( ခရီးဆက်မယ်
Vol. 19 Ch. 264
“ ဒေါက် ဒေါက်”
အမတ်ချုပ်အိမ်တော်၏ အနီရောင်တံခါးကို လာခေါက်မဲ့သူမရှိတာ ရက်တချို့ကြာခဲ့ပြီပင်။ ထိုအချိန်မှာပဲ အနီရောင်တံခါးက ခပ်ဖြည်းဖြည်းပွင့်လာပြီး အထဲကနေ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒါပေမဲ့ ထိုအသံအတွင်းမှာရှိနေသော တွန့်ဆွန့်မှုတစ်ချို့ကို လီလင်ပု သတိထားမိလိုက်၏။
“အမတ်လီလင်ပုပဲ။ လာပါ အထဲကို ဝင်ခဲ့လေ”
ပုံမှန်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ကျူးကော့လုံသည် လီလင်ပုအရှေ့မှာပေါ်လာခဲ့သည်။
မဟာတံတိုင်းဆောက်တဲ့စီမံကိန်းက လက်လွှဲလို့ရပြီဖြစ်၍ မြို့တော်ကို ပြန်ရောက်ခဲ့ပြီးနောက်တွင် ကျူးကော့လုံသည် အရှင်မင်းကြီးကို တွေ့ဆုံခဲ့သည်။ ထိုအချိန်မှာပဲ အရှင်မင်းကြီး၏ တိုင်းခန်းလှည့်လည်သည့် အစီအစဉ်ကို ကန့်ကွက်မိခဲ့၏။ အရှင်မင်းကြီးထံကနေ အမျက်တော်ရှပြီး နေအိမ်မှာ ရက်ပေါင်းများစွာ အကျယ်ချုပ်ချခံထားရသည်။
ထို့ကြောင့်ပဲ အမတ်ချုပ်အိမ်တော်ကို ဘယ်သူကမှ သွားမရှာရဲကြပေ။ တစ်ချိန်က လူပေါင်းများစွာနဲ့ အသက်ဝင်နေခဲ့သော အမတ်ချုပ်အိမ်တော်သည် အခုချိန်မှာ ကန္တာရတစ်ခုလိုမျိုး ခြောက်ကပ်နေခဲ့၏။
“အမတ်ချုပ် ကျူးကော့လုံ ဒီရက်ပိုင်းမှာ အရမ်းအားနေတော့မှာပဲ”
လီလင်ပု တံခါးပွင့်လာတာနဲ့ ချက်ချင်းပဲ စနောက်လိုက်၏။
တစ်ဖက်သူက စိတ်မဆိုးပါချေ။ ထိုသူက ခပ်ဖွဖွ ပြန်လည်ပြုံးလာ၏။ သူတို့နှစ်ယောက်လုံးက တိုင်းပြည်ရဲ့ သစ္စာရှိအမတ်များအဖြစ် လူသိများကြပြီး သူတို့ရဲ့ကြားမှာရှိသော ရင်းနှီးမှုက ခိုင်မာကြပြီးသားပင်။ ဒီလိုမျိုး စကားငယ်တစ်ချို့လောက်နှင့် ဒေါသထွက်စရာ မလိုအပ်ပေ။
“အမတ်လီလင်ပု၊ ကျုပ်ကို စနောက်နေတာ တော်ပါတော့။ လာ အထဲဝင်ထိုင်လေ။ ကျုပ် အခါးရည်လုပ်လိုက်ဦးမယ်”
ကျူးကော့လုံက လီလင်ပုကို စံအိမ်ရဲ့ခြံဝန်းအတွင်းသို့ခေါ်သွားခဲ့သည်။ ထိုနေရာတွင် ကြည်လင်သောရေကန်ကို မြင်တွေ့နိုင်ပြီး သစ်ပင်စိမ်းများကို မြင်ရသဖြင့် စိတ်ကြည်လင်စေနိုင်သည်။ ဒါ့အပြင် သက်တမ်းရသစ်ပင်ကြီးများရဲ့အရိပ်က တောက်လောင်လာသောနေရောင်ကို ကာကွယ်ပေးနိုင်သေးသည်။
ထိုနေရာက စံအိမ်ရဲ့ အနားယူလို့အကောင်းဆုံး နေရာဖြစ်၏။
“အရှင်မင်းကြီး ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ မင်းသိလား”
ကျူးကော့လုံ လက်ဖက်ရည်လုပ်နေစဉ်မှာပဲ လီလင်ပု မနေနိုင်စွာမေးလိုက်၏။ သူ့ရဲ့အသံထဲမှာ ဆန်းကြယ်မှုတစ်ချို့ဝင်ရောက်နေခဲ့သည်။
