တန် တစ်ထောင် အတားအဆီးကို လိပ်ကြီး ကျော်ဖြတ်ခြင်း
Vol. 28 Ch. 375
တတိယအမြင်နဲ့လိပ်ကြီးကို လျူယောင် ကြည့်လိုက်သည်။
လိပ်ကြီးက အဆင်ပြေနေပုံရပြီး ပုံမှန် အ တိုင်း အလုပ်လုပ်နေသည်။
အခု သူက မီးခိုးနက်ရောင် သတ္တုကို အပင် ပန်းခံကာ သယ်ဖို့ ကြိုးစားနေသည်။ တန် ၇၀၀ ကနေ ၈၀၀ လောက်ရှိတဲ့ သတ္တုအပိုင်း အစတစ်တုံးကို ရေတိမ်ပိုင်းနေရာဆီ ဆွဲယူ နေသည်။
ခဏကြည့်ပြီးနောက် လျူယောင် စိုးရိမ်စိတ် နဲ့ တွေးလိုက်မိသည်။
'အင်း လိပ်ကြီးက တန် ၁,၀၀၀ အလေးချိန် အထိပဲ ကြီးနိုင်တာလား.. ဒါက သူ့ရဲ့ အကန့် အသတ်ဖြစ်ပြီး ဆက်ပြီးကြီးထွားလို့ မရ တော့ဘူးလား..'
"ဒါတော့ မဖြစ်ဘူး"
လိပ်ကြီးကို တန်ထောင်ပေါင်းများစွာ ဒါမှ မဟုတ် တန်သောင်းနဲ့ချီ အလေးချိန်ရှိတဲ့ ဘီလူးကြီးတစ်ကောင်အထိ ကြီးထွားနိုင် မယ်လို့ လျူယောင် မျှော်လင့်ထားသည်။ ဒါဆို ပိုပြီးတောင် ကောင်းလိမ့်မည်။
တန်သောင်းနဲ့ချီတဲ့ ဘီလူးကြီးတစ်ကောင် ဆိုရင် သမုဒ္ဒရာတစ်ခုလုံးမှာဆို အစစ်အမှန် ဘုရင်ပဲဖြစ်၏။ စစ်သင်္ဘောတွေနဲ့ လေယာဉ် တင်သင်္ဘောတွေတောင် လိပ်ကြီးကို ယှဉ်နိုင် မှာ မဟုတ်ပဲ သမုဒ္ဒရာထဲက တခြားသတ္တဝါ တွေအကြောင်း ဆို ပြောစရာတောင် မလို တော့ပေ။
လိပ်ကြီးသာ တန်သောင်းနဲ့ချီတဲ့ အရွယ် အ စားအထိ တကယ်ကြီးထွားလာပါက လိပ် ကြီးကို ယှဥ်နိုင်ဖို့ ဘယ်သူ့မှ မရှိနိုင်လောက် ပေ။
လိပ်ကြီးသာ မပျော်ရွှင်ပါကအားလုံးကို သတ်ပစ်လို့ရသည်။
" ဘယ်လောက်တောင် ပျော်စရာကောင်း လိုက်မလဲ"
တတိယအမြင်နဲ့ လိပ်ကြီးကို ကြည့်ပြီး နောက် အိမ်မွေးတိရစ္ဆာန်ချပ်ပြားပေါ်က အမျိုးမျိုးသော အချက်အလက်များကို လျူယောင် ကြည့်လိုက်သည်။
အမည် - မျိုးပြောင်းလိပ်
စွမ်းအား - ၆ သောင်း
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၆ သောင်း
အလေးချိန် - ၁,၀၀၀ တန်
ကူးခတ်နှုန်း - ၃၅၀ နူန်း
ကျွမ်းကျင်မှုများ - လိပ်အသက်ရှူခြင်း (အဆင့် ၃)၊ လိပ်ခွံ (အဆင့် ၃)၊ စူပါအမြင် အာရုံ (အဆင့် ၂)၊ စူပါအာရုံခံစားမှု (အဆင့် ၂)၊ အမြန်ကူးခတ်ခြင်း (အဆင့် ၁)
ကြည့်ပြီးနောက် အိမ်မွေးတိရစ္ဆာန်ချပ်ပြား ကို လျူယောင် ပိတ်လိုက်သည်။ ဒီအချက် အလက်တွေအရ ဆိုရင် လိပ်ကြီးက သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပုံရသည်။ ဥပမာ စွမ်းရည်အားလုံးက ၆ သောင်းကို ရောက်နေပြီး ရက်အနည်းငယ်ကြာတဲ့ထိ လုံးဝ မတိုးလာတော့ပေ။
'ဘုရားသခင်စောင့်ရှောက်ပါ လိပ်ကြီး ဒီ အကျပ်အတည်းကို ကျော်လွှားနိုင်ရမယ်..'
