← Chapters

   ကိုယ်ပိုင်အဖွဲ့ကို ဖွဲ့စည်းမည်

Vol. 28 Ch. 379

   ကိုယ်ပိုင်အဖွဲ့ကို ဖွဲ့စည်းမည်

Vol. 28 Ch. 379

ဇာဗီးယားက ပိုမို စိတ်လှုပ်ရှားနေဟန် ရ သည်။

“ဥက္ကဌကြီး ကျွန်တော် ပြန်ရောက်လာပါပြီ..”

သူ့ကို ရှာမန် ကြည့်ပြီး မေးလိုက်၏။

“အင်း..စူပါသတ္တုကို ဝယ်လာပြီလား. .စုစု ပေါင်း ဘယ်နှစ်တန် ဝယ်ခဲ့သလဲ...”

ဇာဗီးယား ခေါင်းခါကာ ပြန်ပြောလိုက် သည်။

“ဒီသတ္တုက တအားဈေးကြီးတယ်.. ဟိုဘက် က တစ်တန်ကို အမေရိကန်ဒေါ်လာ သန်း၂၀ ဈေးခေါ်တယ်.. ကျွန်တော် တစ်ကီလိုတောင် မဝယ်ခဲ့ပါဘူး..”

“ဘာ..မဝယ်ခဲ့ဘူး ဟုတ်လား..”

ရှာမန်ရဲ့ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ဆူပူကြိမ်းမောင်းဖို့ ပြင် လိုက်သည်။

ဇာဗီးယားက ချက်ချင်းပဲ အလျင်အမြန် ပြောလိုက်၏။

“ဥက္ကဌကြီး..ကျွန်တော် ဒီသတ္တုကို မဝယ် လာပေမဲ့ ဒီသတ္တုရဲ့ ရင်းမြစ်ကိုတော့ ရှာ တွေ့ခဲ့ပါပြီ..."

ရှာမန် ခဏ အံ့အားသင့်သွားသည်။ သတိ ပြန်ဝင်လာပြီးနောက် စိတ်ထဲတွင် အနည်း ငယ် မလုံမလဲ ခံစားရကာ ထပ်မေးလိုက် သည်။

“မင်း ဒီသတ္တုရဲ့ ရင်းမြစ်ကို တကယ်ပဲ ရှာ တွေ့ခဲ့တာလား..”

“သေချာပါတယ် ခဗျ..”

ဇာဗီးယားက တိကျသေချာစွာ ပြန်ဖြေလိုက် သည်။

“ကျွန်တော် သတ္တုရဲ့ရင်းမြစ်ကို သိခဲ့ရပါ ပြီ..”

သူက ရှင်းဖိန်သံမဏိ အရည်ကျိုစက်ရုံမှာ သူ မြင်တွေ့ခဲ့ရတာတွေကို အကျဉ်းချုပ် ပြောပြပြီးနောက် ဆက်ပြောလိုက်သည်။

“ကျွန်တော်တွေ့တာက သူတို့ရဲ့ သတ္တုက သ တ္တုအပိုင်းအစတွေကနေ အရည်ကျိုပြီး ပြု ပြင်ထုတ်လုပ်ထားတယ်ဆိုတာကို အခြေခံ အားဖြင့် သေချာပါတယ်.. ကျွန်တော်တို့ ဒီသတ္တုအပိုင်းအစတွေ ဘယ်ကလာသလဲ ဆိုတာကို ရှာဖွေရုံနဲ့ ဒီသတ္တု ဘယ်ကနေရ တယ်ဆိုတာ သိနိုင်ပါပြီ..”

