← Chapters

 အံ့သြမူ့တွေ ယူဆောင်ပေးခြင်း

Vol. 28 Ch. 376

 အံ့သြမူ့တွေ ယူဆောင်ပေးခြင်း

Vol. 28 Ch. 376

လျူယောင် ဒီနှစ်ရက်အတွင်း လိပ်ကြီးကို ဂရုမစိုက်ခဲ့ပေ။ သူ့ကို လုံးဝ လွှတ်ထားလိုက် သည်။

ရှင်းဖိန်သံမဏိစက်ရုံကနေ လျူယောင် ပြန် လာပြီးနောက် ရုံးခန်းကြီးထဲမှာ သက်သောင့် သက်သာ ထိုင်လိုက်ပြီး ဖုန်းကိုကောက်ကိုင် ကာ ဘလူးဝေလ်သင်္ဘောကို ပင်လယ်ထဲ ထပ်ထွက်ဖို့ အမိန့်ပေးလိုက်သည်။

ဘလူးဝေးလ်သင်္ဘောက ပြန်ရောက်လာတာ ရက်အတော်ကြာပြီဖြစ်လို့ သင်္ဘောသားတွေ အနားယူတာ အပြည့်အဝနီးပါး ပြန်ကောင်း လာတာကြောင့် ကျန်နေသေးတဲ့ မီးခိုးနက် ရောင် သတ္တုတွေကို ပြန်သယ်ယူဖို့ ထပ် ထွက်နိုင်ပြီပဲ ဖြစ်သည်။

အဲ့ဒီရေတိမ်ပိုင်းပင်လယ်ကြမ်းပြင်အောက်မှာ တန်ချိန် ၁ သိန်း ၂ သောင်းလောက်ရှိတဲ့ မီးခိုးရနက်ရောင် သတ္တုတွေရှိနေပြီး အရင် တစ်ခေါက်ထက် နှစ်ဆနီးပါး ပိုများနေ သည်။ လိပ်ကြီးက သယ်ယူနိုင်တဲ့ သတ္တု အပိုင်းအစအားလုံးကို ရွှေ့ထားခဲ့သည်။

လျူယောင် ဖုန်းနဲ့ ညွှန်ကြားပြီးနောက် ဘ လူးဝေးလ်သင်္ဘောက မနက်ဖြန် ထပ်ထွက် တော့မည်။ ရှီဝမ်နဲ့ ရှီတုံး အစရှိတဲ့ ကုန်တင် သင်္ဘောကြီးနှစ်စီးလည်း လိုက်ပါလာ ပေ မည်။ သင်္ဘောတစ်စီးစီကနေ တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်ရှိတဲ့ သတ္တုတွေကို ပြန်သယ်လာတာက ပြ ဿနာမရှိတော့ပေ။

ဒီကိစ္စတွေကို ကိုယ်တိုင်စီစဉ်ပြီးနောက် လျူ ယောင် ကော်ဖီတစ်ခွက် ထပ်ဖျော်ပြီး သူဋေး ကုလားထိုင်မှာ ထိုင်ကာ သောက်နေရင်းနဲ့ စိတ်ထဲမှာ တွေးနေမိသည်။

'လိပ်ကြီး အကျပ်အတည်းကို ရောက်နေတာ တော်တော်ဝမ်းနည်းစရာပဲကွာ..တန် ၁,၀၀၀ အလေးချိန်မှာ ဆယ်ရက်ကျော်ကြာ ရပ်တန့် နေတာ သူ ကျော်လွှားနိုင်ပါ့မလားမသိဘူး.."

အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့် လိုက်ပြီး လိပ်ကြီးရဲ့ စွမ်းရည် အမျိုးမျိုးကို ကြည့်လိုက်သည်။ဘာမှ အပြောင်းအလဲမရှိ သေးပေ။ ဥပမာ၊ စွမ်းအား၊ သွက်လက်မှု့နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ဟာ ၆ သောင်းပဲရှိပြီး တိုးတက်မှု့မရှိသေးပေ။ အလေးချိန်ကလည်း တန် ၁,၀၀၀ မှာပဲ တည်ငြိမ်နေပြီး တန်ဝက် တောင် မတိုးလာခဲ့ပေ။

