← Chapters

ကြိုးချည်ခံထားရသော အမျိုးကောင်းသားလေး

Vol. 19 Ch. 254

ကြိုးချည်ခံထားရသော အမျိုးကောင်းသားလေး

Vol. 19 Ch. 254

“ပါးစပ်ပိတ်ထားစမ်း”

“မင်းကောင်းကောင်းမနေဘူးဆိုရင် ငါမင်းကို နောက်ထပ် သုံးရက်လုံးလုံး ချိတ်ဆွဲထားပစ်မယ်”

အထဲကနေ အဆက်မပြတ် ထွက်ပေါ်လာတဲ့ မူမမှန်တဲ့ ဆူညံသံများကြောင့် တံခါးပေါက်ကလူနှစ်ယောက် စိတ်ဝင်စားသွားခဲ့သည်။

“အထဲမှာ တစ်ခြားသူတွေ ရှိနေတာလား”

လီယုဟန် ချက်ချင်းပဲ မျက်မှောင်ကျုံ့သွား၏။

ဒီနေရာက ကြည့်ရတာ အကျဉ်းထောင် ဖြစ်ဟန်ရပြီး…

ထိုအစောင့်နှစ်ယောက်ရဲ့ ပုံစံကလည်း တစ်ယောက်ယောက်ကို ခြိမ်းခြောက်နေဟန်ရှိသည်။

“ငါတို့အရင် ထွက်သွားကြရအောင်”

ကျန်းဖူရှန် ချက်ချင်းပဲ ဒီနေရာကို အကျဉ်းထောင်မှန်း မှန်းဆမိသွား၏။

အကယ်လို့ သူတို့ ဂရုမစိုက်ပဲ ဝင်သွားမိပြီးမှ မမြင်သင့်တာကို မြင်သွားခဲ့မယ်ဆိုရင် ရှကျိုးယွီ ဘယ်လိုဆုံးဖြတ်လာမလဲ မသိနိုင်ပေ။ ထို့ကြောင့် လီယုဟန်ကို သတိပေးဖို့ ကြိုးစားလိုက်၏။ ထိုအချိန်မှာပဲ လီယုဟန်က အကြည့်တစ်ချက်သာပေးပြီး အထဲကို မပြောမဆို ဝင်ရောက်သွားလေသည်။

“ဘယ်သူလဲ”

“ဘန်း ဘန်း”

ထိုအချိန်မှာပဲ ရုတ်တရက် အသံထွက်ပေါ်လာတဲ့ အစောင့်နှစ်ယောက်လုံး လီယုဟန်ရဲ့ လက်ချက်ကြောင့် မေ့လျော့သွားလေရဲ့။ သူတို့ခမျာ မတုံ့ပြန်နိုင်ခင်မှာပဲ သတိမေ့သွားခဲ့ကြသည်။

ထိုမြင်ကွင်းကြောင့် လီယုဟန် ဘေးကလိုက်ပါလာတဲ့ ကျန်းဖူရှန်ရဲ့ မျက်နှာက ချက်ချင်းပဲ ဒေါသရောင်များ ဖြစ်ပေါ်လာ၏။

‘ဒီကောင်မလေးက ပြောရဆိုရ ခက်လိုက်တာ၊ ငါ အကြံပေးမလို့လုပ်နေတုန်းပဲ ရှိသေးတယ်။ မဆင်မခြင်နဲ့ အစောင့်နှစ်ယောက်ကို ရိုက်ထည့်လိုက်တယ်..’

