← Chapters

ကြီးကျယ်ခမ်းနားသော အောင်ပွဲ (ဇာတ်သိမ်းပိုင်း)

Vol. 21 Ch. 438

ကြီးကျယ်ခမ်းနားသော အောင်ပွဲ (ဇာတ်သိမ်းပိုင်း)

Vol. 21 Ch. 438

ရှောင်ယန်သည် လင်းရှောင်ယွဲ့ကို မယုံနိုင်သလို ကြည့်လိုက်သည်။

"ဟင်... မရီးက အမှန်အတိုင်း ဝန်ခံမလို့လား" ဟူသော အကြည့်မျိုးဖြင့် ကြည့်နေသည်။

အမှန်တရားဆိုတာ မှန်ပေမယ့် လူသိခံလို့ မဖြစ်ဘူးလေ။

လင်းရှောင်ယွဲ့က သဘောကျစွာ ရယ်မောလိုက်သည်။

လီရှောင်ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် ရှောင်ယန်ဘက်သို့ ပြန်လှည့်လာသည်။

"နင်ပဲ ထွက်ရှင်းပြပေးလိုက်ပါ... ဟုတ်တယ်၊ ငါက မင်းဆရာကြီးရဲ့ မြေးမဆိုတာ မှန်တယ်။ ဒါပေမဲ့ ငါ့အမေက မင်းဆရာကြီးရဲ့ မွေးစားသမီးဖြစ်လို့ပါလို့ ပြောလိုက်။ ပြီးတော့ လက်ရှိ အရှင်မင်းကြီးရဲ့ ထီးနန်းက နှောင်းဧကရာဇ်ကိုယ်တိုင် လွှဲအပ်ပေးခဲ့တာဖြစ်ပြီး တရားဝင် ရရှိခဲ့တာ။ နန်ကုန်းမိသားစု အပြစ်တွေကိုလည်း ခမည်းတော် ကိုယ်တိုင် ပယ်ဖျက်ပေးခဲ့တာမို့ ဘာပူးပေါင်းကြံစည်မှုမှ မရှိဘူး"

"ငါ့ခင်ပွန်းကိစ္စကျတော့..." လင်းရှောင်ယွဲ့က လီရှောင်ကို ကြည့်လိုက်သည်။

"ဘယ်သူက သူ့ကို နန်ကုန်းရှောင်လို့ ပြောလဲ။ သူက အသေအချာကြီးကို စစ်သူကြီး နန်ကုန်းရဲ့ ဒုတိယမွေးစားသားပါ... နန်ကုန်းရှောင်ရဲ့ ညီနောင်ဆိုတာ သေချာပါတယ်လို့ ပြောလိုက်"

ရှောင်ယန် အံ့သြသွားကာ သူ့မရီးကို မယုံနိုင်သလို ကြည့်လိုက်မိသည်။

ဒီလိုနဲ့ပဲ အားလုံး ရှင်းသွားရောလား။

ထိုအချိန်တွင် လီရှောင် ဝင်ပြောသည်။

"မင်းမရီး ပြောတဲ့အတိုင်း လုပ်လိုက်။ ပြီးတော့ စစ်သည်တွေကို ပြောလိုက်... သာ့ကျင်း သူလျှိုတွေက ယန်စစ်တပ် စိတ်ဓာတ်ပျက်ပြားအောင် ကောလဟာလ ဖြန့်နေတာမို့ သတိထားကြလို့။ ရန်သူ့စကားကို ယုံလို့မရဘူး။ တပ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလဟာလ ဆက်ဖြန့်နေရင် စစ်ဥပဒေနဲ့ အရေးယူမယ်လို့ အမိန့်ထုတ်လိုက်"

ရှောင်ယန် တောင့်သွားလေသည်။

ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ပြီး...

"ဟုတ်ကဲ့ပါ။" ဟု ဖြေကြားကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။

လင်းရှောင်ယွဲ့ လှည့်ကြည့်လိုက်ရာ လီရှောင်နှင့် အကြည့်ချင်းဆုံပြီး ပြုံးလိုက်ကြသည်။

နန်ကုန်းမိသားစုနှင့်ပတ်သက်မှုကို ဘယ်လို ရှင်းရမလဲ ခေါင်းစားနေတုန်း ရွှီယန်က အခွင့်အရေး လာပေးသွားတာပဲ။

ဟွန်း... သူတို့ကို လုပ်ကြံချင်နေတာ... အခု သာ့ယန်မှာ ဘယ်သူက အာဏာရှိနေလဲ၊ ဘယ်သူ့ကို ပစ်မှတ်ထားနေလဲ ဆိုတာတောင် မကြည့်တော့ဘူးလား။

ရှောင်ယန် ထွက်ရှင်းပြလိုက်သည်နှင့် တပ်တွင်းတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ချီဝူတပ်ဖွဲ့ဝင်များကတော့ သူတို့၏ စစ်သေနာပတိချုပ်သည် နန်ကုန်းရှောင် အစစ်ဖြစ်ကြောင်း သိနေကြသော်လည်း မည်သူမျှ ထွက်မငြင်းကြပေ။

စစ်သေနာပတိချုပ်က သူတို့ကိုခေါ်ပြီး အေးအေးဆေးဆေး နေချင်နေတာပဲဟာ... သူတို့အတွက်လည်း ချင်းရှီမြို့မှာ ထွက်ပေါက်ရထားပြီမို့ ကိုယ့်ခေါင်းဆောင်ကို ပြန်ဒုက္ခပေးမည့်သူ မရှိပေ။

