← Chapters

မထွက်ခွာမီ

Vol. 21 Ch. 427

မထွက်ခွာမီ

Vol. 21 Ch. 427

"မြို့တော် အခြေအနေ တည်ငြိမ်သွားပြီဆိုတာနဲ့ မင်းကို လာခေါ်ဖို့ လူလွှတ်လိုက်မယ်"

အန်းယန်ဝမ်ဖေးသည် အလိုအလျောက် ငြင်းဆန်ချင်သွားသော်လည်း စဉ်းစားပြီးနောက် ထိန်းချုပ်လိုက်သည်။

"ကောင်းပါပြီ" ဟု ပြန်ဖြေလိုက်သည်။

ဝမ်ရယ်က ဒီတစ်ခေါက် မြို့တော်ကို ကိစ္စကြီးလုပ်ဖို့ သွားတာလေ။ သူမ လိုက်သွားလည်း ဘာမှအကူအညီရမှာ မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် အိမ်တော်မှာပဲ နေခဲ့တာ ပိုကောင်းပါတယ်။ ဒါမှ ဝမ်ရယ်နဲ့ မောင်လေးတို့လည်း စိတ်အေးရမှာ။

အန်းယန်ဝမ် မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး ဇနီးသည်ကို တင်းကျပ်စွာ ထပ်မံဖက်ထားလိုက်သည်။

"စိတ်ချပါ၊ ကိစ္စအောင်မြင်ရင် မင်းကို ကြီးကျယ်ခမ်းနားစွာနဲ့ မြို့တော်ကို လာခေါ်မယ်"

"အင်း"

.......

လျိုအိမ်တော်တွင်။

လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်အိမ်တော်မှ လူကို တွေ့ပြီးနောက် လီရှောင်ကို ပြန်ခေါ်ရန် ဆိပ်ကမ်းသို့ လူလွှတ်လိုက်သည်။

လီရှောင် ပြန်ရောက်လာမှ လာရောက်သူက ကိစ္စကို ပြောပြသည်။

"ကောင်းပြီ၊ အိမ်တော်ကိစ္စတွေ စီစဉ်ပြီးတာနဲ့ ကျွန်တော် ခင်ဗျားနဲ့အတူ ဝမ်ရယ်ဆီ လိုက်ခဲ့မယ်"

လီရှောင် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

ထိုအခါမှ လာရောက်သူ စိတ်အေးသွားပြီး လျိုအိမ်တော်မှ အစေခံနှင့်အတူ ထွက်ခွာသွားသည်။

"ဘာလို့ ဒီလောက်တောင် အရေးကြီးနေရတာလဲ။ အခု ထွက်သွားရင် နန်အန်းခရိုင် ရောက်တဲ့အချိန်ဆို ညမိုးချုပ်နေရောပေါ့" လင်းရှောင်ယွဲ့ စိုးရိမ်တကြီးဖြင့် လီရှောင်ကို မေးလိုက်သည်။

"မြို့တော်က အခြေအနေ တင်းမာနေလို့ နေမှာပါ။ အရှင်မင်းကြီးက နာမကျန်းဖြစ်နေပြီ။ ဒီအချိန်မှာ ဝမ်ရယ် မြို့တော်ကို တစ်ရက်စောရောက်လေ ကိုယ်တို့အတွက် အခြေအနေ ပိုကောင်းလေပဲ။ စစ်တပ်ရွှေ့ပြောင်းတဲ့ကိစ္စက အရေးကြီးတယ်။ ကိုယ် ကိုယ်တိုင် အိမ်တော်ကို သွားပြီး ဝမ်ရယ်နဲ့ ဆွေးနွေးမှ ဖြစ်မယ်"

စဉ်းစားပြီးနောက် လီရှောင် ဆက်ပြောသည်။

"ကိုယ် သွားပြီးရင် မင်း အိမ်တော်ထိန်းဖန်းနဲ့ ရှောင်ယန်ကို သွားရှာပြီး ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ လုပ်ခိုင်းထားလိုက်။ နောက်ကျရင် ၂ ရက်အတွင်း ကိုယ်တို့ ထွက်ခွာရလိမ့်မယ်"

လင်းရှောင်ယွဲ့ ရင်ထဲတွင် အကြောင်းမဲ့ ထိတ်လန့်မှုများ ဖြစ်ပေါ်လာကာ "ကောင်းပြီ"ဟု အမြန်ပြန်ဖြေလိုက်သည်။

လီရှောင် လက်ကြီးများက လင်းရှောင်ယွဲ့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"ညကျရင် ကိုယ့်ကို မစောင့်နဲ့တော့။ မနက်ဖြန် ကိုယ် လျိုအိမ်တော်ကို တန်းပြန်လာခဲ့မယ်"

