နံပတ်တစ်ဂိုဏ်း
Vol. 48 Ch. 714
ရှန်ထန်တုံ့ဆိုင်းနေသည်။ အဋ္ဌမအကြီးအကဲနောက်သို့ လက်ညှိုးထိုးပြီး စေတနာဖြင့် သတိပေးသည်။
"လောလောဆယ် ကျုပ်အတွေးကို မပြောသေးဘူး။ ဒါပေမယ့် ယွမ်ကျိဆိုတဲ့ မျိုးဆက်သစ်က မင်းနဲ့အမြင်မတူဘူးထင်တယ်"
အဋ္ဌမအကြီးအကဲ ခေါင်းလှည့်ကြည့်သည်။ မျက်နှာတင်းနေသည့် ယွမ်ကျိကို တွေ့ရသည်။
ယွမ်ကျိက အေးစက်စက်လေသံဖြင့်
"အဋ္ဌမအကြီးအကဲ။ တိုးတက်ချင်တဲ့စိတ်ရှိတာ ကောင်းတဲ့ကိစ္စပါ။ ရှင့်စိတ်ကူးတွေကို ဘိုးဘေးဆရာဆီ ကျွန်မပြောပြပေးပါ့မယ်"
အကြီးအကဲ ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့ကြောင်း သူ့ဆရာသိလျှင် အကျဉ်ထောင်တောင်ထိပ်သို့ သူရောက်သွားနိုင်သည်။
မည်သို့ဆိုစေ အကျဉ်းထောင်တောင်ထိပ်သည် သူတစ်ယောက်တိုးလာရုံဖြင့် ဘာမှထူးမည်မဟုတ်။
"နေပါစေ နေပါစေ။ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးကြတာပေါ့"
အကြီးအကဲမျက်နှာ ပလတ်စတစ်အပြုံးမျိုး ချက်ချင်းပြောင်းသွားသည်။
"နောက်ဆုတ်ပါ"
အကြီးအကဲ သူ့ထိုင်ခုံဆီ အမြန်သွားပြီး အပိုးကျိုးကျိုးထိုင်နေသည်။
ရှန်ထန်က သူ့ဘေးမှလုယန်ကို တီးတိုးပြောသည်။
"ကျုပ်မေးချင်တယ်။ ယွမ်ကျိဆိုတဲ့ ဒီမျိုးဆက်သစ်က လက်ရှိဂိုဏ်းချုပ်လား"
လုယန် ခေါင်းခါသည်။
"မဟုတ်ပါဘူး၊ ဒါပေမယ့် အများအားဖြင့် ဂိုဏ်းချုပ်က သူပြောတဲ့စကားကို နားထောင်တယ်"
"ဂိုဏ်းချုပ်က အဲလောက်နှိမ့်ချတတ်တယ်ပေါ့"
"ဘိုးဘေးဆရာ၊ ဒီနေ့ခေတ်မဟာရှားမှာ မသေမျိုးငါးဂိုဏ်းရှိတာကိုသိလား"
"ပုံပြင်တွေထဲမှာ ကြားပြီးပါပြီ"
ယနေ့ သူတည်ထောင်ခဲ့သည့်ဂိုဏ်းသည် ထိပ်သီးဂိုဏ်းဖြစ်နေကြောင်း လမ်းဘေးပုံပြောဆရာများထံမှ သိရပြီးဖြစ်သည်။
"မသေမျိုးငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေအားလုံးပူးပေါင်းရင်တောင် အမယွမ်လက်တစ်ဘက်တည်းတိုက်ခိုက်တာကို မယှဉ်နိုင်ဘူး"
ရှန်ထန် မျက်လုံးပြူးသွားသည်။
မျိုးဆက်သစ်ယွမ်ကျိက ဒီလောက်တောင်စွမ်းအားကြီးတာလား...