ကျန်တဲ့သတင်းတွေကတော့ စစ်သူကြီးရှောင် ပြောသမျှ အမှန်ပေါ့။

သခင်မက မင်းဆရာကြီးရဲ့ မွေးစားမြေးမလေးပဲ ဖြစ်ဖြစ်၊ မြေးအရင်းပဲ ဖြစ်ဖြစ် ဘာမှ လက်မခံနိုင်စရာ မရှိဘူး။

တကယ်တမ်း ပြောရရင် သခင်မက မင်းဆရာကြီးရဲ့ မြေးအရင်းဖြစ်သင့်တယ်လို့တောင် သူတို့ တွေးနေမိသေးသည်။

မင်းဆရာကြီးရဲ့ သွေးသား မဟုတ်ရင် ဒီလောက်ထိ ဉာဏ်ကောင်းပါ့မလား။

ဒါပေမဲ့ ဒီကိစ္စကို သူတို့စိတ်ထဲမှာပဲ သိထားလိုက်တော့မည်။ သူများတွေ ဘာမြင်မြင် အရေးမကြီးဘူး။

ချီဝူတပ်ဖွဲ့ဘက်တွင် ပြဿနာမရှိပေ။ တော်ဝင်တပ်ဖွဲ့ဘက်တွင်လည်း ရှောင်ယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လက်ခံလိုက်ကြသည်။

ဒီကောလဟာလတွေက သာ့ကျင်း သူလျှိုတွေက သူတို့စစ်တပ် စိတ်ဝမ်းကွဲအောင် တမင်လွှင့်တာပဲ နေမှာ။ သူတို့ ယုံလိုက်မိရင် သာ့ကျင်းရဲ့ ထောင်ချောက်ထဲ မိသွားမှာပေါ့။

မင်းဆရာကြီး၊ စစ်သေနာပတိချုပ်နဲ့ သခင်မတို့က သာ့ယန်ရဲ့ ကျောထောက်နောက်ခံ တိုင်ကြီးတွေလေ... ရန်သူ့ ကောလဟာလကြောင့် ပျက်စီးသွားလို့ ဘယ်ဖြစ်မလဲ။

ထို့ကြောင့် ယန်စစ်တပ်အတွင်း ပျံ့နှံ့နေသော ကောလဟာလများ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

......

ရက်အနည်းငယ် ကြာသောအခါ မြို့တော်မှ မုရုန်ရွှီယန်ကိုယ်တိုင် အမိန့်ထုတ်ပြန်၍ လင်းရှောင်ယွဲ့ ပြောသကဲ့သို့ပင် ဖြေရှင်းချက် ပေးလေသည်။

ထိုအချိန်တွင် ကျင်းစစ်တပ်၏ဖိအားများ ရှိနေခြင်းကြောင့် ယန်ပြည်သူများသည် ထိုဖြေရှင်းချက်ကို လွယ်ကူစွာပင် လက်ခံလိုက်ကြသည်။

လူအများ၏ရင်ထဲရှိ သံသယ အဖုအထစ်များမှာ ဤနည်းဖြင့် ဖယ်ရှားခံလိုက်ရလေသည်။

.......

ကျင်းစစ်တပ်၊ ဗဟိုရွက်ဖျင်တဲ။

ရွှီယန်သည် လက်အောက်ငယ်သားများ၏ တင်ပြချက်ကို ကြားပြီးနောက် ဒေါသကြောင့် ပစ္စည်းများကို ထပ်မံ ရိုက်ခွဲမိလုနီးပါး ဖြစ်သွားသည်။

ဒီရက်ပိုင်းအတွင်း သူ သာ့ယန်ကို သုံးကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဒါပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။ မအောင်မြင်ရုံသာမက အကြိမ်တိုင်း အထိနာခဲ့ရသည်။

ဒီလို အခြေအနေမျိုးမှာ သူက သာ့ချူနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ကြံစည်ခဲ့သည်။

ဒါပေမဲ့ သာ့ချူဘက်က ငြင်းပယ်လိုက်သည်။

သာ့ကျင်းက အဓိက တိုက်စစ်ဆင်သူ ဖြစ်ပြီး သူတို့က နောက်ကနေ ပံ့ပိုးသူသာ ဖြစ်သည်ဟု အကြောင်းပြသည်။

ဒါ့အပြင် သာ့ကျင်းအနေနဲ့ နောက်ထပ် ၁၀ ရက်အတွင်း သာ့ယန်ရဲ့ မြို့တစ်မြို့ကိုမှ မသိမ်းနိုင်ရင် သာ့ချူက တပ်ဆုတ်ဖို့ စဉ်းစားရတော့မယ်ဟုပင် ခြိမ်းခြောက်လာသေးသည်။

အခု သာ့ချူက ဖိအားပေးနေရုံသာမက နောက်ဘက်က ဧကရာဇ်ကျင်းကလည်း သံတမန် လွှတ်လိုက်သေးသည်။

တိုင်းပြည်ဘဏ္ဍာရေးအခြေအနေ မကောင်းတော့လို့ မြို့သိမ်းတိုက်ပွဲကို အမြန်ဆင်နွှဲပါဟု အမိန့်ပေးလာသည်။