"အင်း"

လင်းရှောင်ယွဲ့ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။

လီရှောင်၏မျက်ဝန်းထဲတွင် ခွဲခွာရခြင်းအတွက် ဝမ်းနည်းမှုများ ဖြတ်ပြေးသွားသည်။ ထို့နောက် ရှေ့တိုးပြီး လင်းရှောင်ယွဲ့၏ နဖူးပြင်ပေါ်တွင် အနမ်းတစ်ပွင့် ချွေလိုက်သည်။

"ကိုယ် သွားပြီ" ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

လင်းရှောင်ယွဲ့ အလိုအလျောက် လိုက်သွားချင်သော်လည်း ရပ်တန့်လိုက်သည်။

ခဏကြာမှ ဝမ်းနည်းမှုထဲမှ ရုန်းထွက်နိုင်ခဲ့သည်။

စာကြည့်ခန်းမှ ထွက်လာပြီး လီဝမ်၊ အိမ်တော်ထိန်းဖန်းနှင့် ရှောင်ယန်တို့ကို ခေါ်ရန် အစေခံများကို စေခိုင်းလိုက်သည်။

လီဝမ်နှင့် အိမ်တော်ထိန်းဖန်းတို့က လျိုအိမ်တော်ထဲတွင် ရှိနေကြသဖြင့် အမြန်ရောက်လာကြသည်။

ရှောင်ယန်ကိုတော့ အပြင်ထွက်ရှာရဦးမည်။

လီဝမ်နှင့် အိမ်တော်ထိန်းဖန်းတို့ ရောက်လာသည်နှင့် လင်းရှောင်ယွဲ့သည် မစောင့်တော့ဘဲ ချီဝူတပ်မတော် မကြာမီ ထွက်ခွာရမည့်သတင်းကို သူတို့နှစ်ဦးအား ပြောပြလိုက်သည်။

"ကျင့်ခွိုက်ဘက်မှာ ဆရာလီနဲ့ ရှန်းရှန်း ကြည့်နေကြတော့ ကျွန်မ စိတ်ချရတယ်။ အလုပ်ရုံဘက်ကိုတော့ ကျွန်မ သွားပြီးရင် အိမ်တော်ထိန်းဖန်းပဲ တာဝန်ယူကြည့်ရှုပေးပါဦး။ အထူးသဖြင့် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံကို အနည်းဆုံး လက်ရှိ ထုတ်လုပ်မှု ပမာဏအတိုင်း ဆက်ထိန်းထားပေးပါ"

စက်မှုဇုန်ဘက်တွင် အလုပ်သမား လေးရာနီးပါးရှိနေပြီဖြစ်ပြီး လူအင်အား ထပ်တိုးနေဆဲဖြစ်သည်။ ဆောက်လုပ်ရေးပစ္စည်းဝယ်တာကို ထားလိုက်ဦး၊ ဒီလူ ၄၀၀ ကျော်ရဲ့ စားသောက်စရိတ်နဲ့ လုပ်အားခက မနည်းလှပေ။

အခု ကျင့်ခွိုက်နှင့် ငရုတ်သီးအလုပ်ရုံ ဝင်ငွေက တည်ငြိမ်နေပေမယ့် စက်မှုဇုန် ကုန်ကျစရိတ်ကို ကာမိဖို့ မလုံလောက်သေးပေ။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အလုပ်ရုံကတော့ အမြတ်များပြီး အမှာစာမပြတ်သဖြင့် ကောင်းကောင်းလုပ်နိုင်လျှင် ငွေကြေးဖိအား အများကြီး လျော့ကျသွားစေနိုင်သည်။

"ဟုတ်ကဲ့ပါ။ သခင်မလေး စိတ်ချပါ" အိမ်တော်ထိန်းဖန်း အမြန်ပြန်ဖြေသည်။

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်ပြီး လီဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"စက်မှုဇုန်ဘက်ကိုတော့ အစ်မကိုပဲ အပ်ခဲ့ရတော့မယ်။ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို အစ်မပဲ တာဝန်ယူပေးပါ။ ငွေကြေးပိုင်းကိုတော့ အိမ်တော်ထိန်းဖန်းနဲ့ ညှိနှိုင်းပြီး စီမံခန့်ခွဲကြပါ"

လီဝမ်နှင့် အိမ်တော်ထိန်းဖန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လင်းရှောင်ယွဲ့ကို ခေါင်းညိတ်ပြလိုက်ကြသည်။