“တိုင်းခန်းလှည့်လည်နေတဲ့အချိန်မှာ ဘာများဖြစ်နိုင်မှာမို့လို့လဲ။.ဘာလဲ.. ဘယ်ကိုယ်လုပ်တော်တွေက ရာထူးရသွားပြီး ဘယ်နေရာမှာ နန်းတော်အသစ်တွေ ဆောက်ထားတယ်ဆိုတာ ပြောမလို့လား”
ကျူးကော့လုံရဲ့မျက်နှာက အလိုမကျမှုများရှိနေခဲ့သည်။ ရှကျိုးယွီရဲ့အပြစ်ပေးမှုကို သူ့အနေနဲ့ စိတ်မဆိုးဘူးဆိုတာ မဖြစ်နိုင်ချေ။ ဒါပေမဲ့ တစ်ဖက်လူက အရှင်မင်းကြီးဖြစ်နေသည့်အတွက် ဘယ်လိုမှ စိတ်ဆိုးမှုကို ပြသလို့မရနိုင်ခဲ့ချေ။ ထို့ကြောင့် အရှင်မင်းကြီးရဲ့ ပြည်သူတွေအပေါ် ဂရုမစိုက်ပုံကြောင့် ကျူးကော့လုံ မနေနိုင်စွာ မကျေမနပ်ဖြစ်နေခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့် လက်ရှိမှာ အရှင်မင်းကြီးက တိုင်းခန်းလှည့်လည်သွားလာနေရင်း ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးနေခဲ့တာမဟုတ်ဘူးလား….
“ဟားဟား မင်းရဲ့အခြေအနေကိုလည်း ကြည့်ပါဦး။ အရှင်မင်းကြီးနဲ့ပတ်သတ်ပြီး မင်း ဘာတွေပြောခဲ့လဲဆိုတာကို မေ့သွားပြီလား”
ကျူးကော့လုံရဲ့မျက်နှာထားကြောင့် လီလင်ပု မနေနိုင်စွာ ပြုံးမိသွားခဲ့သည်။
“မင်း ဒီနေရာကို ဟာသလုပ်ဖို့ရောက်လာတာဆိုရင် လက်ဖက်ရည်ပါ သောက်မနေနဲ့တော့”
ကျူးကော့လုံ ခံစားချက်မဲ့သော မျက်နှာထားနဲ့ပဲ စားပွဲပေါ်သို့ အခါးရည်ခွက်နှစ်ခွက်ကို ပစ်ချလိုက်၏။ သူ့ရဲ့အပြုအမူက လုံးဝ မကျေနပ်နေဟန် ရှိသည်။
“အမတ်ကျူးကော့လုံက ကျုပ်ကို မှားယွင်းစွပ်စွဲနေတာပဲဗျာ။ ဒီနေရာကို ကျုပ်လာခဲ့တာက ပြဿနာရှာဖို့မဟုတ်ဘူး။ တစ်ကယ်တော့ တောင်းပန်ဖို့ ရောက်လာခဲ့တာပဲ”
လီလင်ပုက ပြောပြီးတာနဲ့ လေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ကျူးကော့လုံ အလွန်အမင်းအံ့ဩသွား၏။
“အမတ်လီ မင်း ဘာတွေလုပ်နေတာလဲ”
ထိုအချိန်မှာပဲ လီလင်ပုက စားပွဲမှာ ပြန်ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်က အခါးရည်တစ်ခွက်ကို ယူလိုက်သည်။ တစ်ငုံသောက်ပြီးနောက်မှသာ တည်ငြိမ်စွာပြန်ပြောလိုက်၏။
“အဲဒီအချိန်တုန်းက အမတ်ကျူးကော့လုံ ပြောခဲ့တာမှန်တယ်။ အရှင်မင်းကြီးရဲ့ ဉာဏ်များမှုက ကျုပ်တို့ မှန်းဆနိုင်တာထက် တကယ်ကို ပိုနေခဲ့တာပဲ။ အရှင်မင်းကြီးက တိုင်းခန်းလှည့်လည်သွားလာနေရင်း ကျန်းနန်မြို့မှာ အရာရှိနှစ်ယောက်ကို ရာထူးတိုးပေးခဲ့တယ်။ အဲဒီနှစ်ယောက်က ဘယ်သူတွေဖြစ်ပြီး ဘာကိုတာဝန်ယူရတာလဲဆိုတာကို အမတ်ကျူးကော့လုံ သိသလား”
ကျူးကော့လုံ ခေါင်းယမ်းပြလိုက်သည်။ ဒီရက်ပိုင်းအတွင်း၌ နေအိမ်အတွင်းက ထွက်ခွာခွင့်မရသည့်အတွက် တိုင်းပြည်ရဲ့ အခြေအနေကို ဘယ်လိုလုပ် သတင်းရနိုင်မှာလဲ…..
