← Chapters

အံ့ဖွယ် ဧရာမမြွေကြီး

Vol. 20 Ch. 253

အံ့ဖွယ် ဧရာမမြွေကြီး

Vol. 20 Ch. 253

"ဂါး"

မိကျောင်းကိုင်းဂျူးက ​​နာကျင်မှုကြောင့် ဟိန်းဟောင်သည်။ ဤအခိုက်အတန့်ကို အခွင့်အရေးယူကာ မဒ်တိုက်ဂါးက ချက်ချင်းပင် ထွက်ပြေးလိုက်သည်။

မီတာ (၃၀၀) ခန့်ထွက်ပြေးပြီးနောက် မဒ်တိုက်ဂါးသည် ၎င်း၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ မိကျောင်းကိုင်းဂျူးကို ပြန်လှည့်ကြည့်၏။

ဤဧရိယာရှိ လူများသည် မိကျောင်းကိုင်းဂျူးနှင့် ဧရာမမြွေကြီးတို့၏ တစ်ဖက်သက် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။

ဧရာမမြွေကြီး တစ်ကောင်သည် မိကျောင်းကိုင်းဂျူး၏ လည်ပင်းကို ကိုက်ခဲထားပြီး၊ တစ်ချိန်တည်းမှာပင် ၎င်း၏ အလွန်ရှည်လျားသော ခန္ဓာကိုယ်အားအသုံးပြု၍ မိကျောင်းကိုင်းဂျူးကို ရစ်ပတ်​နေသည်။

ဖန့်ရန်၏ အခြေခံစွမ်းရည်သည် ယခုထိတိုင် ရှိနေသေး၏။ သူသည် သူ၏ ခန္ဓာကိုယ်ရှိ စွမ်းအားကြီးမားသော ကြွက်သားများကို အသုံးပြုကာ မိကျောင်းကိုင်းဂျူး၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း တင်းကျပ်နေပြီး အလွန်နာကျင်စေခဲ့သည်။

သူ၏ စွမ်းအားကြီးမား​သော ကြွက်သားများဖြင့် လေယာဉ်တင် သင်္ဘော၊ မိုးမျှော်တိုက်၊ အစရှိသည့် အရာများကို ညင်သာစွာ ရစ်ပတ်ရုံဖြင့် သံတိုသံစများအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

မိကျောင်းကိုင်းဂျူးသည် နာကျင်မှုကြောင့် အသည်းအသန် ရုန်းကန်နေပြီး၊ ဖန့်ရန်၏ ရစ်ပတ်မှုအောက်ကနေ လွတ်မြောက်ရန် ကြိုးစားနေသည်။ သို့သော် ၎င်း၏ စွမ်းအားသည် ဖန့်ရန်၏ စွမ်းအားနှင့် မယှဉ်နိုင်သောကြောင့် ပိုပို၍ အညှစ်ခံလာရသည်ကို အကူအညီမဲ့စွာဖြင့် ရုန်းကန်နေရုံသာ တတ်နိုင်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဖန့်ရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အသုံးပြု၍သာ ၎င်းအား သတ်ဖြတ်မည်ဆိုပါက အချိန်ယူရမည်ကို ခန့်မှန်းမိလိုက်သည်။ ထိုကြောင့် သူသည် မိကျောင်းကိုင်းဂျူးအား သတ်ဖြတ်ရန်အတွက် အိုဗာကလော့ တုန်ခါမှုကို အသုံးပြုလိုက်သည်။

"ဂရား"

မိကျောင်းကိုင်းဂျူးသည် နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်ပြီး၊ ၎င်း၏ ရုန်းကန်မှုများ ရပ်တန့်သွားသည်။ မိ​ကျောင်းကိုင်းဂျူး သေဆုံးသွားသည်၊ သေချာပြီးနောက် ဖန့်ရန်သည် ၎င်းအား မြိုချလိုက်သည်။

"ဟူး"

စစ်သင်္ဘောတစ်စင်းပေါ်တွင်တော့...။

ဦးလေး လင်းဘေးရှိ လူငယ်စစ်သားက သက်ပြင်းချလိုက်သည်။ သူသည် မဒ်တိုက်ဂါးအား တိတ်တဆိတ် စိုက်ကြည့်လိုက်ပြီး စိတ်သက်သာရာရ​နေခဲ့သည်။

