← Chapters

  လိပ်ကြီး တန် တစ်ထောင်ကို ရောက်ပြီ

Vol. 28 Ch. 374

  လိပ်ကြီး တန် တစ်ထောင်ကို ရောက်ပြီ

Vol. 28 Ch. 374

"ဒါ မဖြစ်နိုင်ဘူး"

"လုံးဝကို သိပ္ပံနည်းလမ်းမကျဘူး..."

ဘလူးဝေးလ်သင်္ဘောပေါ်မှ လူများက အံ့ဩ နေကြသည်။ သူတို့ရှေ့မှ လူအိုကြီးကျိုးကို ကြည့်ရင်း တချို့လူတွေရဲ့ စိတ်ထဲမှာတော့ လောင်ကျိုးက လူသန်ကြီး တစ်ယောက်လို တစ်ခဏအတွင်း အသွင်ပြောင်းသွားတာ လားလို့ တွေးနေကြသည်။

" ရွှီး ဖြောင်း ဖြောင်း ဖြောင်း.. "

" တော်လှချည်လား လောင်ကျိုး.. "

ကုန်းပတ်ပေါ်မှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးမှ လက်ခုပ်တီးသံနဲ့ အော် ဟစ်သံတွေ ထွက်ပေါ်လာကာ လေထုက ရုတ်တရက် ပျော်ရွှင်သံများ ပြည့်နှက် လာ သည်။

လောင်ကျိုးက မီးခိုးနက်ရောင် သတ္တုတုံး ကြီးကို ချလိုက်ပြီး အသံကျယ်ကျယ်နဲ့ အော် ပြောလိုက်၏။

"ငါ့ကို ကျူံးဟွာဆေးလိပ်တွေ ပေးဖို့ မမေ့နဲ့ နော်.."

လောင်ကျိုးနဲ့ လောင်းထားတဲ့သူတွေက တော့ ကတိအတိုင်း ပြုံးရွှင်စွာနဲ့ ကျူံးဟွာ ဆေးလိပ်တွေ ထုတ်ပေးကြပြီး ဘယ်သူမှ တော့ မလိမ်ခဲ့ပေ။ကျူံးဟွာဆေးလိပ် ထုပ် အနည်းငယ် ရလိုက်တော့ လောင်ကျိုးရဲ့ မျက်နှာတစ်ပြင်လုံး ပြုံးပျော်သွားသည်။

"လောင်ကျိုး ခင်ဗျား ဘယ်တုန်းက ဒီ လောက်အားကောင်းသွားတာလဲ.. ဒီသတ္တု တုံးက အ နည်းဆုံး ပိဿာနှစ်ရာ သုံးရာ လောက် အလေးချိန်ရှိတာကို...”

"ဟုတ်တယ်.. ကျွန်တော်ထင်တာ အနည်း ဆုံး ပိဿာသုံးရာတော့ ရှိမယ်..”

"လောင်ကျိုး.. ခင်ဗျားက တော်တော် အ စွမ်းထက်တာပဲ.. ကျွန်တော်တို့ မျက်စိပွင့် ရပြီ..”

လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချီးကျူးတာကို မြင်တော့ လောင်ကျိုးက ကျယ်လောင်စွာ ရယ်လိုက်ပြီးမှ အသံကျယ်ကျယ်နဲ့ ရှင်း ပြလိုက်သည်။

"ဟားဟား..တကယ်တော့ အလေးချိန် လုံး ဝမရှိပါဘူးကွာ.. မယုံရင် မင်းတို့ ကိုယ့်ဖာ သာကိုယ် စမ်းကြည့်ရင် သိပါလိမ့်မယ်."

တကယ်ပဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အကျ်ီကို လှန်ပြီး ခြေထောက်ကို ခပ်ကျဲကျဲ ကားကာ သတ္တုတုံးကို မဖို့ကြိုးစားကြည့်ရာ အားအရမ်းထည့်လိုက်တာကြောင့် ယိုင်နဲ့နဲ့ ဖြစ်သွားသည်။

"ဟေ ဟုတ်တယ်ဟ.. တကယ်ကို အလေး ချိန်မရှိဘူး.. အများဆုံး ရှစ်ဆယ် ကိုးဆယ် ပိဿာလောက်ပဲ ရှိမယ့်ပုံပဲ..”