စွန်စီးဘုံကျောင်း၏ ကျောင်းထိုင်သည့် ကူးဖြတ်ခြင်းအဆင့် ထိပ်သီးစွမ်းအားရှင်ဖြစ်ကြောင်း သူကြားဖူးသည်။
သို့ဆိုလျှင် မျိုးဆက်သစ်ယွမ်ကျိသည် ဘယ်လောက်စွမ်းအားကြီးမည်နည်း။ ကူးဖြတ်ခြင်းအဆင့်များကြားမှာပင် ထူးခြားနေသူဖြစ်လိမ့်မည်။
ယခု ယွမ်ကျိက တာအိုရှင်ရှန်ထန် နိုးထပြီးနောက် ကြုံခဲ့ရသည့်အကြောင်းများကို အကြီးအကဲများအား ပြန်ပြောပြနေသည်။ ဖြောင့်မတ်မှန်ကန်သူများဖြစ်သည့် ဂိုဏ်းအကြီးအကဲများ မကျေမနပ်ဖြစ်ကြသည်။ စားပွဲကို ဒေါသတကြီးလက်ဖြင့်ရိုက်ကြသည်။
"ငါတို့ဘိုးဘေးကိုများ အနိုင်ကျင့်ရဲတယ်ပေါ့။ ဒီမဟာချန်ကောင်တွေ အသက်ရှင်ရတာတကယ်ငြီးငွေ့နေကြပြီပဲ"
"သူတို့အခုဘယ်မှာလဲ။ စာရင်းသွားရှင်းကြမယ်"
"ရှားရုံးတော်က ဖမ်းမိပြီးပါပြီ"
"ထောင်ဖောက်ပြီး သွားစာရင်းရှင်းမယ်ကွာ"
"ဟုတ်တယ်၊ ဟုတ်တယ်။ ထောင်ဖောက်ပြီး သွားစာရင်းရှင်းကြမယ်"
ဘိုးဘေးဆရာကို အနိုင်ကျင့်သည့်မဟာချန်များကို တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း သိအောင်ပြရမည်။
"ပေါက်ကရတွေပြောမနေနဲ့"
အကိုကြီးဖြစ်သည့် မဟာအကြီးအကဲက အော်ငေါက်လိုက်သည်။ ကျန်သည့်ခုနစ်ယောက် ငြိမ်ကျသွားသည်။
"ငါတို့က တော်ဝင်ဂိုဏ်းတစ်ခုကို ဦးဆောင်နေတာ။ ဘာလို့ထောင်ဖောက်မယ့်အကြောင်းတွေ ပြောနေတာလဲ"
"အကိုကြီးမှာ ဘယ်လိုအကြံရှိလဲ"
"ငါတို့ကိုယ်တိုင် ပြစ်မှုကျူးလွန်ပြီး ကွမ်ချီနဲ့အတူ ထောင်ကျခံလိုက်မယ်လေ။ အဲလိုဆို ပြဿနာရှင်းရောမဟုတ်လား"
"ဟုတ်တယ်၊ မှန်တယ်၊ အကိုကြီးက နည်းလမ်းကောင်းတွေ အမြဲတွေးတတ်တာပဲ"
"ဒါအစီအစဉ်ကောင်းပဲ"
အမှုကျူးလွန်မည့်အကြောင်း အကြီးအကဲများ အားတက်သရောဆွေးနွေးနေသည်။ ရာဇဝတ်မှုကျူးလွန်သည်နည်းလမ်းကောင်းများ ကျွမ်းကျင်နေသည့် မျိုးဆက်သစ်များကိုကြည့်၍ ထိုမြင်ကွင်းသည် လမ်းမှန်ဂိုဏ်းတစ်ခုတွင် ဖြစ်ပေါ်နိုင်စရာမရှိလောက်ဟု ရှန်ထန်တွေးနေသည်။
မုန်ကျင်းကျိုးကို တီးတိုးမေးသည်။
"ရှောင်မုန်၊ ငါတို့ဂိုဏ်းက အခုထိ လမ်းမှန်ဂိုဏ်းတော့ဟုတ်ပါတယ်နော်"
မုန်ကျင်းကျိုး တည်ငြိမ်စွာခေါင်းငြိမ့်သည်။
"အဲဒါတော့ အခြေအနေအရပေါ့။ တစ်ခါတစ်လေလည်း ကျုပ်တို့က နတ်ဆိုးဂိုဏ်းလို ဟန်ဆောင်ရတယ်"
"ဘယ်လို"
