အသေးစား တိုးတက်မှု
Vol. 20 Ch. 254
ဝုန်း...
ဧရာမသားရဲကြီးနှစ်ကောင်၏ ပင်လယ်ရေမျက်နှာပြင်သို့ ကျဆင်းလာခြင်းသည် ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် အပြာရောင် ကိုင်းဂျူး သားရဲသွေးများသည် ပတ်ဝန်းကျင် ပင်လယ်ဧရိယာသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဖန့်ရန်သည် အဆင့် (၆) ကိုင်းဂျူး သားရဲ၏ ခြေထောက်ကို ကိုက်ထားပြီး၊ သူ၏ အလွန်ရှည်လျားသော ခန္ဓာကိုယ်ကို အသုံးပြုကာ နဂါးအသွင် ကိုင်းဂျူး၏ အဆုတ်ထဲရှိ လေအားလုံးကို ညှစ်ထုတ်လိုက်သည်။
"ဝူးး"
အဆင့် (၆) ကိုင်းဂျူး သားရဲ၏ ပါးစပ်ကနေ ကျယ်လောင်ကာ ဝေဝါးသော ဟိန်းဟောင်သံ ထွက်ပေါ်လာသည်။ ၎င်းသည် အရူးအမူး ရုန်းကန်နေသော်လည်း ဖန့်ရန်၏ ရစ်ပတ်ခံထားရခြင်းကနေ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။
နဂါးအသွင် ကိုင်းဂျူးသားရဲသည် ဆက်တိုက်ရုန်းကန်နေသော်လည်း ဖန့်ရန်သည် ဂရုစိုက်ခြင်း မရှိပေ။ သူသည် သူ၏ ဧရာမပါးစပ်ကြီးဖြင့် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်က အသားတစ်စကို တိုက်ရိုက် ဆွဲဖြဲလိုက်သည်။
အဆင့် (၆) နဂါးအသွင် ကိုင်းဂျူးသားရဲသည် ဆက်လက် အော်ဟစ်နေသေးသော်လည်း ၎င်း၏ အော်ဟစ် ဟိန်းဟောင်သည် တဖြည်းဖြည်း ပိုပိုအားနည်းလာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ ဆယ်မိနစ်ပင် မကြာမီလိုက်ပေ။ ဖန့်ရန်သည် နဂါးအသွင် ကိုင်းဂျူး သားရဲကို စားသောက်ခြင်း ပြီးစီးသွားသည်။
"ရွှီး"
ဖန့်ရန်က သူ၏ (၉) ပေခန့် ရှည်လျားသည့် လျှာကို လှုပ်လိုက်ပြီး ကျယ်လောင်သော ရွှီးခနည်း အသံပြုကာ ပင်လယ်ရေနက်ပိုင်းသို့ ထိုးဆင်း၍ ဦးတည်ရာတစ်ခုဆီသို့ သွားလိုက်သည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာ အနားရှိ စစ်သင်္ဘောတွေအပေါ်က စစ်သားများသည် စိတ်သက်သာရာ ရနေကြသည်။ ဤကဲ့သို့ ဧရာမသားရဲကြီးအား သူတို့ဘေးတွင် မြင်တွေ့နေရသည်ကို မည်သူမျှ စိတ်သက်သာရာ ရမည် မဟုတ်ပေ။ ထို့ကြောင့်ပင် ဧရာမသားရဲကြီး ထွက်ခွာသွားခြင်းက စစ်သားများအား စိတ်သက်သာရာ ရစေခဲ့သည်။
"ဧရာမမြွေကြီးက ဘာမျိုးစိတ်လဲ။ သူက ကြီးထွားနိုင်စွမ်း အကန့်အသတ်မရှိတဲ့အပြင် သူ့ရဲ့ ကြီးထွားမှု အမြန်နှုန်းကလည်း တိုင်းတာလို့မရဘူး"
ဟွာရှ၏ မိခင်သင်္ဘောပေါ်တွင်တော့ သိပ္ပံပညာရှင် ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ်များအား အဆက်မပြတ် စားသောက်နေသော ဧရာမမြွေကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူ၏ နံဘေးတွင် သူ၏ တပည့်နှစ်ယောက် ရှိနေသည်။
