← Chapters

အနက်ရောင်ချီလင်

Vol. 1 Ch. 154

အနက်ရောင်ချီလင်

Vol. 1 Ch. 154

ကျန်းရီသည် ထိုညနေတွင် ကျင့်ကြံ မနေခဲ့ပေ။ ယနေ့တွင် ကိစ္စအများကြီး ဖြစ်ပွားခဲ့ရာ သူ့အနေနှင့် စိတ်ငြိမ်ငြိမ် မထားနိုင်ပါချေ။

စုလောရွှယ် ပြန်သွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းရီသည် သူမ၏ ကိုယ်သင်းနံ့များ ရနေဆဲ ဖြစ်လေသည်။ သူသည် ကျောက်တုံးဂူတွင်းရှိ သူ့အခန်း လေးထဲတွင် မျက်လုံးများ မှိတ်ကာ လဲလျောင်း လိုက်သည်။ သူသည် စုလောရွှယ် သူ့အား ဖက်ခဲ့သည့် အချိန်အား ပြန်မြင်ယောင်ကာ ရင်ခုန်နေခဲ့သည်။

သူသည် အသက် ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်နေခဲ့ပြီ ဖြစ်ပြီး လူပျိုပေါက် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ သူသည် ချမ်ဝမ်ကွမ်နှင့် အနေနီး၍ ထိုဖက်တီး၏ အကျင့်စရိုက်များ ကူးစက်ကာ ယောက်ျားနှင့် မိန်းမအကြားရှိ ကိစ္စရပ်များကို လျစ်လျူရှု ထားခဲ့သည်။ ထို့ကြောင့် အချစ်ရေးနှင့် ပတ်သက်လာလျှင် သူသည် နကန်းတစ်လုံးမှ မသိသူ ဖြစ်လေသည်။

စုလောရွှယ်နှင့် ကျန်းရီသည် မရှင်းလင်းသော ဆက်ဆံရေး ရှိလေသည်။ သူတို့သည် အဖြစ်အပျက် များစွာအား အတူကျော်ဖြတ် ခဲ့ကြပြီး ဖြစ်သလို သူ့ရင်တွင်း တစ်နေရာမှလည်း ထိုဆရာမ အပေါ်တွင် ထူးဆန်းသော ခံစားချက်တစ်မျိုး ရှိနေလေသည်။ သူမသည် ဆရာမတစ်ယောက် ဖြစ်သောကြောင့် အစက အခြားအတွေးများ သူမတွေးရဲခဲ့ပေ။ ထိုအချက်ကြောင့်လည်း စုလောရွှယ်သည် ကျန်းရီအား ရှောင်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူသည် စုလောရွှယ်နှင့် မတန်ဟု ကျန်းရီ ထင်နေခဲ့ခြင်း ကဲ့သို့သော အကြောင်းအရင်း များလည်း ရှိသေးသည်။ သူသည် မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက အလှောင်ပြောင်ခံ၊ အနိုင်ကျင့်ခံ၊ အရှက်ခွဲခံ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ နိမ့်ကျသည်ဟု ခံစားနေရကာ သခင်လေးများ၊ မမလေးများအား မုန်းမိပေသည်။ သူ၏ ကိုယ်ပိုင် ခံယူချက်ကြောင့် ထိုသူတို့နှင့် မည်သည့်အခါမှ ရောရောနှောနှော နေခဲ့ခြင်း မရှိခဲ့ပေ။

သူသည် တိတ်တိတ်ပုန်း ကလေး တစ်ယောက် ... ရှက်ဖွယ် မျိုးမစစ် တစ်ယောက်သာ ဖြစ်လေသည်။

စုလောရွှယ်သည် မြင့်မားသော အဆင့်အတန်း ရှိလေသည်။ သူမ၏ သာမန်ထက် ထူးခြားသော ဇစ်မြစ်အကြောင်း ချမ်ဝမ်ကွမ် တစ်ခါက သူ့ကို ပြောပြခဲ့ဖူးသည်။ ကျန်းရီသည်လည်း သိခဲ့ပါသည်။ သူမသည် ခရမ်းရောင် ကောင်းကင် အလင်းတန်းကဲ့သို့ အားကောင်းသော လျှို့ဝှက်ကျင့်စဉ် တစ်ခုပိုင်ဆိုင် ထားသေးရာ သာမန်ဂိုဏ်းတစ်ခုမှ ဆက်ခံသူလေး မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် သူတို့ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းမှ ပြန်လာပြီး နောက်ပိုင်း သူ၏ နှလုံးသားမှ ထိုလှပသော မိန်းကလေးအား ထပ်မံတွေ့မြင်ရရန် တောင်းဆို နေခဲ့သော်လည်း သူမကို သူတစ်ခါမှ သွားမရှာခဲ့ပေ။

