← Chapters

ပင်လယ်​နှင့် လေထု၏ တိုက်ပွဲများ

Vol. 20 Ch. 251

ပင်လယ်​နှင့် လေထု၏ တိုက်ပွဲများ

Vol. 20 Ch. 251

ဟွာရှ၏ လေသင်္ဘောများပေါ်ရှိ K-series တိုက်လေယာဉ်များ ပျံတက်သွားသည်။ ၎င်းနှင့် အပြိုင် ဟွာရှ၏ ရုရှား၏ တိုက်လေယာဉ်များလည်း ​လေ​ပေါ်ပျံတက်သည်။ (ရှေ့ခန်းတွင် k-1b ဟု မှားယွင်ရေးသားခဲ့မိသည်)

ဤတိုက်လေယာဉ်များတွင် ဒေါင်လိုက် ပျံသန်းခြင်းနှင့် ဆင်းသက်ခြင်း စွမ်းရည်ရှိသည်။ ၎င်းတို့သည် လေထဲသို့ ပျံသန်းထိုးတက်ပြီးနောက် လှပစွာကွေ့ဝိုက်၍ အဆင့် (၆) ကိုင်းဂျူး သားရဲများနှင့် ထိပ်တိုက်တွေ့ဆုံရန် ပုံစံတစ်ခုကို ဖွဲ့စည်းလိုက်​​ကြသည်။

အဆင့် (၆) ကိုင်းဂျူး သားရဲများသည် စစ်ပွဲကို လျှပ်စစ်သံလိုက်လှိုင်း တိုက်ခိုက်မှုဖြင့် စတင်ကာ တိုက်ခိုက်ခဲ့သည်။ ဤလျှပ်စစ်သံလိုက်လှိုင်းများသည် အကွာအဝေးတစ်ခုတွင် ရှိနေသော တိုက်လေယာဉ်များနှင့် လေသင်္ဘောများကို သက်ရောက်သွားသည်။ သို့သော် ကြီး​ကြီးမားမားမည့်သည့် ပြဿနာမှ ဖြစ်မလာပေ။ ၎င်းတို့သည် ယခင်အတိုင်း လှုပ်ရှားနိုင်ပြီး ပဲ့ထိန်းဒုံးကျည်များကိုပင် ပစ်လွှတ်လိုက်သေး၏။

ဝီးး... ဝီးး...

တိုက်လေယာဉ်နှစ်စီးသည် အဆင့် (၆) ကိုင်းဂျူးသားရဲများဆီသို့ မစ်ဇိုင်းတစ်စင်းစီ ပစ်လွှတ်လိုက်သည်။ ဤ​လေဆာမစ်ဇိုင်းနှစ်စင်းတွင် ကိုယ်ပိုင်လမ်းညွှန်စနစ် ပါဝင်ပြီး လျှပ်စစ်သံလိုက်လှိုင်း ဒဏ်ခံနိုင်ရည် မြင့်မားသည်။ (မစ်ဇိုင်း-ပဲ့ထိန်းဒုံးကျည်နဲ့ ဆင်တူပါတယ်)

ဟွာရှနှင့် အမေရိကန်တို့သည် ​​လေဆာမစ်ဇိုင်းနှစ်စင်းအား ပထမဦးစွာ ပစ်လွှတ်ခဲ့ကာ အခြားလက်နက်များကိုမူ ချက်ချင်းအသုံးမပြုရန် စီစဉ်ထားသည်။

ဘုန်း... ဘုန်း...

​လေဆာမစ်ဇိုင်းနှစ်စင်း၏ ကိုင်းဂျူး သားရဲနှစ်ကောင်အပေါ် ကျရောက်ခြင်းနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ နေမင်းနှစ်စင်းထွက်ပေါ်လာသလို အလင်း၏ စူးရှမှု နှစ်ခုပေါ်ပေါက်လာသည်။ အံ့ဖွယ်အပူသည် မစ်ဇိုင်းနှစ်စင်းက ထွက်ပေါ်လာကာ လေထုကို တွန့်လိမ်သွားစေသည်။

ဤသည်က ဟွာရှက အသစ်တီထွင်ခဲ့သော လေဆာမစ်ဇိုင်းများ ဖြစ်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အလင်းရောင်သည် တဖြည်းဖြည်း ပျောက်ဆုံးသွားခဲ့ပြီး အဆင့် (၆) ကိုင်းဂျူးသားရဲနှစ်ကောင်၏ ပုံရိပ်သည် ပေါ်လာခဲ့၏။

