← Chapters

“အတွင်းအပြင် လေ့ကျင့်ခြင်းဆိုတာ ဒါလား"

Vol. 6 Ch. 59

“အတွင်းအပြင် လေ့ကျင့်ခြင်းဆိုတာ ဒါလား"

Vol. 6 Ch. 59

စွန်းယန်ဝမ် အနေဖြင့် နောက်ထပ် သုံးရက်ဆက်တိုက် စင်မြင့်ထက်သို့ တက်ခဲ့ရခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် အုပ်စု(က)၏ ပြိုင်ပွဲနှစ်ခုသည် အမှန်တကယ် အပြင်းအထန် တိုက်ခိုက်နေကြပြီး တစ်နေကုန် တိုက်ခိုက်ခဲ့သော်လည်း အနိုင်အရှုံး အဖြေမပေါ်ခြင်းကြောင့် ကျန်သည့် အုပ်စု(ခ)နှင့် အုပ်စု(ဂ)မှ ပွဲစဉ်များကိုပါ နောက်ကို ရွှေ့ဆိုင်းပေးလိုက်ရသည်။

အမှန်တွင် ဆောင်ယန်ဂိုဏ်း၏ တပည့်ဦးရေသည် ရာဂဏန်းအထိ ရှိသော်လည်း တပည့်တိုင်း စင်မြင့်ပေါ်သို့ တက်ရောက်ရခြင်း မရှိပေ။

ထို့ကြောင့် ဤကဲ့သို့ အချိန်ကြာရှည်သော တိုက်ပွဲကြီးများ မရှိပါက ဆယ်ရက်ကျော် ကြာစရာ အကြောင်းရှိမည် မဟုတ်ချေ။

စွန်းယန်ဝမ် ကဲ့သို့ တစ်ကွက်တည်းနှင့် တိုက်ပွဲကို အဆုံးသတ်နေမည်ဆိုပါက တစ်ရက်နှစ်ရက် အတွင်း၌ပင် ပြိုင်ပွဲက ပြီးဆုံးသွားပေလိမ့်မည်။

မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ၏ ခြောက်ရက်မြောက်နေ့သို့ ရောက်သောအခါမှ စွန်းယန်ဝမ် ၏ နာမည်ကို နောက်တစ်ကြိမ် ပြန်ကြားရသည်။

ယခုတစ်ကြိမ် သူ့ပြိုင်ဘက်သည် တာကျုတောင်ထွဋ်မှ ထန်စွေကျင်း ဖြစ်ပြီး ၎င်း၏ ကျင့်ကြံမှု အဆင့်အတန်းက အုပ်စု(ဂ)တွင် ရှားပါးစာရင်းဝင်ဟု ဆိုနိုင်သော သတ္တမအဆင့် ဖြစ်နေ၏။

ဆောင်ယန်ဂိုဏ်းသည် ထိပ်သီး ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သော်လည်း ကျင့်ကြံခြင်း အချိန်ကာလ ငါးနှစ်တန်းသာရှိသော အုပ်စု(ဂ)မှ တပည့်အများစု၏ ကျင့်ကြံမှုသည် နဝမအဆင့်များသာ ရှိကြသေးသည်။

အဌမအဆင့်သို့ တက်လှမ်းထားနိုင်သူများသည် သူတို့ ဆရာသခင်များ၏ အထူးကြပ်မတ် သင်ကြားပေးမှုကို ရရှိထားသော ထိပ်သီးပါရမီရှင်များ ဖြစ်သည်။

လင်းဟူရှောင်နှင့် ထန်းဖန်ရွှယ် တို့ နှစ်ဦးစလုံး အဌမအဆင့် ကျင့်ကြံသူများ ဖြစ်သည်။

လင်းဟူရှောင် သည် ဂိုဏ်းအတွင်းသို့ ရောက်ရှိလာချိန် အနည်းငယ် နောက်ကျပြီး သူ့၏ ကျင့်ကြံမှုက အနည်းငယ် နှေးကွေးသည်။

