← Chapters

ကျန်းနန်မြို့က စာစောင်

Vol. 19 Ch. 258

ကျန်းနန်မြို့က စာစောင်

Vol. 19 Ch. 258

လီယုဟန် သူမရဲ့ ပုံပျက်သွားသော အဝတ်အစားများကို ပြန်လည်သပ်ရပ်အောင် ပြုပြင်လိုက်သည်။ အခုတော့ သူမ ခံစားလို့ကောင်းသွားပြီပင်။ ဒါပင်မဲ့ ငိုယိုထား၍ ပုံပျက်နေသော နီရဲရဲမျက်နှာက သူမကို ယုန်ပေါက်လေးနဲ့ဆင်တူစေသည်။

“အရှင်မင်းကြီး ညစာအဆင်သင့်ဖြစ်ပါပြီ”

ထိုအချိန်မှာပဲ ဝေ့ကျုံးရှန်ရဲ့ တိုးညှင်းသောအသံ ထွက်ပေါ်လာခဲ့သည်။

အခုချိန်ထိ မျက်လုံးပေါက်ထွက်မတက် ငိုယိုခဲ့သော လီယုဟန်အား ရှကျိုးယွီ တစ်ချက်လှမ်းကြည့်လိုက်၏။

အကယ်လို့ သူတို့ရဲ့အခြေအနေကို အပြင်လူတွေ မြင်သွားခဲ့ရင် တိတ်တဆိတ် မိန်းမငယ်ခေါ်ထားတဲ့ ယောကျာ်းဟု အထင်းမှားခံရနိုင်ချေ ရှိသည်။ ထို့ကြောင့် သေးငယ်တဲ့ ပမာဏလောက်သာ တံခါးဟပေးခဲ့ပြီး ထမင်းဟင်းထည့်ထားသော သစ်သားလင်ဗန်းကို ရှကျိုးယွီ ဆွဲယူလိုက်သည်။

“ပြန်သွားတော့”

ဝေ့ကျုံးရှန် လေးစားစွာဖြင့် သူ့ရဲ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ လင်ဗန်းကို ရှေ့တိုးပေးလိုက်သည်။ သူရဲတင်းစွာဖြင့် အခန်းတွင်းကို မကြည့်ရှုရဲပါချေ။ အကယ်လို့ အစေခံတစ်ယောက်က အခုလို သေးငယ်လှတဲ့ကိစ္စတစ်ခုသာ မသိရင် ခေါင်းတစ်ရာရှိရင်တောင်မှ အသက်ရှင်နိုင်မှာမဟုတ်ဘူး။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ အနားယူမှုကို ကျွန်တော်မျိုး မနှောက်ယှက်တော့ပါဘူး”

ဒါပေမဲ့ ဝေ့ကျုံးရှန် ပြန်လည်ရရှိလိုက်တာကတော့ ကျယ်လောင်စွာ ပိတ်သွားတဲ့ တံခါးပိတ်သံပင်။ ရှကျိုးယွီက ပုံမှန်လိုပဲ သစ်သားလင်ဗန်းကို စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက်မှာ စားပွဲဝိုင်း၌ ဝင်ထိုင်ရင်း တင်ပြစာစောင်ကို ယူဖတ်လိုက်သည်။ ထူးခြားကောင်းမွန်လှတဲ့ အစားအသောက်များကို ကြည့်နေရင်း ဘေးမှာရပ်နေတဲ့ လီယုဟန်အား တည်ငြိမ်စွာ မေးလိုက်၏။

“ငါကိုယ်တော်ကို ပြောပါဦး။ ဘာဖြစ်ခဲ့တာလဲ”

လီယုဟန်ရဲ့ အစောပိုင်းက အပြုအမူကြောင့် အနည်းငယ် ထူးဆန်းသည်။ သူကိုယ်တိုင်ခန့်အပ်ထားတဲ့ တတိယအဆင့်ရာထူးရှိသော စစ်သူကြီးတစ်ယောက်က သေးငယ်လှတဲ့ကိစ္စတစ်ခုအတွက် ဒီလောက် တုံ့ပြန်မှာမဟုတ်ပေ။

