← Chapters

ရဲရင့်သောဂျော့ခ်ျ

Vol. 34 Ch. 496

ရဲရင့်သောဂျော့ခ်ျ

Vol. 34 Ch. 496

"မင်းတို့ အားလုံး ပင်ပန်းနေကြပြီဆိုတာ ငါ သိတယ်။ နံနက်စောစောပဲ ရှိနေသေးတယ်၊ ပြီးတော့ မင်းတို့ အလုပ်,လုပ်ဖို့၊ စာသင်ဖို့နဲ့ လူ့အဖွဲ့အစည်း အတွက် ပံ့ပိုးကူညီဖို့ အော့ဖ်လိုင်း ဆင်းခွင့် မရကြဘူး။ အဲ့အစား မင်းတို့ ဂိုးလ်ရှိုင်းယားမြို့မှာ စုရုံး နေကြရတယ်။ ငါတို့ ဒီလို မဖြစ်သင့်ဘူး..."

ဂိုးလ်ရှိုင်းယားမြို့၏ ရင်ပြင်တွင် သူတို့၏ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီအုပ်စု တစ်စု ရိုးစင်းသော သစ်သားစင်မြင့် တစ်ခု ဘေးတွင် စုရုံးနေခဲ့ကြသည်။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောသော အက်လ်ဖ် တစ်ဦးက စင်မြင့်အောက်မှ ဗစ်တိုးရီးယား မြို့သားများအား ဟောပြော နေခဲ့သည်။ သူ၏ အသံမှာ မာနာ အစွမ်း သွင်းထားခြင်းကြောင့် ကျယ်လောင်လာပြီး မြို့အထက် ကောင်းကင်တွင် ပဲ့တင်ထပ် နေခဲ့သည်။

"ဒါပေမဲ့ အခု အမ်ပီစီ စစ်တပ် တစ်ခုလုံး ထာဝရဝက်တွေကြောင့် ဂိုးလ်ရှိုင်းယားမြို့မှာ ပိတ်မိနေပြီ။ ငါတို့ ငါတို့ရဲ့ မစ်ရှင်ကို ဆက်လက် လုပ်ဆောင်လို့ မရတော့ဘူး။ ဒါကြောင့် ငါ အမ်ပီစီ စစ်တပ်ကို ဗစ်တိုးရီးယားမြို့ထဲကို ခေါ်ဆောင်သွားဖို့ လူတိုင်းကို စုစည်းနေရတာ။ ငါတို့ ဒီမှာ တခြား အစည်းအရုံးဝင်တွေလည်း ရှိတယ်။ မင်းတို့ အရင်က ရန်ငြိုးတွေ ဒါမှမဟုတ် ပဋိပက္ခတွေ ရှိကောင်း ရှိခဲ့နိုင်တယ်၊ ဒါပေမဲ့ ဒီအရေးကြီးတဲ့ အချိန်အခါမှာ ငါတို့အားလုံး စည်းလုံးညီညွတ် နေရမယ်။ ငါတို့ လမ်းဆုံလမ်းခွ ကင်းစခန်းကို အဆုံးရှုံးခံလို့ မဖြစ်ဘူး။ အမ်ပီစီ စစ်တပ်ရဲ့ ပစ္စည်း ကိရိယာတွေနဲ့ အကူအညီတွေက ငါတို့အတွက် အရေးကြီးတယ်။" စင်မြင့်ပေါ်မှ အက်လ်ဖ် မိန့်ခွန်းပြောနေစဉ် ဗိုလ်ချုပ်ရှီဒန်က အသံကြားရာ ရင်ပြင်သို့ လမ်းလျှောက် လာခဲ့သည်။

