လာပြန်ပြီလား..
Vol. 19 Ch. 261
ကွမ်ရန် နန်းတော် အတွင်းသို့ ပြန်ရောက်သည်နှင့် ရှကျိုးယွီ ဦးစွာ နန်းတွင်း အစေခံများ၏ အကူအညီဖြင့် နဂါးဝတ်ရုံကို ပြန်လည် ဝတ်ဆင်လိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး စားပွဲတော် တည်ခင်းလိုက်ရမလား”
ဝေ့ကျုံးရှန့်သည် မြေပြင်ပေါ်မှာ ဒူးထောက်နေသော လူနှစ်ယောက်ကို ကြည့်ရှုရင်း အရှင်မင်းကြီးကို ပြောဆိုလိုက်သည်။
“တော်ဝင်စာဖိုးဆောင်ကို စားသောက်ပွဲအတွက် ပြင်ဆင်ခိုင်းထား လိုက်အုန်း.. ငါကိုယ်တော် ဒီနှစ်ယောက်နဲ့ စကားပြောအုန်းမယ်”
ရှကျိုးယွီ တည်ငြိမ်စွာ ပြောလိုက်၏။
မြို့နယ် အုပ်ရေးမှူးယန်တစ်ယောက် မကြာခင်မှာ ကြုံတွေ့ရမည့် အဖြစ်အပျက်များကို ကြိုတင်စဉ်းစား နေရင်း သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ကြောက်ရွံ့မှုကြောင့် ချွေးများ စိုရွှဲလာခဲ့သည်။
“အရှင်မင်းကြီး.. ဒီအစေခံက တစ်ကယ်ကို အပြစ်ရှိပါတယ်။ အရှင်မင်းကြီး ညှာတာမှု ပြသပြီး ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာ ပေးတော်မူပါ”
မြို့နယ် အုပ်ချုပ်ရေးမှူးယန်က သေးငယ်သော အဆင့်ရှစ် အရာရှိ တစ်ယောက်သာ ဖြစ်သည်။ သူ့၏ ဘဝမှာ ပထမဆုံးအကြိမ် အကြီးမားဆုံး အပြစ်တစ်ခု ကျုးလွန်ခဲ့မိပြီး အရှင်မင်းကြီးနဲ့ အခုလို လက်ပူးလက်ကြပ် မိသွားမယ်လို့ လုံးဝ မထင်မှတ် မိခဲ့ပေ။ အရှင်မင်းကြီးရဲ့ နဂါးအရှိန်အဝါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် တစ်ယောက် ကြောက်လွန်းလို့ ခေါင်းပင် မဖော်ရဲတော့ချေ။
“မင်းက ဘာပြစ်မှုကို ကျူးလွန်ထားလို့လဲ”
နဂါးပလ္လင် ထက်မှာ ထိုင်နေရင်း ရှကျိုးယွီ စိတ်ဝင်စားမှု တစ်ချို့နဲ့ မေးလိုက်သည်။
“ဒီအသုံးမကျတဲ့ အစေခံက အစီအရင်ကို တရားမဝင် ဖန်တီးခဲ့တဲ့ အတွက် သေသင့်ပါတယ်။ ဒါ့အပြင် ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အရှေ့မှာ အရှင်မင်းကြီးနဲ့ ပတ်သက်ပြီး မကောင်းပြောခဲ့ မိသေးတယ်။ ဒီအသုံးမကျတဲ့ အစေခံက လောဘကြောင့် မျက်ကန်း ဖြစ်သွားခဲ့ပြီး အရှင်မင်းကြီးရဲ့ စစ်မှန်တဲ့ အာဏာကို မမှတ်မိနိုင်ခဲ့တာပါ”
အတိတ်က လုပ်ရပ်တွေကို စဥ်းစားမိတိုင်း ထွက်ပေါ်လာသော နောင်တတစ်သိန်းလောက်ကို ထမ်းပိုးရင်း မြို့နယ်အုပ်ချုပ်ရေးမှူးယန် အကြိမ်ကြိမ် ဦးတိုက်အရိုအသေ ပေးလိုက်သည်။
ဘယ်လိုလုပ်များ အရှင်မင်းကြီးရဲ့ မကောင်းကြောင်းကို ပြောဆိုခဲ့ မိရတာလဲ.....
အခုတော့ ကြည့်လိုက်အုန်း ကံတရားက လူကိုတောင် မစောင့်ပါလား..
ဒါပေမဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်ရဲ့ ဘေးမှာရှိနေသော တာအိုဘုန်းကြီး ရှစ်ရန်က အနည်းငယ် တည်ငြိမ်နေလေရဲ့။ အလုပ်ရုံမှာတုန်းက ကြောက်ရွံ့ခဲ့သော်ငြား တရှားရဲ့ ဂုဏ်သိက္ခာ မြင့်မားလှသော အရှင်မင်းကြီးက သူတို့ကို ဘာကြောင့် အခုလိုမျိုး ဆော့ကစား ခဲ့ရတာလဲ… ဆိုသည့် မရိုးရှင်းတဲ့ကိစ္စကြောင့် တာအိုဘုန်းကြီးရှစ်ရန် အနည်းငယ် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အဖမ်းခံရပြီ ဆိုမှတော့ အပြစ်ပေး ခံရပြီး သေဆုံးရမှာ မလွဲမသေပါပဲ။ ဒါပေမဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ကို ဖြစ်ကြောင်းကုန်စင် မသိရပဲ သေခိုင်းမှာတော့ မဟုတ်ဘူးမလား။ ဒီကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းကို အရှင်မင်းကြီး ရှင်းပြပေးတော်မူပါ”
တာအိုဘုန်းကြီး ရှစ်ရန်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူ့ရဲ့ မျက်လုံးများက နဂါးပလ္လင်ထက်မှာ ထိုင်နေတဲ့ ရှကျိုးယွီကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
“ဘယ်လိုတောင် လုပ်ရဲတာလဲ။ အရှင်မင်းကြီးကို ဒီလိုမျိုးစကားပြောဖို့ အတွက် မင်းကို ဘယ်သူကများ အခွင့်အရေး ပေးခဲ့လို့လဲ”
ဝေ့ကျုံးရှန့် ချက်ချင်းပဲ အရှေ့တိုးလာလေကာ.. တာအိုဘုန်းကြီး ရှစ်ရန်ကို လက်တစ်ဖက် မြှောက်ရင်း သင်ခန်းစာ ပေးဖို့ ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပဲ ရှကျိုးယွီသည် လက်တစ်ဖက် မြှောက်ခါ ရိုးရိုးရှင်းရှင်း တားမြစ်လိုက်သည်။
“အဆင်ပြေတယ်”
ထို့နောက်မှာ နဂါးပလ္လင်ထက်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး မျက်စိရှေ့က လူနှစ်ယောက်ထံသို့ တဖြေးဖြေး လမ်းလျှောက်သွားလိုက်သည်။
“အကယ်လို့ မင်းမေးမယ် ဆိုရင်…”
ထိုအချိန်မှာပဲ ရုတ်တရက် ပေါ်လာသော စနစ်ရဲ့ အသိပေးချက်ကြောင့် ရှကျိုးယွီ စကားပြောနေတာ ရပ်သွားခဲ့သည်။
(ဒီစနစ်က ပိုင်ရှင်ရဲ့ အသစ်ဖန်တီး ထားသော စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ကြောင့် တိုင်းပြည်အတွင်းက စွမ်းအင်တွေကို ကောင်းမွန်စွာ အသုံးချ နိုင်ခဲ့ကြောင်း အာရုံခံမိ ပါတယ်။ ဒါက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးထူး သွားခဲ့တယ်။ ဒါကြောင့် ကံကြမ္မာ အမှတ်ငါးသောင်း မြှင့်တက်သွားပါတယ်)
လူတိုင်းရဲ့ မျက်စိရှေ့မှာပဲ ပျော်ရွှင်နေပုံ ရသော အရှင်မင်းကြီးရဲ့ မျက်နှာက ရုတ်တရက် မဲမှောင်သွားတာကို မြင်လိုက်ရ၏။
ဘာတွေ ဖြစ်နေတာလဲ.....
ဘာတွေလဲ ဘာကြောင့် ငါ့ရဲ့ အစီအရင်က တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြု သွားရတာလဲ..
ရှကျိုးယွီ ဘယ်လိုမှ နားမလည်နိုင်ခဲ့ပေ။ အလုပ်ကြိုးစားထားတဲ့ သူ့၏ရည်ရွယ်ချက်သည် ကံကြမ္မာအမှတ်ကို ဖျက်ဆီးရန်ဖြစ်ပြီး အဆုံးမှာ တစ်ကယ်ပဲ ကံကြမ္မာအမှတ်ကို ယုတ်လျော့စေခဲ့ပါသည်။ ထို့အပြင် ဆက်လက်ယုတ်လျော့စေရန် ရည်ရွယ်ချက်ဖြင့် တိုင်းပြည်အနှံ့တွင် အစီအရင်များလည်း တိုးချဲ့ဆောက်လုပ်တော့မည်။
သို့ပေမဲ့ ကံကြမ္မာအမှတ်က ငါးသောင်းတောင် တက်သွားသည်…ငါးသောင်းတောင်…
ဘာကြောင့်လဲ.. ဘောက်မဲ့ကြောင့် ဒီလိုတွေ ဖြစ်ကုန်ရတာလဲ….