“တစ်ကယ်တော့ ကျွန်မ… ကျန်းဖူရှန်နဲ့ကျွန်မ နန်းတော်ထဲကို တစ်ကြိမ် ခိုးဝင်ခဲ့သေးတယ်”

ကိုယ့်အမှားကိုယ် ဝန်ခံရတဲ့ ဖြစ်ရပ်က လီယုဟန်လိုပုဂ္ဂိုလ်မျိုးအတွက်ပင် ရှက်ရွံ့မှုကို အနည်းငယ်ခံစားရစေသည်။ ဒါပေမဲ့ သူမ အံကြိတ်ကာ ဆက်လက်ပြောဆိုလိုက်၏။ ထို့နောက်မှာ ကျန်းဖူရှန်နဲ့ တွေ့ခဲ့ရတဲ့ ဖြစ်ကြောင်းကုန်စင် အသေးစိတ်ကို ပြောပြလိုက်သည်။ ဒါပေမဲ့ သူမတို့ နန်းတော်ထဲဝင်ရောက်သည်အထိသာ ပြောပြခဲ့သည်။

ရှကျိုးယွီအနောက်ကို ခိုးလိုက်ပြီး အလုပ်ရုံအထိ ချောင်းကြည့်ခဲ့တဲ့ကိစ္စက ပြောပြဖို့လွယ်ကူတဲ့ ကိစ္စတစ်ခုမှမဟုတ်တာ။ တကယ်လို့ အကုန်လုံးသာ ပြောပြလိုက်ရင် အနေခက်သွားမည်မလား…

“ကျန်းဖူရှန် သွားလိုက်ပြီလို့ မင်းပြောချင်တာလား”

ရှကျိုးယွီ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ အောင်မြင်ခါနီး သူ့ရဲ့ အကြံအစည်ကို ဘယ်သူမှ မနှောက်နိုင်အောင် လုပ်ထားရမည်မလား..

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူက ကျွန်မကို ဘာမှပြောမသွားခဲ့ဘူး။ အရာအားလုံးက အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာလို့ပဲ ပြောသွားခဲ့တယ်။ ဒါကြောင့်ပြောပြပါဦး။ ရှင်က တစ်ကယ်ပဲ ဒီစိတ်ဝိဉာဉ်ကျောက်တုံးအတုတွေကို အသုံးပြုပြီးတော့ ထျန်းလင်ဂိုဏ်းကို ရင်ဆိုင်မလို့လား”

ဒီကိစ္စက လီယုဟန် ဂရုအစိုက်ဆုံး ကိစ္စတစ်ခုပင်။ သူမ ဂရုစိုက်လှတဲ့ ထျန်းလင်ဂိုဏ်းနဲ့ ရှကျိုးယွီရဲ့ ကြားမှာ သဘောထားကွဲလွဲမှုဖြစ်လာမှာကို လုံးဝ မလိုချင်ဘူး။ တရှားတိုင်းပြည်ရဲ့လုပ်ရပ်တွေက ထျန်းလင်ဂိုဏ်းကို သတိပေးသလိုမျိုး ဖြစ်သွားခဲ့ရင်… ဒီစိတ်ဝိဉာဉ်စွမ်းအင်ကျောက်တုံးအတုတွေနဲ့ ပတ်သတ်ပြီး ဖော်ထုတ်ခံလိုက်ရတာနဲ့ နှစ်ဖက်စလုံးက သေတဲ့အထိ တိုက်ပွဲဝင်ကြရလိမ့်မည်။

“ငါကိုယ်တော်မှာ အဲ့ဒီလို အကြံအစည်မျိုးမရှိဘူး”

ရှကျိုးယွီ စိတ်ထဲကအတိုင်း ရိုးရှင်းစွာပြောလိုက်သည်။ ဒါပေမဲ့ ပြောပြီးချိန်မှသာ စဉ်းစားမိသွား၏။ သူ့ရဲ့မူရင်းအစီအစဉ်က စိတ်ဝိဉာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို အသုံးပြုပြီး တိုင်းပြည်အတွင်းက ကံကြမ္မာအမှတ်ကို ယုတ်လျော့စေရန်ဖြစ်သည်။