သူသည် ဧရာမမြွေကြီးကို ကျေးဇူးတင်မိသည်။

အကယ်၍ ၎င်းသာ မိကျောင်းကိုင်းဂျူး၏ အာရုံကို မဆွဲ​ဆောင်သွားခဲ့လျှင် မဒ်တိုက်ဂါးသည် သေဆုံးသွားမည် ဖြစ်သည်။

ထို့အပြင် သူ၏ ရည်းစား​ဖြစ်သူသည် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်ကို ခံလိုက်ရနိုင်ပြီး၊ သူမ၏ စိတ်ဝိညာဉ်သည် ဒဏ်ရာရသွားပေလိမ့်မည်။ ၎င်းသည် အပေါ့ပါးဆုံးသော ယူဆချက်ဖြစ်ပြီး အဆိုးဆုံးကတော့ သူမသည် တစ်ခါတည်း သေဆုံးသွားခြင်း ဖြစ်သည်။

ထို့အပြင် မဒ်တိုက်ဂါးသည် ယူနစ် ညာဘက်ခြမ်းကို ကာကွယ်ရန်အတွက် တာဝန်ယူထားရသူ ဖြစ်သည်။ အကယ်၍ ၎င်းသာ သေဆုံးသွားမည်ဆိုလျှင် ကိုင်းဂျူး သားရဲအများအပြားသည် ယူနစ် ညာဘက်ခြမ်းကနေ ထိုးဖောက်ဝင်ရောက်လာပြီး စစ်သင်္ဘောတွေအပေါ်က လူများအား သတ်ဖြတ်မည် ဖြစ်ပြီး၊ သူနှင့် ဦးလေး လင်းသည်လည်း သေဆုံးသွားပေလိမ့်မည်။

မဒ်တိုက်ဂါးသည် ဧရာမမြွေကြီးကို ကျေးဇူးတင်ခဲ့သော်လည်း ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်မနေနိုင်ပေ။ သူသည် အခြားကိုင်းဂျူး သားရဲများကို သတ်ဖြတ်ရမည် ဖြစ်သောကြောင့် အနားရှိ သားရဲများကို ဆက်လက်သတ်ဖြတ်လိုက်သည်။

မိနစ်အနည်းငယ် ကုန်ဆုံးမြင့်ပြီးနောက် ယူနစ် ညာဘက်ခြမ်းသည် ယခင်အတိုင်း ပြန်ဖြစ်လာသည်။ ၎င်းတို့သည် အဆက်မပြတ် ဝင်ရောက်လာနေသော သားရဲများကို အာရုံစိုက်ကာ သတ်ဖြတ်နေကြသည်။

"စနစ်အမှတ် ခုနှစ်သိန်း ရခဲ့ပြီ"

ဖန့်ရန်က မိကျောင်းကိုင်းဂျူးကို စားသောက်ပြီးနောက်တွင် စိတ်ကျေနပ်စွာ ရေရွတ်၍ သားရဲများကို ဆက်လက်စားသောက်ရန် ပြင်ဆင်သည်။

သူသည် စနစ်အမှတ်ရှာဖွေရခက်ခဲသော အချိန်ကာလနှင့် ကြုံခဲ့ရသောကြောင့် ယခုလိုအချိန်အခါတွင် သားကောင်များစွာကို စားသောက်ကာ စနစ်အမှတ်အများကြီး ရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေသည်။ သူသည် ကိုင်းဂျူး သားရဲများကို စားသောက်မည်ဖြစ်ကာ ဤအပြာရောင်ဂြိုလ်က လူသားများကို ကူညီရမည့် အဖြစ်အား စိတ်ထဲမထားတော့ပေ။

သူသည် လူသားမဟာမိတ်ဘက်သို့ အနည်းငယ် ယိမ်းယိုင်နေခဲ့ပြီ ဖြစ်သည်။ သူသည် ထို့ကြောင့်ပင် ဂြိုလ်သားများဘက်က ကိုင်းဂျူး သားရဲများကို ပစ်မှတ်ထားစားသောက်နေခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဂြိုလ်သားများဘက်က ကိုင်းဂျူး သားရဲများအပြင် လူသားများ ထိန်းချုပ်ထားသော ကိုင်းဂျူး သားရဲများကို စားသောက်ခဲ့မည်ဆိုလျှင် နှစ်ဖက်စလုံး၏ တန်ပြန်တိုက်ခိုက်မှုကို ခံရမည် ဖြစ်သည်။