ပြီးတော့... တကယ်လို့ တိုက်ဖို့ အဆင်မပြေရင် တပ်ဆုတ်လာခဲ့ဖို့ ပြောသေးသည်။

တပ်ဆုတ်ရမယ်... ဟုတ်လား။ စစ်သည် နှစ်သောင်းနီးပါး ဆုံးရှုံးပြီးမှ တပ်ပြန်ဆုတ်ရမယ်တဲ့လား။

စစ်ထွက်လာကတည်းက အခုထိ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ အများကြီး ကုန်ဆုံးခဲ့ပြီးပြီ။

ဒီအချိန်မှာ တပ်ဆုတ်လိုက်ရင် ပြန်ရောက်တဲ့အခါ နန်းတော်ထဲကအမတ်တွေ သူ့ကို ဘယ်လို ဝိုင်းတိုက်ကြမလဲဆိုတာ တွေးကြည့်လို့ ရသည်။

ဧကရာဇ်ကျင်းက သူ့ကို ယုံကြည်တယ်ဆိုရင်တောင်မှ နောက်နောင် စစ်တပ်ကို ဦးဆောင်ခွင့် ရတော့မှာ မဟုတ်ဘူး။

သူ... တပ်ဆုတ်လို့ မဖြစ်ဘူး။

ထိုအချက်ကို တွေးမိပြီး ရွှီယန် ကိုယ့်စိတ်ကိုယ် ငြိမ်အောင် အတင်း ထိန်းလိုက်ရသည်။

စစ်မြေပြင် မြေပုံကို ထုတ်ယူပြီး အလျင်အမြန် ကြည့်လိုက်သည်။

လီရှောင်က စစ်ရေးအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ပြီး သူ နယ်စပ်ကို စောင့်ကြပ်နေသမျှ ကာလပတ်လုံး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ခက်ခဲလိမ့်မည်။

စစ်သည်အင်အား အသာစီးယူပြီး တစ်နေရာတည်းကို စုပြုံတိုက်ခိုက်မှသာ အခွင့်အလမ်း ရှိမည်။

အဲ့ဒီလို တိုက်ရင် လီရှောင်နဲ့ ချီဝူတပ်ဖွဲ့ ဘယ်လောက် တော်တော် တားဆီးနိုင်မှာ မဟုတ်ဘူး။

လက်ရှိအချိန်မှာ သူ မြို့တစ်မြို့လောက်ကို သိမ်းနိုင်ရင်ပဲ သာ့ယန်ရော၊ ကျင့်နန်းတွင်းကပါ လေသံပြောင်းသွားလိမ့်မည်။ အနည်းဆုံးတော့ သူ့ကို အတင်းအကျပ် ဖိအားပေးနေတာတွေ ရပ်တန့်သွားလိမ့်မည်။

သူ့အရည်အချင်းကို သက်သေပြဖို့အတွက် နိုင်ပွဲတစ်ခု လိုအပ်နေသည်။ အထိနာပြီး ရလာတဲ့ နိုင်ပွဲဖြစ်ပါစေဦးတော့။

ထိုအချက်ကို တွေးမိပြီး ရွှီယန်သည် မြေပုံပေါ်မှ မြို့တစ်မြို့ကို စိုက်ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

....

သုံးရက်အကြာတွင်။

ယန်စစ်တပ် ဗဟိုရွက်ဖျင်တဲသို့ သာ့ချူ သံတမန် ထပ်မံ ရောက်ရှိလာသည်။

ရွှီယန်၏ ရူးသွပ်ဖွယ် စီမံကိန်းကို သိလိုက်ရသောအခါ လီရှောင် အော်ဟစ်ရယ်မောချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။

သံတမန်ကို သူ့အစီအစဉ်များ ပြောပြပြီးနောက် လျှို့ဝှက်စွာ ပြန်လည် ပို့ဆောင်ပေးလိုက်သည်။

"ဟားဟား... အဲ့ဒီ အဘိုးကြီး နောက်ဆုံးတော့ ငြိမ်ငြိမ်မနေနိုင်တော့ဘူးပေါ့" လီရှောင် ရယ်မောလိုက်သည်။

ဒီအချိန်တွင် သူ တကယ်ကို စိတ်ပျော်ရွှင်နေမိသည်။

ဒီရက်ပိုင်းတွေမှာ ကျင်းစစ်တပ်ဘက်က ဖိအားများနေသလို ယန်စစ်တပ်ဘက်တွင်လည်း ဖိအားများ ရှိနေခဲ့သည်။

တခြား မပြောနဲ့... ဒီလောက်များတဲ့ စစ်သည်တွေ နယ်စပ်မှာ စုနေကြတော့ နေ့စဉ် ရိက္ခာကုန်ကျစရိတ်က ပြဿနာကြီးတစ်ခု ဖြစ်နေသည်။

လက်ရှိ သာ့ယန်၏ ရိက္ခာပြတ်လပ်မှုက သာ့ကျင်းထက် မသာသာပေ။ အခု ယန်စစ်တပ် တစ်ခုလုံးမှာ ချီဝူတပ်ဖွဲ့ တစ်ဖွဲ့တည်းသာ နေ့တိုင်း ဗိုက်ဝအောင် စားရသည်။

