ရှင်းဖိန်သံမဏိ စက်ရုံကို ဝယ်ခြင်း
Vol. 28 Ch. 371
ရှင်းဖေးဝမ်ကို လီရှင်းဖန် တွေဝေစွာ ကြည့် လိုက်၏။
ဒီအချိန် သူ့မှတ်ဥာဏ်ထဲတွင် စက်ရုံကို ရောက်လာတဲ့ ပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး ပေါ်လာခဲ့ရာခေါင်းဆောင်ကြီးတစ်ဦးလား ဖောက်သည်ကြီးတစ်ဦးလား စသဖြင့်ပင်။
ဒါက လက်ရှိ ချောက်ထဲက ရုန်းထွက်ဖို့ အ ခြေအနေမှလွတ်မြောက်ဖို့အတွက် သူ့ကို့ လှည့်ကြည့်ရန် သတိပေးလာတာပဲ ဖြစ်၏။
ရှင်းဖေးဝမ် စိတ်လှုပ်ရှားစွာ ပြန်ဖြေ လိုက် သည်။
"သူဋေး Universal ရဲ့ စီအီးအို လျူယောင် ကိုယ်တိုင် ကျွန်တော်တို့ စက်ရုံကို လာပြီး စက်ရုံကို ဝယ်ဖို့ ရည်ရွယ်နေပါတယ်.."
"ဘာလဲ "
" Universal ရဲ့သူဋေးလား... "
ဒီလို ကောင်းတဲ့ ကိစ္စမျိုး ထပ်မရှိနိုင်တော့ ပေ။
လီရှင်းဖန် ကိုယ်တိုင်လည်း ဘီလီယံနှင့်ချီ သော ပိုင်ဆိုင့်မှုရှိတဲ့ အောင်မြင်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ဒါပေမဲ့ လျူယောင်နှင့် နှိုင်း ယှဉ်ပါက ကွာခြားမှု့ အလွန်ကြီးမားပြီး လုံး ဝ နှိုင်းယှဉ်လို့ မရပေ။
လျူယောင် ကိုယ်တိုင် ရောက်လာပြီး ရှင်း ဖိန်အထူးသံမဏိ သွန်းလုပ်ရေး စက်ရုံကို ဝယ်ယူရန် ရောက်လာတာကို ကြားလိုက် ရ သဖြင့် လီရှင်းဖန်ရုတ်တရက် စိတ် လှုပ်ရှား သွားသည်။
သူ လက်ဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက်၏။
"မစ္စတာလျူ ဘယ်မှာလဲ ငါ့ကို ..မြန်မြန် လိုက်ပို့ပေး.. မြန်မြန်..."
ဒီလို အခွင့်ရေးကောင်းက သူ့ရှေ့တွင် ရှိနေ သဖြင့် လီရှင်းဖန် နောက်ထပ် စောင့်ဆိုင်း မ နေချင်တော့ပေ။ လျူယောင်နဲ့ ချက်ချင်း တွေ့ဆုံကာ ဒီစက်ရုံ လွှဲပြောင်းမှု့ အကြောင်း ကို သူ ထိုင်ပြီး စကားပြောလိုတဲ့ ဆန္ဒရှိနေ သည်။
ရှင်းဖေးဝမ်က ရှေ့ကနေ ဦးဆောင်ကာ လမ်း လျှောက်ရင်း ပြောလိုက်၏။
"သူဋေး...မစ္စတာလျူကို ကျွန်တော်တို့ရဲ့ VIP ဧည့်ခံခန်းမှာ စီစဉ်ထားပါတယ်.. သူ တို့ကနှစ်ယောက်ရှိပြီး လိုက်ပါလာသူ ကတော့ မစ္စတာ လျူရဲ့ ယဥ်မောင်းသက် တော်စောင့်ပါ ခဗျ"
ရှင်းဖေးဝမ်က အခြေခံအချက်အ လက်များ အား အမြန်မိတ်ဆက်ပေးလိုက်သည်။ လီ ရှင်းဖန် သေချာနားထောင်ပြီး လုံးဝ အရှိန် လျှော့မသွားဘဲ မကြာမီ VIP ဧည့်ခံခန်းရဲ့ တံခါးဝသို့ ရောက်လာကြသည်။
"မစ္စတာလျူ...မင်္ဂလာပါ..ရှင်းဖိန်အထူးသံမဏိ ထုတ်လုပ်ရေး စက်ရုံကနေ ကြိုဆိုပါ တယ်ဗျာ..ကျွန်တော်က ဒီစက်ရုံရဲ့ ပိုင်ရှင် လီရှင်းဖန်းပါ.."
