← Chapters

သတ်လိုက်ရမလား ... မသတ်ရဘူးလား

Vol. 1 Ch. 148

သတ်လိုက်ရမလား ... မသတ်ရဘူးလား

Vol. 1 Ch. 148

"ဝီ"

ထိုအချိန်တွင် ကျန်းရီ၏ ကိုယ်ပေါ်ရှိ မီးဝိညာဉ် ပုလဲသည် ရုတ်တရက် လင်းလက် လာခဲ့သည်။ မီးငှက်၏ မီးတောက်များနှင့် သူရင်ဆိုင်ရစဉ် အခါက ကြုံတွေ့ရသော စွမ်းအင်နှင့် တူညီသော အမျိုးအမည် မသိသည့် စွမ်းအင် တစ်မျိုးသည် သူ့ကိုယ်တွင်းနှင့် စိတ်ဝိညာဉ်ဆီသို့ တိုးဝင်လာခဲ့သည်။

ထိုစွမ်းအင်သည် သူ့ဝိညာဉ်ထဲသို့ ဝင်လာခဲ့ပြီး သူ့စိတ်ဝိညာဉ်သည် ရွှေရောင် ဖျော့ဖျော့ လင်းလက် လာခဲ့သည်။ သူ့စိတ်တွင်းမှ မြေခွေးငယ်၏ ပုံရိပ်သည်လည်း နတ်ဘုရား၏ အလင်းနှင့် တွေ့လိုက်သည့် တစ္ဆေတစ်ကောင် အလား ကွယ်ပျောက် သွားခဲ့သည်။

ထိုအချိန်တွင် သူ့ကိုယ်သည် ထပ်မံ လှုပ်ရှား၍ ရသွားပြီမှန်း ကျန်းရီ သဘောပေါက် လိုက်သည်။ သူ့စိတ်သည် သူ့ကိုယ်အား ပြန်လည်ထိန်းချုပ် နိုင်သွားပေပြီ။

"ဒီမီးဝိညာဉ်ပုလဲက အတိအကျ ဘာလဲ ... ဒါက ရိုးရှင်းတဲ့ ပစ္စည်းသိမ်း ရတနာလေးပဲ မဟုတ်ဘူး"

မီးဝိညာဉ်ပုလဲ အတွင်းရှိ နေရာအလွတ်တွင် မီးဝိညာဉ် ကျောက်တုံးများမှ တစ်ပါး သူဘာကိုမှ မတွေ့မိပေ။ ဒါဆို ဒီထူးဆန်းတဲ့ စွမ်းအင်တွေ ဘယ်က ရောက်လာတာလဲ ... သို့သော် ၎င်းသည် ဘာပဲ ဖြစ်နေဖြစ်နေ မီးဝိညာဉ်ပုလဲအား သူတော်စင်အဆင့် ရတနာပစ္စည်းဟု ကျန်းရီ အတည်ပြု လိုက်သည်။ ဒဏ္ဍာရီများထဲတွင် သူတော်စင်အဆင့် ပစ္စည်းများကသာ သခင်ကို အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိခြင်း ဖြစ်လေသည်။

ကျန်းရီသည် အတော်လေး ပျော်ရွှင်နေခဲ့သည်။ သူသည် မျက်လုံးကို ဆတ်ခနဲဖွင့်ကာ ခုန်ထလိုက်ပြီး အနီရောင် ဓားမြှောင်အား အမြီးသုံးချောင်း မြေခွေးထံ ချိန်ရွယ် လိုက်သည်။ တစ်ချိန်တည်း၌ အခြား လက်တစ်ဖက်မှ မီးဝိညာဉ်ပုလဲအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားလိုက်သည်။ ဤအမြီးသုံးချောင်း မြေခွေးသာ ရူးရူးမိုက်မိုက် ရှေ့တိုးလာမည် ဆိုလျှင် သူကလည်း မီးဝိညာဉ် ကျောက်တုံးကို ထုတ်၍ ပြာများဖြစ်အောင် လုပ်ရန် တွေဝေနေမည် မဟုတ်ပေ။

"ကျီ ... ကျီ"

