← Chapters

ရွှေချမ်လော့

Vol. 1 Ch. 153

ရွှေချမ်လော့

Vol. 1 Ch. 153

ဝိညာဉ်သားရဲမြို့၏ အခမ်းနားဆုံးသော တည်းခိုခန်း ... လပြည့်ဝန်း မြိုင်နန်း ...

တည်းခိုခန်း၏ အပေါ်ဆုံးထပ်အား ချမ်းသာသည့် ဧည့်သည်တစ်ဦးက ကြိုတင် မှာယူထားလေသည်။ သူသည် ဝိညာဉ်သားရဲ မြို့တွင်းရှိ ဆောင်ကြာမြိုင် တိုင်းမှ အပျော်မယ် အားလုံးအား အခကြေးငွေ ပေးထားကာ လပြည့်ဝန်းမြိုင်နန်းသို့ ပို့ဆောင်စေသည်။

ယခုမူ လပြည့်ဝန်းမြိုင်နန်း၏ ခမ်းနားလှသော အပေါ်ဆုံးထပ်သည် အကြည့်မလွှဲချင် စဖွယ် ရှုမငြီး ဖြစ်နေတော့သည်။ သခင်လေး အဖွဲ့တစ်ဖွဲ့သည် သောက်စား နေကြပြီး ထိန်းချုပ်ထား ရသည်တို့ကို လွှတ်ချကာ ဘေးရှိ အပျော်မယ်များနှင့် မဖွယ်မရာများ ပြုလုပ်နေ ကြလေသည်။ အပျော်မယ် အများစုသည် အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေကြပြီး ကိုယ်လုံးတီး ဖြစ်နေသော အပျော်မယ် တစ်ယောက်စ နှစ်ယောက်စအား သခင်လေးတစ်စုက လိုက်ဖမ်း နေကြလေသည်။ မြင်ကွင်း တစ်ခုလုံးသည် ညစ်ညမ်း၍ စည်းကမ်းမဲ့ ဖြစ်နေတော့သည်။

အခမ်းအနားကို ဦးဆောင်သူ ထိုင်ခုံတွင် ဖက်တီး တစ်ယောက် ရှိနေလေသည်။ သူ့ဘေးတွင် အပျော်မယ် တစ်ယောက်မှ ရှိမနေဘဲ ဒူးထောက်၍ ဝိုင်ငှဲ့ပေးနေသော အစေခံ မိန်းကလေး တစ်ယောက်သာ ရှိလေသည်။ သူသည် ဧည့်ဝတ်ပြုသည့် အနေဖြင့် တစ်ချိန်လုံး ပြုံးနေခဲ့ပြီး သခင်လေး အပေါင်းတို့အား မျက်လုံးများ မှေးရင်း ကြည့်နေခဲ့လေသည်။ သူသည် ရံဖန်ရံခါတွင် အနီးသို့ ရောက်လာသော သခင်လေး အချို့နှင့် ခွက်တိုက်ရင်း တီးတိုး ပြောသည့် အခါလည်း ပြောနေခဲ့သည်။

ချမ်ဝမ်ကွမ်သည် သင်တန်းကျောင်းသို့ လွန်ခဲ့သည့် လအနည်းငယ်က ပြန်ရောက်ခဲ့သည်။ သူသည် ကျန်းရီ မရှိသည်ကို နေသားမကျသေးပေ။ သူသည် လပြည့်ဝန်းမြိုင်နန်း၏ အပေါ်ဆုံးထပ် တစ်ခုလုံးနှင့် တစ်မြို့လုံးမှ အပျော်မယ်များကို ငှားရမ်းလိုက်ကာ လပြည့်ဝန်းမြိုင်နန်းတွင် ခပ်ကြာကြာနေရန် ဆုံးဖြတ် လိုက်သည်။ သူသည် သင်တန်းကျောင်းမှ အပျော်အပါး လိုက်စားတတ်သော သခင်လေးများအား သောက်စား ပျော်ပါးရန် ဖိတ်ကြား လိုက်သေးသည်။

