သတ္တုတွေကို ပြန်သယ်လာပေးပါ
Vol. 28 Ch. 372
တံခါးကနေ ဝင်လာတဲ့ ကျိုးယန်ကိုမြင်တော့ လျူယောင် တစ်ချက်အံ့ဩသွားပြီး ပြုံးပြ လိုက်သည်။
"သူဋေး ကျွန်တော် ရှင်းဖိန်သံမဏိစက်ရုံနဲ့ ပတ်သက်လို့ နောက်ထပ်စိီစစ်အကဲဖြတ် ထားတဲ့ အချက်အလက်တွေကို လာပို့ပေး တာပါ.. ပညာရှင်တွေက နောက်တစ်ခါ ထပ် အကဲဖြတ်ထားတာမို့ အရင်အချက်အလက် တွေထက် ပိုတိကျပြီး တန်ဖိုးရှိပါတယ် ခဗျ”
ကျိုးယန် ပြောပြီးတာနဲ့ အကဲဖြတ်အချက် အလက်တွေပါတဲ့ ဖိုင်ကို လျူယောင်အား ပေးလိုက်သည်။
လျူယောင် ပြုံးပြီး အချက်အလက်တွေကို ဘေးဖယ်လိုက်ကာ ရင်းရင်းနှီးနှီး ပြော လိုက်၏။
" ရပြီ မလိုတော့ဘူး.."
ကျိုးယန်က ပထမဆုံး "ရှင်းဖိန်သံမဏိ စက်ရုံကို တခြားလူတွေများ အရင်ဝယ်သွ ားပြီလား" ဆိုတာကို တွေးလိုက်မိသည်။
ဒါပေမဲ့ သူဋေးရဲ့ မျက်နှာက ပြုံးရွှင်နေပြီး စိတ်ကြည်လင်နေတာကို သူ သတိထား မိလိုက်တော့ ဒီထင်မြင်ချက်ကို ငြင်းပယ် လိုက်သည်။
'သူဋေးက ရှင်းဖိန်သံမဏိစက်ရုံကို ဝယ်ပြီး သွားပြီလား...'
ဒီအတွေးပေါ်လာတာနဲ့ သူ ချက်ချင်းအံ့ ဩသွားပြီး တကယ်သာ မှန်တယ်ဆိုရင် သူဋေးက တော်တော်အစွမ်းထက်တာပဲလို့ စိတ်ထဲကနေ တွေးလိုက်မိသည်။
လျူယောင်က ရှင်းဖိန်သံမဏိစက်ရုံကို ကွင်းဆင်းစစ်ဆေးဖို့ သွားခဲ့တာကို ကျိုးယန် သိ၏။ လျူယောင် အပြင်ထွက်ပြီး ပြန်လာ ဖို့ သုံးနာရီလောက် ပဲကြာတယ်ဆိုတာ ကို လည်း သိထားသည်။
ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ ယွမ် ၂ ဘီလီယံကနေ ၃ ဘီလီယံလောက် တန်တဲ့ အရောင်းအဝယ်ကို ဘယ်လိုမှ ညှိ နှိုင်းလို့မရနိုင်ပေ။
ကျိုးယန်ရဲ့ အမူအရာကို သတိထားမိတော့ လျူယောင် အသံကျယ်ကျယ်နဲ့ ပြောလိုက် သည်။
"မင်း စဉ်းစား မနေပါနဲ့တော့.. ဟုတ်တယ် ငါ ရှင်းဖိန်အထူးသံစက်ရုံကို ဝယ်လိုက်ပြီ ..အရောင်းအဝယ်ဈေးက ယွမ် ၂.၇၂ ဘီ လီယံပဲ..”
