← Chapters

ဗစ်တိုးရီးယားမြို့၏ တိုက်ခိုက်မှု

Vol. 34 Ch. 500

ဗစ်တိုးရီးယားမြို့၏ တိုက်ခိုက်မှု

Vol. 34 Ch. 500

ပျံဝဲနေသော မီးပွားများက ပန်းပဲဆိုင်ရှိ တူကြီးတစ်လက်ကို အရောင်ဟပ် စေခဲ့ပြီး ၎င်းက နီရဲနေသော သတ္တုတစ်တုံးကို ထုနှက် နေခဲ့သည်။ ၎င်းမှာ အော့ခ် တစ်ဦး အတွက် ရင်ကာချပ်ဝတ်ကြီး တစ်ခု ဖြစ်၏။ ဟေးလ် လုပ်ဆောင်ရမည့် အရာမှာ ထိုရင်ကာချပ်ဝတ်ကို လူသား တစ်ဦး အရွယ်အစားအတွက် ပြန်လည် မွန်းမံ ထုလုပ်ရန်ပင်။

သူ ဗစ်တိုးရီးယားမြို့သို့ ရောက်ရှိလာကတည်းက ထိုသို့သော အရာများကို လုပ်ဆောင်နေ ခဲ့ရသည်။ ဤလူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများက အော့ခ် အရွယ်အစား ချပ်ဝတ်များနှင့် လက်နက်များကို မည်သို့ ရရှိ ခဲ့ကြသည်ကိုတော့ ဘုရားသခင်သာ သိပေလိမ့်မည်။

ဘုရင်မ ဗစ်တိုးရီးယားက သူတို့ကို အသိပေး အကြောင်းကြား ထားခဲ့သော်လည်း ထိုလူသားများက ကြီးမားသော ရင်ကာချပ်ဝတ်များကို သူတို့ ထံသို့ ယူဆောင်လာသည့်အခါ ဟေးလ်နှင့်ဘုရင်တို့မှာ ထိတ်လန့်သွား ကြရဆဲပင်။

သူတို့က ဗစ်တိုးရီးယားမြို့တွင် အချိန်အတော်အတန်ကြာ နေထိုင်ခဲ့ပြီးနောက် အံ့ဩဖွယ်ရာများနှင့် အကျွမ်းတဝင် ရှိနေ ခဲ့ကြလေပြီ။ သူတို့က အော့ခ်ချပ်ဝတ်၊ အိုဂါချပ်ဝတ်နှင့် ဘီလူးကြီးများ၏ ချပ်ဝတ်များကိုပင် မြင်ဖူးခဲ့ကြသည်။

ချပ်ဝတ်မှာ မည်သည့် အရာပင်ဖြစ်စေ သူတို့က ၎င်းကို ပြန်လည် မွန်းမံထု လုပ်ပြီး ကျန် ပိုလျှံသတ္တုများကို ပြန်လည် အသုံးချခဲ့ကြသည်။ ထိုအရာမှာလည်း ဘုရင်မ ဗစ်တိုးရီးယား၏ အမိန့်ပင်။ သတ္တုပိုမို လိုအပ်သော ပစ္စည်း ကိရိယာများကို ပြန်လည် မွန်းမံထုလုပ်ရန် အတွက် အခကြေးငွေ တစ်ခု ရှိနေခဲ့သည်။

ပြန်လည် အသုံချ ထုလုပ်ထားသော သတ္တုနှင့် ပစ္စည်း ကိရိယာများကို ဗစ်တိုးရီးယား မြို့သားများအား ရောင်းချရန် စင်များ ပေါ်တွင် မတင်မီ ပြန်လည် မွန်းမံထုလုပ်ခြင်း ခံရ ပေလိမ့်မည်။

ယနေ့တွင်မူ ဗစ်တိုးရီးယားမြို့သို့ ဧည့်သည်အသစ် တစ်ဦး ဖြစ်သော ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျ ရောက်ရှိ လာခဲ့သည်။

ဟေးလ်နှင့် ဘုရင်တို့ ဂျော့ခ်ျကို အရင်က မြင်ဖူးခဲ့ကြသည်။ ယခင်က ဂျော့ခ်ျမှာ အကျဉ်းသား တစ်ဦး ဖြစ်ခဲ့ပြီး ယခုမူ သူက ဧည့်သည် တစ်ဦး ဖြစ်နေလေပြီ။