အိမ်မွေးတိရစ္ဆာန်ချပ်ပြားပေါ်မှာ လိပ်ကြီးရဲ့ အခြေအနေက ပြောင်းလဲသွားပြီး "အိပ်နေ သည်" ဆိုတဲ့ စကားလုံး အသစ်ထပ် တိုးလာ သည်။

ပုံမှန်အားဖြင့်ဆိုရင် လိပ်ကြီး အိပ်ရင်တောင် ဒီစကားလုံးနှစ်လုံးကို ထည့်လေ့မရှိပေ။ ဖြစ် နိုင်ခြေက တစ်ခုပဲရှိသည်။ လိပ်ကြီး အကျပ် အတည်းကို ကျော်လွှားတဲ့အခါ နက်နက်ရှိုင်း ရှိုင်းအိပ်ပျော်သွားမှာဖြစ်ပြီး ပုံမှန်အားဖြင့် ရက်အနည်းငယ်ကြာအောင် အိပ်တတ် သည်။ဥပမာ၊ အရင်တစ်ခါ တန် ၁၀၀ အ ကျပ်အတည်းကို ကျော်လွှားတုန်းက သုံး ရက်ကြာအောင် သူ နက်နက်ရှိုင်းရှိုင်း အိပ် ပျော်သွားသည်။

'ဒီတစ်ခါလည်း လိပ်ကြီး ထပ်ပြီး ကျော် လွှားတော့မလား.."

တတိယအမြင်ကို လျူယောင် မြန်မြန် ဖွင့်ကြည့်လိုက်ရာ လူမနေတဲ့ ကျွန်းတစ်ခု ပေါ်က တောအုပ်ထဲမှာ တကယ်ပဲ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ လိပ်ကြီးကို လျူယောင် ချက်ချင်း မြင်လိုက်ရသည်။

လိပ်ကြီးက လုံးဝ မလှုပ်မယှက် အိပ်နေ၏။

လိပ်ကြီး အိပ်ပျော်နေတာကိုကြည့်ပြီး လျူ ယောင် စိတ်ထဲကနေ အားကျစွာ တွေးလိုက် မိသည်။

" ဇိမ်ကျတာကွာ ငါလည်း ကောင်းကောင်း အိပ်ချင်လိုက်တာ"

လိပ်ကြီးက နှစ်နှစ်ချိုက်ချိုက် အိပ်ပျော် သွားတာ နှစ်ရက်၊ သုံးရက် ကြာသည်။

လိပ်ကြီးရဲ့ အခြေအနေကို နေ့တိုင်းကြည့် တာက လျူယောင်အတွက် မဖြစ်မနေလုပ် ရတဲ့ အလုပ်ဖြစ်သွားသည်။ ဒါပေမဲ့ လိပ် ကြီးက စ အိပ်ပျော်သွားကတည်းက လုံးဝ မလှုပ်တော့ပေ။ ဘယ်လောက်ကြာကြာ အိပ်မလဲဆိုတာ မသိတော့ လျူယောင် လုပ်နိုင်တာက လိပ်ကြီး နိုးလာဖို့ကို စောင့် နေတာပဲ ဖြစ်သည်။

....

ငါးရက် ကြာပြီးနောက်...

လိပ်ကြီးက နောက်ဆုံးတော့ နိုးလာ၏။ ခြေ ထောက်တွေကို သူ သက်သောင့်သက်သာ ဆန့်လိုက်သည်။ သူ့ရဲ့လည်ပင်းရှည်ကြီးကို ဆန့်လိုက်ပြီး ကြီးမားတဲ့ ခေါင်းကို ခါလိုက် သည်။ အမြီးကိုလည်း ခါလိုက်၏။

အမြီးရှည်ကို ဇလုံထက်ကြီးတဲ့ မာကျောတဲ့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားသည်။အဲ့ဒါက သတ္တုအမည်းရောင်လို အရောင်တောက် နေသည်။ လိပ်ကြီး ပေါ့ပေါ့ပါးပါးခါလိုက် တာနဲ့ သစ်ပင်ထူထူ ကြီးကြီးတွေတောင် အလယ်ကနေ ကျိုးပြီး လဲကျသွားသည်။

" ဖလပ် ဖလပ် ဖလပ်.. "

ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှု့ကြောင့် ငှက် အုပ်ကြီးတစ်အုပ်လုံး လန့်ဖျန့်ပြီး ထပျံသွား ကြသည်။

လိပ်ကြီးကိုယ်တိုင်ကတော့ ဒါက ပုံမှန်ပဲလို့ ထင်ရသည်။ တောထဲက ရှုပ်ထွေးနေတဲ့ အရာတွေကို သူ ဂရုမစိုက်တော့ဘဲ တော ထဲကနေ မြန်မြန်တွားသွားပြီး ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။

ပင်လယ်ထဲ ရောက်တော့ လိပ်ကြီး ပိုပြီး သက်သောင့်သက်သာဖြစ်သွားသည်။သူ့ရဲ့ ခြေထောက်တွေကို လွှဲပြီး အရှိန်ပြင်းပြင်းနဲ့ ကူးခတ်တော့သည်။

ပျော်ရွှင်မှု့က အတိုင်းအဆမရှိ ဖြစ်နေသည်။

လိပ်ကြီးက သူအခု အလွန်ဗိုက်ဆာနေတာ လို့ ခံစားရပြီး တစ်နပ်တည်းနဲ့ ရေဘဝဲတစ် ကောင်လုံးကို စားနိုင်မယ်လို့ ခံစားနေရ သည်။ မိုင်ရာပေါင်းများစွာဝေးတဲ့ ရေနက် မြောင်းကြီးဆီကို ကူးခတ်သွားပြီး ဧရာမ ရေဘဝဲကြီးတစ်ကောင်ကို ဖမ်းကာ ဗိုက် ဖြည့်ဖို့ပဲ ဖြစ်သည်။

လိပ်ကြီးက မြန်မြန်ကူးခတ်နေရင်း လျူ ယောင်ကို အစီရင်ခံလိုက်သည်။

"သခင်ရေ ကျွန်တော် နိုးလာပြီ.. အခု အရမ်း ဗိုက်ဆာနေတယ်.."

စိတ်ထဲကနေ လိပ်ကြီးရဲ့ အသံကို ကြားရ တော့ လျူယောင် အလွန်ပျော်ရွှင်သွား သည်။

" အာ နိုးလာပြီပဲ ဒီထက်ပိုကောင်းတဲ့ သ တင်းရှိသေးလား.. "

ရက်အနည်းငယ်ကြာရင် လိပ်ကြီး နိုးလာ ဖို့ကို လျူယောင် မျှော်လင့်ထားသည်။

ငါးရက်အပြည့်ကြာပြီးမှ နောက်ဆုံးတော့ ဒီကောင်ကြီးက နိုးလာခဲ့သည်။

"ငါ့ကောင်ကြီး အရမ်းကောင်းတာပဲ.. နောက် ဆုံးတော့ မင်းနိုးလာပြီပဲ.. "

"သခင်ရ.. ကျွန်တော် ဆင့်ကဲပြောင်းလဲမှု့ တစ်ခု လုပ်နိုင်ခဲ့တယ်လို့ ခံစားရတယ်.. ဒီခံစားချက်က အရမ်းမိုက်တာပဲ.."

'အင်း ဒါက ဆင့်ကဲပြောင်းလဲမှု့ပဲ ဖြစ်ရမယ်'

အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် မြန်မြန်ဖွင့်ပြီး လိပ်ကြီးရဲ့ အခြေအနေကို စစ်ဆေးလိုက်သည်။

နာမည် - မျိုးပြောင်းလိပ်ကြီး

စွမ်းအား - ၆၀,၁၀၁

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၆၀,၀၃၂

သွက်လက်မှု - ၆၀,၀၁၁

အလေးချိန် - ၁,၀၀၀ တန်

အမြန်နှုန်း - ၃၅၂ နူန်း

ကျွမ်းကျင်မှုများ - လိပ်ခွံ (အဆင့် ၄)၊ လိပ် အသက်ရှူခြင်း (အဆင့် ၄)၊ စူပါအမြင်အာရုံ (အဆင့် ၃)၊ စူပါအာရုံခံစားမှု (အဆင့် ၃)၊ အမြန်ကူးခတ်ခြင်း (အဆင့် ၂)