လီရှင်းဖန်က အဝေးကနေပဲ ညာလက်ကို စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်သည်။ သူ့ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှု့ အပြည့် ရှိနေသည်။အမှန်ပါပဲ သူ ပိုပြီးတော့ စိတ်လှုပ်ရှားနေသည်။
လျူယောင် ထရပ်ပြီး လီရှင်းဖန်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
"အင်း.. ခင်ဗျားရဲ့ စက်ရုံကို ရောင်းတော့ မယ်လို့ ကြားတယ်.. ဒါ့ကြောင့် ကျွန်တော် လာကြည့်တာပါ.."
"မစ္စတာလျူ ထိုင်ပါ...ကျွန်တော်တို့ ထိုင်ပြီး ပြောကြစို့..."
လီရှင်းဖန်က စိတ်အားထက်သန်နေပြီး ပျော်ရွှင်နေဆဲ ဖြစ်သည်။
နှစ်ဦးနှစ်ဖက် ထိုင်ပြီး ယဉ်ကျေးစွာ စကား အနည်းငယ် ပြောပြီးနောက် မကြာမီတွင် အဓိကအချက်ကို ရောက်လာကြသည်။
ပထမဆုံးအနေဖြင့် စက်ရုံရဲ့ အခြေအနေ၊ ဧရိယာ၊ ဝန်ထမ်းအခြေအနေ၊အ ရေးကြီး သော စက်ပစ္စည်းများ စသဖြင့် အသေးစိတ် ကို လီရှင်းဖန် မိတ်ဆက်ပေးလိုက်၏။
သေချာ နားထောင်ပြီးနောက် လျူယောင် မေးလိုက်သည်။
"မစ္စတာလီက .. ဒီစက်ရုံကို ဘယ်လောက်နဲ့ ရောင်းဖို့ စီစဉ်ထားလဲ.."
ခဏစဉ်းစားပြီးနောက် လီရှင်းဖန် ပြန်ဖြေ လိုက်သည်။
"ကျွန်တော်ရဲ့ ရောင်းဈေးက ၃.၅ ဘီလီယံ ပါ"
လီရှင်းဖန်က ချက်ချင်းပဲ သန်းရာနှင့်ချီ တိုး လိုက်သည်။
ဒါက စီးပွားရေးသမား တစ်ဦးရဲ့ ပုံစံပင်။ လီရှင်းဖန်း က ပုံမှန် စီးပွားရေးသမား တစ် ဦးပဲ ဖြစ်၏။ဒီအထူးသံမဏိ သွန်းလုပ်ရေး လုပ်ငန်းက အတော်လေး ခက်ခဲပြီး အမြတ် အစွန်း နည်းပါးတာကို သိသဖြင့် သူ့ရဲ့ ပထ မဆုံး စိတ်ကူးမှာ စက်ရုံကို ရောင်းချကာ အ သက်မွေးဝမ်းကျောင်း ပြောင်းလဲရန် ဖြစ် သည်။
လျူယောင် ကိုယ်တိုင် ဒီကို ရောက်နေတာ ကြောင့် ဒီလိုမျိုး ချမ်းသာသော သူဋေး တစ် ဦးကို မြင်ရသဖြင့် အစက ၃ ဘီလီယံ နဲ့ ရောင်းရန် စီစဉ်ထားပေမဲ့ သူ့ စိတ်ထဲတွင် အခြေခံဈေးနှုန်းမှာ ၂.၈ ဘီလီယံ ဖြစ် သည်။ သူက ရာနှင့်ချီတဲ့ စျေးနူန်း ကို ရုတ် တရက် တိုးမြှင့်လိုက်ပြီး ၃.၅ ဘီလီယံ စျေး ခေါ်လိုက်သည်။
လျူယောင် ပြုံးလိုက်၏။
ဒီစက်ရုံ ဘယ်လိုအခြေအနေ ရှိတယ် ဆို တာကို မလာမှီကပင် သိရှိထားပြီး သတင်း အချက်အလက်များစွာကို လျူယောင် ဖတ် ထားခဲ့သည်။
"မစ္စတာလီ ခင်ဗျားရဲ့ စျေးက မမှန်ဘူး. ..ကျွန်တော်က ၂.၅ ဘီလီယံအထိပဲ ပေးနိုင်မယ်.."
