← Chapters

သတင်းကောင်း

Vol. 20 Ch. 255

သတင်းကောင်း

Vol. 20 Ch. 255

ဖန့်ရန်သည် ထိုကျွန်းအနားတွင် လူသားများနည်းတူ အနားယူ​နေခဲ့သည်။ ဧရာမလိပ်ကြီးသည် သူနှင့်အတူ ရှိနေသောကြောင့် မည်သည့်နေရာပင်ဖြစ်စေ သားကောင်ရှာဖွေရန် သီသန့်အချိန်ဖြုန်းရန် မလိုအပ်တော့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်တည်းက သူသည် လူသားမဟာမိတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။ လူသားများသည် ကျွန်းအား ပြုပြင်ပြောင်းလဲနေကြပြီး၊ ကျွန်းအနှံ့တွင် အဆောက်အအုံများစွာကို တည်ဆောက်နေကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် ပြင်ဆင်ထားနေသည်မှာ ထင်ရှား​ပေသည်။

လူသားမဟာမိတ်သည် နိုင်ငံအသီးသီး၏ သယံဇာတနှင့် တာဝန်များကို သဘောတူညီချက်ကိုယ်စီဖြင့် ယူထားခဲ့ပြီ ဖြစ်သည်။ ဥပမာအနေဖြင့် ဟွာရှသည် ကျွန်းပေါ်ရှိ အဆောက်အဦအများစုကို တည်ဆောက်ရန် တာဝန်ယူထားသည်။

အင်ဂျင်နီယာယာဉ် အမျိုးမျိုးကို သယ်ဆောင်လာသော စစ်သင်္ဘောများရှိပြီး၊ အများစုက တန် (၄၀၀)၊ တန် (၅၀၀) အထိ တင်​ဆောင်နိုင်သော သတ္တုတူးဖော်ရေး ထရပ်ကားကြီးများ ဖြစ်သည်။ ထရပ်ကား တစ်စီးသည် အသေးဆုံးပင် ဆယ်မီတာမြင့်ပြီး အလွန်ကြီးမား၏။

ထို့အပြင် ဘိုဒူဇာ၊ မြေသယ်ကားနှင့် အခြားသော စက်ကိရိယာများနှင့် ကားများသည် ဧရာမထရပ်ကားများ၏ အနောက်ကနေ သင်္ဘောများအပေါ်က လိုက်ပါဆင်းသက်ခဲ့ကြသည်။ ဤသို့ဖြင့် ရက်အနည်းငယ်အတွင်း ဤကျွန်း​တွေအပေါ်မှာ စက်ကိရိယာများ၏ ဟိန်းဟောင်သံများ ထွက်ပေါ်လာ​​နေ​တော့သည်။

ကျွန်းများဝန်းရံထားသော ဧရာမကျွန်းပေါ်တွင် မြောက်ဘက်အခြမ်း ဧရိယာကို ရှင်းလင်းပြီးသွားပြီ ဖြစ်သောကြောင့် ရိုးရှင်းသော ကွပ်ကဲရေးစခန်း တစ်ခုကို တည်ဆောက်ခဲ့သည်။

ဖန့်ရန်သည် လူသားမဟာမိတ်၏ တိုးတက်မှုကို တစ်ခါတစ်လေတွင် လေ့လာစောင့်ကြည့်တတ်သည်။ လူသားများသည် အချိန်ဖြန်းခြင်း လုံးဝမရှိဘဲ ဆက်တိုက်အလုပ်လုပ်နေကြသည်။ သို့သော်လည်း ၎င်းတို့၏ နောက်ကွယ်တွင်တော့ နိုင်ငံတိုင်းက သားရဲများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရသည်။

အချိန်အတော်ကြာပြီးနောက် ဖန့်ရန်သည် အစိမ်းရောင်ပင်လယ်ပြင် ဧရိယာက ထွက်ကာ အနားရှိ နိုင်ငံတစ်ခု၏ ကမ်းရိုးတန်းဆီသို့ ကူးခတ်သွားသည်။ ဤသည်က သူ့အနေဖြင့် အင်တာနက်ကနေ လက်ရှိကမ္ဘာ့အခြေအနေကို စစ်ဆေးရန် ဖြစ်သည်။