ကျန်းရှောင်နူ၏ ကိစ္စအပြင် သူ့တွင် ရန်သူများစွာနှင့် အညှိုးအတေးများ ရှိနေခဲ့ရာ သူဘယ်အချိန် သေသွားမည်ဟု မပြောနိုင်ပေ။ ထို့ကြောင့် သူသည် လွန်ကဲသော မျှော်လင့်ချက်များ မထားရဲပါပေ။

"ရွှီ"

ကောင်းကင်ထက်သို့ မီးရှူးတစ်ခု ထိုးတက် လာခြင်းကြောင့် ကျန်းရီသည် အတွေးထဲမှ လန့်နိုးသွားခဲ့သည်။ သူ့မျက်လုံးများ အေးစက်သွားကာ အလျင်အမြန် အခန်းထဲမှ ထွက်သွား လိုက်သည်။

"သခင်လေးရီ ... တစ်ယောက်ယောက် တောင်ပေါ်တက်လာပြီး ကျွန်တော်တို့ဆီ ချဉ်းကပ်လာပါတယ် ... အင်အားက အရမ်းကြောက်စရာ ကောင်းပါတယ်"

ချမ်ခွမ်းသည် အလျင်အမြန် ရောက်ရှိလာကာ အကြောင်းကြား လာသည်။ ကျန်းရီသည် ဂူဝဆီ လျှောက်သွားကာ ကျောက်တုံးစွန်းထက် မတ်တတ် ရပ်လိုက်သည်။ သူသည် မှောင်မည်း တိတ်ဆိတ်နေသော တောထဲသို့ တစ်ချက် ကြည့်လိုက်ကာ လက်ဟန် ပြလိုက်သည်။

"ချမ်ခွမ်း ... မင်းတို့တွေ အားလုံးဆုတ်ခွာပြီး ပုန်းဖို့နေရာ တစ်နေရာ ရှာကြ"

"သခင်လေးရီ"

ချမ်ခွမ်းသည် ထိတ်လန့်သွားခဲ့ပြီး အံကိုကြိတ်၍ ပေရပ်နေလိုက်သည်။

"ဒါကအမိန့်ပဲ"

ရှင်းပြနေရန် အချိန်မရှိရာ ကျန်းရီသည် လက်ကိုယမ်း၍သာ ပြောလိုက်သည်။

"ငါ့ကို လာရှာရဲတဲ့ တစ်ယောက်ယောက်က မင်းတို့ ဝင်ပြီးပတ်သက် သင့်တဲ့သူ မဟုတ်ဘူး... သွားကြ"

ကျန်းရီသည် ဒေါသထွက် နေခဲ့သည်။ ချမ်ခွမ်းသည် ဆက်မပြော ရဲတော့ရာ ပါးစပ်ပိတ်၍ သူတို့ ဂိုဏ်းသားများနှင့် ကျောက်တောင်ပေါ်မှ ဆင်းကာ သစ်တော မှောင်မှောင်ထဲသို့ ဝင်ရောက် လိုက်ကြသည်။

အနီရောင် ဓားမြှောင်သည် ကျန်းရီ၏ လက်ထဲတွင် ချက်ချင်း ထွက်ပေါ် လာခဲ့သည်။ သူသည် ခပ်လှမ်းလှမ်းသို့ သံသယရှိသော မျက်လုံးများနှင့် ကြည့်ကာ ရေရွတ်လိုက်သည်။

"ငါ့ကိုလာပြီး ပြဿနာရှာရဲတဲ့ တစ်ယောက်က ဘယ်သူများလဲ"

ကျန်းရီတွင် ရန်သူများစွာ ရှိလေသည်။ ဥပမာအားဖြင့် ကောင်းကင် တောင်ပံမြို့မှ မာဂိုဏ်းနှင့် ကျန်းဂိုဏ်း ... ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုတို့ ဖြစ်လေသည်။ ထိုလူများတွင် ပြဿနာ ရှာရဲသည့် သတ္တိ မရှိနိုင်ပေ။ သူ့အင်အားသည် ခရမ်းရောင်နန်းတော်ရှင်အဆင့်တွင်တောင် ပြိုင်ဘက်ကင်းနေပြီ မဟုတ်ပါလား ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များဆိုလျှင် ကျန်းစွန်းဂိုဏ်းမှ တစ်ပါး သုံးနိုင်မည့်သူ မရှိလောက်ပေ။ ပြဿနာသည် ... ကျန်းစွန်းဂိုဏ်းသည် သူ့အား လုပ်ကြံ၍ ကျန်းပိုင်လီ၏ ဒေါသအား ဆွရဲပါ့မည်လော။