စင်မြင့်အောက်မှ စစ်သည်တော်များမှာ လာမည့်တိုက်ပွဲ အတွက် စိုးရိမ်ပူပန်နေခြင်း မရှိခဲ့ကြပေ။ ယင်းအစား သူတို့က စည်းကမ်းမဲ့စွာ စကားပြောဆိုကာ လှည့်လည် သွားလာ နေခဲ့ကြသည်။ အကယ်၍ ၎င်းမှာ ဗစ်တိုးရီးယား စစ်တပ်၏ စံနှုန်းဖြစ်ခဲ့ပါက သူက များများစားစား ကြိုးပမ်းမှု မပြုရဘဲ ဗစ်တိုးရီးယားမြို့ကို သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယားမြို့က ထာဝရတိုင်းပြည်ကို အနိုင်ယူသွားနိုင်မည်ဟု ယူဆထားခြင်း မရှိပေ။ သူ ဗစ်တိုးရီးယား မြို့သားများ၏ စည်းကမ်းကို အကဲဖြတ် ကြည့်ရသလောက် ထာဝရတိုင်းပြည်က ဗစ်တိုးရီးယားမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင် လိမ့်မည်ဟု ထင်ရသည်။ အကယ်၍ သူ၏ စစ်တပ်သာ ဗစ်တိုးရီးယား မြို့သားများ နောက်မှ လိုက်ပါကာ သစ်တောထဲသို့ ဝင်ရောက်ခဲ့ပါက ၎င်းမှာ မိမိကိုယ်ကို သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယခင်ကမူ ဗိုလ်ချုပ်ရှီဒန်က ဗစ်တိုးရီးယားမြို့သား ထောင်ပေါင်း များစွာ သစ်တောထဲသို့ ဝင်ရောက်ရန် စုရုံးနေကြောင်း ကြားသိသောအခါ စိတ်လှုပ်ရှားခဲ့မိသည်။ သို့သော် သူက ဤစည်းကမ်းမဲ့သော ဗစ်တိုးရီးယား မြို့သားများကို မြင်တွေ့ပြီးနောက် စိတ်အားထက်သန်မှု မရှိတော့ပေ။ နတ်ဘုရား တိုင်းပြည်၏ တပ်မှူး တစ်ဦး အနေဖြင့် သူက သူ၏ စစ်တပ်အား ဗစ်တိုးရီးယား မြို့သားများ နောက်သို့ လိုက်ပါကာ သစ်တောထဲသို့ ဝင်ရောက်စေခြင်း အန္တရာယ်ကို လောင်းကြေးမထပ် နိုင်ခဲ့ပေ။

"ဆာဂျော့ခ်ျ၊ ဗစ်တိုးရီးယား မြို့သားတွေ ဒီလောက်တောင် စည်းကမ်းမဲ့နေရင် ငါတို့ ဂိုးလ်ရှိုင်းယားမြို့မှာပဲ ဆက်ကျန်နေတာက ပိုကောင်းမယ်လို့ ငါ ထင်တယ်။ စစ်တပ် အတွက် ဒါက ပိုလုံခြုံတယ်။" ဗိုလ်ချုပ်ရှီဒန်က ဂျော့ခ်ျအား ပြောလိုက်သည်။ ဗိုလ်ချုပ်ရှီဒန်ဘေးမှ ဗိုလ်ချုပ်များသည်လည်း သဘောတူညီစွာ ခေါင်းညိတ် လိုက်ကြသည်။

ဂျော့ခ်ျမှာ စိုးရိမ်နေပုံ ရပြီး ဗိုလ်ချုပ်ရှီဒန်အား ပြောလိုက်သည်။ "ဗိုလ်ချုပ်၊ အရှင်က ဒီဗစ်တိုးရီးယား မြို့သားတွေကို နားမလည်ပုံ ရတယ်။ သူတို့က စည်းကမ်းမဲ့ပေမဲ့ တိုက်ပွဲအတွင်းမှာတော့ သူတို့ ရဲရင့်ပြီး ကြောက်ရွံ့စိတ် မရှိကြဘူး။ သူတို့က ကျွန်တော် မြင်ဖူးသမျှထဲမှာ အားအကောင်းဆုံး စစ်သည်တော်တွေပဲ။ ကျွန်တော်တို့ ဗစ်တိုးရီးယား တောအုပ်ကို သေချာပေါက် ထိုးဖောက်နိုင်ပါတယ်။ မြေအောက်လောက သတ္တဝါတွေက ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက် နေကြတယ်။ ကျွန်တော်တို့ ဗစ်တိုးရီးယားမြို့ မကျဆုံးသွားခင် မြေအောက်လောက သတ္တဝါတွေကို တားဆီးရမယ်။"