အကြီးအကဲများ အကျိတ်အနယ်ဆွေးနွေးနေချိန်တွင် ယွမ်ကျိက ရှန်ထန်ဆီလျှောက်လာသည်။
"ဘိုးဘေး၊ တစ်ခြားအဆင့်မြင့်ဂိုဏ်းဝင်တွေနဲ့ သွားတွေ့ချင်လား"
"သွားမယ်လေ"
"ကောင်းပါပြီ။ ရှောင်လုနဲ့ ရှောင်မုန်။ မင်းတို့လည်းလိုက်ခဲ့ပါ။ အကျဉ်းထောင်တောင်ထိပ်ကိုသွားမယ်"
ကောင်းကင်ဂိတ်တောင်ထိပ်သည် ဂိုဏ်း၏အတွင်းဗဟိုမှ အတော်ဝေးသည်။ ရှန်ထန်က သာမန်လူဖြစ်၍ လမ်းလျှောက်သွားလျှင် ရက်ပေါင်းများစွာကြာမည်။
ယွမ်ကျိ ကောင်းကင်မှ တိမ်တစ်အုပ်လှမ်းဆွဲသည်။ ကျန်သုံးယောက်ကို တိမ်ပေါ်ထိုင်ခိုင်းပြီး အကျဉ်းထောင်တောင်ထိပ်ဆီ ခေါ်သွားသည်။
"ဒါက ဘယ်နေရာလဲ"
အကျဉ်းထောင်တောင်ထိပ်၏ မှုန်မှိုင်းအေးစိမ့်သည့်အငွေ့အသက်ကို ရှန်ထန် ခံစားမိသည်။
"အကျဉ်းထောင်တောင်ထိပ်ပါ။ ကွန်မတို့ဂိုဏ်းက ဥပဒေပြု အခွင့်အာဏာလည်း ရှိပါတယ်။ ဒီမှာအကျဉ်းချထားတဲ့လူတွေအားလုံးဟာ ကျွန်မတို့တွေ့ခဲ့တဲ့ မဟာရှားဥပဒေဖောက်ဖျက်တဲ့ ရာဇဝတ်သားတွေပါ"
အကျဉ်းသားများက လုယန်ကိုမြင်သည်နှင့် သူတို့မျက်လုံးတွင် အကြောက်တရားရိပ်ပေါ်လာသည်။
ထိုကောင်းလေးသည် ကျင့်စည်အဆင့်နိမ့်သော်လည်း တောင်ထိပ်သို့ ထိပ်တန်းအကျဉ်းသားတစ်ယောက်ရောက်လာတိုင်း ထိုကိစ္စက သူနှင့်ဆက်စပ်နေသည်။
ဤတစ်ကြိမ် ဘယ်သူ့ကို ဖမ်းခေါ်လာသည်မသိ။
"ရှောင်ယွမ် ရောက်လာတာလား။ ရှောင်လုန်နဲ့ မုန်မျိုးရိုးကောင်လေးလည်းပါလာကြတယ်ပေါ့"
ကလေးဘိုးဘေးဆရာ အခန်းထဲမှ ထွက်လာသည်။ နည်းနည်းစိတ်ပူနေသော်လည်း အပြုံးဖြင့်နှုတ်ဆက်သည်။
ထို့နောက် တစ်ဦးတည်းသောဧည့်သည်ကို လှည့်ကြည့်သည်။ ထို့နောက် သက်ပြင်းချသည်။
"နောက်ထပ် မသေမျိုးတစ်ဝက်အဆင့်တွေများ ဖမ်းခေါ်လာရပြီလားထင်ခဲ့တာ။ သူက သေမျိုးတစ်ယောက်ပဲ"
ထန်ရှန်းယိမျက်နှာ ပုံမှန်အတိုင်းဖြစ်သွားသည်။ ခါတိုင်းထက် ပိုစိတ်ပေါ့ပါးလာသည်။
လှောင်အိမ်အလွတ်တစ်ခုကိုဖွင့်၍ ရှန်ထန်ကို လှမ်းပြောသည်။
"ကိုယ့်ဘာသာဝင်တော့"
လုယန် ချောင်းဟန့်သည်။
"အဟွတ်၊ အဟွတ်...ဘိုးဘေးဆရာ အထင်မှားနေပြီ။ သူကအကျဉ်းသားမဟုတ်ဘူး"
"အကျဉ်းသားမဟုတ်ဘူးလား"
ထန်ရှန်းယိ တွေးရခက်သွားသည်။
"ဒါဆို သူကဘယ်သူလဲ"
"တာအိုရှင်ရှန်ထန် ချီတုန်းထန်ပါ"
"ဘယ်သူရယ်"
"ကျုပ်တို့ဘိုးဘေး တာအိုရှင်ရှန်ထန်ပါ"
