← Chapters

  “စိမ်းညို့ညို့ တောင်တန်းများက မထင်မရှား၊ ရေစီးသံများက အဝေးဆီသို့ တရွေ့ရွေ့၊ ဆောင်းကုန်ပေမဲ့ ကျန်းနန်မြက်တို့ မညှိုးသေး”

Vol. 6 Ch. 55

  “စိမ်းညို့ညို့ တောင်တန်းများက မထင်မရှား၊ ရေစီးသံများက အဝေးဆီသို့ တရွေ့ရွေ့၊ ဆောင်းကုန်ပေမဲ့ ကျန်းနန်မြက်တို့ မညှိုးသေး”

Vol. 6 Ch. 55

ထိုနေ့ ညနေပိုင်းတွင် ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့ နှစ်ဦးစလုံး ဝိညာဉ်ဓားတောင်ထိပ်ကို ပြန်မတက်လာခဲ့ကြပေ။

တောင်တက်ဖူးသူတိုင်း သိပေလိမ့်မည်။

မျက်မြင်နှင့် တွေ့နေရသော တောင်သည် များစွာမြင့်မားခြင်း မရှိဟု ထင်ရသော်လည်း တောင်ထိပ်ရောက်ရန် တစ်နေကုန် တက်ရသည့် အခါမျိုးလည်း ရှိတတ်သည်။

သူတို့တွင် ပေါ့ပါးသည့် လှုပ်ရှားမှုနည်းစနစ်များ ပိုင်ဆိုင်ထားသော်လည်း အသွားအပြန်သည် အတော်ပင် အလှမ်းဝေးပြီး အလုပ်များရှုပ်သည့်အပြင် အချိန်ကုန် လူပန်းသာ ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ဓား အဆောက်အဦပေါ်တွင် အနားယူရန် နေရာများ အဆင်သင့် ရှိနေသောကြောင့် သူတို့အတွက် အားသာချက်များ အမှန်တကယ်ပင် ရရှိခဲ့သည်။

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့အတွက်တော့ ဤနေရာတွင် သူတို့နှင့် အတူတူ ညအိပ်ရန် ဆိုသည်က လုံးဝ(လုံးဝ) မဖြစ်နိုင်ပေ။

သူမတို့တွင် ကိုယ်ပိုင်တည်းခိုစရာ နေရာများ ရှိသည်။

ထို့ကြောင့် ညနေပိုင်းသို့ ရောက်သောအခါ နှစ်ဦးသား သူတို့ကို နှုတ်ဆက်ကာ ပြန်သွားကြ၏။

စွန်းလင်အာ မှာ မည်သို့မျှ အခဲမကြေနိုင် ဖြစ်နေပြီး သူမ၏ အချစ်ဆုံးသူငယ်ချင်း နန်မန်ကျူ ကိုပင် နှုတ်မဆက်နိုင်တော့ဘဲ အဖိုးဆီကို တိုက်ရိုက်ပြန်သွားကာ တောင်ခြေမှ ရွာ၌သာ တည်းခိုနေထိုင် ခဲ့သည်။

နန်မန်ကုန်း က ဝေအစ်မကြီး၏ လင်ထျန်းကျောင်းကို ပြန်လာခဲ့သည်။

သူမပြန်ရောက်လာသောအခါ အစ်မခုနှစ်ယောက်နှင့် ညီမတစ်ယောက်တို့၏ စစ်စစ်ပေါက်ပေါက် မေးခွန်းများကို ထိပ်တိုက် ရင်ဆိုင်ရသော်လည်း သူမက နှုတ်ခမ်းကို အတင်းဖိကိုက်လိုက်ပြီး ရှက်ရွံ့သည့် မျက်နှာပေးနှင့် မည်သည့်စကားမျှ မဆိုဘဲ အခန်းအတွင်း ချက်ခြင်း ပြေးဝင်သွားသည်။

နောက်တစ်နေ့ နံနက် ရောက်သောအခါ စွန်းယန်ဝမ် သည် အစောကြီး နိုးလာခဲ့ပြီး ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ဆယ်ကြိမ်ဆက်တိုက် လေ့ကျင့်လိုက်သည်။

