← Chapters

ဒီလောက်ကြီးထိ ဖြစ်သွားတာလား

Vol. 19 Ch. 266

ဒီလောက်ကြီးထိ ဖြစ်သွားတာလား

Vol. 19 Ch. 266

“အဆင်ပြေပါတယ် ငါကိုယ်တော် ဒီအတိုင်းပဲ ပြောလိုက်တာပါ”

ရှကျိုးယွီ ပုံမှန်လိုပဲ ပြောလိုက်ကာ လိုက်ကာစကို မလိုက်ပြီး မြင်းလှည်းအပြင်သို့ ထွက်လိုက်၏။

အဝေးက လာနေသော ချင်မင်းသားလည်း အခြေအနေကို သဘောပေါက်လိုက်သည်နဲ့ အမိန့်ပေးနေတဲ့ အလံကို ရပ်တန့်လိုက်ပြီး တပ်သားများကို အရှိန်လျော့စေလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးက အရှင်မင်းကြီး အံ့အားသင့် သွားအောင် ကျွန်တော်မျိုး လေ့ကျင့်ထားတဲ့ တပ်ဖွဲ့ရဲ့ အစွမ်းအစကို ပြချင်ခဲ့တာပါ။ ဒါပေမဲ့ အခု‌လိုမျိုး အဓိပ္ပာယ် သက်ရောက် သွားမယ်လို့ မထင်ခဲ့မိဘူး”

လျင်မြန်တဲ့ အရှိန်နဲ့ပဲ ရှထိုက်အန်းသည် ရှကျိုးယွီ ရှိရာသို့ လှမ်းလာနေ၏။ ရှထိုက်အန်းရဲ့ သန်မာမှုက ထိန်းမရ နိုင်လောက်အောင် မြင်သာနေခဲ့သည်။

“ငါကိုယ်တော်ရဲ့ ဦးရီးတော်က တစ်ကယ်ကို တပ်ဖွဲ့ လေ့ကျင့်ပေးတဲ့ နေရာမှာ ဆရာ တစ်ဆူပါလား။ ဦးရီးတော်ရဲ့ တင်းကြပ်စွာ လေ့ကျင့်‌ ပေးမှုကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေက စည်းကမ်းရှိပြီး အစီအစဉ် တကျဖြစ်တယ်။ သူတို့ဆီကနေ ပေးလွှတ်နေတဲ့ ဆန်းကြယ်တဲ့ အရှိန်အဝါတွေကလည်း လက်ရွှေးစင် တပ်သားတွေ ဆိုတာကို သိသာစေတာပဲ”

တဖြည်းဖြည်း လှမ်းလာနေသော ရှထိုက်အန်းအား ရှကျိုးယွီ ကျေနပ်စွာ ကြည့်လိုက်သည်။ ရှထိုက်အန်းရဲ့ ပုံစံက အင်အားကြီးရုံ တင်သာမကဘူး စည်းကမ်းတင်းကြပ်တဲ့ ခေါင်းဆောင် တစ်ယောက်နဲ့ ဆင်တူ၏။ ထို့အပြင် ရှထိုက်အန်းထံမှာ ရှိနေသော ထူးချွန်သည့် သိုင်းပညာ အရည်အချင်းကြောင့် ရုံးတော်အရာရှိများရဲ့ အမြင်ကောင်းကို မရရှိခဲ့ပေ။ ရှထိုက်အန်းကလည်း လုပ်ချင်သလို လုပ်တတ်သည်မလား။ အခုတောင်မှ အရှင်မင်းကြီးရှေ့မှာ မကြောက်မရွံ့နဲ့ တပ်ဖွဲ့ကို ခေါ်ဆောင်ပြီး လာခဲ့သေးသည်။ ဒါကြောင့်ပဲ ကျန်းနန်မြို့က အရာရှိတွေက ဆက်တိုက်ဆိုသလို မကျေနပ်ကြောင်း တင်ပြစာများ ထိုက်အန်းမြို့တော်ဆီ ပို့ပေးနေတာ ဖြစ်ရမည်။