လျူယောင် စိုးရိမ်စိတ်နဲ့ ဆုတောင်းလိုက် ၏။
……
ရှင်းဖိန်သံမဏိစက်ရုံတွင်...
သတ္တုကျိုတဲ့အလုပ်ရုံမှာတော့ ရှင်းဖေးဝမ် က နည်းပညာရှင်တွေနဲ့ ဝါရင့်မန်နေဂျာ အဖွဲ့ ကို ကိုယ်တိုင်ခေါ်လာသည်။ လူတိုင်းက ဦး ထုပ်မာနဲ့ အလုပ်ဝတ်စုံတွေကို ဝတ်ထား ကြ၏။
Universal က ဒီစက်ရုံကို ဝယ်ယူပြီးနောက် ရှင်းဖေးဝမ်မှာ စက်ရုံမန်နေဂျာအဖြစ် ဆက် လက်လုပ်ကိုင်ခဲ့သည်။
သတ္တု အရည်ကျိုတဲ့ မီးဖိုထဲမှာ စုစုပေါင်း မီးခိုးနက်ရောင် သတ္တု ဒါဇင်ပေါင်းများစွာ အရည်ပျော်နေပြီဖြစ်သည်။ အရည်ပျော် ထားတဲ့ သတ္တုတွေက မီးဖိုထဲမှ ထွက်လာ ပြီး သတ္တုအိုးထဲ ဝင်ရောက်လာသည်။
အဲ့ဒါတွေကို သံမဏိချောင်းတွေအဖြစ် တစ်တုံးပြီးတစ်တုံး လောင်းထည့်လိုက် သည်။ဒါက မတူညီတဲ့အရွယ်အစားနဲ့ ပုံ သဏ္ဍာန်ရှိတဲ့ သတ္တုအပိုင်းအစတွေ မ ဟုတ်တော့ဘဲ ပုံမှန်သံမဏိချောင်း တွေ အဖြစ် ပြောင်းလဲသွားသည်။
......
ဟွာဟိုင်းမြို့၏ ဆိပ်ကမ်းတွင်..
ဘလူးဝေးလ်သင်္ဘောက နောက်ဆုံးတော့ ပြန်ရောက်လာသည်။ သူနဲ့အတူ တန်ချိန် ၁ သိန်းကျော်ရှိတဲ့ ဧရာမသင်္ဘောဖြစ်တဲ့ ရှီ ဝမ်ကုန်တင်သင်္ဘောလည်း ပါလာပြီး စုစု ပေါင်း တန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်ရှိတဲ့ မီးခိုးနက်ရောင်သတ္တုတွေကို သယ်လာခဲ့သည်။
ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်ပြီးနောက် မီးခိုးနက်ရောင် သတ္တုတုံးတွေကို ချပြီး ရှင်း ဖိန်အထူးသံမဏိသတ္တုကျိုစက်ရုံကို ပို့ဆောင်လိုက်သည်။ အဲဒီမှာ သတ္တုတွေကို ပုံမှန်သံမဏိချောင်းတွေ၊ သံပြားတွေ ဒါမှ မဟုတ် သံတုံးတွေအဖြစ် ပြုလုပ်ပါလိမ့် မည်။
....
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်..