ဒါပေမဲ့ လီယုဟန်ရဲ့သတိပေးမှုကြောင့် ထျန်းလင်ဂိုဏ်းကို ဒေါသထွက်အောင်လုပ်ဖို့ တစ်ကယ်ပဲ စဉ်းစားမိသွား၏။ ထျန်းလင်ဂိုဏ်းက ရှန့်ထျန်းနယ်မြေကြီးတစ်ခုလုံးမှာ စွမ်းအင်ကျောက်းတုံးများကို ထောက်ပံ့ပေးနေသော ဂိုဏ်းတစ်ခုဖြစ်သည်။ အဲဒီလို ထိပ်သီးဂိုဏ်းတစ်ခုကို ရန်စလိုက်တာနဲ့ ဘာတွေဖြစ်လာလောက်မလဲ..

တစ်ကယ်တော့ ရှကျိုးယွီ အရင်က ထိုသို့သော ထိပ်သီးဂိုဏ်းတစ်ခုကို ရန်စခဲ့ပါသေးသည်။ ဒါပေမဲ့ လီဖူရဲ့နှောက်ယှက်မှုကို ခံရမယ်လို့ မထင်မှတ်မိခဲ့ပေ။ ထိုလီဖူက အရမ်းကိုခေါင်းမာလွန်းလှသည်မို့ ရှကျိုးယွီရဲ့ အကြံအစည် ကျရှုံးခဲ့ရသည်။

ဒါပေမဲ့ အခုတော့ လီယုဟန်ရဲ့စကားလုံးတွေက ရှကျိုးယွီရဲ့လက်ထဲသို့ ဓားတစ်လက်ကို ကမ်းပေးလိုက်သလိုမျိုးပဲ။ တစ်ကယ်လို့သူသာ လီယုဟန်ပြောသလိုမျိုး လုပ်လိုက်ရင် သိုင်းလောကတစ်ခုလုံးရဲ့ ထိပ်သီးဂိုဏ်းဖြစ်သော ထျန်းလင်ဂိုဏ်းလည်း ငြိမ်ခံနေလိမ့်မယ်လို့ လုံးဝမယုံကြည်ဘူး။

“ဒါပေမဲ့ ငါကိုယ်တော်မှာ ထျန်းလင်ဂိုဏ်းနဲ့ပူးပေါင်းဖို့အတွက် စီစဉ်ထားတာရှိတယ်”

တည်ငြိမ်သွားပြီဖြစ်သော လီယုဟန်ရဲ့နှလုံးသားက ချက်ချင်းပဲ နှလုံးထဲမှ ခုန်ပေါက်ထွက်တော့မတက် လှုပ်ရှားလာ၏။

အရှင်မင်းကြီးတကယ်ပဲ ဘာလုပ်ချင်နေတာများလဲ…

“ထျန်းလင်ဂိုဏ်းနဲ့တရှားတိုင်းပြည်ဆိုတာ အချင်းချင်းသတိထားနေကြတဲ့ နေရာတစ်ခုပါ။ ဒါကို အရှင်မင်းကြီးက တောက်လျှောက်ရန်စမလို့လား”

လီယုဟန် မနေနိုင်စွာ ခံစားချက်များလာရတော့သည်။ သူမရဲ့မျက်လုံးများက ပြန်လည်နီရဲလာကာ ငိုကြွေးတော့မတက်ဖြစ်လာ၏။ ရှကျိုးယွီ တည်ငြိမ်စွာပဲ လက်တစ်ဖက်ရမ်းပြလိုက်ရင်း မစားရသေးတဲ့ စားပွဲပေါ်က အစားအသောက်များကို ဘေးဖယ်လိုက်သည်။

ထို့နောက်မှာ စုတ်တံနဲ့စာရွက်ကို ယူလိုက်ပြီး စာရေးလိုက်၏။ ရေးပြီးတာနဲ့ လီယုဟန်ရဲ့လက်ထဲသို့ထည့်ပေးလိုက်သည်။