"မဖြစ်နိုင်ဘူး."

"ဒီလောက်ကြီးတဲ့အပိုင်းက ရှစ်ဆယ် ကိုးဆယ်ပိဿာလောက်ပဲ ရှိတာလား..”

တခြားသူတွေ အံ့ဩနေချိန်မှာ တစ်ယောက် ပြီးတစ်ယောက် စမ်းကြည့်ခဲ့ပြီး ကုန်းပတ်တ စ်ခုလုံးနီးပါး ဆူညံသွားကာ အလွန်စိတ် လှုပ်ရှားနေကြသည်။

"တကယ့်ကို မျက်စိပွင့်တာပဲဗျာ.. ဘယ်လို သတ္တုမျိုးမို့ ဒီလောက်တောင် ပေါ့တာလဲ ဟ..”

သူ့ရဲ့ အလေးချိန်က ကျောက်တုံးတစ်တုံးရဲ့ အလေးချိန်နဲ့တူတယ်”

"ဘုရားရေ ကမ္ဘာပေါ်မှာ ဒီလိုသတ္တု မျိုးရှိနေ တာပဲ”

...

အားလုံးက သူတို့ရဲ့ ဗဟုသုတတွေ တိုးပွား လာပြီး အမြင်ကျယ်လာတယ်လို့ ခံစားနေ ရသည်။ ကပ္ပတိန်ရမ်ဇီကွမ်းက လူတိုင်းကို ကျေနပ်စွာ ကြည့်ပြီး လက်ဝှေ့ယမ်းကာ အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"ရပြီ အားလုံး အလုပ်ဆက်လုပ်ကြ.. ဒီသ တ္တုအားလုံးကို ပင်လယ်ကြမ်းပြင်ကနေ ဆယ်ယူလိုက်ကြ.."

သိပ်မကြာခင်မှာပဲ လူတိုင်း အလုပ်ပြန် လုပ်ကြပြီး အလုပ်ကို အာရုံစိုက်ကာ လုပ် လိုက်ကြသည်။

ပင်လယ်ကြမ်းပြင်အောက်မှ မီးခိုးနက် ရောင် သတ္တုတွေကို တစ်တုံးပြီးတစ်တုံး ဆယ်ယူပြီး ဘလူးဝေလ်းသင်္ဘောပေါ်မှ က ရိန်း နဲ့ ဘေးနားက သယ်ယူပို့ဆောင်ရေးသ င်္ဘောပေါ်ကို တင်လိုက်ကြသည်။

တစ်ရက်ကြာပြီးနောက်...

စုစုပေါင်းအနည်းဆုံး တန်ချိန် ၆၀,၀၀၀ ကနေ ၇၀,၀၀၀ လောက်ရှိတဲ့ သတ္တုတွေဟာ သင်္ဘောရဲ့ ကုန်လှောင်ရုံတစ်ခုလုံးကို ပြည့် သွားပြီးအဖွင့်ကုန်လှောင်ရုံမှာလည်း ဒီသတ္တု အပိုင်းအစတွေနဲ့ ပြည့်နှက်နေသည်။

ဆယ်ယူရေးအလုပ်ကို တာဝန်ယူထားတဲ့ လူက လာပြီး ကျယ်လောင်စွာ အစီရင်ခံ လိုက်သည်။

"ကပ္ပတိန် ပင်လယ်ကြမ်းပြင်အောက်က သတ္တုတွေအားလုံးကို ဆယ်ယူပြီးပါပြီ.. နောက်လုပ်ရမယ့်အဆင့်ကို ညွှန်ကြား ပေးပါ..”

ကပ္ပတိန်ရမ်ဇီကွမ်း လက်ကိုမြှောက်ပြီး အ ချိန်ကို စစ်ဆေးလိုက်သည်။ ဆယ်ယူရေး စလုပ်ခဲ့တဲ့ချိန်ကနေ အဆုံးသတ်ဖို့ တစ်ရက် ကျော်ပဲ ကြာသည်။ အခုက နေ့လယ်ပိုင်း ဖြစ်ပြီး မှောင်ဖို့ သုံးလေးနာရီလောက်လိုနေ သေးသည်။

ကပ္ပတိန်ရမ်ဇီကွမ်း လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။

"သင်္ဘောစထွက်.. ငါ တို့ ပြန်ကြမယ်.."

