← Chapters

တော်ဝင်နန်းတော်

Vol. 19 Ch. 253

တော်ဝင်နန်းတော်

Vol. 19 Ch. 253

ရှကျိုးယွီနဲ့ ပြန်တွေ့ရမည် ဆိုသောအချက်ကြောင့် လီယုဟန် အနည်းငယ် တွန့်ဆုတ်သွားခဲ့ပြီး သူမ ရုတ်တရက် မငြင်းဆိုချင်တော့ပေ။

အရင်ရက်က သူမ ကွမ်းရန် နန်းတော်အတွင်း ဝင်ရောက်ခဲ့တာကလည်း ရှကျိုးယွီနဲ့ တွေ့ဆုံပြီး အကူအညီ တောင်းဖို့ပဲမလား… ဒါပေမဲ့ အခြေအနေတွေက မှားယွင်းသွားခဲ့ပြီး သူမကို လုပ်ကြံသူအဖြစ် စွပ်စွဲခံလိုက်ရသည်။ အခုတော့ အခွင့်အရေးက ပြန်ရောက်လာခဲ့ပြီလေ။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ အကယ်လို့ အရှင်မင်းကြီးသာ ခွင့်ပြုမယ်ဆိုရင် ကျွန်မတို့ တပ်သားတွေရဲ့ အကူအညီနဲ့ ကျိကျီမြို့ တစ်မြို့လုံးမှာ ကောင်းကောင်း ရှာဖွေလို့ ရသွားပြီး ကျွန်မတို့ရဲ့ တာဝန်ကလည်း ပိုပြီးမြန်ဆန် လွယ်ကူလာလိမ့်မယ်”

လီယုဟန် ခေါင်းညိမ့်ကာ ထောက်ခံလိုက်လေသည်။

ကျန်းဖူရှန်လည်း အချိန်မဆွဲတော့ပဲ စွမ်းအင်အားလုံးကို စုဆောင်းရင်း ကွမ်ရန် နန်းတော် ရှိရာသို့ ဦးတည်လိုက်၏။ လီယုဟန်က ကျန်းဖူရှန် အနောက်ကနေ နီးကပ်စွာ လိုက်ပါလာခဲ့သည်။

“ဒီကောင်မလေးက တကယ်ကို ထူးခြားတာပဲ။ သူမအသုံးပြုထားတဲ့ သိုင်းပိတ်ပင် နည်းပညာက အရမ်းကို အရည်အချင်းမြင့်တယ်”

ခရီးလမ်းတစ်လျှောက်မှာ လီယုဟန်ကို ကျန်းဖူရှန် အသေးစိတ် လေ့လာနေခဲ့သည်။ သူကဘယ်လိုပဲ အစီရင်ပိုင်းမှာ ထူးချွန်ပြီး အောင်မြင်တဲ့ ဂုဏ်သတင်းကို ရရှိထားပါစေ ထျန်းလင်ဂိုဏ်းက ထျန့်ရှန်း နယ်မြေကြီးတစ်ခုလုံးမှာ ထိပ်ဆုံးက ဦးဆောင်နိုင်တဲ့ ဂိုဏ်းတစ်ခု ဖြစ်ပြီး သူတို့ရဲ့ တာအိုဂိုဏ်းကတော့ ဆက်လက်မတိုးတက်နိုင်ခဲ့တာ နှစ်တချို့တောင် ကြာခဲ့ပြီပင်။ တရှားတိုင်းပြည်ရဲ့ အထောက်ပံ့သာ မရှိဘူးဆိုရင် တာအိုဂိုဏ်းက အခုလိုမျိုး ရပ်တည်နိုင်မှာ မဟုတ်ဘဲ တာအိုဂိုဏ်းကြီး ပျောက်ကွယ်သွားလောက်ပြီ။ ထို့ကြောင့်ပဲ ကျန်းဖူရှန် အနေနဲ့ ရှကျိုးယွီကို ပိုမို ကျေးဇူးတင်မိသည်။