“ဒီစာစောင်ကို ထျန်းလင်ဂိုဏ်းဆီပြန်ပို့ပေးလိုက်”

စိတ်လှုပ်ရှားနေတဲ့လီယုဟန်လည်း ရှကျိုးယွီရဲ့တည်ငြိမ်သော မျက်နှာထားကြောင့် အနည်းငယ်တည်ငြိမ်လာခဲ့သည်။ နှစ်ဖက်စလုံးက သူမ အလွန်ဂရုစိုက်ရတဲ့ လူများဖြစ်သည့်အတွက် သူမရဲ့စဉ်းစားနိုင်စွမ်းများ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး ပြုမူချင်သလို ပြုမူခဲ့မိသည်။ ထိုအချိန်မှသာ သူမပြန်လည် သဘောပေါက်သွားခဲ့၏။ သူမမျက်စိရှေ့က ပုဂ္ဂိုလ်က အလွန်ကိုဉာဏ်များပြီး ကြံစည်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒီလိုအရှင်ဘုရင်မျိုးက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံကို စိတ်တိုင်းကျ ချယ်လှယ်နိုင်လိမ့်မည်။ ဒါကြောင့် သူဘာလုပ်နေလဲဆိုတာကို သေချာပေါက် သူကိုယ်တိုင် သိရှိမှာပဲ။ ထိုအချက်က လီယုဟန်ရဲ့နှလုံးသားထဲက အရှုပ်အထွေးကို ချက်ချင်းပဲဖြည်ပေးခဲ့လေသည်။ ရှကျိုးယွီရဲ့ ကမ်းပေးလာသောစာစောင်ကို သူမသိမ်းဆည်းလိုက်၏။

“ကောင်းပါပြီ။ ဒီစာစောင်ကို အမြန်ဆုံး ဂိုဏ်းဆီပို့ဆောင်လိုက်ပါမယ်။ ဒါဆို ကျွန်တော်မျိုးမ သွားပြီနော်။ အရှင်မင်းကြီး ဂရုစိုက်ပါ”

မသွားခင်မှာ လီယုဟန်ရဲ့မျှော်လင့်တကြီးအကြည့်က ရှကျိုးယွီအပေါ်သို့ အချိန်အကြာကြီးကျရောက်သွားခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီကတော့ သူ့ရဲ့ ကောင်းမွန်လှတဲ့အစီအရင်နဲ့ပတ်သတ်ပြီး စဉ်းစားနေသည့်အတွက် လီယုဟန်ရဲ့ မျက်နှာထားကို ဂရုမစိုက်မိခဲ့ချေ။

“မင်းလည်း ဂရုစိုက်ပါ။ ငါကိုယ်တော်အကြောင်းပဲ စဉ်းစားမနေနဲ့”

ရှကျိုးယွီ ပုံမှန်လိုပဲ လက်တစ်ဖက် ယမ်းပြလိုက်သည်။

“ဟမ်း စဉ်းစားရအောင် အရှင်မင်းကြီးက ဘာတွေကောင်းနေလို့လဲ”

ရှကျိုးယွီရဲ့ပုံစံကြောင့် လီယုဟန် ထပ်မံပြီး ဒေါသထွက်သွားရ၏။ သူမက အများကြီး ဂရုစိုက်ခဲ့ပေမဲ့ ထိုသူကတော့ ဒီလိုမျိုးပြုမူခဲ့သည်။ သူမ ဒေါသထွက်စွာဖြင့် ခြေဆောင့်လိုက်ပြီး ထွက်သွားလိုက်တော့သည်။

ထိုအချိန်တွင် ရှကျိုးယွီရဲ့မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာ၏။ စိတ်ကောင်းဝင်နေတဲ့သူတွေက သတင်းကောင်ကြားရတတ်တယ်ဆိုတာ အမှန်ပဲကိုး.. မျက်စိရှေ့မှာရှိနေတဲ့ တော်ဝင်စားဖိုဆောင်ရဲ့ သာမန်အစားအသောက်တွေကပင် သူ့အတွက် လွန်စွာခန်းနားနေတော့သည်။