"ပါမောက္ခ ဟန်ချို၊ ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ ပေါ်လာခဲ့ဖူးတဲ့ စပါးကြီးမြွေက ဒီဧရာမမြွေကြီး ဖြစ်တယ်လို့ ဆရာ သီအိုရီ ထုတ်ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ဖူးတယ်"
ဘယ်ဘက်အခြမ်းတွင် ရပ်နေသော မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်က သူ့ကို မေးလိုက်သည်။
အသက် (၄၆) နှစ်ရှိနေပြီဖြစ်သော ဟန်ချိုက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
"အမှန်တကယ်တော့ ဒီဧရာမမြွေကြီးကို ငါလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နတ်သမီးတောင်တန်းမှာ တွေ့ခဲ့ဖူးတဲ့ ဆယ်နှစ်မီတာ အရှည်ရှိတဲ့ စပါးကြီးမြွေလို့ ငါ့ဆီမှာ သံသယတစ်ခု ရှိနေသေးတယ်"
"ဒါဆို ဆရာရဲ့ ဆရာနဲ့ ဆရာတို့ တွေ့ခဲ့ရတဲ့ မြွေက အတူတူပဲလား"
ညာဘက်အခြမ်းတွင် ရပ်နေသော လူငယ်က အချိန်ကိုက် ဝင်မေးသည်။
ဟန်ချိုက ခေါင်းညိတ်လိုက်သည်။
"အဲ့ဒီစပါးကြီးမြွေက ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ ပေါ်လာခဲ့ဖူးတဲ့ မီးခိုးရောင် စပါးကြီးမြွေတစ်ကောင်လို့ ငါသံသယဝင်ခဲ့သေးတယ်။ ဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။ ဒါပေမဲ့ ဒီဧရာမမြွေကြီးသာ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုရင် နတ်သမီးတောင်တန်းမှာ မြင်တွေ့ခဲ့ရတဲ့ စပါးကြီးမြွေရယ် ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ ပေါ်လာခဲ့ဖူးတဲ့ စပါးကြီးမြွေရဲ့ အကြောင်းကို ဆက်စပ်တွေးတောလိုက်ရင် အဓိပ္ပါယ်ရှိလာတယ်"
"ဒါပေမဲ့ ဒါက ငါ့ရဲ့ သံသယသက်သက်ပါပဲ။ နတ်သမီးတောင်တန်းက စပါးကြီးမြွေရယ် ယူဂန်ဒါ မြက်ခင်းပြင်ဒေသက စပါးကြီးမြွေရယ် ဒီဧရာမမြွေကြီးရယ်က တူညီတဲ့ မြွေတစ်မျိုးတည်းလို့ အတိအကျ ငါလည်း မပြောတတ်ဘူး"
ဟန်ချိုသည် လုံးဝကြီး ကောက်ချက်မချပေ။ သူသည် ဧရာမသားရဲမျိုးစုံ၏ ရုပ်ခန္ဓာများကို ပျော်ရွှင်စွာ စားသောက်နေသော ဧရာမမြွေကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်မိသည်။
အကယ်၍ ၎င်းသာ သားရဲတစ်ကောင်တည်းဆိုလျှင် ၎င်းသည် ဆယ်နှစ်ကျော်နှင့်ပင် သာမာန်သားရဲငယ်ဘဝကနေ ကမ္ဘာစွမ်းအားအကြီးဆုံး သားရဲကြီးအဖြစ် ပြောင်းလဲသွားခြင်းဟု ဆိုလိုသည်။
ဂြိုလ်သားများ၏ ဤအပြာရောင်ဂြိုလ်သို့ လာရောက်တိုက်ခိုက်ခြင်းသည် ၎င်းအတွက်အထောက်အပံ့လာပေးသလို ဖြစ်နေသည်။
ဤသည်က ၎င်းသည် ဇာတ်လိုက် ဖြစ်သည်ဟု ဆိုလိုနေသလိုပင်။