သို့သော် သူက ဤမျှမစဉ်းစားတက်သည့် မိုက်မဲသူ မဟုတ်ပေ။

သူသည် သားရဲစစ်တပ်၏ ထောင့်နေရာတစ်ခုသို့ ကူးခတ်သွားပြီးနောက် မိုးကြိုးဒိုမိန်းကို အသက်သွင်းလိုက်သည်။ သို့သော် သူသည် ၎င်းအား သူ့ပတ်ပတ်လည် မီတာ (၅၀၀) ဧရိယာအဖြစ် ကန့်သတ်ထားသည်။

ခရမ်းရောင်မိုး​ကြိုးပင်လယ်သည် စစ်မြေပြင်တွင် ရုတ်တရက် ပေါ်လာပြီး ၎င်းအချင်းအတွင်းရှိ သားရဲများအားလုံးအား သုတ်သင်ပြစ်ခဲ့သည်။ ဤစွမ်းရည်သည် ပင်လယ်ထဲတွင် အလွန်ထိ​ရောက်မှု ရှိသည့် စွမ်းရည်တစ်ခုဟု ဆိုနိုင်ပေသည်။

ဖန့်ရန်သည် လျှပ်စစ်ဓာတ်ကြောင့် ဇိဝိန်ကြွေသွားခဲ့သည့် သားရဲများအား အရှိန်အဟုန်ဖြင့် ဝါးမြိုခဲ့ပြီး စနစ်အမှတ်များသည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

စနစ်အမှတ် သန်း ၆၀၊ စနစ်အမှတ် သန်း ၇၀...

ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်းသားရဲများစွာကို စားသုံးပြီးနောက် ဖန့်ရန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

အဆင့် (၆) ကိုင်းဂျူး သားရဲနှစ်ကောင်သည် လေသင်္ဘောအုပ်စုနှင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ကိုင်းဂျူး သားရဲနှစ်ကောင်သည် တိုက်လေယာဉ်များစွာနှင့် လေသင်္ဘောအသေးစား အချို့ကို ဖျက်စီးပစ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ အခြေအနေသည်လည်း ကောင်းမ​နေပေ။ ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများက ဖုံးလွှမ်းနေသည်။

ပြန်လည်ကုသနိုင်စွမ်းသည် အလွန်အစွမ်းထက်သော်လည်း စွမ်းအင် အကန့်အသတ်ရှိ၏ ထိခိုက်ဒဏ်ရာရလေလေ ပြန်လည်ကုသနိုင်စွမ်းကြောင့် အနာကျက်သည် အမြန်နှုန်းသည်လည်း နှေးလာလေလေ ဖြစ်သည်။

"ဝေါင်း"

ရုတ်တရက် အဆင့် (၆) ကိုင်းဂျူး သားရဲတစ်ကောင်သည် ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ပြီး ကောင်းကင်ယံကနေ ပင်လယ်ထဲသို့ ထိုးဆင်းလာသည်။

"မြန်မြန်တား​ကြစမ်း။ ဒီသားရဲ အောက်က စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ကြံနေပြီ"

"ဒီသားရဲကို ပင်လယ်စစ်သင်္ဘောတွေ ဖျက်စီးခွင့် မပြုနိုင်ဘူး။ တပ်ဖွဲ့ နံပတ်နှစ် အခုချက်ချင်း တားဆီးပါ"

"အဆင့်ခြောက် ကိုင်းဂျူး သားရဲ ငါတို့ဆီ ပျံသန်းလာနေတယ်"

ပင်လယ်စစ်သင်္ဘောတွေအပေါ်ရှိ နိုင်ငံငယ်များကလာသော စစ်သားများသည် တုန်လှုပ်သွား​ကြသည်။ အဆင့် (၆) ကိုင်းဂျူး သားရဲသည် အဆင့် (၅) နှင့် အပြတ်အသက်ကွာခြားသည်၊ ၎င်းသည် ကျားနှင့် ကြောင်ကဲ့သို့ လုံးဝကွာ​ခြား​ခြင်း ဖြစ်သည်။ ထိုကြောင့်ပင် စစ်သားများသည် ဤအဆင့်ရှိ ကိုင်းဂျူး သားရဲနှင့် ရင်ဆိုင်ရချိန်တွင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။