“ဒီလောက် နည်းနည်းလေး ဘယ်သူက စားမှာလဲ။ နောက်ထပ် ပန်းကန်တစ်ချို့ ချခိုင်းရမယ်။ မဟုတ်ဘူးဆိုရင် အပြင်လူတွေက ငါကိုယ်တော်ကို မတက်နိုင်တဲ့သူလို့ ထင်ကုန်မှာပေါ့”

တစ်နေကုန် အပြင်မှာ အလုပ်များထားခဲ့ရသည့်အတွက် ရှကျိုးယွီ ဆာလောင်နေခဲ့သည်။ တော်ဝင်စားဖိုဆောင်က ပေးအပ်လာတဲ့ အစားအသောက်တွေအားလုံးကို စားသောက်ခဲ့တာတောင်မှ သူ့အတွက် မလုံလောက်သေးပေ။

ထို့ကြောင့် နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေအားလုံး တော်ဝင်စားဖိုဆောင်သို့ အလျင်အမြန်သွားရောက်ကာ ပြင်ဆင်စရာများကို ပြင်ဆင်ခိုင်းရတော့၏။

အရသာရှိလှသော အစားအသောက်များကို စားသောက်ပြီးချိန်မှသာ ရှကျိုးယွီတစ်ယောက် စားပွဲပေါ်တွင် အပုံလိုက်ရှိနေသော တင်ပြချက်များကို မြင်လိုက်ရသည်။ သူ့ရဲ့နှလုံးသားက အနည်းငယ် တုန်ယင်သွား၏။

“အလုပ်လား… ငါဘယ်တော့မှ အလုပ်မလုပ်ဘူး။ ငါ့ရဲ့ ဒီဘဝမှာ အလုပ်လုပ်ပေးဖို့ မျှော်လင့်မနေနဲ့”

ထို့နောက်မှာ အစာစားပြီးတိုင်း အသက်ရှည်ချင်ရင် ခြေလှမ်းတစ်ရာလျှောက်ပါဆိုသောစကားကို နှလုံးမူရင်း အပြင်ထွက်ကာ လမ်းပတ်လျှောက်ဖို့ စဉ်းစားလိုက်သည်။ နွေဦးညနေခင်းရဲ့ နူးညံ့သော လေပြေလေးက ရှကျိုးယွီရဲ့မျက်နှာကို ဖြတ်တိုက်သွားပြီး ရင်အေးမှုကို ဖြစ်ပေါ်စေခဲ့သည်။ တစ်နေ့ခင်းလုံး ပင်ပန်းလာရတဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးလိုက်သလိုမျိုးပဲ။

“သက်သောင့်သက်သာရှိလိုက်တာ”

“အရှင်မင်းကြီး ကျန်းနန်မြို့ကနေ တင်ပြစာရောက်လာပါတယ်”

ပုံမှန်အားဖြင့် အနီးကပ်ခစားရသော ဝေ့ကျုံးရှန်တစ်ယောက် အခုလိုမျိုး အရှင်မင်းကြီးရဲ့ပျော်ရွှင်မှုကို နှောက်ယှက်ရဲမည်မဟုတ်ပေ။ ဒါပေမဲ့ ဒီစာစောင်က အရှင်မင်းသားရှထိုက်အန်း ပို့ပေးလာတဲ့ ကျန်းနန်မြို့က စာစောင်ဖြစ်၏။ သူတို့ရဲ့ ထူးချွန်လှသော စစ်နတ်ဘုရား ချစ်မင်းသားသည် စာစောင်များကို မလိုအပ်ဘဲ ရေးသားလေ့ရှိသူ မဟုတ်သည့်အတွက် ဝေ့ကျုံးရှန် ချက်ချင်းပဲ တင်ပြလိုက်သည်။

ဝေ့ကျုံးရှန့်တစ်ယောက် အရေးကြီးကိစ္စကို မနှောင့်နှေးရဲပါချေ။

……….

All Chapters