'တကယ် ဆင့်ကဲပြောင်းလဲသွားတာဟ "

ကျွမ်းကျင်မှုအသစ်တွေ မရှိပေမဲ့ ကျွမ်း ကျင်မှု့အားလုံးက အဆင့်တစ်ခုစီ တိုးတက် လာသည်။ ဒါ့အပြင် စွမ်းအား၊ ခန္ဓာကိုယ်ကြံ့ ခိုင်မှုနဲ့ သွက်လက်မှုတို့ရဲ့ စွမ်းရည်သုံးခု စ လုံးက ၆ သောင်းအမှတ်ကို ကျော်လွန် သွား သည်။

တန် ၁,၀၀၀ အကျပ်အတည်းကို လိပ်ကြီး ကျော်လွှားနိုင်ပြီဆိုတော့ ဆက်လက် ကြီး ထွားနိုင်ပြီး ပိုတောင် အစွမ်းထက်လာ တော့ မည်။ဒီလိုဆို ပို ပြီးနက်တဲ့ ပင်လယ်အနက် ပိုင်းကို လိပ်ကြီး ဆင်းနိုင်ပြီပဲ ဖြစ်၏။

"ဟင် ဘာလဲဟ.."

မကြာခင်မှာပဲ လျူယောင် အံ့ဩပျော်ရွှင် သွားရသည်။ ဘာလို့လဲဆိုတော့ အိမ်မွေးတိ ရိစ္ဆာန်ချပ်ပြားပေါ်တွင် ပြောင်းလဲမှု့ အနည်း ငယ် ကို သတိထားမိသွားသည်။

ဥပမာ ကမ္ဘာ့မြေပုံတစ်ခု ပေါ်လာခဲ့ပြီး အဲ့ဒီ ပေါ်မှာ အလင်းအစက်လေး နှစ်စက် ရှိနေ သည်။ အဲဒါတွေက လျူယောင်ကိုယ်တိုင်နဲ့ လိပ်ကြီးရဲ့ လက်ရှိတည်နေရာပဲ ဖြစ်သည်။

အလင်းအစက်တစ်ခုစီမှာ တိကျတဲ့ လတ္တီ ကျုနဲ့ လောင်ဂျီကျုပါရှိပြီး အရမ်းတိ ကျလှ သည်။

"ဝိူးး ဒါက တကယ်မိုက်တာပဲ ဟ.."

ဒီအပြောင်းအလဲအပြင် စွမ်းရည်မှတ်တွေ ရှင်းပြထားတာကိုလည်း သတိထားမိသည်။ စွမ်းရည်အမှတ်ကို ခွဲဝေပေးပြီးနောက်ပေးခံ ရတဲ့သူဟာ လျူယောင်ကို သစ္စာရှိလာကြ ပြီး အမှတ် ၁၀၀ နဲ့အထက်ရှိတဲ့ စွမ်းရည် မှတ်ရတဲ့သူဟာ သူ့အပေါ် နှိုင်းယှဉ်မရ အောင် သစ္စာရှိလာမှာပဲ ဖြစ်သည်။သူတို့ သစ္စာဖောက်မှာကို စိုးရိမ်စရာ မလိုတော့ပေ။

'ဒီစွမ်းရည်က အံ့မခန်းပဲ..'

ဆိုလိုတာကတော့ လက်အောက်ငယ်သား တွေ အများကြီးကို သူ ထပ် ထားလို့ ရသ ည်။သူတို့အားလုံးက အစွမ်းထက်ပြီး အလွန် သစ္စာရှိတဲ့သူတွေ ဖြစ်လာပေလိမ့်မည်။

'ဟား ဟား..ဒီလိုပဲ ဖြစ်ရမယ်.. '

နောက်ဆုံးတော့ လျူယောင် နားလည်သွား ၏။ ချန်းဟူ၊ကျိန့်ကန်းနဲ့ ဟီချန်း တို့ကို စွမ်း ရည်မှတ်တွေ ခွဲပေးပြီးနောက် ပိုသစ္စာ ရှိလာ ပုံရသည်။ ဝံပုလွေကြေးစားအဖွဲ့ထဲက လူ တိုင်းကိုလည်း သူ စွမ်းရည်မှတ်တွေ ခွဲ ပေးပြီးနောက် အကုန်လုံး အတူတူပဲ အလွန် သစ္စာရှိလာကြသည်။