ဒီစကားတွေကို ကြားပြီးနောက် ရှာမန်ရဲ့ မျက်နှာပေါ်တွင် ကျေနပ်မှု့က ရှင်းရှင်းလင်း လင်း ပေါ်လာသည်။ ဒီအချိန်တွင် သူ့နှလုံး သားမှာ လုံးဝ တည်ငြိမ်မှု့ မရှိနိုင်တော့ပေ။

ဇာဗီးယား ပြောတာ တကယ် မှန်ကန်တယ် လို့ သူ ခံစားရသည်။ လက်ရှိအချိန်မှာ ဒီ သတ္တုရဲ့ ရင်းမြစ်ကို ရှာဖွေဖို့ လိုတာက အဖြေမှန်ပဲ ဖြစ်သည်။

ဒါကို နားလည်သွားပြီးနောက် သူက လက် ဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက် သည်။

“မင်း ဆက်လုပ်လိုက် ချက်ချင်းပဲ အမြင့်ပို င်း ခေါင်းဆောင်တွေကို အစည်းအဝေး ခေါ် လိုက်..ငါတို့ ဘယ်လိုတန်ဖိုးနဲ့မဆို ဒီသတ္တု အပိုင်းအစတွေ ဘယ်ကနေလာသလဲ ဆို တာကို ရှာဖွေရမယ်...”

မကြာမီပင် သံနက်ကုမ္ပဏီရဲ့ ထိပ်တန်းအ မှု့ဆောင်များ စုဝေးပြီး နည်းလမ်းများကို ဆွေးနွေးလိုက်ကြသည်။ သူတို့အားလုံးရဲ့ နည်းလမ်းတွေကို စုစည်းကာ ဒီသတ္တု အ ပိုင်းအစတွေရဲ့ ရင်းမြစ်ကို ရှာဖွေဖို့အတွက် နည်းလမ်းအားလုံးကို အသုံးပြုဖို့ သဘော တူညီ လိုက်ကြသည်။

.....

ဟွာဟိုင်းမြို့ ရဲ့ ဆိပ်ကမ်းတစ်ခုတွင်...

ဘလူးဝေးလ်မှာ ခရီးရှည်ကြီးမောင်းနှင် လာ ပြီးနောက် နောက်ဆုံးတော့ ပြန်ရောက်လာ ၏။ သူနဲ့အတူ ကုန်တင်သင်္ဘောကြီး နှစ်စီး လည်း ပါလာသည်။

ဒီကုန်တင်သင်္ဘောကြီး နှစ်စီးပေါ်တွင် မီးခိုး နက်ရောင် သတ္တုအပိုင်းအစများ အပြည့်ပါ လာပြီး စုစုပေါင်း တန် ၂၀,၀၀၀ အထိ ရှိနေ သည်။

သတ္တုအပိုင်းအစများနဲ့ ပြန်ရောက်လာပြီး နောက် ချက်ချင်းပဲ သင်္ဘောပေါ်မှချကာ ရှင်းဖိန်သံမဏိစက်ရုံကို ပို့ဆောင်လိုက်၏။

ဒီသတ္တုများကို အရင်က ရှိခဲ့တဲ့ သတ္တု အ ပိုင်းအစများရဲ့ နေရာတွင် စုပုံလိုက်ရာ ကြီး မားတဲ့ ကုန်ကြမ်းပစ္စည်းများထားရာ နေရာ က ပိုလို့ပင် ခမ်းနားလာပြီး သတ္တုအပိုင်းအ စများ အပြည့်ရှိတဲ့ တောင်ကုန်းတစ်ခုနဲ့ပင် တူလှသည်။

ရှင်းဖိန် အထူးသံမဏိ အရည်ကျိုစက်ရုံမှာ လည်း ဒီသတ္တုများကို နေ့ရောညပါ အရည် ကျိုပြီး ပြုပြင်ထုတ်လုပ်နေတဲ့အတွက် လုံးဝ အလုပ်ရှုပ်နေကြသည်။

တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အချောထည်ဂို ဒေါင်တွင် အရည်ကျိုပြီးသား သံမဏိအ တုံးများ၊ သတ္တုပြားများနှင့် သတ္တုချောင်းမျ ားမှာ သပ်သပ်ရပ်ရပ် ရှိနေ၏။