လီရှင်းဖန် လန့်သွားပြီး မှားယွင်းစွာ ကြား လိုက်တာလို့ သူထင်မိသည်။ ပြီးနောက် သူ့ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်အားထက်သန်စွာ ပြန်ငြင်းလိုက်သည်။
" ဒါက ကြီးမားတဲ့ စက်ရုံဖြစ်ပြီး ဘယ်လို လုပ် ၂.၅ ဘီလီယံပဲ တန်ဖိုးရှိနိုင်မလဲ.. ဒီ စက်ရုံက ၃၂၆ ဧက ကျယ်ပြီး စုစုပေါင်း ဝန် ထမ်း ၁,၂၂၉ ယောက်ရှိပြီး. .စက်ပစ္စည်း တွေကလည်း ကောင်းပါတယ်.."
သူက တစ်ထိုင်တည်း အများကြီး ပြော လိုက်ပြီး တကယ့်ကို စိတ်ပူပန် နေပုံရ သည်။ လျူယောင်ရဲ့ကမ်းလှမ်းမှု့က သူ့ကို လုံးဝ လဲကျစေလုနီးပါး ဖြစ်သွားစေသည်။
ချန်းဟူက ကြီးမားတဲ့ နေကာမျက်မှန်တစ် လက် ဝတ်ထား၏။သူက နေရာတွင် အေး ဆေးတည်ငြိမ်တဲ့ အမူအရာဖြင့် ထိုင်နေပြီး သူ့မျက်နှာမှာ သိပ်မပြောင်းလဲပေ ။အမှန်တ ကယ်တော့ သူဋေးကို စိတ်ထဲကနေ သူ အ လွန်လေးစားနေမိသည်။
သူဋေး ဖြစ်တဲ့အတိုင်းပဲ အံ့ဩစရာကောင်း လှသည်။ ၂.၅ ဘီလီယံ ဈေးနှုန်းက လီရှင်း ဖန်ရဲ့ အရေးကြီးဆုံးအချက်ကို ရုတ်တရက် ထိမှန်လိုက်သည်။
ဒီလို ကမ်းလှမ်းမှု့နဲ့ ရင်ဆိုင်ရတဲ့အခါ လီရှင်း ဖန်ဘယ်လို ဆက်လုပ်မလဲ နောက်ဆုံးထိ သဘောတူညီချက်ကို ညှိနှိုင်းနိုင်မလား ဆို တာ ချန်းဟူ သိချင်မိသည်။
ချန်းဟူက ထိုကိစ္စများကို စိတ်ထဲတွင် အ မြန်တွေးလိုက်သည်။ နှစ်ဖက်စလုံးရဲ့ နောက် လာမဲ့ ညှိနှိုင်းမှု့အပေါ် သူ ပို၍ စိတ်ဝင်စား လာသည်။
လီရှင်းဖန်က တကယ်ကို စိတ်မရှည် ဖြစ်နေ သည်။ သို့သော် လျူယောင်ကတော့ ဆန့် ကျင်ဘက်ဖြစ်နေ၏။အသက်ကြီးနေတဲ့ ခွေးလိုပဲ သူက တည်ငြိမ်နေပြီး စျေးနူန်းက လျူယောင်ရဲ့ဦးဆောင်မူ့အောက်တွင် လုံးဝ ရှိနေသည်။
နှစ်ဦးနှစ်ဖက် တစ်နာရီကျော်ကြာ အပြန် အလှန် ဆွေးနွေးပြီးနောက် ဈေးနှုန်းအပါ အဝင် အရာအားလုံးကို နောက်ဆုံးတွင် ညှိနှိုင်းနိုင်ခဲ့သည်။
စက်ရုံအရောင်းအဝယ် ဈေးနှုန်းမှာ ယွမ် ၂.၇၂ ဘီလီယံဖြစ်၏။
အခြေခံဈေးနှုန်းက လီရှင်းဖန် ယခင် မျှော် မှန်းချက်ထက် ယွမ် သန်း ၈၀ နိမ့်ကျနေ သည်။ ဒီဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ် ရခြင်းရဲ့ အဓိကအကြောင်းရင်းမှာ လီရှင်း ဖန်က အခြားဝယ်သူတစ်ဦးကို ရှာရန် ခက်ခဲ မယ်လို့ ထင်နေခြင်းကြောင့်ပဲ ဖြစ်သည်။