“ဟဟ တူတော်မောင် ချီးကျူးလို့ နေပါပြီ။ ကျွန်တော်မျိုးက တကယ်ကို မထိုက်တန်ပါဘူး။ ကျွန်တော်မျိုးက အရှင်မင်းကြီး အမိန့်ပေးထားတဲ့ အတိုင်းပဲ လုပ်ခဲ့တာပါ”

ထိုအချိန်တွင် ရှထိုက်အန်းရဲ့ မျက်နှာသည် လွန်စွာ ပျော်ရွှင်နေခဲ့သည်။ တိုင်းပြည်တွင် မင်းသားများကို တပ်ဖွဲ့ လေ့ကျင့်ခြင်း ခွင့်မပြုဟူသော အမိန့်ကြောင့် ရှထိုက်အန်းသည် ထိုက်အန်း မြို့တော်အတွင်းမှာပဲ ပိတ်မိနေခဲ့ပြီး သူ့ရဲ့ အရည်အချင်းကို ပြသခွင့်မရရှိခဲ့ပေ။ သူ့ရဲ့ တစ်ဘဝလုံးက လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရသော ရွှေရောင် ငှက်တစ်ကောင်ပမာ ပျင်းရိဖွယ် ကောင်းနေခဲ့သည်။ အခုတော့ ရှကျိုးယွီရဲ့ ကျန်းနန်မြို့ဆီကို စေလွှတ်ခြင်းက သူ့အတွက် လှောင်အိမ်ထဲက တံခါးကို ဖွင့်ပေးလိုက်သည့်နှယ် ကမ္ဘာသစ်တစ်ခုကို ရရှိစေလေ၏။ ကျန်းနန်မြို့မှာရှိသော သိုင်းလောက ဂိုဏ်းများကို ရင်ဆိုင်ရရုံတင်သာမကဘူး..၊ အောင်မြင်တဲ့ အခြေအနေကို တည်‌ဆောက်ပြီးသည်နှင့် တပ်ဖွဲ့ လေ့ကျင့်ခွင့် ရရှိခဲ့သည်။ အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်လာပြီး နေ့စဉ်နေ့တိုင်း တပ်သားများကို လေ့ကျင့်ပေးရတဲ့ သူ့ရဲ့ဘဝက အင်မတန်မှ ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ထို့ကြောင့် ရှထိုက်အန်းအတွက်တော့ ပုန်ကန်ခြင်းဆိုတာ ကောင်းကင်ပေါ်ကို တက်လှမ်းရသလိုမျိုး မဖြစ်နိုင်တဲ့ အရာတစ်ခုသာ ဖြစ်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ အရှင်မင်းသားက တကယ်ကို သစ္စာရှိပြီး ရိုးသား ကြိုးစားတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ ရိုးသားမှုက ကောင်းကင်ရဲ့ နေမင်းနဲ့ လမင်းလိုမျိုး ထွန်းလင်းတောက်ပ နေပါတယ်။ အရှင်မင်းကြီး သေချာစွာ စုံစမ်း စစ်ဆေး ပေးတော်မူပါ”

ထိုအချိန်တွင် မြင်းလှည်းဘေး၌ ဒူးထောက် ခစားလျက်ရှိသော ရှထိုက်အန်း၏ လက်အောက်ခံ အရာရှိများက အရှင်မင်းသားရဲ့ သစ္စာရှိမှုကို အရှင်မင်းကြီးထံ တင်ပြခဲ့ကြသည်။

ဒါပေမဲ့ အဓိကပုဂ္ဂိုလ် နှစ်ယောက်ကတော့ ဘာမှမဖြစ်ခဲ့ သလိုမျိုး ဟန်ဆောင် လိုက်ကြ၏။

“မင်းဘာတွေ ပြောနေတာလဲ ငါမင်းသား အရှင်မင်းကြီးနဲ့ စကားပြောနေတာကို မင်းမမြင်ဘူးလား”