“သူတို့ထဲက တစ်ယောက်က တာအိုဘုန်းကြီးဖြစ်ပြီး တစ်ယောက်က သေးငယ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ။ အဲဒီသာမန်ပုဂ္ဂုလ်လိုမျိုးထင်ရတဲ့သူနှစ်ယောက်က တိုင်းပြည်ရဲ့ကံကြမ္မာကို များစွာတိုးတက်စေခဲ့တယ်”
ကျူးကော့လုံ မယုံမှာစိုးသည့်အတွက် လီလင်ပုက ပြောပြီးတာနဲ့ လက်မအရွယ်ခန့်ရှိသော စိတ်ဝိဉာဥ်စွမ်းအင်စုဆောင်းနိုင်တဲ့ အစီအရင်အသေးတစ်ခုကို အိတ်ကပ်အတွင်းမှ ထုတ်ယူလိုက်သည်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ယန်ချန်ဝုနဲ့ တာအိုဘုန်းကြီးရှစ်ရန်သည် အတူပူးပေါင်းပြီး တိုင်းပြည်အနှံ့တွင် စိတ်ဝိဉာဥ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်များကို ဖန်းတီးဖို့ကြိုးစားခဲ့၏။ ထို့ကြောင့် ရုံးတော်အတွင်းမှာလည်း တင်ပြမှုအချို့လုပ်ခဲ့ရသည်။
“ဒီပစ္စည်းကို ကြည့်လိုက်။ ဒါက လက်မအရွယ်ပဲ ရှိပေမဲ့ တစ်ရက်ကို စိတ်ဝိဉာဥ်စွမ်းအင်ကျောက်တုံး ဆယ်တုံးပြုလုပ်ပေးနိုင်တယ်။ ဒါ့အပြင် အရေးအပါဆုံးအချက်က ဒီပစ္စည်းကိုဖန်တီးဖို့အတွက် ငွေပြားသုံးပြားပဲ ကျခဲ့တာ”
မျက်စိရှေ့က မြင်ကွင်းကြောင့် ကျူးကော့လုံတစ်ယောက် သူရဲ့တည်ကြည်မှုများ ပျောက်ဆုံးသွားခဲ့ရပြီး… လီလင်ပုရဲ့လက်အတွင်းက စိတ်ဝိဉာဥ်စွမ်းအင်စုဆောင်းနိုင်တဲ့ အစီအရင်ကို အသေးစိတ် လေ့လာလိုက်သည်။
“ဒီပစ္စည်းကို အရှင်မင်းကြီး တိုင်းခန်းလှည့်လည်နေတုန်း ဖန်တီးခဲ့တာလား”
စစ်ဆေးပြီးတာနဲ့ ကျူးကော့လုံးက အစီအရင်ကို လီလင်ပုအား ပြန်လည်ကမ်းပေးလိုက်သည်။
လီလင်ပု ခဏလောက်တွေးတောလိုက်သည်။ ထို့နောက်မှာ မရေမရာပြောလိုက်၏။
“သူတို့ ဖန်တီးခဲ့တာဆိုပေမဲ့ အရှင်မင်းကြီးက အဓိက ဖန်တီးခဲ့ပြီး အဲ့နှစ်ယောက်က ကူညီခဲ့တာလို့ပြောတယ်”
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တင်းကြပ်စွာ စုကျုံ့နေခဲ့သော ကျူးကော့လုံရဲ့ မျက်ခုံးတန်းများသည် ချက်ချင်းပဲ ပြေလျော့သွားခဲ့သည်။ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးများဝင်ရောက်လာ၏။
“ငါ အလောတကြီးနဲ့ အရှင်မင်းကြီးကို အကဲဖြတ်မှားခဲ့တာပဲ။ အရှင်မင်းကြီးက ခရီးသွားနေတုန်းမှာတောင် ဒီလိုမျိုးကို ပြုလုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အရှင်မင်းကြီးက ငါ့ကို အပြစ်တင်ပြီး အပြစ်ပေးခဲ့တာကိုး။ ငါက ထိုက်တန်တာပဲ”