အပြင်ဘက် ကမ္ဘာ၏ အခြေအနေက ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။ လူသားမဟာမိတ်တွင် အချိန်များစွာ မရှိပေ။ ဤစစ်ဆင်ရေးသာ အချိန်အလွန်ကြာမြင့်ခဲ့မည်ဆိုလျှင် ၎င်းတို့ပြန်သွားချိန်၌ မြင်မြင်သမျှသည် အပျက်အစီးများသာ ဖြစ်​နေလိမ့်မည်။

ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများအပြင် သေစေနိုင်သော ဓာတ်ငွေ့များနှင့် ဗိုင်းရပ်စ်အမျိုးမျိုးသည် ကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ အသက်ကို ခြိမ်းခြောက်နေသည်။

ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် အလွန်လျင်မြန်စွာ မျိုးပွားနေကြပြီး အထူးသဖြင့် အဖြူရောင် ပင့်ကူများ ဖြစ်သည်။ အဖြူရောင် ပင့်ကူများသည် အရေအတွက် အလွန်များပြားလှပြီး ကမ်းရိုးတန်းမြို့များကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြသည်။

ရောဂါအမျိုးမျိုးနှင့် ဗိုင်းရပ်စ်ပေါင်းစုံသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့နေပြီး RR ဗိုင်းရပ်စ်က အဆိုးဆုံး ဖြစ်သည်။

RR ဗိုင်းရပ်စ် ဖြစ်ပွားလာသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ဆရာဝန်များနှင့် ဇီဝ​ဗေဒသိပ္ပံပညာရှင်များသည် ၎င်းကို ကုသနိုင်မည့် နည်းလမ်းကို ယနေ့ထိတိုင် ရှာမတွေ့သေးပေ။

မြေ​ပြန့်ဒေသများစွာနှင့် အပျက်အစီးများစွာသည် နိုင်ငံများစွာ၏ ဧရိယာတစ်လျှောက် ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ဟွာရှနှင့် အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံများပင် ပါဝင်နေခဲ့သည်။

ပျက်စီးယိုယွမ်နေသော မြေပြန့်ဒေသများ၏ အပျက်အစီးများ​ကြားတွင် သန္ဓေပြောင်း သားရဲများသည် ပြေးလွှားနေကြပြီး၊ သန္ဓေပြောင်း ပိုး​ကောင်များ၊ သန္ဓေပြောင်း အိမ်​မွေးတိရစ္ဆာန်များအပြင် ဖုတ်ကောင်နှင့် ကပ်ပါးကောင်များကို ရောဂါကူးစက်ခံထားရသော လူသားများကို ဤနေရာဒေသများတွင် မြင်တွေ့ရနိုင်သည်။

သေစေနိုင်သော ဓာတ်ငွေ့များကို ထုတ်လွှတ်သည့် အပင်များသည် အလွန်လျင်မြန်စွာ ပေါက်ဖွား​ပြန့်ပွားနိုင်​သောကြောင့် ဤနေရာများတွင် မြေဩဇာကောင်းသည့် မြေဆီလွှာများသည် ၎င်းတို့၏ စုပ်ယူခံလိုက်ရသောကြောင့် မြေပြင်ဒေသများတွင် သေစေနိုင်သော အပင်များကလွဲ၍ အခြားသော အပင်များ ရှင်သန်နိုင်စွမ်း မရှိတော့ဘဲ ကန္တာရကဲ့သို့ ဖြစ်နေခဲ့သည်။

သတ္တုစား ပိုးကောင်များ၊ ဓာတ်ငွေ့စား ပိုးကောင်များအပြင် အမျိုးမျိုးသော ထူးဆန်းသည့် ပိုးကောင်များကြောင့် ဤနေရာဒေသများမှ အပူချိန်သည် အလျင်အမြန် အားနည်းလာနေပြီး သဘာဝဘေးအန္တရာယ်များသည် ရက်ဆက်ဆိုသလို ကျရောက်လာနေခဲ့သည်။

...

အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားကာ သုံးလကုန်ဆုံးသွားသည်။

ကွန်ကရစ်ဖြင့် တည်ဆောင်ထားသော အဆောက်အဦတစ်ခုသည် ဧရာမကျွန်းပေါ်တွင် ရှိ​နေခဲ့သည်။ လူသားမဟာမိတ်သည် ကျွန်းများပေါ်တွင် သုံးလကြာ အနားယူပြင်ဆင်ခဲ့သည်။

ဧရာမကျွန်းကို ဂါးဒီးဝမ်းဟု အမည်ပေးခဲ့သည်။

၎င်းသည် ဂြိုလ်သားများနှင့် လူသားမဟာမိတ်ကြား တည်ဆောင်သည် ပထမဆုံး အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။

ဖန့်ရန်သည် ကုန်လွန်ခဲ့သော သုံးလအတွင်း တိုက်လေယာဉ်များနှင့် လေသင်္ဘောများသည် အခြေစိုက်စခန်းတွင် အဆက်မပြတ် ဝင်ထွက်သွားလာနေသည်ကိုလည်း သတိပြုမိခဲ့သည်။ လူသားများသည် ဧရာမကျွန်း အနားရှိ ဧရိယာများကို ရှာဖွေကြပြီး ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်နေကြသည်။

ဖန့်ရန်သည် စစ်သားများ၏ စကားဝိုင်းများကို ခိုးနားထောင်ခြင်းဖြင့် အခြေခံအချက်အလက်အချို့ကို သိရှိခဲ့သည်။ ၎င်းတို့သည် အစိမ်းရောင်ပင်လယ်ပြင်သည် အလွန်ကြီးမားပြီး ပစိဖိတ်သမုဒ္ဒရာထက်ပင် ပိုမိုကြီးမားသည်ဟု ခန့်မှန်းထားကြသည်။

လူသားများ၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်ခြင်း မရှိပေ။ ၎င်းတို့သည် ညှိနှိုင်းဆွေးနွေးကြပြီး တည်ငြမ်သော ရေရှည်တည်တံ့သည် အခြေစိုက်စခန်းတစ်ခုကို ဖန်တီးခဲ့​ကြသည်။

၎င်းတို့သည် ဆက်လက်ရွေ့လျားခြင်း မရှိ​သေးပေ။ ထိုအစား လူသားများ ဖွံ့ဖြိုးတိုးတက်ရန် သင့်လျော်သည့် ကျွန်းတစ်ခုကို ထက်မံတွေ့ရှိခဲ့သောကြောင့် အခြေစိုက်စခန်း တည်ဆောက်ရန် ဝန်ထမ်းများကို စေလွှတ်ခဲ့သည်။

လူသားများအနေဖြင့် ဂါးဒီးဝမ်းတွင် အခြေစိုက်စခန်း တည်ဆောက်ရန် ရပ်တန့်လိုက်သော်လည်း ကိုင်းဂျူး သားရဲနှင့် အခြားသားရဲများသည် တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။

ထို့ကြောင့်ပင် သေဆုံးမှုများစွာသည် ဆက်လက်ဖြစ်ပေါ်ခဲ့၏။ သို့သော်လည်း ၎င်းတို့၏ မိခင်နိုင်ငံကနေ လူသားမဟာမိတ်ထဲသို့ လူသစ်တွေ ဆက်ပို့ပေးနေသောကြောင့် သားရဲများ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရသော်လည်း ကျွန်းပေါ်တွင်တော့ လူများက ယခင်ကထက်ပင် ပိုများနေသည်။

"ပါမောက္ခ ဟန်၊ (ဟန်ချို) ဂြိုလ်သား သုတေသနကနေ ရလဒ်ထွက်လာခဲ့ပါပြီ"

