← Chapters

ဆန်းကြယ်တဲ့ အလုပ်ရုံ

Vol. 19 Ch. 256

ဆန်းကြယ်တဲ့ အလုပ်ရုံ

Vol. 19 Ch. 256

“ဒါက လွယ်ကူတဲ့ကိစ္စတစ်ခုပဲမဟုတ်ဘူးလား။ အလုပ်မရှိတဲ့သူတွေအများဆုံးရှိတဲ့ နေရာက ဘယ်နေရာလဲ၊ အခုလိုမျိုး အလုပ်ရုံတွေကို ဘယ်နေရာတွေမှာ လူမသိသူမသိ ဆောက်လို့ ရနိုင်မလဲ တွေးကြည့်စမ်းပါ။ ကျွန်တော်တို့ရဲ့ ဒီအစီအရင်က နေရာတစ်ခုထဲမှာ တသမှတ်ထဲထားပြီး တည်ဆောက်ရလောက်အောင် အဆင်မပြေနေတဲ့ အစီအရင်တစ်ခုမှ မဟုတ်တာပဲ”

ရှကျိုးယွီရဲ့ စိုက်ကြည့်ကာ ပြောဆိုလာမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီး ရှစ်ရန် ချက်ချင်းပဲ စဥ်းစားလိုက်ကြသည်။

သူတို့က စိတ်ဝိဉာဏ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကို လူများစွာ စုဝေးပြီး ဖန်တီးမှသာ ရရှိနိုင်မဲ့အရာတစ်ခုဟု ယူဆ ထားကြသည်။ တစ်ကယ်တော့ ရှကျိုးယွီ အသစ်ပြင်ဆင်ပေးထားတဲ့ အစီအရင်ပုံစံသစ်က လိုအပ်တဲ့ အစိတ်အပိုင်းများကိုသာ ဖန်တီးဖို့ လိုအပ်သည်။ အခုလိုမျိုး များပြားတဲ့ စုဝေးမှုမလိုအပ်ပေ။ လိုအပ်တဲ့အစိတ်အပိုင်းတွေ ရရှိပြီးတာနဲ့ ထိုအစိတ်အပိုင်းတွေကို ပေါင်းစည်းလိုက်ရင် အစီအရင် ရုပ်လုံးပေါ်လာလိမ့်မည်။

“သခင်ဖူမဲ့ ဘာကိုဆိုလိုချင်တာလဲ”

မြို့နယ်အုပ်ချုပ်ရေးမှူယန်က အနည်းငယ်တွေးဆဟန်ဖြင့် ပြောလာခဲ့သည်။ သူ့အတွက်တော့ ရှကျိုးယွီရဲ့ စကားလုံးများက အလွှာပါးတစ်ခု ဖုံးအုပ်ထားသည့်နှယ် နောက်ကွယ်က အဓိပ္ပါယ်ကိုကောက်ချက်ချဖို့ ခဲယဥ်းလှသည်။

“အလုပ်ရုံကို ဖြန့်ပြီးတော့ နေရာတိုင်းမှာ တည်ဆောက်ရမယ်။ ဒီအစီအရင်ရဲ့ ပထမအပိုင်းကို တည်ဆောက်ပြီးတာနဲ့ လူတွေခွဲပြီးတော့ နေရာခွဲဖို့ပြင်ကြပါ။ အခု ကျွန်တော်တို့ရထားပြီးသား စိတ်ဝိဉာဏ်စွမ်းအင်ကျောက်တုံးတွေကို စဦးရန်ပုံငွေအဖြစ် သတ်မှတ်လိုက်ပြီး အလုပ်ရုံအသေးနဲ့ အလုပ်ရုံအလယ်လတ်ခန့်ရှိတဲ့ အလုပ်ရုံများစွာကို တိုင်းပြည်တစ်ခုလုံးမှာ ဆောက်ရမယ်”

