သေအောင် ရယ်မည်
Vol. 28 Ch. 380
နှစ်ရက် သုံးရက်အတွင်းမှာပဲ လူတစ်ဒါဇင် ကျော်ကို လျူယောင် မျိုးရိုးဗီဇပြောင်းဆေး တိုက်ခဲ့ပြီး သူတို့အားလုံးကို စွမ်းရည်အမှတ် ၁၀၀ စီ လျူယောင် ပေးလိုက်သည်။
သူ့တို့အားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာက ကြံ့ခိုင်မှု့ ပိုမို ကောင်းမွန်လာပြီး စူပါမန်းတစ်ယောက် လို ဖြစ်လာကာ အိုလံပစ်စံချိန်ကို အလွယ်တ ကူ ချိုးနိုင်လောက်သည်။
ဒီလူတစ်ဒါဇင်ကျော်က ကုမ္ပဏီရဲ့ အလယ် အလတ်နဲ့ အဆင့်မြင့်အရာရှိတွေ ဖြစ်ပြီး အ ခု သူတို့က လျူယောင့် အပေါ် ပိုပြီး သစ္စာရှိ လာကာ ဘယ်တော့မှ သစ္စာဖောက်တော့မှာ မဟုတ်ပေ။
ဟွမ်ကွမ်းရဲ့ စွမ်းဆောင်ရည်ကလည်း အ လွန် မြင့်မားပြီး ပြည်တွင်းမှ အားပြန်သွင်း နိုင်တဲ့ ဘက်ထ္ထရီလုပ်ငန်းမှာရှိတဲ့ ထိပ်တန်း သိပ္ပံနည်းပညာရှင်အချို့ကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့သည်။
လျူယောင်က ဒီလူတွေကို ကိုယ်တိုင် တွေ့ ဆုံပြီးစကားပြောကာ မျိုးရိုးဗီဇပြောင်းဆေး တစ်လုံးစီ ပေးဖို့ စီစဉ်ထားသည်။
မျိုးရိုးဗီဇပြောင်းဆေး သောက်သူတွေက ကုမ္ပဏီရဲ့ အမှု့ဆောင်တွေ ဒါမှမဟုတ် အ လယ်အလတ် အဆင့်ရှိတဲ့ အဓိကလူတွေပဲ ဖြစ်၏။ ဟူဂျွန်းရှီကတော့ လျူယောင်နဲ့ အ နီးကပ်ဆုံး လူတွေထဲက တစ်ယောက် ဖြစ် သည်။
သူလည်း မျိုးရိုးဗီဇပြောင်းဆေး သောက် ခဲ့ပြီး ခွန်အား သွက်လက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့တွေက အမှတ် ၁၀၀ စီ တိုးလာ သည်။
ဟူဂျွန်းရှီက လက်ရှိအဆင့်မြင့်နေရာကို ရောက်တဲ့အခါ ကျန်းမာရေးကို ပိုပြီး တန်ဖိုး ထားလာသည်။ အရင်က သူ ဝိတ်နည်းနည်း ပိုတင်နေပေမဲ့ အခု သူ့ရဲ့ ခန္ဓာကိုယ်က ပုံမှန် ပြန်ဖြစ်လာသည်။
နေ့တိုင်း တစ်နာရီကြာအောင် လေ့ကျင့်ခန်း လုပ်တာက သူ့အတွက် မဖြစ်မနေ လုပ်ရမ ယ့် အလုပ်တစ်ခု ဖြစ်နေပြီး အခု သူက ဟွာ ဟိုင်းမြို့မှ အဆင့်မြင့် ကြံ့ခိုင်ရေးကလပ် တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဒီနေ့ အလုပ်ဆင်းပြီးနောက် ဒီ ကလပ်ကို ရောက်လာပြီး Roll-Royce ကားပေါ်မှ ဆင်းကာ သူ အထဲကို ဝင်လာသည်။
သူ ဒီကို လာနေကျ ဖြစ်လို့ လမ်းကို သိတာ ကြောင့် အဝတ်လဲပြီးတာနဲ့ ချက်ချင်း လေ့ ကျင့်ခန်း စလုပ်လိုက်သည်။
သိပ်မကြာခင် ဟူဂျွန်းရှီ အံ့အားသင့်သွား ၏။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ခွန်အားက အ ဆပေါင်းများစွာ တိုးလာတာကို သူ တွေ့ လိုက်ရသည်။