ဂျော့ခ်ျ ရဲရင့်စွာ ပြောဆို ခဲ့သော်လည်း မည်သည့် ဗိုလ်ချုပ်မျှ သူ့ကို မယုံကြည်ခဲ့ကြပေ။ ဗိုလ်ချုပ်များမှာ ဗစ်တိုးရီးယား မြို့သားများကို တိုက်ပွဲတွင် မကြုံတွေ့ခဲ့ကြဖူးဘဲ ဂျော့ခ်ျနှင့် ပေါက်စီတို့က ရန်သူကို မြှောင့်ပင့်ပြောကာ သူတို့၏ ကျရှုံးမှုများကို ဆင်ခြေပေးရန် ကြိုးစားနေသည်ဟုသာ ထင်ခဲ့ကြသည်။

စည်းကမ်းမဲ့ပြီး အားကောင်းသော စစ်တပ် တစ်ခု ဟူ၍ ရှိနိုင်ပါသလော။ ၎င်းမှာ မဖြစ်နိုင်ပေ။

ဗိုလ်ချုပ်ရှီဒန်မှာ ဂျော့ခ်ျ ရှေ့တွင် ထိုအမှန်တရားကို ထုတ်ဖော် ပြောဆိုမည် မဟုတ်ပေ။ သူ ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် ဖြေရှင်းချက် တစ်ခု စဉ်းစားလိုက်သည်။

"ဆာဂျော့ခ်ျက အဲ့လို ပြောလာမှတော့ ဒီလို လုပ်ကြရအောင်။ ဆာဂျော့ခ်ျက ရှေ့ပြေးတပ် အနေနဲ့ ဒီဗစ်တိုးရီးယား မြို့သားတွေနောက် လိုက်ပြီး ဗစ်တိုးရီးယား တောအုပ်ထဲကို ဝင်ရောက်ရမယ်။"

ဂျော့ခ်ျမှာလည်း ဗိုလ်ချုပ်ရှီဒန်၏ ရည်ရွယ်ချက်ကို နားလည်သည်။ မည်သို့ဆိုဆို သူက အရူးတစ်ယောက် မဟုတ်နေပေ။ ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများကို မယုံကြည်သောကြောင့် သူက ဂျော့ခ်ျအား အခြေအနေကို စူးစမ်းလေ့လာရန် အရင် စေလွှတ်နေခြင်း ဖြစ်၏။

ဂျော့ခ်ျမှာ ဗိုလ်ချုပ်ရှီဒန်၏ မသင်္ကာစိတ်ကို မကျေနပ်သော်လည်း တပ်မှူး တစ်ဦး၏ စိုးရိမ်မှုများကိုတော့ နားလည်နိုင်သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများ၏ အစွမ်းကို ကိုယ်တွေ့ မမြင်ဖူးပေ။ ဗိုလ်ချုပ်ရှီဒန်အတွက် ဗစ်တိုးရီးယား မြို့သားများ၏ အင်အားကို မြင်နိုင်ရန် အချိန်တန်လေပြီ။

"ကျွန်တော် နားလည်ပါတယ် ဗိုလ်ချုပ်ရှီဒန်၊ ကျွန်တော် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ဗစ်တိုးရီးယား မြို့သားတွေနဲ့ အတူ ဗစ်တိုးရီးယားမြို့ကို ဝင်ရောက်ပါ့မယ်။ ပြီးတော့ ကျွန်တော် ဘုရင်မ ဗစ်တိုးရီးယားကို ကျွန်တော်တို့ရဲ့ အင်အားဖြည့်တင်းမှုတွေ အကြောင်း ပြောပြပါ့မယ်။" ဂျော့ခ်ျ ကျယ်လောင်စွာ ပြောလိုက်သည်။ လူတိုင်း ဂျော့ခ်ျ၏ ရဲရင့်မှု အတွက် စိတ်လှုပ်ရှားပြီး လေးစားမှုများဖြင့် ပြည့်နှက်နေ ခဲ့သော်လည်း မည်သူမျှတော့ သူ့နှင့်အတူ သစ်တောထဲသို့ အတူ လိုက်ပါရန် ဆန္ဒ မရှိခဲ့ကြပေ။