သူသည် အဓိပ္ပာယ်မရှိသော ဘဝတွင် မနေထိုင်သလို ဤကဲ့သို့သော ညစ်ညစ်ညမ်းညမ်း ကိစ္စများအားလည်း သဘောကျခြင်း မရှိပေ။ သို့သော် ဤသခင်လေး အပေါင်းတို့က နှစ်ခြိုက်ကြဟန် တူလေသည်။ ဤလူအုပ်သည် အရည်အချင်းလည်း မရှိကြသလို ဂိုဏ်းခေါင်းဆောင် နေရာကိုလည်း ရရန် အခွင့်အရေး မရှိသော အမှိုက်များသာ ဖြစ်ကြမှန်း သူသိလေသည်။ ဤလူစုသည် ကောင်းသည့် အရာတစ်ခုမှ မရှိဘဲ အားလုံးတွင် သည်းမခံနိုင် စေလောက်သည့် ယုတ်မာသော အကြံအစည် ပေါင်းစုံ ရှိကြသည်ကို သူပိုလို့ပင် သိပါသေးသည်။ ဤအပျော်အပါး မက်သော သခင်လေးများသည် မကောင်းမှု များတွင်သာ ပျော်မွေ့နေကြပြီး သူတို့၏ ဂိုဏ်းများတွင်လည်း ရေသာခို၍ ပေါ်ကြော့ နေကြသူများသာ ဖြစ်လေသည်။ သူသာ ဤကဲ့သို့သော မိတ်ဆွေများနှင့် ပေါင်းသင်း နေထိုင်ပါလျှင် ချမ်ဂိုဏ်းအတွက် ကောင်းခြင်း တစ်ခုမှ ရလာမည် မဟုတ်ဘဲ မကောင်းသည်များသာ ရလာပေလိမ့်မည်။

"ချီးလိုကောင်တွေ"

သခင်လေး တစ်ယောက်သည် အပျော်မယ် တစ်ယောက်ပေါ်သို့ ဖယောင်းစက်များ ချ၍ သူမအား နာကျင်စွာ အော်ဟစ် နေစေချိန်တွင် အခြား သခင်လေးများက သဘောကျစွာ လုပ်ဆောင်မှုကို ချီးမွမ်း နေကြခြင်းအား ချမ်ဝမ်ကွမ် သတိထားမိ လိုက်သည်။ သူ့မျက်လုံးများတွင် ရွံရှာဟန် အရိပ်အယောင်များ ထင်ဟပ်လာခဲ့ရာ ခေါင်းငုံ့၍ ဝိုင်သောက်ဟန် ပြုလိုက်ရသည်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဟူး ... ဘယ်လိုတောင် ရွံ့စရာကောင်းတဲ့ လူတွေလဲ ... အစ်ကိုကြီးနဲ့ နေရတာက အများကြီး ပိုကောင်းတယ် ... အစ်ကိုကြီး တောင်ပေါ်မှာ တစ်ယောက်တည်း ဘယ်လိုနေမလဲ သိချင်လိုက်တာ"

"ရှပ် ... ရှပ်"

ထိုအချိန်တွင် ချမ်ဂိုဏ်းမှ အမှုထမ်း တစ်ယောက်သည် ဘေးတံခါးမှ ဝင်လာကာ ချမ်ဝမ်ကွမ်ထံ ချဉ်းကပ်လာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

"ခေါင်းဆောင်ငယ် ... ကျွန်တော်တို့ တောင်ပေါ်ကနေ စာတစ်စောင်ရပါတယ် ... အဲ့ဒီမှာ သခင်လေးရီက ငွေလဝံပုလွေတစ်ကောင်ကို ဝိညာဉ်သားရဲအနေနဲ့ ယဉ်ပါးအောင် လုပ်ပြီးခဲ့ပြီးလို့ ပါပါတယ်"

"ခွမ်း"

ချမ်ဝမ်ကွမ်သည် ဆွံ့အသွားကာ လက်များ တုန်သွားခဲ့လေသည်။ သူ၏ ဝိုင်ခွက်သည် လွတ်ကျသွားကာ ကြေးစားပွဲနှင့် ရိုက်မိသွားသောကြောင့် အသံထွက်ပေါ်လာရာ အကြည့်များစွာ တို့သည် သူ့ထံ ရောက်ရှိလာခဲ့သည်။

