← Chapters

သေစမ်း

Vol. 6 Ch. 83

သေစမ်း

Vol. 6 Ch. 83

"ဟမ်..."

ငှက်နီနယ်မြေမှ မင်းသားတစ်ပါးသည် တစ်ဖက်လူက ထိုကဲ့သို့ လက်ညှိုးထိုး၍ မောက်မာစွာပြောလာသည်ကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ ယန်ရှန်ထျန်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်လေ၏။

"မင်းရဲ့သဘောထားက နည်းနည်းတော့ မလေးမစားဖြစ်နေပုံပဲ"

"ဟက် အဲ့ဒီလိုဖြစ်သွားတာလား"

ယန်ရှန်ထျန်းက လှောင်ပြောင်လာသည်။

"လေးစားမှုဆိုတာ အင်အားကြီးသူတွေအတွက်ပဲ...အားနည်းသူတွေက လေးစားမှုကို မခံယူထိုက်ဘူး"

ငှက်နီနယ်မြေမှ မင်းသား၏မျက်နှာက လုံးဝ တင်းမာ သွားခဲ့ပြီး အေးစက်စွာ ပြောလာလေ၏။

"မင်းက ငါ အားနည်းတယ်လို့ ပြောနေတာလား"

"မဟုတ်လို့လား"

ယန်ရှန်ထျန်းက ပြန်ပြောသည်။

"ကောင်းပြီလေ...ထောင်လွှားနေလိုက်တာများ"

ငှက်နီနယ်မြေ၏မင်းသားက အေးစက်စွာ ရယ်မော၍ ပြောလာခဲ့၏။

"ဒါဆို ဘယ်သူကမှ တကယ်အားနည်းသူလဲဆိုတာ ကြည့်ရအောင်!"

ဒုန်း!

ထိုသို့ဖြင့် သူ့ပတ်ပတ်လည်၌ ပြင်းထန်သောမီးလျှံ တစ်ခု ပေါက်ကွဲထွက်လာရာ ငှက်နီအရိပ်တစ်ခုက သူ့ခေါင်းထက်၌ ပေါ်ထွက်လာခဲ့သည်။

"သွေးသောက်ငှက်နီ!"

နေကိုးလုံးနယ်မြေမှ တချို့သောလူများ တုန်လှုပ်သွားခဲ့ရ၏။ ထိုငှက်နီမှာ ငှက်နီတော်ဝင်မိသားစုထဲတွင်ပင် အနည်းငယ်သာ နိုးထနိုင်သော သွေးမျိုးဆက်စွမ်းရည်ပါရမီ တစ်ခုဖြစ်သည်။ ထိုငှက်နီမှာ စစ်မှန်သော ငှက်နီမဟုတ်သော်ငြား ၎င်း၏တိုက်ခိုက်ရေးစွမ်းအား မှာ သံသယဖြစ်ဖွယ်ရာမရှိအောင် ကြီးမားပေ၏။

ထိုအရာက ပုံတူကူးခြင်းနှင့်ဆင်တူလေသည်။ ထိုငှက်နီ ပေါ်လာသောအခါ တိုက်ပွဲက နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရသော အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။

"ဒီလှည့်ကွက်လောက်က ချိုးဖျက်စမ်း!"

ယန်ရှန်ထျန်းက နှာမှုတ်၍ တိုက်ရိုက်ပင် အရှေ့ကို တိုက်ခိုက်လာခဲ့၏။ သူ့ခွန်အားမှာ ပင်လယ်ကို ထိုးဖောက်လာသည့် ကြမ်းတမ်းရိုင်းစိုင်းကာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ပင်။

ဘုန်း!

တစ်ချက်ထိုးလိုက်ရုံဖြင့် ငှက်နီအား နေရာမှာတင် ချေမှုန်းနိုင်ခဲ့ပြီး ကောင်းကင်အား မီးလျှံများဖြင့် ချက်ချင်း လင်းထိန်စေခဲ့သည်။

သို့သော်ငြား တစ်ချိန်တည်းမှာပင် လက်သီးတစ်ချက်က သူ့ရင်ဘတ်ကို ထိမှန်လာတာကြောင့် သူ ညည်းညူမိကာ အနောက်ကို လွင့်ထွက်သွားခဲ့၏။

"အရူး!"