ရုံးခန်းတစ်ခုတွင် အဖြူရောင် သိပ္ပံပညာရှင် ဝတ်စုံဝတ်ထားသော ဟန်ချိုသည် သူ၏ လက်ထဲရှိ စာရွက်စာတမ်းများကို ဖတ်​ရူနေသည်။ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာပြီးနောက် သူ့အား လှုပ်ရှားခွင့်ပင် မပေးဘဲ စိတ်လှုပ်ရှားနေပုံရသည် လူငယ်တစ်ယောက်က တံခါးဖွင့်ကာ ဝင်လာရင်း ပြောလိုက်သည်။

"ရှောင်ဝမ် မင်းဘာတွေ ပြောနေတာလဲ"

ဟန်ချိုသည် ခုန်​ပေါက်မတတ် ဖြစ်သွားသည်။ သူသည် လူငယ်၏ ရိုင်းစိုင်းမှုကို ဂရုမစိုက်ပေ။ သူသည် လူငယ်ဆီသို့ အလျင်စလို လျှောက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ခွဲခြမ်းစိတ်ဖြာတာ ဘယ်လို​နေလဲ"

သူတို့၏ လက်ရှိအင်အားဖြင့် ဂြိုလ်သားများကို အနိုင်ယူရန် အလွန်ခက်ခဲသည်။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စစ်ပွဲအတွက် နည်းပညာများကို အဆင့်မြင့်တင်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။

ဂြိုလ်သားများ၏ နည်းပညာအဆင့်သို့ ရောက်ရှိပြီးနောက် ၎င်းတို့ကို ဤအပြာရောင်ဂြိုလ်ကနေ မောင်းထုတ်နိုင်မည် ဖြစ်သည်။

"ဂြိုလ်သားတွေက အရည်သတ္တုနဲ့ ခန္ဓာကိုယ်ရှိပါတယ်။ သူတို့က ဆီလီကွန်အခြေခံ သက်ရှိအမျိုးအစားထဲမှာ ပါပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို အပြာရောင်ဂြိုလ်က ထုတ်ကုန်တွေဖြစ်တဲ့ သတ္တုတွေနဲ့ ပေါင်းစပ်လိုက်ရင် မှတ်ဉာဏ်သတ္တုကို ဖန်တီးနိုင်ကြောင်း တွေ့ခဲ့ရပါတယ်"

"ဒါ့အပြင် ဒီဧရိယာက လျှပ်စစ်သံလိုက်လှိုင်း သုတေသနမှာလည်း တိုးတက်မှုအချို့ ရှိခဲ့ပါတယ်။ သိပ်မကြာခင် ဒီဧရိယာထဲမှာ နည်းပညာထုတ်ကုန်တွေကို အသုံး​ပြုနိုင်ပါတော့မယ်"

"တကယ်လား အရမ်းကောင်းတယ်"

ဟန်ချို ပျော်ရွှင်​နေခဲ့သည်။ ဤဧရိယာတွင် လျှပ်စစ်သံလိုက်လှိုင်း နှောက်ယှက်မှုကြောင့် ဆက်သွယ်ရေးတွင် ဒုက္ခအတော်များခဲ့ရသည်။

မှတ်ဉာဏ်သတ္တုကို ဖန်တီးနိုင်သည်မှာ အတော်ကြာပြီ ဖြစ်သည်။ သို့သော် သူ၏ တပည့် ယခုလို သတင်းပို့ခြင်းကြောင့် ထူးခြားမှုတစ်ခုတော့ ရှိရပေမည်။

"ပါမောက္ခ ဟန်၊ ဒီမှတ်ဉာဏ်သတ္တုက ပေးလာတဲ့ အမိန့်အတိုင်း ပုံသဏ္ဌာန် ပြောင်းလဲနိုင်ပါတယ်"

"ဒီသတ္တုစပ်ကို အာရုံကြောစနစ်နဲ့ ချိတ်ဆက်နိုင်ပြီး၊ လူ့ဦးနှောက်ကနေ ဒိုင်ကာ၊ ဓားမြှောင်၊ ဓား အစရှိတဲ့ အအေးလက်နက် အမျိုးမျိုးကို ပုံဖော်နိုင်ပါတယ်။ ဒါ့အပြင် ဒီလက်နက်တွေက အလွန်မာကြောပြီး ခံနိုင်ရည်လည်း မြင့်ပါတယ်"

