ချင်မင်းသားရဲ့ ပုန်ကန်မှု
Vol. 19 Ch. 265
ခမ်းနားလှသော မြင်းလှည်းကို သယ်ဆောင်လာတဲ့ ယဉ်တန်းကြီးက တရှားတိုင်းပြည်၏ တောင်ဘက်ပိုင်းကို ဆက်လက် ဦးတည်နေခဲ့သည်။ ရာသီဥတုက တနေ့တခြား ပိုမိုပူးပြင်းလာလေရာ.. ပင်ပန်းမှုကို လျော့ချနိုင်ရန်အတွက် သူတို့သည် မနက်ခင်းပိုင်းမှာ ခရီးဆက်ခဲ့ပြီး နေ့လည်ခင်းတွင် အနားယူသည်။ ထို့နောက် ညပိုင်းမှသာ ဆက်လက် ခရီးဆက်၏။ မနက်အစောပိုင်းနှင့် ညနေစောင်း၏ အေးမြမှုကို အခွင့်ကောင်းယူရင်း အရှေ့ကို ခပ်ဖြေးဖြေးသွားနေကြသည်။
“အရှင်မင်းကြီး ကျွန်တော်တို့မကြာခင်မှာပဲ ရန့်ကျိုးမြို့နယ်ကို ရောက်ရှိပါတော့မယ်”
မြင်းလှည်းအပြင်ကနေ ဝေ့ကျူံးရှန့် သတိပေးလိုက်သည်။
တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ပင်ပန်းမှုက သူ့အပေါ် မသက်ရောက်နိုင်ပေမယ့် ပူပြင်း လှသော ရာသီဥတုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ချွေးများရွဲစိုနေရသည်။
“တစ်ကယ်ကိုနှေးလိုက်တာ”
ကြီးမားသော အိပ်ယာပေါ်မှာ လှဲလှောင်းနေတဲ့ ရှကျိုးယွီမနေနိုင်စွာ ငြီးတွားလိုက်သည်၏။
သူ့ရဲ့အိပ်ယာအောက်တွင် အေးမြစေရန်အတွက် ရေခဲများကိုထားထားပေးသော်ငြား ပူပြင်းသော နွေခေါင်ခေါင် ဖြစ်သည့်အတွက် နဂါးမြင်းလှည်းတစ်ခုလုံးက ချွေးထုတ်ခန်းထဲရောက်နေသလိုမျိုး အပူကိုစုပ်ယူနေ၏။ ထို့ကြောင့် အိပ်ယာအောက်ရှိ ရေခဲဇလုံကိုလည်း မကြာခဏလဲနေရသည်။
“ရပြီ။ အဲ့ဒါကိုမလဲနဲ့တော့။ အသုံးကိုမဝင်ဘူး”
ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြလိုက်ကာ လှည်းအတွင်းသို့ဝင်ရောက်လာပြီး ရေခဲတုံးလဲလှယ်ဖို့ရန် ဆောင်ရွက် နေသော မိန်းမစိုးကို တားမြစ်လိုက်သည်။ အမြဲတန်းလိုလို တင်းကျပ်စွာဝတ်ဆင်တတ်သော ကိုယ်လုပ်တော်ကျင်းပင် နွေရာသီရဲ့သက်ရောက်မှုကြောင့် အပေါ်ဝတ်ရုံကိုချွတ်ထား၏။ သူမဝတ်နေကျနဲ့မတူညီသော ပွယောင်းယောင်း ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည်။
“အပူကြောင့် အရှင်မင်းကြီး နေထိုင်မကောင်းလို့ပါလား။ အရှင်မင်းကြီးအတွက် အေးမြစေမဲ့နည်းလမ်းတစ်ခု ကျွန်တော် မျိုးမှာ ရှိပါတယ်”
အေးမြစေရန်အတွက် ကိုယ်လုပ်တော်ကျင်းက သူမရဲ့အပြင်ခြေအိတ်ကို ချွတ်လိုက်ကာ ရှည်လျားဖြူဖွေးသော ခြေချောင်း များကို ဆန့်ထုတ်လိုက်၏။ ရှကျိုးယွီရဲ့ ရက်ပေါင်းများစွာလေ့ကျင့်ထားမှုကြောင့် သူမနဲ့ရှကျိုးယွီကြားက ဆက်ဆံရေး က ပိုမိုကောင်းလာခဲ့သည်။
“ဟမ် ဒါဆိုရင်ပြောပါဦး”