လင်းရှောင်ယွဲ့ သက်ပြင်းချလိုက်သည်။

"ချီဝူတပ်သားတွေ ထွက်သွားရင် လာမယ့်နှစ် ခြံမြေတွေကို အငှားချထားရတော့မယ်။ အဲ့ဒီအချိန်ကျရင် စက်မှုဇုန်ကမှ တပ်ကအနားယူလာမယ့် ညီအစ်ကိုတွေအတွက် အသင့်တော်ဆုံး နေရာဖြစ်လာမှာ"

ဒီစကားထွက်လာတော့ လီဝမ်နှင့် အိမ်တော်ထိန်းဖန်းတို့ လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်ကြသည်။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။

"စက်မှုဇုန်တစ်ခုက အလုပ်သမား သောင်းချီ လက်ခံနိုင်တယ်လေ။ ညီအစ်ကိုတွေ ပြန်လာရင် သူတို့အတွက် အလုပ်အကိုင် ရှိဖို့၊ ကောင်းကောင်းနေနိုင်ဖို့ အာမခံချက် ပေးရမှာပေါ့"

လီဝမ်နှင့် အိမ်တော်ထိန်းဖန်းတို့၏ မျက်နှာတွင် လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းညိတ်လိုက်ကြသည်။

ဒီတစ်ခေါက် စစ်ထွက်မည့် ချီဝူတပ်သား ဦးရေ ၅၀၀၀ နီးပါး ရှိသည်။

ဒီလူတွေ ထွက်သွားပြီးရင် ပြန်လာဖို့က ခက်ခဲသွားပြီ။

အန်းယန်ဝမ် ထီးနန်းရရင်တောင် ဒီလောက်များတဲ့ ချီဝူတပ်သားတွေကို ချင်းရှီမြို့ ပြန်လွှတ်ဖို့ စိတ်ချမှာ မဟုတ်ဘူး။

ချီဝူတပ်သားတွေ တပ်ကထွက်ချင်ရင် ဒဏ်ရာရမှ၊ သို့မဟုတ် အသက်ကြီးမှ ထွက်ခွင့်ရကြတော့မည်။

ဒါပေမဲ့ အခု လျိုမိသားစု စက်မှုဇုန်က သူတို့ကို စောင့်ကြိုနေတယ်။ သူတို့အတွက် နောက်ဆုံး ထွက်ပေါက်တစ်ခု ဖန်တီးပေးထားသလို ဖြစ်လို့ ချီဝူတပ်သားတွေအတွက် မျှော်လင့်ချက် ရှိလာစေသည်။

"ယွဲ့အာ၊ ကျေးဇူးတင်ပါတယ်" လီဝမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တကယ်တော့ ဒါတွေက သူမတာဝန် မဟုတ်ပါဘူး၊ ဒါပေမဲ့ နန်ကုန်းမိသားစုအတွက် သူမက တာဝန်ယူပေးနေတာ။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။ "အစ်မကလည်း ဘာတွေပြောနေတာလဲ။ ကျွန်မတို့က တစ်မိသားစုတည်းပါပဲ"

သူမနှင့် လီရှောင်က လင်မယားတွေလေ၊ လီရှောင်ရဲ့ တာဝန်က သူမရဲ့ တာဝန်ပဲပေါ့။

လီဝမ်လည်း ပြုံးလိုက်သည်။

"အင်း။" လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဤယောင်းမလေးကို ထပ်မံ၍ အသိအမှတ် ပြုလိုက်ပြန်သည်။

လင်းရှောင်ယွဲ့သည် သူတို့နှစ်ဦးကို မှာစရာရှိတာများ မှာကြားပြီးနောက် ပြန်လွှတ်လိုက်သည်။

သို့သော် လီဝမ်က ကျန်ရစ်ခဲ့သည်။ လီဝမ်က ပြောချင်သလိုလိုနှင့် မပြောဖြစ်ဘဲ ရှိနေသည်ကို မြင်သောအခါ အိမ်တော်ထိန်းဖန်း ထွက်သွားပြီးမှ လင်းရှောင်ယွဲ့က စကားစလိုက်သည်။

"အစ်မ ဘာပြောစရာ ရှိလို့လဲ"

"အင်း"

လီဝမ် တွန့်ဆုတ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။

"ထိုင်ပြီး ပြောပါ" လင်းရှောင်ယွဲ့ ပြုံးပြီး ပြောလိုက်သည်။

လီဝမ် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ခေါင်းငုံ့ထားပြီး တွန့်ဆုတ်နေဆဲ၊ စကားမပြောသေး။

"အစ်မ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ"