"ဗျာ.. "
ကျိုးယန်ရဲ့ မျက်နှာတွင် မယုံနိုင်တဲ့အမူ အရာ ပေါ်လာခဲ့သည်။
ပညာရှင်တွေ အသေးစိတ်အကဲ ဖြတ်ခဲ့ရာ တွင် ရှင်းဖိန်သံမဏိစက်ရုံရဲ့တန်ဖိုးက ယွမ် ၃ ဘီလီယံလောက်ရှိပြီး အနည်းဆုံး ယွမ် ၂.၉၅ ဘီလီယံအောက် မကျဘူးလို့ ကောက် ချက်ချထားသည်။
"တကယ်ပဲ ယွမ် ၂.၇၂ ဘီလီယံနဲ့ ရောင်း လိုက်တာပဲဟ "
'သူဋေးက .. ဘယ်လိုလုပ်လိုက်တာလဲ အရမ်းအံ့ဩဖို့ကောင်းတာပဲ...'
နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် ကြောင်နေပြီးမှ ကျိုးယန် သတိပြန်ဝင်လာခဲ့ပြီး သူ့ မျက်နှာ တွင် ပိုသိသာတဲ့ အံ့အားသင့်မှုတွေ ပေါ် နေသည်။
"သူဋေးက ဒီစက်ရုံကို ယွမ် ၂.၇၂ ဘီလီယံ နဲ့ပဲ ဝယ်လိုက်နိုင်မယ်လို့ ကျွန်တော် လုံးဝ မ မျှော်လင့်ထားမိဘူးဗျာ...”
လျူယောင် ပျော်ရွှင်စွာ ရှင်းပြလိုက်၏။
"ဒီဈေးနှုန်းကတော့ တကယ့်ကို အသင့် တော်ဆုံးပဲ ငါတို့ တကယ်ကို ဈေးပေါပေါနဲ့ ရလိုက်တာ..ငါ လီရှင်းဖန်းနဲ့ အသေးစိတ် အချက်အလက်တွေကို အခြေခံအားဖြင့် ဆွေးနွေးပြီးသွားပြီ.. နောက်ပိုင်းကိစ္စတွေ ကိုတော့ မင်းက အဖွဲ့ကိုယ်စား တရားဝင်စာ ချုပ် လက်မှတ်ထိုးပေးရမယ်..”
လျူယောင် အခြေအနေကို အသေးစိတ် ထပ်ရှင်းပြလိုက်သည်။ နောက်ပိုင်းကိစ္စတွေ အတွက် သူ ကိုယ်တိုင် ရှေ့ထွက်ဖို့ မလို တော့ပေ။Universal က ပညာရှင်အဖွဲ့ တစ် ဖွဲ့ကို နောက်ဆက်တွဲကိစ္စတွေ ဆောင်ရွက်ဖို့နဲ့ တရားဝင်စာချုပ် ချုပ်ဆိုဖို့အတွက် စေလွှ တ် ပေးမှာပဲ ဖြစ်သည်။
ခဏကြာတော့ လျူယောင်ရဲ့ ရုံးခန်းကနေ ကျိုးယန် ပျော်ရွှင်စွာနဲ့ ထွက်သွားသည်။ နောက်ဆက်တွဲကိစ္စရပ်အားလုံးကို သူ ကိုယ် တိုင် လုပ်ဆောင်တော့မှာပဲ ဖြစ်သည်။
ကျိုးယန် ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင်က လိပ်ကြီးနဲ့ ဆက်သွယ် လိုက် သည်။
လိပ်ကြီးက ထိုနေရာတွင် အမြဲရှိနေပြီး သူ့ ရဲ့အဓိကတာဝန်က ကြီးထွားဖို့ပင်။ အခု သူက တစ်နေ့ကို နှစ်တန်၊ သုံးတန်နှုန်းနဲ့ ကြီး ထွားနေပြီး တန် ၁,၀၀၀ နဲ့ ပိုပိုနီးလာပြီပဲ ဖြစ်သည်။
"ငါ့ကောင်ကြီးရေ...ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေးပါဦး..”
လိပ်ကြီးက ချက်ချင်း ပြန်ဖြေလိုက်သည်။
ပြောပါ ..သခင် ကျနော် ဘာလုပ်ပေး ရ မလဲ..."