မြေခွေးလေးသည် သူ့အား စိုက်ကြည့်နေကာ မြေပြင်ထက်တွင် ဝပ်နေလေသည်။ ၎င်းသည် ကျန်းရီ သူ၏ စိတ်ညှို့ခြင်းမှ လွတ်မြောက်သွား၍ အဆင်ပြေပြေ ရပ်နေသည်ကို အတိုင်းသား မြင်နေရလေသည်။ မြေခွေးလေးသည် မြေပြင်ပေါ်တွင် လှဲလျောင်း၍ ကျန်းရီအား အသနားခံ နေသည့်အလား သနားစဖွယ် ကြည့်နေလေသည်။ ထိုအမူအရာ လေးသည် လုံးဝကို သနားကြင်နာစရာ ကောင်းနေလေသည်။

"အာ"

ကျန်းရီသည် မြေခွေးလေး၏ မျက်နှာထားအား ကြည့်လိုက်လျှင် သနားစရာ မိန်းကလေး တစ်ယောက်က တောင်းပန်နေသည့် အလား ခံစားလိုက်ရသည်။ သို့သော် သူသည် ဓားအား ပြန်မသိမ်းဘဲ မြေခွေးလေး ထံသို့သာ ဆက်တိုး သွားခဲ့သည်။ သူသည် ဤအမြီးသုံးချောင်း မြေခွေး၏ အညှို့ခံရလုနီးပါး ဖြစ်သည်။ သူသာ အညှို့ခံ လိုက်ရလျှင် သေသွားသည်နှင့် မခြားပေ။

"အရှင် ... ကျေးဇူးပြုပြီး ရှောင်ဖေးကို မသတ်ပါနဲ့"

ရုတ်တရက် မြေခွေးလေး၏ မျက်လုံးမှ အဖြူရောင် အလင်းတစ်ချက် လင်းလက် သွားခဲ့သည်။ ကလေးဆန်သော မိန်းကလေး သံလေးတစ်ခုသည် သူ့စိတ်တွင်းမှ ပေါ်ထွက်လာခဲ့ရာ ကျန်းရီတုန်လှုပ် သွားရလေသည်။ သူ့လက်သည် အေးခဲသွားခဲ့ပြီး အနီးအနားတွင် လူရှိမရှိ သေချာလှည့်၍ အကဲခတ် လိုက်လေသည်။ လူမရှိကြောင်း အတည်ပြု လိုက်ပြီးနောက် သူသည် မြေပေါ်ရှိ မြေခွေးလေးအား လှည့်ကြည့်၍ မေးလိုက်လေသည်။

"မင်းစကားပြော လိုက်တာလား"

မြေခွေးလေးသည် ခေါင်းညိတ် ပြလာခဲ့သည်။ ၎င်း၏ မျက်လုံးလေး များသည် အဖြူရောင် အလင်းများ တစ်ဖျတ်ဖျတ် လက်နေသည်။ ကျန်းရီသည် ခေါင်းထဲတွင် ကလေးဆန်သော အသံလေးကို ထပ်မံကြားလိုက် ပြန်လေသည်။

"အရှင် ... ရှောင်ဖေးက အရှင့်ရဲ့ ရန်သူဖြစ်သွားဖို့ မရည်ရွယ် ခဲ့ပါဘူး ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လုပ်လိုက်ရတာပါ ... ရှောင်ဖေးကို သွားခွင့်ပြုပါ"

"သေစမ်း"

ကျန်းရီသည် လန့်သွားလွန်း၍ ထွက်ပြေးလု နီးပါးပင်။ သူသည် မြေခွေးမိစ္ဆာများ ရှိကြောင်း ဒဏ္ဍာရီများတွင် ကြားဖူးခဲ့သော်လည်း ယနေ့တွင်မူ တစ်ကောင်နှင့် လာတွေ့ နေရသည်။ ဒီမြေခွေးက သူနဲ့ ဆက်သွယ်နိုင်ပြီး သူ့စကားတွေကို နားလည်နေတယ် ...