ငှက်နီနယ်မြေမှ မင်းသားက လှောင်ပြောင်လာသည်။ သူ့ခန္ဓာကိုယ်မှာ ဆုတ်ခွာနေသော ယန်ရှန်ထျန်း၏အနောက်ကို နီးကပ်စွာ လိုက်ပါနေလေသည်။

ထို့အပြင် ဖျက်ဆီးခံခဲ့ရသော ငှက်နီမှာ တောက်ပသော အနီရောင်မီးလျှံများအဖြစ် ပြောင်းလဲ၍ အမြီး တစ်ခုကဲ့သို့ သူ့အနောက်မှာ ကပ်ပါလာပြီး သူ၏ မူလပုံစံသို့ လျင်မြန်စွာ ပြန်စုစည်းသွားခဲ့လေ၏။

"စည်းကျော်နေပြီ"

ယန်ရှန်ထျန်းသည် နောက်ပြန်လွင့်နေစဉ်မှာ တစ်ဖက်မင်းသားက သူ့အနောက်သို့ မဆုတ်မနစ် လိုက်လာနေသည်ကိုမြင်ပေသည်။ ထို့ကြောင့် သူ့လက်များကိုချက်ချင်း မြှောက်၍ သူတို့ရှိရာသို့ အားသွန်ခွန်စိုက် ရိုက်ချလိုက်လေ၏။

ဒုန်း! ဒုန်း!

ကြီးမားသော ရွှေရောင်လက်ဝါးနှစ်ခုမှာ ရှေးဟောင်းနတ်ဘုရားများ၏ ဧရာမလက်များကဲ့သို့ အရာအားလုံးကို ပိပြားစေတော့မည့်အလား အရှေ့ကို တိုးဝင်လာကြလေသည်။

သို့သော်ငြား နောက်တစ်ခဏမှာပင် ထိုဧရာမလက်များက ပေါက်ကွဲထွက်သွားပြီး ငှက်နီက ၎င်းတို့မှတဆင့် ထိုးဖောက်ကာ သူ့ကို တိုက်ခိုက်လာခဲ့၏။

"ကောင်းကင်ဘုံကလေးစိတ်ဝိညာဥ်ကျင့်စဉ်!"

ယန်ရှန်ထျန်းသည် တစ်ချိန်က မိန်းမစိုးကြီးအသုံးပြုခဲ့သော အကာအကွယ်ကို ဖြန့်ကျက်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်သော စက်လုံးပုံစံ အတားအဆီးတစ်ခုကို ထုတ်ဖော်ခဲ့သည်။

ဘုန်း!

ငှက်နီ၏အရိပ်က ထိုအတားအဆီးနှင့်တိုက်မိခဲ့ရာ နားကွဲစေလုနီးပါး အသံတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် ငှက်နီက ရေတွက်၍မရသော မီးပွားများအဖြစ် ကွဲကြေကာ အတားအဆီးပေါ်တွင်လည်း အက်ကြောင်းများ ပေါ်လာခဲ့သည်။

သို့သော်ငြား ထိုအချိန်၌ ပြန့်ကျဲနေသော မီးပွားများထဲမှ လက်သီးတစ်ချက် ထွက်ပေါ်လာပြီး အတားအဆီး ပေါ်သို့ ရိုက်ခွဲလာလေ၏။

ဒုန်း!!

ဖော်ပြ၍မရနိုင်သော ကြမ်းတမ်းကာ ပြင်းထန်သည့် အားတစ်ခုက ပျံ့နှံ့လာပြီး မတိုင်ခင်ကတည်းက အက်ကွဲနေခဲ့သော အတားအဆီးကို အပိုင်းပိုင်းကွဲကြေစေကာ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲစေခဲ့သည်။

ယန်ရှန်ထျန်းမှာ တန်ပြန်တိုက်ခိုက်ခံရပြီး သွေးတစ်ပွက် အန်လိုက်ရလေ၏။ ထိုတုန်ခါလှိုင်းဖြင့် သူ မလွင့်သွားခင်မှာ မင်းသား၏ညာခြေထောက်က သူ့ထံ ဝှေ့ယမ်းလာခဲ့သည်။

ထိုကန်ချက်မှာ နတ်နဂါးက သူ့အမြီးကို ဝှေ့ယမ်းလိုက်သည့်အလား အလွန်ကြီးမားသောအားဖြင့်ဝှေ့ယမ်းလာခြင်းပင်။

ဖောင်း!