ကိုင်းဂျူး နှစ်ကောင်၏ ဝမ်ဗိုက်တွင် အချင်းငါးမီတာခန့် ရှိသည့် ဧရာမမီးလောင်ဒဏ်ရာတစ်ခုသည် ရှိနေပြီး အသားညှော်နံ့ပင် ထွက်နေသည့်ပုံပေါ်သည်။ ဤအဆင့် ဒဏ်ရာသည် အဆင့် (၆) ကိုင်းဂျူး သားရဲများအတွက် သေစေနိုင်လောက်သည့် ဒဏ်ရာဟု မဆိုနိုင်သော်လည်း ၎င်းက ဆိုးရွားသော ဒဏ်ရာတစ်ခုဟု ဆိုနိုင်ပေသည်။

"ဂါး..."

နာကျင်မှုဖြင့် ပြည့်နှက်နေသည့် ကျယ်လောင်သော ဟိန်းဟောင်သံသည် အဆင့် (၆) ကိုင်းဂျူး သားရဲနှစ်ကောင်ထံက ထွက်ပေါ်လာပြီး ၎င်းတို့သည် အတောင်ပံများကို ဖြန့်ကျက်ကာ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာလိုက်​ကြသည်။ ထိုအခိုက်အတန့်တွင်တော့ ၎င်းတို့၏ ဒဏ်ရာက လျင်မြန်စွာ အနာကျက်စ​ပြုလာပြီ ဖြစ်သည်။

"ဟေးး"

လူသားမဟာမိတ် စစ်ရေယာဉ်စုတွင် ကျယ်လောင်သော ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ စစ်သားများသည် သားရဲကြီး နှစ်ကောင်အား အလွယ်တကူ ဆုတ်ခွာစေနိုင်ခဲ့သောကြောင့် အလွန်စိတ်လှုပ်ရှားနေကြသည်။

ဝှစ်... ဝှစ်...

တုံ့ဆိုင်းခြင်း မရှိဘဲ ဟွာရှနှင့် အမေရိကန်တို့သည် လမ်းညွှန်မစ်ဇိုင်းနှစ်စင်းကို အဆင့် (၆) ကိုင်းဂျူးသားရဲနှစ်ကောင်ဆီသို့ ထက်မံ ပစ်လွှတ်လိုက်သည်။ ၎င်းတို့တွင် သားရဲကြီး နှစ်ကောင်အား အနာကျက်စေမည့် အခွင့်အရေးပေးရန် အတွေးမရှိပေ။

သို့သော် အဆင့် (၆) ကိုင်းဂျူး သားရဲများကို သုတ်သင်ရန်အတွက် ဤမျှရိုးရှင်းခြင်း မရှိပေ။ နဂါးအသွင် ကိုင်းဂျူး သားရဲနှစ်ကောင်သည် ၎င်းတို့၏ ပါးစပ်ကိုဟကာ ၎င်းတို့ဆီ ဦးတည်လာ​နေသော မစ်ဇိုင်းများဆီသို့ လေဆာတန်း နှစ်ခုကို ပစ်လွှတ်လိုက်သည်။

ဗုန်း...

လေဆာတန်းတစ်ခုသည် မစ်ဇိုင်းတစ်စင်းနှင့် ထိတွေ့သွားပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် အခြားလေဆာတန်းသည် ၎င်းအား လွဲချော်သွားသောကြောင့် ထိုကိုင်းဂျူး သားရဲ၏ ကိုယ်ပေါ်သို့ ကျရောက်ကာ နောက်ထပ် စူးရှသော အလင်းနှင့် ပေါက်ကွဲမှုတစ်ခု ပေါ်လာခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် အလင်းသည် တဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး အဆင့် (၆) ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်နှင့်အတူ ကြီးမားသော ဒဏ်ရာကြီးတစ်ခုသည် ပေါ်လာခဲ့၏။

ဖန့်ရန်သည် ကိုင်းဂျူး သားရဲများနှင့် လူသားမဟာမိတ်တို့၏ အစောပိုင်း ထိပ်တိုက်​တွေ့ဆုံမှုကို မြင်​တွေ့ရပြီးနောက် အံ့အားသင့်သွားခဲ့သည်။ အထူးသဖြင့် သူသည် လူသားများ၏ နည်းပညာ၊ စက်ကိရိယာများ မစ်ဇိုင်းများက ကိုင်းဂျူး သားရဲများ၏ လျှပ်စစ်သံလိုက်လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိသည်ကို မြင်တွေ့ရသောကြောင့် ပို၍ပင် အံ့အားသင့်ခဲ့ရသည်။