ချင်မင်းသားက ဖြတ်ပြောလာသော အရာရှိကို သတိပေးလိုက်ရင်း ရှကျိုးယွီကို တစ်ဆက်ထဲမှာပဲ လက်တစ်ဖက် ယမ်းပြလိုက်သည်။

“ဒီနေရာက စကားပြောလို့ မကောင်းဘူး။ မြို့ထဲ သွားပြီးတော့မှ ဆွေးနွေးကြရအောင်”

ဒီလိုနဲ့ပဲ ရှကျိုးယွီနဲ့ ရှထိုက်အန်းက အရှေ့မှာ ဦးဆောင်သွားခဲ့ပြီး အနောက်ကနေ အရာရှိတွေ လိုက်ပါလာကာ ကျန်းနန်မြို့ရဲ့ အရာရှိ ရုံးတော်သို့ သွားရောက်ခဲ့ကြသည်။ တစ်ကယ်ကို အရာရှိရုံးတော်က သူ့ရဲ့ ဂုဏ်သတင်းအတိုင်း ထိုက်တန်စွာပင် ခမ်းနားလှပြီး မြို့ရဲ့ ဗဟိုတည့်တည့်မှာ ထည်ဝါစွာ ရပ်တည်နေ၏။

မြို့ဝင်ပေါက်နဲ့ အရာရှိ ရုံးတော်ရဲ့ အကွာအဝေးသည် မီတာသုံးဆယ်ခန့် ရှိသည်။ လက်တစ်လျှောက်တွင် ဖြတ်သွားဖြတ်လာ လူများရှိသည့်အပြင် အဝေးက ရေကန်ငယ် တစ်ခုကိုလည်း လှမ်းမြင်နိုင်၏။ ထိုမြစ်ငယ်အတွင်း သွားလာနေသော လှေများထံမှ ပလွေမှုတ်သံနဲ့ ဗုံတီးသံများကို မကြာမကြာ ကြားရတတ်သည်။ တရုတ်ရိုးရာ ပန်းချီကားထဲက အတိုင်း သက်ဝင်လှုပ်ရှားနေသော သဘာဝ မြင်ကွင်းကြောင့် တော်ဝင်မြင်းလှည်းရဲ့ ပြတင်းပေါက်ကို ကိုယ်လုပ်တော်ကျင်း ဖွင့်ဟရင်း စိတ်ဝင်တစား ကြည်ရှု့နေခဲ့သည်။ ကန္တာရဒေသမှာ ကြီးပြင်းလာတဲ့ ကိုယ်လုပ်တော်ကျင်းအတွက် ဒီလိုမျိုး ရေပေါ်များတဲ့ ကျန်းနန်မြို့သည် မြင်ကွင်းသစ် တစ်ခုကို ဖြစ်ပေါ်စေ၏။

“အရှင်မင်းကြီး ကျွန်တော်မျိုးမတို့ ဘယ်အချိန် လျှောက်လည်လို့ရမှာလဲဟင်”

သူမဘေးမှာ အိပ်ယာကိုမှီရင်း အနားယူနေသော ရှကျိုးယွီအား ကိုယ်လုပ်တော်ကျင်း တစ်ယောက်

မျှော်လင့်တကြီး ကြည့်ရှု့ရင်း မေးခွန်းထုတ်လိုက်သည်။ သူမဘက်က အခုလိုမျိုး ဦးဆောင်စကားပြောတာ ရှားပါးလှသည်ပင်။

“မင်းကို ဒီလိုမျိုး ပုံစံမျိုးနဲ့ မြင်တွေ့ရတာ တကယ်ကိုရှားတာပဲ”

ရှကျိုးယွီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်သွား၏။

“စိတ်မပူပါနဲ့ သိပ်မကြာခင် အပြင်ထွက်ရမှာပါ”

ရှကျိုးယွီ ပြောပြီးတာနဲ့ အစောပိုင်းက အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသွားပြီး ချင်မင်းသားရဲ့ ပုန်ကန်မှု သတင်းအကြောင်းကို တွေးမိသွား၏။ ကောလဟာသ တစ်ခုသာဆိုပေမဲ့ ထိုအရာက ရှကျိုးယွီရဲ့ အတွင်းစိတ်ထဲကို ရောက်ရှိနေခဲ့သည်။

ရှထိုက်အန်း ပေးလာတဲ့ ဟိုစာစောင်ကလည်း အသုံးမဝင်ပါဘူး….