“ဘာတွေ ဖြစ်နေတာလဲ”
ရှကျိူးယွီ အတွက် နောက်ကျော ဓားထိုးခံရမှုက ရင်းနီးသော ဖြစ်စဉ်တစ်ခု ဆိုပေမဲ့ လက်ရှိအခြေအနေကတော့ မတူညီပေ။ ဤတစ်ခေါက်တွင် ရှကျိုးယွီသည် ပြဿနာတက် လာနိုင်မည့် ကိစ္စရပ် အားလုံးကို ဖယ်ကြဥ် ထားပြီးသားပင်။
အခုလို တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိူးထူး သွားစရာ ဘာသောက်ကြောင်းမှ မရှိဘူး…
“အရှင်မင်းကြီး ကျန်းနန်မြို့ကနေ စာစောင် တစ်စောင် ရောက်ရှိလာပါတယ်။ တာအိုဘုန်းကြီး ကျန်းဖူရှန်က အရှင်မင်းကြီးအတွက် အထူးပေးခိုင်း လိုက်တာပါလို့ ပြောပါတယ်”
ထိုအချိန်မှာပဲ စာစောင် တစ်စောင်ကို ကိုင်ဆောင်ထားတဲ့ စာပို့သမား တစ်ယောက်က အလောတကြီး ဝင်ရောက်လာခဲ့သည်။ ဝေ့ကျူံးရှန့် လှမ်းယူလိုက်ပြီး ရှကျိုးယွီထံသို့ ပေးလိုက်၏။
“အရှင်မင်းကြီးကို ကျွန်တော်မျိုး အရိုအသေ ပေးပါတယ်။ ကျိကျီမြို့ကနေ ကျန်းနန်မြို့ကို ပြန်ရောက်ကတည်းက ကျွန်တော်မျိုး အစီအရင်နဲ့ ပတ်သက်ပြီး တစ်ညလုံး စဉ်းစားခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ အဓိက အမှားကို ရှာဖွေနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ အရှင်မင်းကြီးရဲ့ အကြံပေးချက်အတိုင်း ကျွန်တော်မျိုး ပြန်လည် ပြင်ဆင်နိုင်ခဲ့တယ်။ ကျိကျီမြို့က အစီအရင် အသက်ဝင်လာတာနဲ့ အဲ့ဒီအစီအရင်က ကျန်းနန်မြို့က အစီအရင်နဲ့ တိုက်ရိုက် ဆက်နွှယ်မိသွားပြီး တိုင်းပြည် တစ်ခုင်လုံးအတွက် ကြီးမားတဲ့ အစီအရင်ကြီးကို ဖြစ်ပေါ်စေမှာပါ။ ဒီနေ့က စတင်ပြီး ကျွန်တော်တို့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ များစွာ တိုးမြှင့်လာပါစေ”
ရှကျိုးယွီ လက်ထဲက စာစောင်ကို ကြည့်နေရင်း စာစောင်ရဲ့ မျက်နှာပြင်ပေါ်မှာ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး အဖိုးအို တစ်ယောက်ကို မြင်ယောင်လာမိ၏။
ဒီတစ်ခေါက် သူ့ရဲ့မျှော်လင့်ချက်တွေ အားလုံးကို သစ္စာ ဖောက်သွားတဲ့ကောင်က ဒီအဖိုးကြီး ကျန်းဖူရှန်ပေါ့...
