← Chapters

  မနာလိုခြင်း

Vol. 28 Ch. 377

  မနာလိုခြင်း

Vol. 28 Ch. 377

အစည်းအဝေးခန်းထဲမှာတော့ အလွန်တိတ် ဆိတ်လျက်ရှိသည်။

လူတိုင်းက သေသေချာချာ နားထောင် နေ ကြသည်။ လူအနည်းငယ်ကသာ ဒီနေ့အ ထူးအစည်းအဝေးက အပေါ်ယံကြည့်ရသ လောက် မရိုးရှင်းဘဲ အလွန်အရေးကြီးတဲ့ ကိစ္စတွေ ပါဝင်နေတယ်ဆိုတာကို သိကြ သည်။

Universal ကို မိတ်ဆက်တာက အစပဲရှိ သေးသည်။

အမှန်ပါပဲ နောက်ပိုင်း ပါလာမယ့် အရေးကြီး ကိစ္စတွေကို အဆင့်မြင့်အရာရှိအားလုံး မသိကြဘဲ လူနည်းစုပဲ သိထားကြသည်။

တချို့လူတွေက Universal ကုမ္ပဏီ မိတ် ဆက်တာကို သေချာနားထောင် နေသယော င်ရှိပေမယ့် တကယ်တော့ သူတို့ စိတ်ထဲမှာ တော့ ရှုပ်ထွေးနေကြသည်။

သူတို့က အထူးသတ္တုပစ္စည်းတွေ နဲ့ပတ် သတ်ပြီး အလုပ်လုပ်နေတာဖြစ်လို့ အခု Universal ရဲ့ အချက်အလက်တွေကို မိတ် ဆက်ပြနေတာက ဘာဖြစ်နေတာလဲ သူတို့ မသိခဲ့ပေ။

မိတ်ဆက်တာကို နားထောင်ပြီးနောက် အဆင့်မြင့်အမှု့ဆောင်အရာရှိတစ်ဦးက မနေနိုင်တော့ဘဲ ထ မေးလိုက်သည်။

"ဥက္ကဋ္ဌကြီး..ကျွန်တော်တို့ကို Universal ရဲ့အချက်အလက်တွေ မိတ်ဆက်ပေးတာ ဘာကိစ္စရှိလို့ပါသလဲ.."

ဒါက လုံးဝမသက်ဆိုင်တဲ့ ကိစ္စပင်။သံနက် ကုမ္ပဏီနဲ့ Universal က လုံးဝပတ်သက်စရာ အကြောင်းမရှိပေ။

အဆင့်မြင့်အရာရှိအများအပြားက ရှာမန်ကို စိတ် ရှုပ် ထွေးစွာ ကြည့်နေကြသည်။

လူတိုင်းရဲ့အကြည့်အောက်မှာ ရှာမန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"လူကြီးမင်းတို့..ဒီရေကြောင်းပို့ဆောင်ရေးကုမ္ပဏီမှာ အရမ်းကောင်းတဲ့ သတ္တုတစ်မျိုး ရှိတယ်ဆိုတာ ခင်ဗျားတို့ မသိသေးဘူးနဲ့ တူတယ် ယန်နိုင်ငံစစ်တပ်ကတောင် အများ ကြီး ဝယ်ယူထားပြီးပြီ.."

"ဗျာ.."

"အရမ်းကောင်းတဲ့ သတ္တုလား"

သံနက်ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းက အထူး သတ္တုပစ္စည်းတွေ၊ အမျိုးမျိုးသော သတ္တုစ ပ်သံမဏိတွေ၊ အပူချိန်မြင့်မားတဲ့ပစ္စည်းတွေ စတာတွေဖြစ်ပြီး အဲ့ဒါတွေကို အမျိုးမျိုး သော ထိပ်တန်းလက်နက်ပစ္စည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရသည်။

"Universal မှာတကယ်ပဲ အကောင်းစား သတ္တုတစ်မျိုး ရှိနေတာလား .."

"'ဒီသတ္တုက ဘယ်လောက်ကောင်းလဲ...'"