လူတိုင်း စိတ်လှုပ်ရှား နေခဲ့ကြသော်လည်း သူတို့ လှုပ်ရှားခြင်း မရှိခဲ့ကြပေ။ သူတို့ သစ်တောထဲသို့ အဖွဲ့ များစွာ စေလွှတ် ခဲ့သော်လည်း မည်သည့် အဖွဲ့မျှ အသက်မရှင်ခဲ့ကြပေ။ ဂျော့ခ်ျလည်း ဤတစ်ကြိမ် ကံကောင်းနိုင်ပါ့မလား။

ဗိုလ်ချုပ်ရှီဒန် ဗစ်တိုးရီးယား မြို့သား၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် ကြိုးစားနေစဉ် ဗစ်တိုးရီးယား မြို့သား ကိုယ်စားလှယ် တစ်ဦး လမ်းလျှောက် လာခဲ့သည်။ ထိုသူမှာ အရပ်ရှည်ပြီး ရုပ်ရည်ချောမောသော လူသား တစ်ဦး ဖြစ်ပြီး ယင်းက ဂျော့ခ်ျကိုပင် မနာလို ဖြစ်စေသည်။

သူ၏ ခေါင်းပေါ်တွင်တော့ "ဖျံခေါင်းလင်ချောင်း" ဟူသော အစိမ်းရောင် စကားလုံးများ ရှိနေ၏။

"နတ်ဘုရား တိုင်းပြည်က သူငယ်ချင်းတို့၊ မင်းတို့က ငါတို့ရဲ့ ဗစ်တိုးရီးယား တောအုပ်ကို ဘေးကင်းစွာ ဖြတ်ကျော်ပြီး ဗစ်တိုးရီးယားမြို့ကို ဝင်ရောက်နိုင်အောင် ကူညီမယ့် အစီအစဉ်ကို သိရှိ ပြီးလောက်ပြီး။ ငါတို့က လိုက်ပါပို့ဆောင်ရေး မစ်ရှင် အတွက် ပြင်ဆင်ထားပြီးပြီ။ မင်းတို့ကော အသင့်ဖြစ်ပြီလား။"

ထိုလူသား စကားပြောဆို နေစဉ် ဂျော့ခ်ျမှာ သူ့ကို ယခင်က မြင်ဖူးပြီး ထိုလူသားကိုပင် သူ၏ ဓားဖြင့် ခုတ်ပိုင်းခဲ့ဖူးသည်ဟု ခံစားရသည်။

"တောင်းပန်ပါတယ်၊ ငါတို့ စစ်တပ် တစ်ခု လုံးကို မင်းတို့ နောက်လိုက်ဖို့ စည်းရုံးလို့ မရလိုက်ဘူး၊ သူတို့က ဂိုးလ်ရှိုင်းယားမြို့မှာ မစ်ရှင် တစ်ခု ရှိနေတယ်။ စိတ်မပူနဲ့၊ ငါ မင်းတို့နောက် လိုက်ခဲ့ပါ့မယ်။" ဂျော့ခ်ျ ရှေ့သို့ တက်ကာ ရဲရင့်စွာ ပြောလိုက်သည်။ ဂျော့ခ်ျမှာ သူတို့နှင့် အရင်က တိုက်ခိုက်ခဲ့ဖူးပြီး ယခု မိတ်ဆွေများ ဖြစ်နေကြပြီ ဖြစ်သောကြောင့် သူက ဗစ်တိုးရီးယား မြို့သားများအပေါ် ယုံကြည်ချက် ရှိသည်။

ဂိမ်းမာများမှာ စိတ်ပျက်သွား ခဲ့ကြသော်လည်း အနည်းဆုံးတော့ အမ်ပီစီ တစ်ဦး သူတို့ နောက်သို့ လိုက်ပါ နေခဲ့သေးသည်။ ၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု၏ အစပင်။

All Chapters