ဤသို့ တွေးတောမိလိုက်သော ဟန်ချိုက ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤဂြိုလ်တွင် အမြဲတမ်းလိုလို အဆင့်မြင့်သက်ရှိများ ဖြစ်နေခဲ့သော လူသားများက ယခုအခါတွင်တော့ စပါးကြီးမြွေကဲ့သို့ အဆင့်နိမ့်သက်ရှိကို ရှုံးနိမ့်နေရပြီ ဖြစ်သည်။
ဖန့်ရန်သည် မိတ်ဆွေဟောင်းတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ကို မသိခဲ့ပေ။ ဟန်ချိုသည် အသက်ရှင်နေဆဲဖြစ်ကာ ဤစစ်မြေပြင်တွင် ရှိနေသည်ကို သူမသိပေ။
ထို့အပြင် သူသည် ဟန်ချိုကို တွေ့ခဲ့လျှင်ပင် မှတ်မိဖို့ မသေချာပေ။ သူသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် နတ်သမီးတောင်တန်းတွင် ကျားတစ်ကောင်နှင့် တိုက်ခိုက်နေစဉ် မြင်တွေ့ခဲ့ရသော ပါမောက္ခ အဘိုးကြီးနှင့် သူ၏ တပည့်ငယ်ကို မှတ်မိနေမည် မဟုတ်ပေ။
ဆယ်နှစ်ကျော် ကြာမြင့်ပြီးနောက် ထိုတပည့်ငယ်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်လာသည်ကို ကို၍ပင် ပြောစရာပင် မလိုတော့ပေ။
"စနစ်အမှတ် သန်းတစ်ရာ"
ဖန့်ရန်က စိတ်ထဲက ရေရွတ်လိုက်သည်။ သည်နေ့မှာပဲ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သည့် စနစ်အမှတ်များ စုဆောင်းနိုင်မလားဆိုပြီး သူတွေးမိသည်။
သူသည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရေမျက်နှာပြင်ပေါ်တွင် ပေါလောနေသော ရုပ်ခန္ဓာများအား ဆက်လက် စားသုံးရန် ပြင်ဆင်နေစဉ် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ရုတ်တရက် ကျန်ရှိနေသော အဆင့် (၆) ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောင်ပြီးနောက် ၎င်းလာရာလမ်းကြောင်းအတိုင်း လှည့်ကာထွက်ပြေးသွား၏။
အခြားသော ကိုင်းဂျူး သားရဲများနှင့် ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများသည်လည်း ၎င်းတို့နောက်က ပြေးလိုက်သွားကြသည်။ ယခုလေးတင် လေယာဉ်တင်သင်္ဘောအုပ်စုကို အပြင်းအထန် တိုက်ခိုက်နေသော ဧရာမသားရဲများသည် စက္ကန့်ပိုင်းအတွင် ထွက်ပြေးကြသည်။ ၎င်းတို့သည် လူသားမဟာမိတ်များ တုံ့ပြန်ရန် အခွင့်အရေးပင် မပေးဘဲ အလျင်အမြန် ပြေးလွှားပျောက်ကွယ်သွားကြသည်။
ဖန့်ရန်သည် ဆင့်ကဲဖြစ်စဉ်အတွက် စိတ်ကူးယဉ်နေစဉ်မှာပင် ဧရာမသားရဲများ၏ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြသည်ကို မြင်တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ သူသည် တိတ်တဆိတ်ပင် စောင့်ကြည့်နေလိုက်သည်။
"သေချာပေါက် ဒါက မလွယ်ကူဘူးလို့ ငါထင်သားခဲ့တယ်"