"ဂလု"

ပင်လယ်စစ်သင်္ဘောတွေအပေါ်ရှိ လူငယ်စစ်သားများသည် အောက်သို့ ထိုးဆင်းလာသော နဂါးအသွင် ကိုင်းဂျူး သားရဲကိုကြည့်ကာ တံတွေးမျိုချမိလိုက်ကြသည်။

ကံကောင်း​ထောက်မစွာဖြင့် ယင်းအဆင့် (၆) ကိုင်းဂျူး သားရဲသည် ဤလူငယ်စစ်သားများဆီသို့ တိုက်ရိုက်ပျံသန်းမလာပေ။

သို့သော် လူတိုင်းက လေယာဉ်တင်သင်္ဘောများ ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာရန် အလွန်ခက်ခဲမည်ကို နားလည်ထား​ကြသည်။

အဆင့် (၆) ကိုင်းဂျူး သားရဲ ပစ်မှတ်ထားသည်က ရုရှားတို့၏ လေယာဉ်တင်သင်္ဘောအုပ်စု ဖြစ်သည်။ ရုရှားတို့သည် အခြားသော ကြောက်တတ်သူများနှင့် မတူကြပေ။ ရုရှားစစ်သားများသည် သူတို့၏ လက်များကို အလုပ်ပေးကာ စတင်ပြင်ဆင်ကြသည်။

"အမြောက်တပ် အသင့်ပြင်"

စစ်သင်္ဘောတစ်စင်းပေါ်တွင် လူတစ်ယောက်က သူ၏ လက်ထဲတွင် မိုက်ခရိုဖုန်းအဟောင်းတစ်ခုကို ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးနေသည်။ ဤပင်လယ်ဧရိယာတွင် လျှပ်စစ်သံလိုက်လှိုင်းများ မတည်ငြမ်သောကြောင့် အခြားသော ဆက်သွယ်ရေးကိရိယာများ အသုံးပြု၍ မရပေ။

သူသည် သူတို့ဆီသို့ ထိုးစိုက်ဆင်းလာနေသော အဆင့် (၆) ကိုင်းဂျူး သားရဲကို ကြည့်​နေပြီး ခိုင်မာသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

"ပစ်"

သူ၏ ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးသံနှင့်အတူ အနားရှိ စစ်သင်္ဘောများသည် အောက်သို့ ထိုးဆင်လာနေသော အဆင့် (၆) ကိုင်းဂျူး သားရဲဆီသို့ အမြောက်ကျည်များ တစ်ခုပြီး တစ်ခု ပစ်လွှတ်လိုက်သည်။

တိုက်လေယာဉ်များသည်လည်း အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး နဂါးကိုင်းဂျူးသားရဲအား လေကြောင်း တိုက်ခိုက်မှုပြုလိုက်ရာ နဂါးအသွင် ကိုင်းဂျူး သားရဲသည် အပေါ်နှင့် အောက် ကြားညှပ်တိုက်ခိုက်ခြင်း ခံလိုက်ရသည်။

"ဂါးး"

ရုတ်တရက် အဆင့် (၆) ကိုင်းဂျူး သားရဲသည် ၎င်း၏ ခေါင်းကိုမော့ကာ ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ပြီး၊ သူ၏ ပါးစပ်ကိုဟကာ ရုရှားတို့၏ လေယာဉ်တင်သင်္ဘောများဆီသို့ ဧရာမလေဆာတန်းအား ပစ်လွှတ်လိုက်ရာ မီတာ (၂၀၀) ရှည်လျားသော စစ်သင်္ဘောတစ်စင်းသည် ပေါက်ကွဲပျက်စီးကာ ပင်လယ်ထဲ နစ်မြုပ်သွားခဲ့သည်။

"မဖြစ်ဘူး..."