ဤရုပ်ခန္ဓာကျင့်စဉ်ကို တစ်ကြိမ် ကျင့်ကြံသည့် အခါတိုင်း သူ့ခန္ဓာကိုယ်၏ အရွတ်မရီဒန်ကြော နှစ်ဆယ့်လေးခုသည် ကျားများ၊ နဂါးများပမာ အလွန်အမင်း ကြမ်းကြုတ်သွားတတ်ပြီး ပေါက်ကွဲထွက်လုနီးပါး ဝေဒနာကို ခံစားရသည်။

ခွန်အားကတော့ အကြိမ်တိုင်း အနည်းငယ်စီ တိုးပွားလာခဲ့သည်။

လက်ရှိတွင် ရွှေအရွတ်မရီဒန် ကျင့်စဉ် နှစ်ဆယ့်လေးကွက်စလုံး၏ တည်နေရာများကို သိရှိလာခဲ့သောကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံပြီးသည့် အချိန်မှစကာ သူ့စွမ်းအားသည် ပေါင် ၂၀၀ မှ ၃၀၀ အထိ တိုးလာခဲ့ပြီး ထွားကျိုင်းသန်မာသော လူကြီးတစ်ဦးထက် ပိုမိုစွမ်းအားကြီးသော အခြေအနေကို ပိုင်ဆိုင်လာခဲ့သည်။

ထို့အပြင် ဆောင်ယန်ဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် အဆက်မပြတ် ကြိုးစားကျင့်ကြံနေခဲ့ သောကြောင့် သူ့အစစ်အမှန် ခွန်အားက ပေါင် ၃၀၀ အထက်ကိုပင် ကျော်လွန်သွားပြီဟုလည်း ခံစားရသည်။

သူ့၏ ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး စွန်းယန်ဝမ် တစ်စုံတစ်ခုကို စဉ်းစားနေမိ၏။

“ဒီရုပ်ခန္ဓာကျင့်စဉ်က သွေးကြောတွေ ထိုးဖောက်တာထက်ကို တိုးတက်မှုနှုန်း ပိုမြန်တယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ… အခု ငါ့ရဲ့ ရုပ်ခန္ဓာအဆင့်က ဘယ်အဆင့်လောက် ရောက်နေပြီမှန်း ငါ့ကိုယ်ငါတောင် မသိတော့ဘူး…”

“နောက်ဆိုရင် ကျင့်ကြံခြင်းအဆင့် ကိုးဆင့်အကြောင်း အသေးစိတ် ရှင်းပြတဲ့ စာအုပ်ကိုရှာပြီး ငါအားတဲ့အချိန်တိုင်း သေချာပေါက် ကြည့်မှရတော့မယ်… အဲဒါမှ ကျင့်ကြံမှုအဆင့်အတန်းတွေ အကြောင်းကို သေသေချာချာ သဘောပေါက်မှာ…”

စွန်းယန်ဝမ် မှာ သူ့၏ လက်ရှိအခြေအနေသည် အလွန်ထူးခြားနေကြောင်း ခံစားရသော်လည်း ဤအခြေအနေသည် ကျင့်ကြံခြင်း အဆင့်ကိုးဆင့် စာရင်းတွင် ထည့်သွင်းရန် မဖြစ်နိုင်တော့သည့် အခြေအနေ ဖြစ်ကြောင်းကိုတော့ လုံးဝမသိခဲ့ပေ။

ကျင့်ကြံခြင်း အဆင့်ကိုးဆင့်၏ သီအိုရီများအရ ချီစွမ်းအင်နှင့် ထူးခြားသော စွမ်းအင်များကို ကျင့်ကြံသည့် ကျင့်ကြံသူတစ်ဦးသည် သွေးကြောသုံးခုကို ထိုးဖောက်နိုင်လျှင်၊ သို့မဟုတ် ရုပ်ခန္ဓာ ကျင့်ကြံသူတစ်ဦးသည် အရွတ်မရီဒန် သုံးခုကို ကျင့်ကြံနိုင်လျှင် အဆင့်ကိုး ကျင့်ကြံသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

သွေးကြောငါးခု ဖွင့်လှစ်နိုင်သူ သို့မဟုတ် ရုပ်ခန္ဓာစွမ်းအားဖြင့် အုတ်ခဲများကို ရိုက်ခွဲနိုင်သည့် အဆင့်ထက် ပိုမြင့်သော ကျောက်တုံးများကို လက်ဝါးဖြင့် ရိုက်ခွဲခြင်း အဆင့်သို့ ရောက်သွားမည် ဆိုလျှင် အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးဟု သတ်မှတ်သည်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ချီစွမ်းအင်ကို ကျင့်ကြံသူ ဖြစ်စေ၊ ရုပ်ခန္ဓာကို ကျင့်ကြံသူ ဖြစ်စေ သွေးကြောများကို ထိုးဖောက်ခြင်းနှင့် မရီဒန်အရွတ်များကို လေ့ကျင့်ပေးခြင်း ဆိုသည်မှာ အလွန်ခက်ခဲ ပင်ပန်းသော ကိစ္စများသာ ဖြစ်သည်။

