← Chapters

“လိပ်ပြာလေး ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ပြိုင်ကြတာပေါ့”

Vol. 6 Ch. 52

“လိပ်ပြာလေး ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ပြိုင်ကြတာပေါ့”

Vol. 6 Ch. 52

စွန်းလင်အာ အနေဖြင့် စွန်းယန်ဝမ် ကို ခက်ခက်ခဲခဲ ပြန်ရှာတွေ့ခဲ့သောကြောင့် အလွန်ဝမ်းသာပျော်ရွှင် ရသော်လည်း တစ်ချိန်တည်းတွင် စိုးရိမ်စိတ်လည်း အနည်းငယ် ကြီးစိုးလာပြန်သည်။

အစောပိုင်း အချိန်များက စွန်းယန်ဝမ် မှာ မည်သူမည်ဝါဖြစ်သည်၊ မည်ကဲ့သို့ နောက်ခံရှိသည်ကို သူမ လုံးဝ သိခဲ့ခြင်း မရှိပေ။

သူ့၏ “ဝိညာဉ်လိပ်ပြာ၊ မေတ္တာနှောင်ဖွဲ့၊ ဆည်းဆာကို အိပ်မက်မက်တယ်၊ တစ်ကိုယ်တော်ပျံသန်း၊ မက်မွန်ပန်းခက်တွေနဲ့လွှမ်း” ဆိုသော ကဗျာစကား တစ်ခွန်းကြောင့် သူ့အပေါ်တွင် ရူးမတတ် ကြွေဆင်းနေပြီ ဖြစ်သည်။

အဖိုးဖြစ်သူသည် စွန်းယန်ဝမ် ကို အနည်းငယ်မျှ သဘောမကျသလို၊ သူမ၏ သူငယ်ချင်း နန်မန်ကျူ ကလည်း စွန်းယန်ဝမ် ကို ကြည့်မရသဖြင့် ဆောင်ယန်ဂိုဏ်းမှ သာမန် တပည့်တစ်ဦးသည် ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစု၏ လိပ်ပြာနတ်သမီးလေးနှင့် မည်သို့မျှ လိုက်ဖက်မှု မရှိကြောင်းကို သူမ မကြားချင်အဆုံး ပြောဆိုနေခဲ့ကြ၏။

သို့သော် သူမအနေဖြင့် ထိုကဲ့သို့ အရာများကို များစွာ ဂရုစိုက်ခြင်း မရှိဘဲ သူမနှင့် စိတ်တူကိုယ်တူ လူတစ်ဦးနှင့် အတူတကွ နေထိုင်ရခြင်းက အခြားမည်သည့် အရာထက်မဆို ပို၍ကောင်းသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။

စွန်းယန်ဝမ် သည် ဂိုဏ်းချုပ်ကြီး တစ်ဦး၏ တပည့်ဖြစ်နေလိမ့်မည်ဟုတော့ သူမသာမက အခြား မည်သူမျှလည်း ထင်မှတ်လိမ့်မည် မဟုတ်ပေ။

ကျင့်ကြံခြင်း လောက၏ ဖြစ်စဉ်အတော်များများသည် လိမ်လည်မှုများသာ ဖြစ်ပြီး စစ်မှန်သော စွမ်းအားသာလျှင် အရာရာ ဖြစ်သည်။

ဓားအိမ်တော်တွင် စံအိမ်သခင် သက်တော်ရှည် အဖိုးအို တစ်ဦး ရှိနေရုံဖြင့် လောက၏ အထက်တွင် ထူးချွန်ပြောင်မြောက်စွာ ရပ်တည်နိုင်စွမ်း ရှိခဲ့သည်။

ရှောင်ရှန်းကျောင်းတော်တွင် သက်ကြီး ဘုန်းတော်ကြီး တစ်ပါး ရှိနေရုံမျှဖြင့် နှစ်ပေါင်းတစ်ထောင် တိုင်အောင် ခိုင်မြဲစွာ တည်ရှိနိုင်ခဲ့သည်။