လိပ်ကြီးက နောက်ဆုံးတော့ သယ်ယူလို့ရတဲ့ သတ္တုအပိုင်းအစအားလုံးနီးပါးကို ဖယ်ရှား ခဲ့ပြီး ကျန်နေတာကတော့ တန်နှစ်ထောင်၊ သုံးထောင် ဒါမှမဟုတ် လေးထောင်၊ ငါး ထောင်လောက်ရှိတဲ့ သတ္တုအပိုင်းအစတွေပဲ ကျန်တော့သည်။
လိပ်ကြီးရဲ့ တာဝန်ပြီးဆုံးသွား၏။
လိပ်ကြီးက အတော်လေး စိတ်သက်သာရာ ရသွားသည်။ သူက ဧရာမလှံကြီးနဲ့အတူ ကြီးမားတဲ့ရေနက်မြောင်းထဲကို ကူးခတ် သွားပြီး တန်တစ်ထောင်ကျော်ရှိတဲ့ ဧရာမ ရေဘဝဲတစ်ကောင်ကို ဖမ်းဆီးသတ် ဖြတ် လိုက်သည်။
ထိုဧရာမရေဘဝဲ အသေကို ဆွဲပြီး ယာယီ ဂူဆီ လိပ်ကြီး ပြန်လာခဲ့ပြီး လှံကို ဂူဝမှာ ထားကာ ရေဘဝဲကို ဂူထဲသို့ ဆွဲသွင်းလိုက် သည်။
ဂူထဲမှာတော့ ရေဘဝဲ အသေကို လိပ်ကြီး အာသာငမ်းငမ်း စားပစ်လိုက်သည်။သူက ပါးစပ်အပြည့် စားရင်း အရသာရှိတဲ့ အစား အစာကို ခံစားနေသည်။ ဒီတန်တစ်ထောင် ရေဘဝဲရဲ့ တစ်ဝက်ကို သူက တစ်ခါတည်း စားပစ် လိုက်တာပဲ ဖြစ်၏။
တန်ငါးရာ၊ ခြောက်ရာလောက်ရှိတဲ့ အစာ တွေ က လိပ်ကြီးရဲ့ ဗိုက်ထဲ ရောက်သွား သည်။ဒီအစာပမာဏက တကယ့်ကို အံ့ဩစ ရာကောင်းလှသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က စလို့ လိပ်ကြီး ရဲ့ အစာစားချင်စိတ်က ပိုမို တိုးတက်လာ သည်။ အဲဒီလောက် အစာ စားပြီးနောက် နာရီအနည်းငယ်အတွင်းမှာပဲ သူ ဗိုက်ပြန် ဆာလာပြန်သည်။
ဒီလောက်များတဲ့ အစာကို စားပြီးတော့ လိပ်ကြီး ဗိုက်ပြည့်သွားပြီး သယ်ယူပို့ ဆောင်ရေးသမားအဖြစ် ဆက်လုပ်စရာ မလိုတော့ပေ။ သူ ဂူထဲမှာ အိပ်ပြီး အနားယူ တော့သည်။
နောက်ရက်အနည်းငယ်မှာလည်း လိပ်ကြီး က နေ့တိုင်း ဒီလိုပဲ ဧရာမရေဘဝဲတွေကို အမဲလိုက်တာ အနားယူတာနဲ့ အိပ်တာက လွဲရင် အများဆုံးလုပ်တာက အနီးအနားမှာ လှိုင်းစီးဖို့ သွားတာပဲ ဖြစ်၏။
လိပ်ကြီးရဲ့ဘဝက အရမ်းသက်သောင့်သက် သာရှိပေမဲ့ သူက ဝမလာခဲ့ပဲ အလေးချိန်က လည်း တန် ၁,၀၀၀ မှာပဲ တည်ငြိမ်နေပြီး လုံးဝတိုးမလာခဲ့ပေ။
.....
ရှင်းဖိန်သံမဏိစက်ရုံတွင်...