“ရှေ့မှာနန်းတော်ရောက်ပြီ”

တောက်ပတဲ့ အနီရောင်နဲ့ ဆေးခြယ်ထားသော ကွမ်ရန်နန်းတော်၏ ဝင်ပေါက်ရှိ တပ်သားတစ်ချို့ကို လက်ညှိုးထိုးရင်း ကျန်းဖူရှန် ပြောလိုက်သည်။

“ငါက တာအိုဂိုဏ်းရဲ့ တပည့် ကျန်းဖူရှန်ပဲ။ ကျန်းနန်မြို့ကို အရှင်မင်းကြီးရဲ့ အမိန့်နဲ့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင် တည်ဆောက်ဖို့ ရောက်လာခဲ့ပြီး ကျိကျီမြို့နဲ့ နီးနေလို့ အရှင်မင်းကြီးကို လာရောက်နှုတ်ဆက်တာ”

ထိုအစောင့်နှစ်ယောက်က ဝတ်စုံပြင်ရင်း ခပ်ဖွဖွပြုံးလိုက်ကြသည်။

တစ်ရက်တစ်ရက် အရှင်မင်းကြီးကို လာတွေ့တဲ့ အရာရှိပေါင်း ဆယ်ယောက်မကရှိ၏။ ဒါပေမဲ့ လူတိုင်းက အရှင်မင်းကြီးနဲ့ တွေ့ခွင့်ရတာ မဟုတ်ပေ။ ဆိုရိုးစကားတောင် ရှိသေးသည်မလား။ ထိပ်ဆုံးဘုရင်က ကိုင်တွယ်ရ လွယ်ကူပြီး သူ့ရဲ့ လက်အောက်ခံတွေက ဖြေရှင်းဖို့ မလွယ်ကူဘူး…..

လက်အောက်ခံအစောင့်တွေကို အချိန်ကုန်မြန်ဆန်စေပြီး အလုပ်ပြီးမြောက်ချင်ရင် ငွေစတစ်ချို့ ပေးရတတ်သည်။ ဒါပေမဲ့ ကျန်းဖူရှန်နဲ့ လီယုဟန်လိုမျိုး စာအုပ်ကြီးသမားတွေက နားလည်ပါ့မလား..

“မင်းတို့ဘာလို့ အခုထိ မတင်ပြကြသေးတာလဲ။ ဘာလို့ ငါတို့ကိုပဲ ရပ်ကြည့်နေရတာလဲ”

ထို့အစောင့်တွေအနေနဲ့ လာရောက်တွေ့ဆုံသော အရာရှိများကို မငြင်းလွှတ်ရဲပါချေ။ ထိုသူတွေအားလုံးက အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့်ရှိလို့ လာရောက်တောင်းဆိုရဲတဲ့ သူများပင် ဖြစ်ပြီး ထိုသို့သော အထက်ပုဂ္ဂိုလ်မျိုးကို ဒေါသထွက်အောင် လုပ်မိပါက စကားတစ်ခွန်းတည်းနဲ့ သူတို့သေဆုံးသွားနိုင်သည်။ ဒါပေမဲ့ သူတို့အနေနဲ့ ပိုက်ဆံမပေးချင်တဲ့ ဒီလူတွေကို လှည့်ကွက်တစ်ချို့ အသုံးပြုလို့ မရတာတော့မဟုတ်ပေ…..