ဒီတာဝန်ကို အပြည့်အဝ ပြီးမြောက်ခဲ့ပြီး သတ္တုတွေ တစ်တုံးမှ မကျန်ခဲ့ဘဲ အားလုံးကို ဆယ်ယူလာခဲ့သည်။ သင်္ဘောနှစ်စီးက ဒီနေရာကနေ စတင်ထွက်ခွာလာကြသည်။

ဘလူးဝေးလ်သင်္ဘောက ရှေ့က မောင်းနှင် နေပြီး နောက်မှာတော့ တန်ချိန် ၁ သိန်းကျော် ရှိတဲ့ ကုန်တင်သင်္ဘောကြီးတစ်စီး ရှိနေ သည်။ အဲဒီသင်္ဘောကတော့ အနည်းဆုံး တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်ရှိ တဲ့ မီးခိုးနက်ရောင် သတ္တုတွေကို သယ်လာ သည်။

မလှမ်းမကမ်းမှာတော့ လိပ်ကြီးက ရေထဲ တွင် တိတ်တိတ်လေး နေနေ၏။

ပြင်ပအမြင်နဲ့ ထိုနေရာမှ အခြေအနေကို လျူယောင်လည်း ရှင်းရှင်းလင်းလင်း မြင် နေရသည်။ ပင်လယ်ကြမ်းပြင်က မီးခိုးနက် ရောင် သတ္တုတွေအားလုံးကို ဆယ်ယူပြီး သင်္ဘောနှစ်စီး ထွက်ခွာသွားတာကို မြင်တော့ သူ စိတ်သက်သာရာရသွားသည်။

အထူးသဖြင့် ကုန်တင်သင်္ဘောရဲ့ ကုန် လှောင်ရုံတွေမှာ ဒီသတ္တုတွေနဲ့ ပြည့်နေတာ ကိုမြင်တော့ လျူယောင် အလွန်ပျော်ရွှင် လာသည်။ ခုနစ်ရက်၊ ရှစ်ရက်ကြာပြီးနောက် ပထမအသုတ် သတ္တုတွေက ဟွားဟိုင်မြို့ကို ရောက်လာတော့မည်လေ။

"သခင်ရေ.. အာကာသယာဉ်ပျက်ကြီးဘေး နားမှာ သတ္တုတွေ အများကြီး ကျန်နေသေး တယ်.. ကျွန်တော် သယ်ပြီး အဲ့ဒီမှာ ထပ် ထားရဦးမလား”

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။

"အင်း မင်း အလုပ်ကို ဆက်လုပ်လိုက်.. ဒါပေမဲ့ နောက်တစ်ခါ သယ်လာတဲ့သတ္တု တွေကို အဲ့ဒီနေရာမှာ မထားနဲ့တော့ ဒီကနေ ရေမိုင် ဆယ်မိုင် ဒါမှမဟုတ် နှစ်ဆယ်၊ သုံး ဆယ်လောက် ဝေးတဲ့နေရာမှာ ထားထား ပေး..”

ဒီပင်လယ်ပြင်မှ ရေက အတော်လေးတိမ် ပြီး ရေမိုင် ဆယ်ဂဏန်းလောက် အချင်းဝ က်အတွင်းမှာ ရေအနက်က မီတာဆယ် ဂဏန်းလောက်ပဲရှိသည်။ အဝေးမှာတော့ အမည်မသိတဲ့ ကျွန်းတစ်ကျွန်းကို လိပ်ကြီး လှမ်းမြင် ရသည်။

ခဏကြာတော့ ဘလူးဝေးလ်သင်္ဘောက ထပ်ပြီး သတ္တုတွေ ဆယ်ယူဖို့ ရောက်လာ သည်။

အာကာသယာဉ်ပျက်ကြီးဆီကို လိပ်ကြီး ကူးခတ်လာ၏။

တစ်နာရီကျော်ကြာပြီးနောက် အာကာသ ယာဉ်ပျက်ကြီးရဲ့ ဘေးကို သူ ရောက်လာ ပြီးပျက်စီးနေတဲ့ အပေါက်ကြီးနားထိ ကူး ခတ်သွားသည်။ အဲဒီနေရာမှာတော့ သတ္တု အပိုင်းအစတွေ ပြန့်ကျဲနေဆဲ ဖြစ် သည်။