"လျှပ်စစ်သံလိုက်လှိုင်းတွေ သက်ရောက်မှုမရှိရင် ငါ့ရဲ့ စွမ်းအင်ဒိုင်ကာက အလှပန်းအိုး ဖြစ်နေမှာလား"

(စွမ်းအင်ဒိုင်ကာတွင် သာမာန်လျှပ်စစ်စက်ကိရိယာများ ပျက်စီးစေခြင်း၊ ကိုင်းဂျူး သားရဲများအား စိတ်အနှောက်အယှက်ဖြစ်စေခြင်း စွမ်းရည်တို့အား ပိုင်ဆိုင်ထားသည်)

လူသားများ၏ နည်းပညာသည် အရှိန်အဟုန်​ဖြင့် ဖွင့်ဖြိုးတိုးတက်ခြင်းတွင် အဆင့် (၅) ကိုင်းဂျူး သားရဲများက အဓိကအခန်းတွင် ပါဝင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့် ဆိုရသော် လူသားများသည် အဆင့် (၅) ကိုင်းဂျူး သားရဲများ ပေါ်လာသည့် အချိန်မှစ၍ လက်နက်များ တီထွင်ခြင်းအပေါ် အာရုံစိုက်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုကြောင့်သာ မဟုတ်ခဲ့လျှင် ဤအဆင့်သို့ ၎င်းနည်းပညာများ လိုက်မှီရန်အတွက် အချိန်ကာလ များစွာ လို​နေအုံးမည် ဖြစ်သည်။

ဖန့်ရန်အား စိတ်အနှောက်အယှက်ဖြစ်စေသည်က ၎င်းလက်နက်တွေက အဆင့် (၆) ကိုင်းဂျူး သားရဲ၏ လျှပ်စစ်သံလိုက်လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ ဤသည်က သူ၏ စွမ်းအင်ဒိုင်ကာကိုလည်း ခံနိုင်ရည်ရှိသည်ဟု ဆိုနေသလိုပင် ဖြစ်သည်။

၎င်းသည် ဖန့်ရန်အား အနည်းငယ် စိုးရိမ်​စေသည်။ ဤသည်က သူ၏ နည်းပညာလက်နက်များကို ခုခံကာကွယ်ရာတွင် သူ၏ ခုခံကာကွယ်နိုင်စွမ်းက များစွာ ကျဆင်းသွားပြီဟု ဆိုနေခြင်း မဟုတ်လား။

သူသည် တွေးတောခြင်းအား ရပ်တန့်ကာ ကောင်းကင်ယံရှိ တိုက်ပွဲသို့ ဆက်လက်ကြည့်ရှုခဲ့သည်။ စမ်းသပ်တိုက်ခိုက်ခြင်း အပြီးတွင် လေသင်္ဘောများ၏ လက်နက်တံခါးများသည် ပွင့်လာပြီး လက်နက်များစွာသည် အဆင့် (၆) ကိုင်းဂျူးသားရဲနှစ်ကောင်နှင့် အခြားသော ကိုင်းဂျူး သားရဲများကို ချိန်ရွယ်လိုက်​ကြသည်။

လေသင်္ဘောများသည် လက်နက်များစွာဖြင့် ကျည်ဆန်များ၊ အမြောက်များ၊ မစ်ဇိုင်းများ အစရှိသည့် လက်နက်များကို အစုလိုက်အပြုံလိုက် ကိုင်းဂျူးသားရဲ စစ်တပ်ဆီသို့ ပစ်လွှတ်လိုက်​ကြသည်။

ကိုင်းဂျူး သားရဲများ၏ ကာကွယ်​ရေးစွမ်းအားသည် အလွန်မြင့်မား၏။ အထူးသဖြင့် အဆင့် (၆) ကိုင်းဂျူး သားရဲများ၏ ကာကွယ်​ရေးစွမ်းအားမှာ အလွန်ကြီးမားသည်။ လက်နက်အများစုသည် ၎င်းတို့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိပေ။

ဤအဆင့်သို့ ရောက်ရှိနေသော ကိုင်းဂျူး သားရဲကို ထိခိုက်ဒဏ်ရာရရှိစေနိုင်သည်က လေဆာလက်နက်များသာ ရှိသည်။