ရုရှားတို့၏ လေယာဉ်တင်သင်္ဘောအုပ်စုရှိ စစ်သားများ၊ အရာရှိများ ကျယ်လောင်စွာ အော်ဟစ်ကြသည်။ ထိုစစ်သင်္ဘောပေါ်တွင် သူတို့၏ သူငယ်ချင်း၊ မိတ်ဆွေများ ရှိနေပြီး ယခု​တော့ သူတို့အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

ဝမ်းနည်းပူဆွေးသွားကြသော်လည်း ရုရှားတို့သည် အဆင့် (၆) ကိုင်းဂျူး သားရဲဆီသို့ အမြောက်များထပ်မံ ပစ်လွှတ်လိုက်သည်။

"ဒီနေရာလောက်ဆို အဆင်ပြေသင့်ပြီ"

ဖန့်ရန်သည် သူ၏ စိတ်ထဲတွင် တွေးတောကာ အဆင့် (၆) ကိုင်းဂျူး သားရဲကို စောင့်ဆိုင်းရန် ပင်လယ်ရေမျက်နှာပြင် နေရာသို့တစိခုဆီသို့ ကူးခတ်သွားလိုက်သည်။

အဆင့် (၆) ကိုင်းဂျူး သားရဲသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၄၀၀) ခန့်တွင် ရှိနေစဉ် ဖန့်ရန်သည် လေဆာတန်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထိုနောက် စူးရှသော အလင်းတန်းတစ်ခုသည် သူ၏ ပါးစပ်မှထွက်ကာ အဆင့် (၆) ကိုင်းဂျူး သားရဲ၏ လည်ပင်းဆီသို့ တိုးဝင်သွားခဲ့သည်။

ဗုန်း...

လေဆာတန်းကြောင့် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ လည်ပင်းတွင် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများနှင့် အသားစများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။ နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ဦးခေါင်းသည် ၎င်း၏ ခန္ဓာကိုယ်၏ ပါးလွှာသော အ​ရေ​ပြားဖြင့် ချိတ်ဆက်နေသည်။

သို့သော် အဆင့် (၆) ကိုင်းဂျူး သားရဲသည် ၎င်းကြောင့် ချက်ချင်း သေဆုံးမသွားပေ။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အတောင်ပံများကို အလျင်အမြန် ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်ရန်ကြိုးစားနေသည်။

"ဒီသောက်ခွေးကောင် ထွက်ပြေးတော့မယ်"

ရုရှား၏ စစ်တပ်ဗိုလ်​ကြီးသည် ၎င်းတို့၏ အဓိကမိခင်သင်္ဘောပေါ်တွင် ကျယ်လောင်စွာ ဆဲဆို​နေသည်။ နဂါးအသွင် ကိုင်းဂျူး သားရဲ ချက်ချင်း မသေဆုံးခြင်းသည် သူ့အား အလွန်အမင် စိတ်မသက်မသာ ခံစားရစေသည်။

ပင်လယ်စစ်သင်္ဘောများသည် သေခါနီးဖြစ်နေသော အဆင့် (၆) ကိုင်းဂျူး သားရဲအား အမြောက်ကျည်များ တစ်စင်းပြီး တစ်စင်းပစ်လွှတ်ကာ တိုက်ခိုက်ခဲ့ကြသည်။

အမြောက်ကျည်အများစုသည် အဆင့် (၆) ကိုင်းဂျူး သားရဲအား လွဲချော်သွားခဲ့ပြီး အခြားအမြောက်ကျည်အများစုသည်လည်း အဆင့် (၆) ကိုင်းဂျူး သားရဲ၏ အလွန်လျင်မြန်သော အမြန်နှုန်းကြောင့် နောက်တွက် ပျက်ကျကျန်ရစ်ခဲ့ကြသည်။

လူအများအပြားသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ ဤသည်က သူတို့အတွက် စိတ်ပျက်အားငယ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်သည်။

ရုတ်တရက် နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် သိပ်မဝေးသော နေရာတစ်ခုကနေ ရေစည်ပိုင်းခန့် အထူရှိသော လျှပ်စီးကြောင်းတစ်ခုသည် ထွက်လာပြီး အသည်းအသန် ထွက်ပြေးနေသည့် နဂါးအသွင် ကိုင်းဂျူးသားရဲဆီသို့ တိုးဝင်သွား၏။

"ဂရား"