ဒါ့အပြင် လက်ရှိအခြေအနေ အထူးသဖြင့် သူ့စိတ်ထဲတွင် ရှိနေတဲ့ ယွမ် သန်း ၅၀ ဘဏ် ချေးငွေကလည်း သူ့ကို အလျှော့ပေးရန် တွန်းအားပေးခဲ့သည်။
နောက်ဆုံးတော့ ယွမ်၂.၇၂ ဘီလီယံနဲ့ အ ရောင်း အဝယ် ဖြစ်သွား၏။
ဈေးနှုန်း အနည်းငယ် နိမ့်သော်လည်း နောက်ဆုံးတွင် စက်ရုံကို သူ ရောင်းလိုက် ရသည်။ ဒီငွေနဲ့ လီရှင်းဖန် အခြားလုပ်ငန်း များထဲသို့ ဝင်ရောက်နိုင်ပေမည်။
ပြောရရင်တော့ ဒီရုန်းကန်နေရတဲ့ အခြေ အနေမှ နောက်ဆုံးတွင် သူ လွတ်မြောက် သွားပြီး ရုတ်တရက် စိတ်သက်သာရာရကာ ပျော်ရွှင်ခဲ့ရသည်။
လီရှင်းဖန် ထရပ်ပြီး လျူယောင်နဲ့ တက် ကြွစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
လျူယောင်လည်း ထရပ်လိုက်ပြီး မျက်နှာ ပေါ်မှာတော့ ပျော်ရွှင်မှု့များ ပေါ်လာ၏။ ဈေးနှုန်းက ကြီးမားတဲ့ အရောင်းအဝယ် တစ်ခုကို ရရှိလိုက်ခြင်းနှင့် ညီမျှနေသည်။
ဒါက တကယ့်ကို ကောင်းတဲ့ အရောင်း အ ဝယ်ပဲ ဖြစ်သည်။
လျူယောင် ဒီကိုမလာမီက ရှင်းဖိန် သံမဏိ သွန်းလုပ်ရေး စက်ရုံအကြောင်း အသေးစိတ် အချက်အလက်များကို ဖတ်ထားရုံသာမက ကျွမ်းကျင်သူများကိုလည်း အကဲဖြတ်ခိုင်း ခဲ့သည်။
ကျွမ်းကျင်သူများက ခန့်မှန်းထားသော အရောင်းအဝယ်ဈေးနှုန်းမှာ ၃ ဘီလီယံ ဝန်းကျင်ဖြစ်၏။ နောက်ဆုံးတွင် သူက ၂.၇၂ ဘီလီယံဖြင့် ရရှိခဲ့သည်။ လျူယောင် သူ့ကိုယ်သူ လေးစားမိပြီး ဂုဏ်ယူ နေမိ သည်။
အရောင်းအဝယ် ဖြစ်မြောက်သွားပြီး အားလုံးကအကောင်းဆုံး ဖြစ်သွားခဲ့သည်။
လျူယောင် ထွက်ခွာရန် ထရပ်လိုက်ရာ လီရှင်းဖန်က လူအုပ်ကြီးကို ဦးဆောင်ပြီး စက်ရုံဂိတ်ပေါက်အထိ သူ့ကို စိတ်အား ထက်သန်စွာ လိုက်ပို့ပေးခဲ့သည်။ လျူ ယောင်နှင့် ချန်းဟူတို့ ကားထဲဝင်ကာ ထွက် သွားတာကို သူ ကြည့်နေသည်။
ကားမှာ ဝေးလံသွားပြီး လုံးဝ မမြင်ရတော့ တဲ့ အထိ ပျောက်ကွယ်သွားမှ ရှင်းဖေးဝမ်က တစ်ခုခုကို ပြန်သတိရသွားသည်။
"သူဋေး...မစ္စတာလျူရဲ့ ကားမောင်းသူကို ရင်းနှီးပုံ မပေါ်ဘူးလား..ကျွန်တော် သူ့ကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားရ တယ်..."