ရှကျိုးယွီ ပြန်စဉ်းစားမိသလောက် ထိုစာစောင်ထဲတွင် ရှထိုက်အန်း၏ ပုန်ကန်မှု ကောလဟာလများနှင့် ပတ်သက်ပြီး ရေးသားထားခဲ့သည်။ ဒါပေမဲ့ ရှထိုက်အန်း၏ လက်တွေ့ပုံစံကို စဉ်းစားမိလိုက်တာနဲ့ ရှကျိုးယွီ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ သူ့ရဲ့ ဦးရီးတော်က လုံးဝကို ကြမ်းတမ်းတဲ့ လူရိုးကြီး တစ်ယောက်သာ ဖြစ်သည်။ တိုက်ခိုက်မှုနဲ့ တပ်သား လေ့ကျင့်ပေးမှုမှာ လွန်စွာ ထူးချွန်သော်ငြား သူ့ကို အတင်းအကြပ် ပုန်ကန်ဖို့ ပြုလုပ်စေခြင်းက မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။

…ငါ့ရဲ့ ရှေ့ဆက်ရမဲ့ လမ်းက မလွယ်ကူပါလား။ ငါသေချာလေး တွေးတောမှ ရမယ်…

ရှကျိုးယွီ နူးညံ့စွာ သက်ပြင်းချလိုက်တော့သည်။ ဒီအချိန်မှာ တိကျတဲ့ ဖြေရှင်းချက်ကို စဉ်းစားလို့ မရခဲ့ပေ။ ဒါပေမဲ့ ကျန်းနန်မြို့ မြို့သုံးမြို့က အရေးပါတဲ့ နေရာများဖြစ်၏။ ထို့ကြောင့် ရှကျိုးယွီ သေချာစဉ်းစား ကြံစည်ဖို့ လိုအပ်နေခဲ့သည်။

…သိုင်းလောကရဲ့ ဂိုဏ်းတွေကို အသုံးပြုလို့ မရဝာာတော့ မဟုတ်ဘူးပဲ….

တစ်ကယ်တော့ ကျန်းနန်မြို့ အတွင်းမှာရှိသော သိုင်းလောက ဂိုဏ်းများအားလုံး နီးပါးသည် ရှထိုက်အန်းရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူတို့အားလုံးက ချင်မင်းသားကို အရိုးထဲထိအောင် မုန်းကြ၏။ ဒါပေမဲ့ ချင်မင်းသားရဲ့ ထူးချွန်ပြောင်မြောက်‌တဲ့ သန်မာမှုအပြင် လက်အောက်ရှိ လက်ရွှေးစင် တပ်ဖွဲ့များကြောင့် သူတို့ရဲ့ မုန်းတီးမှုများကို ထုတ်ပြခွင့် မရရှိခဲ့ကြပေ။ သူတို့ အားလုံးက သိုင်းလောက အတွင်းမှာ လှည့်ပတ်သွားလာ နေခဲ့ကြပြီး ရှထိုက်အန်းရဲ့ မကောင်းကြောင်းကို အချိန်နှင့်အမျှ ပြောဆိုနေခဲ့သည်။ ဒါပေမဲ့ သူတို့အနေနဲ့ လက်တွေ့ကျကျ လက်တုံ့ပြန်ဖို့ အခွင့်အရေး မရရှိခဲ့ကြသေးပေ။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မကြာခင်မှာ နန်းတော်ကို ရောက်တော့ပါမယ်”