"အဖြေကို မကြာခင် သိရတော့မှာပါ"

လရောင်အောက်တွင် အနက်ရောင် သားရဲကြီး တစ်ကောင်သည် ပြေးလွှား လာခဲ့သည်။ ထိုသားရဲကြီးသည် အနည်းဆုံး သုံးမီတာခန့် အမြင့်ရှိလောက်ပြီး နှစ်မီတာကျော် ရှည်လျား လောက်ပေမည်။ ထိုသားရဲကြီးသည် ငွေလဝံပုလွေထက်ပင် ခန့်ညားပုံ ပေါ်နေသေးသည်။ ထိုသားရဲကြီးသည် ထူးဆန်းသော ပုံပန်းသွင်ပြင် ရှိလေသည်။ အာဖရိက တောကြီး မျက်မည်းထဲမှ သမင်ကြီးနှင့် တူသည့် ခန္ဓာ၊ ခြင်္သေ့ဦးခေါင်း၊ နဂါးအကြေးခွံများ၊ သမင်ခွာများနှင့် နွားသိုးတစ်ကောင်၏ အမြီးတို့ ရှိနေလေရာ သားရဲကြီးအား ကြည့်ရသည်မှာ အလွန်ထူးဆန်း နေလေသည်။

"အနက်ရောင်ချီလင်"

ကျန်းရီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်း သွားခဲ့သည်။ ဤနတ်ဆိုးသားရဲ အကြောင်း သူတစ်ခါက စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးလေသည်။ ၎င်းသည် တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ပြီး ဒေါသကြီး တတ်သော အမျိုးအစား ဖြစ်လေသည်။ ထို့ကြောင့် ၎င်းသည် အမြီးသုံးချောင်း မြေခွေးလောက် ကြောက်စရာ မကောင်းပေ။ အနက်ရောင် ချီလင်များသည် ကျင့်ကြံနိုင်၍ စတုတ္ထအဆင့် ခရမ်းရောင် ချီလင်နှင့် ပဉ္စမအဆင့် မီးတောက်ချီလင် အဖြစ် ပြောင်းလဲသွားနိုင်ဟု ဆိုရိုးစကားများ ရှိလေသည်။

ကျန်းရီ၏ မျက်လုံးများသည် အနက်ရောင် ချီလင်အား ဝေ့ကြည့်နေရင်းမှ ချီလင်၏ ကျောထက်တွင် ထိုင်နေသော မိန်းကလေးထံတွင် ရပ်တန့်သွား ခဲ့လေသည်။ ထိုမိန်းမပျိုလေးသည် စုလောရွှယ်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်နှင့် လှပသော မျက်နှာသွင်ပြင် ရှိလေသည်။ အထူးသဖြင့် သူမ၏ မျက်ရစ်မပါသော မျက်ခွံလေးများနှင့် ချွန်နေသော နှာခေါင်းလေးသည် ယဉ်ကျေး သိမ်မွေ့သော သဘောထားကို ပေါ်လွင်စေလေသည်။ သူမသည် ထူးဆန်းစွာ ဝတ်စားထားခဲ့သည်။ သူမသည် အစိမ်းရောင် ခေါင်းလောင်းလေးများ ချိတ်ဆွဲထားသည့် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားခဲ့ပြီး လည်တိုင်ကျော့ ထက်တွင် ငွေဘယက်တစ်ခု ရှိနေလေသည်။ ဆံပင်အား ရိုးရာနည်းအတိုင်း ထုံးဖွဲ့ထားခဲ့ပြီး သူမ၏ တောက်ပဖြူဖွေး နေသော နားသံသီး လေးများတွင် ငွေနားကွင်း အဝိုင်းကြီးများကို ဝတ်ဆင် ထားလေသည်။

"ဝေါင်း ... ဝေါင်း"

အနက်ရောင် ချီလင်ကြီးသည် ပြေးလာခဲ့ပြီး မျက်လုံးများသည် ထိုးထွက်နေသည့် ကျောက်သား အစွန်းတွင် ရပ်နေသော ကျန်းရီအား လမ်းတစ်လျှောက်  စိုက်ကြည့် လာလေသည်။ ၎င်း၏ အော်ဟစ်သံများသည် မိန်းကလေး၏ ဝတ်စုံမှ ခေါင်းလောင်းသံ တချွင်ချွင်နှင့် စည်းချက် ညီနေတော့သည်။