“သခင်ကြီး ဒီကိုကြည့်လိုက်”

လီယုဟန် ချက်ချင်းပဲ ထောင့်တစ်ထောင့်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုထောင့်တွင် အဝတ်များ စုတ်ပြဲနေတဲ့ ယောကျာ်းတစ်ယောက်ကို ချိတ်ဆွဲထား၏။

“အား အား”

ထိုသူက လီယုဟန်ကို မြင်တာနဲ့ အဆက်မပြတ် အော်ဟစ်လေတော့သည်။

“ဒီပုဂ္ဂိုလ်က ပြစ်မှုတစ်ခု ကျူးလွန်ထားလို့ ဒီနေရာမှာ နှိပ်စက်ခံထားရတဲ့ အကျဉ်းသား ဖြစ်မယ်နဲ့တူတယ်။ ငါတို့ ဘာမှလုပ်စရာ မလိုအပ်ဘူး”

ကျန်းဖူရှန်အနေနဲ့ ရှကျိုးယွီကို အနိုင်ကျင့်တတ်တဲ့ သူတစ်ယောက် အဖြစ် မသတ်မှတ်ခဲ့ဖူးပေ။ ထို့ကြောင့် နန်းတော်အတွင်းမှာ အကျဉ်းထောင် ရှာတွေ့တာကိုပင် သူ့အတွက် ထူးဆန်းနေ၏။ ရှကျိုးယွီက ဘယ်လိုမှ သူများကို မှားယွင်း သတ်ဖြတ်မည့် လူစားမဟုတ်ပေ။

“မဟုတ်ဘူး ကျွန်မအရင်က ပြောခဲ့ဖူးတာကို မှတ်မိသေးလား။ သူက ကျွန်မရဲ့ ဂိုဏ်းတူ မောင်လေးပဲ”

ခေါင်မိုးပေါ်က ချိတ်ဆွဲထားတဲ့ ကြိုးတန်းကနေ ကောင်းမင်ကို လီယုဟန် ကြိုးဖြည်ပေးလိုက်သည်။

လီယုဟန်ရဲ့ စကားကြောင့် ကျန်းဖူရှန်ရဲ့ မျက်နှာက အနည်းငယ် အခက်တွေ့သွားဟန်ပဲ။

“ဒါကနည်းနည်း ထူးဆန်းနေပြီ”

“ဂိုဏ်းတူအမ အူဝါး…. ကျွန်တော်ဗိုက်ဆာတယ်။ သူတို့တွေ ကျွန်တော့်ကို ဒီမှာ ချိတ်ဆွဲထားကြတာ ဘာမှလည်းမကျွေးကြဘူး။ ကျွန်တော့်ကို အငတ်သတ်နေကြတာ”

ကြိုးဖြည်ပေးပြီးတာနဲ့ ကောင်းမင် တစ်ယောက်ခံစားခဲ့ရသမျှ နာကျင်စရာ အတိတ်တွေကို ငိုယိုရင်း တိုင်တောလေရဲ့။

လီယုဟန် ချက်ချင်းပဲ ကောင်းမင်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ထိုအချိန်မှသာ သူမ စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်၏။

“အဆင်ပြေတယ်။ အနည်းငယ် အားနည်းရုံလောက်ပဲ။ ဘာမှပြင်းပြင်းထန်ထန် ခိုက်မိထားတာ မရှိဘူး”

အတွေးလွန်နေဟန်ရှိသော ကျန်းဖူရှန်လည်း ကောင်းမင် အနားသို့ လာရောက်ကာ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

“အပြင်ပန်း ဒဏ်ရာတွေ မရှိတာကို ကြည့်ရသလောက် ဒီလူက အရမ်းတော့ မနှိပ်စက်ခံထားရပါဘူး။ ဒီနေရာမှာ နှိပ်စက်ခံထားရတာထက် သာမန်အကျဉ်းချ ခံထားရတာနဲ့ ပိုတူတယ်”