ရုပ်ခန္ဓာကို ကျင့်ကြံသူများ အနေဖြင့် မရီဒန်အရွတ် တစ်ခုချင်းစီကိုသာ ကျင့်ကြံနိုင်ပြီး တစ်ခု အောင်မြင်မှသာ နောက်ထပ် တစ်ခုကို လေ့ကျင့်ရသည်။

သာမန်အဆင့်ခြောက် ရုပ်ခန္ဓာကျင့်ကြံသူ တစ်ဦးအနေဖြင့်ပင် မရီဒန်အရွတ် ရှစ်ခုမှ ကိုးခုခန့် အထိသာ ကျင့်ကြံထားနိုင်စွမ်း ရှိသည်။

စွန်းယန်ဝမ် ကဲ့သို့ မရီဒန်အရွတ် နှစ်ဆယ့်လေးခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သူသည် မည်သည့်အခါကမျှ မရှိခဲ့ဘူးသော၊ ကြားလည်းမကြားဘူးသော ကိစ္စဖြစ်သည်။

ကျန်းချင်းရှီ ကဲ့သို့ ပါရမီရှင်များအထက်မှ ပါရမီရှင်တစ်ဦး၏ တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သည့် မရီဒန်အရွတ်သည်ပင် တစ်ဆယ့် နှစ်ခုအထိသာ ရှိသည်။

အကယ်၍ ထူးခြားသော လမ်းညွှန်မှုတစ်ခုကိုသာ မရခဲ့ပါက အစ်ကိုကြီး၏ ရုပ်ခန္ဓာကျင့်ကြံမှု အဆင့်သည် ဤနေရာ၌ပင် လမ်းဆုံးသွားဖွယ်ရှိသည်။

ရုတ်တရက် ကျန်းချင်းရှီ ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသဖြင့် စွန်းယန်ဝမ် ကို ပြောသည်။

“ညီလေး… နောက်ပိုင်း မင်း လက်နက်ရွေးချယ်တဲ့အခါ တူလက်နက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မယ်…”

စွန်းယန်ဝမ် ချက်ခြင်းပင် အပြင်းအထန် ကန့်ကွက်လိုက်၏။

“ကျင့်ကြံခြင်းလောကမှာ တူကိုင်ပြီး တိုက်ခိုက်တဲ့လူ ဘယ်နှစ်ယောက်လောက်များ အစ်ကိုကြီး မြင်ဖူးလို့လဲ… နောက်ပြီးတော့ တူဆိုတဲ့ လက်နက်မျိုးက လေးလွန်းလို့ ကိုယ်နဲ့မကွာ သယ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

ကျန်းချင်းရှီ တဟားဟား အော်ဟစ်ရယ်မောလိုက်မိသည်။

“အဲဒါဆိုရင် တုတ်သိုင်းကို ရွေးကွာ…”

“ကျွမ်းကျင်တဲ့ ပန်းပဲဆရာကိုရှာပြီး မင်းလိုချင်တဲ့ ပုံစံအတိုင်း သံတုတ်တစ်ချောင်း လုပ်ခိုင်းပေါ့… တကယ်လို့ အပိုင်းပိုင်းလေးတွေ ဖြတ်ထားမယ်ဆိုရင် သယ်ရတာလည်း လွယ်တယ်… မင်း အသုံးပြုချင်တဲ့အခါ အပိုင်းတွေကို ပြန်ဆက်လိုက်ရုံပဲ…”

“ဆရာတို့ရဲ့ မျိုးဆက်မှာတော့ ရုပ်ခန္ဓာကျင့်စဉ် ကျွမ်းကျင်တဲ့သူဆိုလို့ ဦးလေးခြောက် တစ်ယောက်ပဲ ရှိတယ်… မင်း သူ့ဆီမှာ များများသွားတောင်းဆိုပြီး သင်ယူသင့်တယ်…”