လင်းရှောင်ယွဲ့ ထပ်မံ ပြုံးပြီး ပြောလိုက်သည်။ တကယ်တော့ စိတ်ထဲတွင် ရိပ်မိနေသည်။

ထိုအခါမှ လီဝမ် ခေါင်းမော့လာသည်။

"နန်းတွင်း... အခု ဘယ်လို အခြေအနေ ရှိလဲ"

လင်းရှောင်ယွဲ့ ကြောင်သွားသည်။

"အစ်မက တကယ်တော့ အရှင်မင်းကြီး အခြေအနေကို မေးချင်တာ မဟုတ်လား"

လီဝမ် မျက်နှာပျက်သွားပြီး မျက်လုံးများ ဝေ့ဝဲသွားသည်။ ဝန်ခံလိုက်သည့် သဘောပင်။

လင်းရှောင်ယွဲ့ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

အစ်မ၏အကြောင်းကို လီရှောင် ပြောပြဖူးသည်။ အစ်မ နန်းတွင်းဝင်ခဲ့ရခြင်းမှာ အတင်းအကြပ် စေခိုင်းခံရ၍ ဖြစ်သော်လည်း နန်းတွင်းရောက်ပြီးနောက် ဧကရာဇ်ယန်နှင့် သံယောဇဉ် ဖြစ်ခဲ့ဖူးသည်။

ထိုသံယောဇဉ်သည် သိပ်မနက်ရှိုင်းလှပေ။ နန်ကုန်းမိသားစု ဒုက္ခရောက်ပြီးနောက် အမုန်းတရားအဖြစ် ပြောင်းလဲသွားခဲ့လောက်သည်။

သို့သော် အစ်မသည် ဧကရာဇ်ယန်အတွက် သားတော် ချင်အာကို မွေးဖွားပေးခဲ့ပြီး တစ်ချိန်က ရင်ခုန်ခဲ့ဖူးသည်မှာ အမှန်ပင်။ အခုတော့ လုံးဝ ဂရုမစိုက်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလေ။

"အရှင်မင်းကြီးက လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဟွေကွမ်းဆေးလုံးကို သောက်သုံးခဲ့တယ်။ အဲ့ဒီဆေးလုံးက သက်တမ်းကို တိုစေပြီး စွဲလမ်းစေတတ်တယ်။ အဘိုး တွေ့ရှိတဲ့အချိန်မှာ အရှင်မင်းကြီးရဲ့ သက်တမ်းက အတော်လေး ထိခိုက်နေပြီ။ အနည်းဆုံး ၁၀ နှစ်လောက် လျော့သွားပြီလို့ ပြောတယ်။ ပြီးတော့ ဆေးလည်း စွဲနေပြီတဲ့"

လင်းရှောင်ယွဲ့က စိုးရိမ်တကြီးဖြင့် လီဝမ်ကို ကြည့်လိုက်သည်။

လီဝမ် မျက်နှာထား ရှုပ်ထွေးသွားသော်လည်း ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင်တော့ မပြပေ။

သက်တမ်း ၁၀ နှစ် လျော့သွားတယ်၊ ဝဋ်လည်တာပဲ နေမှာပေါ့...

"အဲ့ဒီနောက် အဘိုးက အရှင်မင်းကြီးကို ဆေးဖြတ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့..."

လီဝမ် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ မေးခွန်းထုတ်သည့် အကြည့်မျိုး ဖြစ်သော်လည်း မလောပေ။

"ဒါပေမဲ့ အရှင်မင်းကြီး အဆိပ်ခတ်ခံလိုက်ရတယ်"

လီဝမ် မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"အခု အရှင်မင်းကြီး အခြေအနေ စိုးရိမ်ရတယ်။ အဘိုးရဲ့ ရောဂါရှာဖွေချက်အရ ဆေးဖြတ်ရတဲ့ ဒုက္ခကို လဝက်လောက် ခံနိုင်ရင်၊ ဟွေကွမ်းဆေးလုံး အာနိသင် လုံးဝပျောက်သွားရင်၊ ပြီးမှ အဆိပ်ဖြေပြီး အားပြန်ဖြည့်မယ်ဆိုရင် အများဆုံး ၆ လလောက် နေရဦးမယ်တဲ့။ ဒါပေမဲ့ ဆေးဖြတ်ဒဏ်ကို မခံနိုင်ရင်တော့..."