ထန်းဖန်ရွှယ် မှာတော့ အသက်ငယ်ရွယ်သော်လည်း ပါရမီအလွန်ကောင်းသူ ဖြစ်သည်။

သို့သော် သူတို့နှစ်ဦးစလုံး၏ ပါရမီများအရ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး အပြည့်ရှိနေ၏။

ဆောင်ယန်ဂိုဏ်း၌ ဂိုဏ်းဝင်သက်တမ်း ငါးနှစ်အတွင်း သတ္တမအဆင့်သို့ တက်လှမ်းနိုင်သည့် တပည့်များ၏ စုစုပေါင်း အရေအတွက်သည် တတိယမျိုးဆက်မှ ပဉ္စမမျိုးဆက်အထိ ရေတွက်လျှင်ပင် လူသုံးဆယ်ထက် မကျော်ပေ။

ထိုအထဲမှ လူသုံးဆယ်နီးပါးသည် အုပ်စု(ခ)၌သာ သွားရောက်ယှဉ်ပြိုင်ကြပြီး ထန်စွေကျင်း ကဲ့သို့ ခြွင်းချက် နှစ်ဦး၊ သုံးဦးကသာ အုပ်စု(ဂ)သို့ ရောက်ရှိလာကြသည်။

တာကျုတောင်ထိပ်ရှိ ကွမ်ယင်ကျောင်းတော် ဆိုသည်မှာ ဦးလေးခုနှစ်ဦးအနက် လေးယောက်မြောက် ဦးလေးဖြစ်သော လီတောက်ကျိ နေထိုင်သည့် နေရာဖြစ်သည်။

သူ့ထံတွင် တပည့်ခြောက်ဦးသာ ရှိသော်လည်း လောက်လောက်လားလား အောင်မြင်သူဟူ၍ တစ်ယောက်တစ်လေပင် မရှိခဲ့ပေ။

ကျင့်ကြံမှုအဆင့် အမြင့်ဆုံးသူသည် စတုတ္ထအဆင့် ဖြစ်ပြီး တခြားသူများက သူ့၏အောက် အဆင့်များသာ ဖြစ်သည်။

သို့သော် လီတောက်ကျိ ၏ မြေးတပည့် မျိုးဆက်တွင်တော့ ပါရမီထူးချွန်သော တပည့်များ ထွက်ပေါ်လာခဲ့ပြီး ထိုအထဲမှ တစ်ဦးက ထန်စွေကျင်း ဖြစ်သည်။

သူသည် ကျန်းချင်းရှီ၊ စွန်းယန်ဝမ်၊ လင်းဟူရှောင်နှင့် ထန်းဖန်ရွှယ်တို့ ကဲ့သို့ ဆောင်ယန်ဂိုဏ်း အတွင်း ဝင်သည်နှင့် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို သင်ယူခွင့် ရထားသူ ဖြစ်သည်။

ဂိုဏ်းသက်တမ်း သုံးနှစ်ခန့်ကြာသောအခါ မဟာဆောင်ယန်နတ်ဓား ကျင့်စဉ် နှင့် နဂါးနက် ချီ ကျင့်စဉ်ကိုပါ ထပ်မံသင်ယူလေ့လာခွင့် ရခဲ့သည်။

သူသည် ကျင့်ကြံသည့်နေရာတွင် အလွန်ဇွဲနပဲကြီးစွာ ကျင့်ကြံသူအဖြစ် ထင်ရှားကျော်ကြားပြီး သူ့၏ ဓားအသိက လင်းဟူရှောင် ထက်ပင် ပိုမို အဆင့်အတန်း မြင့်မားသည်။