တာ့လန်မင်းဆက်တွင် ဝါရင့် ဘိုးဘေးကြီး တစ်ဦး ရှိနေရုံဖြင့် ဤကမ္ဘာကြီး မည်မျှရှုပ်ထွေးပွေလီ နေသည်ဖြစ်စေ၊ တောင်ပိုင်း နန်ရှား နှင့် မြောက်ပိုင်း ပေယန်တို့မှ စစ်တပ်များ မည်မျှ ဘုန်းတန်ခိုး ကြီးထွားနေသည် ဖြစ်စေ အင်ပါယာက မည်သည့်အခါမျှ ပြိုလဲသွားခြင်း မရှိဘဲ တည်တံ့ခိုင်မြဲ နေခဲ့သည်ချည်းသာ ဖြစ်သည်။

သို့သော် ဤလောက၏ အကြီးမြတ်ဆုံးသော နာယကကြီး သုံးဦးတို့သည် ကျင့်ကြံခြင်းလောကကို တဖြည်းဖြည်း စွန့်ခွာသွားကြပြီ ဖြစ်ပြီး ဓားနတ်ဘုရား ဟူချင်းတိ ပင်လျှင် သတင်းအစအန ပျောက်ဆုံး သွားသည်မှာ နှစ်အတန်ကြာသွားပြီ ဖြစ်သောကြောင့် ယနေ့ မျက်မှောက်ခေတ်ကာလတွင် ဂိုဏ်းချုပ်ကြီးများကသာ လူသားမျိုးနွယ် တစ်ခုလုံးကို စိုးမိုးထားခဲ့သည်။

သူ့၏ ဆရာတစ်ဦးတည်းသာ ဤကဲ့သို့ အခြေအနေဆိုလျှင် များစွာ ပြောစရာ မဟုတ်သေးပေ။

သို့သော် အနာဂတ်တွင် သေချာပေါက် ဂိုဏ်းချုပ်ကြီး ဖြစ်လာမည့်သူဟု ကျင့်ကြံခြင်းလောက တစ်ခုလုံး တညီတညွတ်တည်း ထောက်ခံထားသည့် ဓားနတ်ဘုရားငယ်လေး ကျန်းချင်းရှီ ကလည်း သူ့အစ်ကို ဖြစ်နေခဲ့ပြန်သည်။

ဆရာဖြစ်သူသည် လူသားမျိုးနွယ်၏ မဟာ တံတိုင်းကြီးဖြစ်နေပြီး၊ အစ်ကိုကြီး ဖြစ်သူမှာလည်း အနာဂတ်၏ မဟာ တံတိုင်းကြီး ဖြစ်နေသောအခါ စွန်းယန်ဝမ် အဖို့ မည်သည့် ကျင့်ကြံမှုအဆင့်မှ မရှိလျှင်ပင် ဤလောကအတွင်း လက်နောက်ပစ်ကာ လျှောက်သွားနေနိုင်သော နောက်ခံမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။

ဤကဲ့သို့ အခြေအနေက တာ့လန်အင်ပါယာ၏ မင်းသမီးတစ်ပါးနှင့်ပင် တန်းတူပြောဆိုနိုင်စွမ်း ရှိပြီး နေနှင့်လ၊ ရွှေနှင့်မြ ဟူ၍ တင်စားမည်ဆိုလျှင်လည်း ရသည်။

ယခုအခါတွင် လိပ်ပြာလေး၏ ရင်ထဲ၌ သူမအထီးကျန်ခဲ့ရမည့် အရေးကို တွေးတောပြီး အကြီးအကျယ် စိတ်ပူလာရတော့သည်။

စွန်းယန်ဝမ် က စွန်းလင်အာ ကို လှမ်းနှုတ်ဆက်လိုက်ပြီး သူ့၏ ပထမဆုံး နိုင်ပွဲ အကြောင်းကို အစ်ကိုကြီးအား ကြွားချင်လွန်းသောကြောင့် လူအုပ်အတွင်း အတင်းတိုးဝှေ့ရှာဖွေနေစဉ် သဲသဲကဲကဲလေးနှင့် ချွဲချွဲနွဲ့နွဲ့ ဖြစ်နေကာ မောဟိုက်သည့်ဘက်ကိုပင် ကူးပြောင်းလုနီးပါး အသံတစ်သံကို ကြားလိုက်ရသည်။