ထန်ရှန်းယိ မျက်လုံးပြူးသွားသည်။ ရှန်ထန်၏ရုပ်သွင်က သူ့မျက်လုံးအိမ်တွင် ထင်ဟပ်နေသည်။ သူမယုံနိုင်သေး။ အတည်ပြုရန် ယွမ်ကျိကို လှည့်ကြည့်သည်။
ယွမ်ကျိက ခေါင်းငြိမ့်ပြသည်။
ထန်ရှန်းယိ လုယန်ကို သရဲတစ်ကောင်လိုကြည့်နေသည်။ သူ့မျက်နှာတွင် တုန်လှုပ်အံ့ဩရိပ်က ထင်ရှားနေသည်။
'ဒီခွေးသူတောင်းစားလေးက ငါ့တပည့်ကိုးယောက်ပေါင်းထက်တောင် ပိုဒုက္ခပေးနိုင်တာပဲ။ အရင်က ဟိုကိုးယောက်ဟာ သက်တူရွယ်တူတွေကြားမှာပဲ ဒုက္ခပေးတာ။
ငါအားနည်းနည်းစိုက်ပြီး ထိန်းချုပ်ရင်ရတယ်။ ဒါပေမယ့် မင်းက ရှေးခေတ် ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတစ်ဝက်တွေနဲ့ ကြံကြံဖန်ဖန် တွေ့မိအောင်တွေ့တယ်။
အခု ငါတို့ဘိုးဘေးဆရာပါ ပါလာပြီပေါ့'
"တိုက်ဆိုင်သွားတားပါ။ အားလုံးက တိုက်ဆိုင်သွားလို့ပါ"
လုယန် ချေပသည်။ သူသည် ပြဿနမရှာ။ ပြဿနာက သူ့ကိုလာရှာခြင်းသာဖြစ်သည်။
"သူကဘယ်သူလဲ"
ရှန်ထန်က မေးသည်။
"အရင်ဂိုဏ်းချုပ်ဟောင်း ထန်ရှန်းယိပါ။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ပါ"
"မျိုးဆက်သစ်ထန်ရှန်းယိ ဘိုးဘေးရှန်ထန်ကို ဂါရဝပြုပါတဘ်"
ထန်ရှန်းယိ လေးလေးနက်နက်ဦးညွှတ်အရိုအသေပြုသည်။
ထိုအဖြစ်မျိုးနှင့် အသားအကျသဖြင့် ရှန်ထန် ဘေးသို့ရှောင်ရန် ကြိုးစားသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က အရိုအသေပြုသည်ကို ပထမဆုံးကြုံဖူးခြင်းလည်းဖြစ်သည်။
နေရခက်လာသဖြင့် စကားလမ်းကြောင်းပြောင်းရန်ကြိုးစားသည်။ ဘေးပတ်လည်ကို လှမ်းကြည့်ပြီးနောက်
"ဒါနဲ့ ဒီမှာအကျဉ်းချထားတာတွေက ဘယ်သူတွေလဲ။ ပြောပြပေးနိုင်မလား"
"ကျုပ်မိတ်ဆက်ပေးပါ့မယ်ဘိုးဘေး။ ဒီကရာဇဝတ်သားအများစုက မဟာယုကျင့်ကြံသူတွေပါ။ မဟာချန်ကလူတွေလည်း နည်းနည်းပါတယ်။ အားလုံးကို ဒီတပည့်(ယွမ်ကျိ)ကဖမ်းခဲ့တာပါ"
ထန်ရှန်းယိက အားတက်သရောရှင်းပြသည်။ လှောင်အိမ်တစ်ခုကို လက်ညှိုးထိုး၍
"ဒီလူက မိုးကြိုးအရှင်ပါ"
ပထမဆုံးမိတ်ဆက်ပေးသည့်နာမည်ကြောင့် ရှန်ထန် အံ့ဩတုန်လှုပ်သွားသည်။
"မိုးကြိုးအရှင်...လျှပ်စီးနဲ့မိုးကြိုးကိုထိန်းချုပ်တဲ့ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ပေါ့"
ဒဏ္ဍာရီအရ မိုးကြိုးအရှင်သည် ထိုခေတ်အခါက မိုးကြိုးပညာရပ်များတွင် အကျွမ်းကျင်ဆုံးလူဖြစ်သည်။ မိုးကြိုးပညာလေ့လာသည့် ကျင့်ကြံသူများက လေးစားကြသည်။