စစ်တပ်ယာဉ်များက နေ့စဉ်နဲ့အမျှ ရောက် လာကြသည်။ သူတို့က များသောအားဖြင့် စစ်ကားတန်းများဖြစ်ပြီး အရည်ကျိုပြီး ပြုပြင်ထားတဲ့ စူပါသတ္တုများကို ဒီနေရာမှ သယ်ဆောင်သွားသည်။

စူပါသတ္တုများကို သယ်သွားပြီးနောက် စစ် ဘက်ဆိုင်ရာ လုပ်ငန်းများသို့ ဖြန့်ဝေပေးပြီး ဒီစူပါသတ္တုများကို လက်နက်ပစ္စည်းများနှင့် စက်ပစ္စည်းမျိုးစုံတွင် အသုံးပြုခဲ့ကြသည်။

တဖြည်းဖြည်းနဲ့ စစ်တပ်နဲ့ ကာကွယ်ရေး လုပ်ငန်းများရှိ လူတိုင်းက ဒီထူးချွန်တဲ့သတ္တု ရဲ့ တည်ရှိမှု့ကို သိလာကြသည်။

ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်း တွင် တစ်သက်လုံး လုပ်ကိုင်ခဲ့တဲ့ လူများစွာ က အလွန် ဂုဏ်ယူမိ ကြသည်။ သူတို့ တိုင်း ပြည်က တစ်နေ့မှာ ဒီလို ထူးချွန်တဲ့ သတ္တု ပစ္စည်းမျိုးကို အောင်မြင်စွာ တီထွင်နိုင်လိမ့် မယ်လို့ သူတို့ တစ်ခါမှ မစဉ်းစားမိခဲ့ပေ။

သူတို့က ပြည်ပမှတင်သွင်းမှု့အပေါ် မှီခိုနေ ရတဲ့ အဆင့်မြင့် သတ္တုပစ္စည်းများရဲ့ နည်း လမ်းကို လုံးဝ ပြန်လည်ရေးဆွဲခဲ့ပြီး လျူ ယောင်ရဲ့စူပါသတ္တုများက သူတို့ကို လုံးဝ အစားထိုးနိုင်ပေသည်။

.....

Universal တာဝါတွင်...

ဟွမ်ကွမ်းက စာရင်းတစ်ခု ပို့လိုက်၏။ ဒါက လူရှားကုမ္ပဏီမှတဆင့် ရှာတွေ့ထားတဲ့ ပြည် တွင်းအားပြန်သွင်းနိုင်တဲ့ ဘက်ထရီ လုပ် ငန်းများရဲ့ ထိပ်တန်းပညာရှင်များ စာရင်းပဲ ဖြစ်သည်။

ဒီစာရင်းမှာ အလွန် အသေးစိတ်ကျပြီး ဟွမ် ကွမ်းက လူ ဒါဇင်နဲ့ချီ ရှာဖွေဖို့အတွက် အား ထုတ်မှု့များစွာ ပြုလုပ်ခဲ့တယ်ဆိုတာကို မြင် နိုင်သည်။

လျူယောင်က သူဋေးကုလားထိုင်ပေါ်တွင် ထိုင်ကာ စာရင်းကို သေချာကြည့်ပြီးတာနဲ့ အမိန့်ပေးလိုက်သည်။

“လူရှားကုမ္ပဏီကို အင်တာဗျူး အမြန်ဆုံး စတင်ဖို့ အကြောင်းကြားလိုက်..လစာကို သင့်တော်သလို တိုးပေးရမယ်..”

လျူယောင်ရဲ့ ညွှန်ကြားချက်များကို သေ ချာနားထောင်ပြီးတဲ့အခါ ယုံကြည်မှု့ရှိစွာနဲ့ ပြောလိုက်သည်။

“အကို.ကျွန်တော်တို့ လစာ ပိုပေးနိုင်မယ် ဆိုရင် အနည်းဆုံးတော့ လူသုံးပုံတစ်ပုံကို ခန့်နိုင်မယ်လို့ ထင်ပါတယ်”