ဝံပုလွေကြေးစားအဖွဲ့မှ လူတိုင်းက သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တော့ ပေ။

သူက ဝံပုလွေကြေးစားအများစုကို တစ် ယောက် အမှတ် ၁၀၀ စီ စွမ်းရည်မှတ်ပေး ခဲ့ပြီး အနည်းငယ်ကိုတော့ တစ်ယောက် အမှတ် ၂၀၀ စွမ်းရည်မှတ် ပေးထားတယ် လို့တောင် တွေးလိုက်မိသည်။ သူတို့ဟာ အခုဆို စူပါမန်းလေးတွေနဲ့ နှိုင်းယှဉ်နိုင်ပေ သည်။

"သူတို့ကို အမှတ်ပိုပေးရင် ကောင်းမလား .."

"ဥပမာ ငါ ..ပုံမှန်အဖွဲ့ဝင်တွေကို တစ် ယောက်စီ အမှတ် ၃၀၀ ပေးပြီး အဖွဲ့ ခေါင်း ဆောင်ကို အမှတ် ၅၀၀ ပေးကာ ပိုပြီးအစွမ်း ထက်အောင် လုပ်ရမလား "

"အလွန်သစ္စာရှိမယ်.."

"သစ္စာမဖောက်ဘူး.."

'ဟား ဟား ဒီလျှို့ဝှက်ဂုဏ်သတ္တိကို ငါ ကြိုက်တယ် '

အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကိုကြည့်ပြီးနောက် ရုံးခန်းထဲမှာ လျူယောင် တစ်ယောက် တည်း ရယ်နေမိသည်။ လိပ်ကြီး အကျပ် အတည်းကို ကျော်လွှားနိုင်တာက သူ့ကို အံ့ဩစရာတွေ အများကြီး ယူဆောင်ပေး ခဲ့သည်။

.....

M နိုင်ငံရှိ သံနက်ကုမ္ပဏီ...

ဒါက ထိပ်တန်းသတ္တုကုမ္ပဏီဖြစ်ပြီး M နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းများစွာ အတွက် သတ္တုပစ္စည်း သွင်းပို့တဲ့ ကုမ္ပဏီ လည်းဖြစ်၏။

သူတို့ရဲ့ အမျိုးမျိုးသော သတ္တု ပစ္စည်းတွေ ကို ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေ၊ ပဉ္စမ မျိုးဆက်အင်ဂျင်တွေ၊ စစ်သင်္ဘောတွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ၊ တင့်ကား တွေနဲ့ တခြားလက်နက်ပစ္စည်းတွေမှာ သုံး ခဲ့သည်။

ဒီကုမ္ပဏီက ခိုင်မာတဲ့စစ်ဘက်ဆိုင်ရာ ကျော ထောက်နောက်ခံရှိပေသည်။

ဒါက အစိုးရရဲ့ ခိုင်မာတဲ့နောက်ခံလည်း ပါ ဝင်နေသည်။

အဆင့်မြင့်အစည်းအဝေးခန်းတစ်ခုတွင် သံ နက်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ရှာမန်က အစည်းအ ဝေးကို ကိုယ်တိုင်ဦးဆောင် ကျင်းပခဲ့သည်။ ကုမ္ပဏီရဲ့ အဆင့်မြင့်အမှု့ဆောင်အရာရှိအ ားလုံးနီးပါးက ဒီအစည်းအဝေးခန်းထဲမှာ ရှိနေကြသည်။

အစည်းအဝေးရဲ့ အကြောင်းအရာက အလွန် အရေးကြီးလှသည်။

အစည်းအဝေးခန်းထဲမှ မျက်နှာပြင်ကြီး ပေါ် တွင် Universal ကုမ္ပဏီရဲ့ အချက်အလက် တွေကို ပြသထားပြီး အားလုံးကို အင်္ဂလိပ် ဘာသာနဲ့ပဲ ဖြစ် သည်။ ဓာတ်ပုံတွေနဲ့ စာ သားတွေလည်း ပါဝင်ပြီး အတော်လေး အ သေးစိတ်ကျပေသည်။

All Chapters