အစ်ကိုကြီးဆိုလိုချင်သည့် စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သော စွန်းယန်ဝမ် က ရုတ်တရက် ပြန်မေးလိုက်သည်။

“အစ်ကိုကြီးက မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ ပြီးတာနဲ့ ချက်ခြင်း ထွက်သွားတော့မှာလား…”

ကျန်းချင်းရှီ သည် အကြောင်းပြချက် မရှိဘဲ တူများ၊ တုတ်များအား လက်နက်အဖြစ် အသုံးပြုရန် သူ့ကို ပြောလိမ့်မည် မဟုတ်ပေ။

သူသည် တစ်စုံတစ်ခုကို ကြိုတွေးပြီး ထိုကဲ့သို့ ပြောဆိုခြင်းသာ ဖြစ်ပေမည်။

ထို့အပြင် အစ်ကိုကြီး၏ ရွှေအရွတ်မရီဒန် ကျင့်စဉ်အပေါ် သဘောပေါက် နားလည်ထားမှုက အလွန်အဆင့်အတန်း မြင့်မားသည်။

ထို့ကြောင့် သူကိုယ်တိုင် သင်ကြားပေးခြင်း မရှိဘဲ အခြားတစ်စုံတစ်ဦးထံမှ သွားရောက်တောင်းဆို ခိုင်းခြင်းကို ထောက်ချင့်ရမည်ဆိုလျှင် အစ်ကိုကြီးသည် မကြာခင် သူ့မိသားစု အရေးကိစ္စကို သွားရောက် ဖြေရှင်းတော့မည်က သေချာနေသည်။

သူ့ညီလေး၏ အလွန်အကင်းပါးသော ဉာဏ်ရည်ဉာဏ်သွေးက သူ “လွှတ်”ခနဲ ပြောဆိုလိုက်သည့် သာမန်စကားလေး တစ်ခွန်းကိုပင် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေသည်။

ကျန်းချင်းရှီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။

“ညီလေးပြောသလို ဒီပြိုင်ပွဲ ပြီးတဲ့အထိတောင် နေပါ့မလား မသိဘူး…”

စွန်းယန်ဝမ် တိတ်ဆိတ်သွားသည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဆရာ မိုဝူရွှယ် နှင့် အတူရှိခဲ့သည့် အချိန်များပြီးလျှင် အစ်ကိုကြီးနှင့်သာ အများဆုံး နေထိုင်ခဲ့ရပြီး တိုင်ရီကျောင်းတော်တွင်လည်း ဆရာ တပည့် ဆက်ဆံရေးမျိုးဖြင့် အတူတကွ ကျင့်ကြံခဲ့ကြသည်။

ပုံမှန်အခြေအနေများတွင် မည်သည့်ကိစ္စမဆို အစ်ကိုကြီးကသာ ရင်ဆိုင်ဖြေရှင်းပေးလေ့ရှိသည်။

မည်သည့်အခက်အခဲနှင့် ကြုံရသည်ဖြစ်စေ အစ်ကိုကြီးကသာ ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သူ ဖြစ်သည်။

သူ့၏ ကျင့်ကြံခြင်း လမ်းစဉ်တွင် အခက်အခဲ ပြဿနာများ ဖြစ်ပေါ်လာသည့် အချိန်တိုင်း၊ ဆရာ၏ တိမ်လိုမြူလို ရှင်းပြမှုများနှင့် ကြုံရသည့် အခါတိုင်း အစ်ကိုကြီးသည် စိတ်ရှည်လက်ရှည်နှင့် ဝင်ရောက်ပြောဆို ညွှန်ပြပေးခဲ့သည်။

ယခု အစ်ကိုကြီးက ရုတ်တရက်ကြီး ထွက်သွားတော့မည်ကို သိသောအခါ သူ့စိတ်ထဲတွင် အနည်းငယ် လက်မခံနိုင်သလို ဖြစ်နေ၏။

နောက်ဆုံးတွင် သူသည် ဘဝနှစ်ခုကိုပင် ဖြတ်သန်းထားဖူးသည့် ရင့်ကျက်သူတစ်ဦး ဖြစ်နေသောကြောင့် ဤလောက၌ “ဘယ်ပွဲမှ မကွဲဘဲ မရှိဘူး” ဆိုသော အချက်ကို မဖြစ်မနေ လက်ခံရတော့သည်။