သို့သော် ဤသည်က အဆင့် (၆) ကိုင်းဂျူး သားရဲများသည် သဲအိတ်ကဲ့သို့ ငြမ်ခံနေမည်ဟု မဆိုလိုပေ။ ၎င်းတို့သည် အသံထက်မြန်သော အမြန်နှုန်းဖြင့် ကောင်းကင်ယံတွင် ပျံသန်းရင်းဖြင့် လျှပ်စစ်သံလိုက်လှိုင်းများနှင့် လေဆာတန်းများကို တစ်ချက်တစ်ချက် ထုတ်လွှတ်နေ၏။

စမ်းသပ်တိုက်ခိုက်ခြင်းများ ပြုလုပ်ပြီးနောက် အဆင့် (၆) ကိုင်းဂျူး သားရဲများသည် လျှပ်စစ်သံလိုက်လှိုင်းများက လေသင်္ဘောများအပေါ် ကြီးကြီးမားမား မည်သည့် သက်ရောက်မှုမှ မရှိကြောင်း သိရှိပြီးနောက် ၎င်းတို့၏ နည်းဗျူဟာကို ပြောင်းလဲလိုက်ကြသည်။

K-series တိုက်လေယာဉ်တစ်စီးသည် အဆင့် (၆) ကိုင်းဂျူး သားရဲ၏ လေဆာရောင်တန်း ထိမှန်ကာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ၍ ပင်လယ်ထဲသို့ ကျဆင်းသွားသည်။

ဖန့်ရန်သည် မီတာ (၃၀၀) အရှည်ရှိသော နဂါးအသွင် ကိုင်းဂျူး သားရဲနှစ်ကောင်က ကောင်းကင်ယံတွင် အဆက်မပြတ် လူးလားပျံသန်းနေပြီး ၎င်းတို့ဆီသို့ ချည်းကပ်လာနေ ကျည်ဆန်များနှင့် မစ်ဇိုင်းများကို အဆက်မပြတ် ရှောင်တိမ်းနေသည်အား မြင်​နေရသည်။

တစ်ချိန်တည်းမှာပင် လေဆာတန်းများသည် ၎င်းတို့၏ ပါးစပ်မှ ထွက်ပေါ်လာကာ တိုက်လေယာဉ်များဆီသို့ ကျရောက်​နေပြီး တစ်စီးပြီးတစ်စီး ပေါက်ကွဲ​​နေခဲ့သည်။

ကောင်းကင်ယံ၏ တိုက်ပွဲသည် ပြင်းထန်လာသည်နှင့်အမျှ ပင်လယ်ထဲက တိုက်ပွဲသည်လည်း စတင်ခဲ့သည်။

လူသားများ ထိန်းချုပ်ထားသော ကိုင်းဂျူး သားရဲများသည် ဂြိုလ်သားများ၏ ကိုင်းဂျူး သားရဲများနှင့် စတင်တိုက်ခိုက်ခဲ့ကြသည်။ ထိုနည်းတူစွာ ပင်လယ်သင်္ဘောများပေါ်တွင် ​လေဆာသေနတ်များအား တင်းကြပ်စွာ ကိုင်ဆောင်ထားကြသော စစ်သားများသည် ချည်းကပ်လာနေသော ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်းသားရဲများအား ချိန်ရွယ်ကာ ပစ်ခတ်ခဲ့​ကြသည်။

ဒတ်.. ဒတ်.. ဒတ်..

ဗုန်း.. ဗုန်း...

ဘုန်း.. ဘုန်း... ဘုန်း..

ကျယ်လောင်သော ပေါက်ကွဲမှုများနှင့် ကျည်ဆန်များ၏ တစ်ချွင်ချွင်မည်သံများ အော်ညည်းသံများနှင့်အတူ သားရဲများ၏ ခန္ဓာကိုယ်သည် ပင်လယ်ထဲသို့ ကျဆင်းကာ အပြာရောင်ပင်လယ်ပြင်အား သွေးနီရောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလာစေခဲ့သည်။

သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ကားနှင့် ဆင်တူသော တိုက်ပွဲအား ဖန့်ရန်သည် စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။

လေဆာ​သေနတ်များသည် ကိုင်းဂျူး သားရဲများအတွက် သိသာထင်ရှားသော ထိရောက်မှု မရှိသော်လည်း ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်းသားရဲများကို ကိုင်တွယ်ရာတွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိသည်။