ရှာမန်ကတော့ သေချာပြင်ဆင်ထား၏။ သူ လက်ဝှေ့ယမ်းလိုက်တော့ လက်အောက် ငယ်သားတစ်ယောက်က စူပါသတ္တု အ ကြောင်းကို အတိုချုပ် မိတ်ဆက်ပေးပြီး သတ္တုရဲ့ စွမ်းဆောင်ရည်အချက်အလက် တွေကို လူတိုင်းရဲ့ရှေ့မှာ ပြသလိုက်သည်။

မျက်နှာပြင်ကြီးပေါ်မှာ ရှင်းလင်းစွာ ပေါ်လာ ပေသည်။

မျက်လုံးတစ်စုံစီနဲ့ မျက်နှာပြင်ကြီးကို ကြည့် ရင်း တဖြည်းဖြည်းနဲ့ အစည်းအဝေးခန်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အလွန်တိ တ်ဆိတ်သွားပြီး ချဲ့ကားပြောရရင် မြေပြင် ပေါ် ကျသွားတဲ့ အပ်အသံကိုတောင် ကြား ရလိမ့်မည်။

" ဟူး.. "

အတော်လေးကြာပြီးမှ အသက်ရူသံ ပြင်း ပြင်းတွေ ထွက်ပေါ်လာ၏။ပြီးနောက် အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။

"ကမ္ဘာပေါ်မှာ ဒီလိုသတ္တုပစ္စည်းမျိုး ဘယ်လို လုပ်ရှိနိုင်မှာလဲ..."

"ကျွန်တော့်မျက်လုံးတွေ ဝေဝါးနေတာ လား..ကျွန်တော် အိပ်မက်မက်နေတာလား ဗျာ.."

...

အရင်က တိတ်ဆိတ်နေတဲ့ အစည်းအဝေး ခန်းတွင်ရုတ်တရက် ဆူညံသွားသည်။ လူ တိုင်းရဲ့မျက်နှာတွေက အရမ်းကို စိတ် လှုပ်ရှားနေကြပြီး ကုမ္ပဏီရဲ့ အဆင့်မြင့်အ မှုဆောင်အရာရှိလိုမျိုး ပုံစံ မဟုတ်တော့ပေ။

ယုတ္တိရှိစွာပြောရပါက ကုမ္ပဏီရဲ့ အဆင့်မြင့် အမှု့ဆောင်အရာရှိတစ်ယောက်အနေနဲ့ သူ တို့က အကြီးစားမြင်ကွင်းတွေကို တွေ့ဖူး ကြပြီး စိတ်ခံစားမှု့တည်ငြိမ်ရမှာဖြစ်ပေမဲ့ အခုချိန်မှာတော့ တည်ငြိမ်လို့ မရတော့ပေ။

"တကယ့်ကို တည်ငြိမ်လို့မရဘူးဗျာ.."

သူတို့ရှေ့က သတ္တုဟာ အရမ်းအံ့ဩစရာ ကောင်းလွန်းနေသည်။

သူတို့က သတ္တုပစ္စည်းတွေနဲ့ အလုပ်လုပ်တဲ့ လူတွေဖြစ်လို့ ဒီသတ္တုရဲ့ အဓိပ္ပာယ်ကို ပိုပြီး သိကြသည်။ ဒါကြောင့် သူတို့စိတ်ထဲမှာ အေးဆေးတည်ငြိမ်နေရင်တော့ ထူးဆန်း နေပေလိမ့်မည်။

နှစ်မိနစ်၊ သုံးမိနစ်လောက် ကြာပြီးမှ အစည်း အဝေးခန်းထဲမှ အခြေအနေ ပိုကောင်းလာ သည်။ အော်ဟစ်သံတွေ လျော့နည်းလာပြီး သူတို့အားလုံး တဖြည်းဖြည်း မနာလိုဖြစ် လာကြသည်။

"မနာလိုဖြစ်တာပဲကွာ.."

"အရမ်းမနာလိုဖြစ်တာပဲ.."

"သေလောက်အောင် မနာလိုဖြစ်လိုက်တာ.."

"ရေကြောင်းပို့ဆောင်ရေးအဖွဲ့တစ်ခုက ဒီလို ကောင်းမွန်တဲ့ သတ္တုမျိုးကို ဘယ်လို လုပ် သုံးနိုင်ရတာလဲ..ဒီသတ္တုက ကျွန်တော်တို့ ကုမ္ပဏီပိုင်ဖြစ်ရမှာလေ...”

"ဒီလိုသတ္တုပစ္စည်းမျိုးကို ကျွန်တော်တို့ ရအောင်ယူရမယ်.."

"ဥက္ကဋ္ဌကြီး..ဒီသတ္တုအတွက် ကျွန်တော်က တော့ ဘာမဆို လုပ်ဖို့အကြံပြုပါတယ်..."