“စွန်းသခင်လေးရှင့်… ကျွန်မတို့ နန်မန်မိသားစုဟာ သခင်ငယ်လေးတွေ အပေါ်မှာ ကြီးမားတဲ့ ချိုးဖောက်မှုကြီးတွေကို ကျူးလွန်ထားခဲ့မိတဲ့အတွက်… ကျွန်မ နန်မန်ကုန်း ကိုယ်တိုင် သခင်လေးတို့ စိတ်ကျေနပ်တဲ့အထိ တောင်းပန်ဖို့ ရောက်လာတာပါရှင့်…”

နန်မန်ကုန်း ဆိုသည်မှာ မည်သူဖြစ်သနည်း။

သူမသည် လျူချီ၊ ဝေချီဟန် အစရှိသော ထိပ်သီးပါရမီရှင် လူငယ်များကိုပင် တစ်ကြိမ်တစ်ခါမျှ မျက်နှာသာပေးခြင်း မရှိဘဲ အထင်သေး အမြင်သေး ဆက်ဆံတတ်သူဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင်တော့ နန်မန်မိသားစု၏ အလွန်မောက်မာကာ မာနကြီးသော ရှစ်ယောက်မြောက် သမီးလေးက စွန်းယန်ဝမ် ၏ ရှေ့မှောက်တွင် ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးသွားသည့် ယုန်သူငယ်လေး တစ်ကောင်သဖွယ် လက်အုပ်လေးချီရင်း တောင်းပန်နေရှာသည်။

သူမ၏ မှုန်နေအောင် ချောမောလှပသည့် မျက်နှာလေးပေါ်တွင် အပြစ်ဟူ၍ မြူတစ်မှုန်စာမျှ မရှိတော့သလို၊ ရှက်ရွံ့မှုများ ဖုံးလွှမ်းထားပြီး လိုလိုချင်ချင် တောင်းပန်တိုးလျှိုး နေခြင်းက စွန်းယန်ဝမ် အဖို့ လှောင်ပြောင်ရန် စိတ်ကူးရှိသည် ဆိုလျှင်ပင် ထိုစကားလုံးများအားလုံး လည်ချောင်းဝအထိသာ ရောက်နိုင်ပြီး အကြောင်းပြချက် ရှာမရအောင် ပျောက်ကွယ်သွားရတော့သည်။

အခြားနန်မန်ညီအစ်မ ရှစ်ယောက်လုံးမှာလည်း မိုးကြိုးပစ်သံကို ကြားလိုက်ရသော ဖားသူငယ်များပမာ တစ်ဦးကို တစ်ဦး ကြည့်နေကြပြီး မည်သည့်စကားမျှ မပြောနိုင်အောင် ဖြစ်နေကြသည်။

သူမတို့နောက်မှ တောက်လျှောက်ကပ်ပါလာသော လူငယ်အားလုံးသည် ယခုအခါ သံချောင်း တစ်ချောင်းကို အတင်းမျိုနေရသလို ပုံစံမျိုးဖြင့် အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ပြန်မစိနိုင်ဘဲ အောက်မေးရိုးကြီးများ အတိုင်းသား ပြုတ်ကျနေ၏။

ထိုအဖြစ်အပျက်များ အားလုံးကို အစမှအဆုံးအထိ သိရှိနေခဲ့သော ယန်ရှင်းအာ က လက်ရှိ မြေပြင် အခြေအနေကို တွေ့သောအခါ အနီးတွင် ချထားသည့် သောက်စရာ တစ်ခုခုကို ကောက်ယူလိုက်ပြီး တရှိန်ထိုး မော့ချလိုက်သည်။

“ဖွီး… ဖွီး…”

သူမသောက်ချလိုက်သည်နှင့် ချက်ခြင်းသီးသွားပြီး တဟွတ်ဟွတ် ချောင်းများဆိုးကာ ရေအားလုံး ပြန်ထွက်လာသည်။

သူမ စားပွဲပေါ်ကို မည်သူက အရက်ခွက် လာချသွားပေးမှန်း မသိပေ။

သူမကဲ့သို့ ဘေးမှ ထိုင်ကြည့်နေသူ တစ်ဦးအနေဖြင့် သူတို့ ဖြစ်ပျက်နေသည့် အခြေအနေ အသေးစိတ်ကို စိတ်ထဲမှ အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေမိ၏။

“ဒီလိုလုပ်လိုက်လို့ကော အဆင်ပြေသွားမှာတဲ့လား…”

“နေပါဦး… နန်မန်ကုန်း က ဒီကိစ္စမှာ မပါခဲ့ဘူးလေ… သူသွားလို့ရတာပဲ… ဟုတ်တာပဲ ဒါကို ငါ ဘာဖြစ်လို့ မတွေးမိတာပါလိမ့်…”

“ဒါပေမဲ့….”

