အံ့သြဖွယ်ရာ တွေ့ရှိမူ့
Vol. 28 Ch. 378
ရှင်းဖေးဝမ်က အတိုင်းအတာတစ်ခုတော့ ရှိသည်။
အစည်းအဝေးခန်းထဲကို သူ ပြန်ဝင်လာပြီး ဇာဗီယားအဖွဲ့နဲ့ စကားပြောလိုက်သည်။
"လူကြီးမင်းတို့က ကျွန်တော်တို့ရဲ့ စူပါသတ္တု ကို ဝယ်ယူတာ ပြဿနာမရှိပါဘူး.."
"ဘာ.."
"ဒီသတ္တုကို ဝယ်လို့ရတယ်ပေါ့.."
ဇာဗီယားနဲ့ တခြားသူတွေကတော့ အတော် လေး ဝမ်းသာသွားကြပြီး ချက်ချင်းပြော လိုက်သည်။
"ကောင်းလိုက်တာ ခင်ဗျားတို့ရဲ့ စူပါသတ္တု က တစ်တန်ကို ဘယ်လောက်လဲ.."
ရှင်းဖေးဝမ် လက်ညှိုးနှစ်ချောင်း ထောင်ပြ ကာ ပြောလိုက်၏။
"ဈေးက မကြီးပါဘူး တစ်တန်ကို အမေရိ ကန်ဒေါ်လာ သန်း ၂၀ ပဲ..."
ဘေးနားမှ ဘာသာပြန်တာကို နားထောင် ပြီး နောက် ဇာဗီယားက အံ့ဩကာ ထခုန်လုနီး ပါးပင်။သူ့ရဲ့ တုံ့ပြန်မှု့က အရမ်းကြီးမားလှ သည်။
'မင်းနှမ ဈေးမကြီးဘူး ..ဟုတ်လား'...
သံနက်ကုမ္ပဏီက အကောင်းဆုံးသတ္တု ပစ္စည်းတွေတောင် ဒီဈေးနဲ့ ရောင်းဖို့မရဲဘူး ဒီလူက တကယ်ပဲ အမေရိကန်ဒေါ်လာ သန်း ၂၀ တောင်းရဲသည်။
ဇာဗီယား ခေါင်းခါကာ ပြောလိုက်၏။
"ဈေးက အရမ်းများတယ်..ကျွန်တော်တို့ သိရသလောက် ခင်ဗျားတို့က ယန်နိုင်ငံစစ် တပ်ကို ယွမ် ၂ သန်းနဲ့ပဲ ရောင်းတာမို့လား ဒါကိုလည်း ယန်နိုင်ငံငွေကြေးနဲ့ မရောင်းဘူး လား .."
ရှင်းဖေးဝမ် အရမ်းကို ဂုဏ်ယူစွာ ပြုံးလိုက် သည်။
ဒီအဓိပ္ပာယ်ကတော့ ထင်ရှားနေသည်။ အဲ့ဒါ က ငါတို့ရဲ့ ကိုယ်ပိုင်စစ်တပ်ပဲ၊ မင်းတို့နဲ့ ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲလို့ ဆိုလို သည်။
တစ်တန်ကို အမေရိကန်ဒေါ်လာ သန်း ၂၀ ဈေးက ဇာဗီယားနဲ့ တခြားသူတွေရဲ့ မျှော် မှန်းချက်ထက် အများကြီး ကျော်လွန် သွား သည်။ သူတို့က တကယ်ပဲ တန်အနည်းငယ် ဝယ်ချင်ပေမယ့် အရမ်းဈေးများနေသည်။
သူတို့က အရမ်းဈေးများတယ်လို့ ထင်ပြီး မဝယ်ချင်ကြပဲ။ ရှင်းဖေးဝမ်ကလည်း ရောင်းချင်သေးတာ မဟုတ်ပေ။
မကြာခင်မှာပဲ နှစ်ဖက်လုံးက တခြားကိစ္စ တွေကို ဆွေးနွေး လိုက်ကြသည်။ ဥပမာ ဇာဗီယားက စက်ရုံဝန်းထဲကို လှည့်ပတ် ကြည့်ရှုဖို့ အဆိုပြုသည်။