သုံးပုံတစ်ပုံက အတော်လေး များနေပါပြီ တကယ်လို့ ပြည်တွင်း အားပြန်သွင်းနိုင်တဲ့ ဘက်ထရီလုပ်ငန်းများမှ ထိပ်တန်းပညာရှင် ဒါဇင်နဲ့ချီရှိတဲ့ လူတွေထဲက သုံးပုံတစ်ပုံကို Universal သုတေသန စင်တာကို ဝင်ခွင့်ပေး နိုင်ပါက ထူးချွန်တဲ့ ပညာရှင် တစ်ဒါဇင် ကျော် ဝင်ရောက်လာလိမ့်မည်။

လျူယောင် ခေါင်းညိတ်ပြပြီး ဆက်ပြော လိုက်သည်။

“ငါတို့က ပြည်တွင်းဈေးကွက်ကိုပဲ အာရုံ စိုက်လို့ မရဘူး.. နိုင်ငံတကာ ဈေးကွက်ကို လည်း အာရုံစိုက်လို့ ရတယ် ပြည်ပက ထူး ချွန်တဲ့ ပညာရှင်အချို့ကိုလည်း ရှာပြီး ဝင် ခွင့်ပေးလို့ ရတယ်..”

ဟွမ်ကွမ်းက စိုးရိမ်စိတ်လေးနဲ့ သတိပေး လိုက်သည်။

“အကိုယောင် အဲ့ဒီနိုင်ငံခြားသားတွေ ဝင်လာ ရင် လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ ပို ခက်ခဲသွားမလား..”

သူက ဒီနိုင်ငံခြားသားတွေရဲ့ သစ္စာစောင့်သိ မှု့ကို စိုးရိမ်နေပုံရပြီး ဒီနိုင်ငံခြားသားတွေ ဆီ ကနေ လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှာ ကို ကြောက်နေမိသည်။

လျူယောင်က ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေ လိုက်၏။

“ဒီအရာအတွက် စိုးရိမ်ဖို့ လုံးဝ မလိုအပ် ဘူး.. ငါ့မှာ သူတို့ကို အလွန်အမင်း သစ္စာ စောင့်သိလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိတယ်..”

“တကယ်လား..”

“ဒါဆို အကောင်းဆုံးပဲ..."

လျူယောင်မှာ နည်းလမ်းရှိတာကို မြင်တော့ ဟွမ်ကွမ်းက ချက်ချင်းပင် စိတ်အေးသွား သည်။

“အကိုယောင် ဒါဆိုရင် ကျွန်တော်လည်း ပြည်ပကနေ ပညာရှင်တွေ ခန့်ဖို့ စိတ်ချ လက်ချ လုပ်ဆောင်နိုင်ပြီ..”

လျူယောင် ထပ်၍ ခေါင်းညိတ်ပြကာ အံဆွဲ ထဲမှ အပြာရောင်ဖန်ပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။

“ဟွမ်ကွမ်း ဒါက မျိုးရိုးဗီဇပြောင်းဆေးပဲ တော်တော်လေး စိတ်ချရတယ်.. သောက် လိုက်ရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အကြီးအကျယ် တိုးတက်လာလိမ့်မယ်.. တစ်လုံး သောက်ကြည့်မလား”

ဟွမ်ကွမ်းက ခဏ အံ့အားသင့်သွားပြီး နောက် သတိပြန်ဝင်လာကာ ပြောလိုက် သည်။

“အကိုယောင် ကျွန်တော် ခင်ဗျားကို ယုံတယ် တစ်လုံး ပေးပါ...”

သူက လျူယောင်ကို အရမ်းယုံကြည်ပြီး စိုးရိမ်စိတ်လုံးဝမရှိဘဲ ဖန်ပုလင်းငယ် ကိုယူကာ လျူယောင်ရဲ့ရှေ့တွင် ဖွင့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

လျူယောင် ပြုံးကာ ရှင်းပြလိုက်၏။

-“ဆေးအာနိသင်က မကြာခင် အစွမ်းပြလိမ့် မယ် မင်းရဲ့ ခွန်အား၊ သွက်လက်မှု့နဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုတွေဟာ အပြည့်အဝ တိုး တက်လာပြီး သေးငယ်တဲ့ စူပါမန်းတစ် ယောက်နဲ့ တူနေတာကို တွေ့ရလိမ့်မယ်..