ရွှေရောင် ဆံပင်ပိုင်ရှင် ဂျော့ခ်ျမှာ ပန်းပဲဆိုင်၏ ဝင်ပေါက်တွင် ရပ်ကာ ဗစ်တိုးရီးယား မြို့သားများက အမျိုးမျိုးသော ပစ္စည်း ကိရိယာများကို ပြန်လည် မွန်းမံထုလုပ်ရန် ဆိုင်အတွင်းသို့ ယူဆောင်လာသည်ကို ကြည့်နေခဲ့သည်။

သူ ထိုသို့သော အခြေအနေကို ယခင်က မမြင်ဖူးခဲ့ပေ။ သူတို့၏ ပစ္စည်း ကိရိယာများကို အာဏာပိုင် အုပ်ချုပ်သူများမှ ဖြန့်ဝေပေးခြင်း မရှိသလော။ ဂိမ်းမာများက သူတို့၏ ကိုယ်ပိုင်ပစ္စည်း ကိရိယာများကို ပြင်ဆင်ရသလော။ သူရဲကောင်းများသည်သာ သူတို့၏ ကိုယ်ပိုင်ပစ္စည်း ကိရိယာများကို ပြင်ဆင်ကြရသည်။ သာမန် စစ်သားများမှာမူ သူတို့၏ အရှင် ကြီးကြပ်သူထံမှ ပစ္စည်း ကိရိယာများ အထောက်အပံ့ ရရှိကြသည်။

ဗစ်တိုးရီးယားမြို့သားတိုင်းက သူရဲကောင်း တစ်ဦး ဖြစ်သလော။ ထိုအရာမှာလည်း မဖြစ်နိုင်ပေ။

ဂျော့ခ်ျမှာ ဗစ်တိုးရီးယား မြို့သားများ၏ ဓလေ့ထုံးတမ်းများကို စုံစမ်း စစ်ဆေးရန် ထိုနေရာတွင် ရှိနေခြင်း မဟုတ်ပေ။ သူက စစ်ပွဲအကြောင်း ပိုမို လေ့လာရန် ထိုနေရာတွင် ရှိနေခြင်း ဖြစ်၏။ မြေအောက်လောက သတ္တဝါများက သူတို့၏ တံခါးဝတွင်ပင် ရှိနေသောကြောင့် ဗစ်တိုးရီးယား မြို့သားများ၏ စစ်ပွဲအပေါ် သဘောထားမှာ အရေးကြီးလှ၏။ ဘုရင်မ ဗစ်တိုးရီးယားက နတ်ဘုရား တိုင်းပြည်၏ အကူအညီကို လက်ခံရန် ငြင်းပယ် ခဲ့သော်လည်း ဂျော့ခ်ျမှာ စစ်ပွဲ၏ နောက်ပိုင်း အဆင့်များတွင် သူမက အကူအညီ လက်ခံရန် စဉ်းစားလာ လိမ့်မည်ဟု ယုံကြည် နေသည်။

ဂိမ်းမာများမှာလည်း ဂျော့ခ်ျအပေါ် ဖော်ရွေကြ၏။ ထူးဆန်းသော တွေ့ကြုံမှု အမ်ပီစီ တစ်ဦး အနေဖြင့် ဂိမ်းမာတိုင်း သူ့ထံမှ အကျိုးကျေးဇူးများ ရရှိရန် ကြိုးစား ခဲ့ကြသည်။

ဂျော့ခ်ျ သတင်း အချက်အလက်များ စုဆောင်းရန် ပန်းပဲဆိုင် ဝင်ပေါက်တွင် ရှိနေစဉ် ဂိမ်းမာ များစွာက သူနှင့် စကားစမြည် ပြောဆိုကာ ထာဝရတိုင်းပြည်၏ ဗစ်တိုးရီးယားမြို့အပေါ် တိုက်ခိုက်မှုနှင့် ပတ်သက်သော သတင်း အချက်အလက်များကို မျှဝေ ပေးခဲ့ကြသည်။