"ဒါက နတ်ဆိုးမိစ္ဆာ အမျိုးအစား မဟုတ်လို့ ဘာကြီးလဲ"

"သတ်လိုက်ရမလား ... မသတ်ရဘူးလား"

ဤအရာသည် မေးခွန်းဖြစ်သည်။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် အလွန်အန္တရာယ် ရှိသည်။ သူ့တွင်သာ မီးဝိညာဉ်ပုလဲ မရှိလျှင် ယခုလောက်ဆို ၎င်း၏ ရုပ်သေးရုပ် ဖြစ်နေလောက်ပေပြီ။ မြေခွေးလေးသည် သနားစရာ ကောင်းလွန်းပုံ ပေါ်နေသော်လည်း ၎င်းသည် ဉာဏ်ရည် မြင့်မားကြောင်း ထင်ရှားနေသည်။ ၎င်း၏ စိတ်ချင်း ဆက်သွယ်၍ စကားပြောနိုင်စွမ်း သည်လည်း ထူးခြား နေလေသည်။ ၎င်းသည် သူ့အား နတ်ဆိုးသားရဲ တစ်ကောင်ဟု မခံစားရစေဘဲ မိန်းကလေးငယ် တစ်ယောက်အလား ခံစားရစေသည်။ ဤဖြစ်ရပ်သည် ထူးဆန်း လွန်းနေပြီး သူ့အား တွေဝေနေစေသည်။

"အိုး ... ဟုတ်သားပဲ"

ကျန်းရီသည် ရုတ်တရက် မေးခွန်းတစ်ခုအား တွေးမိသွားလေသည်။ သူ့တွင် ဝိညာဉ်သားရဲ အဆောင်လေး တစ်ခု ရှိနေသည် မဟုတ်ပါလား ဤအမြီးသုံးချောင်း မြေခွေးသည် အလွန် အားကောင်းသည်။ ၎င်းကိုသာ ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်အောင် လေ့ကျင့် လိုက်နိုင်လျှင် အလွန် ကြောက်စရာ ကောင်းသွား ပေလိမ့်မည်။ ကျန်းရီသည် အမြီးသုံးချောင်း မြေခွေးမိစ္ဆာများ မည်မျှ အားကောင်းသည်ကို မသိသော်လည်း ဒဏ္ဍာရီများတွင်မူ ၎င်းတို့သည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များကိုတောင် ညှို့ငင်ဖျားယောင်း နိုင်စွမ်းရှိသည့် တည်ရှိမှုများ ဖြစ်သည်ဟု ဆိုကြသည်။

"သေမလား ... ငါ့ဝိညာဉ်သားရဲ လုပ်မလား"

ကျန်းရီသည် မြေခွေးလေးအား စိုက်ကြည့်၍ ညစ်ကျယ်ကျယ် မေးလိုက်သည်။ သူသည် လက်တစ်ဖက်နှင့် ဝိညာဉ်သားရဲ အဆောင်အား အလျင်အမြန် ထုတ်ယူလိုက်ပြီး ကျန်လက်တစ်ဖက်မှ မီးဝိညာဉ် ကျောက်တုံးအား အဆင်သင့်ထုတ် နိုင်စေရန် မီးဝိညာဉ်ပုလဲအား ကိုင်ထားလိုက်သည်။ သူသည် လက်မှ အတွင်းအားများ ထုတ်ဖော်လိုက်ပြီး ဝိညာဉ်သားရဲ အဆောင်အား လင်းလက်သွား စေလိုက်သည်။ ရွှေရောင်စာလုံး များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အမြီးသုံးချောင်း မြေခွေး၏ ကိုယ်ထံ ပျံသန်း၍ တိုးဝင် သွားကြသည်။

"ကျီကျီ ... ကျီကျီ ... "

ဝိညာဉ်သားရဲ အဆောင်မှ စာလုံးများသည် မြေခွေးလေးထံ တစ်ခုပြီးတစ်ခု တိုးဝင်သွားလေလျှင် မြေခွေးလေးသည် နာကျင်လွန်း၍ အော်ဟစ် နေလေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် မရပ်မနား လူးလိမ့်နေပြီး ၎င်း၏ မျက်နှာလေးသည် နာကျင်မှုများ ထင်ဟပ် နေလေသည်။ ၎င်း၏ မျက်လုံးမှ အဖြူရောင် အလင်း တောက်ပသွားခဲ့ပြီး ကျန်းရီအား စိတ်ထဲမှ စကားပြောဆိုလာလေသည်။