ရှကျိုးယွီ ပြောင်းလဲသွားသော စိတ်ထားနဲ့ စာစောင်ကို တည်ငြိမ်စွာ ပြန်ချလိုက်သည်။ ထို့နောက်မှာ မျက်စိရှေ့မှာ ဒူးထောက်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်၏။ ဒီနှစ်ယောက်က သူ့ရဲ့ ကောင်းမွန်တဲ့ အပေါင်းအဖော်တွေပဲ။ ကံကြမ္မာ အမှတ်ကို ဖျက်ဆီးဖို့ ကိစ္စမှာ ကူညီပေးခဲ့ကြပေမဲ့ ကျန်းဖုရှန်ရဲ့ သစ္စာဖောက်မှုကြောင့် အရာအားလုံးက ပျက်ဆီးသွားခဲ့ရသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးက အပြစ်မရှိပါဘူး။ အရှင်မင်းကြီး ကြင်နာမှု ပြသပေးတော်မူပါ။ ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးပါ”
အရှင်မင်းကြီးရဲ့ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာထားကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးယန် ကြောက်ရွံ့စွာ ပြောဆိုလိုက်သည်။
ဒါပေမဲ့ ရှကျိုးယွီကတော့ သူ့ရဲ့ ဆူညံမှုကြောင့် အနည်းငယ် စိတ်တိုသွား၏။ ဒီလူ နှစ်ယောက်က ကြည့်လိုက်တာနဲ့ မျက်စိရှေ့မှာ မြင်ချင်စရာကို မရှိတော့ပါလား…
“ဝေ့ကျုံးရှန့် ချက်ချင်းပဲ တော်ဝင်အမိန့်တော် ထုတ်ပြန်လိုက်။ ငါအရှင်မင်းကြီးက မြို့နယ် အုပ်ချုပ်ရေးမှူးယန်ကို အလုပ်ခွင်ပိုင်းဆိုင်ရာ ဌာနရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် သတ်မှတ်လိုက်ပြီး သူက တိုင်းပြည်အနှံ့မှာ ဆောက်လုပ်မဲ့ အစီအရင်သေး များစွာရဲ့ တာဝန်အသီးသီးကို ယူဆောင်ပေးရမယ်။ တာအိုဘုန်းကြီး ရှစ်ရန်က သူ့ရဲ့ ဘေးကနေ ကူညီစေ။ ချက်ချင်းပဲ ဒီတာဝန်တွေ အားလုံးကို မြို့နယ် အုပ်ချုပ်ရေးမှူးယန် ထမ်းရွက်ရမယ်”
ထိုစကားတွေကြောင့် ဝေ့ကျုံးရှန့် လွန်စွာ အံ့ဩသွားဟန် ရှိသည်။
“အရှင်မင်းကြီး ဒီနှစ်ယောက်က ပြစ်မှုအတွက် တာဝန်ရှိသူတွေ.....”
ရှကျိုးယွီ အနေနဲ့ လှည့်ကြည့်စရာပင် မလိုအပ်ပေ။ ဝေ့ကျုံးရှန့် ချက်ချင်းပဲ သဘောပေါက်လိုက်၏။ အရှင်မင်းကြီးရဲ့ အမိန့်ကိုသာ မနာခံဘူးဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်က မနည်းမနောပင်။
ထို့ကြောင့် ဝေ့ကျုံးရှန့် ချက်ချင်းပဲ တော်ဝင်အမိန့်တော်ကို ရေးသားဖို့ ပြင်ဆင်လိုက်သည်။ ထို့နောက်မှာ အရှင်မင်းကြီးရဲ့ တော်ဝင်တံဆိပ်တော်ကို ရိုက်နှိပ်လိုက်လေရာ ထိုသို့ဖြင့် တော်ဝင် အမိန့်တော် ထွက်ပေါ်လာသည်။
“ကျိကျီမြို့နယ်ရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်နဲ့ တာအို ဘုန်းကြီး ရှစ်ရန် တော်ဝင် အမိန့်တော်ကို နာခံစေ”
အလွန် တည်ငြိမ်သော မျက်နှာထားနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး ခါးညွှန့်ရင်း လက်တစ်ဖက် ရှေ့ထုတ်လိုက်သည်။ ထို့နောက်မှာ ဘေးမှာ ကြောင်အစွာ ရပ်နေတဲ့ တာအိုဘုန်းကြီး ရှစ်ရန်ကိုလည်း အချက်ပြလိုက်၏။
“ကျွန်တော်မျိုး ယန်ချန်ဝု တော်ဝင်အမိန့်တော်ကို လက်ခံပါတယ်”
“ကျွန်တော်မျိုး ရှစ်ရန် တော်ဝင် အမိန့်တော်ကို လက်ခံပါတယ်”
ရှကျိုးယွီရဲ့ မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။ အမိန့်တော်ကို ချီးမြှင့် ပြီးချိန်မှာသာ ရှကျိုးယွီ ခပ်ဖြေးဖြေး ပြောလိုက်၏။