ခဏလောက် စဉ်းစားပြီးနောက် ရှင်းဖေးဝမ် ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ဒါ ပေမဲ့ စည်းကမ်းတစ်ခုတော့ ရှိသည်။ စက်ရုံ ဝန်းကိုသာ ကြည့်ရှုခွင့်ရှိပြီး ထုတ်လုပ်ရေး အလုပ်ရုံထဲကို ဝင်လို့မရပဲ ဓာတ်ပုံလည်း ရိုက်လို့မရဘူး လို့ မှာလိုက်သည်။
ဇာဗီယားလည်း သဘောတူ၏။ ဒါကြောင့် နှစ်ဖက်လုံး ဧည့်ခံခန်းကနေ အတူတူထွက် လာပြီး ရှင်းဖေးဝမ်ရဲ့ ဦးဆောင်မှု့အောက်မှာ သူတို့ စက်ရုံဝန်းထဲကို လှည့်လည်ကြည့်ရှု ကြသည်။
လှည့်ပတ်ကြည့်ရှုပြီးနောက် မသိစိတ်နဲ့ ကုန် ကြမ်းထားတဲ့နေရာကို ရောက်လာသည်။ ဒီနေရာက ပွင့်လင်းပြီး တန်ချိန် သောင်းချီ ရှိတဲ့ မီးခိုးနက်ရောင် သတ္တုတွေ စုပုံနေ သည်။ ရိုးရိုးရှင်းရှင်းပြောရရင် အာကာသ ယာဉ်ပျက်ကြီးကနေ ပြုတ်ကျလာတဲ့ အမျိုး မျိုးသော အရွယ်အစားရှိတဲ့ သတ္တုအပိုင်းအ စတွေပဲ ဖြစ်သည်။
ဒီသတ္တုအပိုင်းအစတွေ ဒီမှာ စုပုံနေတာကို မြင်တော့ ဇာဗီယားက ခြေလှမ်းရပ်လိုက်ပြီး အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်သည်။
ဒီအချိန်မှာ သူ နားလည်သွား၏။ ရှင်းဖိန်သံ မဏိစက်ရုံမှာရှိတဲ့ စူပါသတ္တုတွေကို မူလက ဒီလိုနည်းနဲ့ ရရှိခဲ့တာပဲ။ ဒီသတ္တုအပိုင်းအ စတွေကို ကျိုပြီး ပြုပြင်ထုတ်လုပ်လိုက် တာပဲ ဖြစ်ရမည်။
သူက ပင်လယ်သစ်ကြီးကို ရှာဖွေတွေ့ရှိ လိုက်သလိုမျိုး ခံစားလိုက်ရသည်။သူ အလွန် ပျော်ရွှင်သွား၏။
ဇာဗီးယား စိတ်ထဲမှ စိတ်လှုပ်ရှားမှု့တွေကို ထိန်း ချုပ်လိုက်ပြီး စိတ်လှုပ်ရှားလွန်းလို့ သူ့ရဲ့ လက်တွေတောင် နည်းနည်းတုန်နေ သည်။
ရှင်းဖေးဝမ်လည်း တစ်ခုခုကို သတိထားမိ ပုံရသည်။သူက မရပ်တန့်တော့ဘဲ လူတိုင်း ကို အလျင်အမြန် ခေါ်ပြီး ကုန်ကြမ်းထား တဲ့နေရာကို ကျော်ဖြတ်လိုက်သည်။
မကြာခင်မှာပဲ စက်ရုံဝန်းတစ်ခုလုံးကို အခြေ ခံအားဖြင့် လှည့်လည် ကြည့်ရှုပြီးပြီ ပဲဖြစ် သည်။ ဇာဗီယားလည်း ဆက်နေဖို့ ရည်ရွယ် ချက်မရှိတော့ပေ။သူ စောစော ပြန်သွားပြီး ရှာမန်ကို အခုလေးတင် ရှာဖွေတွေ့ရှိလိုက်တဲ့ အရာအသစ်အကြောင်း ပြောပြချင်နေ သည်။
သူတို့အဖွဲ့ထွက်ခွာလာပြီး လေဆိပ်ကို တိုက် ရိုက်သွားလိုက်၏။သူတို့ တတ်နိုင်သမျှ အ မြန်ဆုံး M နိုင်ငံကို ပြန်ရောက်ချင်နေသည်။
...