ကျန်တဲ့ တော်ဝင်တပ်ဖွဲ့ဝင်များက တစ်နေ့ နှစ်နပ်သာ စားရပြီး စားရရင်တောင် ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်သာ ဗိုက်ပြည့်ကြသည်။

ဒါကို တော်ဝင်တပ်ဖွဲ့ဝင်များက မကျေမနပ် မဖြစ်ကြပေ။

ဘာကြောင့်လဲဆိုတော့ ချီဝူတပ်ဖွဲ့ရဲ့ရိက္ခာတွေက အန်းယန်ခရိုင်ကနေ ကြိုတင်ပြင်ဆင်လာခဲ့လို့ ဖြစ်သည်။

ဒါ့အပြင် တိုက်ပွဲပေါင်းများစွာမှာ ချီဝူတပ်ဖွဲ့က အဓိက တိုက်စစ်မှူးတွေဖြစ်ပြီး အကြမ်းတမ်းဆုံး တိုက်ခိုက်သူတွေ ဖြစ်ကြသည်။ ကျားရိုင်းတွေကို ဗိုက်ဝအောင် ကျွေးထားမှ ရန်သူကို ကောင်းကောင်း ကိုက်ဖြတ်နိုင်မှာ မဟုတ်လား။

လင်းရှောင်ယွဲ့က ရေခွက်ကို လီရှောင်ထံ ကမ်းပေးလိုက်သည်။

"ကျွန်မတို့ပဲ စိတ်ပူနေတာ မဟုတ်ဘူး... သာ့ချူဘက်ကလည်း စိတ်မရှည်တော့ဘူး ထင်တယ်"

သာ့ချူ အခြေအနေလည်း မကောင်းလှပေ။ ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေရသည်။

ဒါပေမဲ့ အကောင်းဆုံး ပြန်လှန်တိုက်ခိုက်မည့် အခွင့်အရေးကိုစောင့်ဖို့အတွက် ယွီချီထျန်းချုံး သည်းခံနေရခြင်း ဖြစ်သည်။

အခုတော့ အဆင်ပြေသွားပြီ။ ရွှီယန်က နောက်ဆုံးတော့ လှုပ်ရှားလာပြီ။

သူ့စစ်တပ်ကြီး တစ်ခုလုံး ထုတ်သုံးစရာ မလိုဘူး... စစ်သည် ခြောက်သောင်းလောက် ထုတ်သုံးအောင် မျှားခေါ်လိုက်ရုံနဲ့ သာ့ချူဘက်က စတင်လှုပ်ရှားလာပြီး သူတို့နဲ့အတူ ပူးပေါင်းကာ ရွှီယန်ရဲ့ ပင်မတပ်ဖွဲ့ကို ဝါးမြိုပစ်လိုက်လိမ့်မည်။

ဒီစစ်သည်တွေကို ဝါးမြိုပစ်လိုက်ရင် သာ့ကျင်းဟာ အစွယ်ကျိုးသွားတဲ့ ကျားတစ်ကောင်လို ဖြစ်သွားပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

"ဟုတ်တယ်။ ရွှီယန်ကို ဘယ်လို ဆွဲဆောင်ပြီး စစ်သည်တွေ ပိုသုံးလာအောင်လုပ်ရမလဲဆိုတာ သေချာစဉ်းစားရမယ်"

"အင်း..."

မကြာမီ ဗဟိုရွက်ဖျင်တဲ အတွင်းသို့ ယန်စစ်တပ် အရာရှိကြီးများ ရောက်ရှိလာကြသည်။

တိုက်ပွဲ အစီအစဉ်သစ်များ လျင်မြန်စွာ ချမှတ်လိုက်သည်။

စစ်တပ်တစ်ခုလုံး တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားပြီး စစ်ပွဲကြီးသည် အချိန်မရွေး စတင်နိုင်တော့မည်။

......

နောက်တစ်နေ့ မနက်ခင်း။

မိုးလင်းစ အချိန်တွင် လန်ယာဂိတ်မှ စစ်ချီသံများ ထွက်ပေါ်လာသည်။

သောင်းနှင့်ချီသော စစ်သည်များ မြို့ရိုးအောက်သို့ ရောက်ရှိလာပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း မပြုဘဲ မျက်နှာချင်းဆိုင် စီးနင်းတိုက်ခိုက်လာကြသည်။

လန်ယာဂိတ်အတွင်းမှလည်း ချက်ချင်းတုံ့ပြန်လိုက်ပြီး ယန်စစ်တပ်က ရဲရင့်စွာ ခုခံတိုက်ခိုက်ကြသည်။

မြို့ရိုး ကျိုးပေါက်လုနီးပါး ဖြစ်နေချိန်တွင် ချီဝူတပ်ဖွဲ့ဝင် ထောင်ဂဏန်းခန့် အချိန်မီ ရောက်ရှိလာကြသည်။

လက်ပစ်ဒူးလေးအဖွဲ့က ရှေ့ဆုံးမှ ဦးဆောင်ပြီး ချီဝူတပ်ဖွဲ့သည် အပြင်ဘက်မှနေ၍ ကျင်းစစ်တပ် အလယ်သို့ ထိုးဖောက်ဝင်ရောက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်လိုက်သည်။

ကျင်းစစ်သည် အများအပြား လဲကျသွားပြီး ချီဝူတပ်ဖွဲ့၏ဓားအောက်တွင် ဝိညာဉ် ပျောက်ကုန်ကြသည်။