ဒီနေရာအရောက်တွင် လင်းရှောင်ယွဲ့သည် လီဝမ်၏မျက်နှာကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ဧကရာဇ်ယန်အပေါ် လီရှောင်နှင့် သူမအမေကြောင့် သူမအနေဖြင့် အနည်းငယ် ရန်လိုမုန်းတီးစိတ် ရှိသည်။ ဒါကြောင့် ဒီသတင်းကြားတော့ သူမစိတ်ထဲမှာ ကျေနပ်သလိုတောင် ခံစားရသည်။

ဧကရာဇ်ယန် ဝဋ်လည်တာပဲ၊ ခံရမှာပေါ့လို့ တွေးမိသည်။

ဒါပေမဲ့ အခု လီဝမ်အတွက် စိတ်ပူမိသည်။

လီဝမ်က ပြုံးလိုက်သည်။

"ဒါ ကံတရားပဲ နေမှာပေါ့။ မကောင်းမှုတွေ အရမ်းများလွန်းလို့ နတ်ဘုရားတွေတောင် မကြည့်ရက်တော့ဘဲ သူ့ကို လာခေါ်တာ နေမှာပါ" နာကျည်းသော လေသံဖြင့် ပြောလိုက်သည်။

ဒါလည်း ကောင်းတာပါပဲ၊ သေသွားတာ ကောင်းပါတယ်။ သူ သေသွားမှ သူမအနေနဲ့ စိတ်ရှုပ်စရာတွေ၊ သံယောဇဉ်တွေ ကင်းသွားမှာ။ နတ်ဘုရားတွေ လာခေါ်တာလို့ပဲ သဘောထားလိုက်ပါ့မယ်။ ဘယ်သူ လုပ်တာလဲဆိုတာ သူမ မသိချင်တော့ဘူး။ နတ်ဘုရားတွေ ကူညီတယ်လို့ပဲ မှတ်ယူလိုက်မယ်။

ပြောပြီးသည်နှင့် လီဝမ် မတ်တတ်ထရပ်လိုက်သည်။

"ငါ့ လက်ထဲမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်၊ သွားတော့မယ်"

ပြောပြီးသည်နှင့် လင်းရှောင်ယွဲ့ ပြန်မပြောနိုင်ခင်မှာပင် လီဝမ် အမြန်ထွက်ခွာသွားသည်။

လင်းရှောင်ယွဲ့ လက်လှမ်းလိုက်သော်လည်း နောက်ဆုံးတွင် လီဝမ် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

အပြင်ရောက်သောအခါ လီဝမ်သည် သူမ၏ ခြံဝင်းငယ်လေးဆီသို့ အမြန်ပြန်ပြေးသွားသည်၊ ရင်ထဲတွင် ဗလာဟင်းလင်း ဖြစ်နေသလို ခံစားရသည်။

နာရီဝက်ကြာပြီးနောက် ရှောင်ယန် ပြန်ရောက်လာသည်။

ရှောင်ယန် လင်းရှောင်ယွဲ့၏ စာကြည့်ခန်းမှ ထွက်သွားပြီးနောက် လျိုအိမ်တော်တွင် အလုပ်များလာသည်။

လျိုအိမ်တော်တစ်ခုလုံး တင်းမာသောလေထု လွှမ်းခြုံသွားသည်။

.......

ညရောက်သောအခါ၊ သာ့ရှီရွာတွင်။

ညစာစားပြီးနောက် လင်းရှောင်ယွဲ့သည် လျိုရှီကို အခန်းပြန်ပို့ပြီး လျိုရှီ၏ အခန်းထဲတွင် ဆက်နေလိုက်သည်။

"ပြန်နားတော့လေ၊ အမေ့အခန်းထဲမှာ ဘာလို့ ဆက်နေနေတာလဲ"

လျိုရှီက သမီးဖြစ်သူ တွန့်ဆုတ်တွန့်ဆုတ်နှင့် ထွက်မသွားသည်ကို မြင်သောအခါ မေးလိုက်သည်။

လင်းရှောင်ယွဲ့ နောက်ဆုံးတွင် လျိုရှီကို မော့ကြည့်လိုက်သည်။

"အမေ... သမီးနဲ့ လီရှောင် ချင်းရှီမြို့ကနေ ခဏ ထွက်သွားရမယ် ထင်တယ်"

လျိုရှီ ကြောင်သွားပြီး မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ သို့သော် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။

"ဒီတစ်ခါ ဘာကိစ္စနဲ့ သွားမှာလဲ။ ဘယ်လောက်ကြာမလဲ"

သမီး၏လက်ကို ဆွဲပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အမေ..."