တစ်ကယ်တော့ ရှကျိုးယွီသည် ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အေးမြမှုရော ပူပြင်းမှုရောက သူ့အပေါ်မှာ မသက်ရောက်နိုင်ဘူး။ အပူဒဏ်က ဘယ်လောက်ပဲ ပြင်းထန်ပါစေ ရှကျိုးယွီချွေးတစ်စက်တောင် မထွက်ခဲ့ပေ။
ဒါပေမယ့် မျက်စိရှေ့က ကိုယ်လုပ်တော်ကျင်းရဲ့ပုံစံက ကြောင်တစ်ကောင်လိုမျိုး သနားစဖွယ်ကောင်းလှပြီး တစ်ချိန် တည်းမှာ ချစ်ဖို့ကောင်းနေ၏။ ကိုယ်လုပ်တော်ကျင်းရဲ့ပုံစံကြောင့် ရှကျိုးယွီ အတွေးမှောင်သွားတော့သည်။
“ကျွန်တော်မျိုးမတို့ရဲ့ ဝေ့တိုင်းပြည်ကလည်း တစ်နှစ်ပတ်လုံး ပူပြင်းတယ်။ အဲ့ဒီမှာပဲ ဝေ့တိုင်းပြည်ရဲ့ ပြည်သူတွေက ပူပြင်းနေတဲ့ သဲသောင်ပြင်ပေါ်မှာ မကြောက်မရွံ မြေပြင်ပေါ်လှဲအိပ်နေတဲ့ ပုတ်သင်ညိုပုံစံတစ်မျိုးကို ရှာတွေ့ရော.. ပြည်သူတွေ အနေနဲ့ စပ်စုကြတာပေါ့။ ဘာလို့များ ဒီလို ပူပြင်းလှတဲ့ သဲသောင်ပြင်ပေါ်မှာ အဲ့ဒီပုတ်သင်ညိုတွေက လှဲလှောင်းနေခဲ့တာလဲဆိုပြီးတော့။ အဲ့ဒီအချိန်မှာပဲ စိတ်ဝင်စားစရာအခြေအနေကို ရှာတွေ့သွားခဲ့တယ်။ သူတို့လည်းပဲ ပုတ်သင်ညိုလိုမျိုး လှဲအိပ်လိုက်တဲ့အချိန်မှာ ရုတ်တရက်ကြီး အေးမြသွားခဲ့တယ်လေ”
ထိုအချိန်မှာပဲ ကိုယ်လုပ်တော်ကျင်းရဲ့မျက်နှာက အနည်းငယ် စနောက်လိုစိတ်များ ဝင်လာခဲ့သည်။
“အရှင်မင်းကြီးလည်း ပူနေသလိုမျိုး ခံစားရရင် မြေပြင်ပေါ်ကို လှဲအိပ်ကြည့်လိုက်ပေါ့”
ကိုယ်လုပ်တော်ကျင်းက နေ့တိုင်း ရှကျိုးယွီရဲ့အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ အဓိကအကြောင်းအရင်းကတော့ သူမက နေ့စဉ် ရက်ဆက် ရှကျိုးယွီကို ဒေါသထွက်စေရန် ကြိုးပမ်းခဲ့လို့ပင်။ ထိုအချိန်မှာ ခါးပေါ်လက်ထောက်ရင်း စိန်ခေါ်နေခဲ့တဲ့ ကိုယ်လုပ်တော်ကျင်းကို ရှကျိုးယွီ အနည်းငယ်စနောက်လိုစွာ ကြည့်လိုက်သည်။ သူ့ရဲ့ခေါင်းထဲမှာ အကြံဉာဏ်တစ်ခု ဝင်ရောက်လာ၏။ ဘယ်လိုပဲဆိုဆို ကိုယ်လုပ်တော်ကျင်း ပေးတဲ့ အကြံကလည်း ပျင်းရိနေတဲ့ခရီးစဉ်ကို အပျင်းပြေစေ နိုင်တာပဲ။
“ဒါပေမဲ့ ငါ ကိုယ်တော်က နန်းတော်ထဲမှာပဲအနေများပြီး အပြင်ကို ထွက်လေ့မရှိဘူး။ ဒါကြောင့် ကိုယ်လုပ်တော်ကျင်း ပြောတဲ့ ပုတ်သင်ညိုကို မမြင်ဖူးဘူး”
ရှကျိုးယွီသည် မျက်နှာပေါ်မှာ ရိုးရှင်းသောရှုပ်ထွေးမှုကို ပြသလိုက်၏။
ကိုယ်လုပ်တော်ကျင်း လုံးဝသံသယမဝင်ခဲ့ပေ။ သူမက ရှကျိုးယွီအား ပုတ်သင်ညိုရဲ့ပုံစံကို ရှင်းပြဖို့ ကြိုးစားလိုက်၏။ ဒါပေမဲ့ သူမဘယ်လောက်ပဲ ရှင်းပြပါစေ ရှကျိုးယွီနားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်ကျင်း စိတ်မရှည် ဖြစ်လာပြီး ကြီးမားတဲ့အိပ်ယာပေါ်မှာ လှဲလှောင်းရင်း ပုတ်သင်ညိုပုံစံလုပ်ပြ လေတော့၏။