နဂါးနက်ချီ ကျင့်စဉ်သည် ယခင်က ကျန်းယွမ်‌ချောင် ကျင့်ကြံသည့် နက်ရှိုင်းသည့်နေမင်း ကျင့်စဉ်ကဲ့သို့ အထွဋ်အထိပ် စွမ်းအားကို ကျင့်ကြံရန်အတွက် အခြေခံအုတ်မြစ် ကျင့်စဉ်မျိုးဖြစ်သည်။

ထိုကျင့်စဉ်ကို ကျင့်ကြံပြီးသည်နှင့် ဆောင်ယန်ဂိုဏ်း၏ အဆင့်အမြင်ဆုံး ကျင့်စဉ်ကြီး ငါးခုနှင့် အထွဋ်အထိပ်ကျင့်စဉ် ဆယ့်သုံးခုကို ဆက်လက် ကျင့်ကြံခွင့်ရမည် ဖြစ်သည်။

အကယ်၍ ပါရမီ မကောင်းသည့် တပည့်များအတွက်တော့ ဆောင်ယန်ဂိုဏ်း၏ ဤနဂါးနက်ချီ ကျင့်စဉ်နှင့် နက်ရှိုင်းသည့်နေမင်း ကျင့်စဉ်တို့က ၎င်းတို့ ကျင့်ကြံနိုင်သော အမြင့်ဆုံး ကျင့်စဉ်များ ဖြစ်လာမည်ဖြစ်ပြီး ထို့ထက် ပိုမရနိုင်တော့ပေ။

စွန်းယန်ဝမ် စင်မြင့်ထက်သို့ ရောက်လာသည့် အချိန်မှစကာ သူ့၏ပြိုင်ဘက်သည် ယခင်ပြိုင်ဘက်များနှင့် လုံးဝမတူသည်ကို ခံစားမိသည်။

နှစ်ဦးသား အပြန်အလှန် အရိုအသေပေးပြီးနောက် အပိုစကားများ ပြောဆိုနေခြင်း မရှိဘဲ ချက်ခြင်း တိုက်ကွက်များ ဖော်ထုတ်ကာ စတင်တိုက်ခိုက်ကြ၏။

ထန်စွေကျင်း က မဟာဆောင်ယန်နတ်ဓား ကျင့်စဉ်မှ ဓားကွက်တစ်ခုကို ဖော်ထုတ်လိုက်သောအခါ ဓားသွားထက်မှ နတ်အလင်းတန်းကဲ့သို့ အလင်းရောင်များ တဖျတ်ဖျတ် တောက်ပလာသည်။

ဓားချက်တိုင်းသည် လုံးဝတည်ငြိမ်ကာ ကြောက်မက်ဖွယ်ကောင်းနေ၏။

ယင်းကသည်ပင် ထိပ်သီးဓားဂိုဏ်းကြီး တစ်ဂိုဏ်း၏ ဂုဏ်သိက္ခာကို အပြည့်အဝ ထုတ်ဖော်ပြသ နေသလို ခံစားရစေသည်။

စွန်းယန်ဝမ် သည် နဂါးရိုင်းဓားကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်သော်လည်း သိုင်းကွက် အနည်းငယ်အကြာမှာပင် ချက်ခြင်းအောက်စည်းသို့ ရောက်သွားခဲ့ပြီး သူ့၏ ထွက်ပေါက်မှန်သမျှ ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။

သူ့၏ ကျင့်ကြံမှုသက်တမ်းက တစ်နှစ်မပြည့်သေးသောကြောင့် အခြေခံ စွမ်းအားအရာတွင် ထန်စွေကျင်း ကဲ့သို့ ခိုင်မာမှု မရှိသေးပေ။

ထို့အပြင် ဓားပညာရပ်တွင်လည်း ချို့ယွင်းအားနည်းချက်များ များပြားနေသေးသည်။

နတ်ဆိုးသတ်ဓားသိုင်းကို လုံးဝအသုံးပြု၍ မရနိုင်သလို၊ ဟွမ်ယွမ်ဓားသိုင်းမှာလည်း သုံးကွက်မျှသာ အသုံးပြုနိုင်သေးသည်။