ခွန်အားတိုးလာတာအပြင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားလည်း အများကြီး တိုးလာပုံရသည်။
ဥပမာ- အောက်စီဂျင်မပါဘဲ လုပ်ရတဲ့ လေ့ ကျင့်ခန်းမှာ သူက မိနစ်အနည်းငယ် ကြာ အောင် ဆက်လုပ်ပြီးတာနဲ့ မနိုင်တော့သလို ခံစားရပြီး ဆယ်မိနစ်အကြာမှာတော့ ပင်ပန်း ပြီး အသက်ရှူရခက်လာသည်။
ဒီတစ်ကြိမ်မှာတော့ ဒီလိုမဖြစ်ခဲ့ပေ။ ဆယ်မိ နစ်အကြာမှာလည်း သူက အေးအေးဆေး ဆေးပဲ ဆက်လုပ်နိုင်ပြီး အသက်ရူရတာ မ ခက်တော့သလို နှလုံးခုန်နှုန်းလည်း မမြန် တော့ပေ။
ဟူဂျွန်းရှီ အံ့အားသင့်သွားပြီးနောက် အကို ယောင် သူ့ကို ပေးခဲ့တဲ့ မျိုးရိုးဗီဇပြောင်း ဆေးကို ချက်ချင်း သတိရသွား၏။
ဟူဂျွန်းရှီ ချက်ချင်းပဲ လျူယောင်အပေါ် ချီး ကျူးလေးစားမှု့တွေ ပြည့်နှက်လာခဲ့သည်။
ခွန်အားနဲ့ ကြံ့ခိုင်မှု့ ဒီလောက်အထိ တိုးတက် လာတော့ သူ ကြံ့ခိုင်အောင် လေ့ကျင့်ချင် ရင် ဝိတ်ပြားကို ထပ်တိုးရမှာပဲ ဖြစ်သည်။
ဒါကြောင့် သူက လေ့ကျင့်ခန်းလုပ်ရာတွင် ဝိတ်ပြားကို တိုးလိုက်ရာ ဘေးမှ ကိုယ်ပိုင် သင်တန်းဆရာက ကြောင်အသွားပြီး အချိန် အကြာကြီး ဆွံ့အနေသည်။
"အမ် မစ္စတာဟူက ဘယ်တုန်းက ဒီလောက် အထိ တအားကြီးလာတာလဲဟ.. အရင်က သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားခဲ့ တာလား.. "
သင်တန်းဆရာက စိတ်ထဲကနေ ထိတ်လန့် ကာ ရေရွတ်လိုက်သည်။
.....
သံနက်ကုမ္ပဏီတွင်...
ဇာဗီးယားက စုံစမ်းစစ်ဆေးမှု့ အစီရင်ခံစာ တစ်စောင်ကို လက်ထဲမှာ ကိုင်ပြီး စိတ်လှုပ်ရှ ားစွာဖြင့် ရှာမန်ရဲ့ ရုံးခန်းထဲ ဝင်လာသည်။
ရှင်းဖိန်သံမဏိစက်ရုံမှာရှိတဲ့ သတ္တုအပိုင်း အစတွေရဲ့ ရင်းမြစ်ကို စုံစမ်းဖို့ အားထုတ် မှု့တွေကို စုစည်းတာက သံနက်ကုမ္ပဏီ အ တွက် အရေးကြီးဆုံး အရာပဲ ဖြစ်သည်။
သူတို့က လူအင်အားနဲ့ ငွေကြေး အရင်းအ မြစ်များစွာကို အသုံးပြုခဲ့ပြီး M နိုင်ငံ စစ် တပ်ရဲ့ အကူအညီအပါအဝင် လမ်းကြောင်း များစွာကို အသုံးပြုခဲ့ပြီး နောက်ဆုံးတော့ စုံ စမ်းစစ်ဆေးမှု့တွင် အောင်မြင်မှု့တစ်ခု ရ လာခဲ့သည်။
ဇာဗီးယားက တံခါးကို တွန်းဖွင့်ပြီး ရုံးခန်းထဲ သို့ ဝင်လာကာ ကျယ်လောင်စွာ အော် ပြော လိုက်သည်။
“ဥက္ကဌကြီး ကျွန်တော်တို့ အဲ့ဒီသတ္တုအပိုင်း အစတွေရဲ့ ရင်းမြစ် နေရာကို အခြေခံအား ဖြင့် သိခဲ့ပါပြီ..”
“တကယ်လား ဒါဆို အရမ်းကောင်းတာ ပေါ့..”