ကျင်းစစ်သည်များ ကြောက်လန့်တကြား ဖြစ်ကုန်ပြီး အချို့ဆိုလျှင် ထွက်ပြေးရန် ကြိုးစားကြသည်။

ကျင်းစစ်တပ် ခေါင်းဆောင်သည် ချီဝူတပ်ဖွဲ့ကိုလည်း တိုက်ရ၊ ထွက်ပြေးသော စစ်သည်များကိုလည်း လိုက်သတ်ရနှင့် အလုပ်များနေပြီး ရှုံးနိမ့်တော့မည့် အခြေအနေကို မထိန်းသိမ်းနိုင်တော့ပေ။

နာရီဝက်အတွင်းမှာပင် ချီဝူတပ်ဖွဲ့သည် မြို့ရိုးအောက်ကို သွေးချောင်းစီးစေခဲ့ပြီး စစ်ပွဲအခြေအနေကို လျင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။

မလှမ်းမကမ်း တောင်ကုန်းတစ်ခုပေါ်တွင် ရှိနေသော ရွှီယန်သည် ထိုမြင်ကွင်းကို မြင်သောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

"ရွှီချင်း။" အသံနက်ကြီးဖြင့် ခေါ်လိုက်သည်။

"ရှိပါတယ်။" ရွှီချင်း အမြန် ပြေးလာသည်။

"စစ်သည် နှစ်သောင်း... အို... မဟုတ်ဘူး... သုံးသောင်း ထုတ်လိုက်။ ဒီမြို့ကို ရအောင် သိမ်းပြီး မြေလှန်ပစ်လိုက်။" ရွှီယန် အော်ဟစ် အမိန့်ပေးလိုက်သည်။

ရွှီချင်း လန့်ဖျပ်သွားသည်။

ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်ကို လှည့်ကြည့်လိုက်ပြီးနောက် အမိန့်နာခံလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ရွှီယန်က ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

"စစ်သည် သုံးသောင်းနဲ့တောင် ဒီမြို့ကို မရရင် မင်းခေါင်းကို ဖြတ်ပြီး ငါ့ဆီ လာပြ။" မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

ဒီတစ်ခါ ထပ်ရှုံးရင် သူတို့ ဆရာတပည့် နှစ်ယောက်လုံး သာ့ကျင်းကို ပြန်လို့ရမှာ မဟုတ်တော့ဘူး။ ဒီပွဲက နိုင်ကို နိုင်မှ ဖြစ်မယ်။

ရွှီချင်း တစ်ကိုယ်လုံး တုန်သွားသည်။

"အမိန့်အတိုင်းပါ။" အမြန်ဖြေကြားပြီး လှည့်ထွက်သွားလေသည်။

......

လန်ယာဂိတ် အပြင်ဘက်တွင် မြို့တံခါး ပွင့်သွားသည်။

ချီဝူတပ်ဖွဲ့ အောင်ပွဲခံနေသည်ကို မြင်လိုက်ရသော တော်ဝင်တပ်ဖွဲ့ဝင်များသည် မြို့ထဲမှ ထွက်လာပြီး တိုက်ပွဲတွင် ဝင်ရောက်ကူညီကြရာ ကျင်းစစ်တပ် တစ်ပ်လုံးနီးပါး သေဆုံးကုန်ကြသည်။

သို့သော် စစ်မြေပြင်ကို ရှင်းလင်းလို့ မပြီးသေးခင်မှာပင် ရွှီချင်း ဦးဆောင်သော စစ်ကူ သုံးသောင်း ရောက်ရှိလာသည်။

ချီဝူတပ်ဖွဲ့သည် မူလအစီအစဉ်အတိုင်း တော်ဝင်တပ်ဖွဲ့နှင့်အတူ မြို့ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်မှုစတင် ဖြစ်ပွားလေသည်။

ကျင်းစစ်တပ်က လူအင်အားများပြီး အတင်းအဓမ္မ ဝင်တိုက်နေသဖြင့် ယန်စစ်တပ်ဘက်မှ ပထဝီအနေအထား အားသာချက်ရှိနေသော်လည်း တားဆီးရန် ခက်ခဲလာသည်။

ရွှီယန်သည် စစ်မြေပြင်နှင့် မလှမ်းမကမ်းတွင် ရပ်ကြည့်နေသည်။ ရွှီချင်းက အကြိမ်ကြိမ် ထိုးဖောက်တိုက်ခိုက်နေသော်လည်း မြို့ရိုးကို မသိမ်းနိုင်သေးသည်ကို မြင်ရသဖြင့် ဒေါသထွက်လာသည်။

ထိုအချိန်တွင် ယန်စစ်တပ်၏ စစ်ကူများ မြို့ပြင်မှ ရောက်လာပြီး ကျင်းစစ်တပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားရသည်။

"နောက်ထပ် စစ်သည် နှစ်သောင်း ထပ်လွှတ်။ မြို့ပြင်က ယန်စစ်တပ်ကို အကုန်သတ်ပစ်။" ရွှီယန် အမိန့်ပေးလိုက်သည်။