"ဟား ... ဟား ... ဟား"

ချမ်ဝမ်ကွမ်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အမူအရာနှင့် ထရပ်လိုက်သည်။ သူသည် ဝိုင်တစ်ခွက်ကို ကိုယ်တိုင် လောင်းထည့်ကာ ခွက်ကို မြှောက်လိုက်ရင်း ရယ်ရယ်မောမော ပြောလိုက်သည်။

"အားလုံးပဲ ... ပျော်ကြတာပေါ့ ... အကုန်လုံး စိတ်လွတ် ကိုယ်လွတ် ပျော်နိုင်အောင် ကျွန်တော် ဒီလပြည့်ဝန်းမြိုင်နန်းကို နောက်ထပ်သုံးရက် ငှားလိုက်ပါ့မယ်"

လပြည့်ဝန်းမြိုင်နန်းနှင့် အပျော်မယ်များအား တစ်ရက် ထပ်ငှားရန်ပင် အတော်လေး ကုန်ကျမည် ဖြစ်သည်။ ချမ်ဝမ်ကွမ်၏ ရက်ရောမှုအား ကြားသိကြ သောအခါ လူတိုင်းသည် ပျော်ရွှင်သွားကြကာ ခွက်များကို မြှောက်၍ ကောင်းချီးပေး ကြလေသည်။

ချမ်ဝမ်ကွမ်သည် သုံးခွက်တိတိ သောက်ပြီး သောအခါ ချမ်ဂိုဏ်း၏ အမှုထမ်းအား အသံကိုနှိမ့်၍ ပြောလိုက်သည်။

"လျှိုလောင်ကို ခေါ်လိုက် ... ငါအခုချက်ချင်း တောင်ပေါ် သွားချင်တယ် ... အစ်ကိုကြီးက အရမ်းမိုက်တာပဲ ... အဲဒါက တတိယအဆင့် နတ်ဆိုးသားရဲတွေ အားလုံးထဲမှာ အမြန်ဆုံး မဟုတ်လား... အစ်ကိုကြီး အဲဒါကို ဘယ်လို ယဉ်ပါးအောင် လုပ်လိုက်လဲဆိုတာ ငါသိချင်နေပြီ ... "

"ဒါက ... "

ချမ်ဂိုဏ်းမှ အမှုထမ်းသည် မှောင်နေပြီ ဖြစ်သော ကောင်းကင်အား ကြည့်ကာ တွန့်ဆုတ်စွာ ပြောလာခဲ့သည်။

"ခေါင်းဆောင်ငယ် ... မနက်ဖြန်မှ သွားတာ ပိုကောင်းပါလိမ့်မယ် ... မိုးလည်း ချုပ်နေပြီ ... လျှိုလောင်ကလည်း အနားယူ နေလောက်ပါပြီ ... "

"အိုး"

ချမ်ဝမ်ကွမ်သည် ပြတင်းပေါက် အပြင်ဘက်အား မျှော်ကြည့်ကာ ပျင်းရိစွာ ပြန်ထိုင်လိုက်သည်။ အစောပိုင်းက သူ လျှိုလောင်အား အပျော်မယ် နှစ်ယောက် ပေးလိုက်မိသည်ကို သူမေ့နေခဲ့သည်။ လျှိုလောင်သည် သူ၏ အဖိုးတန်ဓားလေး ထက်သေးလား မထက်တော့ဘူးလား စမ်းသပ်ရင်း ပင်ပန်းနေ လောက်ပြီဟု သူတွေးမိလိုက်သည်။ သူ့အား ယခုအချိန်ကြီးမှ သွား၍ နှောင့်ယှက်ရန် မသင့်တော့ပေ။

သူသည် ပျင်းရိစွာထိုင်၍ သောက်နေလိုက်သည်။ သူ့အား ငယ်စဉ်ကတည်းက ဂိုဏ်းမှ သင်ကြားပေး ထားခဲ့သော ပါးနပ်လိမ္မာ မှုတို့ကြောင့် သူ့ခြေထောက်ပေါ် သူရပ်တည် နိုင်ခဲ့သည်။ ထို့နောက် သူသည် ထရပ်ကာ လူတိုင်းအား နှုတ်ဆက် လိုက်ပြန်သည်။