ရှာမန် ချက်ချင်း စိတ်ဝင်စားလာ၏။
စုံစမ်းစစ်ဆေးမှု့ အစီရင်ခံစာကို လက်ခံရ ရှိပြီးနောက် ရှာမန်က သူဋေးကုလားထိုင် ပေါ်တွင် ထိုင်ကာ နှလုံးသားထဲတွင် စိတ် လှုပ်ရှားမှု့နဲ့အတူ လှန်လှောကြည့်လိုက် သည်။
ဇာဗီးယားက ဘေးကနေ အစီရင်ခံလိုက် သည်။
“သူတို့ရဲ့ သတ္တုအပိုင်းအစတွေကို ဒီပင် လယ်ရေပြင်ကနေ ဆယ်ယူခဲ့တာလို့ သိရ ပါတယ်ခဗျ..”
“ဘလူးဝေးလ် ဆယ်ယူရေးသင်္ဘောက ဆယ် ယူရေးမစ်ရှင်ကို လုပ်ဆောင်နေခဲ့တာပါ..သူ ဒီနေရာကို နှစ်ကြိမ် ရောက်လာခဲ့တယ်.. ပ ထမအကြိမ်မှာ သတ္တုအပိုင်းအစ တန်ပေါင်း သောင်းနဲ့ချီ ဆယ်ယူခဲ့ပြီး ဒုတိယအကြိမ်မှာ ပိုတောင် များသေးတယ်..”
ဇာဗီးယားက ဘေးကနေ ဒီလို အစီရင်ခံ နေ ချိန်မှာ ရှာမန်းက စုံစမ်းစစ်ဆေးမှု့ အစီရင် ခံစာကို စိတ်လှုပ်ရှားစွာ လှန်လှောကြည့်နေ သည်။
စုံစမ်းစစ်ဆေးမှု့ အစီရင်ခံစာက အလွန် အ သေးစိတ်ကျပြီး ပုံတွေနဲ့ စာသားတွေ ပါဝင် တဲ့အပြင် ဂြိုဟ်တုဓာတ်ပုံတွေတောင် ပါဝင် နေသည်။
ဂြိုဟ်တုဓာတ်ပုံတွေကနေ ဘလူးဝေးလ် ဆယ်ယူရေးသင်္ဘော အလုပ်လုပ်နေတာကို ရှင်းရှင်းလင်းလင်း သူ မြင်ရ၏။
ဘလူးဝေးလ် ဆယ်ယူရေးသင်္ဘောရဲ့ ဘေး တွင် တန် ၁၀၀,၀၀၀ ကျော် ကုန်တင်သင်္ဘော တစ်စီးလည်း ရှိနေသည်။
ဒီလိုဆိုရင် အခြေအနေက ပိုပြီး ရှင်းရှင်း လင်းလင်း ဖြစ်လာသည်။
ဒီသတ္တုအပိုင်းအစတွေကို ဒီရေပြင်ကနေ ဆယ်ယူခဲ့တာပဲ ဖြစ်လောက်မည်။
ရှာမန်က စုံစမ်းစစ်ဆေးမှု့ အစီရင်ခံစာကို ဖတ်ပြီးနောက် ဇာဗီးယားက အကြံပြုလိုက် သည်။
“ ဥက္ကဌကြီး နှောင့်နှေး မနေပါနဲ့တော့ ဒီကိစ္စ ကို ကျွန်တော်တို့ အမြန်ဆုံး လုပ်ဆောင်ရပါ မယ်..”
“ဟုတ်တယ်.. ငါတို့ အမြန်ဆုံး လုပ်ရမယ်.. အဲ့ဒီပင်လယ်ရေပြင်မှာ သတ္တုအပိုင်းအစ ဘယ်လောက် ကျန်သေးလဲ မသိရသေးဘူး.. ငါတို့က Universal ရေကြောင်းပို့ဆောင်ရေး အဖွဲ့ကြီးထက် အရင်ဆုံး ရောက်ပြီး ကျန် နေတဲ့ သတ္တုအပိုင်းအစအားလုံးကို ဆယ်ယူ ပြီး အကုန်လုံး ပြန်သယ်ရမယ်..”