သူလည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စိတ်မကောင်းစွာ ပြောမိ၏။

“စိမ်းညို့ညို့ တောင်တန်းများက မထင်မရှား… ရေစီးသံများက အဝေးဆီကို တရွေ့ရွေ့… ဆောင်းကုန်ပေမဲ့ ကျန်းနန်မြက်တို့ မညှိုးသေး…”

“အစ်ကိုကြီး ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ပါ…”

ပြောရမည်ဆိုလျှင်တော့ ထိုကဗျာက တစ်ဝက်တပြက်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် အခြားတစ်ဝက်ဖြစ်သော “နှစ်ဆယ့်လေး တံတားထက်က လသာတဲ့ည၊ လှပသော မိန်းမပျိုလေးက ဘယ်ဆီဘယ်ဝယ် ပလွေမှုတ် သင်နေပါသနည်း” ဆိုသည့် ဒုတိယပိုင်း ရှိနေသေးသည်။

သူ့အစ်ကိုကြီးက မည်သည့်ပလွေကို သွားမှုတ်ရပါမည်နည်း….

ဝမ်းနည်း နာကြင်ဖွယ် ကောင်းသော အငွေ့အသက်များက အခန်းအတွင်း ပျံ့နှံ့ကောင်းနေဆဲမှာပင် အဆောက်အဦ အပြင်မှ တစ်ပြိုင်တည်း ထွက်ပေါ်လာသော အသံနှစ်သံကို ကြားလိုက်ရသည်။

“စွန်းအစ်ကို…”

“စွန်းသခင်လေး…”

“ကျွန်မ စားစရာတချို့ ပြင်ဆင်လာတယ်… စွန်းအစ်ကို အားရှိအောင်စားဖို့ လာပို့တာပါရှင့်…”

“ကျွန်မ စားစရာတချို့ ပြင်ဆင်လာတယ်… စွန်းသခင်လေး အားရှိအောင်စားဖို့ လာပို့တာပါရှင့်…”

စွန်းယန်ဝမ် ချက်ခြင်း အခန်းအပြင်ထွက်ကာ အောက်ကို ငုံ့ကြည့်လိုက်မိသည်။

စွန်းလင်အာ နှင့် နန်မန်ကုန်း တို့သည် မိန်းမပျိုလေးများကို ခေါ်ဆောင်လာကြပြီး သူမတို့ တစ်ဦးချင်းစီတိုင်းတွင် အစားအသောက်များ ကိုယ်စီကို သယ်ဆောင်ထားသည်။

အဆောက်အဦ အောက်တွင်တော့ သူမတို့နှစ်ဦး၏ မျက်ဝန်းများက တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်ရင်း ဒေါသပြိုင်နေပြီ ဖြစ်သည်။

စွန်းယန်ဝမ် က ထိုအခြေအနေကို မသိချင်ဟန်ဆောင်ကာ ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်လိုက်ပြီး မိန်းမပျို နှစ်ဦးစလုံးကို အပေါ်သို့ တက်လာရန် ဖိတ်ခေါ်လိုက်သည်။

သူ့အတွက် စွန်းလင်အာ က အမှန်တကယ်ပင် ကောင်းမွန်သူလေး ဖြစ်သည်။

ကိုယ်လုံးကိုယ်ပေါက်လည်း တော်တော်လေး ကောင်းသည်။

နန်မန်ကုန်း ကလည်း…. ကောင်းတာပဲ… ဖြစ်သည်။

သူမက ရုပ်ရည်ပိုင်းဆိုင်ရာတွင် တော်တော်လေး ပိုကောင်းသည်။

မည်သို့ပင်ဆိုစေ ကောင်းခြင်းနှစ်ဖြာက မည်သို့မျှ တူညီမနေပေ။

မိန်းမပျိုနှစ်ဦးသည် အစေခံမိန်းကလေးများ ကိုယ်စီကို ခေါ်ဆောင်ကာ ဝိညာဉ်ဓား အဆောက်အဦ ပေါ်သို့ တက်လာခဲ့ကြသည်။

သူမတို့ တက်လာချိန်တွင် သူမတို့ကြားမှ ခြားနားချက်လေး တစ်ခုကို သူ အနည်းငယ် သတိပြုမိ လိုက်၏။

ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုသည် နန်မန်မိသားစုလောက် ဂုဏ်ရှိန်ဂုဏ်ဝါ မကြီးကျယ်သော်လည်း စွန်းလင်အာ ဆိုသည်က စွန်းမိသားစု၏ တစ်ဦးတည်းသော သခင်မလေး ဖြစ်သည်။

သူမ အပြင်လောကသို့ သွားသည့်အခါ၌ပင် အဖိုးဖြစ်သူ၏ လိုက်ပါစောင့်ရှောက်ခြင်းကို ခံရပြီး ထိုအဖိုးဆိုသူကလည်း အဖိုးတန်မြေးမလေး တစ်စုံတစ်ခု ဖြစ်သွားမည်ကို အလွန်အမင်း စိုးရိမ်ပုံ ရသည်။

သူမ ခေါ်ဆောင်လာသော မိန်းကလေးများကို ကြည့်ရုံနှင့် သိသာပြီး အားလုံးက စနစ်တကျ ရွေးချယ်ထားသူများ ဖြစ်ကြောင်း ထင်ရှားနေ၏။

နန်မန်ကုန်း နှင့် ပတ်သက်လျှင်တော့ သူမသည် နန်မန်မိသားစု၏ ရှစ်ယောက်မြောက် သမီးမျှသာ ဖြစ်သောကြောင့် သူမခေါ်ဆောင်လာသည့် မိန်းကလေးများ၏ ဝတ်စားဆင်ယင်မှု၊ လက်ဝတ်ရတနာ ဆင်မြန်းထားမှု၊ ပြုမူပြောဆိုမှုတို့ကအစ စွန်းလင်အာ ခေါ်လာသည့် မိန်းကလေးများထက် အလှအပနှင့် ကျက်သရေရှိမှုတွင် အတော်အတန် နိမ့်ကျနေခဲ့သည်။

ဝိညာဉ်ဓားအဆောက်အဦ၏ ဖွဲ့စည်းပုံသည် အလွန်ကျယ်ဝန်းပြီး ဧည့်ခံရန် နေရာများလည်း ထည့်သွင်း တည်ဆောက်ထားသည်။

စွန်းယန်ဝမ် သည် သူမတို့အားလုံးကို ဧည့်ခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီး အစားအသောက်များကို တစ်ခုချင်း လိုက်လံဖွင့်ကြည့်ပြီးနောက် သူ့၏ စားသောက်ချင်စိတ်က ထိန်းမရအောင် ဖြစ်လာသည်။

သူ ဤလောက၌ ပြန်လည်မွေးဖွားလာသည့် အချိန်မှစကာ လက်ရှိအချိန်ထိ ဤမျှ အရသာရှိသော စားကောင်းသောက်ဖွယ်များကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်သည်။

စွန်းလင်အာ ယူဆောင်လာခဲ့သည့် အစားအသောက်များမှာ အအေးစာ ရှစ်မျိုးနှင့် အငွေ့ တထောင်းထောင်း ထနေသော အပူစာ ရှစ်မျိုးဖြစ်ပြီး အားလုံးက ထိပ်တန်းစားဝိုင်းတွင် ပါဝင်သော ဟင်းလျာများသာ ဖြစ်သည်။

အနည်းဆုံး ငွေဒင်္ဂါးနှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်မျှ အကုန်အကျမခံလျှင် မည်သို့မျှ မရနိုင်သော အနေအထားပင် ဖြစ်သည်။

နန်မန်ကုန်း ယူဆောင်လာသည် အရာကတော့ ထမင်း၊ အရသာရှိမည့် ဟင်းလျာခြောက်မျိုးနှင့် ဘဲနှစ်ကောင်ပုံ မန်ထို (တဆေးထည့်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းထားသော နူးညံ့သည့် ဂျုံသား၊ ဘဲနှစ်ကောင်က အချစ်ကို ကိုယ်စားပြုသည်) ပေါင်မုန့်နှစ်လုံးပါသော အိုးတစ်လုံး ဖြစ်သည်။

ထိုအရာများ အားလုံးက သူမကိုယ်တိုင် ပြုလုပ်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ထို့အပြင် သူမယူလာသည့် ပန်းကန်ခွက်ယောက်များတွင်လည်း နန်မန်မိသားစု၏ မျောလွင့်နေသော တိမ်တိုက် ပန်းချီပုံစံများ ပါဝင်နေပြီး ထိုအသုံးအဆောင်များက အပြင်စားသောက်ဆိုင်များတွင် မည်သို့မျှ မရှိနိုင်သော ပစ္စည်းများသာ ဖြစ်သည်။