“တကယ်လား အဲ့လိုသာဆို တကယ် စိတ်လှုပ်ရှားကောင်းလိုက်တာဗျာ..”

ဟွမ်ကွမ်းက မျှော်လင့်ချက်နဲ့ ပြန်ဖြေလိုက် သည်။

နှစ်ယောက်သား Universal သိပ္ပံ သုတေသန စင်တာနဲ့ ပတ်သက်တဲ့ အကြောင်းအချို့ကို စကားပြောပြီးနောက် ဟွမ်ကွမ်း ပျော်ရွှင်စွာ နဲ့ထွက်လာခဲ့သည်။

အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို လျူယောင် ဖွင့်လိုက်ပြီး ဟွမ်ကွမ်းကို စွမ်းရည်အမှတ် ၁၀၀ စီ ပေးလိုက်သည်။

လျူယောင် သေချာ စဉ်းစားထား၏။ လက် ရှိတွင် သူက တခြားသူတွေကို ပေးနိုင် တဲ့ စွမ်းရည်အမှတ်ပေါင်း ၆၀,၀၀၀ ကျော် ရှိနေ သည်။ လိပ်ကြီး ကြီးပြင်းလာတာနဲ့အမျှ ပေးနိုင်တဲ့ စွမ်းရည်အမှတ်တွေလည်း ပိုများ လာလိမ့်မည်။

စွမ်းရည်အမှတ်တွေ ပေးပြီးတဲ့နောက် ခွန် အား၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ သွက်လက် မှုတွေ သိသိသာသာ တိုးတက်လာတာအပြင် အဓိက လျှို့ဝှက် စွမ်းရည်အမှတ်တစ်ခု လည်း ရှိ၏။

ဒီဟာကတော့ အမှတ် ပေးခံရသူမှာ လျူ ယောင်အပေါ် သစ္စာစောင့်သိပြီး ဘယ် တော့မှ သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။

ဒီလိုအကျိုးသက်ရောက်မှု့ ရှိတာကြောင့် ဒါကို သူ ကောင်းကောင်း အသုံးချရမှာပဲ ဖြစ်သည်။ Universal သင်္ဘောကုမ္ပဏီရဲ့ အဆင့်မြင့် အရာရှိတွေကို အားထုတ်မှု့ အမှတ် ၁၀၀ စီ ပေးဖို့ လျူယောင် စီစဉ်ထား သည်။

အဆင့်မြင့် အရာရှိအားလုံးက သူ့အပေါ် သစ္စာစောင့်သိပြီး ဘယ်တော့မှ သစ္စာမ ဖောက်ဘူးဆိုရင် သူ စိတ်အေးလက်အေး နေရမှာပဲ ဖြစ်ကာ သူ့ စိတ်ထဲမှ လုံးဝ စိတ်ချ ရလိမ့်မည်။

ဒါ့အပြင် လျူယောင်က Universal သိပ္ပံ သုတေသန စင်တာရဲ့ အဓိကနည်းပညာရှင် တွေကိုလည်း အားထုတ်မှု့အမှတ်များ ပေး ပြီး သူ့အပေါ် သစ္စာစောင့်သိအောင် လုပ်ရ ပေမည်။

ဒီအကြောင်းကြောင့် ပြည်ပမှ ထိပ်တန်း သိ ပ္ပံနည်းပညာရှင်အချို့ကို လျူယောင် ခိုးယူ ခဲ့တာပဲ ဖြစ်သည်။

"ငါ့ အပေါ် သစ္စာရှိတဲ့ ..အဖွဲ့ကို.. ဖွဲ့စည်းဖို့ စဉ်းစားလိုက်တာက တကယ် စိတ်လှုပ်ရှား စရာပဲကွာ.. "

လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ ရေ ရွတ်လိုက်မိသည်။

All Chapters