“နည်းနည်းတော့ နောက်ကျသွားလောက်ပြီ….”

“ဟုတ်တယ်… သူမတွေးတဲ့ အယူအဆက နည်းနည်းလွဲနေပြီ…. မဟုတ်ဘူး တကယ် လွဲနေပြီ…”

ကျန်းချင်းရှီ သည် သူ့ညီလေးကို မြင်သော်လည်း အနှောင့်အယှက် မပေးဘဲ မိန်းကလေးနှစ်ဦးကိုသာ ပြုံးပြုံးကြီး ကြည့်နေသည်။

“ဆရာက မိန်းမတွေနဲ့ တစ်ခါမှ ပတ်သက်ခဲ့ဖူးတာ မဟုတ်ဘူး… အကြီးဆုံးဦးလေးနဲ့ တခြားဆရာတူ ဦးလေးတွေ အကုန်လုံးလည်း တစ်ကိုယ်တည်း သမားတွေချည်းပဲ….”

“ဘာဖြစ်လို့ ငါတို့မျိုးဆက်ရောက်မှ ဒီအစဉ်အလာက ဆက်ထိန်းဖို့ အရမ်းခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်သွားရတာလဲ…”

“ငါကလည်း အတင်းအကျပ် လက်ထပ်ပွဲတစ်ခုကို မကြာခင် ကျင်းပရဖို့ ဖြစ်လာနိုင်တယ်….”

“ဒုတိယညီလေးကတော့ ဘာဖိအားမှ မရှိဘဲ သူ့အလိုလိုကို ပန်းခင်းအလယ် ရောက်နေတဲ့ သူမျိုးပဲ…”

“ဒီလိုပုံစံတွေနဲ့သာ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် ဆောင်ယန်ဂိုဏ်းက တပည့်တွေတောင် တကူးတက လိုက်ရှာနေစရာ လိုမယ်မထင်ဘူး….”

“ကိုယ့်မျိုးဆက်နဲ့ကိုယ် ဂိုဏ်းကို တည်ဆောက်ထားလိုက်ရုံပဲ….”

ကျန်းချင်းရှီ သည် ယခုကိစ္စမှာ စိတ်ဝင်စားစရာ ကောင်းလာသော အချစ်ဇာတ်လမ်းတစ်ပုဒ်ဟု မြင်ပြီး အနာဂတ် ဆောင်ယန်ဂိုဏ်းက သူနှင့်လုံးဝ မသက်ဆိုင်တော့ဟုလည်း ယူဆလိုက်သည်။

စွန်းယန်ဝမ် သည် ကမ္ဘာ​မြေတွင် ရှိစဉ်က မိန်းကလေးရှစ်ဦးနှင့် အတွေ့အကြုံကောင်း များစွာ ရှိဖူးသောကြောင့် သူမတို့ကိုပင် လှမ်းကျေးဇူးတင်လိုက်မိသည်။

ထိုရှစ်ကြိမ်စလုံးတွင် တစ်ယောက်နှင့်တစ်ယောက် ထပ်သွားသော လှေနံနှစ်ဖက်နင်းသည့် ပုံစံမျိုး မဖြစ်ခဲ့ဘဲ တစ်ယောက်ပြီးမှ တစ်ယောက်လာသော ပုံစံဖြစ်သောကြောင့် မနာလိုခြင်း၊ အူတိုခြင်း၊ အပြိုင်အဆိုင် ပတ်ဝန်းကျင်နှင့် ခေါင်းမီးတောက်ခြင်း ကိစ္စများ မကြုံခဲ့ရပေ။