ဒီလို မေးလိုက်တဲ့ အခါ လီရှင်းဖန်လည်း ခေါင်းညိတ်လိုက်ပြီး စဥ်းစားကာ ပြောလိုက် သည်။
"အင်း..ငါလည်း ဒီလိုပဲ ခံစားရပါတယ်.."
သူ့ဘေးနားမှ တစ်စုံတစ်ယောက်က တိုက် ကြီးအသစ်တစ်ခုကို တွေ့ရှိလိုက်သလို အံ့ ဩတကြီး အော်ပြောလိုက်သည်။
"ဟာ ကျွန်တော် သိပြီ..ဒီလူက ချန်းဟူပဲ"
"ဘာ..ဒီလူက ချန်းဟူလား.."
သူက အိုလံပစ်ပွဲတော်တွင် ရွှေတံဆိပ်များ စွာကို တစ်ထိုင်တည်း ဆွတ်ခူးခဲ့သူဖြစ်ပြီး ကမ္ဘာ့စံချိန်များစွာကို ပိုင်ဆိုင်ထားသူပဲ ဖြစ်၏။
လီရှင်းဖန်နှင့် ရှင်းဖေးဝမ်တို့၏ မျက်လုံး များ လင်းလက်သွားသည်။ သူတို့က တစ် ပြိုင်နက်တည်းနီးပါး ပြောလိုက်ကြသည်။
"အာ.. တကယ်.. ချန်းဟူပဲ ဟုတ်တယ် သူပဲ.."
ရှင်းဖေးဝမ် စိတ်ထဲတွင် ကြီးမားတဲ့ အခွင့် အရေးကို လက်လွှတ်လိုက် မိတာပဲလို့ တွေး မိသည်။ဒီလူ သာ ချန်းဟူဖြစ်ကြောင်း ခုန ကတည်းက သိရင် ဓာတ်ပုံတွဲရိုက်ပြီး လက် မှတ်တောင်းသင့်သည်။
လီရှင်းဖန်ကတော့ စိတ်ထဲကနေ အားကျစွာ ရေရွတ်လိုက်သည်။
'မစ္စတာလျူက... အံ့ဩစရာပဲ.. သူ့ဘေးနား မှာ ကားမောင်းနေတဲ့.. လူက တကယ် ချန်း ဟူပဲဟ....'
...
Universal တာဝါကို လျူယောင် ပြန် ရောက်လာသည်။
သူ ရုံးခန်းထဲ ဝင်ထိုင်လိုက်ပြီး ရှင်းဖိန် သံ မဏိ သွန်းလုပ်ရေး စက်ရုံ ဝယ်ယူမှု့အ ကြောင်း ဆွေးနွေးဖို့အတွက် ကျိုးယန်ကို ခေါ်ရန် ပြင်လိုက်သည်။
" ဒေါက် ဒေါက် ဒေါက်.."
ထ်ိုအချိန်မှာပဲ တံခါးခေါက်သံကို လျူ ယောင် ကြားလိုက်ရ၏။