လိပ်ကြီးက တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက် ဖယ်ရှားလိုက်ပေမဲ့ ဒါက အနည်းငယ်ပဲရှိသေးသည်။ ဒီနေရာတွင် သ တ္တုအပျက်အစီးတွေ အများကြီး ကျန်နေ သေးသည်။

ထိုအခြေအနေကိုမြင်တော့ လျူယောင် အံ့ ဩသွားသည်။

"ဝိူး..ငါ့ကောင်ကြီး ..သတ္တုအပိုင်းအစတွေ အများကြီး ကျန်နေမယ်လို့ ငါ မထင်ထား ဘူးကွာ...."

လိပ်ကြီးက ချက်ခြင်း ပြန်ဖြေလိုက်၏။

"ဒီကနေ ဖယ်ရှားလို့ရတဲ့ သတ္တုအပိုင်းအ စတွေရဲ့ သုံးပုံတစ်ပုံအောက်ပဲ ဖယ်ရှားရ သေးတယ်.. အနည်းဆုံး သတ္တုအပိုင်းအစ တန် သိန်းနဲ့ချီ ကျန်နေသေးတယ် သခင်ရ...”

" အိုး.. အဲ့လောက်တောင် ကျန်သေးတာ လား.."

ဒါက တစ်တန်ကို ယွမ် ၂ သန်းကျော်နဲ့ ရောင်းချနိုင်ရုံမက စစ်ဘက်ဆိုင်ရာစက်မှု့ လုပ်ငန်းနဲ့ ကာကွယ်ရေးအတွက်ပါ အကြီး အကျယ် မြှင့်တင်ပေးနိုင်ပြီး နိုင်ငံအတွက် လိုအပ်တဲ့ပစ္စည်းပဲ ဖြစ်သည်။

ဒီလိုပစ္စည်းတွေ များများ ရှိလေလေ ပို ကောင်းလေလေပါပဲ။

အစတုန်းက တန်ချိန်သောင်းနဲ့ချီလောက် ပဲရှိတယ်လို့ လျူယောင် ထင်ခဲ့ပေမဲ့ ခန့်မှန်း ချက်ထက် အများကြီး ပိုများနေတယ်ဆို တာကို မမျှော်လင့်ထားပေ။ယာယီ မ သယ် နိုင်တဲ့ သတ္တုအပိုင်းအစကြီးတွေကလွဲပြီး တန် ၁,၀၀၀ အောက်ရှိတဲ့ သတ္တုအပိုင်း အစ အားလုံးကို လိပ်ကြီး ဖယ်ရှားသွားတော့ မည်။

လျူယောင်ရဲ့ အမိန့်မပါဘဲ လိပ်ကြီး အလုပ် ပြန်စလိုက်သည်။

တန်အနည်းငယ်ရှိတဲ့ သတ္တုအပိုင်းအစတွေ ဒါမှမဟုတ် ပိုသေးငယ်တဲ့ သတ္တုအပိုင်း အ စတွေလို သေးငယ်တဲ့အပိုင်းအစတွေကို တော့ ပါးစပ်ထဲမှာ ထည့်ထားလေ့ရှိသည်။

သူ့ရဲ့ ရှေ့လက်နှစ်ချောင်းထဲက တစ်ချောင်း က သတ္တုအပိုင်းအစကြီး တစ်တုံး၊ နှစ်တုံး ကို ဆုပ် ကိုင်ထား၏။ ဒါတွေအားလုံးက တန် ၁၀၀ ကျော် အလေးချိန်ရှိတာကြောင့် လိပ်ကြီး တစ်ခေါက်ကို အနည်းဆုံး တန်ရာ ပေါင်းများစွာ သယ်ရပေမည်။

" ငါ့ကောင်ကြီး..အများကြီးသယ်ရင် မင်း ပင်ပန်းလိမ့်မယ်.. "

လျူယောင် သတိပေးလိုက်သည်။

"ရပါတယ် သခင်ရ .ကျွန်တော် လုံးဝ မပင် ပန်းပါဘူး..နှစ်ခေါက်၊ သုံးခေါက်လောက် သယ်ပြီးမှ နားပါ့မယ်.."