ထိုသို့မကြုံခဲ့ဖူးလျှင်ပင် ဤကိစ္စမျိုးနှင့် ပတ်သက်လာပါက သူ့၌ အလွန်လိမ္မာ ကျွမ်းကျင်သော အလိုလို တတ်သည့် ဗီဇအပြည့်ရှိနေသည်။

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ဒီလောက် သေးသေးမွှားမွှား ကိစ္စလေးလောက်ကို စကားထဲတောင် ထည့်ပြောနေစရာ မလိုပါဘူး မိန်းကလေး…”

“အစ်ကိုကြီး… နောက်တစ်ပွဲ ယှဉ်ပြိုင်ဖို့က အချိန်အများကြီး လိုဦးမယ်… ကျွန်တော်တို့ရဲ့ ဝိညာဉ်ဓား အဆောက်အဦထဲမှာ ခဏလောက် သွားအနားယူရအောင်…”

“မိန်းကလေးတို့ကော လိုက်ခဲ့ပါလား…”

စွန်းယန်ဝမ် ၏ ရုတ်တရက် ဖိတ်ခေါ်လိုက်မှုကြောင့် စွန်းလင်အာ သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ခြင်းပင် အခြေအနေကို သဘောပေါက်သွားသည်။

ဤနန်မန်မိသားစု၏ ရှစ်ယောက်မြောက် ညီမလေး ဘာဖြစ်ချင်နေလဲ ဆိုသည်ကို သူမ မည်သို့ မသိဘဲနေပါမည်နည်း။

ယင်းက လူသိရှင်ကြား လုယက်နေခြင်း (ဝါ) သူမမုန့်ကို လာဖဲ့စားနေခြင်း မဟုတ်ပါလား….

စွန်းလင်အာ က ဒေါသအကြည့်များဖြင့် နန်မန်ကုန်း ကို စိုက်ကြည့်လိုက်သော်လည်း သူမက မမြင်ချင်ဟန်ဆောင်ကာ တစ်ဖက်ကို လှည့်သွားသည်။

နန်မန်ကုန်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ပြောလိုက်မိ၏။

“လိပ်ပြာလေး… နင်က ငါ့ညီမလေးနဲ့တော့ ခင်မင်ရင်းနှီးကောင်း ရင်းနှီးလိမ့်မယ်… ဒါပေမဲ့ နင်နဲ့ ငါ့ကြားမှာ ဘာအကန့်မှမရှိဘူး… အဲဒီတော့ ငါတို့ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာ ကြိုးစားပြီး နှလုံးရည်ချင်း ယှဉ်ကြတာပေါ့…”

“နင်ကိုယ်တိုင်ကလည်း အစကတည်းက ဘယ်လိုအားသာချက်မျိုးမှ ရထားတာမှ မဟုတ်တာ…”

စွန်းယန်ဝမ် နှင့် ကျန်းချင်းရှီ တို့သည် အနောက်ဘက်အရပ်တွင် ရှိနေသော ဝိညာဉ်ဓား အဆောက်အဦဆီသို့ စကားတပြောပြောနှင့် လျှောက်လာခဲ့ကြသည်။

စွန်းလင်အာ သည် နှုတ်ခမ်းတစ်ချက် ကိုက်လိုက်ပြီး ခြေထောင့် တစ်ချက်စောင့်ကာ ချက်ခြင်း နောက်မှ ပြေးလိုက်သွားသည်။

နန်မန်မိသားစု၏ ရှစ်ယောက်မြောက် သမီးကလည်း ခေသူမဟုတ်ပေ။

သူမက လုံချည်စကို အထက်သို့ အနည်းငယ် မတင်လိုက်ပြီး လျှပ်စီးတန်းတစ်ခုလို ကပ်လျက် ပါသွားသည်။

စွန်းယန်ဝမ် သည် မိန်းမပျိုနှစ်ဦး ခြံရံကာ ဝိညာဉ်ဓား အဆောက်အဦထက်ကို တက်လာခဲ့သည်။

အရှေ့ဘက်ဆီမှ အနီရောင်အဆောက်အဦ အတွင်းတွင်တော့….