ဂြိုလ်သားများ၏ သတ္တုအရည်ခန္ဓာကိုယ်ကို အပြာရောင်ဂြိုလ်၏ သတ္တုအချို့ဖြင့် ပေါင်းစပ်ခြင်းဖြင့် အလွန်မာကြောသော သတ္တုစပ်ကို ဖြစ်ပေါ်စေကြောင်း စမ်းသပ်မှုများကတဆင့် သိရှိထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

သူတို့အနေဖြင့် ဤမှတ်ဉာဏ်သတ္တု(စပ်)ကို အမှန်တကယ် ထိန်းချုပ်နိုင်သည်က သံသယဖြစ်ဖွယ်မရှိသည့် သတင်းကောင်းဟု ဆိုနိုင်သည်။ ဤအရာများနှင့်အတူ သူတို့ ကိုင်းဂျူး သားရဲစစ်တပ်၏ အစွမ်းအစသည်လည်း အံ့မခန်း တိုးတက်လာနိုင်သည်။

သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ မှတ်ဉာဏ်သတ္တုဖြင့် ဖန်တီးထားသည့် သံချပ်ကာနှင့် လက်နက်တပ်ဆင်ထားသော ကိုင်းဂျူး သားရဲသည် ၎င်းထက်အဆင့်မြင့်သည့် ကိုင်းဂျူး သားရဲနှင့် တိုက်ခိုက်နိုင်သည်။

ဤကဲ့သို့ အံ့သြသင့်စရာကောင်းသော တွေ့ရှိချက်မျိုး လေ့လာတွေ့ရှိခဲ့သည်က ဟွာရှတစ်ခုတည်း မဟုတ်ပေ။ ဤတွင် အမေရိကန်သည်လည်း အလားတူဖြစ်ခဲ့သော်လည်း ၎င်းက အဆင့် (၆) ကိုင်းဂျူး သားရဲနှင့် သက်ဆိုင်သည်။

ပူးပေါင်းမဟာမိတ်တစ်ခု ဖြစ်သည့်အပြင် အချင်းချင်းကြား ပူပေါင်းဆောင်ရွယ်မူများ ရှိသော်လည်း ဟွာရှသည် ဂြိုလ်သားများ၏ ရုပ်ခန္ဓာတစ်ခုကိုမှ အမေရိကန်သို့ ပေးခြင်း မရှိခဲ့ပေ။

ထိုနည်းတူပင် အမေရိကန်သည်လည်း ခက်ခက်ခဲခဲကြိုးစားအားထုတ်၍ ရလာခဲ့သော အဆင့် (၆) ကိုင်းဂျူး သားရဲကို ​ဝေမျှရန် အစီအစဉ် မရှိခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနိုင်ငံနှစ်ခုသည် သံသယများ ရှိနေသေးမှန်း သိနိုင်​ပေသည်။

ရုရှားသည်တော့ အနည်းငယ် သနားစရာအလွန်ကောင်းပြီး လေ့လာဖန်တီးနိုင်ခဲ့သော နည်းပညာအသစ်များ၊ ကိုင်းဂျူး သားရဲများနှင့် ပတ်သတ်သည့် နည်းပညာတွေ့ရှိချက်များ မရှိပေ။ ထိုကြောင့် ၎င်းသည် ဤစစ်ဆင်ရေးတွင် သတ္တိဖြင့်သာ ပါဝင်နိုင်သည်။

ဂါးဒီးဝမ်းတွင် နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြသော လူများသည် လအနည်းငယ်အတွင်း ဧရာမမြွေကြီး၏ အရွယ်အစား ပိုကြီးလာသည်ကို တွေ့ရှိခဲ့​ကြသည်။

ဧရာမသားရဲကြီးသည် ဆင့်ကဲပြောင်းလဲခြင်း ပြုခဲ့ပြန်သည်။

......

All Chapters