ထိုကန်ချက်က သူ့ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ထိမှန်လာပြီး သူ့နောက်ကျောပေါ်ရှိ အဝတ်အစားများကိုပင် ပေါက်ပြဲစေခဲ့၏။

ထို့နောက် သူ အနောက်ကို လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပုံပျက်ပန်းပျက် လဲကျသွားခဲ့သည်။

သူ မထနိုင်ခင်မှာ မင်းသားက အပေါ်မှ ဆင်းသက်လာခဲ့ပြီး သူ့ညာခြေထောက်ဖြင့် ယန်ရှန်ထျန်း၏ ရင်ဘတ်ပေါ်သို့ နင်းလာလေ၏။

ပွက်!

သူ ထပ်မံ၍ သွေးအန်လိုက်ရသည်။ သူ့ခေါင်းမှာ ခဏတာမျှ အပေါ်သို့ ထောင်၍ ပြန်ကျသွားခဲ့လေ၏။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေလေသည်။

"ဟက်...အခု ပြောစမ်း...ဘယ်သူက အားနည်းသူလဲ"

ထိုမင်းသားသည် သူ့ညာခြေထောက်ဖြင့် ယန်ရှန်ထျန်း ၏ရင်ဘတ်အား ဖိထားကာ အေးစက်သော အပြုံးတစ်ခုဖြင့် အောက်ကို့ ငုံ့ကြည့်နေလေ၏။

"ဆင်းစမ်း! ငါ့ပေါ်က ဆင်းစမ်း!!!"

ယန်ရှန်ထျန်း၏မျက်လုံးများမှာ ကြမ်းတမ်းရက်စက်မှုများဖြင့် ပြည့်နှက်နေပြီး ခြင်္သေ့ရူးတစ်ကောင်ကဲ့သို့ ခြေလက်အားလုံးကို ရုန်းကန်ရင်း အော်ဟစ်လာခဲ့သည်။

ထူးဆန်းစွာပင် သူက အားကောင်းသော စွမ်းအားကို မထုတ်လွှတ်ခဲ့ပေ။ သူ့အခြေအနေအရဆိုလျှင် သူ့ခွန်အားက ဒီထက်ပေါများနေသင့်၏။

"အရူး!"

မင်းသားက အေးစက်စွာ နှာမှုတ်လျက် သူ့ညာခြေထောက်ကို ပိုဖိကာ ယန်ရှန်ထျန်းအား မြေပြင်ပေါ်၌ ခိုင်မြဲစွာ ဖိနှိပ်ထား၍ မလှုပ်ရှားနိုင်အောင် လုပ်ထားခဲ့သည်။

"အား!!!"

ယန်ရှန်ထျန်းက ကောင်းကင်သို့မော့ကာ အော်ဟစ်လာပြီး ရူးသွပ်စွာ ရုန်းကန်လာလေသည်။ သူ့ပုံစံမှာ ဇောက်ထိုးလှန်ထားခံရသော လိပ်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေပြီး မတ်တပ်ရပ်လို့မရသောကြောင့် ရုန်းကန်ကာ အော်ဟစ်နေခဲ့၏။

သူ့မျက်လုံးများမှာ သွေးရောင်ပြောင်းလဲလာပြီး ဖော်ပြ၍မရသော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလေသည်။ ထိုရူးသွပ်မှုမှာ တိုက်ပွဲရှုံးနိမ့်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရှက်ရွံ့ခြင်း သို့မဟုတ် ဒေါသဖြစ်ခြင်းကြောင့်သာမက မကျေမနပ်ဖြစ်ခြင်းနှင့် မေးခွန်းထုတ်လိုခြင်းကြောင့်လည်း ပါလေ၏။

"ငါ မုန်းတယ်! ငါ မုန်းတယ်! ငါ လက်မခံနိုင်ဘူး! မင်းတို့ ဘာလို့ ငါ့ကို ဒီလို ဆက်ဆံရဲရတာလဲ! ဘာလို့ ဒီလိုလုပ်ကြတာလဲ!!"