လင်းရှောင်ယွဲ့ အံ့သြသွားသည်။ သူမအမေက သူတို့သွားမှာကို ခွင့်ပြုပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လျိုရှီ မျက်လွှာချလိုက်ကာ လင်းရှောင်ယွဲ့၏လက်ဖမိုးကို ပုတ်ပေးလိုက်သည်။

"သမီးအဘိုး ပြောတယ်။ သမီးတို့က ကိစ္စကြီးတွေ လုပ်ကြရမှာတဲ့။ ကိစ္စတွေပြီးရင် အမေတို့မိသားစု ဘယ်တော့မှ ခွဲခွာစရာ မလိုတော့ဘူးတဲ့။ သူလည်း ပြန်လာပြီး အမေတို့နဲ့ အတူနေလို့ရပြီတဲ့။ အမေက တောသူတစ်ယောက်ပါ၊ သမီးတို့ကို ဘာမှ မကူညီပေးနိုင်ဘူး။ လုပ်ပေးနိုင်တာကတော့ အိမ်မှာ သမီးတို့ကို စောင့်နေဖို့ပဲ"

လျိုရှီ ခဏရပ်လိုက်သည်။ ထို့နောက် အသံမှာ ငိုသံစွက်လာသည်။

"ဒါပေမဲ့... ဒါပေမဲ့ အမေ သိချင်တယ်၊ သမီးတို့ ဘယ်သွားမှာလဲ၊ ဘာတွေ လုပ်ကြမှာလဲ ဆိုတာ။ ဒါမှ... ဒါမှ အမေ စိတ်နည်းနည်း အေးနိုင်မှာ၊ လျှောက်တွေးပြီး ပူပန်မနေရတော့မှာ"

လင်းရှောင်ယွဲ့ ရင်ထဲ နာကျင်သွားသည်။ သူမအမေ၏ ခံစားချက်ကို နားလည်သွားသည်။

မသိရတာကမှ အကြောက်ဆုံးပဲ။ အရင်တုန်းက သူမနဲ့ လီရှောင် အပြင်ထွက်တိုင်း အကြောင်းရင်းကို သေချာဖုံးကွယ်ထားနိုင်တယ်လို့ ထင်ခဲ့တာ။

တကယ်တော့ အမေက ရိပ်မိနေခဲ့တာပဲ။ သူတို့ ထွက်သွားရင် အမေက သာ့ရှီရွာမှာ အေးအေးဆေးဆေး နေရစ်ခဲ့တယ်၊ စိတ်ချလက်ချ ရှိတယ်လို့ သူတို့ ထင်ခဲ့ကြတာ။

တကယ်တမ်းတော့ သူတို့ ထွက်သွားတိုင်း အမေက သူတို့အတွက် စိတ်ပူနေခဲ့ရတာ။ သူတို့ အန္တရာယ်ကြုံရမယ့် ပုံရိပ်တွေကိုတောင် စိတ်ကူးကြည့်ပြီး ပူပန်နေခဲ့ရတာ။

ဒါကို တွေးမိပြီး လင်းရှောင်ယွဲ့ လျိုရှီ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ပြောပါ့မယ် အမေ၊ သမီး အကုန်ပြောပြပါ့မယ်"

ထို့နောက် လင်းရှောင်ယွဲ့သည် မြို့တော် အခြေအနေနှင့် သူမနှင့် လီရှောင် လုပ်ဆောင်ရမည့် ကိစ္စများကို လျိုရှီအား ပြောပြလိုက်သည်။

လျိုရှီ ကြားလိုက်ရတော့ ခန္ဓာကိုယ် တုန်ယင်လာသည်။

ဘာ၊ သူမအဖေက အန်းယန်ဝမ်ကို ထီးနန်းရအောင် ကူညီပေးမှာ ဟုတ်လား။

သူမသမီးနဲ့ သမက်က ချီဝူတပ်မတော်ကို ဦးဆောင်ပြီး နယ်စပ်ကို လျှို့ဝှက်သွားကာ ရန်သူ့ကျူးကျော်စစ်ကို ခုခံရမယ် ဟုတ်လား။ သူတို့မိသားစုက ဧကရာဇ်အသစ်ကို တင်မြှောက်ကြတော့မှာ...

"အမေ မကြောက်ပါနဲ့။ ဝမ်ရယ်က အမိန့်တော် ရပြီးပြီ။ ဒီရက်ပိုင်း မြို့တော်ကို ဝင်တော့မှာ။ အဲ့ဒီအချိန်ကျရင် မြို့တော်မှာ အဘိုးနဲ့ ဝမ်ရယ် ရှိမယ်။ နယ်စပ်မှာ သမီးနဲ့ လီရှောင် ရှိမယ်။ သမီးတို့ နှစ်ဖက်ညှပ်ပြီး ပံ့ပိုးလိုက်ရင် အခြေအနေ တည်ငြိမ်သွားမှာပါ"