"အရှင် ... ရှောင်ဖေးကို သွားခွင့်ပြုပါ ... ရှောင်ဖေး ထပ်ပြီး ထွက်မလာ တော့ဘူးလို့ ကတိပေးပါတယ်"

"အရှင် ... ညှာတာပေးပါ ... ရှောင်ဖေး အရမ်း ကြောက်တယ် ... အမေ ... မြန်မြန်လာပြီး ရှောင်ဖေးကို ကယ်ပေးပါ"

"အရှင် ... ရှောင်ဖေး အရမ်းနာနေပြီ ... ကျေးဇူးပြုပြီး ရပ်ပါတော့ ... ရှောင်ဖေး သေသွားလိမ့်မယ်"

"အရှင် ... ရှောင်ဖေးကို သွားခွင့်ပြုပါ ... တစ်နေ့မှာ ကျွန်မအပေါ် ညှာတာမှုကို သေချာပေါက် ပြန်ပေးဆပ်မှာပါ"

မြေခွေးငယ်၏ ငိုကြွေးတောင်းပန် နေသံများသည် ကျန်းရီ၏ စိတ်တွင် မရပ်မနား မြည်ဟည်း နေခဲ့သည်။ အသံလေးသည် မိန်းကလေး တစ်ယောက်၏ လေသံအတိုင်း ဖြစ်သည်။ မြေခွေး ငယ်လေးသည် နာကျင်မှုကြောင့် မြေပေါ်တွင် လူးလိမ့်နေခဲ့ပြီး ၎င်း၏ လှပသော မျက်နှာလေးသည် နာကျင်မှုများ စွန်းထင်း နေသည်ကို မြင်ရသောအခါ ကျန်းရီ၏ လက်များ အေးခဲသွား ခဲ့သည်။ ဝိညာဉ်သားရဲ အဆောင်မှ ရွှေရောင် အလင်းများလည်း ပျောက်ကွယ် သွားခဲ့လေသည်။

မြေခွေးလေး၏ ပုံစံသည် ကျန်းရီအား သူငယ်စဉ်က ကျန်းရုဟူနှင့် အဖွဲ့၏ အရိုက်ခံရပုံကို အမှတ်ရ သွားစေသည်။ ကျန်းရှောင်နူသည် သူ့ရှေ့မှ နေ၍ ကျဆင်းလာသော ခြေကန်ချက်များနှင့် လက်သီးများကို ကာကွယ် ပေးထားခဲ့သည်။ ကျန်းရုဟူအား တောင်းပန်နေသော ကျန်းရှောင်နူ၏ သနားစဖွယ် မျက်နှာလေးသည် မြေခွေးလေး၏ မျက်နှာနှင့် တစ်ထပ်တည်းပင်။ ထိုမျက်နှာထားနှင့် အသံတို့သည် ထပ်တူကျလွန်း နေသည်။

ကျန်းရီသည် တစ်ခါမှ စိတ်ဓာတ်မပျော့ညံ့ ဖူးသော်လည်း ကျန်းရှောင်နူနှင့် သူတို့သည် အတူတကွ ကြီးပျင်းခဲ့ကြပြီး တစ်ယောက်နှင့် တစ်ယောက် မှီခိုခဲ့ကြသည်။ သူမသည် သူ့အတွင် အစ်မရင်း တစ်ယောက်နှင့် မခြားပေ။ မြေခွေးလေးအား ကျန်းရှောင်နူဟု မြင်ယောင် ကြည့်လိုက် သောအခါ သူမအား သနားချစ်ခင်စိတ်များ ဖြစ်ပေါ် လာရသည်။ သူသည် မြေခွေးလေးအား လေ့ကျင့် ပေးခြင်းအား ကျန်းရှောင်နူကို လေ့ကျင့်သည်ဟု တွေးကြည့် လိုက်သည်။ သူဘယ်လိုများ လုပ်ရက် ပါတော့မည်နည်း။