လီလင်ပုရဲ့လက်ထဲက အစီအရင်ကို ကြည့်နေရင်း ကျူးကော့လုံ ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။
“ဒါဆိုရင် အရှင်မင်းကြီးငါ့ကို အိမ်တော်မှာ သုံးလအနားယူဖို့ တာဝန်ပေးခဲ့တာကလည်း ဒီရက်ပိုင်းအတွင်း ငါ့ရဲ့ ကျင့်ကြံမှုကို တိုးတက်လာနိုင်အောင်လို့လား။ တရှားတိုင်းပြည်က အခုဆိုရင် စွမ်းအင်ကျောက်တုံးကို ဖန်တီးနိုင်ခဲ့တဲ့အတွက် အနာဂတ်မှာ လူတိုင်းရဲ့ မုန်းတီးမှုကို ရင်ဆိုင်ရလိမ့်မယ်။ ငါတို့က တိုင်းပြည်ရဲ့ထောက်တိုင်တွေပဲ။ တစ်ကယ်လို့ ငါတို့သာ လုပ်ကြံခံလိုက်ရမယ်ဆိုရင်... တိုင်းပြည်အတွက် မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ယူဆောင်လာနိုင်တယ်”
ကျူကော့လုံ အတွေးလွန်စွာ ပြုံးနေခဲ့သည်။ တစ်ဖက်က နားထောင်နေတဲ့ လီလင်ပုရဲ့ မျက်လုံးအတွင်းမှာလဲ တူညီတဲ့ အတွေးများ ဝင်ရောက်လာ၏။ ဒီလိုနဲ့ပဲ အရာရှိနှစ်ယောက်သည် အခါးရည် အတူတကွသောက်နေရင်း သူတို့ရဲ့ အစောပိုင်းက အပြုအမူများအတွက် အရှင်မင်းကြီးကို တိတ်တဆိတ်တောင်းပန်လိုက်ကြသည်။
...
ထိုအချိန်တွင် ကွမ်ရန် နန်းတော်အတွင်းရှိ ကိုယ်လုပ်တော်ကျင်း၏ ပေါင်ပေါ်၌ လှဲလျောင်းနေသော ရှကျိုးယွီ တစ်ယောက် ရုတ်တရက်နှာချေလိုက်လေ၏။
“ဟက်ချိုး”
ရုတ်တရက်ဖြစ်ပေါ်သွားမှုကြောင့် သူရဲ့ခန္တာကိုယ်က လျင်မြန်စွာ တုံ့ပြန်လိုက်ခဲ့ပြီး အလောတကြီး ခေါင်းထောင်လိုက်မိ၏။ ထို့ကြောင့်ပဲ မရည်ရွယ်ဘဲနဲ့ သူ့ရဲခေါင်းက ကိုယ်လုပ်တော်ကျင်းရဲ့ နူးညံ့တဲ့ရင်ဘက်ကြားထဲသို့ အလိုအလျောက်ရောက်ရှိသွားခဲ့သည်။
ရှကျိုးယွီရဲ့ ရုတ်တရက်အပြုအမူကြောင့် ကိုယ်လုပ်တော်ကျင်း သတိလွတ်သွားဟန်ပဲ။
“အရှင်မင်းကြီး”
နီရဲနေသောမျက်နှာနဲ့ ကိုယ်လုပ်တော်တစ်ယောက် နာကျင်သွားသော ရင်ဘက်ကို အုပ်ကိုင်ရင်း အော်ဟစ်လေတော့၏။
ရှကျိုးယွီ ခပ်ဖြည်းဖြည်းထရပ်လိုက်ရင်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပြီး သူ့ရဲ့မျက်နှာပေါ်မှာ တည်ငြိမ်မှုကို တပ်ဆင်ထား၏။ ဒီလိုနဲ့ လေထုက အနေခက်လာတော့သည်။
“ငါကိုယ်တော် အဆင်ပြေပါတယ်။ ကိုယ်လုပ်တော်ကျင်း စိတ်ပူပေးဖို့ မလိုပါဘူး။ ဒီလိုပြောမှပဲ ငါကိုယ်တော် ကျိကျီ မြို့ကိုရောက်နေတာ ရက်တစ်ချို့တောင်ကြာနေခဲ့ပြီမလား”
အရှင်မင်းကြီးထံမှ ညွှန်ကြားချက်တစ်ချို့ကို ရရှိလိုက်သည်နဲ့ ဝေ့ကျုံးရှန် ချက်ချင်းပဲ နန်းဆောင်အပြင်ဘက်ကနေ အထဲကိုဝင်ရောက်လာပြီး ဒူးထောက်လိုက်သည်။ ထို့နောက်မှာ အလွန်လေးစားတဲ့အသံနဲ့ ဖြေကြားလိုက်၏။