အခြား ဟွမ်ယွမ်ဓားကွက်များသည် တစ်ဝက်တစ်ပျက်မျှသာ အသုံးပြုနိုင်ခြင်း သို့မဟုတ် လုံးဝ အသုံးမပြုနိုင်ခြင်းကြောင့် သူ့၏ အခြေခံအကျဆုံး ဓားကွက်များကိုသာ အသုံးပြုနေရပြီး ဤနှုန်းထားအတိုင်း ဆက်သွားမည်ဆိုပါက အကွက်နှစ်ဆယ်ပင် ခံနိုင်မည် မဟုတ်ကြောင်း သူသိသည်။

ထန်စွေကျင်း တိုက်ခိုက်လာသော ပြောင်းပြန်ကျောက်စိမ်း ဓားကွက်ကို ခုခံလိုက်ပြီးနောက် သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဝင်ရောက်လာသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ဆိုရင်တော့ ငါသေချာပေါက် ရှုံးလိမ့်မယ်… ဒါပေမဲ့ အခု ငါကိုယ်တိုင် ဖန်တီးထားတဲ့ နတ်ဘုရားရိုက်တူ ကျင့်စဉ်က မရီဒန်ကြော တစ်ခုကို ထိုးထွင်းသိမြင် စေခဲ့တဲ့အတွက် အခြေအနေက လုံးဝ မတူတော့ဘူး…”

“ငါ့ဆီမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူးဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

“မဟာဆောင်ယန်နတ်ဓား ရဲ့ ဓားကွက်တွေက ခမ်းနားထည်ဝါပြီး လျှပ်စီးလို ပြင်းထန်ပေမယ့် ချီစွမ်းအားနဲ့ ဓားကို ထိန်းချုပ်ရတာ မဟုတ်တဲ့အတွက် ဟွမ်ယွမ်ဓားကွက်တွေလို အာဏာရှင် မဆန်ဘူး…”

“အဲဒီတော့ သူ့ကို ငါနဲ့ စွမ်းအားချင်း တိုက်ရိုက် ယှဉ်ပြိုင်ဖို့ တွန်းအားပေးနိုင်မယ်ဆိုရင် ငါ့အတွက် အကျိုးအမြတ် နည်းနည်းလောက် ရနိုင်တယ်…”

“ဟုတ်ပြီ… ဒါဆိုရင် အခွင့်အရေးက ရှိနေပြီပဲ…”

အမှန်တွင် ထန်စွေကျင်း ၏ စိတ်ထဲတွင်လည်း စိုးရိမ်စိတ်များ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စွန်းယန်ဝမ် ၏ နာမည်ကျော်ကြားမှုက ကြောက်ခမန်းလိလိ အခြေအနေမျိုးနှင့် ပျံ့နှံ့နေခြင်း ဖြစ်သည်။

သူသည် ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ၏ တပည့်ဖြစ်သည့်အပြင် မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲ စတင်သည့် အချိန်မှစကာ သူ့နာမည်က တဟုန်ထိုး ကျော်ကြားလာခဲ့သည်။

ကျန်းအစ်မကြီး၏ အချစ်ဆုံး တပည့် ထန်းဖန်ရွှယ် ကို ငိုအောင်ရိုက်နှက်ခဲ့ပြီး ဆရာဦးလေး ယင်ပိုင်လျန် ၏ တပည့် လင်းဟူရှောင် ကဲ့သို့ သူကိုပင် တစ်ကွက်တည်းနှင့် အနိုင်ယူပြခဲ့သူ ဖြစ်သည်။

ထိုနှစ်ယောက်တွင် သူသည် အနည်းငယ် ကံကောင်းခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း ကျန်ရှိသော ပြိုင်ပွဲများတွင် သူအသုံးပြုသွားသည့် နတ်ဘုရားရိုက်တူ သိုင်းကွက်က အခြားပြိုင်ဘက်များကို တစ်ကွက်တည်းဖြင့်သာ အနိုင်ယူသွားသည်။