ကျန်းရီ ရုတ်တရက် ရပ်တန့်လိုက်သည်ကို မြင်သောအခါ မြေခွေးလေး၏ မျက်လုံးများတွင် ဝမ်းသာ ပျော်ရွှင်မှုများ ပေါ်ထွက် လာခဲ့သည်။ ကျန်းရီ၏ အကြည့်သည် နူးညံ့လွန်းနေ၍ ကျန်းရီ၏ မျက်နှာသည်လည်း ချစ်ခင်ကြင်နာမှုတို့ ယှက်သန်း နေလေရာ မြေခွေးလေးသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

သို့သော် ၎င်း၏ ဦးနှောက် သေးသေးလေးသည် ဘာဖြစ်နေသည်ကို စဉ်းစား၍ ရဟန်မတူပေ။ သူစောစောလေးကပဲ နတ်ဆိုးတစ်ကောင်လို ဖြစ်နေတာ မဟုတ်လား ... ဘာလို့ အခု အရမ်းချစ်ခင် ကြင်နာတဲ့ပုံ ဖြစ်သွားရတာလဲ ... သူ သူမကို ကြည့်ပုံသည် ချစ်ခင် ကြင်နာမှုများ ပြည့်နေ၍ သူမအမေ သူမကို ကြည့်ချိန်တွင်သာ ခံစားရသော နွေးထွေး ကြင်နာမှုများကို ခံစားလိုက်ရသည်။

"မင်း သွားလို့ရပြီ"

ကျန်းရီသည် မှင်တက်နေရာမှ သတိဝင် လာခဲ့သည်။ သူသည် သက်ပြင်း ချလိုက်ပြီး အများကြီး မတွေးတော မိစေရန် မျက်နှာလွှဲ လိုက်ရသည်။ အမြီးသုံးချောင်း မြေခွေးအား လွှတ်လိုက်ခြင်းသည် အမှားကြီး တစ်ခုဟု သူ့ဦးနှောက်မှ သတိပေး နေသော်ငြား သူသည် နှလုံးသား အလိုကို လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

"ကျီ ... ကျီ"

မြေခွေးလေးသည် ကျန်းရီအား မယုံနိုင်စွာ ကြည့်၍ နှစ်ကြိမ်တိုင် အော်မြည် လိုက်သည်။ ၎င်း၏ မျက်လုံးမှ အဖြူရောင်အလင်း ထပ်မံ လင်းလက်လာ၍ မိန်းကလေးသံလေး ထွက်ပေါ် လာခဲ့ပြန်သည်။

"ကျေးဇူးတင်ပါတယ် ... အရှင် ... တစ်နေ့မှာ ရှောင်ဖေး အရှင့်ရဲ့ ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ... ရှောင်ဖေး သွားပါတော့မယ်"

စကားဆုံးသည်နှင့် မြေခွေးလေးသည် အလျင်အမြန် ထရပ်ကာ တောအုပ်တွင်းသို့ ဝင်ရောက် သွားခဲ့လေသည်။ ထွက်သွားချိန်တွင် မြေခွေးလေးသည် ခေါင်းကို မကြာခဏလှည့်၍ ကျန်းရီအား ခံစားချက်များ ရှုပ်ထွေးနေသည့် မျက်လုံးများနှင့် မကြာခဏ ကြည့်လေသည်။

"ဟူး ... "

မနီးမဝေးရှိ တောအုပ်တွင်းသို့ အမြီးသုံးချောင်း မြေခွေးလေး တိုးဝင်ပျောက်ကွယ် သွားသည့် အခါမှသာ ကျန်းရီသည် နောင်တရသည့် အနေဖြင့် သက်ပြင်းရှည်ကြီး တစ်ချက် ချမိလေသည်။ သူသည် ထိုအကြောင်းအား အများကြီး မတွေးမိစေရန် ခေါင်းယမ်း လိုက်သည်။ လူတစ်ယောက် ကံကောင်းလျှင် ဘဝတွင် အခွင့်အရေးပေါင်း များစွာနှင့် ကြုံတွေ့ရနိုင်သည်။ အခွင့်အရေး တစ်ခုအား ဆုံးရှုံးလိုက်ရလျှင် ထိုလူ နောင်တရကောင်း ရနိုင်သည်။ သို့သော် သူ၏ အတွင်းစိတ် ယုံကြည်မှုအား ဆုံးရှုံးလိုက်ရလျှင် ကျန်ဘဝ တစ်လျှောက်လုံးတွင် အပြစ်ရှိစိတ်များနှင့် တစ်သက်လုံး ရှင်သန်နေထိုင် သွားရမည် ဖြစ်သည်။