လိပ်ကြီးက တကယ့်ကို အကောင်းဆုံး သယ် ယူပို့ဆောင်ရေးသမား တစ်ယောက်ပဲ ဖြစ် ပြီး အသွားအပြန် သယ်နေရတာကို လုံးဝမ ပင်ပန်းခဲ့ပေ။ဒါက လိပ်ကြီးရဲ့ ခန္ဓာကိုယ်ကြံ့ ခိုင်မှု့နဲ့လည်း ဆိုင်လောက်သည်။

အရင်က မီးခိုးနက်ရောင် သတ္တု တန်ရာ ပေါင်းများစွာကို ရေတိမ်ပိုင်းပင်လယ်ဆီ လိပ်ကြီး ရွှေ့ခဲ့သည်။ ခုတော့ အရင်တစ်ခါ နေရာကနေ ရေမိုင်ဆယ်မိုင်လောက်ဝေးတဲ့ နေရာတစ်ခုကို သူ ရှာတွေ့သွားသည်။

ဒီနေရာက ပိုပြီးတိမ်၏။ ရေအနက်က မီတာ ၂၀ လောက်ပဲရှိပြီး ကြည်လင်တဲ့ ပင်လယ် ရေအောက်မှာ ပြေပြစ်တဲ့နေရာတစ်ခုရှိပြီး သဲဖြူတွေနဲ့ ပြည့်နေသည်။ ပင်လယ်ရေ မှော်တွေလည်း လုံးဝမရှိသလောက်ပင်။

တန်ရာပေါင်းများစွာရှိတဲ့ မီးခိုးနက်ရောင် သတ္တုတွေကို ဒီနေရာမှာ ချထားပြီး အာကာ သယာဉ်ပျက်ကြီးဆီ ပြန်သွားကာ ဒီသတ္တု တွေကို တစ်တုံးချင်းစီ လိပ်ကြီး သယ်လာ သည်။

သူက ပင်ပန်းရင် နားလိုက်ပြီး ဗိုက်ဆာရင် ဧရာမရေဘဝဲကို ဖမ်းကာ စားလိုက်သည်။

ဒီလိုနဲ့ ရက်အနည်းငယ် ကုန်ဆုံးသွား၏။

လိပ်ကြီးရဲ့ အလေးချိန်က နောက်ဆုံးတော့ တန် ၁,၀၀၀ ကို ရောက်လာခဲ့ပြီး ဒီ တန်ချိန် ကို ရောက်တော့ သူ ကြီးထွားတာက ရပ် သွားသည်။ ဒါက နှစ်ရက်၊ သုံးရက် လောက် ကြာခဲ့သည်။

လျူယောင်က နေ့တိုင်း အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ဖွင့်ပြီး လိပ်ကြီးရဲ့ အခြေအနေ ကို စစ်ဆေးခဲ့သည်။ နှစ်ရက်၊ သုံးရက်အကြ ာတွင် လိပ်ကြီးရဲ့ အလေးချိန် တန် ၁,၀၀၀ ကို ရောက်သွားတာ တွေ့လိုက်ရပြီး အလေး ချိန်က တက်မလာတော့ပေ။ အိမ်မွေးတိ ရစ္ဆာန်ချပ်ပြားပေါ်က အချက်အလက်တွေ လည်း မပြောင်းလဲခဲ့ပေ။

လျူယောင်ကို ပိုပြီးထူးဆန်းစေတာက လိပ်ကြီး ဒီအလေးချိန်ကို ရောက်ပြီးနောက် အရင်လို လုံးဝ အိပ်ချင်နေတဲ့ ပုံမပေါ်ပဲ ပုံမှန်အတိုင်းထင်ရသည်။

သူက နေ့တိုင်း မီးခိုးနက်ရောင် သတ္တုတွေကို မနားတမ်း သယ်နေပြီး ဧရာမရေဘဝဲတွေကို နေ့တိုင်း ဖမ်းစားနေသည်။

ပြောင်းလဲသွားတာကတော့ လိပ်ကြီးရဲ့ အ စာစားချင်စိတ်က ပိုကောင်းလာပြီး နေ့တိုင်း ပုံမှန်ထက် အစာ ပိုစားနေတာပဲ ဖြစ်၏။

All Chapters