...

ရှာမန်က လူတိုင်းရဲ့ တုံ့ပြန်မှု့တွေကို ကြည့် ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"လူကြီးမင်းတို့ Universal မှာ ဒီလိုကောင်း မွန်တဲ့ သတ္တုတွေရှိနေတာက ကျွန်တော် တို့အပေါ် အကြီးအကျယ် သက်ရောက် မှု ရှိပါတယ်.. ကျွန်တော်တို့ ဘာဆက်လုပ်သင့် လဲဆိုတာ ဆွေး နွေးကြရအောင်”

ရှာမန်လည်း အလွန်မနာလိုဖြစ်နေမိသည်။

Universal မှာ ဒီလိုသတ္တုပစ္စည်းမျိုး ရှိ တယ်ဆိုတာကို စသိကတည်းက သူ အိပ် မက်မက်နေသည်။ ဒီသတ္တုပစ္စည်းမျိုးကိုသာ သံနက်ကုမ္ပဏီပိုင်ဖြစ်ရင် ဘယ်လောက် ကောင်းမလဲလို့ တွေးနေမိသည်။

ရှာမန်ရဲ့ မေးခွန်းကို ရင်ဆိုင်ရတော့ အဆင့် မြင့်အမှု့ဆောင်အရာရှိတစ်ဦးက အကြံပေး လိုက်၏။

"ဥက္ကဋ္ဌကြီး Universal ကို လူလွှတ်ပြီး ဒီ သတ္တုပစ္စည်းရဲ့ သတ္တုကျိုတဲ့နည်းပညာကို ပြန်ဝယ်လို့ရမလားဆိုတာ အကြံပြုပါ တယ်...”

ဒီအဆိုပြုချက်က ချက်ချင်း ကန့်ကွက်ခံရ သည်။

တစ်ယောက်က ချက်ချင်းထပြောလိုက်၏။

"ဒီဖြစ်နိုင်ခြေက မရှိနိုင်ဘူး.သူတို့က နည်း ပညာလွှဲပြောင်းဖို့ကို လုံးဝသဘောတူမှာ မဟုတ်ဘူး..”

"ဒါဆို ဘာလုပ်သင့်သလဲ.."

တစ်ယောက်က အကြံ ဝင်ပေးလိုက်သည်။

"ကျွန်တော်တို့ ဒီသတ္တုကို နည်းနည်းပြန်ဝယ် ပြီး သုတေသနလုပ်ငန်းကို လုပ်ဆောင်ကြည့် ရင်တော့.. ဒီသတ္တုရဲ့ သတ္တုကျိုနည်းပညာနဲ့ ထုတ်လုပ်မှု့နည်းပညာကို ဖော်ထုတ်နိုင်မယ် လို့ ထင်ပါတယ်”

သူတို့အားလုံး ဒီအစည်းအဝေးကို အချိန် အကြာကြီး လုပ်ခဲ့ကြပြီး နောက်ဆုံးမှာ ဆုံး ဖြတ်ချက်ချလိုက်ကြသည်။ အစီအစဉ်နှစ်ခု ကို လက်ခံ သဘောတူကြ၏။ တစ်ခုက တော့ ဒီသတ္တုကို အတတ်နိုင်ဆုံး ရအောင် ယူဖို့ ကြိုးစားပြီး နောက်တစ်ခုမှာတော့ ဒီသတ္တုရဲ့ ရင်းမြစ်ကို Universal ကနေ လျှို့ဝှက်စုံစမ်းဖို့ပဲ ဖြစ်သည်။

......

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...

ခုနစ်ရက်၊ ရှစ်ရက်ကြာ ခရီးဆန့်ပြီးနောက် ဘလူးဝေလ်းအပါအဝင် သင်္ဘောသုံးစီးမှာ ရေတိမ်ပိုင်းနေရာကို ရောက်လာပြီး ပင် လယ်ရေအောက်မှာ ထားထားတဲ့ မီးခိုးနက် ရောင် သတ္တုတွေကို အပင်ပန်းမခံရဘဲ တွေ့ လိုက်ရသည်။