***

"ဝှစ်"

ကျန်းရီသည် မြေခွေးလေးအား ယဉ်ပါးအောင်လုပ်ရန် ဝိညာဉ်သားရဲ အဆောင်လေးအား ထုတ်လိုက်သည့် အချိန်က တောင်စဉ်သုံးထောင်၏ တောနက်ပိုင်းမှ အဖြူရောင် အရိပ်တစ်ခု ပျံသန်း လာခဲ့လေသည်။ အဖြူရောင် အရိပ်၏ အရှိန်သည် လျှပ်စီးအလား မြန်ဆန် လွန်းနေခဲ့ပြီး ဘာဆိုသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ဘဲ အဖြူရောင် အလင်းတစ်စ လင်းလက် သွားသည်ကိုသာ မြင်တွေ့ နိုင်လေသည်။

အဖြူရောင်အလင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် တောနက်များထဲ၌ ပုန်းအောင်းနေသော နတ်ဆိုး သားရဲများသည် မြေပြင်ပေါ်တွင် ထိတ်လန့်စွာ ဝပ်နေကြလေသည်။ တတိယအဆင့် နတ်ဆိုးသားရဲများပင် ကြောက်လန့်လွန်း၍ အသက်ပင်ရဲရဲ မရှူရဲကြဘဲ မြေပြင်ပေါ်တွင် ဒူးထောက် နေကြလေသည်။

"ဝှစ်"

အဖြူရောင် အလင်းသည် ဟေးယွင်တောင်သို့ မကြာလိုက်သော အချိန်အတွင်း ရောက်ရှိ သွားလေသည်။ အဖြူရောင်အလင်း ပေါ်ထွက်လာသော အခါ ဟေးယွင်တောင် အနီးတွင် ကျက်စား နေကြသော နတ်ဆိုး သားရဲများသည် မြေပြင်ပေါ်၌ ဝပ်နေကြ၍ ကမ္ဘာပျက်တော့မည့် အလား ထိတ်လန့်တုန်ယင် နေကြလေသည်။ သို့သော် မြေခွေးလေးသည် စိတ်လှုပ်ရှားစွာ 'ကျီ … ကျီ' သံပြု၍ အဖြူရောင် အလင်းထံ ပြေးသွားလေသည်။

"အမ်"

ကျန်းရီသည်  ကျောက်ဂူအတွင်းရှိ လူများကို သွားကြည့်ရန် အလို့ငှါ ကျောက်တောင်ပေါ် တက်ရန် ပြင်ဆင် နေချိန်တွင် သူ့ထံ ကျဆင်းလာသော အားကောင်း လွန်းသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုစွမ်းအား အရှိန်အဝါသည် ပြင်းထန် ရက်စက် လွန်းနေခဲ့ပြီး သူတစ်ခါမှ မခံစားဖူးခဲ့ပေ။ ထိုအချိန်တွင် ကျန်းရီသည် ကောင်းကင်ကြီး ပြိုကျလာခဲ့ပြီး ကမ္ဘာမြေကြီးလည်း ပျောက်ကွယ် သွားတော့မတတ် ခံစားလိုက်ရသည်။  သူ့အမြင်အာရုံသည် အမှောက်အတိ ကျသွားခဲ့ပြီး မြေပေါ်သို့ လဲကျမေ့မျော သွားခဲ့လေသည်။

"ဗုန်း"

အရှိန်အဝါသည် ဂူထဲ၌ ရှိနေသော လျှိုလောင်နှင့် ကျန်လူများအား ဝါးမျိုသွားလေသည်။ အရှိန်အဝါ၏ ဖိအားအောက်တွင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်နှစ်ယောက် အပါအဝင် လူတိုင်းသည် ဂူကြမ်းပြင်ပေါ် လဲကျ၍ ချက်ချင်း မေ့မြောသွား ခဲ့လေသည်။

***

All Chapters