လျူယောင် ရှင်းပြလိုက်၏။
"မင်း.အနီးနားက ရေတိမ်ပိုင်းနေရာကို သွား ... အာကာသယာဉ်ပျက်ကြီးနဲ့ အနည်းဆုံး ရေမိုင် ၅၀၀ ကွာဝေးရမယ်..ကောင်းတဲ့နေ ရာတစ်ခု တွေ့ရင် အာကာသယာဉ်ပျက်ကြီး ဘေးနားမှ မီးခိုးနက်ရောင် သတ္တုအားလုံး ကို.. အဲ့ရေတိမ်ပိုင်းကို ရွှေ့ပေးပါ...”
အာကာသယာဉ်ပျက်ကြီးရဲ့ ပျက်စီးနေတဲ့ အပေါက်ဘေးမှာ စုစုပေါင်း သတ္တုတန်ချိန် သောင်းချီရှိနေသည်။ ဒီဟာအားလုံးကို ပြန် သယ်ရမှာပဲ ဖြစ်သည်။
'ဒါတွေ အားလုံးက ကောင်းတဲ့ပစ္စည်း တွေ ပဲ...'
အာကာသယာဉ်ပျက်ကြီးကနေ ပြုတ်ကျ လာတဲ့ သတ္တုအပိုင်းအစတွေဖြစ်ပေမဲ့ ဝယ် လိုအား အလွန်များပြီး တစ်တန်ကို ယွမ် ၂ သန်းလောက်နဲ့ ရောင်းချနိုင်တဲ့ အမျိုးအစား တွေ ဖြစ်နေသည်။
ရှင်းဖိန်သံမဏိစက်ရုံကို လျူယောင် ဝယ်ရ တဲ့အကြောင်းရင်းက ဒီသတ္တုအပိုင်း အစ တွေကို ကျိုပြီး သံမဏိချောင်း၊ သံပြား၊ သံတုံး စတာတွေ ပြုလုပ်ဖို့ပဲ ဖြစ်၏။
သတ္တုကျိုစက်ရုံ ရပြီးတာနဲ့ နောက်တစ် ဆင့်က ဒီသတ္တုအားလုံးကို ပြန်သယ်ဖို့ပင်။
ဘယ်လိုပြန်သယ်မလဲဆိုတာ လျူယောင် အစီအစဉ်ဆွဲ ထားခဲ့သည်။အရင်ဆုံး လိပ် ကြီးကို အနီးအနားမှာ သင့်လျော်တဲ့နေရာ ရှာခိုင်းရမည်။
ဒီနေရာအတွက် လိုအပ်ချက်က အာကာသ ယာဉ်ပျက်ကြီးနဲ့ နည်းနည်းဝေးပြီး ဒါပေမဲ့ အရမ်းကြီး လည်း မဝေးရပေ။ရေမိုင် ၅၀၀ ကနေ ၁,၀၀၀ လောက်ဆို ပိုသင့်တော်သည်။
အရမ်းနီးလွန်းရင် အာကာသယာဉ်ပျက်ကြီး ရဲ့ ဘေးကင်းမှု့ကို ထိခိုက်နိုင်ပြီး အရမ်း ဝေး လွန်းရင် ပိုပြီးပင်ပန်းနိုင်သည်။ ဘာလို့လဲ ဆိုတော့ လိပ်ကြီးက သတ္တုအပိုင်းအစတွေ အများကြီးကို သယ်သွားရမှာမို့လို့ပဲ ဖြစ် သည်။
"အိုကေဘာသခင်...ဒါဆို ကျွန်တော် အခုပဲ သွားတော့မယ်..နေရာတွေ့ရင် သခင့်ကို ပြန်ပြောပါ့မယ်.."
"အင်း..သွားတော့.. မင်းသတင်းကို ငါ စောင့် နေမယ်.."