ဒိလိုနဲ့ သူတို့က လုပ်ဆောင်စရာ အလုပ် တွေကို ဆက်လက် စီစဉ်ခဲ့ကြပြီး M နိုင်ငံ ကနေ ကြီးမားတဲ့ ဆယ်ယူရေးသင်္ဘော တစ် စီးကို ငှားရမ်းလိုက်သည်။ အနောက်ကနေ လည်း ကြီးမားတဲ့ သယ်ယူပို့ဆောင်ရေး သင်္ဘောများစွာ လိုက်ပါလာကြသည်။
ဒီတိုက်ပွဲက တကယ်ကို အားကောင်းလှပြီး သူက အဲ့ဒီပင်လယ်ရေပြင်မှာရှိတဲ့ သတ္တု အပိုင်းအစတွေ အားလုံးကို ဆယ်ယူဖို့ ဆန္ဒ ရှိနေကာ Universal ရေကြောင်းပို့ဆောင် ရေးအဖွဲ့ကြီးအတွက် စွန်းထင်းမှု့ တစ်ခု တောင် မကျန်စေချင်ပေ။
ဒီဟာက အရမ်းကို ရက်စက်တာပင်။ဒီ လောက်အထိ ဆိုးဆိုးရွားရွား လုပ်ဆောင်ဖို့ သူတို့ ကြံစည်ထားခဲ့သည်။
ကျန်နေတဲ့ သတ္တုအပိုင်းအစတွေ အားလုံး ကို ဆယ်ယူပြီး သူတို့က သယ်သွား ချင်နေ သည်။
လျူယောင်ကတော့ သံနက်ကုမ္ပဏီမှာ ဘာ တွေဖြစ်နေတယ်ဆိုတာကို မသိခဲ့ပေ။ သူတို့ လုပ်နေတာတွေကိုသာ လျူယောင် သိခဲ့ရင် သေချာပေါက် ရယ်သေပါလိမ့်မည်။
"ရယ်သေသွားမှာ " သေချာပါသည်။
အဲ့ဒီပင်လယ်ရေပြင်မှာ သတ္တုအပိုင်းအ စတွေ ဘယ်လိုလုပ် ရှိနေမည်နည်း။
သတ္တုအပိုင်းအစတွေကို လိပ်ကြီးက အဲ့ဒီ နေရာကို သယ်လာပြီးနောက် ဘလူးဝေးလ် က အားလုံးကို ဆယ်ယူပြီး ပြန်လာခဲ့တာပဲ ဖြစ်သည်။
သံနက်ကုမ္ပဏီကတော့ ဒီအကြောင်းကို မသိ ခဲ့ပေ။ သူတို့က Universal ရေကြောင်းပို့ ဆောင်ရေးအဖွဲ့ကြီးက သတ္တုအပိုင်းအစ များကို နှစ်ကြိမ် ဆက်တိုက် ဆယ်ယူတာကို မြင်တော့ အဲ့ဒီရေပြင်မှာ ဆယ်ဖို့အတွက် သ တ္တုအပိုင်းအစတွေ အများကြီး ကျန်နေသေး တယ်လို့ သူတို့ ထင်ထားခဲ့ကြသည်။
......
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်....
လိပ်ကြီးရဲ့ ဘဝကတော့ အတော်လေး အေး ဆေးနေသည်။ အာကာသယာဉ် အပျက်အ စီးဘေးမှ တန်သိန်းပေါင်းများစွာရှိတဲ့ သတ္တု အပိုင်းအစတွေ အားလုံးကို ရှင်းပစ်ခဲ့ပြီး သိပ်မဝေးတဲ့ နေရာက မြေပြန့်ပေါ်ကို သယ် ယူကာ ချထားလိုက်သည်။
အကွာအဝေးက သိပ်မဝေးတာကြောင့် ဒီအ လုပ်လုပ်ရမယ့်ပမာဏက လိပ်ကြီး အတွက် သိပ်မများခဲ့ပေ။
ဒီအလုပ်ကို ပြီးစီးပြီးနောက် ခဏတာ အ လုပ်သစ်တွေ မရှိသေးတာကြောင့် လိပ်ကြီး က ဟိုဟိုဒီဒီ လှည့်လည်သွားလာနေသည်။ တစ်ခါတလေ အာကာသယာဉ် အပျက်အစီး နဲ့ ရေမိုင်ထောင်နဲ့ချီဝေးတဲ့နေရာအထိ ရေ ကူးလာပေသည်။