အသေးစိတ် စစ်ဆေးပြီးတာနဲ့ ကျန်းဖူရှန် တွေးတောလိုက်သည်။

“အဲ့ဒါက တရှားရဲ့ ဘုရင်ပဲ။ ကျွန်တော့်ကို လုပ်ကြံသူအဖြစ် စွပ်စွဲပြီးတော့ ဒီနေရာမှာ ပိတ်ထားခဲ့တာ။ ဂိုဏ်းတူအမ ရောက်လာတာ ကျွန်တော်တစ်ကယ်ပဲ ဝမ်းသာတယ်။ မဟုတ်ဘူးဆိုရင် ကျွန်တော်လည်း အဖမ်းခံထားရတော့ ဂိုဏ်းတူအမလည်း အဖမ်းခံရလောက်ပြီလို့ ထင်နေခဲ့တာ”

ကောင်းမင်ရဲ့ နှလုံးသားတစ်ခုလုံး နားကျင်မှုနဲ့ ပြည့်နှက်နေခဲ့သည်။

သူသည် ကျိကျီမြို့ကိုရောက်လာကတည်းက ပထမဦးဆုံး ထောင်ချောက်မိခဲ့၏။ ထို့နောက်မှာ အဆင့်သုံး မိန်းမစိုးတစ်ယောက်ထံက နှိပ်စက်ခံခဲ့ရသည်။ သူတို့က သူ့ကို ဒီနေရာမှာ ချိတ်ဆွဲထားပြီး အစာရေစာတစ်စက်မှ မကျွေးခဲ့ကြပေ။ နောက်ဆုံးတော့ ဂိုဏ်းတူအမကို ပြန်လည်တွေ့ခဲ့ရသည့်အတွက် ကောင်းမင်ရဲ့ နှလုံးသားက မနေနိုင်စွာ တုန်ယင်လာတော့သည်။

“အူဝါး ဂိုဏ်းတူအမ ကျွန်တော်အများကြီး ခံစားခဲ့ရတာ။ ထျန်းလင်ဂိုဏ်းကို ပြန်ရောက်တာနဲ့ လူရှာပြီးတော့ ဒီတရှားတိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ ဘယ်လိုသတ္တိနဲ့များ မြင့်မြတ်လှတဲ့ ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို ဒီလိုမျိုး နှိပ်စက်ရဲတာလဲ။ ထျန်းလင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ”

ကောင်းမင် တစ်ယောက် အဆက်မပြတ်ငြီးငြူ အော်ဟစ်နေရင်း ကြမ်းတမ်းတဲ့ စကားလုံးများကို ပြောဆိုလိုက်သည်။ သူ့ရဲ့မျက်လုံးက မျက်ရည်များ အဆက်မပြတ်ကျနေပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ််တုန်ယင်နေ၏။

ဒီလိုနဲ့ပဲ အခန်းထဲက လေထုက ချက်ချင်းလေးလံ ထိုင်းမှိုင်းလာခဲ့သည်။

အကယ်လို့ ရှကျိုးယွီက တကယ်ပဲ ထျန်းလင်ဂိုဏ်းရဲ့ တပည့်တွေကို စော်ကားခဲ့တာဆိုရင် ကိစ္စက မတူညီတော့ဘူး။

လီယုဟန်ရဲ့ မျက်နှာကလည်း မထိန်းနိုင်အောင် စိတ်လှုပ်ရှားလာ၏။

“ဒါပေမဲ့ အရှင်မင်းကြီး ငါ့ကို ပြောခဲ့တာက ကောင်းမင်က လွတ်မြောက်သွားခဲ့ပြီး ဒဏ်ရာတစ်ချို့ ရခဲ့တာလို့ပဲ။ ဘာလို့ သူကဒီအကျဉ်းထောင်ထဲ ရောက်နေခဲ့တာလဲ”