နန်မန်မိသားစုမှ အခြားညီအစ်မရှစ်ဦးသည် အလွန်အမင်း အံ့အားသင့်နေပြီး ပါးစပ်များ ပြန်မပိတ်သေးဘဲ ထိုမြင်ကွင်းကို မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေကြသည်။

ခဏကြာသောအခါ အကြီးဆုံး အစ်မကြီး နန်မန်တန် ၏ မနေနိုင်စွာ ပြောလိုက်သည့် အသံကို အားလုံး ကြားလိုက်ရ၏။

“ညီမရှစ်က ဒီဆရာသခင်လေးနဲ့ အဆက်အသွယ် ရှိတယ်လို့ တစ်ခါမှလည်း မကြားဘူးပါလား… ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်အတိုင်းအတာ အထိကို ရင်းနှီးသွားရတာလဲ…”

အစ်မငါး နန်မန်ချန်ချန် က ဖွဖွလေးရယ်လိုက်ပြီး ပြောသည်။

“အချစ်ဆိုတာ ဘယ်လောက်တောင် ကြိုတင်မှန်းဆရ ခက်သလဲဆိုတာ ဒီဟာက သက်သေပဲ… တကယ်လို့ ညီမရှစ်သာ လက်ဦးမှု ရယူသွားရင် အစ်မကြီးက သူ့ကို ဆရာကတော်လေးလို့ ခေါ်ရတော့မှာ မဟုတ်ဘူးလား…”

ညီအစ်မတစ်သိုက်သည် ချက်ခြင်းပင် ရယ်ရယ်မောမောနှင့် နဂိုအခြေအနေကို ပြန်ရောက်လာခဲ့၏။

သို့သော် နန်မန်ကျူ ၏ ရင်ထဲတွင်တော့ အတော်လေး မခံချိမခံသာ ဖြစ်နေမိသည်။

ကျင့်ကြံခြင်းလောက တစ်လောကလုံး အသိအမှတ်ပြုထားသည်က နန်မန် ညီအစ်မ ကိုးဦးထဲတွင် အငယ်ဆုံး သမီး က အချောဆုံး အလှဆုံးဟူ၍ ဖြစ်သည်။

သို့သော် နန်မန်ကျူ ကိုယ်တိုင် ညီအစ်မများ အားလုံးထဲတွင် သူမက အချောဆုံးသူတစ်ယောက် ဖြစ်နေခဲ့သည် ဆိုသည်ကို သတိမပြုမိပေ။

စွန်းယန်ဝမ် ဝိညာဉ်ဓား အဆောက်အဦပေါ်သို့ ခြေချလိုက်သည့် တဒင်္ဂမှာပင် ပရိတ်သတ် အားလုံး၏ အံ့အားသင့်နေသော အကြည့်များကို တွေ့လိုက်ရသည်။

ဤနေရာသို့ ရောက်ရှိလာသူများ အနေဖြင့် ဤဝိညာဉ်ဓား အဆောက်အဦ ဆိုသည်မှာ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ၏ နေရာဖြစ်ကြောင်း မသိသူ မရှိပေ။

မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပလာခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ကြာ သက်တမ်းအတွင်း ဤအဆောင်ကြီးပေါ်တွင် တစ်ကြိမ်တစ်ခါမျှ လူများ ရှိခဲ့သည်ဟူ၍ မရှိပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဓားနတ်ဘုရားငယ်လေး ကျန်းချင်းရှီ သည် ဤပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဤအဆောက်အဦပေါ်တွင် နေထိုင်ခဲ့သောကြောင့် သူက ဒုတိယမြောက် နေထိုင်သည့်သူ ဖြစ်လာသည်။

အကယ်၍ ကျန်းယွမ်ချောင် အနားယူသွားပြီးလျှင် အနာဂတ် ဝိညာဉ်ဓားတောင်ထွဋ်၏ သခင်သည် ကျန်းချင်းရှီ ကျိန်းသေပေါက် ဖြစ်လာမည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ဤအဆောက်အဦပေါ်သို့ တတိယမြောက် လူတစ်ဦး တက်ရောက် လာသောအခါ ကျင့်ကြံခြင်းလောကတွင် နောက်တစ်ကြိမ် ပွက်လောရိုက်မည့် သတင်းတစ်ပုဒ် ပေါ်ပေါက်လာခဲ့ပေပြီ။