အဆင့် (၆) ကိုင်းဂျူး သားရဲသည် ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။ ၎င်းသည် လွတ်မြောက်ရန် အလိုငြား အကူအညီတောင်းရန် အော်ဟစ်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် ထူထဲသော လျှပ်စီးကြောင်းတစ်ခု သူ့အပေါ်သို့ ထက်မံကျရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ နဂါးအသွင် ကိုင်းဂျူး သားရဲသည် မှန်မှန်ကန်ကန် ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ပေ။ နဂါးအသွင် ကိုင်းဂျူး သားရဲသည် သူ၏ အတောင်ပံများကို ခတ်ရန်အတွက် ရုန်းကန်နေရပြီး ယိမ်းယိုင်းနေသည်။ ဤအတိုင်းသာဆိုလျှင် ၎င်းလေထဲကနေ ပြုတ်ကျရန် အချိန်သိပ်မကြာတော့ပေ။

"ဝေါင်း"

ဤအချိန်မှာပင် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ အောက်က​နေ မိုးချုန်းသံကဲ့သို့သော ကျယ်လောင်သော ဟိန်းဟောင်သံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ဟိန်း​ဟောင်သံကို ဖိနှိပ့်လိုက်သည်။

ဤဟိန်း​ဟောင်သံတွင် ကမ္ဘာပေါ်ရှိ သားရဲများ၏ ဟိန်းဟောင်သံကို ဖိနှိပ့်နိုင်သော အာဏာစက်တစ်မျိုး ပါဝင်နေသည်။

ရေမျက်နှာပြင်သည် ရုတ်တရက် ကွဲထွက်သွားပြီး အံ့ဖွယ်ကောင်းသော သားရဲတစ်ကောင် ထွက်လာခဲ့သည်။ ၎င်းသည် ကောင်းကင်ယံတွင် ကောင်းစွာ ပျံသန်းရန်ကြိုးစားနေရသော အဆင့် (၆) ကိုင်းဂျူး သားရဲဆီသို့ ခုန်အုပ်လိုက်သည်။

"အဲ့ဒါက"

ရုရှား၏ စစ်ဗိုလ်​ကြီးနှင့် သူ၏ လူများသည် ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ သားရဲ​ကြီးကို တုန်ရီစွာဖြင့် ကြည့်လိုက်​ကြသည်။

ဤသားရဲကြီးသည် ဧရာမမြွေကြီးပင် ဖြစ်သည်။

ဟွာရှ၏ မိကျောင်းကိုင်းဂျူးကို တိုက်ခိုက်ရာတွင် ကူညီပေးစဉ်က ဧရာမမြွေကြီးကို မြင်​တွေ့ခဲ့ရပြီ ဖြစ်သော်လည်း ထိုအချိန်က ဤမျှလောက် ထိတ်လန့်ခဲ့ခြင်း မရှိပေ။

ဧရာမမြွေကြီး၏ လုပ်ဆောင်ချက်တိုက်းက အလွန်အံ့အားသင့်စရာ ကောင်း​နေခဲ့သည်။

လှိုင်း​လေထန်​နေသော ပင်လယ်ရေမျက်နှာပြင်အောက်ကနေ မီတာ (၃၀၀) ကျော်ရှည်လျားသော ဧရာမမြွေကြီး တစ်ကောင်သည် ခုန်ထွက်လာခဲ့ပြီး ၎င်း၏ ဧရာမပါးစပ်​ကြီးဖြင့် နဂါးအသွင် ကိုင်းဂျူး သားရဲကို ဖမ်းချုပ်ကာ ရေအောက်သို့ ဆွဲချရန် ကြံစည်ခဲ့သည်။

"ဂါး"

အဆင့် (၆) ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောင်၍ လွတ်မြောက်ရန် ရုန်းကန်ခဲ့သော်လည်း ၎င်း၏ သေဆုံးရမည့် ကံကြမ္မာက မလွတ်မြောက်နိုင်ခဲ့ပေ။

အဆင့် (၆) ကိုင်းဂျူး သားရဲ၏ ခြေထောက်သည် ဧရာမမြွေကြီး၏ အောင်မြင်စွာ အကိုက်ခံလိုက်ရပြီး၊ ၎င်းသည် ပင်လယ်ရေအောက်သို့ ဆွဲချခြင်း ခံလိုက်ရသည်။

.....

All Chapters