အပြင်ဘက်ကနေ ဝေ့ကျုံးရှန့်ရဲ့ အသံကို ကြားလိုက်ရသည်။

ထိုအချိန်တွင် ရှကျိုးယွီသည် ကိုယ်လုပ်တော်ကျင်းအား လှမ်းကြည့်လိုက်၏။ သူမက သတိလွတ်စွာ အဝေးက ရှုခင်းများကို ကြည့်ရှုနေဆဲပင်။ ရှကျိုးယွီ သတိမပေးပဲ ကိုယ်လုပ်တော်ကျင်းအား အနောက်ကနေ ရုတ်တရက် ပွေ့ဖက်လိုက်၏။

“ဟင်”

အာရုံစိုက်နေသော ကိုယ်လုပ်တော်ကျင်း တစ်ယောက် ရှကျိုးယွီရဲ့ လုပ်ရပ်ကြောင့် ပထမတော့ လန့်သွားခဲ့သည်။ ထို့နောက်မှာ သူမက စိတ်ဆိုးစွာဖြင့် ရှကျိုးယွီကို နူးညံ့သော လက်သီးစုပ်များဖြင့် ထုလေတော့သည်။

“အရှင်မင်းကြီးနော်”

“ကြည့်နေတာ တော်တော့ ငါကိုယ်တော်တို့ နန်းတော်ကို ရောက်ပြီ။ ဒီမြင်းလှည်းပေါ်က ဆင်းပြီးရင် ကျန်းနန်မြို့ရဲ့ လှပတဲ့ ရှုခင်းတွေကို မင်းထပ်ကြည့်ရအုန်းမှာပါ”

ရှကျိုးယွီက ပြောပြီးတာနဲ့ ကိုယ်လုပ်တော်ကျင်းရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ညာဖက်လက်နဲ့ လိုက်ကာစကို မကာ မြင်းလှည်းအောက်သို့ ဆင်းလိုက်သည်။ မြေပြင်ပေါ်ကို ရောက်တာနဲ့ အလှလေးကို လက်မောင်းကြားထဲ ထည့်သွင်းလိုက်၏။

"အရှင်မင်းကြီး အခုက နေ့ခင်းအချိန်ကြီးပါ ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ ရုံးတော်အရာရှိတွေ အရှေ့မှာ ဒီလိုအရှက်ရစရာ ကိစ္စကို လုပ်ရတာလဲ။ ဒါက ကျွန်တော်မျိုးမကို အရှက်ရစေပါတယ်။ သူတို့က ကျွန်တော်မျိုးမကို တိုင်းပြည်ကို ဖျက်ဆီးတဲ့ မိန်းမလှ တစ်ယောက်လို့ နာမည်တပ်ရင် ဘယ်လိုလုပ်မလဲ"

ကိုယ်လုပ်တော်ကျင်းက.ဘယ်လိုပဲ နာခံသယောင် ရှိပါစေ…. လူရှေ့သူရှေ့ ရောက်လာသည်နှင့် ဇာတိတို့ စတင်လာပြီပင်။ ထိုသို့ ဟန်ဆောင်ပန်ဆောင် လေသံမျိုးကို ဘယ်နေရာက သင်ယူလာခဲ့ သလဲဟု ရှကျိုးယွီ တစ်ဆတ်တည်းမှာ စဉ်းစားမိလိုက်သည်။

ဒါပေမဲ့ ရှကျိုးယွီက အများကြီး မတုံ့ပြန် ခဲ့ပေ။ ထိုအခွင့်အရေးကို အမိအရယူလိုက်ပြီး ပုခုံးတဝိုက်မှာ ဖက်ထားတဲ့ သူ့ရဲ့ လက်တွေက ကိုယ်လုပ်တော်ကျင်းရဲ့ သိမ်သွယ်သော ခါးဆီကို ရောက်သွားကာ ဆွဲဖက်လိုက်လေရဲ့။ အနီးအနားမှာ ရှိနေတဲ့ အရာရှိတွေ အားလုံး အကြည့်လွှဲ သွားကာ ဘာမှမမြင်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ကြသည်။

“အရှင်မင်းကြီးလို့..”