တစ်နာရီခန့် ကြာပြီးနောက် ချမ်ဂိုဏ်း၏ အမှုထမ်းသည် မျက်နှာ ပျက်ပျက်နှင့် ထပ်ဝင်လာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ထံ အမြန်သွားကာ တီးတိုး ပြောလိုက်သည်။

"ခေါင်းဆောင်ငယ် ... သခင်မလေး ရွှေချမ်လော့က မြို့ရဲ့ မြောက်ဘက် တံခါးပေါက်ကနေ အခုပဲ ဝင်လာတယ်လို့ သတင်းရပါတယ်"

"ရွှေချမ်လော့"

ချမ်ဝမ်ကွမ်၏ မျက်နှာထက်မှ အကြည့်တို့သည် စူးစူးရဲရဲ ဖြစ်သွားခဲ့သည်။ သူသည် မည်းမှောင်နေသော မျက်နှာထားနှင့် ဒေါသတကြီး လှည့်ကြည့်ကာ အပြစ်တင် လိုက်သည်။

"မင်းတို့ အားလုံး အသုံးမကျတဲ့ ကောင်တွေပဲ ... သူမ သိပ်မကြာ သေးခင်ကမှ တော်ဝင်နန်းမြို့တော်မှာ ရှိနေသေးတာ မဟုတ်ဘူးလား ... ချက်ချင်းကြီး ဘယ်လိုလုပ်ပြီး ဝိညာဉ်သားရဲမြို့ကို ရောက်လာတာလဲ ... မင်းတို့ ဘာသတင်းမှ မရကြဘူးလား"

ချမ်ဂိုဏ်း၏ အမှုထမ်းသည် လက်ကိုယှက်ကာ ရှက်ရွံ့ဟန်နှင့် ပြောလာခဲ့သည်။

"ဒီနောက်လိုက်က သူ့အပြစ်သူ သိပါပြီ"

"သွားစမ်း"

ချမ်ဝမ်ကွမ်သည် အသံကို နှိမ့်ကာ ညွှန်ကြားလိုက်သည်။

"တစ်ယောက်ယောက်ကို သူမဘယ်မှာ ရှိနေလဲဆိုတာ စုံစမ်းခိုင်းလိုက် ... သတင်းရတာနဲ့ အမြန်ဆုံး အကြောင်းကြား"

အမှုထမ်း ထွက်ခွာသွားသည်နှင့် ချမ်ဝမ်ကွမ်သည် သူ၏ ခွက်ကိုမြှောက်ကာ နှုတ်ခမ်းနှင့် တေ့လိုက်သည်။ သူ့မျက်လုံးများသည် တလက်လက် တောက်ပနေကာ တစ်ခုခုအား တွေးတောနေရာမှ ရေရွတ်လိုက်သည်။

"ဒီရူးနေတဲ့ မိန်းမက ဝိညာဉ်သားရဲမြို့ကို ဘာလာလုပ်တာလဲ ... သူမ တော်ဝင်နန်း မြို့တော်ကနေ ဒီကိုလာတာ ဘယ်လိုလုပ်ပြီး ဘာသတင်းမှ မထွက်တာလဲ ... တစ်ယောက်ယောက်က သူမရှိနေတဲ့ နေရာကို ကူညီပြီး ဖုံးကွယ်ပေး ထားတာများလား ... ဒါဆို ... သူမ ဒီကိုလာတာ အစ်ကိုကြီးကို စိန်ခေါ်ဖို့များလား ... မကောင်းတော့ဘူး"

ချမ်ဝမ်ကွမ်သည် ချက်ချင်း ထရပ်လိုက်သည်။ ထို့နောက် သူသည် လှေကားမှ အမြန် ဆင်းချသွားကာ ဒုတိယထပ်၏ အခန်းတစ်ခုရှေ့ ရောက်ရှိသွားခဲ့သည်။