သူမ အဆက်မပြတ်တွေးတောနေရင်း စိတ်လှုပ်ရှားမှုများ ပြင်းထန်လာခဲ့သည်။

“မင်းရဲ့ ဂိုဏ်းတူမောင်လေး ပုံစံကိုကြည့်ရတာ သူခိုးတွေရဲ့ လက်ထဲကို ကျရောက်သွားတာနဲ့ မတူဘူး။ အဲ့ဒီအစား သူက ကာကွယ်ခံထားရတာနဲ့ ပိုတူတယ်။ လုပ်ကြံသူအဖြစ် ဖမ်းဆီး ခံရပြီးနောက်မှာ အရှင်းမင်းကြီးက ဒီလိုလုပ်ခဲ့တယ်ဆိုတော့ ဒါကအရှင်မင်းကြီးရဲ့ ကာကွယ်ပုံ ကာကွယ်နည်းလို့ ငါထင်တယ်”

ကျန်းဖူရှန်က အများကြီး မအံ့သြခဲ့ပေ။ အရှေ့က အခြေနေကို ကြည့်လိုက်တာနဲ့ သေချာ တွေးတောကြည့်မယ်ဆိုရင် နောက်ကွယ်က ဇာတ်လမ်းတစ်ခုလုံးကို မှန်းဆနိုင်ပါ၏။

“မင်းတို့နှစ်ယောက်လုံးက လုပ်ကြံသူတွေအဖြစ် ဖမ်းဆီးခံလိုက်ရတယ်။ အရှင်မင်းကြီးက မင်းတို့ကို လုပ်ကြံသူမဟုတ်မှန်း သိပေမယ့် အဲ့ဒီအချိန်မှာတုန်းက မင်းရဲ့ မောင်လေးက လက်ပူးလက်ကြပ် မိထားခဲ့တာ။ ဒါကြောင့်ပဲ အရှင်မင်းကြီးက ဒီလိုနည်းလမ်း သုံးပြီးတော့ မင်းရဲ့မောင်လေး ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်း ထွက်စေခဲ့တာနဲ့တူတယ်။ ဒီလိုဆိုရင် အစောင့်တွေကို အသုံးပြုပြီး နောက်ကွယ်က လုပ်ကြံသူအစစ်ကို ရှာဖွေလို့ ရနိုင်မယ်။ ပြီးရင် မင်းတို့နှစ်ယောက်ကိုလည်း တိတ်တဆိတ် ကာကွယ်လို့ရသွားမယ်”

ကျန်းဖူရှန် တစ်ယောက် စဉ်းစားရသမျှ အဆက်အသွယ်တွေကို အသုံးပြုရင်း ဇာတ်လမ်းတစ်ခုလုံးကို တွက်ချက် ဖော်ပြပေးလိုက်သည်။

ချက်ချင်းပဲ လီယုဟန်ရဲ့ မျက်လုံးထဲမှာ ခံစားချက်များ ပြည့်နှက်လာပြီး သူမရဲ့ မျက်ခမ်းဆက်က အနည်းငယ် ပူနွေးလာခဲ့သည်။ သူမရဲ့ နှလုံးသားတစ်ခုလုံး မနေနိုင်အောင် ခံစားလိုက်ရ၏။ ရှကျိုးယွီက သူမအတွက် ဒီလောက်ထိ လုပ်ပေးမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။ တစ်ဖက်လူက သူမကို အချိန်အကြာကြီး ကာကွယ်ပေးနေတာပါလား…

သူမတို့ရဲ့ ဘေးနားမှာ အသည်းအသန်ငိုကြွေးနေတဲ့ ကောင်းမင်ပင် သံတယမျက်ဝန်းများ ဖြစ်ပေါ်လာခဲ့သည်။

“ဟမ် ဘယ်လိုလုပ် ဒီတရှားရဲ့ အရည်အချင်း မပြည့်မှီတဲ့ ဘုရင်က လူကောင်းတစ်ယောက် ဖြစ်သွားရပြန်တာလဲ။ ဂိုဏ်းတူအမ သူပြောတာမယုံနဲ့။ ကျွန်တော့်အတွက် ကလဲ့စားချေပေးရမယ်။ ဒီကိစ္စက ကျွန်တော်တို့ ထျန်းလင် ဂိုဏ်းရဲ့ ဂုဏ်သတင်းနဲ့ပါ သက်ဆိုင်နေပြီ”

ရှကျိုးယွီအတွက် အကောင်းပြောပေးနေသော အရှေ့က ပုဂ္ဂိုလ်နှစ်ယောက်ကြောင့် ကောင်းမင်ရဲ့ အသိစိတ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ ဘာလို့များအရာအားလုံးက သူ့အတွက် မှားယွင်းနေရတာလဲ နားမလည်နိုင်တော့ပေ..