ဒီနေ့ ထိုစက်ရုံကို လျူယောင် ကိုယ်တိုင် ထပ်သွားခဲ့သည်။ ပြုပြင်ပြီးသွားတဲ့ မီးခိုး နက်ရောင် သတ္တုတွေကို သူ သွားကြည့် ခြင်းပဲ ဖြစ်၏။
ချန်းဟူမောင်းတဲ့ကားနဲ့ ကားရှေ့ခန်းမှာ ထိုင် လိုက်ပြီး စက်ရုံရဲ့ ဂိတ်ပေါက်ကို လျူ ယောင် ရောက်လာသည်။ ဒီအချိန်မှာ ရှင်း ဖေးဝမ်က ဂိတ်ပေါက်မှာ ကြိုစောင့်နေပြီပဲ ဖြစ်သည်။
ကားပေါ်မှ လျူယောင် ဆင်းလာတာကို မြင်တော့ သူ စက်ရုံရဲ့ ဝါရင့်မန်နေဂျာအချို့ ကို ခေါ်လာပြီး အရိုအသေပေးတဲ့ဟန်နဲ့ ပြောလိုက်သည်။
"သူဋေး မင်္ဂလာပါ အလုပ်လမ်းညွှန် ပေးတာ ကို ကြိုဆိုပါတယ် ခဗျာ.."
လျူယောင်က မျက်နှာပေါ်မှာ အပြုံးနဲ့အတူ ရှင်းဖေးဝမ်အပါအဝင် လူတိုင်းနဲ့ လက်ဆွဲ နှုတ်ဆက်ပြီး လက်ဝှေ့ယမ်းကာ ပြန်ဖြေ လိုက်၏။
"သွားကြစို့..အထဲ ဝင်ကြည့်ရအောင်"
ရှင်းဖေးဝမ်က လမ်းပြပြီး လျူယောင်နဲ့ အတူ လိုက်ပါလာသည်။ လမ်းလျှောက်နေ ရင်းနဲ့ လက်ရှိအခြေအနေကို သူ မိတ်ဆက် ပေးလိုက်သည်။ ဒီစက်ရုံကို ဝယ်ပြီးနောက် မှာ အလုပ်သမားတွေနဲ့ မန်နေဂျာတွေ အ များကြီးက မထိခိုက်ခဲ့ဘဲ အဲဒီအစား သူတို့ ဟာ အလုပ်မှာ ပိုမို တက်ကြွလာတာကို လျူ ယောင် ခံစားနေရသည်။
အဓိကအကြောင်းရင်းကတော့ စက်ရုံကို ဝယ်ပြီးနောက် လျူယောင်က သူတို့တစ် ယောက်ချင်းစီကို ဘောနပ်စ်ပေးပြီး လစာ ကို ၂၀% တိုးပေးမယ်လို့ ကတိပေးခဲ့တာပဲ ဖြစ်သည်။
လျူယောင်တို့အဖွဲ့က ပထမဆုံး ကုန်ကြမ်း ထားတဲ့နေရာကို ရောက်လာကြသည်။ အဲဒီနေရာက စတုရန်းမီတာ ၁,၀၀၀ ကျော် ကျယ်တဲ့ ကွန်ကရစ်ကြမ်းပြင်ဖြစ်ပြီး အခု တော့ မီးခိုးနက်ရောင် သတ္တုတွေနဲ့ ပြည့်နှက် နေသည်။
စုစုပေါင်း တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်ရှိ၏။
ရှင်းဖေးဝမ် ရှင်းပြလိုက်၏။
"ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ဒီသတ္တု တွေကို အရည်ကျိုပြီး ပုံမှန်သံမဏိချောင်း တွေ၊ သံပြားတွေနဲ့ သံတုံးတွေအဖြစ် ပြုပြင် ထုတ်လုပ်ဖို့ပါပဲ.. "
လက်ရှိအခြေအနေကို သူက အသေးစိတ် ရှင်းပြလိုက်သည်။
လျူယောင်က နားထောင်ရင်း ပတ်ပတ် လည်ကို ကြည့်လိုက်သည်။
များပြားလှတဲ့ မီးခိုးနက်ရောင် သတ္တုတွေကို ပြန်သယ်လာပြီး ဒီနေရာမှာ စုပုံနေတာကို မြင်တော့ လျူယောင် အလွန်ပျော်ရွှင်သွား သည်။
"ခိုးယူသူတွေမရှိအောင် လုံခြုံရေးကို ကောင်းကောင်းစီမံထားပါ..."