“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ အခုပဲ သွားပြီး တင်ပြလိုက်ပါမယ်။ဒီနေရာမှာ ခနလောက် စောင့်ပေးကြပါအုံး”

ထိုအစောင့်နှစ်ယောက်က လေးစားစွာ ပြန်လည်ဖြေကြားလာခဲ့သည်။ အရှင်မင်းကြီး နန်းတော်မှာမရှိပေမဲ့ သူတို့ကတင်ပြဟန်ဆောင်ရင်း နန်းတွင်းတစ်နေရာမှာ လှဲလျောင်းအချိန်ဖြုန်းဖို့ရန် ကြံစည်လိုက်ကြသည်။

ကျန်းဖူရှန် တစ်ယောက် ဝင်ပေါက်မှာ အလွန်တည်ငြိမ်စွာဖြင့် စောင့်ဆိုင်းနေလေသည်။ ချောက်ကမ်းပါးအတွင်းမှာ အနှစ်သုံးဆယ်လုံးလုံး တစ်ယောက်ထဲ ဖြတ်သန်းဖူးသည့် သူ့အတွက်တော့ အခုလို စောင့်ဆိုင်းခြင်းက ကိစ္စကြီးတစ်ခု မဟုတ်ခဲ့ပေ။

ဒါပေမဲ့ လီယုဟန်ကတော့ အချိန်ကြာလာလေ ပျင်းရိလာလေရဲ့.. သူမတို့ ဘယ်လောက်ပဲ စောင့်ဆိုင်းနေပါစေ ထိုအစောင့်နှစ်ယောက်က ပေါ်မလာခဲ့ဘူး။

“သူတို့ဘာလို့ အခုထိရောက်မလာသေးတာလဲ။ အထဲမှာ တစ်ခုခု ဖြစ်နေတာများလား”

လီယုဟန်ရဲ့ မျက်နှာက လွန်စွာ စိတ်မရှည်ချင်တော့ပေ။ အရင်ရက်က သူမ ခိုးဝင်စဥ်က ကွမ်းရန်နန်းတော်က ဒီလောက်ကြီးထိ မကျယ်ဝန်းပါဘူး။ ဘာကြောင့်များ ဒီအစောင့်နှစ်ယောက်က ဒီလောက်ထိ ကြာနေရတာလည်းဆိုတာ လီယုဟန် စဉ်းစားလို့မရတော့ပေ။

“ဖြစ်နိုင်တာ ဒီနန်းတော်က ကြီးမားလို့နေမှာပေါ့”

ကျန်းဖူရှန်ကတော့ ပုံမှန်လိုပဲ တွေးတောလိုက်၏။

ထိုက်အန်းမြို့တော်အတွင်းက တော်ဝင်နန်းတော်မှာ ဆိုရင်တော့ သတင်းစကားတစ်ခု ကြားရဖို့အတွက် များစွာတဲ့ မိန်းမစိုး ရာချီက အဆင့်ဆင့် ပြောကြားပေးရသည်။ ထို့ကြောင့် အခုထက်တောင် ပိုမိုကြာမြင့်နိုင်၏။

“ကျွန်မ သီးမခံနိုင်တော့ဘူး။ ရူးတော့မှာပဲ”

လီယုဟန်က ကျန်းဖူရှန်လို စိတ်ပူစရာ နည်းပါးတဲ့ လူတစ်ယောက် မဟုတ်ပေ။ သူမအတွက် ဂိုဏ်းက ပေးအပ်ထားတဲ့ တာဝန်လည်းရှိ၏။ တစ်ဖက်က သူမရဲ့ ဂိုဏ်းတူမောင်လေးကလည်း အပြင်းထန် ဒဏ်ရာရထားပြီး ကယ်တင်ခံဖို့ လိုအပ်နေသေးသည်။ သူမအတွက် စက္ကန့်တိုင်း၊ စက္ကန့်တိုင်းက အလွန်အရေးပါသည်။

“စိတ်ရှည်ရှည်နေစမ်းပါ။ ဘယ်လိုလုပ် ကျင့်ကြံသူတစ်ယောက်က ဒီလောက်ထိ…”

ကျန်းဖူရှန်ရဲ့ ပြောစကား မဆုံးခင်မှာပဲ လီယုဟန်က နန်းတော်အတွင်းကို ခုန်ဝင်သွားလေရဲ့။

“ဒီလိုခိုးဝင်တာတော့ မကောင်းဘူး..”