ရှကျိုယွီရဲ့ စကားလုံးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးယန်အတွက် အောင်မြင်ရေးလမ်းကြောင်း ဖွင့်ပေးလိုက်သလိုမျိုးပဲ။ တစ်ကယ်တော့ အခုလို တိုင်းပြည်အနှံ့ အစီအရင် တည်ဆောက်ခြင်းသည် ရှကျိုးယွီရဲ့ ကံကြမ္မာအမှတ်ကို တိုက်ခိုက်နိုင်မည့် ဗျူဟာသစ်တစ်ခုလည်း ဖြစ်၏။ ဒီတစ်ခေါက် သူ့ရဲ့ အစီအစဥ်ကို ဘယ်သူမှ မတားမြစ်နိုင်ဘူးလို့ ရှကျိိုးယွီ အပီတွက်ထားခဲ့သည်။

ရှကျိုးယွီရဲ့အစီအစဉ်က တိုင်းပြည်တစ်ခွင်လုံးမှာ ကုန်သည်များကိုအသုံးပြုပြီး အစီအရင်ခွဲများ တည်ဆောက်ဖို့ရန်ဖြစ်၏။ တိုင်းပြည်ရဲ့အလုပ်ကြိုးစားလွန်းတဲ့ အရာရှိတွေ သတိထားမိတယ်ဆိုရင်တောင်မှ ကုန်သည် တစ်ချို့ကိုသာ ဖမ်းဆီးနိုင်လိမ့်မည်။ ကုန်သည်တွေအားလုံးကို ဖမ်းဆီးနိုင်မှာလား… ဒီ စိတ်ဝိဉာဏ်စွမ်းအင်ကျောက်တုံး ဖန်တီးတဲ့လုပ်ငန်းကနေသာ လုံလောက်တဲ့ အရင်းအမြစ်ကို ရထားပြီးပြီဆိုရင် ဒီစီးပွားရေးတစ်ခုလုံးကို ဘယ်သူမှ မဖျက်ဆီးနိုင်တော့ဘူး။

………………….

မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျန်းဖူရှန် အံ့သြမှင်သက်နေခဲ့သည်။

“သခင်ကြီး ဒီ အစီအရင်တွေအားလုံးကို တိုင်းပြည်ထဲမှာဆောက်မလို့တဲ့..သူတို့ ဘယ်နေရာတွေမှာဆောက်မှာလဲ”

လီယုဟန် နားမလည်နိုင်စွာဖြင့် ကျန်းဖူရှန်အား မေးလိုက်ပေမဲ့ ကျန်းဖူရှန်ရဲ့ပိုမိုရှုပ်ထွေးနေသော မျက်နှာကြောင့် မေးမိတာမှားသွားမှန်း သူမ ချက်ချင်းသဘောပေါက်သွားသည်။

ရှကျိုးယွီ အနောက်ကို လိုက်လာခဲ့စဥ်က အစီအရင်အတုအကြောင်း စုံစမ်းနိုင်ဖို့ မျှော်လင့်ထားပေမဲ့ အခုလိုမျိုး ကြီးမားလှတဲ့အလုပ်ရုံအတွင်းကို ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုအချိန်တွင် တပိုင်းတစဖန်တီးထားတဲ့ ပြီးမြောက်ပြီးသား အပိုင်းအစများကြားက တစ်ခုကို ကျန်းဖူရှန် ကောက်ယူ လိုက်ပြီး စစ်ဆေးဖို့ကြည့်ရှုလိုက်သည်။

“တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ”

လီယုဟန် ခပ်ဖွဖွ ရေရွတ်လိုက်၏။ တစ်ဖက်က သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး တစ်ဖက်က ရှကျိုးယွီဖြစ်နေသည့်အတွက် လီယုဟန်ရဲ့ နှလုံးသားက ထျန်းလင်ဂိုဏ်းနဲ့ ရှကျိုးယွီရဲ့ ကြားမှာ လမ်းပျောက်နေတော့သည်။

သူမအနေနဲ့ ရှကျိုးယွီကို အစက မုန်းတီးခဲ့ပြီး တရှားတိုင်းပြည်ကို မကောင်းစိတ် ထားခဲ့ပေမဲ့ ရှကျိုးယွီနဲ့အချိန်တစ်ခု ဖြတ်သန်းပြီးနောက်မှာ ထိုသူက မသိလိုက်မသိဘာသာနဲ့ သူမရဲ့နှလုံးသားထဲမှာ ခိုင်မာတဲ့နေရာတစ်ခုကို ရယူထားခဲ့သည်။