ယင်းက သူ့၏ စစ်မှန်သော စွမ်းအားကို အနည်းငယ်မျှ သံသယဖြစ်နေစရာ မလိုအပ်တော့ပေ။

သူသည် သူ့၏ ဆရာအဘိုးဖြစ်သူ လီတောက်ကျိ ထံသို့ ကြိုတင်သွားရောက်ကာ စွန်းယန်ဝမ် အသုံးပြုနေသော လက်သီးကျင့်စဉ်အကြောင်း မေးမြန်းခဲ့သည်။

စွန်းယန်ဝမ် အသုံးပြုနေသော လက်သီးပညာရပ်သည် ဆောင်ယန်ဂိုဏ်း၏ ရွှေအရွတ်မရီဒန် ကျင့်စဉ်မှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း လီတောက်ကျိ က သူ့ကို ရှင်းပြခဲ့၏။

ရွှေအရွတ်မရီဒန် ကျင့်စဉ်သည် အခြေခံအားဖြင့် တိုက်ခိုက်ရေးကျင့်စဉ်မျိုး မဟုတ်ဘဲ အခြေခံ အုတ်မြစ် ခိုင်မာစေရန် ကျင့်ကြံရသော ကျင့်စဉ်တစ်ခုသာဖြစ်သည်။

စွန်းယန်ဝမ် အသုံးပြုသောအခါ ဤလက်သီးတိုက်ကွက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသွားပြီး ဂရုမစိုက်မိလျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

သို့သော် ယင်းသည် ဂိုဏ်း၏ အခြေခံအုတ်မြစ် ကျင့်စဉ်တစ်ခုအဖြစ်နှင့်သာ ရှိနေသောကြောင့် စွန်းယန်ဝမ် သည် မည်သည့် မတရားသော နည်းလမ်းကိုမျှ အသုံးချခြင်း မဟုတ်ဘဲ ဖြောင့်မတ်သည်ဟု ပြော၍ရသည်။

သူ့အတွက် ဆရာဘိုးဘိုး ပြောပြခဲ့သော အခြေအနေက စွန်းယန်ဝမ် နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းကို ရှောင်ကျဉ်ရန်နှင့် သူ့၏ စွမ်းအားအကြီးဆုံး အချိန်တွင် ခုခံထားပြီး သူအားနည်း သွားသည့်အခါမှသာ တန်ပြန်တိုက်ခိုက်ရန် ဖြစ်သည်။

ထို့အပြင် လက်သီးတိုက်ကွက်ကို ချေဖျက်နိုင်မည့် နည်းစနစ်အချို့ကိုလည်း သင်ပြပေးခဲ့သည်။

ထို့ကြောင့် ထန်စွေကျင်း သည် စတင်တိုက်ခိုက်သည်နှင့် သူ့အတွက် အမြဲတမ်း ထွက်ပေါက် တစ်ခု ချန်လှပ်ထားပြီး အခြေအနေအရ ပြောင်းလဲပြင်လွယ် လုပ်နိုင်ရန် အသင့်ပြင်ထားသည်။

စွန်းယန်ဝမ် သည် ထန်စွေကျင်း ထံတွင် သူ့၏ နဂါးဆင်လက်သီး တိုက်ကွက်ကို တန်ပြန် ချေဖျက်နိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေသည်ကို အနည်းငယ်မျှ သတိပြုမိခြင်း မရှိပေ။

အမှန်တော့ သူကိုယ်တိုင်လည်း ထိုတိုက်ကွက်ကို ထုတ်ဖော်ရန် အစီအစဉ် မရှိပေ။

စွန်းယန်ဝမ် ၏ အယူအဆက ကျင့်စဉ်များအားလုံးတွင် အခြေအနေနှင့် အချိန်အခါကို လိုက်လျောညီထွေ အသုံးပြုမှု ရှိသင့်သည်ဟု ထင်သည်။