ကပ္ပတိန်ရမ်ဇီကွမ်းကလည်း ဒီလုပ်ငန်းကို ကျွမ်းကျင်ပေသည်။

အရင်က အတွေ့အကြုံရှိထားပြီးသားဖြစ်လို့ ဆယ်ယူရေးအလုပ်က အရမ်းချောမွေ့ ပေ သည်။ နှစ်ရက်လောက်အတွင်းမှာ စုစုပေါင်း သတ္တုတန် ၁ သိန်း ၂ သောင်းလောက်ကို ဆယ်ယူပြီးပြီပဲ ဖြစ် သည်။

ကုန်တင်သင်္ဘောကြီးနှစ်စီးပေါ်ရှိ တစ်စီးစီကို သတ္တုတန် ၅ သောင်း ၆ သောင်းလောက် သယ် ဆောင်ပြီး ဒီပင်လယ်ရေပြင်ကနေ ဟွာဟိုင်းမြို့ကို ပြန်သွားခဲ့သည်။ ဘလူး ဝေးလ်သင်္ဘောလည်း ထွက်ခွာလာခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်...

ဘလူးဝေးလ်သင်္ဘောကတော့ ပြန်လမ်းမှာ ရှိနေဆဲဖြစ်ပြီး ဟွာဟိုင်းမြို့ကို ရောက်ဖို့ နှစ်ရက်၊ သုံးရက်လောက်လိုနေသေးသည်။ ဒီအချိန်မှာတော့ ရှင်းဖိန်အထူးသံမဏိ သတ္တုကျိုစက်ရုံကို နိုင်ငံခြားသားအချို့ ရောက်လာကြသည်။

ခေါင်းဆောင်ကတော့ သံနက်ကုမ္ပဏီရဲ့ ထိပ်တန်းအမှု့ဆောင်အရာရှိတစ်ဦးဖြစ်တဲ့ ဇာဗီယားလို့ခေါ်တဲ့ လူလတ်ပိုင်းပိုင်းအရွယ် နိုင်ငံခြားသားပဲဖြစ်သည်။

ဇာဗီးယား ကားပေါ်က ဆင်းပြီးနောက် စက် ရုံရဲ့ဂိတ်ပေါက်ကို ကြည့်ပြီး လက်ဝှေ့ယမ်း ပြလိုက်သည်။

"ဒီနေရာဖြစ်ရမယ် ငါတို့.. ဝင်ကြစို့."

ဒီတစ်ခါတော့ သူတို့ ရုတ်တရက် ရောက်လာ ခြင်းပဲ ဖြစ်သည်။

အရင်ကြိုပြီး ဖုန်းလည်းမဆက်၊ စာလည်း မ ပို့ထားပေ။ ဒါမျိုးလုပ်ရင် ငြင်းပယ်ခံရမယ် ဆိုတာ သူတို့ သိနေပုံရသည်။ဒါကြောင့် ဖိတ်ကြားခြင်းမရှိဘဲ ရောက်လာကြခြင်း ဖြစ်၏။

အမှန်ပါပဲ ဂိတ်က လုံခြုံရေးတွေက သူတို့ကို တားဆီးလိုက်သည်။ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ ရည်ရွယ်ချက်ကို မေးပြီးနောက် လုံခြုံရေးကြီးကြပ်ရေးမှူးက လျစ်လျူမရှုရဲဘဲ အလျင်အမြန် အထက်ကို သတင်းပို့လိုက်သည်။

မကြာခင်မှာပဲ ဒီကိစ္စကို ရှင်းဖေးဝမ် သိသွား ၏။ သူက ဇာဗီယားနဲ့ တခြားသူတွေကို မောင်းထုတ်မယ့်အစား ဧည့်ခံခန်းမှာ ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။

နှစ်ဖက်စလုံး ထိုင်ပြီး စကားပြောလိုက် ကြသည်။

ဒီလူတွေက ဒီနေရာကို စူပါသတ္တုအတွက် လာတာကို ရှင်းဖေးဝမ် သိလိုက်ရပြီး ဒီ လူတွေက သတ္တုကို နည်းနည်းဝယ်ချင်ရုံ မက ဒီသတ္တုရဲ့ နည်းပညာလွှဲပြောင်းမှု့အ ကြောင်းပါ ပြောပြခိုင်းနေသည်။ ရှင်းဖေး ဝမ်က ဒါကို ကိုယ်တိုင် မဆုံးဖြတ်ရဲပဲ လျူ ယောင်ဆီ ချက်ချင်း သတင်းပို့လိုက်သည်။