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်....
နှစ်ရက်၊ သုံးရက်အတွင်း လိပ်ကြီးရဲ့ အ လေးချိန်က ဆယ်တန်နီးပါး တိုးလာသည်။ သူ့ရဲ့လက်ရှိကြီးထွားနှုန်းက တစ်နေ့ကို သုံး၊ လေးတန်လောက်ရှိပြီး အရင်က တစ် နေ့ကို နှစ်တန်၊ သုံးတန်နှုန်းထက် နည်းနည်း ပိုများသည်။
သူရဲ့အဓိက အစာမှာ ဧရာမရေဘဝဲတွေ ဖြစ် ပြီး ကီလိုမီတာထောင်ချီရှည်ကာ ကီလိုမီတာ ဆယ်ဂဏန်းကျော် ကျယ်တဲ့ အမည်မသိ ချောက်ထဲတွင် ဧရာမရေဘဝဲတွေ အများ ကြီးရှိနေပုံရသည်။
ဧရာမရေဘဝဲတွေလို အဓိက အစာအပြင် သူသည် ပင်လယ်မျက်နှာပြင်အောက် မီ တာဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်း အ နက်ကိုပါ သွားပြီး တခြားငါးအချို့ကို အမဲ လိုက်ခဲ့သည်။ ဧရာမငါးမန်းတွေလည်း ပါ ဝင်ပေသည်။
ဒီနေ့ လိပ်ကြီးက အဖြူရောင်ငါးမန်းကြီး အချို့ကို ဖမ်းမိလိုက်သည်။သူ နေပူစာလှုံပြီး နောက် ပင်လယ်အောက်ခြေကို ထပ်သွားပြီး အာကာသယာဉ်ပျက်ကြီးအနီးကို ရောက် လာ၏။
အခု လိပ်ကြီးက အာကာသယာဉ်ပျက်ကြီး ရဲ့ ခေါင်းပိုင်းမှာရှိနေပြီး အာကာသယာဉ်ရဲ့ ခေါင်းပိုင်းကို ဖုံးလွှမ်းထားတဲ့ မြေကြီးတွေ ကို ဆက်လက် ရှင်းလင်းနေသည်။
အာကာသယာဉ်မောင်းခန်းရဲ့ မှန်က အပြည့် အဝနီးပါး ပေါ်လာ၏။တကယ်လို့သာ မှန် ကနေ အလင်းရောင်တစ်ခုခု ဖြာကျလာရင် လေယာဉ်မောင်းခန်းထဲမှ အခြေအနေများ ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဟု လိပ် ကြီး ခန့်မှန်းရသည်။
မြေကြီးတွေကို နှစ်နာရီ၊ သုံးနာရီလောက် ရှင်းလင်းပြီးနောက် လိပ်ကြီး အနားယူပြီး ဖြည်းဖြည်းချင်း ကူးခတ်လိုက်သည်။
အာကာသယာဉ်ပျက်ကြီးရဲ့ ခေါင်းပိုင်းကနေ အမြီးပိုင်းအထိ သူ ကူးခတ်လာသည်။ အာ ကာသယာဉ်ပျက်ကြီးရဲ့အလျားက ကီလိုမီ တာ ၁၀၀ ကျော်ရှည်တာကြောင့် လိပ်ကြီးရဲ့ အရှိန်က နှေးကွေးနေသည်။ အာကာသယာ ဉ်ပျက်ကြီးရဲ့ အမြီးနားကို ရောက်ဖို့ မိနစ်သုံး ဆယ် လေးဆယ်လောက် ကြာသွားသည်။
ရုတ်တရက် လိပ်ကြီး ရပ်တန့်သွား၏။