ဖန့်ရန်သည် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သော်လည်း ဒေါသထွက်မသွားပေ။ လူသားမဟာမိတ်သည် ရှေ့ဆက်သွားမည်မှာ သေချာနေပြီး ဤအစိမ်းရောင် ပင်လယ်ပြင်ကို အုပ်စိုးနေသော ဂြိုလ်သားများကလည်း သူတို့အား တားဆီးရန်အတွက် သားရဲများကို သေချာပေါက် စေလွှတ်ဦးမည် ဖြစ်သည်။
"အခုအချိန်မှာ လူသားမဟာမိတ် ရှိနေတယ်။ ဒီကိုင်းဂျူးသားရဲတွေ ငါ့အပေါ် အာရုံစိုက်အုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူသားမဟာမိတ် ဖျက်ဆီးခံရရင်တော့"
ဖန့်ရန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူသည် ယခင်က ဂြိုလ်သားများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရဖူးသည်။ အကယ်၍ သူသာ ၎င်းတို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အန္တရာယ် ရှိလာနိုင်သည်။
Nubra ကျွန်းတွင် သူရှိနေစဉ်က ဂြိုလ်သားများသည် သူ့အား ဖမ်းဆီးရန် ကြိုးစားခဲ့ဖူး၏။ သို့သော်လည်း သူ၏ ခွန်အားကို အထင်မှားကာ ယူဆခဲ့သောကြောင့် ၎င်းအခြေအနေကနေ သူလွတ်မြောက်ခဲ့သည်။ ထို့အတူ ဟွာရှ၏ ကမ်းရိုးတန်းအနီးတွင်လည်း အလားတူ ဖြစ်ပျက်ခဲ့သည်။
ဖန့်ရန်သည် သူသတိထားနေသင့်သည်ဟု ခံစားရသည်။ ဂြိုလ်သားများသည် သူ့အား ဖမ်းဆီးခြင်းကို အလွယ်တကူ လက်လျှော့မည် မထင်ပေ။
ဖန့်ရန်သည် ပင်လယ်ရေအောက်သို့ ထိုးဆင်းလိုက်ပြီး လူသားမဟာမိတ်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်အထိ ဆင်းသက်လာသော်လည်း ရပ်တန့်ခြင်းမပြုမီ ရေအောက် (၂) ကီလိုမီတာ အနက်ထိ ငုတ်ဆင်းလာခဲ့သည်။
...
နိုင်ငံအသီးသီးမှ လေယာဉ်တင်သင်္ဘောအုပ်စုများ ပြန်လည်စုစည်းခဲ့ကြသည်။ မူလက သင်္ဘောအစင်းပေါင်း (၉၅၀) ရှိခဲ့သော သင်္ဘောအုပ်စုများသည် ယခုအခါ၌ သင်္ဘောအစင်းပေါင်း (၆၃၂) သာ ကျန်ရှိတော့သည်။
ပင်လယ်စစ်သင်္ဘောရာပေါင်းများစွာသည် သားရဲများ၏ ဖျက်ဆီးခံခဲ့ရသည်။
ကောင်းကင်ယံတွင်တော့ လေသင်္ဘောကြီး (၁၁၂) စင်း ကျန်ရှိတော့ကာ လေသင်္ဘော (၂၃) စင်းသည် ဖျက်စီးခံခဲ့ရသည်။ တိုက်လေယာဉ် အစင်း (၅၀) ကျော်သည်လည်း ဆုံးရှုံးခဲ့ရကာ ဤတိုက်ပွဲတွင် စစ်သားပေါင်း (၁၀၀၀) ကျော် ကျဆုံးခဲ့သည်။
အကယ်၍ ဧရာမမြွေကြီးသာ ပေါ်မလာဘဲ အဆင့် (၆) ကိုင်းဂျူး သားရဲ တစ်ကောင်ကိုလည်း မသတ်ဖြတ်နိုင်ခဲ့လျှင် ကျန်သည့် အဆင့် (၆) ကိုင်းဂျူး သားရဲသည်လည်း သားရဲစစ်တပ်ကို ဆုတ်ခွာရန် အမိန့်ပေးမည် မဟုတ်ပေ။ ထိုသို့သာ မဖြစ်ခဲ့လျှင် လေယာဉ်တင်သင်္ဘောအုပ်စုသည် ပိုမိုပြင်းထန်သော ဆုံးရှုံးမှုကို ခံစားရမည် ဖြစ်သည်။