မကြာမီ စစ်သည် နှစ်သောင်း ထပ်မံ ဝင်ရောက်လာသည်။

ဒီလူနှစ်သောင်း ဝင်လာသည်နှင့် ယန်စစ်ကူများ အရေးနိမ့်သွားသည်။

တစ်ချိန်တည်းမှာပင် မြို့သိမ်းတပ်ဖွဲ့သည် လန်ယာဂိတ် မြို့ရိုးကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တံခါးကို ဖွင့်နိုင်ခဲ့သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါ ရွှီယန် အတိုင်းမသိ ဝမ်းသာသွားသည်။

နောက်ထပ် စစ်သည် တစ်သောင်းကို ထပ်မံ စေလွှတ်လိုက်ပြီး ချီဝူတပ်ဖွဲ့ကို အမြစ်ပြတ် ချေမှုန်းကာ လန်ယာဂိတ်ကို မြေလှန်ပစ်ရန် ရည်ရွယ်လိုက်သည်။

ထိုအချိန်တွင် ချီဝူတပ်ဖွဲ့နှင့် တော်ဝင်တပ်ဖွဲ့တို့သည် အရပ်လေးမျက်နှာသို့ ကွဲပြားကာ ဆုတ်ခွာသွားကြသည်။

ကျင်းစစ်တပ် စစ်သူကြီးများက တပ်ကို ဆက်လက် လိုက်လံတိုက်ခိုက်စေသော်လည်း အများစုကို မြို့ထဲတွင် ချန်ထားရစ်ခဲ့သည်။

မြို့အတွင်း ရှင်းလင်းရေး လုပ်ရန် ဖြစ်သည်။

ရွှီယန်သည် လန်ယာဂိတ်ကို သိမ်းပိုက်နိုင်ပြီ ဖြစ်သဖြင့် ပျော်ရွှင်နေပြီး ညနေစောင်းလျှင် မြို့ထဲဝင်မည်ဟု စိတ်ကူးယဉ်နေသည်။

ထိုအချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရသည်။

ချူစစ်တပ် လှုပ်ရှားလာခြင်း ဖြစ်သည်။

ယွီချီထျန်းချုံး ဦးဆောင်သော စစ်သည် လေးသောင်းသည် မြို့ပြင်တွင် တပ်စွဲထားသော ကျင်းစစ်တပ်ကို ဝိုင်းထားလိုက်သည်။

ထိုအခါမှ ရွှီယန်သည် အခြေအနေ မဟန်သည်ကို ရိပ်စားမိလိုက်သော်လည်း ယွီချီထျန်းချုံးနှင့် ဆွေးနွေး၍ ရနိုင်သေးသည်ဟု မျှော်လင့်ချက် ထားနေမိသေးသည်။

သို့သော် နောက်ထပ် သတင်းဆိုး တစ်ခု ထပ်ရောက်လာသည်။

စောစောက အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားသော ယန်စစ်တပ်များ ပြန်လှည့်လာကြသည်။

ပြန်လာသော အရေအတွက်က မူလထက်ပင် ပိုများနေသေးသည်။

ထိုသူများသည် နောက်မှ လိုက်လာသော ကျင်းစစ်တပ်ကို ချေမှုန်းလိုက်ရုံသာမက ပြန်ရောက်လာသည်နှင့် လန်ယာဂိတ် မြို့ရိုးကို ပြန်လည် သိမ်းပိုက်လိုက်ကြသည်။

လန်ယာဂိတ်အတွင်း ဝင်ရောက်နေသော ကျင်းစစ်တပ်မှာ ယခုအခါ ပိတ်မိနေသော ကြွက်များ ဖြစ်သွားကြပြီ။

သတင်းကြားလိုက်သည်နှင့် ရွှီယန် ထိုင်ခုံပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

သွားပြီ... စစ်သည် တစ်သိန်း... ငါ့လက်ထဲမှာတင် ပျက်စီးသွားခဲ့ပြီ။

မကြာမီ ကျင့်စစ်သူကြီး အများအပြား ရွက်ဖျင်တဲထဲသို့ ဝင်ရောက်လာကြသည်။

ငြင်းခုံသံများ ဆူညံသွားသည်။

အချို့က ချူစစ်တပ်နှင့် အသေခံတိုက်မည်ဟုဆိုကြပြီး၊ အချို့ကတော့ လက်နက်ချ အညံ့ခံသင့်ကြောင်း၊ ကျန်နေတဲ့ ကျင်းစစ်သည်တွေ အကုန်အသတ်ခံရအောင် မလုပ်သင့်ကြောင်း ပြောကြသည်။

သာ့ချူနှင့် သာ့ယန် သံတမန်များ ရွက်ဖျင်တဲ အပြင်ရောက်နေကြောင်း သိရသဖြင့် ရွှီယန် ဝင်ခွင့်ပြုလိုက်သည်။

ယခုအချိန်တွင် မေးခွန်းထုတ်နေ၍ အပိုသာ ဖြစ်တော့မည်။ ငြိမ်းချမ်းရေးလိုချင်လျှင် တစ်ဖက်က တောင်းဆိုချက်များကို လိုက်လျောရုံသာ ရှိသည်။

သာ့ယန်က တောင်းဆိုသည်မှာ သာ့ကျင်းနှင့် သာ့ချူသို့ ပေးအပ်ခဲ့ရသော နယ်မြေများကို ပြန်ပေးရန် ဖြစ်သည်။