လင်းရှောင်ယွဲ့က ပြောရင်း မျက်လုံးများ အရောင်တောက်လာသည်။

ထို့နောက် လင်းရှောင်ယွဲ့ လျိုရှီ၏လက်ကို ထပ်မံ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"တိုင်းပြည်အေးချမ်းသွားတာနဲ့ နန်ကုန်းမိသားစုရဲ့ အမည်းစက်ကို ချေဖျက်ပြီးတာနဲ့ အဘိုးလည်း အနားယူတော့မှာ။ အဲ့ဒီအချိန်ကျရင် သမီးတို့မိသားစု ဘယ်တော့မှ ခွဲခွာစရာ မလိုတော့ဘူး။ အမေလည်း သမီးတို့အတွက် ရင်တမမနဲ့ စိတ်ပူစရာ မလိုတော့ဘူး"

လျိုရှီက လင်းရှောင်ယွဲ့ကို မော့ကြည့်လိုက်သည်။ သမီးဖြစ်သူ၏ ပြတ်သားသော မျက်နှာထားကို မြင်သောအခါ ခန္ဓာကိုယ် တုန်ယင်မှုကို ထိန်းချုပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

လင်းရှောင်ယွဲ့ ဝမ်းသာသွားပြီး လျိုရှီကို ဖက်လိုက်သည်။

"အမေ စိတ်ချပါ၊ သမီးတို့ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"

"ကောင်းပြီ။ မင်းတို့... ဂရုစိုက်ကြနော်"

......

နောက်တစ်နေ့တွင်။

လင်းရှောင်ယွဲ့သည် စောစောစီးစီး ထမင်းစားပြီး ချင်းရှီမြို့သို့ ထွက်ခွာသွားသည်။

လျိုအိမ်တော်တွင် လီရှောင် ပြန်ရောက်နေပြီဖြစ်သည်။

ရှောင်ယန်အပါအဝင် ချီဝူတပ်မှူးများ အားလုံး ရောက်ရှိနေကြသည်။

လျိုအိမ်တော် နောက်ဖေးဝင်းတွင် စစ်သွေးစစ်မာန်များ ပြည့်နှက်နေသည်။

"ဝမ်ရယ်က အမိန့်ပေးလိုက်ပြီ။ ဒီည ထွက်ခွာမယ်။ ပြန်ရောက်ရင် လိုအပ်တာတွေ ပြင်ဆင်ပြီး နေ့လယ်ကျရင် ဆိပ်ကမ်းမှာ လူစုကြ။"

လီရှောင် အသံနက်နက်ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့။"

တပ်မှူးများ ချက်ချင်း ပြန်ဖြေကြသည်။

ထို့နောက် လီရှောင် ထွက်ခွာသွားသည်။ ကျန်တာများကို ရှောင်ယန်က တာဝန်ယူ ဆက်လက်မှာကြားသည်။

ခြံဝင်းငယ်လေးထဲတွင်။

လင်းရှောင်ယွဲ့ကို ခြံဝင်းထဲ ခေါ်လာပြီးမှ လီရှောင်၏ စစ်သွေးစစ်မာန်များ လျော့ကျသွားသည်။

လင်းရှောင်ယွဲ့ အခွင့်ကောင်းယူပြီး ရှေ့နှစ်လှမ်းတိုးကာ လီရှောင်၏လက်ကြီးကို ဆွဲလိုက်သည်။

"ဝမ်ရယ်ဘက်က ဘာမှာလိုက်သေးလဲ"

လီရှောင် လှည့်ကြည့်လိုက်ရာ ဇနီးလေး၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် တင်းမာနေသော စိတ်များ လျော့ကျသွားသည်။

"အထဲဝင်ပြောမယ်" ပြောပြီးသည်နှင့် လင်းရှောင်ယွဲ့ကို ဆွဲပြီး စာကြည့်ခန်းထဲ ဝင်သွားသည်။

စာကြည့်ခန်းထဲရောက်တော့ လီရှောင် တံခါးပိတ်လိုက်ပြီး လင်းရှောင်ယွဲ့ကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။

လင်းရှောင်ယွဲ့က လီရှောင် စကားပြောမည်ကို စောင့်နေသည်။

"ဝမ်ရယ် မနက်ဖြန် ခရီးထွက်တော့မယ်" လီရှောင် လေးနက်သော မျက်နှာထားဖြင့် လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။

"ကိုယ့်ကိုပါ လိုက်ခဲ့စေချင်တယ်" ဟု ဖြည့်စွက်ပြောလိုက်သည်။

လင်းရှောင်ယွဲ့၏အမူအရာ ပြောင်းလဲသွားသည်။

"ရှင်ပါ လိုက်သွားရမယ် ဟုတ်လား။ ဒါဆို ချီဝူတပ်သားတွေကို ဘယ်လို စီစဉ်မှာလဲ"