စွန်းယန်ဝမ် တဟဲဟဲရယ်ရင်း ပြောလိုက်၏။

“အစ်ကိုကြီး… ဒီလောက် စားစရာတွေ အများကြီးကိုတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းစားမှပဲ အစာကြေနိုင်လိမ့်မယ် ထင်တယ်…”

သူက စွန်းလင်အာ နှင့် နန်မန်ကုန်း တို့ကိုလည်း မမေ့မလျော့ ဖိတ်ခေါ်လိုက်သည်။

“ညီမလေးတို့ နှစ်ယောက်လုံးလည်း တစ်ခါတည်းစားပါ… ညီမလေးတို့ ဗိုက်ပြည့်နေမှ ကျုပ်ကို အားပေးဖို့ ခွန်အားတွေ ရှိမှာပေါ့…”

စွန်းလင်အာ က အလွန်ပျော်ရွှင်သွားသည် အပြုံးလေးဖြင့် ချက်ခြင်းပင် ပြောသည်။

“စွန်းအစ်ကိုက ဒီနေ့လည်း အောင်လံလွှင့်ထူပြီး နောက်ထပ် နိုင်ပွဲတွေ ရဦးမှာ သေချာတယ်…”

နန်မန်ကုန်း က ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမျှ မဆိုဘဲ အလွန်သိမ့်မွေ့စွာ ပြုမူနေသည်။

ကျန်းချင်းရှီ သည် တဟားဟား ရယ်မောလိုက်ပြီး စားပွဲဘေးတွင် ထိုင်ချလိုက်၏။

ဤကိစ္စများက သူတွေးထားသလို တဖြည်းဖြည်း ပို၍ပို၍ စိတ်ဝင်စားစရာ ကောင်းလာနေပြီဟု ခံစားရသည်။

သူတို့ တစ်ဝက်တစ်ပြက် စားသောက်ပြီးချိန်တွင် အပြင်မှ ပွဲကြေညာသူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဝိညာဉ်ဓားတောင်ထိပ်က စွန်းယန်ဝမ် နဲ့ နဂါးပျံတောင်ထိပ်က ထန်းဖန်ရွှယ် တို့ ပြိုင်ပွဲဝင်ဖို့ အသင့်ပြင်ထားပါ…”

စွန်းယန်ဝမ် ပါးစပ်ကို ကပြာကယာ သုတ်ကာ ထရပ်လိုက်ပြီး အောက်ဆင်းရန် ပြင်လိုက်စဉ် အစ်ကိုကြီး ၏ သတိပေးသံကို ကြားလိုက်ရ၏။

“ဒီတစ်ခေါက်တော့ မင်း တော်တော်လေး သတိထားရလိမ့်မယ်…”

“ထန်းဖန်ရွှယ် ဆိုတာက ကျန်းအစ်မရဲ့ တပည့်ပဲ…”

စွန်းယန်ဝမ် က မေးသည်။

“သူက တော်တော်လေး အစွမ်းထက်လား… ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ…”

ဆောင်ယန်ဂိုဏ်း၏ တတိယမျိုးဆက် တပည့် အယောက်လေးဆယ်ကျော်ထဲတွင် ဖေးဟန်၊ ဝေယင်ရှောင် နှင့် ကျန်းယန် တို့ သုံးဦးသည် အစွမ်းအထက်ဆုံး ဖြစ်သည်။

သူတို့ သုံးဦးစလုံးသည် ဂိုဏ်းချုပ်အဆင့်ကိုပင် ရောက်ရှိနေပြီး စွမ်းအားက နတ်ဘုရားများနီးပါး ကြောက်မက်ဖွယ် ကောင်းသူများ ဖြစ်သည်။

ထို့ကြောင့် သူမ၏ တပည့်ဖြစ်သူမှာလည်း အလွန်အစွမ်းထက်မည့်သူ ဆိုသည်မှာ ပြောနေစရာပင် မလိုအပ်ပေ။

စွန်းယန်ဝမ် ချက်ခြင်းပင် လက်လျော့အရှုံးပေးချင်စိတ်များ ဖြစ်ပေါ်လာမိသည်။

ကျန်းချင်းရှီ က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“သူမက ဒီနှစ်ဆိုရင် ကိုးနှစ်ပြည့်ပြီ…”

All Chapters