“သခင်ကြီး ဘာလုပ်နေတာလဲ”

လီယုဟန်အတွေးလွန်နေပေမဲ့ ကျန်းဖူရှန်ကို လှည့်ကြည့်လိုက်ချိန်မှာ ထိုသူက ပိုမိုရူးသွပ်နေဟန်ဖြင့် တပိုင်းတစ အစိတ် အပိုင်းများကြားထဲသို့ ခေါင်းဝင်တိုးရင်း အသဲအသန်ရှာဖွေနေလေ၏။ ပစ္စည်းပုံကြားထဲ အဆက်မပြတ် ရှာဖွေနေသော ထိုသူရဲ့မျက်လုံးထဲမှာ သံသယများနဲ့ ဆာလောင်မှုတို့ဝင်ရောက်နေခဲ့သည်။

“နေဦး။ ဒီအလုပ်ရုံက အလုပ်ရုံတစ်ခုပဲ မဟုတ်လောက်ဘူး။ ဒါက မရိုးရှင်းဘူး”

ထိုတစ်ပိုင်းတစ်စ အစိတ်အပိုင်းများပေါ်က ပုံစံကွက်များကို ကျန်းဖူရှန်ကြည့်ရှုလိုက်သည်။ ကြည့်ရှုလေလေ သူ့အတွက် ပိုမိုရင်းနှီးနေသလိုခံစားရ၏။ ဒီအစိတ်အပိုင်းများက ထိုက်အန်းမြို့တော်အတွင်းမှာ သူတည်ဆောက်ထားခဲ့တဲ့ စိတ် ဝိဉာဏ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်နဲ့တူညီနေသလိုမျိုး ခံစားရသည်။ ဒါပေမဲ့ မပြီးပြတ်သေးသော အစိတ်အပိုင်း များက မပြီးပြတ်သေးသော ပုံစံကွက်များကိုသာဖြစ်ပေါ်စေသည်။

ဒါပေမဲ့လည်း ကျန်းဖူရှန်က အစီအရင်ပိုင်းမှာ ဆရာသခင်အဖြစ် ကျော်ကြားပြီး တစ်ဖက်ကမ်းခတ်‌အောင် ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်၏။ သူ့လိုမျိုး အဖိုးအိုတစ်ယောက်က စိတ်ဝိဉာဏ်စွမ်းအင်သာမက တခြားအစီအရင်တိုင်းနဲ့ ပတ်သက်ရင် မြင့်မားတဲ့ တုံ့ပြန်မှုကိုရရှိထားသည်။ ထို့ကြောင့် အခုလိုမျိုး ပျံ့ကြဲနေတဲ့ သဲလွန်စတွေပဲ ရှိနေမယ်ဆိုရင်တောင်မှ ကျန်းဖူရှန်ရဲ့အတွင်းစိတ်က တစ်ဖြေးဖြေး သဘောပေါက်နားလည်လာခဲ့သည်။

“မရသေးဘူး။ ငါ နည်းနည်းထပ်ကြည့်ရဦးမယ်”

ကျန်းဖူရှန်တစ်ယောက် သူ့ရဲ့နှလုံးသားထဲက သံသယတွေကို အတည်မပြုနိုင်ခဲ့သေးသည့်အတွက် ဒီကြီးမားလှတဲ့ အလုပ်ရုံကို ထပ်မံစစ်ဆေးချင်ခဲ့သည်။

“အိုး ဒီလူတွေ ဘာလုပ်နေကြတာလဲ”

ထိုအချိန်မှာပဲ အလိုအလျောက် ရွှေ့လျားနေသော အရာဝတ္တုကြီးတစ်ခုက မတူညီတဲ့အစိတ်အပိုင်းများကို ဆက်သွယ်နေတာအား လီယုဟန်တွေ့ရှိခဲ့သည့်အတွက် အံ့သြတကြီး ပြောလိုက်လေသည်။