“ငါကိုယ်တော်တို့ရဲ့ အစီအစဉ်အတိုင်းပဲ တိုင်းပြည်အနှံ့မှာ တရှားတိုင်းပြည်ရဲ့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို တည်ဆောက်ရမယ်။ ဒါပေမဲ့ ရလာသမျှ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို တိုင်းပြည်ရဲ့ ရတနာ တိုက်ထဲကိုပဲ ပို့ရမယ်။ မင်းတို့နှစ်ယောက်ကို အသေးစိတ် စောင့်ကြည့်ဖို့အတွက် ငါကိုယ်တော် လူလွှတ်ပေးမယ်”
မျက်စိရှေ့က လူနှစ်ယောက်ရဲ့ ဉာဏ်နီဉာဏ်နက် များမှုကို ရှကျိုးယွီ သိရှိထား၏။ သူတို့တွေက ပိုက်ဆံရဖို့အတွက်နဲ့ အသက်ကိုပါ ရင်းခဲ့ကြသူတွေ ဖြစ်သည်။
ထို့ကြောင့် ပုံမှန်လိုပဲ ရှကျိုးယွီက သတိပေးခဲ့သည်။ အမှန်တော့ ရှကျိုးယွီက ကြားကောင်းအောင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ နှလုံးသားထဲမှာဝောာ့ ထိုနှစ်ယောက် လောဘတကြီးနဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးများကို တိတ်တဆိတ် ထိန်းသိမ်းထားဖို့ မျှော်လင့်နေခဲ့သည်။
“အရှင်မင်းကြီးရဲ့ ချီးမြှောက်မှုကြောင့် ကျွန်တော်မျိုး လွန်စွာ ကျေးဇူးတင်မိပါတယ်”
“အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပြီး သေဆုံးသည်အထိ ကျေးဇူး ပြန်ဆပ်ပါ့မယ်”
ကျိကျီမြို့ရှိ အစီအရင်သည် ထိုက်အန်းမြို့တော်ရဲ့ စဦးအစီအရင်ကို အရှင်မင်းကြီးကိုယ်တိုင် တစ်ဆင့်မြှင့်ထားပေးမှန်း မြို့နယ်အုပ်ချုပ်ရေးမှူးယန် နောက်ဆုံးတော့ သဘောပေါက်သွားပြီပင်။ အမှန်တရားပေါ်ပေါက်ခဲ့သည့်တိုင်အောင် အရှင်မင်းကြီးက သူတို့ကို တိုက်ရိုက် အပြစ်မပေးဘဲ ထိုအစား ကောင်းမွန်လှတဲ့ ရာထူးကို ချီးမြှင့်ခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ နှာခေါင်းက တစ်ဖြည်းဖြည်း မွှန်လာပြီး မျက်ရည်များ ပြည့်လာလေ၏။
“ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပြီး လုံးဝ လောဘမကြီးတော့ပါဘူး။ အရှင်မင်းကြီးရဲ့ ရာထူး တိုးပေးမှုကို လုံးဝ စိတ်မပျက်စေရ ပါဘူး”
ထိုစကား ဆုံးတာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်က အရှိန်ပြင်းစွာဖြင့် မြေကြီးနဲ့ ဦးခေါင်းကို ရိုက်ခတ်လိုက်သည့်အတွက်… နဖူးထက်မှာပင် အနီရောင် အမှတ်အသား တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဖြေးဖြေးသာသာ လုပ်ကြပါ”
ရှကျိုးယွီ ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး အနည်းငယ် ပင်ပန်းလာသလိုမျိုး ခံစား လိုက်ရသည်။
“ကံကောင်းလို့ ငါကြိုတင် ပြင်ဆင်ထားလို့ပေါ့”
အားလုံး ထွက်သွားချိန်မှသာ ရှကျိုးယွီ၏ မျက်နှာပေါ်မှာ ခပ်ဖွဖွ အပြုံး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကိစ္စတိုင်းမှာ လှည့်ကွက်တွေ အားလုံး ထုတ်မပြတာက မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုပဲ။ ဒီကျိကျီ မြို့မှာ ရှိသော အစီအရင်ကိုသာ ကျန်းဖုရှန် သိရှိခဲ့သည်။ တိုင်းပြည် တစ်ခုလုံးက အစီအရင်တွေကို သူသိနိုင်ပါ့မလား..
ထို့အပြင် ရှကျိုးယွီသည် ထျန်းလင်ဂိုဏ်းကိုလည်း ရန်စထားသေးသည်။ ဘယ်အရာကမှ သူ့ရဲ့ကံကြမ္မာအမှတ်ကို ဖျက်ဆီးမဲ့အစီအစဥ်အား တားမြစ်နိုင်မည် မဟုတ်ချေ။
……..