သူ အလေးပေး ပြောလိုက်၏။
ရှင်းဖေးဝမ် ပြန်ဖြေလိုက်သည်။
"သူဋေး စိတ်မပူပါနဲ့.. ကျွန်တော်တို့ ဒီအလုပ် ကို အတော်လေး အလေးထားပါတယ်.. ကင်မရာတွေ အများကြီးတပ်ဆင်ထားရုံသာ မက လုံခြုံရေးအစောင့် အရေအတွက် ကိုလည်း နှစ်ဆတိုးထားပါတယ်ခဗျ.. "
လျူယောင် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး အချောထည်သိုလှောင်ရုံကို သွားလိုက် သည်။ ထိုနေရာရောက်တော့ ပြုပြင်ထားတဲ့ သံမဏိချောင်းတွေ၊ သံပြားတွေနဲ့ သံတုံး တွေကို လျူယောင် မြင်လိုက်ရသည်။
...
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...
လိပ်ကြီးက နောက်တစ်ခါ ဗိုက်အပြည့် စား လိုက်သည်။ တန်တစ်ထောင်ရေဘဝဲရဲ့ တစ် ဝက်ကျော်ကို စားလိုက်ပြီး အိပ်ချင်စိတ်ကို ပြင်းပြင်း ထန်ထန် သူ ခံစားလာရသည်။
ဒီတစ်ခါတော့ တစ်မျိုးကြီး ဖြစ်နေတယ်လို့ သူ ခံစားရသည်။
တခါတလေ တိရိစ္ဆာန်တွေမှာ မွေးရာပါ အာရုံခံစားမှု့ ရှိ၏။ လိပ်ကြီးလည်း အတူတူ ပင်။ သူက ဆင့်ကဲပြောင်းလဲလာတော့မှာ ဖြစ်ပြီး တန် ၁,၀၀၀ အကျပ်အတည်းကို ကျော်လွှားတော့မယ်ဆိုတာ သူသိသည်။
လိပ်ကြီးက လုံးဝမပေါ့ဆ ရဲတော့ပေ။ ချက်ချင်းပဲ ယာယီဂူကနေ ကူးခတ်ထွက် လာပြီး ရေမိုင်ရာပေါင်းများစွာမှာရှိတဲ့ လူ မနေတဲ့ အမည်မသိကျွန်းတစ်ခုပေါ်ကို တက်လာသည်။
မြောက်ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းမှာ ရှိတဲ့ ဒီကျွန်း၏ အရွယ်အစားမှာ မသေး လှပေ။
စတုရန်းကီလိုမီတာ အနည်းငယ်လောက် ရှိပေမဲ့ တစ်နှစ်ပတ်လုံး ဘယ်သူမှ လာရော က်လည်ပတ်တာမရှိလို့ ကျွန်းပေါ်မှ သစ်ပင် တွေက စိမ်းလန်းစိုပြေနေပြီး သစ်ပင်တွေ ကလည်း မီတာဆယ်ဂဏန်းလောက် မြင့် ကာ လူအများအပြား လက်ချင်းယှက်ရင် ပတ်မိလောက်အောင် ထူထဲလှသည်။
ကျွန်းပေါ်မှာ ကျယ်ပြန့်တဲ့ တောနက်ကြီး ရှိပြီး တိရစ္ဆာန်တွေ အများအပြားလည်း ရှိ၏။
အထူးသဖြင့် ငှက်အမျိုးမျိုးပင်။လိပ်ကြီး ရောက်လာတော့ ငှက်အုပ်ကြီးတစ်အုပ်က လန့်ဖျန့်ပြီး ထပျံသွားသည်။
ဒီကျွန်းပေါ်ကို လိပ်ကြီး ရောက်တော့ တော နက်ထဲကို တစ်ရာ၊ နှစ်ရာမီတာလောက် ထိ ဝင်လာသည်။ပြေပြစ်တဲ့နေရာတစ်ခုကို ရှာ တွေ့ပြီးနောက် သက်တောင့်သက်သာ အနေ အထားနဲ့ လိပ်ကြီးက နှစ်ခြိုက်စွာ အိပ် ပျော် သွားတော့သည်။