ကျန်းယွမ်ချောင် ၏ တရားဝင်တပည့် ဖြစ်လာခြင်းနှင့် ဝိညာဉ်ဓားတောင်ထိပ်၏ သခင်ပိုင်း အပြောင်းအလဲ ဖြစ်ခြင်းတွင် အဆင့်အတန်းချင်း လုံးဝကွာခြားမှု ရှိသည်။

ဆောင်ယန်ဂိုဏ်း ဆိုသည်မှာ ထိပ်သီးဓားဂိုဏ်းကြီး ဆယ်ခုအနက် ထိပ်ဆုံးဂိုဏ်းကြီး ဖြစ်သလို၊ ဤလောက၏ အမြင့်မြတ်ဆုံး နယ်မြေကြီးသုံးခုအနက်မှ တစ်ခုအပါအဝင်လည်း ဖြစ်သည်။

ဆောင်ယန်ဂိုဏ်း၏ ဂိုဏ်းခွဲတောင်ထွဋ်ခုနှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ဝိညာဉ်ဓား တောင်ထွဋ် သခင်၏ အဆင့်အတန်းသည် ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစု၏ မိသားစုခေါင်းဆောင် အဆင့်အတန်း ရာထူးနှင့် တစ်တန်းတည်းလောက် ရှိနိုင်သည်။

…. မဖြစ်နိုင်ပေ…. ဤနေရာနှင့် ဤနေရာ မည်သို့မျှ တူညီစရာ အကြောင်းမရှိပေ…

အော်မေဂိုဏ်းမှ နဂါးနှိမ်နင်းသူ သခင်မ၊ သို့မဟုတ် နန်မန်မိသားစု ခေါင်းဆောင် အဆင့်မျိုးနှင့်သာ တစ်တန်းတည်း ရှိလောက်သည်။

နန်မန်ကုန်း အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏ ဖော့ဖယောင်းသဖွယ် လက်ကလေးများကို ဆုပ်လိုက် ဖြန့်လိုက်နှင့် ဂဏှာမငြိမ် ဖြစ်နေ၏။

အစောပိုင်းက သူမ၏ စွန့်စားလိုက်မှုက အမှန်တကယ် အဖိုးအနဂ္ဃထိုက်တန်သွားပြီး သူမ၏ ခန့်မှန်းချက်များအားလုံး တစ်ခုမကျန် မှန်ကန်မှုရှိကြောင်း ခံစားနေရသည်။

သူမသည် ဝိညာဉ်ဓားတောင်ထိပ်၌ စွန်းယန်ဝမ် ကို တွေ့လိုက်ရစဉ်ကတည်းက ဆောင်ယန်ဂိုဏ်းအတွင်း သဘောထားကွဲလွဲမှုအချို ရှိနေလိမ့်မည်ဟု ယူဆခဲ့မိသည်။

သို့သော် ပြိုင်ပွဲကွင်းပြင်သို့ ရောက်သောအခါ ပွဲကြေညာသူ၏ ဝိညာဉ်ဓားတောင်ထိပ်မှ စွန်းယန်ဝမ် ဟူသော အသံကြောင့် သူမ၏ အထင်များ မှားယွင်းသွားကြောင်း သိလိုက်ရသည်။

နန်မန်ကုန်း သည် နန်မန်မိသားစု၏ သခင်မလေးတစ်ဦး ဖြစ်သော်လည်း မိသားစုခေါင်းဆောင် နေရာကို ရနိုင်မည် မဟုတ်ကြောင်း ငယ်စဉ်ကတည်းက ကြိုသိနှင့်ပြီး ဖြစ်သည်။

သူမတို့ နန်မန်မိသားစု ဆိုသည်က ကြီးမားသည့် မိသားစုကြီးတစ်ခု ဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမ အရေအတွက်မှာလည်း အလွန်များသည်။

ထို့ကြောင့် မိသားစုအတွင်း ညီအစ်မအရေအတွက်နှင့် ညီအစ်ကိုအရေအတွက်က သူမပင် မရေတွက်နိုင်အောင် ရှိနေ၏။

ထိုကဲ့သို့ ကြီးမားသော မျိုးရိုးတစ်ခုထဲတွင် သမီးမိန်းကလေးများ နေရာမရသည်က ထုံးတမ်းစဉ်လာ တစ်ခုသာ ဖြစ်သည်။