ကိုယ်လုပ်တော်ကျင်း တစ်ယောက် အော်ဟစ်ရလေပြီ။

သူမရဲ့ လှပတဲ့ မျက်နှာက ပန်းသီးတစ်လုံး လိုမျိုး နီရဲလာခဲ့သည်။ ပုံမှန်အချိန်တွင် ရှကျိုးယွီ စနောက်ခဲ့ပေမဲ့ ထိုအချိန်မျိုးတွင် ဘေး၌ နန်းတွင်းအစေခံများနဲ့ မိန်းမစိုးများသာ ရှိ၏။ ဒါပေမဲ့ အခုအချိန်တွင် နန်းတော်ဝင်ပေါက် တည့်တည့်၌ ရှိနေခဲ့သည့်အပြင် အရာရှိများ ခြံရံထားရုံတင်သာမကဘူး အရှင်မင်းကြီးရဲ့ ဦးရီးတော်ကပါ နေရာမှာ ရှိနေသေး၏။

“နောက်တစ်ခေါက် ဒါမျိုးပြဿနာ ရှာရဲအုန်းလား ကြည့်ရသေးတာပေါ့”

ကိုယ်လုပ်တော်ကျင်းရဲ့ ကြောက်ရွံ့နေသော မျက်လုံးများထဲကို စိုက်ကြည့်လိုက်ရင်း သူမရဲ့ နားတစ်ဖက်အနီးသို့ ရှကျိုးယွီ တဖြည်းဖြည်း တိုးကပ်သွားကာ ခပ်တိုးတိုး ကပ်ပြောလိုက်၏။ ပူနွေးတဲ့ လေငွေ့ရဲ့ ရိုက်ခတ်မှုကြောင့် ကိုယ်လုပ်တော်ကျင်းရဲ့ နားရွက်များပင် ယားယံလာသလိုမျိုး ခံစားလိုက်ရသည်။ အခုလို အနေခက်တဲ့ အထိအတွေ့ကြောင့် သူမရဲ့ မျက်နှာက ပိုမိုနီရဲလာ၏။

ထိုအချိန်မှသာ ရှကျိုးယွီသည် စနောက်နေတာကို ရပ်လိုက်ပြီး ကိုယ်တော်ကျင်းရဲ့ ခါးကို ပြန်လွှတ်ပေးလိုက်သည်။

“အရာရှိတို့ အထဲဝင်ကြလေ”

ဒီလိုနဲ့ပဲ များပြားတဲ့ လူအုပ်သည် နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရှကျိုးယွီအနေနဲ့ အချိန်အကြာကြီး နေပြီးတော့မှ အရာရှိများကို ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

ခရီးစဉ် စတင်လာကတည်းက ကွမ်ရန်နန်းတော်မှာ အနားယူခဲ့သည် ဆိုသော်ဌား ဘယ်အရာရှိနဲ့မှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။ အခုလိုမျိုး အရာရှိအများကြီးနဲ့ တွေ့ဆုံဖို့ဆိုတာ မပြောနဲ့တော့။

အခုတော့ ကျန်းနန်မြို့က တရားတိုင်းပြည်ရဲ့ အရေးကြီးမြို့ တစ်ခု ဖြစ်သည့်အပြင် ရှထိုက်အန်း၏ ဖိတ်ခေါ်ထားမှုကြောင့် အရာရှိများ ရောက်ရှိလာခဲ့သည့် အတွက် ရှကျိုးယွီ မဖြစ်မနေ အလုပ်လုပ်ရတော့သည်။

“အကယ်လို့ အရာရှိတို့မှာ ပြောစရာရှိတယ်ဆိုရင် အခုပဲ ပြောကြပါ။ မဟုတ်ဘူးဆိုရင် တွေ့ဆုံမှုကို ရပ်နား ရလိမ့်မယ်”

ဝေ့ကျုံးရှန့်သည် ချက်ချင်းပဲ ကျောက်ကောင်းရဲ့ အလုပ်တာဝန်ကို လွှဲယူလိုက်သည်။ သူက ဟိတ်ဟန်ပါပါ အရှေ့ထွက်လိုက်ရင်း ပြတ်သားစွာ ပြောလိုက်လေ၏။

……..

All Chapters