"ဒီကောင်တွေက စိတ်နောက်စရာ ကောင်းတဲ့ ဝက်တွေပဲ။ သူတို့မှာ အရှက်ဆိုတာ မရှိဘူး။ ကျွန်တော်တို့ အပင်ပန်းဆုံးအချိန်မှာ သူတို့က ကျွန်တော်တို့ကို လာတိုက်ခိုက်ကြတယ်။ အထူးသဖြင့် အဲ့ဒီ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်တွေပေါ့။ ငါ့ကို ယုံပါ၊ သူတို့ အားလုံး စိတ်ရင်း မကောင်းကြဘူး။"

"မင်း ငါ့ကို ထာဝရတိုင်းပြည်မှာ ဘယ်သူက အသန်မာဆုံးလဲလို့ မေးရင် အဖြေက အာသာပဲ။ သူက ဒဏ္ဍာရီတစ်ပုဒ်လိုပဲ။ ပထမဘီတာစမ်းသပ်မှု အတွင်းမှာတင် သူ ရန်မင်ဘီယွမ် သန်းပေါင်း များစွာနဲ့ ဒီဂိမ်းကို ဆော့နေခဲ့ပြီ။ သူက အရမ်း မိုက်တယ်။ အခွင့်အရေး ရရင် ငါ သူ့ကို ကပ်ဖားရမယ်။"

"အဲ့ဒီ သစ္စာဖောက်တွေရဲ့ စကားကို နားမထောင်နဲ့။ သူတို့က အခွင့်အရေး ရတာနဲ့ ထာဝရတိုင်းပြည်ကို ဘက်ပြောင်းမယ့် အသုံးမကျတဲ့ အမှိုက်တွေပဲ။ ငါကသာ လူသားတွေနဲ့ အလင်းအုပ်စုတွေ အပေါ် သစ္စာ ရှိတဲ့ တစ်ဦးတည်းသော သူပဲ။ မင်း ငါ့ကို ဘာတွေ ပေးနိုင်မလဲ။ အရည်အသွေး ကောင်းတဲ့ လက်နက် တစ်ခုလား။"

"ငါ လက်နက်တွေ မလိုချင်ဘူး။ လျှို့ဝှက် ကျမ်းတွေ ဒါမှမဟုတ် မာနာစွမ်းရည် စာအုပ်တွေဆို ရပြီ။ ငါ မာနာစွမ်းရည်အချို့ သင်ယူချင်တယ်။ ဘာလဲ။ မင်း မာနာစွမ်းရည် စာအုပ်ဆိုတာ ဘာလဲ မသိဘူးလား။"

"ညီကိုရာ၊ မင်း ငါတို့ကို ကူညီဖို့ ဒီကို ရောက်နေတယ်လို့ ပြောခဲ့ပေမဲ့ ငါ ခုချိန်ထိ ဘာပစ္စည်း ကိရိယာမှ မမြင်သေးဘူး။ မင်း ငါတို့ကို ပစ္စည်း ကိရိယာ တချို့ ပေးနိုင်မလား။"

ဂိမ်းမာများမှာ ဂျော့ခ်ျထံမှ ပစ္စည်း ကိရိယာများနှင့် အကျိုးကျေးဇူးများ တောင်းဆိုရန် ကြိုးစား နေခဲ့ကြသည်။ သူတို့က အဘယ်ကြောင့် စစ်ပွဲ၏ ဤအဆင့်တွင် ပစ္စည်း ကိရိယာများ ရနိုင်ရန်အတွက် ဆက်လက် ကြိုးစားနေကြသနည်း။ ပစ္စည်း ကိရိယာများမှာ နတ်ဘုရား တိုင်းပြည်၏ အင်အားဖြည့်တင်းမှုများထက် ပို၍ အရေးကြီး နေသလော။