နောက်ပိုင်း သူမက နဂါးနှိမ်နင်းသူထံတွင် တပည့်အဖြစ်ခံယူပြီး အော်မေဂိုဏ်းအတွင်း ဝင်ရောက်ခဲ့ သော်လည်း အော်မေဂိုဏ်းချုပ် နေရာကို မည်သည့်အခါမျှ ဆက်ခံနိုင်မည် မဟုတ်ကြောင်း လျင်မြန်စွာ သိခဲ့ရပြန်သည်။

ယင်းက စီမာကျိယန် သည် အလွန်ပါရမီထူးချွန် နေသောကြောင့် မဟုတ်ဘဲ သူတို့ဆရာ နဂါးနှိမ်နင်းသူတွင် တူတော်စပ်သူတစ်ဦး ရှိနေခြင်းကြောင့် ဖြစ်သည်။

ထိုသူကို အော်မေဂိုဏ်းချုပ် ရာထူး လွှဲပြောင်းပေးရန် ကိုးဆယ့်ရှစ်ရာခိုင်နှုန်းလောက် သေချာနေ၏။

ယခု စွန်းယန်ဝမ် ၏ နောက်ခံကို ထင်ထင်ရှားရှား သိလာရသည့်အခါတွင်တော့ သူမက သူမ၏ အနာဂတ်ကြီးကို ပုံအောကာ လောင်းကြေးတင်လိုက်ခြင်း ဖြစ်သည်။

ထိုအထဲတွင် သူမ၏ တစ်သက်တာ ထိန်းသိမ်းထားခဲ့ရသမျှ ဂုဏ်နှင့် မာန်မာနများအားလုံး ကိုလည်း စတေးပစ်ခဲ့သည်။

သူမအနေဖြင့် သူမကိုယ်သူမ စာပေနှင့် သိုင်းပညာ နှစ်ခုစလုံးတွင် ပါရမီထူးချွန်ပြီး ထူးခြားသည့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုင်ဆိုင်ထားသည်ဟု အမြဲတမ်းယုံကြည်မှုရှိသည်။

သို့သော် မိသားစုအတွင်း၌ဖြစ်စေ၊ ဂိုဏ်းအတွင်း၌ဖြစ်စေ သူမ၏ အရည်အချင်းများကို ထုတ်ဖော် ပြသနိုင်မည့် နေရာလွတ်ကိုတော့ တစ်နေရာမျှ ရှာမရခဲ့ပေ။

မည်သည့်တန်ဖိုးမျှ မရှိသော သူတစ်ပါး၏ ဇနီးမယားတစ်ဦးအဖြစ် ဘဝကို ဖြတ်သန်းပြီး ကလေးများ မွေးဖွားရခြင်းကို သူမ အမှန်တကယ် ခံနိုင်ရည် မရှိပါချေ။

အမျိုးသမီးတစ်ဦးအတွက် ဂုဏ်သတင်း ဆိုသည်က အလွန်အင်မတန် အရေးကြီးကြောင်း သူမ နားလည်သည်။

ချောက်ကမ်းပါးတစ်ခုမှ ခုန်ဆင်းလိုက်ပြီးနောက် နောက်ပြန်လှည့်နိုင်မည့် အခွင့်အရေးမျိုး သေချာပေါက် မရှိနိုင်တော့ပေ။

သို့သော် ဤနန်မန်မိသားစုမှ ရှစ်ယောက်မြောက် သခင်မလေးသည် အမှန်တကယ် တက်တက်ကြွကြွရှိနေပြီး ရဲရင့်ပြတ်သားမှုနှင့်အတူ ဇွတ်တရွတ်ပင် ခုန်ဆင်းလာခဲ့သည်။

ယခုအခါ…. နန်မန်ကုန်း ၏ အတောင်များက ခက်ထန်သည့် မုန်တိုင်းထဲတွင် ကျိုးကြေကုန်မည်လော… ထိုသို့မဟုတ် အမှန်တကယ်ပင် လေဟုန်နှင့်အတူ အမြင့်ဆုံးအထိ ပျံတက်သွားနိုင်မည်လော ဆိုသည်ကိုတော့….

All Chapters