မသင့်လျော်သော အခြေအနေမျိုးတွင် မသုံးသင့်သည့် တိုက်ကွက်ကို အတင်းအဓမ္မ ထုတ်သုံးမည်ဆိုလျှင် မည်သည့် အဓိပ္ပာယ်မျှ မရှိဟူ သူက ယူဆထား၏။

ဓားနှစ်လက်သည် လေထဲတွင် နောက်တစ်ကြိမ် ပြင်းထန်စွာ ထိခတ်သွားပြန်သည်။

စွန်းယန်ဝမ် ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု “လက်”ခနဲ တောက်ပသွားပြီး ပြိုင်ဘက်၏ အားနည်းချက်တစ်ခုကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်သည် အဆက်မပြတ် လှည့်ပတ်နေပြီး ထိုစွမ်းအား အထွဋ်အထိပ် အခြေအနေသို့ ရောက်ရှိလာသောအခါ ဟွမ်ယွမ်ဓားကျင့်စဉ်မှ ဓားကွက်တစ်ခုကို ချက်ခြင်း ဖော်ထုတ် လိုက်သည်။

သူကျွမ်းကျင်သော ဟွမ်ယွမ်ဓားကွက်သည် သုံးကွက်မျှသာ ရှိသေးပြီး လက်တွေ့တွင် ထိုသုံးကွက်ကလည်း တစ်ကြိမ်တစ်ခါမျှ အသုံးပြုဖူးခြင်း မရှိပေ။

အနီးစပ်ဆုံး သူအသုံးပြုနေကျ ကောင်းကင်ဓား တိုက်ကွက်သည်ပင် တစ်ဝက်တစ်ပျက် အခြေအနေနှင့်သာ ရှိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် ထိုဓားကွက်ကို ဆက်လက်ကျင့်ကြံရမည့် သွေးကြောများက သူ့ခန္ဓာကိုယ်အတွင်း ပွင့်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ် သူ့အတွက် ပြီးပြည့်စုံသည့် အခြေအနေဟု ယူဆနိုင်သော သက်တန့်နေမင်း ထိုးဖောက်ခြင်း ဓားကွက် ကို ထုတ်သုံးလိုက်သည်။

ထန်စွေကျင်း သည် မည်သည့် တိုက်ကွက်နှင့် တိုက်ခိုက်ရမည်ကို စဉ်းစားရင်း သူ့၏ စွမ်းအားကို ပြန်လည် စုဆောင်းနေစဉ် စွန်းယန်ဝမ် ၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှလျင်မြန်စွာ ဝင်ရောက် လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။

သူသည် ဓားဖြင့် ချက်ခြင်း ခုခံလိုက်သော်လည်း ဓားလမ်းတစ်ဝက်သို့ အရောက် စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

“မကောင်းတော့ဘူး…”

အဘယ်ကြောင့်ဆိုသော အစောပိုင်းက သူစုဆောင်းနေသော စွမ်းအားသည် အနည်းငယ်မျှသာ ရှိသေးပြီး အလျင်စလို ခုခံလိုက်သောအခါ သူ့ဓားကွက်၏ စွမ်းအားက များစွာ လျော့ကျသွားသည်။

ဓားနှစ်လက်သည် နောက်တစ်ကြိမ် ထပ်မံထိတွေ့သွားပြန်၏။

“ချွင်…”

စွန်းယန်ဝမ် ၏ ဓားတွင် အလွန်အမင်း ပြင်းထန်သော စွမ်းအားများ ပါဝင်လာသောကြောင့် ထန်စွေကျင်း ၏ လက်ထဲမှဓားသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ဆက်လက်ဆုပ်ကိုင် ထားနိုင်ခြင်း မရှိတော့ဘဲ “ချွင်”ခနဲ လွင့်စင်ထွက်သွားသည်။