ဂိုဏ်တည်ဘိုးဘေးက မိုးကြိုးအရှင်၏ အမွေအနှစ်အစစ်ကိုရခဲ့သည်ဟု ကြေညာသည့်ဂိုဏ်းတစ်ခု တာအိုရှင်ရှန်ထန်၏ခေတ်မှာပင်ရှိခဲ့သည်။ မိုးကြိုးအရှင်၏ လွှမ်းမိုးနိုင်မှုအတိုင်းအတာက ထင်ရှားသည်။
"ဒီအကျဉ်းခန်းထဲကလူက ယင်ယန်အရှင်ပါ"
"ယင်ယန်အရှင်လား...ဒါဆို သူတို့နှစ်ယောက်က ဒုတိယနိုင်ငံ့ဆရာရဲ့ ဘယ်လက်ရုံးနဲ့ညာလက်ရုံးတွေပေါ့"
ထန်ရှန်းယိ ခေါင်းကုတ်သည်။
"တကယ်တော့ ဒုတိယနိုင်ငံ့ဆရာကို ကျုပ်တို့ဖမ်းမိပြီးပါပြီ။ ဒါပေမယ့် မတော်တဆမှုတစ်ခုဖြစ်လို့ ကျိန်စာတန်ပြန်စွမ်းအားသင့်ပြီး သူသေသွားတယ်။
ဒုတိယနိုင်ငံဆရာကို ဖမ်းချုပ်မထားနိုင်ခဲ့ပေမယ့် ဝူယွီထောင်ကိုတော့ ဖမ်းနိုင်ခဲ့ပါတယ်"
"ဆဋ္ဌမယုအင်ပါယာ ဝူယွီထောင်လား"
လှောင်အိမ်ထဲမှ တော်ဝင်သွေးဟန်ပန်နှင့်လူငယ်ကို ရှန်ထန်စိုက်ကြည့်ပြီး တအံ့တဩဖြစ်နေသည်။
မည်သို့ဆိုစေ အင်ပါယာဝူယွီထောင်သည် မဟာယုသမိုင်းတွင် ဒုတိယပါရမီအထူးဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ခေတ်ပြောင်းခဲ့၍သာတော်တော့သည်။ သူ့ခေတ်ကဆိုလျှင် ဤကိစ္စသည် နိုင်ငံတော်သစ္စာဖောက်မှုဖြစ်လိမ့်မည်။
"ဒီနှစ်ယောက်က အိပ်မက်ဆိုးအဓိပဓိနဲ့ လေဟာနယ်အရှင်ပါ"
ဝိညာဉ်ခန္ဓာနှစ်ခုကို ထန်ရှန်းယိ မိတ်ဆက်ပေးသည်။
"သူတို့ရုပ်ခန္ဓာတွေကိုတော့ ပစ္စည်းသန့်စင်ဖို့သုံးလိုက်ပြီ"
ရှန်ထန်မျက်နှာတွင် အံ့ဩရိပ်မတွေ့ရသဖြင့် ထန်ရှန်ယိ သူ့နဖူးသူရိုက်လိုက်သည်။
"ဪ..ဟုတ်သားပဲ။ ဘိုးဘေးက လေဟာနယ်အရှင်ကို မသိလောက်ဘူး။ သူက မဟာယုခေတ်အဆုံးပိုင်းမှာ အင်ပါယာရှားနဲ့ လောကအုပ်ချုပ်ခွင့် ပြိုင်ဆိုင်ခဲ့တဲ့ မသေမျိုးတစ်ဝက်အဆင့်ပါ"
အံ့ဩစရာကောင်းသည့်အမှန်တရားများ ဆက်တိုက်ကြားရသဖြင့် ရှန်ထန် ငေးကြောင်နေသည်။ တုံ့ပြန်နိုင်စွမ်းပျောက်ဆုံးနေသည်။
လေဟာနယ်အရှင်ကို သူမကြားဖူး။ သို့သော် အိပ်မက်ဆိုးအဓိပဓိကိုတော့သိသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသည့် မသေမျိုးတစ်ဝက်အဆင့်ဖြစ်သည်။ ခေတ်ဟောင်းနာမည်ကျော်တစ်ယောက်ဖြစ်သည်။
မဟာချန်ခေတ်အဆုံးတွင် နန်းပလ္လင်အတွက်ယှဉ်ပြိုင်ရာတွင် အားအကောင်းဆုံးပြိုင်ဘက်ဖြစ်သည်။
**********************************