"ချီဝူတပ်သား ၂၀၀ ကိုယ်နဲ့အတူလိုက်ပြီး ဝမ်ရယ်ကို မြို့တော် လိုက်ပို့မယ်။ ကျန်တဲ့လူတွေကို ရှောင်ယန် ဦးဆောင်ပြီး နယ်စပ်သွားမယ်"

လီရှောင် ဆက်ပြောသည်။

လင်းရှောင်ယွဲ့ မျက်နှာတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။

"ဝမ်ရယ်က ကျွန်မတို့ကို မယုံတာလား"

"မဟုတ်ဘူး။ ယုံကြည်လွန်းလို့ ကိုယ့်ကို လိုက်ခဲ့ခိုင်းတာ။ မြို့တော်မှာ သူ့အတွက် အန္တရာယ်ကင်းအောင်လို့လေ။ ချီဝူတပ်သား ၂၀၀ ဆိုတာ ချီဝူတပ်မတော်ထဲက အတော်ဆုံး လူတွေကို ရွေးထားတာ။ နန်းတော်ထဲက အစောင့်တပ် ၅၀၀၀ နဲ့ ယှဉ်တိုက်နိုင်တယ်။ ဝမ်ရယ်ရဲ့ သဘောက ဒီတစ်ခေါက် မြို့တော်ဝင်ရင် ထီးနန်းကို မရရအောင် ယူမယ်တဲ့"

ဧကရာဇ်ယန်က ထီးနန်းလွှဲမပေးရင် အာဏာသိမ်းပြီး ယူမယ်ပေါ့။

နန်းတော်ထဲမှာ မင်းဆရာကြီး ရှိနေတယ်။ ပြီးတော့ အန်းယန်ဝမ်က မြို့တော်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသား။ ချီဝူတပ်သား ၂၀၀ နဲ့ဆိုရင် အခြေအနေကို ထိန်းချုပ်နိုင်မှာ သေချာတယ်။

လင်းရှောင်ယွဲ့ ရင်ထဲ ထိတ်သွားသည်။

"ကျွန်မ ရှင့်နောက် လိုက်ခဲ့မယ်" ချက်ချင်း ပြောလိုက်သည်။

ချီဝူတပ်သားတွေ တိုက်ရည်ခိုက်ရည် ကောင်းတယ်ဆိုရင်တောင် လူ ၂၀၀ ဆိုတာ နည်းလွန်းတယ်။

တကယ်တမ်း အဲ့ဒီအဆင့်ရောက်သွားရင် အားလုံး အန္တရာယ်ရှိတယ်။

သူမလက်ထဲမှာ လက်နက်တွေ ရှိတယ်။ လိုက်သွားရင် အနည်းဆုံးတော့ အကာအကွယ် ပိုရမှာပေါ့။

လီရှောင် လက်လှမ်းပြီး လင်းရှောင်ယွဲ့၏ပခုံးကို ကိုင်လိုက်သည်။

"မင်းက ရှောင်ယန်နဲ့အတူ နယ်စပ်ကို သွားပါ။ အချိန်မရွေး ကိုယ်တို့ကို ကူညီနိုင်အောင် ပြင်ဆင်ထားပါ"

လင်းရှောင်ယွဲ့ စကားပြောမည် ပြုသောအခါ လီရှောင်က ဆက်ပြောသည်။

"နယ်စပ်မှာ မင်းရှိနေမှ ကိုယ် စိတ်ချရမှာ"

လင်းရှောင်ယွဲ့ မျက်နှာ တောင့်တင်းသွားသည်။ ထို့နောက် လီရှောင်၏လက်ကို ပုတ်ထုတ်လိုက်သည်။

"နယ်စပ်မှာ ရှောင်ယန်ရှိရင်ရပြီ။ အရင်တုန်းက ကျွန်မတို့မရှိတုန်းကလည်း သူနဲ့ ဆရာရွှီတို့ပဲ ချီဝူတပ်သားတွေနဲ့ နယ်စပ်မှာ တပ်စွဲခဲ့ကြတာပဲ"

လီရှောင် စကားပြောမည် ပြုသောအခါ လင်းရှောင်ယွဲ့ ဖြတ်ပြောလိုက်သည်။

"ဒီတစ်ခေါက် မြို့တော်ဝင်တာက အရမ်း အန္တရာယ်များတယ်။ ရှင်နဲ့ အဘိုး နှစ်ယောက်လုံး ရှိနေတာ၊ ကျွန်မ မလိုက်သွားရရင် စိတ်ချမှာ မဟုတ်ဘူး"

***

All Chapters