သူ့၏ ဓားချက်တစ်ချက်က ဤမျှလောက်အထိ အလှည့်အပြောင်း ဖြစ်သွားမည်ဟု စွန်းယန်ဝမ် ကိုယ်တိုင်လည်း မမျှော်လင့်ထားပေ။

အကယ်၍ သူသေကိုယ်သေ တိုက်ခိုက်တတ်သော ကျင့်ကြံခြင်းလောက၏ နိယာမများအတိုင်း ဆိုပါက ဤကဲ့သို့ နီးနီးကပ်ကပ် အခြေအနေတွင် နောက်ထပ် ဓားချက်တစ်ချက် ဖော်ထုတ်လိုက်ရုံဖြင့် ထန်စွေကျင်း အသက်ပျောက်ပြီ ဖြစ်သည်။

သို့သော် ဤသည်က ဂိုဏ်းတူအချင်းချင်းကြား ပြိုင်ပွဲတစ်ခုသာ ဖြစ်နေသောကြောင့် စွန်းယန်ဝမ် ချက်ခြင်း နောက်ကို ပြန်ဆုတ်လိုက်ပြီး လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

“အလျော့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”

ထန်စွေကျင်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ခြင်း စကားပြန် မရနိုင် ဖြစ်သွားသည်။

အတန်ကြာမှသာ ခက်ခက်ခဲခဲနှင့် စကားတစ်ခွန်း ထွက်လာ၏။

“ဒါက အဘိုးပြောတဲ့ အတွင်းစွမ်းအားနဲ့ အပြင်စွမ်းအားကို ပေါင်းစပ်လေ့ကျင့်ထားတဲ့ အရာဆိုတာလား…”

သူသည် ဆောင်ယန်ဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ဦးဖြစ်သောကြောင့် ရှုံးနိမ့်သွားသော်လည်း ချက်ခြင်း သတိပြန်ဝင်လာနိုင်စွမ်း ရှိသည်။

ပြိုင်ဘက်၏ စွမ်းအားက သူ့ထက် သာလွန်နေစရာ အကြောင်းမရှိပေ။

သူကဲ့သို့ သူသည်ပင် စွမ်းအား ပြန်မစုဆောင်း နိုင်သေးချိန်တွင် စွန်းယန်ဝမ် က မည်ကဲ့သို့ ပြန်လည် စုဆောင်းနိုင်ပါမည်နည်း။

အစောပိုင်းက ဓားချက်တွင် စွန်းယန်ဝမ် ၏ ချီစွမ်းအား များစွာပါဝင်ခြင်း မရှိသည်ကို သူ့ခန့်မှန်းနိုင်သည်။

ယင်းသည် ရုပ်ခွန်အား သက်သက်ချည်းဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အလွန်အမင်း သန်မာမှုက သူ့လက်ထဲမှ ဓားကို လွင့်စင်ထွက်အောင် ရိုက်ထုတ်နိုင်ခြင်းသာ ဖြစ်သည်။

စွန်းယန်ဝမ် က တောက်ပစွာပြုံးရင်း ပြောသည်။

“ကျွန်တော်က ရွှေအရွတ်မရီဒန်ကျင့်စဉ်ကို နည်းနည်းလေး အားစိုက်ပြီးတော့ ကျင့်ကြံထားပါတယ်…”

ထန်စွေကျင်း သူ့၏ ဓားကို ပြန်ကောက်လိုက်ပြီး စွန်းယန်ဝမ် ကို လက်သီးဆုပ် အရိုအသေပေးကာ စင်မြင့်ပေါ်မှ ပြန်ဆင်းသွားသည်။

သူသည် ပြန်ရောက်သည်နှင့် ရွှေအရွတ်မရီဒန်ကျင့်စဉ်ကို ဆရာ့ဆီမှ ပြန်လည်သင်ယူရန် ဆုံးဖြတ်ချက် ချလိုက်၏။