အလတ်စား ရှေးဟောင်းသားရဲကို ကိုင်တွယ်ရန်အတွက် ကျည်တစ်တောင့်​ဖြင့် လုံလောက်သည်။ ၎င်းထက် ပိုကြီးသော သားရဲများကိုမှု ကျည်အနည်းငယ် သုံးပြီးမှ သတ်ဖြတ်နိုင်သည်။

သို့သော် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်းသားရဲများ၏ အရေအတွက်သည် အလွန်များပြား၏။ ၎င်းတို့သည် အရှိန်အဟုန်ကို ၎င်းက ပိတ်ဆို့နိုင်ခြင်း မရှိပေ။

အချို့သားရဲများသည် ရေအောက်မှ တိုက်ခိုက်ရန် ကြိုးစားခဲ့​ကြသော်လည်း သင်္ဘောများအောက်တွင် အသင့်စောင့်ကြိုနေသည့် ထိန်းချုပ်ထားသော ကိုင်းဂျူးသားရဲများစွာ ရှိ​နေသည်။

ထို့အပြင် လေဆာလက်နက်များသည် ရေအောက် ဆယ်မီတာ အနက်ထိပင် အကျိုးသက်​ရောက်မှု ရှိသောကြောင့် သင်္ဘောများဆီသို့ ချည်းကပ်လာ​နေ​ကြ​သော သားရဲများသည် အဆက်မပြတ် သေဆုံးနေကြရသည်။

ပင်လယ်စစ်သင်္ဘောများ၏ အမြောက်ကျည်များသည် စစ်သားများ၏ လေဆာလက်နက်များနှင့်အတူ သားရဲများ၏ အသက်များကို အဆက်မပြတ် ရိတ်သိမ်းနေ​ကြသည်။

သို့သော် ခိုင်မာသော ပင်လယ်စစ်သင်္ဘောများပင် ဉာဏ်ကောင်းသော သားရဲများက ၎င်းတို့၏ ကာကွယ်ရေးစွမ်းအားကို ရှောင်ကွင်း၍ ပြန့်ကျဲနေသော ပင်လယ်သင်္ဘောများကို တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဥပမာအ​နေဖြင့် တစ်နေရာတွင်တော့ သင်္ဘောတစ်စီး၏ တိုက်ခိုက်မှုအောက်တွင် ကိုင်းဂျူး သားရဲတစ်ကောင်ကို အကာအကွယ်ယူကာ အခြားသားရဲများစွာသည် တိုက်ခိုက်မှုများကို ရှောင်ကွင်း၍ သင်္ဘောပေါ်သို့ တက်ရောက်နိုင်ခဲ့​သည်ကို မြင်ရမည် ဖြစ်သည်။ ထိုသင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက် သားရဲများသည် သင်္ဘောပေါ်ရှိ လူများ၏ အသက်ကို ရိတ်သိမ်းခဲ့​ကြသည်။

ထို့အပြင် အလွန်ကြီးမားသော သန္ဓေပြောင်းသားရဲများသည် ပင်လယ်ရေအောက်ကနေ ပင်လယ်စစ်သင်္ဘောများကို တိုက်ခိုက်ကြ၏။ ၎င်းတို့၏ တိုက်ခိုက်မှုသည် အလွန်ပြင်းထန်ကာ ပင်လယ်စစ်သင်္ဘောများကို တိမ်းစောင်းသွားစေခြင်း သို့မဟုတ် မှောက်သွားစေနိုင်သည်အထိ အားပြင်းလှသည်။

"ငါအလှည့်ရောက်ပြီ။"

ဖန့်ရန်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါလော​ပေါ်နေသော ကိုင်းဂျူး သားရဲများ၊ ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ်များအား စိတ်ကျေနပ်စွာ တစ်ချက်ကြည့်လိုက်ပြီး၊ ရေအောက်သို့ တိတ်တဆိတ် ငုတ်လျို့ကာ စစ်မြေပြင်ဆီသို့ ကူးခတ်သွားလိုက်သည်။

"ဘာလို့ သားရဲတွေအရမ်းများနေရတာလဲ၊ ဒီသားရဲတွေက အဆုံးမရှိတော့ဘူးလား"