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်

မိန်းကလေးသည် အဝေးမှ ကျန်းရီအား လှမ်းကြည့်လိုက်ရာ မျက်ခုံးတို့ စုကျုံ့သွားခဲ့သည်။ ကျောက်တုံးစွန်းနှင့် ပေတစ်ထောင်ခန့် ဝေးသော အောက်တစ်နေရာတွင် သူမသည် အနက်ရောင် ချီလင်အား ရပ်တန့် စေလိုက်ကာ ကျန်းရီနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

"ဒီအနက်ရောင် ချီလင်ကြီးက ဝိညာဉ်သားရဲ မဟုတ်လို့ ဘာလဲ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းက လွဲပြီး ဘယ်သူ့မှာမှ နတ်ဆိုးသားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးနိုင်တဲ့ ကျင့်စဉ် မရှိဘူးလို့ ငါထင်နေတာ ... ဒီမိန်းကလေးက အနက်ရောင် ချီလင်ကို ဘယ်လို ယဉ်ပါးအောင် လုပ်ထားတာလဲ"

ကျန်းရီသည် တစ်ခါမှ မမြင်ဖူးသော မိန်းကလေးအား ကြည့်ကာ အကဲခတ် နေလိုက်သည်။ သူမ၏ ရည်ရွယ်ချက်ကို သူ မရှင်းလင်းသေးပေ။

မိန်းကလေးသည် ကျန်းရီအား ခဏမျှ စိုက်ကြည့် နေခဲ့ပြီစ နူးညံ့သော လေသံလေးနှင့် စကားစ လာခဲ့သည်။

"ရှင်က ကျန်းရီ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ နံပါတ်တစ် ပါရမီရှင်"

ကျန်းရီ အံ့သြသွားခဲ့သည်။ ဒီမိန်းကလေးက ဘယ်လိုလုပ်ပြီး သူ့နာမည်ကို သိနေတာလဲ... သူခဏမျှ ဆွံ့အနေခဲ့ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်မခံရဲပေမဲ့ ကျွန်တော်က ကျန်းရီပါပဲ ... မိန်းကလေး ကျွန်တော့်ဆီက ဘာများ အလိုရှိလို့လဲ"

"ကျန်းရီ ... ဒါဆို အကုန်လုံးက မှန်နေတာပဲ"

မိန်းကလေး၏ သစ်အယ်သီးပုံ မျက်လုံးလေးများမှ အေးစက်စက် အလင်း လက်သွားကာ နူးညံ့သော လေသံနှင့် ခပ်ကျယ်ကျယ်လေး ပြောလာခဲ့သည်။

"ဒီသခင်မလေးက ရွှေယွဲ့လျန် မျှော်စင်က ရွှေချမ်လော့ပဲ ... ကျန်းရီ ... ရှင်သေချာ မှတ်ထားပါ... မဟုတ်ရင် ရှင့်ကို သတ်လိုက်တဲ့သူရဲ့ နာမည်ကိုတောင် မသိလိုက်ပဲ နေမယ်"

"ဝီ"

စကားဆုံးသည်နှင့် ရွှေချမ်လော့သည် သူမ၏ ကျောက်စိမ်းနှယ် လက်ဖြူဖြူ လေးများကို ဆန့်လိုက်ကာ သူမ၏ လည်တိုင်ထက်မှ လည်ဆွဲကို ဆုပ်ကိုင် လိုက်သည်။ လည်ဆွဲသည် အဖြူရောင် အလင်းများ တောက်ပလာခဲ့ပြီး အဖြူရောင် အလင်းတန်း တစ်ခုသည် ကျန်းရီထံ ပျံသန်း သွားခဲ့သည်။

"သေစမ်း"

ကျန်းရီသည် လည်ဆွဲမှ ကြောက်စရာ ဖိအားကို ခံစားလိုက်ရပြီး သူ့ထံသို့ အလင်းတန်း တစ်ခု ပျံသန်း လာသည်ကိုသာ မြင်လိုက်ရသည်။ ထိုအလင်းတန်းသည် ချက်ချင်း ကြီးမားလာခဲ့ပြီး ကြောက်စရာ အရှိန်အဝါသည် အုပ်ချုပ်သူ တံဆိပ်တုံးထံမှ ရသော အရှိန်အဝါထက် မလျော့ပေ။ သူ့မျက်နှာ ပျက်ယွင်းသွားကာ အမြန်ဆုံးသော အရှိန်နှင့် ကျောက်တောင်စွန်းမှ ခုန်ချလိုက်သည်။

"ဗုန်း"