ဒါပေမဲ့ သူမရဲ့တက်ကြွမှုတွေအားလုံးက မျက်စိရှေ့ကလူရဲ့ ညစ်ကျယ်ကျယ်အပြုံးကြောင့် တဖြေးဖြေး….. ပျောက်ကွယ်လာတော့သည်။ နောက်ဆုံးတော့ သူမ အလှည့်စားခံနေရမှန်း သဘောပေါက်သွားလေရဲ့။
“အကျင့်မကောင်းတဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးမကိုအမြဲတမ်း အနိုင်ကျင့်နေတာပဲ”
ကိုယ်လုပ်တော်ကျင်း တစ်ယောက် အိပ်ယာပေါ်ကနေ ဒေါသတကြီးထလိုက်ရင်း အံကြိတ်ကာ ရှကျိုးယွီကို စိုက်ကြည့် လိုက်သည်။ ရှကျိုးယွီကို အပိုင်းပိုင်း ဆုတ်ဖြဲချင်ပုံပ
ရှကျိုးယွီ ပြုံးနေရင်းနဲ့အပြင်ဘက်က အခြေအနေကို ပျင်းရိစွာလှမ်းကြည့်လိုက်သည်။
“ရာသီဥတုပူတယ်ဆိုတာက သာမန်အခြေအနေတစ်ခုပါ။ ဒါပေမဲ့ အဓိကပြဿနာက ဒီခရီးစဉ်က အရမ်းကို နှေးကွေးနေ တာပဲ။ တစ်ကယ်လို့ ငါ့ရဲ့ကျင့်ကြံမှုကိုသာအသုံးပြုမယ်ဆိုရင် တစ်ရက်ထဲနဲ့ရောက်နေလောက်ပြီ”
ထိုအချိန်မှာပဲ ရှကျိုးယွီအကြံအစည်တစ်ခုကို တွေးမိသွားခဲ့သည်။
“ငါကိုယ်တော် သင်္ဘောနဲ့သွားရရင်ကောင်းမှာပဲ”
ကိုယ်လုပ်တော်ကျင်းလည်းပဲ ဒီခရီးစဉ်က ပျင်းရိဖို့ကောင်းနေသည်ဟုခံစားရ၏။ သူမတို့ ကျီကျွီမြို့က နာမည်ကြီးရေကန် အတွင်းမှာ ရှကျိုးယွီနဲ့အတူလှေစီးခဲ့ရပြီး ထိုထူးဆန်းတဲ့အရာကို သူမ အလွန် စိတ်ဝင်စားခဲ့သည်။ သူမရဲ့ဝေ့ တိုင်းပြည်က ခြောက်ကပ်သော ဟင်းလင်းပြင်ဖြစ်သည့်အတွက် ရေအရင်းအမြစ်ရှားပါးသည်။ မင်းသမီးတစ်ယောက် အနေနဲ့ သူမရဲ့တစ်ဘဝလုံးမှာ လှေမစီးခဲ့ရဖူးပေ။ ဒါ့အပြင် အခုလိုမျိုး ကြီးမားလှတဲ့ရေကန်ကိုလည်း မမြင်ခဲ့ဖူးခဲ့ဘူး။
“ ငါကိုယ်တော်ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်က ဒီလောက်ကြီးထိ လှေစီးရတာကို သဘောကျမှန်းမသိခဲ့ဘူး။ ကျန်းနန်မြို့ကိုရောက်လာရင် အဲ့ဒီမှာရေကန်တွေအများကြီးရှိတယ်။ မင်း အချိန်ကောင်းတွေရရှိမှာပါ”
ရှကျိုးယွီအိပ်ယာပေါ်မှာ ပြန်မှီလိုက်ရင်း ပျင်းရိစွာပြောလိုက်၏။
ကိုယ်လုပ်တော်ကျင်းတစ်ယောက် ရှကျိုးယွီရဲ့စကားများကြောင့် ကျန်းနန်မြို့ရဲ့မြင်ကွင်းနဲ့ပတ်သက်ပြီး ပိုမိုစိတ်လှုပ်ရှား သွားခဲ့သည်။ ဒီလိုနဲ့ပဲ ရှည်လျားလှတဲ့ခရီးစဉ်က ကိုယ်လုပ်တော်ကျင်းကို စနောက်ရင်းဖြင့် မသိလိုက် မသိဘာသာ ပြီးဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ပူပြင်းသောနေရောင်အောက်၌ ဝတ်စုံပြည့်ဝတ်ဆင်ထားသော တပ်သားတစ်စုက အရှင်မင်းကြီးရဲ့ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြ၏။ ဘယ်လောက်ပဲရာသီဉတုပူပြင်းနေပါစေ ဖြောင့်မတ်စွာရပ်တန့်ထားတဲ့ ထိုလူတစ်အုပ်က အနည်းငယ်သော်မှ မဖြေလျော့ရဲ့ကြပေ။