“ပြန်ကြရအောင် ငါတို့အရှင်မင်းကြီးကို စိတ်ပျက်စေလို့မရဘူး”

လီယုဟန် အနည်းငယ် တွန့်ဆုတ်သွားခဲ့ပေမဲ့ သူမရဲ့ အဓိကတာဝန်ဖြစ်သော အစီရင်အတုနဲ့ ပတ်သက်ပြီး အရင်ရှာဖွေဖို့ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ အဓိက ဦးစားပေး လုပ်ဆောင်ရမှာက ဂိုဏ်းရဲ့တာဝန်ကို ပြီးမြောက်ဖို့ပဲ။ ကောင်းမင်ရဲ့ လက်ရှိအခြေနေက အားနည်း နေသေးသည့်အတွက် သူမတို့နဲ့ အတူခေါ်ဆောင်ခဲ့လို့မရပေ။ သူမတို့ကိုပါ အလုပ်ပိုစေလိမ့်မည်။ ဒါ့အပြင် ကောင်းမင်အတွက် အကျဉ်းထောင်ထဲမှာ အန္တရာယ် မရှိပေ။ ဒီအကျဉ်းထောင်က ကောင်းမင်အတွက် အနားယူလို့ ရနိုင်တဲ့ လုံခြုံသော နေရာတစ်ခုဟုပင် ပြောဆိုနိုင်၏။

ထို့ကြောင့် လီယုဟန် ချက်ချင်း လှုပ်ရှားလိုက်သည်။

သူ့ကို ကြိုးပြန်ချည်နေသော လီယုဟန်ကြောင့် ကောင်မင်းရဲ့ နှလုံးသားတစ်ခုလုံး ထိတ်လန့် ခြောက်ခြားလာပြီး အလွန်တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်တော့သည်။

“ဂိုဏ်းအတူအမ….ဂိုဏ်းတူအမ ထွက်သွားမယ်ပြောတာ ကျွန်တော့်ကို ခေါ်မသွားဘူးလား။ ဒီနေရာမှာ ချိတ်ဆွဲထားတာကြီး မလိုချင်တော့ဘူး။ အနည်းဆုံးတော့ ကျွန်တော်စားဖို့ တစ်ခုခု ပေးခဲ့ပါဗျာ။ နှစ်ရက်လုံး ဘာမှမစားပဲ အငတ်ခံထားရတာ”

ဒါပေမဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာနဲ့ လီယုဟန်ကတော့ ကောင်းမင်ရဲ့ ပါးစပ်အတွင်းသို့ အဝတ်စတစ်စ ထိုးထည့်လိုက်လေရဲ့။ ဒီလိုနဲ့ပဲ လောကကြီးတစ်ခုလုံးက ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

“အား အား အား”

ထို့နောက်မှာ ကျန်းဖူရှန်လည်း လဲကျနေသော အစောင့်နှစ်ယောက်ကို တိုင်မှာ မှီပေးထားလိုက်သည်။

ဒိလိုနဲ့ပဲ နှစ်ယောက်သား ထွက်သွားခဲ့ကြပြီး တိုင်မှာချိတ်ဆွဲထားခံရသော ကောင်းမင်သာ မျက်ရည်များ စီးကျရင်း ကျန်ရစ်ခဲ့၏။

………..

All Chapters