သူက အော်ဟစ်နေပြီး သူ့မျက်လုံးထောင့်များမှမျက်ရည်များပင် တိတ်တဆိတ် စီးကျကာ မြေပြင် ပေါ်သို့ ကျဆင်းကုန်လေသည်။

ငှက်နီနယ်မြေမှ လူအနည်းငယ်သည် ခေတ္တမျှ ကြောင်ငေးနေကြပြီး ပြီးမှသာ လှောင်ပြောင်သော အပြုံးများကို ပြသလာကြ၏။

ဒါက နေကိုးလုံးတော်ဝင်မိသားစုရဲ့ မင်းသားလား။

လုံးဝ အရူးတစ်ယောက်ပဲ။

တော်ဝင်မိသားစုဝင်များကြားမှာပင် မိသားစုဝင်အများစုက ထိုတတိယမင်းသား၏ အပြုအမူပေါ်၌ ရှက်ရွံ့သော အမူအရာများကို ပြသလာကြသည်။

သူက တော်ဝင်မိသားစုမှာ အမြဲမောက်မာနေတတ်တဲ့ ပထမအဆင့်ပါရမီရှင် မဟုတ်ဘူးလား။ သူက အမြဲတမ်း အာဏာရှင်ဆန်ပြီး မောက်မာနေခဲ့တာ မဟုတ်ဘူးလား။ အရေးကြီးတဲ့အချိန်ကျမှ ဘာလို့ ဒီလိုမျိုး ငကြောက်ပုံစံ ပေါက်နေရတာလဲ။

လူအနည်းငယ်သာ သူတို့၏မျက်လုံးများထဲ၌ ရှုပ်ထွေးခြင်းနှင့် အပြစ်ရှိသလိုခံစားရခြင်းများ ပေါ်သွားခဲ့ခြင်းပင်။ ခြေဆာနေသော ဘိုးဘေးနှင့် ဒုတိယမင်းသမီး ယန်ဝမ့်ယင်တို့ကဲ့သို့လူများပင်။

"ကောင်းပြီ အခု နှစ်ဖက်စလုံးမှာ တစ်ပွဲနိုင် တစ်ပွဲရှုံး ရှိပြီဆိုတော့...တတိယပွဲ စကြစို့"

ထိုအချိန်၌ ဆံပင်အဖြူရောင်နှင့်လူငယ်က ပြောလာခဲ့၏။ ထိုစကားကိုကြားသောအခါ ချင်ကျီ အရှေ့ကို တက်လိုက်သည်။

သူ မျက်လုံးများက မြေပြင်ပေါ်တွင် လဲကျနေသော ယန်ရှန်ထျန်းကို လှည့်ကြည့်ခဲ့မိပေ၏။ အမျိုးအမည်မသိသောအကြောင်းပြချက်တစ်ခုကြောင့် ဒီပုဂ္ဂိုလ်မှာ ထင်ထားသလောက် မုန်းစရာမကောင်းမှန်း သူ ရုတ်တရက် တွေ့ရှိခဲ့သည်။ ထိုအစား အနည်းငယ် သနားစရာကောင်းပေ၏။

"ထားပါတော့...မလိုအပ်တဲ့အတွေးတွေကို ငါ ဆက်ပြီး မစဉ်းစားတော့ဘူး"

ထိုမလိုအပ်သောအတွေးများကို သူ ဘေးဖယ်ထားလိုက်သည်။ ထို့နောက် သူ့ပြိုင်ဘက်ဖြစ်သော နှုတ်ခမ်းမွေးကင်းစင်နေသည့် လူငယ်တစ်ဦးကို ကြည့်လိုက်၏။

"ငါ ဒီပွဲကို သေချာပေါက် အနိုင်ယူရလိမ့်မယ်!"

ငှက်နီမင်းသားက အသံခပ်နက်နက်ဖြင့် ပြောလာသည်။

"ဟက်! နှုတ်ခမ်းမွေးလည်းမရှိဘဲ မင်းရဲ့ရဲစွမ်းသတ္တိပေါ်မှာ မယုံစားနေနဲ့"

ချင်ကျီသည် လှောင်ပြောင်လိုက်ပြီး သူ့အား တိုက်ခိုက် လိုက်လေ၏။

သူ့ခန္ဓာကိုယ်ထဲ၌ မြစ်များ စီးဆင်းနေသကဲ့သို့ မယှဉ်နိုင်သောခွန်အားများ ပေါက်ကွဲထွက်လာသည်။ စိတ်ဝိညာဉ်ရေကန်ထဲတွင် ရေစိမ်ပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ ဆဋ္ဌမနယ်ပယ်သို့ ရောက်ရှိခဲ့သည့်အပြင် သူ့နတ်ဘုရားခန္ဓာကိုယ်၏စွမ်းရည်မှာလည်း ထပ်ပြီး တိုးတက်လာခဲ့သောကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ မြင့်မားလာခဲ့၏။ တူညီသောနယ်ပယ် အတွင်းမှာဆို ပြိုင်ဘက်ကင်းသောစွမ်းရည်ဖြစ်သည်။

တူညီသောနယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းဆိုသည်မှာ ဘာကိုဆိုလိုသနည်း။

၎င်းမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ထူးချွန်သောပါရမီရှင်များအားလုံးကို နှိမ်နင်းနိုင်ပြီး ကွဲပြားခြားနားသော အဆင့်ငယ်များကိုပင် ကျော်၍တိုက်ခိုက်နိုင်သည်ဟု ဆိုလိုခြင်းပင်။

"သတ်!!"

ချင်ကျီသည် ကြီးကျယ်ခမ်းနား၍ စွမ်းရည်ပြည့်ဝနေသော လက်သီးတစ်ချက်ကို ဝှေ့ယမ်းလိုက်လေ၏။ ထိုလက်သီးမှာ ကောင်းကင်အမိုးခုံးအား ဖြတ်သန်းသွားသော သက်တံ့အလင်းကဲ့သို့ပင်။

"အကာအကွယ်!"

ငှက်နီမင်းသား၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မပေါ့ဆရဲဘဲ သူ၏ ကာကွယ်ရေးသိုင်းပညာဖြစ်သော ကောင်းကင်စိတ်ဝိညာဉ်အကာအကွယ်ကို အသုံးပြုလိုက်လေ၏။

"ဘုန်း!"

သို့သော်ငြား ချင်ကျီ၏လက်သီး ရောက်လာသောအခါ ၎င်းအား တားဆီးလို့မရနိုင်ခဲ့ပေ။ ၎င်းက ငှက်နီမင်းသား၏ ကောင်းကင်စိတ်ဝိညာဉ်အကာအကွယ်ကိုချေမှုန်းပစ်လိုက်သည်မှာ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်း ဖြစ်လေသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ငှက်နီမင်းသားမှာ ထိတ်လန့်သွားရ၏။ ထို့နောက် လျင်မြန်စွာ ဆုတ်ခွာ၍ ဘယ်ညာ ရှောင်တိမ်းလျက် ပြန်လည်တိုက်ခိုက်ခြင်းမလုပ်ဘဲ ခုခံထားရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။

"ဘုန်း!"

"ဘုန်း!"

"ဘုန်း!"

ချင်ကျီက ရိုးရှင်းသော်လည်း အကြမ်းတမ်းဆုံးဖြစ်သည့် နည်းလမ်းကို အသုံးပြု၍ အရှေ့ကိုတက်ကာ လက်သီးများ ဆက်တိုက်ထိုးလာလေ၏။

သူသာ ဆက်တိုက်ထိုးသွင်းလျက် ဆယ်ဆပြင်းထန်သောခွန်အားကို ထုတ်လွှတ်နေမည်ဆိုလျှင် ပြိုင်ဘက်က အချိန်ကြာကြာ ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

သူ့ခွန်အားနက်ရှိုင်းမှုနှင့် ပြန်လည်ကောင်းမွန်နိုင်သည့် အရှိန်အဟုန်အရ သူ၏နတ်ဘုရားခန္ဓာကိုယ်နှင့် ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။

ငှက်နီမင်းသားက မကြာခင်မှာပင် ပင်ပန်းနွမ်းနယ်လာလေသည်။ ထိုလူသားပုံသဏ္ဌာန် ဟန်ဆောင်ထားသောသားရဲတစ်ကောင်နှင့် ဆန့်ကျင်တိုက်ခိုက်နေရသည်ဖြစ်ရာ အနည်းငယ်ပင် စိတ်ပျက်အားငယ်လာရ၏။

"ငါ မရှုံးနိုင်ဘူး...ငါမရှုံးနိုင်ဘူး၊ ဦးရီးတော်က ငါ့ကိုကြည့်နေတယ်...ငါသာရှုံးခဲ့ရင် ဦးရီးတော်က ငါ့ကို ဘယ်တော့မှ ထပ်ပြီးမြေတောင်မြှောက်ပေးတော့မှာမဟုတ်ဘူး!"