ဒီတစ်ကြိမ်မှာလည်း ပိုပြီး သူ ဝေးတဲ့နေရာ အထိ ရေကူးသွားပြန်သည်။လက်ရှိ လိပ် ကြီးရဲ့ နေရာက ရေမိုင် ထောင်နဲ့ချီ မဝေး ပေမဲ့ အာကာသယာဉ်အပျက်အစီးနဲ့ဆို အနည်းဆုံး ရေမိုင် ခုနစ်ရာ၊ ရှစ်ရာလောက် ဝေးနေသည်။
လိပ်ကြီး စားပြီးနောက် ပင်လယ်ရေမျက်နှာ ပြင်အောက် အနည်းငယ်အကွာမှာ နေပူစာ လှုံနေခဲ့သည်။
နေရောင်ခြည်က အပေါ်ကနေ တိုက်ရိုက်ကျ ရောက်လာပြီး ကြည်လင်တဲ့ ပင်လယ်ရေ ထဲကနေ လိပ်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖြာ ကျနေသည်။လိပ်ကြီးက ဒီခံစားချက်ကို အတော်လေး ကြိုက်နှစ် သက်ပုံရသည်။
ရုတ်တရက် လိပ်ကြီး ငြိမ်သက်သွား၏။ ရေ မိုင်အနည်းငယ်အကွာမှာ လှုပ်ရှားမှု့တစ်ခု ရှိနေတာကို သူ တွေ့လိုက်ရသည်။
ဒီနေရာက နိုင်ငံတကာ ရေလမ်းကြောင်း မ ဟုတ်ဘဲ အလွန် ဝေးလံခေါင်သီတဲ့နေရာ ဖြစ်ပြီး ပုံမှန်အားဖြင့် ဒီနေရာကနေ ဘယ် သင်္ဘောမှ ဖြတ်သန်းသွားလာလေ့ မရှိပေ။
တစ်ခုခု မှားနေပြီလို့ သူ ခံစားရတဲ့အတွက် ချက်ချင်းပဲ ရေပေါ် တက်လာပြီး ခေါင်းတ စ်ဝက်ဖော်ကာ အဝေးကို ကြည့်လိုက်သည်။
သူ့ရဲ့ မျက်စိအမြင်က အလွန် ကောင်းမွန်ပြီး စူပါအမြင်နဲ့ဆို ပိုပြီးတောင် ကောင်းနေ၏။
လိပ်ကြီးက ရေမိုင်အနည်းငယ်အကွာမှာ ရွက်လွှင့်လာတဲ့ သင်္ဘောအုပ်စုကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရသည်။
ရှေ့ကနေ မောင်းနှင်နေတာကတော့ အလွန် ကြီးမားတဲ့ ဆယ်ယူရေးသင်္ဘော တစ်စီးဖြစ် ပြီး အနောက်မှာတော့ ကြီးမားတဲ့ သယ်ယူပို့ ဆောင်ရေးသင်္ဘောများစွာ လိုက်ပါလာကြ သည်။
ဒီကြီးမားတဲ့ သယ်ယူပို့ဆောင်ရေး သင်္ဘော တွေက တန် ၁၀၀,၀၀၀ ကျော်ရှိမယ့် သင်္ဘေ ာတွေ ဖြစ်ပုံရသည်။
"ဒီလောက် ကြီးမားတဲ့ သင်္ဘောအုပ်စုနဲ့ သူ တို့က ဘာလုပ်ဖို့ သွားနေကြတာလဲ .. "
စိတ်ထဲကနေ သိလိုစိတ်နဲ့ လိပ်ကြီးက ရေ ထဲကနေ အသံတိတ်ကာ ရေကူးလိုက် သွား သည်။
တစ်နာရီ၊ နှစ်နာရီကြာအောင် လိုက်ပါသွား ပြီးနောက် လိပ်ကြီး နည်းနည်း နားလည်လာ ၏။ ဒီသင်္ဘောအုပ်စုရဲ့ ဦးတည်ရာမှာ သ တ္တုအပိုင်းအစတွေကို သူ အရင်က ထား ခဲ့တဲ့ ရေတိမ်ပိုင်း ဖြစ်ပုံရသည်။
ရေတိမ်ပိုင်းက အရမ်း ဝေးလံခေါင်သီပြီး ဘာမှရှိမနေဘဲ ပင်လယ်ကြမ်းပြင်ကလည်း သာမန်ပဲ ဖြစ်သည်။
" ဘာလဲဟ.."
" ဒီလောက် ကြီးတဲ့သင်္ဘောအုပ်စုက အဲ့ဒီ နေရာကို သွားတာ ဘာရည်ရွယ်ချက် ရှိလို့ လဲ... "