ဧရာမစစ်သင်္ဘောတစ်စီးပေါ်တွင် ဒေါသနှင့် ​မောပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်နေသည့်် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်​ယောက်က သူ၏ လက်ထဲက စက်သေနတ်ဖြင့် သားရဲများကို အဆက်မပြတ် ပစ်ခတ်ရင်း အော်ဟစ်လိုက်သည်။

သူ၏ ဘေးတွင် ရှိနေသော စစ်သားငယ်က သတ်လတ်ပိုင်းအရွယ် အမျိုးသား၏ ​အော်ဟစ်သံကို ကြားပြီးနောက် သူက ကူကယ်ရာမဲ့စွာ ပြုံးပြီး နှစ်သိမ့်သည်။

"ဦးလေးလင်း အကြီးအကဲက ဒီအခက်အခဲကနေ ရှင်သန်ပြီး ပထမဆုံး စစ်အခြေစိုက်စခန်း တည်ဆောက်နိုင်ရင် အနာဂတ်မှာ အလုပ်မလုပ်ရင်တောင် အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူစရာမလိုဘူးတဲ့ပြောတယ်"

"ငါဒီသားရဲတွေ မျိုးသုဉ်းတဲ့နေ့အထိ ငါအသက်ရှင်ရမယ်"

ဦးလေးလင်းက အော်ဟစ်ရင်း သူ၏ လက်ထဲရှိ စက်သေနတ်ဖြင့် သားရဲများကို ရူးသွပ်စွာ ပစ်ခတ်လိုက်သည်။ သူ၏ မျက်နှာတွင် ရူးသွပ်မှုဖြင့် ပြည့်နေသည်။

ရုတ်တရက် ဧရာမပင့်ကူကြီးတစ်ကောင် စစ်သင်္ဘောဆီသို့ ပုန်းလျို့ပုန်းကွယ် ချဉ်းကပ်လာကာ ကုန်းပတ်ပေါ်သို့ ခုန်တတ်လာရန် လုပ်သည်။ သို့သော် သတ်လတ်ပိုင်းအရွယ် အမျိုးသားက သတိထားမိလိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်သောကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

"ဟားဟားဟား၊ ဦးလေးလင်းရဲ့ တုံ့ပြန်မှုက အ​တော်​မြန်နှုန်းတာပဲ"

ထိုမြင်ကွင်းကို မြင်တွေ့လိုက်သော စစ်သားငယ်က ချီးကျူးလိုက်သည်။ ဦးလေးလင်းက အပြုံးဖြင့် ပြန်ဖြေရန် ပြင်လိုက်စဥ်တွင် ရေမျက်နှာပြင်ပေါ်သို့ ရေအောက်ကနေ ဧရာမအရိပ်ကြီးတစ်ခု ချည်းကပ်လာသည်ကို မြင်လိုက်ရသောကြောင့် သူ၏ အာရုံကို ပြောင်းသွားခဲ့သည်။

"သားရဲကြီး တစ်ကောင်တက်လာနေပြီ"

သူက ရေရွတ်ရင်း လက်ထဲရှိ စက်သေနတ်ဖြင့် ထိုနေရာသို့ ချိန်ရွယ်လိုက်သော်လည်း နောင်တစ်ခဏတွင် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

"အဲ့ဒါက..."

ဦးလေးလင်း အံ့အားသင့်သွားသည်။ စစ်သားငယ်လည်း သတ်လတ်ပိုင်းအရွယ် အမျိုးသား၏ တုံ့ပြန်မှုကို သတိထားမိလိုက်ပြီး ၎င်းကြည့်နေသော လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သည်။ ထိုအခါ သူသည် ရုတ်တရက် ထွက်ပေါ်လာသော ဧရာမသားရဲကြီးကို သတိထားမိလိုက်သည်။

ဝေါ...

ရေထု၏ ပြိုကွဲသံနှင့်အတူ စစ်သင်္ဘောသည် ယိမ်းယိုင်စပြုလာသည်။ ဦးလေးလင်းနှင့် သူ၏ ဘေးရှိ လူငယ်စစ်သားတို့က ဟန်ချက်မပျက်စေရေးအတွက် လက်ရန်းကို လျင်မြန်စွာ ကိုင်လိုက်​ကြသည်။

သူတို့သည် အနားတွင် ရုတ်တရက် ထွက်ပေါ်လာသော ဧရာမသားရဲကြီးကို အံ့အားသင့်စွာ ​ငေးကြည့်နေကြသည်။

"ဧရာမမြွေကြီးလား"

.....

All Chapters