ဒါပေမဲ့ အထဲကို တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားနေသော လီယုဟန်ရဲ့ နောက်ကျောကို ကြည့်နေရင်း ကျန်းဖူရှန် မနေနိုင်စွာ လိုက်ဝင်ရတော့သည်။

တစ်ကယ်တော့ ထိုအစောင့်နှစ်ယောက်က ချောင်ကျသော နေရာတစ်ခုမှာ အနားယူပြီး ပြန်လည်သွားရောက်ဖို့ စဉ်းစားထားခဲ့သည်။ ဒါပေမဲ့ မထင်မှတ်ပဲ ခေါင်းဆောင်ငယ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး တာဝန်လစ်ဟင်းမှုကြောင့် သူတို့တွေ ပြစ်ဒဏ်ခံလိုက်ရသည်။ သေးငယ်တဲ့ ကြိမ်ဒဏ် တစ်ချို့ ခံယူပြီးတာနဲ့ သူတို့တွေ တော်ဝင်အကျဉ်းထောင်ကို စောင့်ကြပ်ဖို့ သွားလိုက်ရ၏။

“ဟေ့သခင်ကြီး အဲ့ဒီနှစ်ယောက်က အစောက အစောင့်နှစ်ယောက်ပဲမလား”

အစောင့်နှစ်ယောက်ကို မြင်လိုက်တာနဲ့ လီယုဟန်ရဲ့ မျက်လုံးများ ကျဥ်းမြှောင်းသွားလေကာ ကျန်းဖူရှန် ကိုသတိပေးလိုက်၏။ သူမတို့ ကြည့်နေချိန်မှာပဲ ထိုနှစ်ယောက်က အေးဆေးသက်သာစွာဖြင့် နန်းတော်ထဲကို လှည့်ပတ်သွားလာနေကြသည်။

“ဟုတ်တယ်။ သူတို့ဒီမှာ ဘာလုပ်နေကြတာလဲ။ သူတို့က သတင်းပို့ရမှာ မဟုတ်ဘူးလား”

ကျန်းဖူရှန် ကတော့ ပုံမှန်လိုပဲ ဒေါသမထွက်ခဲ့ပေ။ ဒီလိုသေးငယ်တဲ့ကိစ္စမျိုးက သူ့ရဲ့ဒေါသကို နှိုးဆွဖို့ မလုံလောက်သေးဘူး။

ဒါပေမဲ့ လီယုဟန် ကတော့ ထိုအစောင့်နှစ်ယောက်ရဲ့ နောက်ကို လိုက်ပါနေရင်း ထိုနှစ်ယောက် ဘာတွေကြံစည်နေလည်း သိရအောင် စစ်ဆေးလေ၏။

ဒီလိုနဲ့ပဲ ထိုအစောင့်နှစ်ယောက်သည် လူသူကင်းမဲ့သော လမ်းကြားကျဉ်းထဲ ဝင်ရောက်သွားခဲ့သည်။ ထို့နောက်မှာ သံတိုင်များကာထားသော ထူးဆန်းတဲ့ နေရာတစ်ခုမှာ ရပ်လိုက်ကြ၏။

“တော်ဝင်နန်းတော်အတွင်းမှာ ဘယ်လိုလုပ် ဒီလိုနေရာကြီး ရှိနေရတာလဲ”

လီယုဟန်ရဲ့ မျက်နှာက ချက်ချင်းပဲ သံတယများနဲ့ ပြည့်နှက်သွားခဲ့သည်။ ရှကျိုးယွီ လာရောက်ဖို့အတွက် ဒီကွမ်းရန် နန်းတော်က လျှင်မြန်စွာ ဆောက်လုပ်ထားတာဖြစ်သည့်အတွက် ပိုက်ဆံအများကြီး အသုံးပြုကာ ကောင်းမွန်လှသော နန်းတော်တစ်ခုကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ ဒါပေမဲ့ နန်းတော်အတွင်းမှာ ဒီလိုမကိုက်ညီတဲ့ နေရာမျိုး ရှိနေသေး၏။