ကျန်းဖူရှန် ချက်ချင်းပဲအနားသွားကာ အသေးစိတ်စစ်ဆေးလိုက်သည်။ အလုပ်ရုံအတွင်းမှာရှိသော လူအများစုက သာမန်လူများဖြစ်ကြပြီး ကျင့်ကြံသူများမဟုတ်ကြပေ။ ထို့ကြောင့် ကျန်းဖူရှန်တို့နဲ့ပတ်သက်ပြီး မူမမှန်မူများကို သတိမထားမိခဲ့ကြဘူး။ ထို့အပြင် ဤနေရာရှိ လုပ်သားတွေက ဒေသအသီးသီးမှာ လာရောက်ခဲ့ကြ၍ လူသစ်ရောက်လာလည်း မသိရှိနိုင်ကြပေ။ ကျန်းဖူရှန်တို့ကို ဘယ်သူမှ ဂရုမစိုက်မိဘဲ သက်ဆိုင်ရာ အလုပ်အသီးသီးကိုသာ လုပ်နေကြလေ၏။

“ငါသိပြီ..ငါသိပြီ။ လုံးဝကို မယုံနိုင်စရာပဲ။ ဒါက တစ်ကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။ ငါနားလည်ပြီ။ ငါ နောက်ဆုံးတော့ နားလည်သွားပြီ”

အလုပ်ရုံတစ်ခုလုံးကို စစ်ဆေးပြီးနောက်မှာ ကျန်းဖူရှန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ တစ်ပိုင်းတစ်စ အစိတ်အပိုင်း များရဲ့ ပုံစံကွက်တွေကို ဆက်နွယ်ပြီးတာနဲ့ ကျန်းဖူရှန်ရဲ့မျက်နှာပေါ်မှာ အလွန်ဆန်းကြယ်တဲ့ အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“မဖြစ်ဘူး။ ငါတို့ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့အကြံအစည်ကို နှောင့်ယှက်မိလို့မဖြစ်ဘူး”

ကျန်းဖူရှန်ရဲ့မျက်နှာပေါ်က ထိုအရှိန်အဝါက တခဏခြင်းမှာပဲ ပြန်လည်မှိန်ပျောက်သွား၏။

ကျန်းဖူရှန်ရဲ့ အခြေအနေကို သတိထားမိသွားသဖြင့် လီယုဟန် အံ့ဩမှင်သက်စွာ သူမရဲ့ပါးစပ်ကို အုပ်လိုက်တော့သည်။ ကျန်းဖူရှန်က အလင်းပွင့်ပြီး အဆင့်တက်ခါနီး ဖြစ်သွားခဲ့သည်။ ဒါက ကျန်းဖူရှန်အတွက် အရမ်းကို ရှားပါးတဲ့ အဖိုးတန်အခွင့်အရေးတစ်ခုဖြစ်သည်။ ဒီလိုမျိုး အလင်းပွင့်ပြီး ကျင့်ကြံမှုပိုင်းတိုးတက်ဖို့က ကျင့်ကြံသူတိုင်းရဲ့အိမ်မက် တစ်ခုပဲ။

ဒါပေမဲ့ ကျန်းဖူရှန်ကတော့ အရှင်မင်းကြီးကို စဉ်းစားခဲ့ပြီး အလင်းပွင့်မှုကိုတားဆီးခဲ့ပြီး အရာအားလုံးကို လွယ်ကူစွာ လက်လျော့ခဲ့၏။

“ဒါက…..ဒါက သခင်ကြီး ဘာလို့ ဒီလောက်ကြီးထိ လုပ်ရတာလဲ”

လီယုဟန်အတွက်တော့ အခုလိုမျိုးအခွင့်အရေးကို ဆုံးရှုံးသွားခဲ့တာက အလွန်နှမြောစရာကိစ္စတစ်ခုဖြစ်သည်။

ဒါပေမဲ့ ကျန်းဖူရှန်က ပုံမှန်လိုပဲလက်တစ်ဖက်သာ ယမ်းပြလိုက်၏။ သူ့ရဲ့မျက်နှာပေါ်မှာ တွန့်ဆုတ်စိတ် တစ်ခုမှ မရှိပေ။