ထို့အပြင် မြို့ထဲ ဝင်ရောက်သွားသော ကျင်းစစ်သည်များကို ပြန်လွှတ်ပေးမည် မဟုတ်ပေ။

ရွှီယန် လက်ထဲ ကျန်ရှိနေသော စစ်သည် နှစ်သောင်းကိုတော့ သာ့ယန်က သာ့ချူလက်ထဲ ထိုးအပ်လိုက်သည်။

ဒါသည် သာ့ချူက သာ့ယန်ကို နယ်မြေပြန်ပေးရမည့် အစားထိုး လဲလှယ်မှု ဖြစ်သည်။

ဤအချက်ကို လီရှောင်နှင့် ယွီချီထျန်းချုံးတို့ ကြိုတင် သဘောတူထားပြီး ဖြစ်သည်။

သာ့ချူ၏တောင်းဆိုချက်မှာမူ သာ့ကျင်း၏ လက်ကျန်စစ်သည် နှစ်သောင်း၏ လက်နက်နှင့် ရိက္ခာများကို သိမ်းယူမည် ဖြစ်ပြီး ထပ်ဆောင်း၍ ငွေကြေးနှင့် ရိက္ခာများ လျော်ကြေးပေးရမည် ဖြစ်သည်။

ပမာဏ များပြားသော်လည်း သာ့ကျင်း တတ်နိုင်သော ပမာဏ ဖြစ်သည်။

ရွှီယန်သည် ချက်ချင်း သဘောမတူနိုင်သလို သဘောတူခွင့်လည်း မရှိသဖြင့် သာ့ကျင်းသို့ သတင်းပို့လိုက်ရသည်။

ဧကရာဇ်ကျင်း၏ အကြောင်းပြန်စာ မရောက်ခင်တွင် ကျင်းစစ်တပ် အရာရှိကြီးများ အားလုံးကို လန်ယာဂိတ် အတွင်းသို့ ဖိတ်ခေါ် ထိန်းသိမ်းထားလိုက်သည်။

ကျင်းစစ်သည် နှစ်သောင်းမှာမူ ဝိုင်းရံ ပိတ်ဆို့ခံထားရပြီး နန်းတွင်းမှ ငွေလာရွေးမည့် အချိန်ကို လက်နက်ချ စောင့်ဆိုင်းနေကြရသည်။

လန်ယာဂိတ်အတွင်းတွင် ယန်စစ်တပ်က အောင်ပွဲခံနေပြီး ပျော်ရွှင်နေကြသည်။

ယွီချီထျန်းချုံးကိုယ်တိုင် လာရောက် ဂုဏ်ပြုစကား ပြောကြားသည်။

.........

သုံးရက်အကြာတွင် ရွှီယန်နှင့် ရွှီချင်းတို့ အသီးသီး မိမိကိုယ်ကို အဆုံးစီရင်သွားကြသည်။ အခန်းအတွင်း ကြိုးဆွဲချ သေဆုံးသွားကြသည်။

နောက်ထပ် ခြောက်ရက်အကြာတွင် မုရုန်ရွှီယန်၏ အမိန့်တော် ရောက်ရှိလာသည်။

လီရှောင်ကို အန်းယန်ဝမ် အသစ်အဖြစ် ခန့်အပ်ပြီး သေဒဏ်ကင်းလွတ်ခွင့် အမိန့်တော် ချီးမြှင့်လိုက်သည်။ ထို့အပြင် လီရှောင်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်စေသည်။

နောက်တစ်နေ့တွင် ကျင်းစစ်တပ် ရိက္ခာပြတ်လပ်လုနီးပါး ဖြစ်နေချိန်၌ သာ့ကျင်းသံတမန် ရောက်ရှိလာသည်။

ခန့်မှန်းထားသည့်အတိုင်း ဧကရာဇ်ကျင်းသည် ချူနှင့် သာ့ယန်တို့၏ တောင်းဆိုချက်များကို သဘောတူလိုက်သည်။

ထို့နောက် တိုင်းပြည်သုံးခုသည် လန်ယာဂိတ်တွင် ငြိမ်းချမ်းရေး စာချုပ်သစ်ကို ချုပ်ဆိုလိုက်ကြသည်။

ထို့နောက် ချူနှင့်ကျင်း စစ်တပ်များ အသီးသီး မိမိတို့ နိုင်ငံသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

လီရှောင်သည် ထိုအချိန်အတွင်း နယ်စပ်စစ်ရေး ကိစ္စများကို အမြန်ဆုံး ရှင်းလင်းပြီး လင်းရှောင်ယွဲ့ကိုခေါ်ကာ မြို့တော်သို့ ပြန်လည် အစီရင်ခံရန် ထွက်ခွာလာခဲ့သည်။

မြို့တော်သို့ ဝင်ရောက်ချိန်တွင် မုရုန်ရွှီယန်သည် မှူးမတ်ပေါင်းစုံကို ဦးဆောင်၍ မြို့ပြင်ထွက်ကာ ကိုယ်တိုင် ကြိုဆိုသည်။

မြို့တော်မှ ပြည်သူများကလည်း လမ်းဘေးဝဲယာတွင် တန်းစီကာ ကြိုဆိုကြသည်။

ထို့နောက် လီရှောင်သည် စစ်အာဏာကို ပြန်လည် အပ်နှင်းပြီး ဇနီးသည်နှင့်အတူ အိမ်ပြန်ခွင့်ပြုရန် လျှောက်ထားလေသည်။