စွန်းယန်ဝမ် လည်း စင်မြင့်ထက်မှ ဆင်းလာခဲ့ပြီး အောက်သို့ပင် မရောက်သေးမီး ဘုန်းတော်ကြီးငယ်လေး တစ်ဦး သူ့ရှေ့ကို ရောက်လာပြီး ပြောသည်။

“ဆရာဘိုးဘိုးက ဆရာဦးလေးငယ်လေးကို ခေါ်ခိုင်းလိုက်လို့ပါ…”

စွန်းယန်ဝမ် သည် ဘုန်းတော်ကြီးလေးနောက်မှ လိုက်သွားပြီး ရှန်းတု အဆောက်အဦ ထက်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် ယင်ပိုင်လျန် နှင့်အတူ သူ့အစ်ကိုကြီး ကျန်းချင်းရှီ၊ အစ်မကြီးနှစ်ဦး ဖြစ်သော ဝေအစ်မ နှင့် ကျန်းအစ်မ တို့ကို တွေ့လိုက်ရသည်။

မျိုးဆက်သွေးခုနှစ်မျိုး သိုင်းပြိုင်ပွဲသည် အများအားဖြင့် ဦးလေးခုနှစ်ဦးအနက် တစ်ဦးနှစ်ဦး ဦးဆောင်ရုံမျှဖြင့် လုံလောက်သည်။

ခုနှစ်ဦးစလုံး အတူတကွ ဦးဆောင်သည်ကတော့ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပေ။

ဤတစ်ကြိမ်တွင် ယင်ပိုင်လျန် နှင့် ကျန်းယန် တို့က ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဝေအစ်မသည် ပြိုင်ပွဲမစတင်မီ ပွဲကျင်းပရေးနှင့် ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူ စီမံခဲ့သော်လည်း ပြိုင်ပွဲစတင်သည်နှင့် သူမလည်း ပျောက်သွားသည်။

ယခုအခါ ဝေအစ်မသည် အဝါနုရောင် ဖျော့ဖျော့ရှိသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင် သရဖူလေး တစ်ခုကိုလည်း ဆောင်းထားသည်။

ထိုပုံစံက လွန်ခဲ့သည့် ရက်အနည်းက သူမြင်တွေ့ခဲ့ရသော ပုံစံနှင့် ဆီနှင့်ရေလို ကွာခြားလွန်းနေပြီး သူမ၏ ပြောင်းလဲမှုက သူပင် လိုက်မမီနိုင်အောင် ဖြစ်ရသည်။

စွန်းယန်ဝမ် ကဲ့သို့ ပြန်လည်မွေးဖွားလာသူ တစ်ဦးအနေဖြင့် သူမ၏ ဤပုံစံကို သေချာပေါက် ဖက်ရှင်ဝတ်စုံဟုသာ မြင်နေပြီး စွဲဆောင်မှု တစ်မျိုးနှင့် ကြည့်ကောင်းနေခဲ့၏။

ရွှမ်ဟွမ်ဂိုဏ်း၏ အမြင့်ဆုံးအဆင့်သည် ကောင်းကင်ဆရာတော်ဖြစ်ပြီး ဖန်ဝါရောင် ဝတ်ရုံနှင့် အနက်ရောင် သရဖူကို ဆောင်းရသည်။

ဝေယင်ရှောင် သည် ဂိုဏ်းချုပ်အဆင့် ဖြစ်သော်လည်း ရွှမ်ဟွမ်ဂိုဏ်းတွင် အမျိုးသမီး ကောင်းကင်ဆရာတော် မရှိသောကြောင့် သူမတို့ကို ဧကရီဟု သီးခြားခေါ်ဝေါ်လေ့ရှိသည်။

ထို့ကြောင့် ကျင့်ကြံခြင်းလောက၌ သူမကို သိကြသော အမည်က ဧကရီဝေဟု ဖြစ်ပြီး ဧကရာဇ်၏ မိန်းမဟု ဆိုလိုခြင်း မဟုတ်ပေ။

All Chapters