“ဟုတ်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီး ဒီနေရာကိုရောက်ရှိနေတာ ခုနှစ်ရက်တိတိရှိပါပြီ”
ရှကျိုးယွီက ပုံမှန်လိုပဲ နန်းတွင်းအစေခံမလေး ခွံ့ကြွေးလာသော လိုင်ချီးသီးကို စားလိုက်သည်။ ချိုမြိန်သောအရသာက သူ့ရဲ့ပါးစပ်အတွင်းမှာ စွဲကျန်နေ၏။ ထိုချိုမြိန်မှုက နွေရာသီရဲ့အပူဓာတ်ကို အနည်းငယ်သက်သာစေသည်။
“ကျိကျီမြို့ရဲ့ လှပတဲ့မြင်ကွင်းကို ငါကိုယ်တော် ပင်ပန်းနေပြီ။ ဒါကြောင့် ကျန်းနန်မြို့ကို ခရီးဆက်ကြမယ်”
မြေပြင်ပေါ်မှာ ဒူးထောက်ရင်း ရှကျိုးယွီ၏အမိန့်ကို လေးစားစွာနားထောင်နေသော ဝေ့ကျုံးရှန့် ချက်ချင်းပဲ ပျော်ရွှင်သွားလေရဲ့။ ပျော်ရွှင်မှုကြောင့် ထရယ်တော့မတက်ပင် ဖြစ်သွားခဲ့သည်။ တစ်ကယ်တော့ ကျန်းနန်မြို့မှာရှိနေသော အရာရှိများအားလုံးက အရှင်မင်းကြီးရဲ့ နဂါးလှည်းတော် ရောက်ရှိလာဖို့ စောင့်နေခဲ့တာ ကြာပြီဖြစ်ပြီး ထို့အတွက် ဝေ့ကျုံးရှန်ကို များစွာတဲ့အကျိုးအမြတ်များကို အပြည့်ပေးထားခဲ့၏။ အကယ်လို့ အရှင်မင်းကြီးသား ကျန်းနန်မြို့ကို ဆက်လက်ထွက်ခွာမည်ဆိုရင် ပိုများတဲ့ ငွေကြေးတွေက သူ့ကို စောင့်ဆိုင်းနေလိမ့်မည်။
“အရှင်မင်းကြီးက ဉာဏ်ပညာထက်မြတ်လှပါတယ်။ ဒီရက်ပိုင်းအတွင်း ကျန်းနန်မြို့က တစ်ကယ်ကို သာယာလှပပြီး နေလို့ကောင်းနေတာပါ။ နေရာတိုင်းမှာ အဝါရောင်၊ အနီရောင်ပန်းပွင့်များနဲ့ ပြည့်နှက်နေပြီး နတ်ပြည်ကို ရောက်နေသလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်”
ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြပြီး နားလည်ကြောင်းပြလိုက်၏။ တစ်ကယ်တော့ ကျန်းနန်မြို့ကို သွားရောက်ခဲ့ချင်တာက လှပတဲ့ ရှုခင်းကို ကြည့်ရှုရန်မဟုတ်ပေ။ အဓိက အကြောင်းရင်းက ရှထိုက်အန်းပို့ပေးလာခဲ့သော လွန်ခဲ့တဲ့ရက်ပိုင်းက စာစောင်ကြောင့်ပင်။
အတိတ်မှာတုန်းက ရှထိုက်အန်းရဲ့ သစ္စာရှိမှုကြောင့် သူ့ရဲ့အစီအစဉ်များ ကျရှုံးခဲ့ရသည်။
ဒါပေမဲ့ လက်ရှိအခြေအနေက တိုင်းပြည်အတွင်းက သိုင်းလောကသားများကို ရှထိုက်အန်းက မကျေနပ်နေအောင် လုပ်ခဲ့သည်။ ထိုအခွင့်အရေးကို အသုံးချပြီး ကျန်းနန်မြို့ကို အကျိုးရှိအောင် လုပ်ပေးရမည်မလား..
ထို့ကြောင့် သူကိုယ်တိုင်သွားရောက်ပြီး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ဖို့ လိုအပ်လိမ့်မည်။
………