတယ်ထင်တယ်။ လက်ရှိတာအိုလမ်းစဉ်ဂိုဏ်းက ဘိုးဘေးရဲ့ခေတ်ကနဲ့ အတော်ကွဲပြားနေပြီ။
နေရာပိုကျယ်လာတာကိုမပြောသေးဘူး။ အကျဉ်းထောင်တောင်ထိပ်ကိုပဲ ဥပမာကြည့်ပါ။ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးထိန်းသိမ်းထားတယ်"
ရှန်ထန် ခေါင်းငြိမ့်သည်။
"ဟုတ်ပါတယ်။ ကျုပ်ရောက်ပြီးပါပြီ။ အိပ်မက်ဆိုးအဓိပဓိနဲ့ လေဟာနယ်အရှင်အပါအဝင် ဒဏ္ဍာရီကျင့်ကြံသူတွေ တကယ်ပြည့်နေတာပဲ"
"ဟုတ်တယ်။ အိပ်မက်ဆိုး-...ဘယ်လို သူတို့က အကျဉ်းထောင်ထဲမှာလို့ ပြောလိုက်တာလား"
ထူးခြားချက်ကို ဖန်ဝူယာ သတိပြုမိသွားသည်။
သူတံခါးပိတ်ကျင့်ကြံသည့်အချိန် ဘယ်လောက်ကြာခဲ့သည်မသိ။ အကျဉ်းထောင်ထဲတွင် မသေမျိုးတစ်ဝက်များပင် ရောက်နေသည်။
ထို့အကြောင်း သူဘာကြောင့်မသိခဲ့သနည်း။
ဖန်ဝူယာ၏ ထူးဆန်သည့်မျက်လုံးအကြည့်ကိုမြင်သဖြင့် ရှန်ထန်က ယွမ်ကျိကို လက်ညှိုးထိုးပြသည်။
"သူတို့ကို ယွမ်ကျိဖမ်းခဲ့တာလို့ကြားတယ်"
ယွမ်ကျိက လုယန်နှင့်မုန်ကျင်းကျိုးတို့ဘေးတွင် ရပ်နေသည်။
အစောပိုင်းက ရှန်ထန်ကိုသာ ဖန်ဝူယာအာရုံစိုက်ခဲ့သည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်ရှိသည်ကို သတိမထားမိ။
"မင်းတို့နှစ်ယောက်ကဘယ်သူလဲ"
"ဂါရဝပြုပါတယ် ပင်လယ်တာအိုသခင်၊ ကျုပ်နာမည်လုယန်ပါ။ တာအိုရှင်ဝစီပိတ်ရဲ့တပည့်ပါ"
"ဂါရဝပြုပါတယ် ပင်လည်တာအိုသခင်၊ ကျုပ်နာမည် မုန်ကျင်းကျိုးပါ၊ မုန်မိသားစုဝင်ပါ။ ဂိုဏ်းဝင်သစ်ပါ"
ဝစီပိတ်၏ တပည့်သုံးယောက်ကိုသာ ဖန်ဝူယာသိသည်။ လေးယောက်မြောက်တပည့်ရှိကြောင်း သူမသိ။
"လူတော်မျိုးဆက်သစ်တွေပဲ။ ငါ့ကိုတွေ့ဖို့ ယွမ်ကျိကခေါ်လာတယ်ဆိုတော့ မင်းတို့ကို အလေးထားတဲ့သဘောပဲ။
မင်းတို့နှစ်ယောက်လုံး ပါရမီထူးခြားပြီး အနာဂတ်မှာအလားအလာကောင်းတယ်လို့ ယုံကြည်လို့ဖြစ်မှာပါ။ ယွမ်ကျိအကဲဖြတ်တာ အမြဲမှန်ကန်တယ်။
ဘိုးဘေးတစ်ယောက်အနေနဲ့ စတွေ့တဲ့အချိန်မှာ ငါမင်းတို့ကို တစ်ခုခုလက်ဆောင်ပေးရမှာ။ ဒါပေမယ့် လောလောဆယ် ငါ့လက်ထဲမှာ သင့်တော်တဲ့လက်ဆောင် ဘာမှမရှိဘူး"
ခဏစဉ်းစားနေပြီးနောက် သူဆက်ပြောသည်။
"အဲတော့ နောင်တစ်ချိန် မင်းတို့နှစ်ယောက် ဒုက္ခကြုံရင် ငါတစ်ကြိမ်ကာကွယ်ပေးမယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ လက်ဆုပ်ဦးညွှတ်သည်။
"ကျေးဇူးတင်ပါတယ် ပင်လယ်တာအိုသခင်"
************************************