အာကာသယာဉ်ပျက်ကြီးရဲ့ အမြီးပိုင်းနဲ့ မ လှမ်းမကမ်းမှာ အနည်းငယ်ထူးခြားတဲ့ နေ ရာတစ်ခုရှိနေတယ်ဆိုတာ သူ တွေ့လိုက် ရသည်။
ဒီနေရာက ပျက်စီးနေပုံရပြီး ပြိုကျနေတဲ့ ခံစားချက်ကို ပေးနေသည်။ ဒါပေမဲ့ ဒီအပိုင်း ကို မြေကြီးထူထူတွေနဲ့ ဖုံးအုပ်ထားပြီး ပိုမို ရှင်းလင်းစွာသိဖို့ အတွက် တူးထုတ်ဖို့တော့ လိုအပ်သည်။
တခြားဘာမှမလုပ်ဘဲ လိပ်ကြီး ဒီအလုပ်ကို ဆက်လုပ်လိုက်၏။
လိပ်ကြီးရဲ့ကြီးမားတဲ့ လက်သည်းချွန်တွေ က အကောင်းဆုံးတူးဖော် ရေးကိရိယာတွေ လိုပဲ လက်သည်းတစ်ချက်နဲ့ မြေကြီးတန် အနည်းငယ်ကို တူးလိုက်သည်။ တခါတလေ နည်းနည်းအားထည့်လိုက်ရင် တန်ဆယ် ဂဏန်း၊ တန်ရာဂဏန်းရှိတဲ့ မြေကြီးတွေကို တောင် တူးလိုက်သည်။
သူက ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးတူးဖော် ရေးသမားဖြစ်ရမည်။ ဘယ်လိုအကြီးစား တူးဖော်ရေးစက်ကြီးမှ လိပ်ကြီးရဲ့ တူးဖော် ရေးစွမ်းဆောင်ရည်ကို ယှဉ်နိုင်မှာမဟုတ် ပေ။
မြေကြီးတွေကို အများကြီး တူးလိုက်တော့ ရွှံ့လွှာအောက်မှာ အရွယ်အစားအမျိုးမျိုး ရှိတဲ့ သတ္တုအပိုင်းအစတွေရှိနေတယ်ဆိုတာ လိပ်ကြီး တွေ့လိုက်သည်။ ဒါတွေအားလုံးက မီးခိုးနက်ရောင် သတ္တုတွေပင်။
အရေအတွက်က အများကြီး ရှိနေ၏။
ဒါက အာကာသယာဉ်ရဲ့ ဒီအပိုင်းက အ ရမ်းကို ပျက်စီးနေတယ်ဆိုတာကို မြင်နိုင် သည်။ သတ္တုအပိုင်းအစပေါင်း တစ်ထောင် ကျော်ရှိပြီး အကြီးအသေး မျိုးစုံ ပါဝင် သည်။အခြေအနေအရဆိုရင် တန်ချိန် သောင်းချီ ဒါမှမဟုတ် တန်ချိန်သိန်းချီ ရှိ လောက်သည်။
လိပ်ကြီးက သူ ပို တူးလေလေ ပိုကြောက် လာလေလေပင်။
"သခင်ရေ မြန်မြန်လာကြည့်ပါအုံး ဒီနေရာ မှာ သတ္တုအပိုင်းအစတွေ အများကြီးရှိနေ တယ် အားလုံးကို မြေလွှာအောက်မှာ မြှုပ် ထားတာ"
လိပ်ကြီးရဲ့ အသံကြားတော့ တတိယအမြင် နဲ့ ဒီနေရာက အခြေအနေကို လျူယောင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ လိပ်ကြီးက တန် ၁,၀၀၀ အကျပ်အတည်းကို ကျော်လွှားပြီးနောက် သူ့ရဲ့ တတိယအမြင်ရဲ့ အချင်းဝက်က မီတာ ၁,၀၀၀ ကနေ ၂,၀၀၀ အထိ တိုးလာသည်။
"ဝိုး ဒီလောက်များတဲ့ သတ္တုအပိုင်းအစ တွေ.."