ဖုန်းထဲမှ ရှင်းဖေးဝမ်ရဲ့ အစီရင်ခံစာကို နား ထောင်ပြီးနောက် ခဏလောက် စဉ်းစားပြီးမှ လျူယောင် အမိန့်ပေးလိုက်သည်။

"သူတို့က ငါတို့ရဲ့ စူပါသတ္တုတွေကို ဝယ်ချင် တယ်ဆိုရင် ဟုတ်ပြီလေ တစ်တန်ကို အမေ ရိကန်ဒေါ်လာ သန်း ၂၀ နဲ့ အများဆုံး ပမာ ဏက ၁ တန်ပဲ ရောင်းလိုက်.. နည်းပညာ လွှဲ ပြောင်းမှု့နဲ့ပတ်သက်ရင်တော့ မဖြစ်နိုင် ကြောင်း သူတို့ကို ရှင်းရှင်းလင်းလင်း ပြော လိုက်ပါ..."

ပထမဆုံးအသုတ် တန်ချိန် ၅၀,၀၀၀ စူပါ သတ္တုတွေကို စစ်တပ်အတွက်ပဲ လျူ ယောင် သီးသန့်ပေးသွင်းခဲ့သည်။သူ့အတွက် အထူးအခွင့်အရေးအနည်းငယ်လည်း ရခဲ့ သည်။ စုစုပေါင်း တန် ၁၀၀ ကို လွတ်လပ်စွာ တင်ပို့ခွင့်ယာယီ ရရှိပေသည်။

ဆိုလိုတာက လျူယောင်ဟာ စုစုပေါင်း စူပါ သတ္တု တန် ၁၀၀ ကို တင်ပို့နိုင်သည်။ စုစု ပေါင်းတင်ပို့မှု့က တန် ၁၀၀ ကျော်လွန်သွား ရင် အထက်အရာရှိတွေရဲ့ ညွှန်ကြားချက်ကို တောင်းခံရပြီး ခွင့်ပြု ချက်ရမှသာ ဆက်ပြီး တင်ပို့ရမှာပဲ ဖြစ်သည်။

နည်းပညာပေါက်ကြားမှု့နဲ့ပတ်သက်လို့ကတော့ မရှိနိုင်ပေ။

ဒါက ဂြိုလ်သားနည်းပညာရဲ့ ထွက်ကုန်ပဲ ဖြစ်သည်။ နိုင်ငံခြားသားတွေကို နမူနာ ပေး လိုက်လို့ သူတို့ လေ့လာရင်တောင် ဒီနည်းပ ညာကို သူတို့ မရနိုင်ပေ။ အချို့ ဓာတ်ပ စ္စည်းတွေက သတ်မှတ်ထားတဲ့ ဒြပ်စင်အလှ ည့်ကျဇယားမှာ မရှိလို့ပဲ ဖြစ်သည်။

"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက လူ တွေကို ကွန်ပျူတာ တစ်လုံးပေးလိုက်သ လိုမျိုးပဲ..သူတို့ ဒီကွန်ပျူတာကို အတုခိုးပြီး လုပ်နိုင်ပါ့မလား "

ဒါကြောင့် နည်းပညာပေါက်ကြားမှု့အတွက် လုံးဝစိတ်ပူစရာမလိုအပ်ပေ..သတ္တုတွေကို ဘယ်နိုင်ငံတွေ၊ ဘယ်ကုမ္ပဏီတွေကို ရောင်း ချမလဲဆိုတာကတော့ အထက်ကလူကြီး တွေက သူ့ကို အလွန်ယုံကြည်ကြပြီး လျူ ယောင် ချင့်ချိန်ပြီး လုပ်လိမ့်မည်ဆိုတာ သိကြသည်။

လျူယောင်ရဲ့ ညွှန်ကြားချက်ကို နားထောင် ပြီးနောက် ရှင်းဖေးဝမ် ပိုပြီး ဆုံးဖြတ်ချက် ချရဲသွားသည်။

တစ်ချိန်တည်းမှာပဲ စိတ်ထဲကနေ လေးစား မိသည်။

"သူဋေး ပီသလိုက်တာ.."

တကယ်ကို ရဲရင့်လှသည်။ တစ်တန်ကို အ မေရိကန်ဒေါ်လာ သန်း ၂၀ ဆိုတဲ့ မိုးပျံဈေးနဲ့ ရောင်းချဖို့ အလွန်ရဲရင့်လှသည်။

"သူဋေးက အရမ်းမိုက်တာပဲကွာ.. "

All Chapters