“ငါ့ရဲ့သေးငယ်တဲ့ကျင့်ကြံမှုက အရှင်မင်းကြီးရဲ့နှစ်များစွာအတွက် စီစဉ်ထားတဲ့ ကြီးမားလှတဲ့အကြံအစည်ကို ဘယ်လိုလုပ် နှောင့်ယှက်လို့ဖြစ်မှာလဲ။ ကံကောင်းပြီး ငါ အဆင့်တက်ခဲ့တယ်ဆိုရင်တောင်မှ တရှားတိုင်းပြည်အတွက် ထူးချွန်တဲ့လူတစ်ယောက် ပိုလာတာပဲရှိမှာ။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အစီအစဥ်သာ အောင်မြင်သွားရင် တိုင်းပြည်ရဲ့ ဆယ်စုနှစ်စာပိုင်ဆိုင်မှုက အရမ်းကိုမြင့်တက်သွားလိမ့်မယ်”

ပြောပြီးတာနဲ့ အလွန်တည်ငြိမ်တဲ့ မျက်နှာနဲ့ ကျန်းဖူရှန်အရင်ဦးဆုံး အလုပ်ရုံအတွင်းမှထွက်လာခဲ့လိုက်သည်။

“သွားကြရအောင်။ အရှင်မင်းကြီးက လိုအပ်တဲ့အရာအားလုံးကို စီစဉ်ပြီးသွားပြီ။ ငါတို့လည်း လုပ်သင့်တာလုပ်ရမှာပေါ့”

ဒီလိုနဲ့ပဲ လီယုဟန်နဲ့ကျန်းဖူရှန်တို့သည် အလုပ်ရုံအတွင်းမှ တိတ်တဆိတ်ထွက်သွားခဲ့ကြသည်။ ဒါပေမဲ့ လီယုဟန် မနေနိုင်စွာမေးလိုက်တော့၏။

“သခင်ကြီး အရှင်မင်းကြီးက တကယ်ပဲ ဘာကိုကြံစည်နေတာလဲ”

အရှေ့ကနေဦးဆောင်ပြီးလျှောက်နေတဲ့ ကျန်းဖူရှန်ချက်ချင်းပဲ အနောက်လှည့်ကြည့်လာခဲ့သည်။ သူ့ရဲ့မျက်လုံးများက အသက်အရွယ်ရပြီး အသိပညာပြည့်ဝလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို လွန်စွာနက်ရှိုင်းနေခဲ့သည်။

ကျန်းဖူရှန် အရင်ဆုံး လီယုဟန်အား စစ်ဆေးလိုက်၏။ အမှန်တိုင်းပြောရမယ်ဆိုရင် တစ်ဖက်ပုဂ္ဂိုလ်ကလည်း အရှင် မင်းကြီးခန့်အပ်ထားတဲ့သူသာဖြစ်သည်။ ဒါပေမဲ့ သူမက ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လည်း ဖြစ်နေသေး၏။ ထို့ကြောင့်အရာအားလုံးကို ပြောပြလိုက်သင့်လားဟု ကျန်းဖူရှန် ပူပန်နေခဲ့သည်။

“ထားလိုက်တော့။ အရှင်မင်းကြီးကို မင်းကိုယ်တိုင်သွားမေးလိုက်လေ။ ဒါက ငါဆုံးဖြတ်လို့ရတဲ့အရာတစ်ခုမဟုတ်ဘူး”

ဒီလိုနဲ့ပဲ အပြာရောင်ဝတ်ရုံနဲ့အဖိုးအိုသည် အဝေးကို လျင်မြန်စွာပျံသန်းသွားခဲ့သည်။ သူက သေချာပေါက် လီယုဟန်ရဲ့ နောက်ထပ် မေးခွန်းတွေကို ရှောင်ရှားချင်ခဲ့တာပင်။

စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ကျန်းဖူရှန်တစ်ယောက် လျင်မြန်စွာဖြင့် ကျန်နန်မြို့ဆီသို့ ပြန်သွားခဲ့သည်။

ကျန်းနန်မြို့ကိုလာခဲ့တဲ့ ဒီခရီးစဉ်က သူ့အတွက် ဆုလာဘ်ကောင်းတစ်ခုပဲ။ အနည်းဆုံးတော့ အရှင်မင်းကြီးရဲ့ အကြံအစည်ကို ဘယ်လိုအားဖြည့် ကူညီပေးရမလဲ သိရှိသွားခဲ့သည်မလား…

……….

All Chapters