လျူယောင် အံ့ဩပျော်ရွှင်သွား၏။
ဒီနေရာမှာရှိတဲ့ သတ္တုအပိုင်းအစတွေက အရင်တစ်ခေါက်ထက် အများကြီး ပိုများ နေသည်။
အရင်တစ်ခါ အဲဒီနေရာမှာ အနည်းဆုံး တန် ချိန် ၂ သိန်းကျော်ရှိတဲ့ သတ္တုအပိုင်း အစ တွေကို တွေ့ရပြီး လိပ်ကြီးက တန်ချိန် ၁ သိန်းကျော် ရွှေ့ထားခဲ့သည်။
ဒီနေရာမှာ သတ္တုအပိုင်းအစတွေ ပိုများပြီး ပိုပြီးတောင် ကျေနပ်စရာကောင်းပုံရသည်။
ဒါက အရင်တစ်ခါထက် အဆများစွာ ပိုများ လှသည်။
သတ္တုအပိုင်းအစ ဒါဇင်နဲ့ချီရှိပြီး သတ္တုရဲ့ စုစုပေါင်းအလေးချိန်က တန်ဆယ်ဂဏန်း ဒါမှမဟုတ် တန်တစ်ရာကျော်တောင် ရှိ နိုင်သည်။ ဒါပေမဲ့ ဒီအာကာသယာဉ်ပျက် ကြီးနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်တော့ပေ။
"လခွမ်းပဲ ဒီလောက်များတဲ့ သတ္တုအပိုင်း အစတွေလား..."
"တကယ့်ကို အံ့မခန်းပဲ.."
လျူယောင် ရုတ်တရက် စိတ်အားထက်သန် လာ၏။ အရင်က ဒီနေရာမှာ သတ္တုအပိုင်း အစတွေရှိတယ်လို့ သူ ထင်ခဲ့ပေမယ့် ထပ် ရှိနေမယ်လို့ လုံးဝမထင်ထားပေ။
"သခင်ရေ.. ဒီက သတ္တုအပိုင်းအစတွေ အားလုံးကို တူးဖော်ပြီး အဲဒီရေတိမ်ပိုင်း ပင်လယ်ထဲကို သယ်သွားရမလား.."
လျူယောင် ခဏ စဉ်းစားလိုက်၏။
ဘလူးဝေးလ်သင်္ဘောက ဟွာဟိုင်းမြို့ကို မပြန်ရသေးတာကြောင့် ဆိပ်ကမ်းကို မနက် ဖန်မှ ရောက်လောက်မည်။ ဒါကြောင့် အခု လေးတင် တွေ့တဲ့ သတ္တုအပိုင်းအစအသစ် တွေကို အဲဒီ့ကို သယ်ဖို့ မလိုသေးပေ။
လျူယောင် ဆုံးဖြတ်ချက်လိုက်ချလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ငါ့ကောင်ကြီး.. ဒီသတ္တုအပိုင်းအစတွေကို တူးဖော်ပြီး ဘေးက ပွင့်လင်းတဲ့နေရာကို ရွှေ့လိုက်လို့ရတယ်..ဒါဆို ရေမိုင် ၅၀၀ ကျော်ဝေးတဲ့ ရေတိမ်ပိုင်းကို မင်း.. ယာယီ သယ်စရာမလိုတော့ဘူး "
"အိုကေဘာ သခင် ကျွန်တော်သိပါပြီ”
လိပ်ကြီးက ချက်ခြင်း ပြန်ဖြေလိုက်၏။
နောက်ပိုင်းမှာတော့ သူ့ရဲ့အလုပ်က ဒီနေရာ ကို ဖုံးအုပ်ထားတဲ့ မြေကြီးကို တူးဖော်ပြီး အောက်က သတ္တုအပိုင်းအစတွေကို အနီးအနားမှ မြေပြန့်ကို ရွှေ့ဖို့ပဲ ဖြစ်သည်။
...
ဇာဗီယားတို့အဖွဲ့က M နိုင်ငံကို ပြန်ရောက် လာ၏။ သံနက် ကုမ္ပဏီကို ပြန်ရောက်တာနဲ့ သူ ပထမဆုံးလုပ်တာက ရှာမန်နဲ့ တွေ့ပြီး ရှင်းဖိန်သံမဏိစက်ရုံမှာ တွေ့ရှိလိုက်တဲ့ သတ္တုအကြောင်းကို သူ အစီရင်ခံလိုက် သည်။