"လျှိုလောင် ... တစ်ခုခု ဖြစ်နေပြီ ... ငါတောင်ပေါ်ကို ညတွင်းချင်း သွားဖို့ လိုတယ် ... မင်းကို ဒုက္ခပေးရတော့မယ်"

အခန်းထဲမှ မိန်းကလေး နှစ်ယောက်၏ မကျေမနပ် သံများနှင့် တစ်ယောက်ယောက်  အဝတ်အစား ဝတ်နေသံများ ထွက်ပေါ်လာခဲ့သည်။ ခဏတွင်းချင်း အခန်းတံခါးများ ပွင့်လာခဲ့ပြီး လျှိုလောင် ထွက်လာကာ မကျေမနပ် မေးမြန်းလာခဲ့သည်။

"ခေါင်းဆောင်ငယ် ... ဘာဖြစ်လို့လဲ"

"ငါမင်းကို ဒီတစ်ခေါက် အတွက် တောင်းပန်တယ် ... ငါတို့ ပြန်ရောက်တဲ့အခါ အပျော်မယ် ဆယ်ယောက် ပေးပါ့မယ် ... လာခဲ့ ... လမ်းမှာ ပြောကြတာပေါ့"

ချမ်ဝမ်ကွမ်သည် လေးနက်သော အမူအရာနှင့် ပြောကာ လှေကားပေါ်မှ အဆီများ တတုန်တုန်နှင့် ဆင်းသွားလေသည်။ ချမ်ဂိုဏ်းမှ အမှုထမ်းသည် အပြေးအလွှား ရောက်လာခဲ့ပြီး ခပ်တိုးတိုး ပြောလာသည်။

"ခေါင်းဆောင်ငယ် ... ရွှေချမ်လော့ တောင်ဘက်တံခါး ပေါက်ကနေ ထွက်ပြီး ဟေးယွင်တောင်ဆီ ဦးတည်သွား နေပါတယ်"

"သူမတကယ် အစ်ကိုကြီးကို လာရှာတာပဲ"

ချမ်ဝမ်ကွမ်၏ လေးနက်နေသော အမူအရာသည် ပို၍ပင် လေးလံသွားခဲ့သည်။ သူသည် သူ့နောက်ရှိ လျှိုလောင်အား ပြောလိုက်သည်။

"လျှိုလောင် ... သွားကြစို့"

"ဝှစ်"

လျှိုလောင်သည် ချမ်ဝမ်ကွမ်အား သယ်ဆောင်ကား ဟေးယွင်တောင်သို့ လေပြင်းအလား ပြေးထွက် သွားခဲ့သည်။

***

ကောင်းကင် ကြယ်တာရာ နယ်မြေကြီးသည် ကြီးမား ကျယ်ပြန့်လွန့်ပြီး မိုးပြာနဂါး အင်ပါယာက နယ်မြေများ ခွဲဝေသတ်မှတ် ပေးကာ ဘုရင်များ ခန့်အပ်၍  အုပ်ချုပ်စေသည်။ ဒေသကြီး ခြောက်ခုအား ဘုရင်များက အစိုးရကြပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်း ကျော်တည်းက ကိုယ့်စည်းကမ်းနှင့် ကိုယ် အုပ်ချုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံကြောင့် အင်အားစုများအား မိုးပြာနဂါး အင်ပါယာက မပိုင်သလို ဒေသကြီးခြောက်ခု ခေါင်းဆောင် များကလည်း မပိုင်ဆိုင်ကြပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဥပမာထား၍ ကြည့်ပါလေ ...

ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် နံပါတ်သုံး နေရာတွင်ရှိ၍ သူ့ရှေ့တွင် ကျောင်းကြီးနှစ်ကျောင်း ရှိပါသေးသည်။ မိုးပြာနဂါး  သင်တန်းကျောင်းသည် ပထမနေရာတွင် ရှိ၍ ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းသည် ဒုတိယနေရာတွင် ရှိလေသည်။

ထိုကျောင်းကြီးသုံးခု၏ ကျောင်းအုပ်များသည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော် ဆယ်ယောက်တွင် ပါဝင်ကြလေသည်။ ကျူးကော့ချမ်ယွမ်သည် သတ္တမနေရာတွင် ရှိ၍ မိုးပြာနဂါး သင်တန်းကျောင်းမှ ကျောင်းအုပ်သည် တတိယနေရာတွင် ရှိကာ ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ကျောင်းအုပ်သည် ပဉ္စမနေရာတွင် ရှိလေသည်။

ထိုကျောင်းကြီး သုံးခုအပြင် အင်ပါယာနှင့် နိုင်ငံအပေါ် မမှီခိုဘဲ သီးခြား ဖြစ်နေသော မျှော်စင်တစ်ခုနှင့် ဘုန်းကြီးကျောင်း တစ်ခု ရှိနေသေးသည်။

ရွှေယွဲ့လျန်မျှော်စင်နဲ့ ဇင်ဘုရားကျောင်း…

ဇင်ဘုရားကျောင်းတွင် အသက်သုံးရာကျော် ရှင်သန် နေထိုင်ခဲ့သည်ဟု ကောလဟာလများ ထွက်နေသော ဘုန်းကြီးတစ်ပါး ရှိလေသည်။ သူသည် အင်အား အလွန်ကောင်းပြီး အတော်ဆုံး စစ်သည်တော် ဆယ်ယောက်တွင် နံပါတ်နှစ် ဖြစ်လေသည်။ ရွှေယွဲ့လျန် မျှော်စင်သည်မူ နယ်မြေ၏ အရှေ့မြောက်ဘက် ကြယ်တံခွန်ကျွန်းတွင် တည်ရှိလေသည်။ ကျွန်းပိုင်ရှင် ရွှေယို့လန်သည် နယ်မြေကြီးတစ်ခုလုံး၏ အတော်ဆုံး နံပါတ်တစ် စစ်သည်တော်ဟု ကျော်ကြားသည်။ တစ်ခါက သူမသည် ဇင်ဘုရားကျောင်းမှ မသေသော ဘုန်းတော်ကြီး၏ သင်္ကန်းအား ပြဲစုတ်သွားစေသည် သောကြောင့် ဖြစ်လေသည်။

ရွှေချမ်လော့သည် ရွှေယို့လန်၏ တစ်ဦးတည်းသော သမီး ဖြစ်လေသည်။

ထိုနတ်ဆိုး မိန်းကလေးသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က မြောက်ဘက် လျန်နိုင်ငံတွင် ထွက်ပေါ်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် ပါရမီရှင်များအား စိန်ခေါ် တိုက်ခိုက်ခဲ့သည်။ သူမသည် ပွဲနှစ်ဆယ်ကျော် တိုက်ခိုက်ထားခဲ့ပြီး လုံးဝအရှုံး မရှိခဲ့သေးပေ။ သူမနှင့် လျန်နိုင်ငံမှ လူငယ် နှစ်ဆယ်ခန့် တိုက်ခိုက်ခဲ့ပြီး ဆယ့်ခြောက်ယောက်မှာ မသန်မစွမ်းများ ဖြစ်သွားကြသည်။

ရွှေချမ်လော့ ဟေးယွင်တောင်သို့ သွားခြင်းသည် တစ်ယောက်ယောက်မှ သူမအား ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင် ကျန်းရီကို သွားရှာသင့်ကြောင်း သတင်းပေးလိုက်၍ ဖြစ်ပေလိမ့်မည်။  ထို့ကြောင့် ချမ်ဝမ်ကွမ်သည် ညတွင်းချင်း တောင်ပေါ်သို့ သွားရခြင်း ဖြစ်လေသည်။

အမှန်ပါပဲ

ချမ်ဝမ်ကွမ်သည် သူမ ကျန်းရီအား မသန်မစွမ်း ဖြစ်အောင် လုပ်လိုက်မည်ကို ကြောက်နေခြင်း မဟုတ်ရပါပေ။ သူကြောက်နေသည်မှာ ... .ကျန်းရီ ... ရွှေချမ်လော့အား သတ်လိုက်မိမည်ကို ဖြစ်လေသည်

***

All Chapters