ထိုအချိန်မှာပင် မင်းဆရာကြီး၏အိမ်တော်မှ ဝမ်းနည်းဖွယ် သတင်း ရောက်ရှိလာသည်။ မင်းဆရာကြီး နတ်ရွာစံသွားပြီ ဖြစ်ကြောင်း သိရသည်။

မုရုန်ရွှီယန် ထိုသတင်းကို ကြားပြီး ဆွံ့အသွားသည်။

အဲ့ဒီအဘိုးကြီးက မြို့တော်ကို ပြန်ရောက်လာပြီဖြစ်တဲ့ မြေးမလေးနဲ့ မြေးသားမက်လေး ထွက်သွားမယ်ဆိုတာနဲ့ တစ်ခဏလေးတောင် မစောင့်နိုင်တော့ဘူးလား။

မှန်ပါသည်။ မင်းဆရာကြီးသည် အနားယူမည့်အကြောင်း သူ့ကို စောစောကတည်းက ပြောထားပြီး ဖြစ်သလို ဆက်ခံမည့်သူကိုလည်း ရှာထားပြီး ဖြစ်သည်။

ဆက်ခံသူက ဘယ်သူလဲ ဟုတ်လား။

ဟို တုံးအအ လျန်ချန်းချိုင်ဆိုတဲ့ ကောင်လေးပေါ့။

ထားပါတော့... လျန်မျိုးရိုး ကောင်လေးအပေါ် သူ သိပ်ဘဝင်မကျပေမယ့်...

ကိစ္စမရှိပါဘူးလေ... လျန်မိသားစုဝင် ဖြစ်နေတာပဲကိုး။

မင်းဆရာကြီးက သူ့ကို ကတိပေးထားပြီးသား။ နောက်နောင် အရေးကိစ္စ ရှိလာရင် ချင်းရှီမြို့ကို လာပြီး သူ့ကို ရှာလို့ရတယ်တဲ့။

ထိုအချက်ကို တွေးမိပြီး မုရုန်ရွှီယန်သည် မင်းဆရာကြီးအတွက် ဝမ်းနည်းကြေကွဲကြောင်း လေးနက်စွာ ထုတ်ပြန်ပြီး နိုင်ငံတော်ဈာပန ကျင်းပရန် ကြေညာလိုက်သည်။

......

နောက်တစ်နေ့။

နေရောင်ခြည် နွေးနွေးလေး သာနေသည်။

လီရှောင်သည် မြင်းကြီးတစ်ကောင်ကို စီးလျက် ရှောင်ယန်နှင့် အဖွဲ့၏ အစောင့်အရှောက်ဖြင့် မြင်းရထား နှစ်စီးကို ကာကွယ်ကာ ချင်းရှီမြို့သို့ ပြန်လည် ထွက်ခွာသွားလေသည်။

နယ်စပ်၊ စစ်ပွဲ၊ မြို့တော်... အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။

ပျော်ရွှင်အေးချမ်းသော နေ့ရက်များက ရှေ့တွင် စောင့်ကြိုနေသည်။

.........

ချင်းရှီမြို့သို့ ပြန်ရောက်ပြီးနောက် အန်းယန်ဝမ် (လီရှောင်) သည် မြို့တွင် လဝက်ခန့်နေထိုင်ပြီးမှ အန်းယန်ဝမ်အိမ်တော်သို့ ပြောင်းရွှေ့ နေထိုင်သည်။

ထို့နောက် အန်းယန်ခရိုင် တစ်ခုလုံးတွင် ကန်စွန်းဥ၊ အာလူး၊ ဂေါ်ဖီထုပ် စသည့် သီးနှံများကို အကြီးစား စိုက်ပျိုးရန် အမိန့်ထုတ်ပြန်လိုက်သည်။

......

ခြောက်လအကြာတွင် နန်းတွင်းမှ အမတ်ကြီးများကို စေလွှတ်ပြီး အန်းယန်ခရိုင်သို့ လာရောက် လေ့လာစေသည်။

သူတို့ ပြန်သွားသည့်အခါ ကန်စွန်းဥနှင့် အာလူး မျိုးစေ့ အမြောက်အမြား သယ်ဆောင်သွားကြသည်။

......

နောက်တစ်နှစ် ကြာသောအခါ ထိုသီးနှံနှစ်မျိုးသည် သာ့ယန် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး ပြည်သူများ၏ စားဝတ်နေရေးကို များစွာ တိုးတက်ကောင်းမွန်စေခဲ့သည်။

နယ်စပ်စစ်ပွဲ ရပ်တန့်သွားပြီးနောက် သာ့ယန်သည် အလွန် လျင်မြန်သော နှုန်းဖြင့် အင်အားပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

လျိုမိသားစု စီးပွားရေးလုပ်ငန်းသည် ကျင့်ခွိုက်ကို အန်းယန်ခရိုင် ပြင်ပသို့ တိုးချဲ့ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

လီရှောင်ကတော့ သူ့မိန်းမရဲ့ ဗိုက်ကို မျက်စိကျနေပြီ ဖြစ်သည်။

အိမ်မှာ ပဲစေ့လေးတစ်ကောင်လောက် ထပ်တိုးဖို့ အချိန်တန်ပြီလေ။

~ ဇာတ်သိမ်းပါပြီ ~

စာဖတ်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

BLACK PEARL TRANSLATION TEAM

All Chapters