ဘာစကားမှ မပြောတော့ဘဲ လိပ်ကြီးက သူ့ ရဲ့ဧရာမလှံကြီးနဲ့အတူ ထွက်ခွာသွားသည်။ ပထမတော့ ရေမျက်နှာပြင်အောက် မီတာ ဒါဇင်အနည်းငယ်လောက်အထိ ကူးခတ် သွားပြီးမှ ဟွာဟိုင်းမြို့ဘက်ကို ကူးခတ်လာ သည်။
ဒီနေရာက ဟွာဟိုင်းမြို့နဲ့ တတ်နိုင်သ လောက် နီးမှဖြစ်လိမ့်မည်။ဒါမှ သတ္တု အ များအပြားကို သယ်ယူရာမှာ ပိုမို အဆင် ပြေလွယ်ကူသွားမှာပဲ ဖြစ်၏။
အစပိုင်းမှာ လိပ်ကြီးက အရမ်းမြန်နေသည်။
တစ်ခါတည်းနဲ့ အနီးစပ်ဆုံး ၃၅၀ နှုန်းနဲ့ ရေမိုင် ၅၀၀ နီးပါး ကူးခတ်သွားပြီးမှ အရှိန် လျှော့ပြီး သင့်တော်တဲ့နေရာကို ရှာလိုက် သည်။
နေရာက ရေတိမ်ပြီး ရေအနက်က မီတာ ၁၀၀ အောက်ဖြစ်ရမည်။ ပင်လယ်ကြမ်း ပြင်ကလည်း ရိုးရှင်းရမည်။ ပင်လယ်ကြမ်း ပြင်က ရှုပ်ထွေးလွန်းရင်လည်း သတ္တုများ ထားလို့ အဆင်မပြေပေ။
ကြည်လင်တဲ့ရေအောက်တွင် လိပ်ကြီးရဲ့ အမြင်အာရုံက အလွန်ကောင်းပြီး ကူးခတ် နေရင်းနဲ့ပဲ သူ ရှာဖွေနေသည်။
နှစ်နာရီလောက်ကြာတော့ ကောင်းတဲ့ နေရာတစ်ခု ကို လိပ်ကြီး တွေ့သွားသည်။
ဒီနေရာက ရေအနက် မီတာ ၃၀ ကနေ ၅၀ လောက်ပဲရှိ၏။ ပင်လယ်ကြမ်းပြင်ကလည်း တော်တော်လေး ပြေပြစ်သည်။ သဲနုတွေပဲရှိ ပြီး ကျောက်တန်းတွေ၊ သန္တာကျောက်တန်း တွေ၊ ပင်လယ်ရေမှော်တွေ စတာတွေက တော့ အတော်လေး နည်းနေသည်။
'ဟုတ်ပြီ... ဒီနေရာက မဆိုးဘူး.. '
လိပ်ကြီးက သူ့ဘက်ကနေ လျူယောင်ကို အရင်ဆက်သွယ်လိုက်သည်။
"သခင်ရေ.. ဒီနေရာဆိုရင်ရော ဘယ်လို သ ဘောရလဲ.."
ပြင်ပအမြင်နဲ့ နေရာကို လျူယောင် သေချာ ကြည့်လိုက်၏။ ခဏလောက်ကြည့်ပြီးမှ ပြေဖြေလိုက်သည်။
"အင်း ..နေရာက ကောင်းပါတယ်..မင်းရဲ့ နောက်တာဝန်က သတ္တုအပိုင်းအစ အားလုံး ကို ဒီနေရာကို ရွှေ့ပြီး ပင်လယ်ကြမ်းပြင် ပေါ်မှာ ထားဖို့ပဲ..”