“ငါတို့ အရှင်မင်းကြီးကိုပဲ သွားတွေ့ရအောင်။ ဒီလိုမျိုး နန်းတော်ထဲ လှည့်ပတ်သွားလာနေတာက မကောင်းဘူးထင်တယ်”

ကျန်းဖူရှန်ရဲ့ မျက်နှာက အနည်းငယ် တွန့်ဆုတ်လာ၏။ ရှကျိုးယွီ ရဲ့နန်တော်အတွင်းမှာ မသင့်လျော်တဲ့ အရာများကို သူ မလုပ်ချင်ပေ။

ဒါပေမဲ့ လီယုဟန် ကတော့မတူညီဘူး။ သူမက ရှကျိုးယွီ နဲ့ပတ်သက်ပြီး အနိုင်ယူစရာ ကိစ္စများကို ရှာဖွေချင်မိ၏။ အကယ်လို့ ရှကျိူးယွီ ထပ်မံ အနိုင်ကျင့်လာခဲ့ရင် ထိုအချက်ကို အသုံးပြုပြီး ရှကျိူးယွီကို ပြန်လည် ခြိမ်းခြောက်လို့ရနိုင်မည်။

“သခင်ကြီး ဒီအဆောက်အဦးက တော်တော်လေး ထူးဆန်းနေတယ်လို့ထင်တယ်။ ပြီးတော့ အဲ့ဒီအစောင့်နှစ်ယောက်ကလည်း သံတယ ဝင်ဖို့ကောင်းတယ်။ ဘယ်သူသိနိုင်မှာလဲ.. ဒီထဲမှာ လုပ်ကြံသူ ပုန်းရင်ပုန်းနေမှာပေါ့”

မျက်စိရှေ့က နန်းတော်နဲ့ မလိုက်ဖက်လှသော နေရာကို ရှာဖွေဖို့ လီယုဟန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူမက ရှကျိုးယွီနဲ့ ပတ်သက်ပြီး တူးဆွဖို့ ဆုံးဖြတ်ထားလေ၏။ လုပ်ချင်ရာလုပ်တတ်တဲ့ လီယုဟန်က ကျန်းဖူရှန်ရဲ့ အကြံပေးမှုကို နားမထောင်ခဲ့ပေ။ ကျန်းဖူရှန်လည်း ဘယ်လိုမှ တားမြစ်လို့မရသည့်အတွက် သူ့ရဲ့ ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေကို လျော့ချရင်း အပေါ့ပါးဆုံးအနေထားကို ပြုပြင်ကာ ခိုးဝင်ဖို့ ကြံစည်လိုက်သည်။

“အာ ကံဆိုးလိုက်တာ။ ဒီစုတ်ပြတ်တဲ့နေရာကြီးမှာပဲ ထပ်အစောင့်လုပ်ရပြန်ပြီ။ ငါပြောပါတယ် မင်းကိုမလုပ်နဲ့ ဆိုတာကို အခုတော့ကြည့်တော့။ ငါတို့ ဒီလိုမျိုး ဖြစ်ကုန်ပြီ”

အထဲကနှစ်ယောက်ရဲ့ ငြီးငြူသံ ထွက်ပေါ်လာတာနဲ့ လီယုဟန်ရဲ့ မျက်နှာက အလွန်ရွံရှာသွားလေသည်။

‘ဒီနှစ်ယောက်က တစ်ကယ်ကို အကျင့်မကောင်းကြတာပဲ။ ဒါကြောင့်ငါ တံခါးရှေ့မှာ အကြာကြီး စောင့်နေခဲ့ရတာ’

“ဟမ်း အား အား”

ထိုအချိန်မှာပဲ အဆောက်ဦးအတွင်းကနေ အဆ်တမပြတ် ထွက်ပေါ်လာတဲ့ အော်ဟစ်သံများကို ကြားလိုက်ရသည်။

………

All Chapters