လည်ဆွဲသည် လေကိုခွင်း၍ မြင့်တက် သွားခဲ့သည်။ ကျောက်တောင်စွန်းသို့ ရောက်သွားသော အခါတွင် ၎င်းသည် ပေတစ်ရာခန့် ရှည်လျားနေခဲ့ပြီ ဖြစ်လေသည်။ လည်ဆွဲနှင့် ကျောက်တောင်စွန်း ရိုက်မိသွားသည့် အခါ ချောက်ချားဖွယ် အသံကြီး ထွက်ပေါ် လာခဲ့လေသည်။ ကျောက်တောင်ကြီးသည် အလယ်လောက်မှ ထက်ပိုင်း ပြတ်သွားခဲ့ပြီး အပေါ်ပိုင်းသည် ပြိုကျလာခဲ့သည်။ ကျောက်တုံး၊ ကျောက်စများ ပြုတ်ကျလာခဲ့ပြီး ကျောက်မှုန်များမှာ ကောင်းကင်တစ်ခွင် ဖုံးလွှမ်း သွားခဲ့သည်။ ပတ်ဝန်းကျင်မှ တောင်ကြီးများသည် လှုပ်ခါသွားခဲ့ပြီး ကမ္ဘာပြိုသည့် အလား ထင်မှတ်မှား ရလေသည်။

"သေစမ်း"

ကျန်းရီသည် မြေပေါ်ရောက်ရုံ ရှိသေးသည်။ ကျောက်တောင်၏ အပေါ်ပိုင်း ပြိုကျလာသည်ကို တွေ့လိုက် ရလေသည်။ သူသည် ချက်ချင်း ကုန်းရုန်းထကာ ထွက်ပြေး ရလေသည်။

"ဗုန်း"

ကျောက်တောင်တစ်ပိုင်း မြေပြင်နှင့် ထိခတ်သွားသော အခါ မြေမျက်နှာပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဖုန်များ တထောင်းထောင်း ထလာလေသည်။ အသံကျယ်ကြီး တစ်ခုလည်း ပဲ့တင်ထပ် သွားခဲ့လေသည်။ ကျန်းရီသည် ကံကောင်း၍ အသက်ဘေးမှ လွတ်မြောက် သွားသော်လည်း ဖုန်မှုန့်များကြောင့် ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။ သူသည် အလွန်ဒေါသ ထွက်သွားကာ မျက်လုံးများ စတင်နီရဲ လာလေသည်။

ဒီရွှေချမ်လော့က ကျောက်စိမ်းလို သွင်ပြင်ရှိပေမဲ့ စိတ်သဘောထားက ကြမ်းတမ်းလိုက်တာ ... ဒါက သူတို့ ပထမဆုံး တွေ့တာလေ ... နည်းနည်းနှုတ်ဆက် ပြီးတာနဲ့ တိုက်ခိုက် တယ်တဲ့လား ... ပြီးတော့လည်း အားပြင်းပြင်းကြီး တိုက်ခိုက်လိုက်တာ ... သူသာ မြန်မြန် မတုံ့ပြန် နိုင်လိုက်ရင် အသားစတွေ ဖြစ်နေလောက်ပြီ…

အနှီမိန်းမသည် သူ့ထက် အသက်ကြီးပုံ မရသော်လည်း ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်သို့ ရောက်နေခဲ့ပေပြီ။ သူမသည် တတိယအဆင့် ဝိညာဉ်သားရဲ တစ်ကောင်နှင့် ကျန်းရိလျှို၏ အုပ်ချုပ်သူ တံဆိပ်တုံးနှင့် နှိုင်းယှဉ် နိုင်လောက်သော လက်နက်တစ်ခုကို ပိုင်ဆိုင် ထားသေးသည်။ ကျန်းရီသည် ရွှေယွဲ့လျန်မျှော်စင်ကို မကြားဖူးသော်လည်း အနှီမိန်းကလေးတွင် နောက်ခံ ကြီးကြီးမားမား ရှိမည်ဖြစ်ကြောင်း ခန့်မှန်း မိလေသည်။

"ဒီလိုဆိုတော့လည်း"

ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်လွှင့် လိုက်ပေပြီ။ ဤမိန်းကလေးသည် အင်ပါယာရဲ့ မင်းသမီးမကလို့ နတ်မင်းရဲ့ သမီးတော်ဖြစ်ဖြစ် သူဂရုစိုက်နေမည် မဟုတ်ပေ။ အနှီရွှေချမ်လော့သည် သူ့အား သတ်ချင်နေပါလျှင် သူ့ဒေါသကိုလည်း ခံနိုင်ရပေမည်။

***

All Chapters