သူ အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။ ထို့နောက် စိတ်ပျက်အားငယ်နေရာမှတဆင့် သူ့ဦးရီးတော် ပြန်ရောက်လာစဥ်က သူ့ကို ပေးခဲ့သောလက်ဆောင်ကို သတိရသွားခဲ့၏။

သူ အသက်ပြင်းပြင်းရှူသွင်း၍ သူ့ကို တိုက်ခိုက်နေသော ချင်ကျီကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲ ထွက်လာပြီးတော့ အသံခပ်နိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်လေ၏။

"ဝိညာဉ်ရှာအပ်! သွားစမ်း!"

ရွှစ်!

သူ့နဖူးမှ မည်းနက်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာ၏အလျင်မှာ မျက်စိဖြင့် မြင်နိုင်သည်ထက် ပိုမြန်နေလေ၏။ ၎င်းက ချင်ကျီ၏တိုက်ခိုက်မှုကို တိုက်ရိုက် ထိုးဖောက်ကာ သူ့နဖူးထဲသို့ ဝင်ရောက်သွားခဲ့သည်။

"အား!"

ချင်ကျီမှာ ချက်ချင်းပင် နာကျင်စွာ အော်လိုက်မိ၏။

"ကျူးဟုန်"

ဆံပင်အဖြူရောင်နှင့်လူငယ်၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ ထိုကောင်လေးက ထိုကဲ့သို့ ရွံရှာဖွယ်ရာ လှည့်ကွက်မျိုးကို အသုံးပြု လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူပေးခဲ့သော ပစ္စည်းကို အသုံးပြုခဲ့ခြင်းပင်။

သူသည် အကျိုးအမြတ်ကို မကြာခဏ ရှာဖွေနေသူ ဖြစ်ပြီး တစ်ခါတစ်ရံ၌ ရွံရှာဖွယ် နည်းလမ်းများကိုအသုံးပြုတတ်သော်လည်း ပြိုင်ပွဲများတွင်တော့ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို နက်နက်ရှိုင်းရှိုင်းပင် ရွံရှာတတ်သူဖြစ်၏။

သူ့အမြင်၌ ပြိုင်ပွဲ/တိုက်ပွဲများက မြင့်မြတ်ထည်ဝါပေသည်။ အနိုင်ရခြင်းက အနိုင်ရခြင်း ဖြစ်ပြီး ရှုံးနိမ့်ခြင်း က ရှုံးနိမ့်ခြင်းပင်။ ရှုံးနိမ့်ခြင်းကို လက်မခံနိုင်သည့်အတွက် မင်း ငြင်းဆန်နိုင်သော်လည်း အနိုင်ရရန်အတွက်တော့ ထိုရွံရှာဖွယ်နည်းလမ်းများကို အသုံးမပြုသင့်ပေ။

"ဦးရီးတော် ကျွန်တော် နိုင်ပြီ...ကျွန်တော်တို့ နိုင်ပြီ!"

ငှက်နီမင်းသားကတော့ ပြုံးနေပြီး ချီးကျူးခံရမှုကို ရှာဖွေနေလေသည်။ အချို့သော စံနှုန်းများကို ဖောက်ပြားမိခဲ့သောကြောင့် သူ့ဦးရီးတော်ကို ဒေါသထွက်စေခဲ့သည့်အကြောင်းကိုတော့ မသိခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်း၌ ကွဲပြားခြားနားသော စံနှုန်းများ ရှိ၏။ ထူးခြားသောစရိုက်များရှိသည့် လူအနည်းငယ်ပင်လျှင် ချွင်းချက်မဟုတ်ပေ။

"သေစမ်း!!"

ထိုအချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခုက ချင်ကျီ၏နဖူးမှ ပြန်ထွက်လာပြီး ကျေးဇူးပြန်ဆပ်သည့်အလား မင်းသား၏နဖူးထဲသို့ ပစ်ဝင်လာခဲ့သည်။

"ပွက်!"

သူ သွေးတစ်ပွက် အန်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ထို့နောက် သူ့အကြည့်မှာ ဖြည်းဖြည်း ချင်း မှေးမှိန်လာပြီး စိတ်မပါစွာ ညည်းညူလိုက်မိ သည်။

"ဒါ… မဖြစ်နိုင်ဘူး!"

*********************

All Chapters