"အိုကေဘာပါ သခင်" လိပ်ကြီးက သဘော တူကာ ပြန်ဖြေလိုက်၏။
နေရာရွေးပြီးတာနဲ့ နောက်တစ်ဆင့်မှာ လိပ် ကြီးက တော်တော်ပင်ပန်းတော့မည်။ သူက အနည်းဆုံး တန်ချိန်သောင်းချီရှိတဲ့ သတ္တု အပိုင်းအစအားလုံးကို ရွှေ့ပေးရမှာပဲ ဖြစ် သည်။
ဒီသတ္တုအပိုင်းအစတွေက အနည်းဆုံး တန် လေး ငါးထောင် ရှိပြီး သေးတဲ့အပိုင်းတွေ ကတော့ အလေးချိန် ဆယ်ကီလိုဂရမ် လောက်ပဲ ရှိသည်။
လိပ်ကြီးက သယ်ယူလို့ရတဲ့ သတ္တု အပိုင်း အစအားလုံးကို ယူလာပြီး ရေတိမ်ပိုင်းတွင် ထားပေးရမည်။ လျူယောင်ကတော့ ပင် လယ်ကြမ်းပြင်ပေါ်က သတ္တုအပိုင်းအစ အားလုံးကို ပြန်သယ်ဖို့အတွက် သင်္ဘော တစ်စီး စေလွှတ်မှာပဲ ဖြစ်၏။
အရင်တုန်းက စစ်တပ်ကို ကတိပေးခဲ့တဲ့ အတိုင်း စုစုပေါင်း သတ္တုတန် ၅၀,၀၀၀ ကို စစ်တပ်အတွက်ပဲ သီးသန့်ပေးဖို့ပဲဖြစ် သည်။ဒီသတ္တုအပိုင်းအစတွေကို ရှင်းဖိန်သံ မဏိစက်ရုံကို ပြန်သယ် ပြုပြင်ပြီးတော့မှ စစ်တပ်ကို ပြန်ရောင်းချဖို့ လျူယောင် ပြင်ဆင်ထားသည်။
လိပ်ကြီးက အာကာသယာဉ်ပျက်ကြီးရဲ့ အ ပေါက်ဘေးနားမှ သတ္တုအပျက်အစီးတွေ ကို ထမ်းပြီး သယ်ယူပို့ဆောင်ရေးသမားလို အ လုပ်ပြန်လုပ်နေသည်။ အကွာအဝေးက ရေမိုင် ၅၀၀ လောက်ရှိတာကြောင့် တစ် ခေါက်သယ်ဖို့ နှစ်နာရီ၊ သုံးနာရီလောက် ကြာပြီး တစ်ခေါက်ကို အနည်းဆုံး သတ္တုအ ပိုင်းအစ တန် ရာနဲ့ချီ သယ်ရသည်။
လိပ်ကြီးက ဒီသတ္တုအပိုင်းအစတွေကို အသွားအပြန် သယ်နေတုန်းမှာ Universal ရဲ့ဘလူးဝေးလ်သင်္ဘော က လိပ်ကြီးရွေးချ ယ်ထားတဲ့ ပင်လယ်ပြင်နေရာကို ရွက်လွင် ထွက်ခွာလာခဲ့သည်။
ဘလူးဝေးလ်သင်္ဘောရဲ့တာဝန်က အဲဒီ သ တ္တုတွေအားလုံးကို ဆယ်ယူဖို့ပဲ ဖြစ်သည်။ ပင်လယ် ကြမ်းပြင် ဆယ်ယူရေးနဲ့ ပတ်သတ် ရင် ဘလူးဝေလ်းက အလွန်ကျွမ်းကျင် သည်။
ဒီပင်လယ်ရေပြင်ရဲ့ ကြမ်းပြင်အောက်က ရိုးရှင်းပြီး ရေအနက်က မီတာ ၃၀ ကနေ ၅၀ ပဲ ရှိတာကြောင့် ဘလူးဝေးလ်က ဒီတာဝန်ကို ကောင်း ကောင်းလုပ်နိုင်လိမ့်မယ်လို့ လျူ ယောင် ယုံကြည်ထား၏။
ဘလူးဝေးလ်သင်္ဘောနဲ့အတူ တန်ချိန် သောင်းချီတဲ့ နန်ကျင်းကုန်တင်သင်္ဘောကြီး တစ်စီးလည်း လိုက်ပါလာသည်။ အဲဒီ့ သ င်္ဘောရဲ့ တာဝန်က သတ္တုအပိုင်းအစတွေကို ဟွဟိုင်းမြို့သို့ ပြန်သယ်လာဖို့ပဲ ဖြစ်သည်။