“အရှင့်သား အရှင်မင်းကြီးရဲ့မြင်းလှည်းက သိမ်မဝေးတော့ဘူးလို့ပြောပါတယ်”
ထိုအချိန်မှာပဲ ဝတ်စုံပြည့်ဝတ်ထားတဲ့ တပ်သားတစ်ယောက်က အခမ်းနားဆုံးလူတစ်ယောက်ရှေ့တွင် ဒူးထောက်ပြီး ပြောဆိုလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် တူတော်အရှင်မင်းကြီး ငါမင်းသားရဲ့ကြိုးစားထားမှုတွေကို ကြည့်ရတော့မှာပေါ့”
ချင်မင်းသားရဲ့နက်ရှိုင်းတဲ့အသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ထိုနောက်မှာ ချင်မင်းသားက လက်အောက်ခံတစ်ယောက်ထံကနေ အမိန့်ပေးနိုင်တဲ့ အပြာရောင်အလံတော်ကိုယူလိုက်ပြီး ပေါ့ပါးစွာ ဝှေ့ ယမ်းလိုက်၏။
“ဗဟိုတပ်ဖွဲ့ ငါမင်းသားရဲ့အမိန့်ကို နာခံကြ။ ချက်ချင်းပဲ အတန်းလိုက်စီကြမယ်”
ချင်မင်းသားရဲ့အချက်ပြမှုကို မြင်လိုက်တာနဲ့ လူအုပ်ရဲ့အလယ်မှာရှိနေသော အလံကြီးကိုကိုင်ဆောင်ထားတဲ့သူက လျင်မြန်စွာ မြင်းကိုလှုပ်ရှားလိုက်ပြီး ကြီးမားတဲ့အလံကို အဆက်မပြတ်ယမ်းပြလိုက်၏။
“ဒုန်း ဒုန်း ဒုန်း”
ဒီလိုနဲ့ပဲ အင်အားကြီးမားလှတဲ့တပ်ဖွဲ့က လွှမ်းမိုးနိုင်သော အရှိန်အဝါကိုဖော်ထုတ်ရင်း လျင်မြန်စွာ အရှေ့တိုးလာ ကြသည်။
ထိုလွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် သိပ်မဝေးသောနေရာမှာရှိနေတဲ့ မြင်းလှည်းတန်းတစ်ခုလုံး အံ့ဩမှင်သက် သွားလေရဲ့။
“အရှင်မင်းကြီးကို ကာကွယ်ကြ”
ဝေ့ကျူံးရှန့်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီိး မျက်စိရှေ့ကတဟုန်တိုးပြေးလာသော တပ်ဖွဲ့ကြောင့် သူ့ရဲ့မျက်နှာ ထားက လျင်မြန်စွာပြောင်းလဲသွား၏။
“မဖြစ်တော့ဘူး အရှင်မင်းကြီးကို သတ်ဖို့ကြံစည်နေတာလား။ သူတို့က ပုန်ကန်နေကြတာပဲ”
ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေက အမြဲတစေ ကျားသစ်မ တစ်ကောင်လိုမျိုး ကြောက်မက်ဖွယ်အရွှန်အဝါများ ထုတ်လွှတ်တတ်သည့် ကိုယ်လုပ်တော်ကျင်းကိုပင် ထိတ်လန့်စေခဲ့သည်။ အန္တရာယ် အငွေ့အသက်ကြောင့် ကြောင်ပေါက်လေးလို တုန်ယင်နေသော ကိုယ်လုပ်တော်ကျင်းအား ရှကျိုးယွီ အရှေ့တိုးကာ ပွေ့ဖက်လိုက်သည်။
“အရှင်မင်းကြီး ရှေ့ကတပ်ဖွဲ့ကိုဦးဆောင်လာတဲ့သူက ချင်မင်းသားပါ။ ဒါ ဖြစ်နိုင်တာက…….”