ဤသည်က အစိမ်းရောင်ပင်လယ်ပြင်အတွင်း ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ် ကြုံရသော သားရဲလှိုင်းပင် ရှိသေးသည်။ နောက်ထပ် ကြုံတွေ့ရမည့် စစ်ပွဲသည် ပိုမိုပြင်းထန်လာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လေယာဉ်တင်သင်္ဘောအုပ်စု ရှင်သန်နိုင်ပါမည်လော။
လေယာဉ်တင်သင်္ဘောအုပ်စုတွင် အမျိုးအမည်ဖော်ပြရန် ခဲယဉ်းသော လေထုတစ်ခု ကြီးစိုးနေသည်။ စုပေါင်းမဟာမိတ်သည် နောက်ပြန်ဆုတ်ခွာမည့် ရည်ရွယ်ချက် မရှိဘဲ ရှေ့ဆက် သွားနေခဲ့သည်။ ဂြိုလ်သားများ၏ အခြေစိုက်စခန်းကို တိုက်ခိုက်ရန် အစပြုခဲ့ပြီ ဖြစ်သောကြောင့် ပြီးဆုံးသည်အထိ ရှေ့ဆက်ရမည် ဖြစ်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားပြီး ငါးရက်ဟူသော အချိန်သည် ကြာဆုံးကာ လူသားများသည် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ဤကျွန်းသည် အတော်လေး ကြီးမားပြီး အနည်းဆုံး အချင်း (၃၀) ကီလိုမီတာရှိသည်။
ထို့အပြင် ဤကျွန်း၏ ဘေးပတ်လည်တွင် သေးငယ်သည့် ကျွန်းပေါင်းများစွာရှိပြီး ဧရာမကျွန်းကြီးကို ဝန်းရံထားသည်။ ၎င်းသည် သဘာဝ အတားအဆီးသဖွယ် ဖြစ်ကာ အကာအကွယ်တစ်ခုပင် ဖြစ်သည်။
ခဏတာ ဆွေးနွေးပြီးနောက် လေယာဉ်တင်သင်္ဘောအုပ်စုသည် ကျွန်းပေါ်တွင် ယာယီအခြေချရပ်နားရန် အတည်ပြုခဲ့သည်။ ၎င်းတို့သည် ဤကျွန်းကို ဂြိုလ်သားများ၏ အခြေစိုက်စခန်းကို ကျူးကျော်ရန်အတွက် အကူးအပြောင်းနေရာအဖြစ် အသုံးပြုမည် ဖြစ်သည်။
ပင်လယ်သင်္ဘောများသည် ကျွန်းအနီးတွင် ဆိုက်ကပ်ပြီးနောက် သင်္ဘောပေါ်မှ လူသားများသည် ကုန်းမြေပေါ်သို့ ဆင်းသက်ကာခဲ့ကြပြီး၊ လေသင်္ဘောများနှင့် မိခင်သင်္ဘောများသည်တော့ အနီးအနားရှိ အဆင်ပြေရာ ကျွန်းတစ်ခုတွင် ဆင်းသက်ခဲ့ကြသည်။
ဤနေရာကို လျှပ်စစ်သံလိုက်လှိုင်းများက သက်ရောက်မှု ရှိနေသော်လည်း သင်္ဘောအားလုံးအပေါ်တွင် လျှပ်စစ်သံလိုက်လှိုင်း တန်ပြန်ကိရိယာကို တပ်ဆင်ထားသောကြောင့် ၎င်းကိစ္စကို စိတ်ပူစရာ မလိုပေ။
စက်ပိုင်းဆိုင်ရာ သံမဏိဝတ်စုံများ (သံမဏိကိုယ်ထည်) ဝတ်ဆင်ထားသော စစ်သားများသည် လေဆာလက်နက်များကို ကိုင်ဆောင်ကာ ၎င်းတို့အနားယူနေထိုင်မည့် တောနက်ပိုင်းဆီသို့ အလျင်အမြန် ပြေးဝင်သွားကြပြီး ကျွန်းအား စတင်ရှင်းလင်းခြင်း ပြုခဲ့သည်။
ဒိုင်နိုဆောအုပ်စုတစ်စုကို ကျွန်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် မြင်တွေ့ရပြီး များမကြာမီမှာပင် ဒိုင်နိုဆောများ၏ ဟိန်းဟောင်သံများ၊ သေနတ်သံများ၊ ဗုံးပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
.....