ဂျော့ခ်ျမှာ ဗစ်တိုးရီးယားမြို့တွင် စကားစမြည် ပြောဆိုရုံသာမက ထာဝရတိုင်းပြည်အပေါ် နောက်ထပ် တိုက်ခိုက်မှု တစ်ခု စီစဉ်ရန် ရဲရင့်သော ဗစ်တိုးရီးယားမြို့သား အချို့နှင့်လည်း ဆက်သွယ်မိခဲ့သည်။ ၎င်းမှာ ကြီးမားသော စစ်ဆင်ရေး တစ်ခု ဖြစ်လာ ပေလိမ့်မည်။ ပုံပျက်နေသော လူဆိုးလေး၏ အဆိုအရ သူတို့က အရုဏ်တက်ချိန်တွင် ထာဝရတိုင်းပြည်ကို တိုက်ခိုက်ပြီး နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ထိန်းချုပ်ရန် ဗစ်တိုးရီးယားမြို့သား ထောင်ပေါင်း များစွာကို စုစည်းကြ ပေလိမ့်မည်။ ဤသည်က ဗစ်တိုးရီးယား မြို့သားများအား မြေအောက်လောကသို့ စိတ်ကြိုက် ဝင်ရောက်နိုင်စေပြီး ထာဝရတိုင်းပြည်မှ စစ်သည်တော်များကို မြေပေါ်ကမ္ဘာသို့ ဝင်ရောက်နိုင်ခြင်းမှ တားမြစ်စေ ပေလိမ့်မည်။ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ထိန်းချုပ်နိုင်သူ မည်သူမဆို စစ်ပွဲတွင် အသာစီး ရရှိ ပေလိမ့်မည်။ အကြောင်းမှာ ဗစ်တိုးရီးယား မြို့သားများက ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ ပစ္စည်း ကိရိယာများကို ဖျက်စီးနိုင်သောကြောင့်ပင်။

ဂျော့ခ်ျမှာ ဗစ်တိုးရီးယား မြို့သားများက ရန်သူများကို သတ်ဖြတ်ပစ်ရန်ထက် ပစ္စည်း ကိရိယာများအား ဖျက်စီးရန်ကို အဘယ်ကြောင့် ပိုမို ဦးစားပေးနေသည်ကို နားမလည်နိုင်ပေ။ မြေအောက်လောကတွင် အကန့်အသတ် မရှိသော ပစ္စည်း ကိရိယာများ ထောက်ပံ့မှု ရှိနေသည်သာ။ သို့သော် ဂျော့ခ်ျမှာ လူဆိုးလေး၏ စကားများကို အတွန့်မတက်နိုင်ပေ။ လူဆိုးလေးမှာ ယခင်က ယော့ခ်နယ်စားကြီး၏ အကျဉ်းသား တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ သူက ဗစ်တိုးရီးယားမြို့၏ ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်နေခဲ့လေပြီ။ သူ၏ လက်အောက်တွင် ဗစ်တိုးရီးယား မြို့သား များစွာ ရှိနေ၏။ ထာဝရတိုင်းပြည်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် လူဆိုးလေးမှာ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များကို ဦးဆောင်မှု ပေးရန် လိုသည်။

ဂျော့ခ်ျမှာ သူတို့၏ ဦးစားပေး ပစ်မှတ်များအား ထူးဆန်းသည်ဟု ခံစား ခဲ့ရသော်လည်း သူတို့၏ အစီအစဉ်များမှာ တက်ကြွပြီး အပြုသဘော ဆောင်သည်။ အကယ်၍ သူတို့သာ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ထိန်းချုပ်နိုင်ခဲ့ပါက သူတို့က တိုက်ပွဲ၏ ဦးဆောင်မှုကို ရရှိ ပေလိမ့်မည်။ ဂျော့ခ်ျမှာ နည်းဗျူဟာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သောကြောင့် ဤအချက်ကို ကောင်းကောင်း နားလည်သည်။

ဗစ်တိုးရီးယား မြို့သားများ၏ စစ်ပွဲအတွက် ပြင်ဆင်မှုများမှာ လျင်မြန်စွာ ပြီးစီးခဲ့သည်။ နှစ်နာရီအတွင်းတွင် သူတို့က အဖွဲ့ဝင် ၂,၀၀၀မှ ၃,၀၀၀ ခန့် စုစည်း နိုင်ခဲ့ကြသည်။ သူတို့တွင် မတူညီသော ပစ္စည်း ကိရိယာများ ရှိပြီး စည်းကမ်းမဲ့ကာ အရိုင်းဆန်သော်လည်း ဂျော့ခ်ျမှာ သူတို့၏ တိုက်ခိုက်ရေး စွမ်းပကားအပေါ် ပြင်းထန်သော ယုံကြည်ချက် ရှိနေခဲ့သည်။ အကြောင်းမှာ သူ သူတို့နှင့် အရင်က တိုက်ခိုက်ခဲ့ဖူးသောကြောင့်ပင်။

အရုဏ်တက်ချိန်ခန့်တွင်တော့ ဂျော့ခ်ျ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များ နှင့်အတူ ထွက်ခွာခဲ့သည်။

All Chapters