အခြေအနေအကြောင်းကို စုံစမ်းပြီးတာနဲ့ ဝေ့ကျူံးရှန့်လျင်မြန်စွာ မြင်းလှည်းအတွင်းသို့ ဝင်ရောက်လာပြီး အရှင်မင်းကြီး ကို တင်ပြလိုက်သည်။ သူက ဘယ်လိုပဲ အဆင့်သုံးကျင့်ကြံသူတစ်ယောက်ဖြစ်နေပါစေ တရှားတိုင်းပြည်ရဲ့ စစ်နတ်ဘုရားကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။ သူ့ရဲ့မျက်နှာပေါ်မှာ မသက်သာမှုတို့ဝင်ရောက်နေ၏။
“အဆင်ပြေတယ်။ ငါကိုယ်တော်ရဲ့ ဦးရီးတော်က ဒီအတိုင်းပဲ စနောက်နေတာပါ”
ရှကျိုးယွီ လှည်းအပြင်သို့ ခေါင်းထွက်လိုက်ရင်း အပြင်ဘက်က အခြေအနေကိုတစ်ချက် ကြည့်ရှုလိုက်၏။ သူက ပုံမှန်လိုပဲ လက်တစ်ဖက်သာယမ်းပြလိုက်ပြီး အကုန်လုံးကို တည်ငြိမ်ဖို့အချက်ပြလိုက်သည်။
တစ်ကယ်လို့ ရှထိုက်အန်းကသာ ပုန်ကန်ဖို့ကြံစည်နေတာဆိုရင် သူ့ရဲ့စစ်တပ်ကို လိုပါဦးမလား။ သူက တရှားတိုင်းပြည်ရဲ့ စစ်နတ်ဘုရားပဲ။ သူတစ်ယောက်တည်းနဲ့တင် မြင်းလှည်းအနားမှာရှိနေတဲ့ တပ်သားတွေအားလုံးကို ရှင်းပစ်ပြီး သူ့ကို ကိုယ်တိုင် တိုက်ခိုက်လို့ရသည်။
“ဟူး တကယ်လို့ ငါ့ရဲ့ဦးရီးတော်သာ တစ်ကယ်ပုန်ကန်မယ်ဆိုရင် ကိစ္စတွေကလွယ်ကူသွားမှာကွာ”
ရှကျိုးယွီချက်ချင်းပဲ တွေးမိသွားသည်။ ရှထိုက်အန်းသာ တစ်ကယ်ပုန်ကန်ပြီး သူ့ကိုတိုက်ခိုက်လာခဲ့ရင် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က သေချာပေါက်လျော့သွားလိမ့်မည်။ အဲ့ဒီ ကံကြမ္မာအမှတ် ကောင်းမွန်တဲ့ အဆုံးသတ်ကို ရရှိသွားမှာပဲ။ ဒါက နှစ်ဖက်လုံးအနိုင်ရနိုင်မဲ့အခြေအနေလို့ကို ဆိုနိုင်သည်။
ဒါပေမဲ့ ရှကျိုးယွီရဲ့စကားကြောင့် မြင်းလှည်းအနီးတစ်ဝိုက်ရှိ အမတ်တွေအားလုံး ကြောက်ရွံ့စွာ ဒူးထောက်သွားကြလေရဲ့။ သူတို့အားလုံး ဒူးထောက်လိုက်ကြပြီး ရှထိုက်အန်းကို အသနားခံပေးဖို့ကြိုးစားကြတော့သည်။
“အရှင်မင်းကြီး ချင်မင်းသားက ပုန်ကန်လိုတဲ့ရည်ရွယ်ချက် မရှိပါဘူး။ အရှင်မင်းကြီးက အမှန်တိုင်းမြင်ပေးတော်မူပါ”
ရှထိုက်အန်းရဲ့ပြင်းထန်သော စစ်တပ်လေ့ကျင့်မှုကြောင့် ရှကျိုးယွီဒေါသထွက်နေပြီဟု အကုန်လုံးကယူဆလိုက်ကြသည်။
……..